no

Font
Theme

ယွမ်ယယ် အပြင်ဘက်မှာ ​ဆေးလိပ်တစ်လိပ်​သောက်ပြီးမှ ပြန်ခဲ့​လေသည်။ သူပြန်​ရောက်သည့်အခါ တံခါးကိုအသာ​လေးပိတ်ပြီး ​ရေချိုးခန်းထဲ ​ဆေး​ကြောရန် ဝင်သွားခဲ့၏။ သူ ဖန်း​ရှောက်ယိအိပ်စက်​နေခြင်းကို ​အ​နှောက်အယှက်မဖြစ်​စေလို၍ တတ်နိုင်သမျှ တိုးတိုး​လေးသာ လုပ်ခဲ့သည်။ သူ​ရေချိုးခန်းထဲမှ ပြန်ထွက်လာ​သောအခါ အ​ကြောင်းကြားစာရှိ၊မရှိကိုစစ်​ဆေးရန် ဖုန်းကို တစ်ချက်ကြည့်လိုက်၏။ သူ​စော​စောက အပြင်ထွက်သွားသည့်အချိန်မှာ ဖုန်းအားသွင်းထားခဲ့ခြင်း​ကြောင့်ပင်။ ယွမ်ယယ် ခပ်မြန်မြန်စစ်လိုက်ပြီး​နောက် ဖုန်းပိတ်လိုက်သည်။

သူထို့သို့လုပ်အပြီး တစ်ဖက်သို့အလှည့်တွင် ဖန်း​ရှောက်ယိက သူ့ကို ရုတ်တရက်​မေးလာခဲ့၏။ "မင်း ဘယ်သွားတာလဲ။"

ယွမ်ယယ် သူ့ကို နိုး​နေလိမ့်မည်ဟု ထင်မထားခဲ့​ပေ။ သူက ညင်သာစွာ တုံ့ပြန်လိုက်သည်။ "မင်းနိုး​နေတာလား။ ​စော​စောက ငါအိပ်မ​ပျော်လို့ အပြင်ထွက်ပြီး စိတ်အပန်းသွား​ဖြေတာ။ ပြန်အိပ်​တော့​လေ။"

ခန်းစီးလိုက်ကာများကို အပြည့်ဆွဲထားပြီး အလင်း​ရောင်​သေး​သေ​လေး​တောင်မှ ဖြတ်မဝင်လာနိုင်​ပေ။ ယွမ်ယယ် ဖန်း​ရှောက်ယိကို ရှင်းရှင်းလင်းလင်းမမြင်ရ​​ချေ။ အခန်းအပူချိန်က အ​နေ​တော်ဖြစ်ပြီး အ​​တော်လေး​နွေး​ထွေး​​နေ၏။ ယွမ်ယယ်က ပြုံးလိုက်သည်။ "ငါ အသံမထွက်​အောင် အ​ကောင်းဆုံးလုပ်ခဲ့တာကို မင်းကနိုးသွား​သေးတယ်။"

ဖန်း​​ရှောက်ယိက ​ပြောလာ​၏။ "မဟုတ်ပါဘူး ကိုယ်​​စော​စော​လေးကတည်းက ကိုယ့်ဘာသာနိုး​နေတာ။ ပြီး​တော့ မင်းဒီမှာမရှိတာ​တွေ့လိုက်လို့။"

ယွမ်ယယ် အဝတ်လဲပြီး အိပ်ရာဆီသို့ လာလိုက်သည်။

သူက အိပ်ရာထဲဝင်လိုက်ပြီး ဖန်း​​ရှောက်ယိကို​ပြောလိုက်၏။ "ဟုတ်ပါပြီ၊ ငါမ​နှောင့်ယှက်​တော့ဘူး။ အိပ်​တော့​လေ ယိ​ကော။"

ပုံမှန်အားဖြင့် ၎င်းတို့နှစ်​ယောက်က ကိုယ့်ဘာသာအိပ်တတ်ကြသည်။ မည်သူကမှ တစ်​ဖက်လူကို ထိလိမ့်မည်မဟုတ်​ပေ။ သို့​သော် ၎င်းတို့​တွေ အိပ်ချင်မူးတူးဖြစ်​နေပြီး အသိစိတ်​ဝေဝါး​နေ​သည့်အချိန်မှာ​တော့ တစ်​ယောက်ဘက်သို့ တစ်​ယောက်တိုးလာ၊ မလာမှာ ခန့်မှန်းရခက်​ပေသည်။ ယွမ်ယယ် မျက်လုံးများမှိတ်ကာ အိပ်စက်ရန်ပြင်လိုက်၏။ ထိုအချိန်မှာ ဖန်း​​ရှောက်ယိက လက်လှမ်းလာပြီး သူ၏လက်ကိုထိလာသည်အား ခံစားလိုက်ရသည်။ သူက တိုးတိုး​လေး​မေးလာ၏။ "မင်း ဘယ်​တွေသွားလာတာလဲ။ လက်​တွေ​အေးစက်​နေတာပဲ။"

ယွမ်ယယ်မှာ ​ကြောင်အမ်းသွားခဲ့သည်။ ထိုမ​မျှော်လင့်ထား​သောအထိအ​တွေ့​လေးက သူ၏ဦး​နှောက်အား ဗလာကျင်းသွား​စေခဲ့၏။ သူ၏လက်​ချောင်းများက ထိုရုပ်ပိုင်းဆိုင်ရာအထိအ​တွေ့​လေးကို ဦး​နှောက်ကအလုပ်မလုပ်ခင် အရင်တုံ့ပြန်လိုက်သည်။ သူအသိပြန်ဝင်လာ​သောအခါ သူက ဖန်း​ရှောက်ယိ၏လက်ကို ဆုပ်ကိုင်ပြီးသားဖြစ်​နေခဲ့သည်။ ထိုသို့လုပ်ပြီး​နောက် ယွမ်ယယ် နည်းနည်း​လေးမသင့်​​လျော်မှန်း ရုတ်တရက် သိလိုက်ရပြီး ပြန်လွှတ်လိုက်ကာ ​ပြောလိုက်​လေ၏။ ​စော​စောက ​ရေကန်​ဘေးမှာ သွားထိုင်​နေတာ။ ​တော်​တော်​လေး​မိုက်တယ်။ ဒါ​ပေမဲ့ ကံမ​ကောင်းစွာနဲ့ ခြင်​တွေက​တော့အများကြီးပဲ။ ငါ့ကိုလည်း ကိုက်လိုက်တာမှ လွန်​ရောပဲ။"

ဖန်း​ရှောက်ယိက ထပ်​မေးလိုက်၏။ "မင်းတစ်​ယောက်တည်းလား။"

"မဟုတ်ဘူး။ ​ရှောင်ချိန်နဲ့။" ယွမ်ယယ်က အလွန်ရိုးသားစွာ​ဖြေလိုက်​၏။ သူက ပြုံးလည်းပြုံး​ခဲ့သည်။ "ငါတို့ အချစ်နဲ့ ဘဝအ​ကြောင်း ခဏ​လောက် စကား​ပြော​နေခဲ့ကြတာ​လေ။"

ဖန်း​​ရှောက်ယိက အသံပြုလိုက်၏။ သူ၏အသံက အ​တော်​လေးတိုး​နေပြီး တည်ငြိမ်​စွာ​မေးလာခဲ့သည်။ "မင်းတို့က အချစ်အ​ကြောင်း​ပြောတယ်?"

ယွမ်ယယ် ​နောက်ဆုံးမှာ​​တော့ တစ်ခုခုမှား​နေပြီဖြစ်​ကြောင်း သတိပြုမိလိုက်သည်။ သူက တစ်ဖက်လှည့်လိုက်​သော်လည်း အခန်းက အလွန်​မှောင်​နေရာ ဖန်း​ရှောက်ယိကို မမြင်ခဲ့ရ​ပေ။ ယွမ်ယယ်က ရုတ်တရက်ရယ်​မောကာ ​မေးလိုက်သည်။ "ဒါဆို ငါက ဘယ်သူနဲ့ အချစ်​ရေးအ​ကြောင်း​ပြောရမှာလဲ။"

ဖန်း​ရှောက်ယိက မ​ဖြေဘဲ ထပ်​မေးလိုက်၏။ "ဒီ​တော့ မင်းက တခြားသူနဲ့ အချစ်​​​ရေးအ​ကြောင်း ​ပြောချင်တယ်​ပေါ့?"

အကယ်၍ ယခုအချိန်သာ​ နေ့ခင်းဘက်ဖြစ်​နေလျှင် ယွမ်ယယ် ထပ်မံစ​နောက်လိမ့်မည်ဖြစ်သည်။ သို့​သော် ယခုတွင် အလွန်​နောက်ကျ​နေ​လေပြီ။ ဖန်း​ရှောက်ယိက ပုံမှန်အားဖြင့် ရုပ်ရှင်ရိုက်ကူး​​နေရချိန်တွင် ​ကောင်း​ကောင်းမအိပ်ရ​ပေ။ ထို့ပြင် ယခုအစီအစဥ်ရိုက်ကူးရန်အတွက် ​မနက်တွင်လည်း ​စော​စောနိုးရန်လိုအပ်​သည်။ ယွမ်ယယ် သူ၏အိပ်ချိန်ကို မ​နှောင့်ယှက်လို​ပေ။ ထို့​ကြောင့် သူက ရယ်လိုက်၏။ "မဟုတ်ပါဘူး။ လုံးဝမဟုတ်ဘူး။ မြန်မြန်အိပ်​တော့ ​ပေါင်​ပေ့​လေး။ အချိန်ကိုလည်း ကြည့်လိုက်ဦး။"

သူ၏စကားလုံးများက နည်းနည်းအ​ပေါ်ယံဆန်​ပေသည်။ ထိုစကားကိုကြားပြီး​နောက် ဖန်း​ရှောက်ယိက ထပ်မ​ပြော​တော့​​ချေ။ ယွမ်ယယ် သူ့ကိုစိတ်မဆိုး​စေချင်​ပေ။ သူ သူတို့ကြားရှိ လက်ရှိ​အေးချမ်း​နေ​သော​လေထု​လေးကို တန်ဖိုးထား​၏။ သူက အစွယ်များကို ပါးစပ်ထဲဝှက်ထားပြီး အ​ကောင်းဆုံးပြုမူခဲ့သည်။

သို့​သော် ​ကောင်​လေးငယ်ငယ်တစ်​ယောက်နှင့် အပြင်ဘက်တွင် အချစ်​ရေးအ​ကြောင်းတစ်နာရီ​လောက်​ပြော​နေခဲ့ပြီး ပြန်လာပြီး​နောက် 'မဟုတ်ဘူး၊ လုံးဝမဟုတ်ဘူး' ဟု​ပြောခြင်းက အသက်သုံးဆယ်​ကျော်အရွယ်လူကြီးတစ်​ယောက်အတွက် အလွန်စိတ်အ​နှောင့်အယှက်ဖြစ်​စေသည်။

ယွမ်ယယ် ဖန်း​ရှောက်ယိက သူ့ဘက်ရှိ​စောင်ကိုလှန်လိုက်သည်အား ခံစားမိလိုက်သည်။ သူသည် ဖန်း​ရှောက်ယိထံမှ ဖိခံထားရတဲ့အထိ ဘာဖြစ်​​နေမှန်း မသိခဲ့​ပေ။ သူ၏တစ်ကိုယ်လုံးက စိတ်ကူးထဲတွင် နစ်မြုပ်​နေခဲ့ပြီး ထိုစိတ်ကူးထဲတွင် ဖန်း​ရှောက်ယိတစ်ဦးတည်းသာ ရှိ​နေ​ပေသည်။

"မင်း ဘာအ​ကြောင်း​ပြောချင်တာလဲ။" ဖန်း​ရှောက်ယိ၏လက်​ချောင်းများက အ​တော်​လေးအားပြင်း​​ပြီး ယွမ်ယယ်၏​မေး​စေ့မှာ နာကျင်​လာခဲ့သည်။

"ကိုယ် နား​ထောင်​ပေးမယ်။"

ယွမ်ယယ်က မျက်ခုံးများတွန့်ချိုးကာ ​ပြောလိုက်သည်။ "ငါ မင်းနဲ့ မရှုပ်ချင်ဘူး။ ရိုက်ကူး​ရေး​ကိုပဲ ​ကောင်း​ကောင်းအဆုံးသတ်ရ​အောင်ပါ။"

ဖန်း​ရှောက်ယိက သ​ရော်လိုက်​လေ၏။ "ဒါဆို မင်းက ဘယ်သူနဲ့ရှုပ်ချင်တာလဲ။"

ယွမ်ယယ်ကလည်း စိတ်ကြီးသူတစ်​ယောက်ပင်။ သူက ​ဒေါသကို အချိန်အ​တော်ကြာ ချုပ်တည်းထားပြီး ယခုလက်ရှိမှာ သူ၏အကန့်အသတ်ကိုမ​ကျော်​သေး​ပေ။ သူက လက်လှမ်းကာ ဖန်း​ရှောက်ယိ သူ​၏​မေး​စေ့ကို ညှစ်ထား​သောလက်အား ဖယ်ထုတ်လိုက်၏။ ထို့နောက် သူက အိပ်ရာဘေးမှ ညအိပ်မီးအိမ်ခလုတ်ကို ဖွင့်လိုက်သည်။ ရုတ်တရက် အခန်းထဲတွင် အလင်း​ရောင်များဖြန့်ကျက်သွား၏။ ယွမ်ယယ် မျက်လုံးများ​မှေးကျဥ်း၍ ဖန်း​ရှောက်ယိကို စိုက်ကြည့်လိုက်သည်။ "မင်း ဘာလုပ်ချင်​နေတာလဲ။"

ဖမ်း​ရှောက်ယိက သူ့ကို ဘာမှ​ပြောမလာ​ပေ။ သူက ယွမ်ယယ်၏မျက်​မှောင်ကြုတ်ထားခြင်းနှင့် စူးစိုက်ကြည့်​နေ​သောအမူအရာတို့ကို ကြည့်ချင်စိတ်မရှိ​​​ချေ။ ထို့​ကြောင့် သူက မျက်လုံးများမှိတ်ကာ အမြန်ခေါင်းငုံ့ချလိုက်သည်။

ဖန်း​ရှောက်ယိတစ်​ယောက် ယွမ်ယယ်၏နှုတ်ခမ်းကို ကိုက်လိုက်သည်နှင့်တစ်ပြိုင်နက် ယွမ်ယယ်က ချက်ချင်းတုံ့ပြန်လာခဲ့သည်။ သူက လက်​မြှောက်လိုက်ပြီး တစ်ဖက်လူကို တွန်းထုတ်လိုက်ချင်​သော်လည်း ​နောက်ဆုံးမှာ​တော့ မလုပ်ခဲ့​ပေ။ ယွမ်ယယ် တစ်ဖက်လူအား ကျေနပ်သလို လုပ်ခွင့်​ပေးထားခဲ့သည်။ ဖန်း​ရှောက်ယိ၏ရင်ဘကယတ်က နိမ့်ချည်မြင့်ချည်ဖြစ်​နေလျက် အလွန်​ဒေါသထွက်​နေခဲ့သည်။ သူ၏​ဒေါသကို ဖွင့်ထုတ်ရန်ကြိုးစားသည့်အ​နေဖြင့် ဖန်း​ရှောက်ယိက ယွမ်ယယ်၏နှုတ်ခမ်းကို ပါးစပ်ထဲ​သွေးအရသာများရတဲ့အထိ ဖျက်ဆီးပစ်လိုက်သည်။

ယွမ်ယယ်၏မျက်လုံးများမှာ လုံးဝ အနီ​ရောင်ဖြစ်​နေ၏။ သူက ဖန်း​ရှောက်ယိကို စိုက်ကြည့်လိုက်ပြီး စက္ကန့်များစွာကြာပြီး​နောက် နှာမှုတ်လိုက်သည်။ သူ၏မျက်နှာ​ပေါ်တွင် သ​ရော်​သောအမူအရာဖြင့် ​မေးလိုက်၏။ "မင်းငါ့ကို -ိုးချင်တာလား။ လုပ်ချင်တယ်ဆို တည့်ပဲ​ပြောလိုက်။ ငါတို့နှစ်​တွေအများကြီး အတူရှိခဲ့ကြတာပဲ။ မင်းကို ခွင့်မပြုဘဲ မ​နေပါဘူး။"

"ကြည့်ရတာ ငါက အချစ်ကို​တောင့်တ​နေတဲ့သူမဟုတ်ဘူးနဲ့တူတယ်။ အချစ်ကို​တောင့်တ​နေတဲ့သူက မင်းပဲ၊ ဟုတ်တယ်မလား ​ကော​ကော။" ယွမ်ယယ်က ဆက်​ပြောလိုက်သည်။

ဖန်း​ရှောက်ယိက သူ၏စကားများကို နားမ​ထောင်ချင်​​ပေ။ သူက ယွမ်ယယ်၏ပါးစပ်ကို လက်ဖြင့်ပိတ်လိုက်ပြီးနောက် ယွမ်ယယ်​၏လည်​စေ့အား ကိုက်ချလိုက်၏။ ယွမ်ယယ်၏ပါးစပ်က အလွန်အစွမ်းထက်ပေသည် - သူက သင့်နှလုံးသားကို တမင်ထိုးနှက်ဖို့ရည်ရွယ်ထားမှ​တော့ စကား​လေးတစ်ခွန်းဖြင့် နှလုံးသားအတွင်း အ​ပေါက်တစ်ရာ​လောက်ထိုး​ဖောက်ကာ နှစ်​ယောက်လုံးကို​သွေးထွက်သံယို ဖြစ်​စေလိမ့်မည်။

၎င်းတို့နှစ်​ယောက်လုံး၏ခံစားချက်များက ထကြွလာခဲ့သည်။ သူတို့၏နှလုံးသားထဲတွင် မိမိတို့၏​အရှေ့တွင်ရှိ​သောလူအား ဘာမှမလုပ်နိုင်ခဲ့​ပေ။ ၎င်းတို့က ​နေ့တိုင်း​ တစ်ယောက်ကိုတစ်​ယောက်ကြည့်​နေခဲ့ရပြီး သူတို့၏နှလုံးသားများထဲမှာ ခံစားချက်များကို ပိတ်​လှောင်​နေခဲ့ရသည်။ ယခုတွင် ထိုပိတ်​လှောင်​နေ​သောခံစားချက်များက တစ်ဖက်လူ​ကြောင့် နိုးကြားလာခဲ့သည်။

ယွမ်ယယ်၏ပါးစပ်မှာ ဖန်း​ရှောက်ယိ၏လက်ဖဝါးဖြင့် ပိတ်ခံထား​ရသော်လည်း သူစိတ်​အေး​အေးထား​နေနိုင်သည်ဟု မဆိုလို​ပေ။ သူက ပါးစပ်ဟကာ ဖန်း​ရှောက်ယိ၏လက်ဖဝါးကို ကိုက်လိုက်ပြီး လွှတ်မ​ပေးခဲ့​ချေ။

ဖန်း​ရှောက်ယိက မျက်​မှောင်ကြုတ်လိုက်​သော်လည်း သူ၏လက်ကို ဖယ်ခွာမသွား​ပေ။ အခြားလက်တစ်ဖက်က ယွမ်ယယ်၏​ဘောင်းဘီကို ထိကိုင်လိုက်​​သောအချိန်မှာ ခဏရပ်သွားပြီး​နောက် ​ပေါ့​ပေါ့ပါးပါးရယ်​မောလိုက်​လေသည်။ ထိုအကြည့်က ယွမ်ယယ်အား တစ်စုံတစ်​ယောက်ထံမှ ပါးဖြတ်ရိုက်ခံရသလို ခံစားရ​စေခဲ့​၏။ သူ၏နားရွက်များထဲမှာလည်း အသံမြည်​နေလျက်ပင်၊

ယခုလိုမျိုး အကိုက်ခံရ၊ နမ်းရှုပ်ခံရပြီးနောက် တုံ့ပြန်မှုမရှိလျှင် သူက လူသားတစ်​ယောက်မဟုတ်​တော့​ပေ။ သူ၏တုံ့ပြန်မှုကို ဖန်း​ရှောက်ယိ၏​အရှေ့မှာ ပြသခဲ့ရပြီး ထိုအရာက သူ့ကို​စျေး​ပေါသည်ဟုခံစားရ​စေခဲ့သည်။ သူ သူ၏စိတ်ကိုထိန်းချုပ်နိုင်​သော်လည်း သူ၏ခန္ဓာကိုယ်​အောက်ပိုင်းကို​တော့ မထိန်းချုပ်နိုင်ခဲ့​ပေ။

- ဒါကမှ ဖန်း​ရှောက်ယိပဲ။

ယွမ်ယယ်တစ်​ယောက် ​ဒေါသထွက်​နေသည့်အတွက် သူ၏မျက်လုံးများမှာ နီရဲ​နေ၏။ ဖန်း​ရှောက်ယိ၏လက်မှာလည်း အကိုက်ခံထားရသည့်​နေရာတွင်​ သွေးများထွက်​နေပြီး ယွမ်ယယ်က လွှတ်မ​ပေး​ခဲ့သေး​ချေ။

..........

​​မ​မျှော်လင့်ထား​သော စစ်ပွဲနှင့် ပရမ်းပတာဖြစ်​ရ​သောညတစ်ည။

သူတို့နှစ်​ယောက်လုံး ဘာမှမ​ပြောကြ​သော်လည်း ကိစ္စ​တော်​တော်များများ ဖြစ်ပျက်သွားခဲ့သည်။ အဆုံးတွင် ထိုအရာများ မည်သို့စတင်ခဲ့သည်ကို​တောင် မမှတ်မိ​တော့​ချေ။ အမျိုးသားများ၏ ကျိုး​ကြောင်းဆင်ခြင်နိုင်စွမ်းသည် တပ်မက်မှုထံတွင် လက်နက်ချအညံ့ခံခဲ့ရပြီး အရာအားလုံး မူလအ​ခြေအ​နေသို့ ပြန်လည်​ရောက်ရှိလာခဲ့သည်။

ယွမ်ယယ် ထို​နေရာ၌ပင် တိတ်ဆိတ်စွာ လဲ​လျောင်း​နေခဲ့သည်။ သူ မျက်နှာကျြက်ကို​မော့ကြည့်ကာ ယခုမည်ကဲ့သို့စိတ်ခံစားချက်မျိုးရှိ​နေရမည်ကို မ​သေချာ​တော့​ပေ။

သူ၏နှုတ်ခမ်း​ထောင့်များ ​ကွေးညွတ်သွားပြီး တိတ်တဆိတ်ရယ်လိုက်ကာ 'fuck' ဟု ဆဲ​ရေးလိုက်သည်။

ဖန်း​ရှောက်ယိတစ်​ရောက် ​ရေချိုးခန်းထဲမှ ​​ရေစိုအဝတ်များယူလာခဲ့သည်။ ယွမ်ယယ်က ကုတင်​ပေါ်မှ ​ခြေဗလာဖြင့်ဆင်းလာပြီး ဂျာကင်အင်္ကျီထဲမှ ​စီးကရက်တစ်လိပ်ကို ထုတ်ယူလိုက်သည်။ သူ တစ်လိပ်ကို မီးညှိလိုက်၏။ သူ၏နှုတ်ခမ်းကွဲ​နေ​သော​နေရာက နာကျင်​နေဆဲပင်။ သူ၏ပါးစပ်ထဲတွင် ​စီးကရက်တစ်လိပ်နှင့် လမ်း​လျှောက်လာရင်း ဖန်း​ရှောက်ယိအား အ​နောက်မှ သိုင်းဖက်လိုက်သည်။ သူ၏ပါးစပ်ထဲမှ​စီးကရက်ကို ရှိုက်ဖွာလိုက်ပြီး ဖန်း​ရှောက်ယိ၏မျက်လုံး​ရှေ့ ​မီးခိုးငွေ့များမှုတ်ထုတ်လိုက်သည်။ ယွမ်ယယ်က တိုးတိုး​လေးရယ်​မောကာ သူ၏အသံမှာလည်း နှာသံ​ပေါက်​နေပြီး ဖန်း​ရှောက်ယိ၏နားရွက်နားကပ်၍ ​မေးလိုက်သည်။ "မင်းကို ဘယ်သူက လုပ်ခွင့်ပေးလို့လဲ။"

တကယ်​တော့ ထိုအရာကို ဖန်း​ရှောက်ယိအားမေးရန် မသင့်​တော်​ပေ။ ယွမ်ယယ်သာ မလုပ်ချင်ခဲ့လျှင် ဖန်း​ရှောက်ယိက ဘာကိုမှလုပ်လိမ့်မည်မဟုတ်​​ချေ။ သူသာ တကယ်တွန်းထုတ်ချင်ခဲ့လျှင် ဖန်း​ရှောက်ယိက သူ့ကို ဖိထားနိုင်မည်မဟုတ်​။ ယွမ်ယယ်၏​ရင်ဘတ်က ဖန်း​ရှောက်ယိ၏​ကျောပြင်နှင့် ဖိကပ်လျက်ရှိသည်။ သူက လက်ကို​အောက်​လျှောချကာ ဖန်း​ရှောက်ယိ၏ရင်ဘတ်ကြွက်သားများကို ထိလိုက်သည်။ ထို့​နောက် သူက ထပ်ရယ်လိုက်ပြီး ပါးစပ်ထဲမှ​စီးကရက်ကို ထုတ်ကာ ​ပြောလိုက်သည်။ "ယိ​ကော၊ ငါတို့နှစ်​ယောက်လုံးက မ​ကောင်းတဲ့​ကောင်​တွေပဲ။"

...

ဤ​နောက်ဆုံးအပိုင်းရိုက်ကူး​ရေးက ​နောက်ဆုံးတွင် ​ကောင်းမွန်စွာ အဆုံးမသတ်ခဲ့​​ချေ။

ယွမ်ယယ်က သူ့ကိုယ်သူ ဘယ်​တော့မှမညင်သာ​တတ်ပေ။ သူက ဖန်းရှောက်ယိကိုက်ထားသည့်​ နှုတ်ခမ်းနေရာတွင် သူ့ကိုယ်သူပြန်ကိုက်ကာ ဒဏ်ရာကိုလုံးလုံးပြဲသွား​စေပြီး ပို၍ကြီး​စေလိုက်သည်။ ထို့​နောက် သူထပ်ကိုက်ကာ ထို​နေရာအား လုံးဝဖျက်စီးလိုက်​တော့သည်။ ဖန်း​ရှောက်ယိက ​မော့ကြည့်ကာ သူ၏နှုတ်ခမ်းကိုမြင်လိုက်ရ​သောအခါ မျက်​ခုံးများ တွန့်ချိုးလိုက်ပြီး ​ပြောလာခဲ့သည်။ "​သောက်ကျိုးနည်းမလုပ်နဲ့။"

ယွမ်ယယ်က ရယ်လိုက်သည်။ "ဒါဆို ငါဘာလုပ်သင့်လဲ။ ဒီဟာကို ဘယ်လိုရှင်းပြရမှာလဲ။"

ထို​နေ့က ကင်မရာ​ရှေ့တွင် ချီရှင်းက သူ၏နှုတ်ခမ်းဘာဖြစ်တာလဲဟု ​မေးလာခဲ့၏။ ယွမ်ယယ်က ဖန်း​ရှောက်ယိကို လက်ညိုးထိုးပြလိုက်သည်။ "​​ခွေး​ကောင် ကိုက်လိုက်တာ​လေ။"

ချီရှင်းက ပြုံးကာ​​မေးလိုက်သည်။ "ဘယ်သူ့ရဲ့သွားကများ ဒီ​လောက်ကြီးတဲ့ကိုက်ရာကြီး ဖြစ်​စေနိုင်မှာလဲ။ ယွမ်ယယ်​ကော၊ ဒါက ပါးစပ်နာမလား။"

ယွမ်ယယ်က သ​ဘောတူသလို အသံပြုရင်း ​စိတ်မဆိုးဘဲ ခေါင်းညိတ်ပြလိုက်၏။ " ငါ တစ်​ယောက်​ယောက်အ​ကြောင်း မ​ကောင်း​ပြောမိလို့လား မသိပါဘူး။ အခု​တော့ ငါ့ပါးစပ်​လေး ပုပ်​နေရပြီ။"

ချီရှင်း: "ဒါဆို ​​ကော ဗီတာမင်တစ်ချို့စားသင့်တယ်​နော်။"

ယွမ်ယယ်က ပြုံးကာ ​ခေါင်းယမ်းလိုက်သည်။ "မလို​တော့ဘူး၊ ​ကျေးဇူးတင်ပါတယ်။ ငါက အသားပဲစားချင်တာ။ သြစ​တေးလျမှာ အမဲသားမစားရဘူးလား။"

ယွမ်ယယ်၏အပြုံးများက ကင်မရာ​ရှေ့၌သာ ဖြစ်​ပေါ်​နေခဲ့သည်။ ကင်မရာမြင်ကွင်းမှ ထွက်လိုက်သည်နှင့်တစ်ပြိုင်နက် ယွမ်ယယ်၏အမူအရာမှာ လုံးဝသုန်မှုန်သွားခဲ့သည်။ သူ၏အကြည့်များက ​အေးစက်​နေကာ သူစိတ်အ​ခြေအ​နေမ​ကောင်းသည်ကို လူတိုင်း မြင်​တွေနိုင်​ပေသည်။

သူတို့ Melbourne ကို​ရောက်သည့်အချိန်၌ ယွမ်ယယ်က ကားထဲမှထွက်ကာ ​နောက်မစ်ရှင်ကဘာလဲဟု ဒါရိုက်တာကို ​မေးမြန်းခဲ့သည်။

ဒါရိုက်တာက မကြားသလိုဘဲ ဖုန်းကို ငုံ့ကြည့်​နေခဲ့သည်။

ခရီးစဥ်တစ်​လျှောက်လုံး ဤလူက ယခုလိုနည်းအတိုင်းပင်ပြုမူ​နေခဲ့သည်။ သူက ယွမ်ယယ်ထက်​တောင် ဧည့်သည်နှင့်ပိုတူ​နေ၏။ ယွမ်ယယ် သူ့ကို ဘာမှမလုပ်နိုင်သလို ​မေးခွန်းများ၏အ​ဖြေကိုလည်း ပြန်မရ​ခဲ့ပေ။

ယွမ်ယယ် မျက်​​မှောင်ကြုတ်လိုက်သည်။ သူက ထပ်​မေးလိုက်၏။ "ဒီ​နေ့လယ်မှာ ဘာရိုက်ရမှာလဲလို့ ငါမင်းကို​မေး​နေတာ။ ​ရှောင်တိ၊ မင်းရဲ့နားမှာ ပြဿနာရှိ​နေတာလား။"

လူငယ်ဒါရိုက်တာ​လေးက ​ခေါင်း​မော့ကာ သူ့ကို စုန်ချည်ဆန်ချည်ကြည့်၍ ​ပြောလာခဲ့သည်။ "ကျွန်​တော်တို့အချိန်​ကျရင် အသိ​ပေးမှာပါ ယွမ်​လောင်ရှီး။"

'ယွမ်​လောင်ရှီး' ဟူ​သောစကားလုံးကို တိကျ​သေချာ​သော စိတ်ခံစားချက်တစ်ချို့ဖြင့် တမင်တကာဖိ​ပြောခဲ့​လေသည်။

ယွမ်ယယ်က အမူအရာမဲ့စွာဖြင့် သူ့ကို​မေးလိုက်၏။ "ငါ့ကို ဆန့်ကျင်ချင်တာလား၊ ငါ့ကို အမြင်မကြည်ဘူးလား။"

"ဘာ​တွေ​ပြော​နေတာပါလဲ။" ထိုဒါရိုက်တာက​ ပြောလာသည်။ "​လောင်ရှီးက ဘယ်သူပဲဖြစ်ဖြစ်၊ ကျွန်​တော် ဒီလိုပဲ လုပ်ရမှာပါ။"

ယွမ်ယယ် သူနှင့်စကား​ပြောရန်ပျင်း​ရိနေပြီး ငြင်းခုံရန်လည်း စိတ်မဝင်စားဘဲ တစ်ဖက်လူကို​ပြောလိုက်သည်။ "ငါ့ကို ဆန့်ကျင်ချင်တာမျိုးရှိရင် ငါ့ကိုလာ​ပြော၊ မဟုတ်ရင်လည်း မင်းဘာသာမင်း သိမ်းထားလိုက်။ မင်းရဲ့ အလုပ်​ဖော်ပြချက်မှာပါတဲ့အရာကိုပဲလုပ်။ အခု မင်းကဒါရိုက်တာတစ်​ယောက်ဖြစ်​နေတာကို ပိုပြီး ပ​ရော်ဖက်ရှင်နယ်ဆန်စမ်းပါ။"

တစ်ဖက်လူက ယွမ်ယယ်ကို ​မော့ကြည့်လာပြီး ဘာမှတုံ့ပြန်မလာခဲ့​ပေ။ ယွမ်ယယ်သည်လည်း လှည့်ထွက်လာခဲ့လိုက်သည်။

​နောက်ဆုံးရက်အနည်းငယ်တွင် ဒါရိုက်တာက နည်းနည်း​လေးစိတ်​​လျှော့လာခဲ့သည်။ အနည်းဆုံး​တော့ သူက နားမကြားသည့်လူလို ဟန်မ​ဆောင်​တော့​ပေ။ အမှန်မှာ သူက ယွမ်ယယ်ကို လုံးဝအ​ရေးမကြီးသည့်လူတစ်​ယောက်ဟု ရိုးရိုးရှင်းရှင်းပင် ​တွေးထားခဲ့သည်။ သူစ​ရောက်လာကတည်းက ထိုသို့ခံစားချက်ရှိ​​နေခဲ့၏။ ယွမ်ယယ်ကလည်း သူ့ကို မျက်စိ​ဒေါက်​ထောက်ကြည့်နေချင်သည့်စိတ်မရှိ​ပေ - ထိုလူက သူလုပ်ချင်တာကိုလုပ်နိုင်​ပေသည်။ ယွမ်ယယ်မှာ သူနှင့်လုံးဝမသက်ဆိုင်သည့်လူတစ်​ယောက်အ​ပေါ် အာရုံစိုက်ရန် အချိန် သို့မဟုတ် စွမ်းအင်များ အပိုမရှိ​ပေ။

ရိုက်ကူး​ရေး​နောက်ဆုံးညတွင် လူတိုင်းညစာအတူစားခဲ့ကြပြီး ​သောက်လည်း​သောက်ခဲ့ကြသည်။ ၎င်းမှာ ​တော်​တော်​လေး စိတ်ခံစားချက်ကို လှုံ့​ဆော်​ပေးခဲ့၏။ တစ်​ယောက်က ယွမ်ယယ်ကို ပထမဆုံးအကြိမ် ရသစုံရှိုးရိုက်ကူးရတာ ဘယ်လို​နေလဲဟု ​မေးလာခဲ့သည်။ ထိုအချိန်၍ ယွမ်ယယ်က ပြုံးပြကာ လက်​ဝှေ့ယမ်းပြလိုက်သည်။ သို့​သော် သူ မ​​ဖြေခဲ့​ပေ။

ရိုက်ကူး​ရေးက အဆုံးသတ်ပြီဖြစ်၏။ ယ​နေ့ညပြီးလျှင် ၎င်းတို့​တွေ မနက်ဖြန်​လေယာဥ်ဖြင့် ပြန်ကြရမည်ဖြစ်ပြီး လေယာဥ်ဆိုက်သည်နှင့် သူနှင့် ဖန်း​ရှောက်ယိတို့က သီးခြားစီသွားရ​တော့မည်။ လွန်ခဲ့​သောနှစ်ရက်​က ညခင်းမှာသာ သူတို့ စကားမများခဲ့လျှင် ယခုအချိန်၌ နှစ်ဦးသား တစ်စုံတစ်ခုကို ​ပြော​နေ​လောက်မည်ဖြစ်၏။ အနည်းဆုံး​တော့ ​ကောင်းမွန်စွာနှုတ်ဆက်စကား​ပြောကြလိမ့်မည်ပင်။

သို့​သော် နားမလည်နိုင်​သောကိစ္စတစ်ခုဖြစ်ပွားခဲ့ပြီး သူတို့၏စိတ်ထဲ ရှုပ်​ထွေး​သောခံစားချက်များဖြင့် ပြည့်သိပ်​နေခဲ့သည်။ ထို့​ကြောင့် တစ်​ယောက်ကိုတစ်​ယောက် ပုံမှန်အတိုင်း စကားမ​ပြောနိုင်ခဲ့​ပေ။

ကွဲကွာ​နေ​သောစုံတွဲ အတိအကျ​ပြောရလျှင် ကွာရှင်းပြီးသားအိမ်​ထောင်​ဖက်များ သရုပ်​ဆောင်ခဲ့​သောရှိုးက နောက်ဆုံးတွင်​တော့ ဇာတ်သိမ်းခန်းသို့​ရောက်လာခဲ့​လေပြီ။

*****

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment