no

Font
Theme

မနက်ခင်း​နေထွက်ခါစအချိန်တွင် ယွမ်ယယ် အိပ်ရာထ၊ ​ဆေး​ကြောသန့်စင်ပြီး ဖန်း​​ရှောက်ယိ၏အခန်းထဲသို့ သွားခဲ့သည်။ ကျီ​ရှောင်​ထောင်းကလည်း ထို​နေရာမှာရှိ​နေပြီး သူ့ကိုနှုတ်ဆက်လာ၏။ "ယယ်​ကော၊ အ​စောကြီးနိုး​နေတာပဲ!" 


"အင်း၊ ငါမ​နေ့ညက အိပ်တာ ​နောက်မကျဘူး​လေ။" ယွမ်ယယ်က အိပ်ခန်းဆီသို့​မေး​​ငေါ့ကာ ​မေးလိုက်သည်။ "မင်း​ရဲ့​ကောလည်း နိုးပြီမလား။" 


"နိုးပြီ၊ သူ အ​ပြေး​လေ့ကျင့်ဖို့သွားတယ်။" ကျီ​ရှောင်​ထောင်းက ပြန်​​ဖြေလိုက်ပြီး ​မေးမြန်းလိုက်၏။ "ဘယ်လို​နေလဲ ယယ်​ကော။" 


ယွမ်ယယ်က ဆိုဖာ​ပေါ်ထိုင်​နေပြီး သူ၏မျက်နှာကိုပွတ်သပ်ကာ ပြုံးလိုက်သည်။ "အဆင်​ပြေပါတယ်၊ ငါ တခြား ဘာ​ပြောနိုင်ဦးမှာလဲ။" 


ယွမ်ယယ် အချိန်ဇယားထဲ​မှာရေးထား​သော ယ​နေ့အတွက် ရိုက်ကူး​ရေးအစီအစဥ်ကို သိထား​ပေသည်။ ၎င်းတို့​တွေ ​တောင်တက်သွားရမည်ဖြစ်ပြီး ​တောင်​ပေါ်တွင် ညအိပ်ရလိမ့်မည်။ စုံတွဲ​လေးတွဲကို အဖွဲ့နှစ်ဖွဲ့ခွဲထားကာ တစ်ဖွဲ့က ​တောင်​ပေါ်ရှိ သစ်သားအိမ်​လေးတွင် ​နေရမည်ဖြစ်ပြီး အခြားတစ်ဖွဲ့က ရွက်ဖျင်တဲထဲတွင် အိပ်ရမည်ပင်။ 


ယွမ်ယယ် သူ့​အနောက်က​နေ တစ်​နေကုန်လိုက်​နေမည့်ကင်မရာအ​ကြောင်း ​တွေးလိုက်မိပြီး စိတ်ကျဥ်းကျပ်လာခဲ့သည်။ သို့​သော် ထိုအရာအတွက်ပင် သူလက်မှတ်​ရေးထိုးခဲ့ရာ ညည်းညူလို့မရပေ။ 


၎င်းတို့က အဖွဲ့ခွဲရန်အတွက် မဲနိုက်ခဲ့ကြပြီး ယွမ်ယယ်တို့နှင့် ချီရှင်း၊ ချိန်ရွှင်တို့က​လေးနှစ်​ယောက်မှာ တစ်ဖွဲ့တည်းကျ​ခဲ့သည်။ သူတို့နှစ်ဦးလုံး ​ကျောပိုးအိတ်ကိုယ်စီလွယ်ကာ ​တောင်တက်ရန် အဆင်သင့်ဖြစ်​နေကြ​လေပြီ။ ယွမ်ယယ်က ချီရှင်း၏​ကျောပိုးအိတ်ကိုပုတ်လိုက်ပြီး အပြုံး​လေးဖြင့်​မေးလိုက်သည်။ "ဒီထဲမှာ ဘာ​တွေထည့်လာခဲ့လဲ။" 


ချီရှင်းက ရှက်ရွံ့စွာပြုံးလျက် ပြန်​ပြောခဲ့သည်။ "အရင်က ကျွန်​တော်တို့ တောင်တစ်ခါမှမတက်ဖူးတာကြောင့် ဘာ​တွေယူခဲ့ရမလဲ မသိပါဘူး။ ဒီတိုင်း ​ရေနဲ့ မုန့်တချို့ပဲ ယူလာခဲ့လိုက်တယ်။" 


ယွမ်ယယ်လည်း ​ကျောပိုးအိတ်တစ်လုံးသယ်လာ​​သော်ငြား အခြားသူများနှင့်ယှဥ်လိုက်လျှင် သူ့​ကျောပိုးအိတ်က ​ပေါ့ပါး​နေ​ပေသည်။ သူက ပစ္စည်းများထည့်ရန်အတွက်သာ ယူလာခဲ့ခြင်းဖြစ်သည်။ ယ​နေ့ကစားပွဲ​စည်းမျဥ်းမှာ ကုမ္ပဏီမှ စပွန်ဆာ​ပေးထား​သောပစ္စည်းများကို ဝှက်ထားမည်ဖြစ်ကာ အများဆုံးရှာ​တွေ့သည့်အသင်းက သစ်သားအိမ်​လေးထဲ အိပ်စက်ခွင့်ရလိမ့်မည်။ နှစ်ဖက်အသင်းမှာ ထုတ်လုပ်​ရေးအဖွဲ့က ထိုမျှကောင်းစွာပြင်ဆင်ထားသည်ကို ​တွေ့လိုက်ရ​​သော​ကြောင့် အနည်းငယ် အံ့အားသင့်သွားကြသည်။ 


လင်းထျန်က သူ(မ)၏​ချစ်သူ​ကောင်​လေးကို ​မေးလိုက်သည်။ "နင် ဘာလို့ ​ကျောပိုးအိတ်ယူမလာခဲ့တာလဲ။" 


သူ(မ)၏ချစ််သူက ​ကြောင်အမ်းသွားပြီး ပြန်​ပြောခဲ့သည်။ "မင်းပဲ မယူခဲ့နဲ့လို့​ပြောခဲ့တာ မဟုတ်ဘူးလား။" 


"အခု​တော့ ငါ​ပြောတာကို နား​ထောင်ပြီ​ပေါ့။ အရင်တုန်းကကျ ဒီ​လောက်မနာခံတတ်ဘဲနဲ့။" 


ချန်ရုသည်လည်း လက်ဗလာဖြစ်​နေ၏။ သူ(မ)က သူ(မ)၏ချမ်းသာ​သောခင်ပွန်းကို အချက်ပြလိုက်ရာ သူက ချက်ချင်းသ​ဘော​ပေါက်သွားပြီး သူ(မ)ကို မျက်စိမှိတ်ပြလိုက်သည်။ ထို့​နောက် ချိန်ရွှင်၏​ကျောပိုးအိတ်ကို ​လှမ်းယူရန် အ​ပြေးအလွှားသွားလိုက်လေသည်။ "ငါ့ကို ဒါ​လေးငှားလိုက်ပါ၊ လူ​ချော​လေး!" 


"အား!" ချိန်ရွှင်တစ်​ယောက် သူ့​အနောက်က​နေ တစ်စုံတစ်​ယောက်လာ​နေသည်ကို သတိမထားမိဘဲ သူ့အား ရုတ်တရက် ခုန်အုပ်ခံလိုက်ရ​သောအခါ ထိတ်လန့်သွားပြီး မခုခံနိုင်လိုက်ဘဲ သူ၏လွယ်အိတ်မှာ ပါသွားခဲ့​လေသည်။ 


ချီရှင်းက အော်ပြောလိုက်​၏။ "စီနီယာ​တွေက အငယ်​လေး​တွေကို အနိုင်ကျင့်​နေတာပဲ!" 


"မင်းတို့က အများကြီးသယ်လာလို့ ကူသယ်​ပေးမလို့ပါ။" ချန်ရုက သူ(မ)၏ခင်ပွန်း​ရှေ့တွင်ရပ်ကာ ချီရှင်းကို ပြုံးပြလျက် ​ပြန်ပြောခဲ့သည်။ 


က​လေးနှစ်​ယောက်မှာ အကြီးများနှင့် ထိပ်တိုက်မ​တွေ့ဝံ့ဘဲ အစီအစဥ်ရိုက်ကူး​ရေးအတွက်သာ အနည်းငယ် အခက်​တွေ့သွားဟန် ရုန်းကန်​နေခဲ့ကြသည်။ သူတို့က ၎င်းတို့၏ပစ္စည်းများကို ပြန်ယူဖို့ရည်ရွယ်ချက်မရှိ​ပေ။ 


၎င်းတို့က ​​တောင်တက်ရန် လမ်းနှစ်လမ်းရှိသည့်အနက် ပို၍ခက်ခဲ​သောလမ်းကို ​ရွေးချယ်ခဲ့ကြ၏။ ​၎င်းတို့အား အ​ရှေ့​ရော၊ အ​နောက်​မှပါ ကင်မရာဆရာများက ရိုက်ကူးရမည်ဖြစ်ပြီး တောင်​ပေါ်လမ်းများတွင် ရိုက်ကူးဖို့မှာ မလွယ်ကူ​ပေ။ ကင်မရာဆရာများကလည်း ယခင်ရိုက်ကူး​ရေးများထက်ပင် ပို၍ အားထုတ်ကြရ​​လေသည်။ 


ချီရှင်းက ရံဖန်ရံခါ ကင်မရာဆရာများကို ​ရေဘူးလှမ်း​ပေး၍ ​ပြော​လေ့ရှိသည်။ "​လောင်ရှီးတို့၊ အလုပ်အရမ်းကြိုးစားတာပဲ!" 


ထိုက​လေးနှစ်ဦးက သီချင်းဆိုခြင်း၊ ကခုန်ခြင်း၊ ကိုယ်ကာယ​လေ့ကျင့်ခြင်းနှင့် ရုပ်ရှင်ရိုက်ကူး​ရေး၊ ​ဖျော်​ဖြေ​ရေးအစီအစဥ်များဖြင့် အချိန်ဇယား အပြည့်ရှိကြ၏။ သူတို့၏အလုပ်မှာ အရမ်းပြင်းထန်​သော်လည်း ငယ်ရွယ်သည့်အတွက် အတတ်ကြွဆုံးဖြစ်​နေကြသည်။ သို့​သော်လည်း ​တောင်​တက်လမ်းက ခက်ခဲလွန်းသဖြင့် နှစ်နာရီကြာပြီး​နောက်တွင် ရုန်းကန်​နေရကြ​လေပြီ။ 


​၎င်းတို့ မော့ကြည့်လိုက်​သောအခါ ဖန်း​ရှောက်ယိနှင့် ယွမ်ယယ်တို့မှာ ​ခြေရာလက်ရာပင်မမြင်ရ​တော့ဘဲ ၎င်းတို့​ရှေ့က​နေ ​ပျောက်သွားပြီဖြစ်သည်။ 


ယွမ်ယယ်၏ 'မျောက်က​လေးယယ်' နာမည်​ပြောင်သည် အချည်းနှီးဖြစ်လာခြင်းမဟုတ်​ပေ။ သူငယ်ငယ်​လေးကတည်းက အိမ်ထုပ်တန်း​များ​ပေါ် လှည့်ပတ်​​ဆော့ကစားရင်းကြီးပြင်းလာပြီး သူ့အဖွား၏အိမ်သည်လည်း ​တောင်​ပေါ်တွင် ​တည်ဆောက်ထားခြင်းဖြစ်​၏။ မိုးရွာသည့်အချိန်​များ၌ သူ ​တောင်​ပေါ်သို့ပြေးတက်ကာ မှိုများသွားနှုတ်တတ်သည်။ 


ယခု ၎င်းတို့တက်လာ​သော​တောင်က အလွန်မမြင့်​ပေ။ ထို့​ကြောင့် သူ့အတွက် က​လေးကစား​စရာအဆင့်​လောက်သာရှိသည်။ ကင်မရာဆရာများက အလွန်ကျွမ်းကျင်​သူများဖြစ်ကြ​သော်လည်း သူ့ကို အမီမလိုက်နိုင်ကြ​ပေ။ 


အကယ်၍ ယွမ်ယယ်သာ ရိုက်ကူးမခံချင်ပါက သူ့ကို တစ်ချက်​လေးမှ​တောင် မဖမ်းမိ​စေရန် သူတို့အား ​ခြေလှမ်းအနည်းငယ်ဖြင့် အ​နောက်မှာ အလွယ်တကူ ချန်ထားခဲ့နိုင်သည်။ 


ကင်မရာ​ဆရာက ဖန်း​ရှောက်ယိကို ​ပြောလာသည်။ "သူ​ပြေးတာ အရမ်းမြန်တာပဲ။" 


ဖန်း​ရှောက်ယိက တစ်ချက်​မော့ကြည့်လိုက်ပြီး သိမ်​မွေ့စွာပြုံးလိုက်သည်။ သူက ယွမ်ယယ်​လောက် မြန်မြန်မ​ပြေးဘဲ အ​နောက်ကနေ ပုံမှန်​ခြေလှမ်းအတိုင်းသာ လိုက်လာခဲ့၏။ ကင်မရာဆရာက ယွမ်ယယ်ကို လိုက်မမီတော့သည့်အချိန်တွင် ဖန်း​ရှောက်ယိကိုသာ ရိုက်ကူးရ​တော့သည်။ 


ဖန်း​ရှောက်ယိက ရယ်​မောကာ ​ပြောလိုက်သည်။ "သူ့ကို ကစားခွင့်​ပေးလိုက်ပါ၊ လာ၊ အဲ့ဒီအစား ကျွန်​တော့်ကို ရိုက်​​လေ။" 


ကင်မရာဆရာမှာ ရယ်ရခက် ငိုရခက်ဖြစ်သွား၏။ "အဲ့လိုက အလုပ်မဖြစ်​ဘူးလေ။" 


ဖန်း​ရှောက်ယိက စ​နောက်​လိုက်သည်။ "အလုပ်ဖြစ်မှရမှာပဲ။ ခင်ဗျား သူ့ကို လိုက်မီလို့လား။" 


ယွမ်ယယ်တစ်​ယောက် ၎င်းတို့ကို လှည့်ကြည့်လာချိန်၌ သူ့အိတ်ထဲမှာ ​ရွှေဒင်္ဂါးပြားများပါဝင်​သော စပွန်ဆာများဝှက်ထားသည့် ​သစ်သား​ဘူး​လေးများ ရှိ​နေပြီဖြစ်သည်။ သူက သစ်ပင်အိုကြီးတစ်ပင်​ပေါ်တွင် ထိုင်​နေပြီး သူတို့အား လက်​ဝှေ့ယမ်းပြလာသည်။ "ဒီမှာ။" 


သူသည် ဖန်း​ရှောက်ယိထံ ငှက်​ပျောသီးတစ်တွဲအား ပစ်​ပေးလိုက်၏။ ဖန်း​ရှောက်ယိက ၎င်းကို ဖမ်းလိုက်ပြီး အားလုံးနှင့် မျှ​ဝေလိုက်သည်။ ထို့​နောက် သူ့ကိုကြည့်ကာ ​ပြောလိုက်သည်။ "အ​ဝေးကြီး ​လျှောက်မသွားနဲ့။ ဒီမှာ အချက်ပြမရှိဘဲနဲ့ ငါတို့ မင်းကို လိုက်မရှာနိုင်ဘူး။" 


"အဆင်​ပြေပါတယ်။ ဒီမှာ ငါ ပိုက်ဆံအများကြီးနဲ့ဘူး​တွေကို အများကြီးရှာ​တွေ့ထားတယ်။" ယွမ်ယယ်က စစ်မှန်​သောအပြုံး​လေးဖြင့် ပြန်​ပြောလိုက်သည်။ ၎င်းမှာ သူ၏အသက်သုံးဆယ်အတွင်း က​လေးတစ်​ယောက်နှယ် လွတ်လွတ်လပ်လပ်ရယ်​မော​သော ပထမဆုံးအကြိမ်ပင်။ သူက ​ကျော​ပေါ်လွယ်ထား​သောအိတ်ကိုလှုပ်ကာ မေးလိုက်သည်။ "ယိ​ကော၊ အုန်းရည်​သောက်မလား။ ငါ မင်းအတွက် တစ်ဘူးယူ​ပေးမယ်။" 


ဖန်း​ရှောက်ယိက ရယ်​မောလျက်​ပြောလိုက်၏။ "မလိုပါဘူး၊ မင်းပဲ​သောက်လိုက်ပါ။" 


ယွမ်ယယ်က သူ့အ​နောက်မှ အငယ်နှစ်​ယောက်ကို ​စောင့်လိုက်ပြီး သူတို့ထံလည်း ငှက်​ပျောသီးတစ်တွဲပစ်​ပေးလိုက်သည်။ ချီရှင်းက ခက်ခဲ​သော​တောင်တက်လမ်း​ကြောင့် ရုန်းကန်​နေရပြီး သူ၏မျက်နှာကလည်း အနီ​ရောင်သန်း​နေ၏။ သူက ချွေးသုတ်ရန် လည်ပင်းထက်မှာ မျက်နှာသုတ်ပုဝါကို ချိတ်ဆွဲထားသည်။ ချိန်ရွှင်က ​သူ့ကို ​ရေ​သောက်ရန် ​ရေဘူးကမ်း​ပေးလိုက်သည်။ 


ချီရှင်းက တစ်ငုံ​သောက်ကာ ချိန်ရွှင်ထံပြန်​ပေးလိုက်ပြီး​နောက် သူကလည်း တစ်ငုံ​သောက်လိုက်၏။ 


ယွမ်ယယ် ပြုံးလိုက်မိသည်။ သူတို့နှစ်ဦးက မရိုးမရွအ​ခြေ​အ​နေမှာရှိ​နေပြီး ထိုအပိုင်းကိုထုတ်လွှင့်သည့်အချိန်တွင် ပရိတ်သတ်များ ရူးသွပ်သွားကြ​ပေလိမ့်မည်။ နှစ်ဦးသားက ထိုမ​ရေမရာအချက်များကို မြှုပ်နှံပြီး ၎င်းတို့၏ရင်းနှီးမှုကို မှန်ကန်စွာ ထိန်းချုပ်ထားနိုင်​ကြသည်။ ၎င်းတို့ အရမ်းရင်းနှီးလာလျှင် စုံတွဲအစစ်ဖြစ်လာလိမ့်မည်ဖြစ်ပြီး ထိုအခါ ပရိတ်သတ်များက ကြည့်ရှုရန် စိတ်လှုပ်ရှားကြ​တော့မည်မဟုတ်​ပေ။ 


ချီရှင်းက ယွမ်ယယ်ကို ​မေးလိုက်သည်။ "ယွမ်​ကော၊ ​ကောက ဘာဖြစ်လို့ သက်လုံအားအရမ်း​ကောင်း​နေရတာလဲ။ ​ကောရဲ့ပုံစံက ​မော​နေတဲ့ပုံ​တောင်မ​ပေါ်ဘူး။" 


ယွမ်ယယ် သူတို့နှင့်ရှိ​နေချိန်တွင် ဖန်း​ရှောက်ယိနှင့် ရှိ​နေချိန်ကလို မပြုမူ​ခဲ့ပေ။ မည်သို့ပင်ဆို​စေ သူက အသက်ပိုကြီးလာပြီး မိမိုက်ကာ ​ချော​​မော​သောဦး​လေးတစ်​ယောက်နှင့် တူ​ပေသည်။ သူက ​မေးပင့်ကာ သူ၏လည်ပင်းရှိအမာရွတ်ကို ထိုးပြလိုက်သည်။ ထို့​နောက် ပြုံးလျက် သူတို့ကိုပြောလိုက်၏။ "က​လေးဘဝတုန်းက ငါက ငါတို့​တောင်ရဲ့ ရှင်ဘုရင်ပဲ။ ဒီအမာရွတ်က ​တောင်​ပေါ်မှာ ​ခွေးရိုင်းတစ်​ကောင် ကိုက်ခံရတုန်းက ရလာတာ​လေ။ အဲ့တုန်းကဆို ​သေ​တော့မလိုဖြစ်ခဲ့တာ​။" 


ချီရှင်းက ​မေးမြန်းလိုက်သည်။ "အစ်ကို့မိသားစုက ​တောင်​ပေါ်မှာ ​နေတာလား။" 


ယွမ်ယယ်က ​ခေါင်းညိတ်ပြလိုက်၏။ "ဟုတ်တယ်၊ ငါ့ရဲ့ အဖွားက ​တောင်​​နံရံမှာ​နေတာ​လေ။ ငါက အဲ့မှာပဲ ကြီးလာတာ။" 


ချိန်ရွှင်က တစ်ချိန်လုံးတိတ်ဆိတ်​နေခဲ့​သော်လည်း ယခုအခိုက်အတန့်၌ တီးတိုး​ပြောလာ၏။ "ကျွန်​တော်သိတယ်။ အဲ့ဒါကို ​ကောရဲ့စာအုပ်ထဲမှာ ဖတ်ဖူးတယ်။ အဲ့ထဲမှာ အဲ့ဒီ​တောင်အ​ကြောင်း ဇာတ်​​လမ်း​တွေအများကြီးပါတယ်။" 


ယွမ်ယယ်က သူ့ကို မျက်ခုံးပင့်ကြည့်ကာ အပြုံး​​​ရေး​ရေး​လေးဖြင့် ​မေးလိုက်သည်။ "မင်း 《The Axis》ကို ဖတ်ဖူးတယ်​ပေါ့။ မင်းအသက် ဘယ်​လောက်ရှိပြီလဲ။" 


ချိန်ရွှင်က ​ခေါင်းညိတ်ပြလိုက်၏။ "ကျွန်​တော် ဖတ်ဖူးပါတယ်။ ပြီး​တော့ အဲ့စာအုပ်ကို တကယ် အရမ်းသ​ဘောကျတာ။" 


ယွမ်ယယ်က ရယ်​မောကာ ဘာမှထပ်မ​ပြောတော့​ပေ။ သူက ​ကျောပိုးအိတ်ထဲမှ သစ်သီးနှစ်လုံးကို ထုတ်ယူလိုက်ပြီး သူတို့ကိုပစ်​ပေးလိုက်၏။ ထို့​နောက် ​ခြေလှမ်းအနည်းငယ်လှမ်းကာ တစ်ဖန် ပြေးထွက်သွားခဲ့​လေသည်။ 


ယွမ်ယယ်တစ်​ယောက် ​ကျောပိုးအိတ်လွယ်လျက် ​တောင်​ပေါ်တွင် ​ပြေးလွှား​နေခဲ့သည်။ သူက အခြားအဖွဲ့နှင့် ​တွေ့​တော့မည့်ဆဲဆဲ၌ အ​ဝေးက​နေ ကင်မရာကို လှမ်းမြင်လိုက်​သဖြင့် ​မြန်မြန်နောက်ပြန်လှည့်ကာ ​ပျောက်ကွယ်သွားခဲ့၏။ 


သူရခဲ့​သော သစ်သား​ဘူး​လေးများကို ​ကျောပိုးအိတ်ထဲထည့်ထားရာ အနည်းငယ် ​လေးလာ​ခဲ့သည်။ ယွမ်ယယ် ​တောင်​ပေါ်တွင် ​ယခုလိုမျိုးလျှောက်မသွားဖြစ်သည်မှာ အ​တော်ကြာ​နေ​လေပြီ။ လွန်ခဲ့​သော နှစ်အနည်းငယ်က ​နောက်ဆုံးသွားဖြစ်ခဲ့တာ ဖြစ်နိုင်၏။ 


သူ၏အဖွား ဆုံးပါးသွားသည့်အချိန်ကတည်းက ထို​တောင်​ပေါ် သို့မဟုတ် မည်သည့်​နေရာကိုမှ ပြန်မသွားဖြစ်​တော့​ပေ။ သူမြတ်နိုးခဲ့ဖူး​သောအရာများက ယခု သူ၏မှတ်ဥာဏ်ထဲမှာ အ​တော်​လေးဝေဝါး​နေ​ခဲ့သည်။ 


အတိတ်ကာလတုန်းက ယွမ်ယယ် ကမ္ဘာ​လောကတစ်ခွင် ​မျှော်လင်းခြင်းအလျင်းကင်းမဲ့စွာ လှည့်ပတ်သွားလာခဲ့ပြီး ကမ္ဘာ​လောကကြီးအား သူပိုင်ဆိုင်​နေရသည်ဟု ခံစားခဲ့ရ၏။ ​နောက်ပိုင်းတွင် သူ၏ကမ္ဘာက ​သေးသည်ထက်​သေးလာခဲ့သည်။ ထိုအတိတ်ကာလများကို ယခုပြန်လှည့်ကြည့်လိုက်လျှင် သူနှစ်သက်​ခဲ့ဖူးသောအရာများကိုပင် မမှတ်မိ​တော့​ချေ။ 


ထို​နေ့တွင် ယွမ်ယယ်ဦး​ဆောင်​သောအဖွဲ့က အနိုင်ရမည်မှာ မလွဲမ​သွေပင်။ ​တော​တောင်များက ​မျောက်ရိုင်းများကျက်စားရာဖြစ်ပြီး မည်သူက ၎င်းတို့ကို အနိုင်ယူနိုင်လိမ့်မည်နည်း။ 


အဖွဲ့နှစ်ဖွဲ့ပြန်စုံကြချိန်တွင် တစ်ဖက်အသင်းက နံပါတ်များကို စတင်​ရေတွက်​​ခဲ့သည်။ ၎င်းတို့​ရေ​တွက်နေစဥ် ယွမ်ယယ်နှင့် ချိန်ရွှင်တို့က သူတို့၏​ကျောပိုးအိတ်များထဲမှ ​သစ်သားဘူး​လေးများကို ထုတ်လိုက်ကြ၏။ ထို့​နောက် တစ်ဖက်အသင်းမှာ ၁၀၅ တွင် အဆုံးသတ်သွားပြီး လူတိုင်းပင်ပန်းသွားကြသည်။ မိန်းက​လေးနှစ်​ယောက်ကလည်း ဂရုမစိုက်​တော့ဘဲ သစ်သားတုံး​လေး​ပေါ်တွင် ထိုင်ချလိုက်ကြသည်။ 


ယွမ်ယယ် တစ်ဖက်အသင်းမှ ၁၀၅ ငါးဟု ​ပြောသံကြားပြီး​နောက် သူ၏အိတ်ထဲက​နေ နောက်ထပ်​ဘူးနှစ်ဘူးကို ထုတ်ကာ ​ပြောလိုက်သည်။ "ဒါအကုန်ပဲ။" 


ချိန်ရွှင်ကလည်း ​ပြောလိုက်၏။ "ကျွန်​တော်လည်း မရှိ​တော့ဘူး။ ကြည့်ရတာ ကျွန်​တော်တို့မှာရှိတာ မလုံ​လောက်ဘူးထင်တယ်။" 


ယွမ်ယယ်က ပြုံးလျက်​ပြောလိုက်သည်။ "မဟုတ်​လောက်ပါဘူး။" 


အဆုံးသတ်တွင် သူတို့ဘက်က ၉၆ ထိသာ ရှိပြီး တစ်ဖက်အသင်းထက် ကိုးခုနည်း​နေ​ခဲ့သည်။ ထို့​ကြောင့် ၎င်းတို့က သစ်သားအိမ်ကိုစွန့်လွှတ်ကာ ရွက်ဖျင်တဲထဲတွင် အိပ်ရ​​တော့မည်ဖြစ်၏။ 


ဖန်း​ရှောက်ယိက ယွမ်ယယ်၏ဦး​ခေါင်းကို ပွတ်သပ်ကာ​ မေးလိုက်သည်။ "မင်း ​တောင်​ပေါ်မှာ ​တစ်​နေ့လုံး ​လျှောက်ပတ်​ပြေး​နေတာ ဘာ​တွေကိုရှာ​နေခဲ့တာလဲ။" 


ယွမ်ယယ်က ​ခေါင်းယမ်းကာ သူ၏လက်ကိုဖယ်ချလိုက်ပြီး အနည်းငယ်ရှက်ရွံ့စွာ ရယ်​​မောခဲ့သည်။ "ငါ ဒီတိုင်းပဲ ​လျှောက်သွား​နေမိပြီး ပစ္စည်းရှာရမယ်ဆိုတာကို ​​မေ့သွားတာ။" 


"မဟုတ်ပါဘူး၊ ​ကောတို့ကို​ နှောင့်​နှေး​စေခဲ့တဲ့ ကျွန်​တော်တို့အမှားပါ။" ချီရှင်းက မြန်မြန်​ပြောလိုက်သည်။ "ကျွန်​တော်တို့က သိပ်မ​​တော်ဘူး​လေ၊ အဲ့ဒါ့​ကြောင့် ကျွန်​တော်တို့ မနည်းအမီလိုက်​နေခဲ့ရတာ။" 


ဖန်း​ရှောက်ယိက ​ခေါင်းယမ်းကာ​ ပြောလိုက်သည်။ "အဆင်​ပြေပါတယ်။" 


တောင်​ပေါ်၌နေထိုင်ရန် အခြား​နေရာများရှိ​နေ​သော်လည်း အစီအစဥ်က ဤကဲ့သို့စီစဥ်ထား​လေသည်။ ​ရိုက်ချက်​ကောင်းများရရှိဖို့အတွက် ၎င်းတို့က ထိုကဲ့သို့ ရိုက်ကူး​ရ​ပေမည်။ 


​ဆေး​ကြောပြီး​နောက် လူတိုင်း မိမိ၏တဲဆီသို့ ပြန်သွားခဲ့ကြသည်။ ယွမ်ယယ်တစ်​ယောက် ​ရေချိုးပြီး သူ၏ရွက်ဖျင်တဲဆီပြန်​​ရောက်လာချိန်၌ ဖန်း​ရှောက်ယိက အားလုံးကိုပြင်ဆင်ထားပြီးဖြစ်၏။ ထုတ်လုပ်​ရေးအဖွဲ့က အိပ်ရာအတွက် အိပ်စက်သည့်အိတ်နှစ်လုံး*အပါအဝင် လိုအပ်သည်များကို လုံလုံ​လောက်​​လောက်ပြင်ဆင်​ပေးထားသည်။ 


[*တစ်​ယောက်အိပ်စာ အိတ်လိုမျိုး​လေးထဲ ဝင်အိပ်ရတာ​လေ၊ မြင်ဖူးကြတယ်မလားဟင်] 


ကင်မရာဆရာက အလုပ်လုပ်​နေဆဲဖြစ်ရာ ယွမ်ယယ် တဲထဲတွင် တင်ပျဥ်​ခွေထိုင်လျက် သက်ပြင်းချလိုက်၏။ "​တော်​တော်​လေး နူးညံ့တာပဲ။" 


ဖန်း​ရှောက်ယိက အပြင်မှာ မတ်တတ်ရပ်​နေပြီး သူ့ကိုငုံ့ကြည့်၍ ​ပြောလာခဲ့သည်။ "အပြင်ထွက်လာပြီး ကြယ်​တွေကို လာကြည့်လိုက်။ မင်း ဒီကပြန်သွားပြီဆိုတာနဲ့ ဒီလိုမျိုးကို မြင်နိုင်မှာမဟုတ်​တော့ဘူး။" 


ယွမ်ယယ် တဲထဲမှ တွားသွားထွက်လာပြီး ​မြေပြင်​ပေါ်တွင် အခင်းခင်းကာ လှဲချလိုက်၏။ ထို့​နောက် ​ကောင်းကင်​ပေါ်မှ မှိတ်တုတ်မှိတ်တုတ်ကြယ်က​လေးများကို စိုက်ကြည့်​နေခဲ့သည်။ ည​ကောင်းကင်မှာ အမှန်တကယ်လှပကာ မြင်ကွင်းများကလည်း ရှားရှားပါးပါးပင်။ 


ယွမ်ယယ် သက်ပြင်းချလိုက်၏။ "ငါ့ကင်မရာကို​တောင် ယူမလာခဲ့မိဘူး။" ဖန်း​ရှောက်ယိက တိတ်ဆိတ်​နေဆဲဖြစ်ပြီး သူ့​ဘေးတွင် ထိုင်ချလိုက်သည်။ သူတို့နှစ်ဦးလုံး ​ကောင်းကင်ကိုသာ အသံတိတ်ကြည့်​နေခဲ့ပြီး အချိန်အ​တော်ကြာသည်ထိ မည်သူမျှစကားမ​ပြောခဲ့ကြ​ပေ။ 


ခဏအကြာတွင် ယွမ်ယယ်က လည်​ချောင်းရှင်း၍ ​ပြောလိုက်၏။ "နောက်ဆုံးတစ်​ခေါက် ငါ လာလည်တုန်းက တိမ်ထူ​နေတာမို့ ကြယ်​တွေမမြင်ခဲ့ရဘူး။ ငါကင်မရာကိုယူသွားခဲ့​ပေမဲ့ မသုံးခဲ့ရဘူး​လေ။ အခု​ကျပြန်တော့ တိမ်​တွေကင်း​နေ​ပေမဲ့ ကင်မရာကို ယူမလာခဲ့မိဘူး။" 


ယွမ်ယယ် သူကိုယ်တိုင်၏ကံမ​ကောင်းမှုကို ရယ်​​မောလိုက်ပြီး ​ခေါင်းယမ်းလိုက်သည်။ "​အမြဲတမ်း ခြေတစ်လှမ်း ​နောက်ကျ​နေ​တော့တာပဲ။" 


သူက လက်​မောင်းကိုခေါင်းခုကာ ဖန်း​ရှောက်ယိကို လှည့်ကြည့်လိုက်သည်။ ထိုလူက ယခုကဲ့သို့ ​အေး​အေး​ဆေး​ဆေးအနားယူ​နေချိန်​တောင် အမြဲတမ်းသပ်သပ်ရပ်ရပ်နှင့်ပင်။ သူက အမြဲလိုလို ​ချော​မောကာ လင်းလက်​​တောက်ပနေသည်မို့ သူနှင့် သူ့​ဘေးရှိအရာများကြား အကွာအ​ဝေးတစ်ခု​တော့ အမြဲရှိ​နေပုံ​​ပေါ်​စေသည်။ 


ဖန်း​ရှောက်ယိက သူ့အကြည့်ကိုခံစားမိရာ ​ခေါင်းငုံ့၍ သူနှင့် မျက်လုံးချင်းဆုံလိုက်သည်။ ယွမ်ယယ်က ပြုံးပြလိုက်၏။ ထိုအပြုံးက မည်သည့်သီးခြားအဓိပ္ပါယ်မှမပါ​သော အပြုံး​ရေး​ရေးလေးသာ။ 


ရိုက်ကူး​ရေးအဆုံးသတ်သွား​ပြီး​နောက် ယွမ်ယယ် ​ဆေးလိပ်​သောက်ရန် ထွက်လာခဲ့လိုက်သည်။ သူပြန်​ရောက်ချိန်တွင် ဖန်း​ရှောက်ယိက သူ့ကို ရွက်ဖျင်တဲနားက​နေ ​စောင့်​နေ၏။ ၎င်းတို့၏တဲနှင့် မလှမ်းမကမ်းတွင် ချီရှင်းနှင့် ချိန်ရွှင်တို့၏တဲရှိ​သည်။ ဖန်း​ရှောက်ယိက သူတို့နှင့် ​ပေါ့​ပေါ့ပါးပါးစကားစမြည်​ပြော​နေခဲ့သည်။ 


ယွမ်ယယ် မတိုင်းမတွ ​လျှောက်လာလိုက်ပြီး ရွက်ဖျင်တဲထဲ ဝင်လိုက်​၏။ 


အကန့်အသတ်ရှိ​သော အ​ခြေအ​နေများနှင့် ဟန်​ဆောင်​နေစရာမလိုအပ်ပါ​ပေ။ နှစ်ဦးသားက မိတ်​ဆွေ​ဟောင်းများဖြစ်ရာ အတူတူအိပ်ရုံဖြင့် မည်သည်အန္တရာယ်ရှိနိုင်မည်နည်း။ 


ချီရှင်းနှင့် ချိန်ရွှင်တို့က အရိပ်အကဲသိပြီး ယွမ်ယယ်ပြန်လာသည်ကို မြင်​လိုက်ရသောအခါ နှစ်​ယောက်လုံး အနီးနားကို ​လျှောက်ပတ်ကြည့်ရန် ထွက်သွားခဲ့ကြသည်။ ၎င်းတို့ထွက်သွားသည်နှင့် ဤကျယ်​ပြောလှသည့် ​တော​တောင်ထဲတွင် သူတို့နှစ်ဦးသာ ကျန်​နေခဲ့​တော့သည်။ 


ယွမ်ယယ်​၏​ဦးခေါင်းက တဲအိမ်ထဲမှ ပြူထွက်လာပြီး ​အော်​ခေါ်လိုက်၏။ "လာခဲ့​တော့​လေ ယိ​ကော၊ အိပ်ကြစို့။" 


ဖန်း​ရှောက်ယိင သူ့ကိုတစ်ချက်ကြည့်ကာ ဖြည်းဖြည်းချင်း​ ​ခေါင်းယမ်းလိုက်သည်။ 


ယွမ်ယယ်က မျက်ခုံးများပင့်တက်သွားပြီး မေးလိုက်၏။ "ဘာဖြစ်လို့လဲ။ မင်းကို ငါ့ခန္ဓါကိုယ်​ပေါ်က ဆူး​တွေနဲ့ ထိုးမိမှာစိုးလို့လား။" 


ဖန်း​ရှောက်ယိက ပြန်​ပြောလိုက်သည်။ "ဆူး​တွေက မင်းရဲ့ခန္ဓါကိုယ်ပေါ်မှာ ရှိတာမဟုတ်ဘူး၊ မင်းရဲ့ပါးစပ်မှာရှိ​နေတာ။" 


"အိုး၊ မင်းကို အဲ့နားထိုးမိသွားလို့လား။" ယွမ်ယယ်​၏အကြည့်များက အမြဲလိုလိုဆွဲ​ဆောင်မှုရှိ​​နေသော ဖန်း​​ရှောက်ယိ၏နှုတ်ခမ်း​ပေါ် အမှတ်တမဲ့ကျ​ရောက်သွားခဲ့သည်။ 


ဖန်း​ရှောက်ယိက ငုံ့ကိုင်းကာ ​ပြောလာခဲ့သည်။ "မင်းသွားအိပ်​​တော့၊ ကိုယ် မင်းနဲ့မအိပ်နိုင်ဘူး။" 


သူက ​စကားကိုအဆုံးသတ်လိုက်ပြီး မြေကြီး​ပေါ် ဒူးတစ်ဖက်​ထောက်ကာ အနားသို့တိုးကပ်လာ​၏။ သူ့အရပ်​ကြောင့် ထိုအ​နေအထားဖြင့်စကား​ပြောရန်မှာ သက်​သောင့်သက်သာမရှိ​ပေ။ 


သူက ယွမ်ယယ်၏မျက်လုံးများကို စိုက်ကြည့်​နေပြီး ၎င်းတို့၏မျက်နှာများမှာ လက်မနည်းငယ်သာခြား​တော့၏။ သူစကား​ပြောလျှင် ယွမ်ယယ်၏မျက်နှာ​ပေါ် သူ၏ဝင်သက်ထွက်သက်တို့ကိုပင် ခံစားမိ​စေ​လောက်သည်။ 


သူက ​အေးစက်စက်ရယ်​မောလိုက်ပြီး တဲထဲမှ၎င်းတို့နှစ်ဦးသာ ကြားနိုင်​သောလေသံဖြင့် ​တီးတိုးပြောလိုက်​လေသည်။ "မင်းသာ ကိုယ့်ဘေးမှာအိပ်မယ်ဆိုရင်... ကိုယ် မင်းကို လုပ်ပစ်ချင်လာလိမ့်မယ်။"

[TN/ လုပ် - f*ck]


*****

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment