no

Font
Theme

ဖန်း​​ရှောက်ယိက သူအိပ်မက်မက်ခဲ့​သည်ဟု ​ပြောလာ​သော်လည်း ယွမ်ယယ်က မည်သည့်အိပ်မက်ဖြစ်​ကြောင်း မ​မေးခဲ့​ချေ။ သူက ဖန်း​ရှောက်ယိကို ထပ်ပြုံးပြလိုက်၏။ သူပြုံးလိုက်ချိန်တွင် သူ၏မျက်လုံးများက ​မှေးကျဥ်းသွားပြီး ကြည့်ရသည်မှာ အလွန်နှစ်လိုဖွယ်ကောင်း​​နေသည်။

မတိုင်ပင်ထား​သော ထိုမ​တော်တဆ​ဖြစ်ရပ်လေး​ကြောင့် ယခုတစ်ကြိမ်ရိုက်ကူး​ရေးမှာ ​ချော​ချော​မွေ့​မွေ့ပြီးဆုံးသွားခဲ့သည်။ သူတို့နှစ်​ယောက်လုံး တစ်​ယောက်ကိုတစ်​ယောက် မ​ဝေဖန်ခဲ့​ကြပေ။

ကင်မရာများ​ရှေ့တွင် သူတို့က နှစ်​ပေါင်းများစွာချစ်မြတ်နိုးလာခဲ့သည့် တကယ့်အစစ်အမှန်စုံတွဲများနှင့် တူ​​​​နေ​ပေ၏။ အကြည့်တိုင်းတွင် တစ်​ယောက်ကိုတစ်​ယောက် မည်မျှနားလည်​ကြောင်း ​ပေါ်လွင်​နေခဲ့သည်။ ယွမ်ယယ် ရုတ်တရက်ဆိုသလို ရသစုံရှိုးရိုက်ကူးရခြင်းနှင့် ကင်မရာများ​ရှေ့တွင် သရုပ်​​ဆောင်​နေရခြင်းက အလွန်စိတ်ဝင်စားဖို့ကောင်းသည်ဟု ခံစားလာရသည်။ သူနှင့် ဖန်း​ရှောက်ယိ မည်သူက သရုပ်​ဆောင်ပို​ကောင်းလဲ သိချင်လာခဲ့သည်။ သို့​သော်လည်း ဖန်း​ရှောက်ယိက ရုပ်ရှင်ဧကရာဇ်တစ်ပါးပင်။ သူ့ကို တခြားသူများက အနိုင်မယူနိုင်​ပေ။

ယွမ်ယယ် ဂျပန်သို့ အကြိမ်အနည်းငယ်​ရောက်ဖူး​ပေ၏။ သူ ထိုနိုင်ငံကို အရမ်းကြီး ကြိုက်မ​နေခဲ့​ပေ။ အဓိကအားဖြင့် အစားအစာများပင်။ အရင်က ယွမ်ယယ်တစ်​ယောက် ဖန်း​ရှောက်ယိ၏ရိုက်ကွင်းတစ်ခုအား အတူလိုက်သွားဖူးသည်။ နှစ်လအတွင်း သူ ဆယ်​ပေါင်နီးပါးကျသွားခဲ့ရ၏။

ယခုတစ်ကြိမ်တွင်လည်း ၎င်းတို့​တွေ ​ရေပူစမ်းသို့ လည်ပတ်ခဲ့ကြသည်။ ယွမ်ယယ်နှင့် ဖန်း​ရှောက်ယိတို့ အခြားသူများအိပ်​ပျော်​နေစဥ် တိတ်​တိတ်လေးခိုးထွက်ခဲ့ကြ၏။ သူတို့က ​ရေပူစမ်းတွင် ညလယ်သ​​ရေစာကို​တောင် စားခဲ့ကြသည်။

အမှန်တကယ်တော့ ၎င်းမှာ ရိုက်ကူးရေးအတွက် ထုတ်လုပ်​ရေးအဖွဲ့သားများက စီစဥ်ထားခြင်းဖြစ်သည်။

ဤရိုက်ချက်မှာ အနည်းငယ်ကွဲပြား​ပေ၏။ ယွမ်ယယ်က ​ရေထဲတွင်သာ စိမ်​နေခဲ့ပြီး မတ်တတ်ပင်မထရဲ​ပေ။ သူ၏စိတ်ထဲတွင် သူတို့နှစ်​ယောက် တစ်​ယောက်ကိုတစ်​ယောက်မျက်နှာချင်းဆိုင်ပြီး စကားစမြည်​ပြော​နေရခြင်းကို ထုတ်လုပ်​ရေးအဖွဲ့က တမင်လုပ်​နေသည်လား သို့မဟုတ် အရမ်းတုံးအလွန်းသည်လားဟု ညည်းညူ​နေခဲ့ကြသည်။ မည်သည့်အရာမှမဖြစ်ဘူးဆိုသည်မှာ ဖြစ်နိုင်ပါသလား။ အထူးသဖြင့် ယခုကဲ့သို့ထူးခြား​သောအပြင်အဆင်မျိုးတွင်ပင်။ ယွမ်ယယ်၏မှတ်ဥာဏ်ထဲတွင် ယခုကဲ့သို့ ပူ​ပူလောင်​​လောင်အမှတ်တရများ ရှိ​နေခဲ့သည်။ အ​ကြောင်းအမျိုးမျိုး​ကြောင့် သူတို့နှစ်ဦးလုံးက ​ရေထဲတွင် အလွန်ငြိမ်သက်စွာ ​နေ​နေခဲ့ကြပြီး မည်သူမျှ အပြင်မထွက်ရဲကြ​ပေ။

​နောက်ဆုံးတွင် ယွမ်ယယ် ကင်မရာဆရာကို ပြန်သွားပြီး အိပ်ရန် အ​ဝေးသို့နှင်လွှတ်လိုက်​တော့သည်။

ရိုက်ကူး​ရေးအဆုံးသတ်ခါနီးတွင် လူငယ်ဒါရိုက်တာက ယွမ်ယယ်ကို ကနေဒါအ​ခြေအ​နေအ​ကြောင်း ထပ်မံ​ပြောလာခဲ့သည်။ ယွမ်ယယ်ကလည်း သူ၏အမြင်ကို လုံးဝမ​ပြောင်းလဲခဲ့​ဘဲ ဘူးဆို ဖရုံမသီး​ခဲ့ပေ။ သူ က​နေဒါနိုင်ငံကို သ​ဘောမကျ​​​ချေ။

လူငယ်ဒါရိုက်တာတွင် အခြား​ရွေးချယ်စရာမရှိ​တော့​ပေ။ သူ(မ)က ဖန်း​ရှောက်ယိဘကွလှည့်ကာ အကူအညီ​တောင်းရုံသာရှိ​တော့သည်။ သူ(မ)သည် ဖန်း​ရှောက်ယိက ပို၍သ​​ဘော​ကောင်းသလို ခံစားလိုက်ရ၏။ တကယ်​​တော့ ဖန်း​ရှောက်ယိက ယွမ်ယယ်ထက် ပို​ပြီးကိုင်တွယ်ရခက်ပေသည်။ သူက သူ(မ)ကို ​ပြောလိုက်သည်။ "ဒီအ​ကြောင်းကို ကုမ္ပဏီကို တိုက်ရိုက်​ပြောလိုက်ပြီး သူတို့နဲ့ သွား​ဆွေး​နွေးလိုက်ပါ။ ယွမ်ယယ်ကို ထပ်ပြော​နေစရာမလိုပါဘူး။ သူက သူ့ဆုံးဖြတ်ချက်ကိုပြင်မှာမဟုတ်ဘူး။"

သူ၏အပြင်လူများအ​ပေါ် သ​ဘောထားသည် အမြဲတမ်း ယွမ်ယယ်နှင့်အတူတူပင်ဖြစ်သည်။ ယွမ်ယယ်က မသွားဘူးဟု​ပြောလိုက်လျှင် သူက လူ​ကောင်းတစ်​ယောက်ပုံ​ပေါက်​အောင် သ​ဘောတူဖို့ကြိုးစားလိမ့်မည်မဟုတ်​ပေ။ သို့​သော် သီးသန့်အချိန်တွင် ဖန်း​ရှောက်ယိက ယွမ်ယယ်ကို​ပြောလာ၏။ "ဘယ်ကိုပဲသွားသွား အတူတူပဲကို သူတို့ကို စိတ်မဆိုးပါနဲ့။ ​ဒေါသထွက်စရာမလိုပါဘူး။"

ယွမ်ယယ်က ​ခေါင်းခါကာ ​သေး​သေး​လေးမျှပင် မ​ပြောင်းလဲ​ခဲ့ပေ။ "မရဘူး။"

ဖန်း​ရှောက်ယိက သူ့ကိုစိုက်ကြည့်ကာ အံ့သြစရာ​ကောင်းစွာပင် ဘာမှ​ပြောမလာခဲ့​ပေ။ သူက ​ခေါင်းညိတ်လိုက်၏။ "​ကောင်းပါပြီ။"

ထို့​နောက်တွင် သူတို့ က​နေဒါသို့ မသွားရ​တော့​​ချေ။ အခြားသူများက ဂရုမစိုက်​သော်လည်း ဖန်း​ရှောက်ယိနှင့် ယွမ်ယယ်က ​နေရာများ​ပြောင်းလဲခြင်းအား ​ခေါင်းမာစွာ မလိုက်​လျောခဲ့ကြ​ပေ။ ​နောက်ဆုံးတွင် ၎င်းတို့စီစဥ်ထားသည့်အတိုင်း သြစ​တေးလျသို့ သွားခဲ့ကြသည်။

ထုတ်လုပ်​ရေးအဖွဲ့က မ​ပျော်မရွှင်ဖြစ်​နေကြ​သော်လည်း ဘာမှမ​ပြောခဲ့​ပေ။ ဘယ်လိုပဲဖြစ်ဖြစ် ဖန်း​ရှောက်ယိ၏အဆင့်အတန်းကလည်း ရှိ​နေ​သေးသည်မဟုတ်​လော။ ထို့ပြင် စာချုပ်ထဲတွင် ကြိုတင်လက်မှတ်​ရေးထိုးထားပြီး ဖန်း​ရှောက်ယိဘက်က ထို​ပြောင်းလဲလိုက်ခြင်းအား ဆန့်ကျင်လာသည်မှာ ပုံမှန်ဖြစ်သဖြင့် ၎င်းတို့မှာ ဘာမှ​ပြောလို့မရပေ။

ထို​နေ့က သူအိမ်ပြန်​ရောက်ပြီး​နောက် ယွမ်ယယ် အစီအစဥ်​၏ခေါင်း​ဆောင်ဒါရိုက်တာလင်း​ဝေဆီမှ မက်​ဆေ့ချ်ရခဲ့သည်။ သူက​ပြောလာ၏။ "ယွမ်ယယ်​လောင်ရှီး၊ ကျွန်​တော်တို့ ​လောင်ရှီးဆန္ဒအတိုင်း သြစ​တေးလျကို သွားရမှာပါ။"

ယွမ်ယယ်က တုံ့ပြန်လိုက်သည်။ "​စိတ်မ​ကောင်းပါဘူး ဒါရိုက်တာလင်း၊ ကျွန်​တော် ဒုက္ခ​ပေးမိပြီ။"

လင်းဝေ: "​ပြောစရာမလိုပါဘူး ယွမ်​လောင်ရှီးရယ်။ ​လောင်ရှီးနဲ့ ကြိုပြီးမ​ဆွေး​နွေးမိတာ ကျွန်​တော်တို့အမှားပါ။"

အခြားသူများက ယွမ်ယယ်အား အပြစ်ရှာသည်ဟု ​တွေး​ကောင်း​တွေးလိမ့်မည်။ သို့သော် က​နေဒါသို့ တစ်ရက် သို့မဟုတ် နှစ်ရက်​တည်းဖြင့်သွားရမည်ဆိုသည်မှာ ဟာသတစ်ခုမျှသာ။ သူတို့ ရက်အများကြီးယူလိုက်ရလျှင် ဖန်း​ရှောက်ယိတွင် နားချိန်ရှိမည်မဟုတ်​ပေ။ အခြားသူများမျက်လုံးထဲတွင် ထိုအ​ခြေအ​နေကို ယွမ်ယယ်က အိုဗာလုပ်​နေသည်ဟု ထင်နိုင်​သော်လည်း ယွမ်ယယ်က အမှန်ပင် ထိုကဲ့သို့လူစားဖြစ်သည်။ သူက သူသ​ဘောမတူ​သောအရာများကို အ​လျော့မ​ပေးတတ်ပေ။ ဖန်း​ရှောက်ယိက သူ၏စိတ်ကို​ပြောင်းလဲ​စေရန် ချဥ်းကပ်လာလျှင်တော့ ဖြစ်​ကောင်းဖြစ်နိုင်လိမ့်မည်။ သို့​သော် ဖန်း​ရှောက်ယိက ကြိုးစားလိမ့်မည်မဟုတ်​ပေ။

၎င်းတို့၏ပထမဆုံးအပိုင်းအား TV တွင် ထုတ်လွှင့်ပြီးဖြစ်သည်။ ယွမ်ယယ် ထိုအ​ကြောင်းကိည ဂျပန်မှာရှိစဥ်ကတည်းက သိထားပြီးဖြစ်၏။ ထိုအပိုင်းပြသအပြီးတွင် သူ၏ WeChat အ​ကောင့်က အသက်ဝင်​နေခဲ့ပြီး ကြည့်ရှုပြီးသူများက သူ့ဆီလာပြီးစကားပြောခဲ့ကြသည်။ နင်းလုက တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ဗီဒီယိုအတို​လေးပင်ဖြတ်ကာ သုံးခဲ့​သေးသည်။ ​နောက်ပိုင်းတွင် ယွမ်ယယ်တစ်​ယောက် အက်တာနက်ကိုပိတ်ကာ မည်သူ့ထံမျှ စာမပြန်ခဲ့​​တော့ပေ။

မည်သို့ပင်ဖြစ်​စေ ထုတ်လုပ်​ရေးအဖွဲ့သားများက ​ငွေ​ကြေးအ​မြောက်အမြားသုံးစွဲကာ ကနဦးပရိုမိုးရှင်းပွဲများလည်း ပြုလုပ်ခဲ့ကြသဖြင့် CP များအားလုံး ရက်အ​တော်ကြာ နာမည်ကြီး​နေခဲ့ကြ၏။ အသက်ငယ်သည့်စုံတွဲနှစ်တွဲက လက်ရှိတွင် အွန်လိုင်း​ဖော်လိုဝါအများဆုံးနှင့် ​နာမည်ကြီး​နေ​သော အနုပညာရှင်များဖြစ်ကြသည်။ ထို့​ကြောင့် ပထမအပိုင်း၏ အဆင့်သတ်မှတ်ချက်မှာ အ​တော်​လေး​ကောင်း​​နေခဲ့၏။

ယခုနှစ်များတွင် ဖန်းရှောက်ယိက တိတ်တဆိတ်သာ​နေခဲ့ပြီး ရုပ်ရှင်များသာ ရိုက်ကူးနေခဲ့သည်။ ယွမ်ယယ်ကလည်း အနုပညာနယ်ပယ်ပြင်ပမှ လူတစ်​ယောက်သာ။ မိန်းက​လေး​ငယ်တော်​တော်များများမှာ ၎င်းတို့အား သိပ်မသိကြ​ပေ။ မိတ်ဆက်ပိုစ့်တစ်ခုပြီးတစ်ခုကို ဟိုး​အောက်​​​ခြေမှ တူးဆွလာခဲ့ကြသည်။ အတိတ်​နေ့များတုန်းက ၎င်းတို့၏ မင်္ဂလာပွဲဗီဒီယိုအတို ခုနစ်ခု​လောက်ပြန်တက်လာခဲ့သည်။ ထို့​နောက် 'Shape CP' သည် လက်ရှိတွင် ​ရေပန်းအစားဆုံးရှာ​ဖွေမှုဖြစ်လာခဲ့၏။

ထုတ်လုပ်​ရေးအဖွဲ့က ၎င်းတို့အပိုင်း​နောက်ဆုံးတွင်ရိုက်ကူးခဲ့ရ​သော အင်တာဗျူးအား တည်းဖြတ်ကာ အပိုင်းအလယ်လောက်တွင် ထည့်လိုက်သည်။ ထုတ်လွှင့်မှု မိနစ်အနည်းငယ်အတွင်းမှာပင် ၎င်းတို့က ယွမ်ယယ်၏ ​နောက်ဆုံးအ​ဖြေကို ပြသလိုက်၏။ ကင်မရာထဲတွင် ယွမ်ယယ်၏အမူအရာမှာ သူ၏အ​ပြောအတိုင်း အနည်းငယ်​အေးစက်​နေခဲ့သည်။ "သူ မ​ကျော်ကြားလာရင်​တောင် သူက ဖန်းရှောက်ယိပါပဲ၊ သူ ရုပ်ရှင်ဧကရာဇ်ဆုကို အနိုင်ရခဲ့ရင်​တောင်မှ သူက ဖန်း​ရှောက်ယိဖြစ်​​နေတုန်းပါပဲ။"

ထိုအပိုင်းတွင် မိန်းက​လေးအားလုံး ယွမ်ယယ်က အလွန်ဆွဲ​ဆောင်မှုရှိသည်ဟု ခံစားလိုက်ရသည်။ ထို့ပြင် ယွမ်ယယ်၏ပါးလွှာ​သောမျက်ခွံနှင့် ဆံပင်ခပ်တိုတိုက သူ့အား ​ကောင်ဆိုး​လေးတစ်​ယောက်နှယ်ဖြစ်သွား​​စေ၏။ ​ခပ်ဆိုးဆိုး​ကောင်​လေးတစ်​ယောက်က ထိုကဲ့သို့​ပြော​နေသည်မှာ အလွန်ဆွဲ​ဆောင်မှုရှိ​ပေသည်။

ယွမ်ယယ်၏ပရိတ်သတ်​တော်​တော်များများက အ​တော်​လေးစိတ်လှုပ်ရှား​နေခဲ့သည်။ ၎င်းတို့သည် အစက တည်ငြိမ်​သော ဗုဒ္ဓ၏ပရိတ်သတ်များသာ။ ထိုကဲ့သို့ရုတ်တရက်ပြင်းထန်​သောရိုက်နှက်ချက်က ချက်ချင်းပင် သူတို့အား အသိစိတ်မြင့်မားသွား​စေခဲ့သည်။ ၎င်းတို့ပ ပရိသတ်အသစ်များအတွက် စည်းကမ်းတချို့ချမှတ်ရန် လိုအပ်သလားဟု​တောင် ​တွေး​နေခဲ့ကြသည်။ 'ဦး​လေးယယ်ဘက်ကို ​ပေါင်းလာခြင်းက ဗုဒ္ဓဘာသာအဖြစ်​ပြောင်းလဲသွားခြင်းဖြစ်ပြီး မည်သည့်ဒုက္ခမှ မဖြစ်​စေရပါ။ ရက်အနည်းငယ်​လောက်သာ အ​ပျော်သ​ဘောဖြင့်ပါဝင်ခြင်းဖြစ်လျှင် ​သေချာ​ပေါက် ပြန်ထွက်သွားလိမ့်မည်။ သူသည် စာ​ရေးဆရာတစ်ယောက်သာဖြစ်ပြီး သင့်ရဲ့ပရိသတ်အသိုင်းအဝိုင်းက ကျွန်ုပ်တို့နှင့် မသင့်​တော်​ချေ။'

ယွမ်ယယ်၏ပရိသတ်အချို့က သူ့အား ဖန်း​​ရှောက်ယိ၏ချစ်သူဆိုသည့် အချက်​ကြောင့် အားရုံစိုက်လာကြ၏။ ကျန်ရှိသူများက​တော့ အားလုံးသူ၏စာဖတ်ပရိသတ်များသာ။ ဟိုးအစကတည်းက သူ့ကိုအား​ပေးလာသူများမှာ ယခုတွင် အကုန်အသက်အရွယ်ရကာ ကိုယ့်မိသားစုနှင့်၊ ကိုယ့်က​လေးများနှင့်​ကိုယ်တောင်ဖြစ်ကုန်ကြ​လေပြီ။ ယခုတွင် ပရိသတ်​ဟောင်း​တော်​တော်များများက ဦး​လေးယယ်အား TVတွင်မြင်လိုက်ရ၍ အံ့အားသင့်သွား​ကြောင်း ​ပြောလာကြသည်။ အွန်လိုင်း​ပေါ်ရှာ​ဖွေကြည့်လိုက်ပြီး​နောက် ၎င်းမှာ ယွမ်ယယ်အစစ်ဖြစ်​ကြောင်း ​တွေ့လိုက်ကြရသည်။

ယွမ်ယယ်၏ Weibo ပို့စ်တစ်ခု​အောက်ရှိ မှတ်ချက်တစ်ခုမှာ နှစ်သက်မှုအများဆုံးဖြစ်၍ ထိပ်ဆုံးတွင် ရှိ​နေခဲ့သည်။ မှတ်ချက်​ရေးထားသည့်လူမှာ မိန်းက​လေးတစ်​ယောက်ဖြစ်၏။ "လွန်ခဲ့တဲ့နှစ်ရက်ကပဲ ကျွန်မ အ​မေတစ်​ယောက်ဖြစ်လာခဲ့တယ်။ ရှင် အရင်ကလိုပဲ​ပျော်​နေတာ​တွေ့ရ​တာ အရမ်း​​ကောင်းတာပဲ။ ရှင့်ရဲ့စာအုပ်ကို ပထမဆုံးဖတ်ဖူးတာက ကျွန်မအထက်တန်း​ကျောင်းစီနီယာနှစ်တုန်းက​လေ။ အဲ့အချိန်တုန်းက ကျွန်မရှင့်လိုဖြစ်ချင်ခဲ့တာ - ​ခေါင်းမာပြီး ရဲရင့်တဲ့သူ​ပေါ့။ ဒီနှစ်ပိုင်းအတွင်း ရှင်က Weiboမှာ ပို့စ်​တွေ သိပ်မတင်​တော့ဘူး​။ ​တောင်​တန်း​တွေတစ်​လျှောက် ​လျှောက်သွားပြီး သစ်ပင်​အပေါက်​တွေထဲ တူးဝင်​နေတတ်တဲ့ ခပ်မိုက်မိုက်လူငယ်​လေးက သိပ်မ​ပျော်​တော့ဘူးလားလို့ ကျွန်မသိချင်​နေခဲ့တာ။ ဒီ​နေ့​တော့ ရှင် ရှိုးမှာ​ အရင်ကလိုပဲ ​မာနကြီးတဲ့အပြုံး​မျိုးနဲ့ ​တွေ့လိုက်ရ​တော့ ကျွန်မ အရမ်းကြည်နူးဖို့​ကောင်းတာပဲလို့ ခံစားလိုက်ရတယ်။"

သို့​သော် ယွမ်ယယ်၏ပရိသတ်အ​တော်များများက သူ၏စာဖတ်သူများဖြစ်​သော​ကြောင့် ၎င်းတို့အ​တော်များများက သူ့အား ရသစုံရှိုးမရိုက်​စေချင်ကြ​ပေ။ ၎င်းတို့က သူ့ကိုစိတ်ပျက်​နေကြပြီး ထိုကဲ့သို့သရုပ်​​ဆောင်​ရခြင်းက ​ကြေးနီနံ့နံသည်ဟု ခံစား​နေကြရ၏။ သူတို့အတွက် သူသည် ​ယခုအချိန်မှာ ငွေကိုဂရုစိုက်​နေခြင်းဖြစ်သည်ဟု ထင်မှတ်​နေကြသည်။

ယွမ်ယယ် ဘယ်လိုမှတ်ချက်မျိုးကိုမှ မဖတ်ခဲ့​ပေ။ သူက weibo အ​ကောင့်ထဲကို​တောင် ​လော့အင်မဝင်ခဲ့​ပေ။ ထို့ပြင် ထိုအပိုင်းကိုလည်း မကြည့်ခဲ့​​ချေ။ အမှန်မှာ သူ ဂျပန်ကပြန်​ရောက်ကတည်းက အွန်လိုင်းပင်မတက်ခဲ့​ချေ။ သူ ရှိုးတွင်ရိုက်ကူးခဲ့​သော်လည်း သူ့ကိုယ်သူ ဖန်သားပြင်​ပေါ်တွင်ကြည့်ရန်ကို​တော့ မနှစ်သက်​သေး​ပေ။ ၎င်းမှာ သူသည် အခြားတစ်​ယောက်ကိုကြည့်​နေရသလိုမျိုး ထူးဆန်းသည့်ခံစားချက်ဖြစ်​စေ၏။ ဖန်း​ရှောက်ယိ၏​ဘေးတွင် အတူသရုပ်​ဆောင်​သော သူစိမ်းတစ်​ယောက်အားကြည့်​နေရသလိုပင်။

သူသည် ဖန်း​ရှောက်ယိနှင့် တွဲဖက်သရုပ်​ဆောင်သောသူများထဲက အဆိုးရွားဆုံးတစ်​ယောက်ဖြစ်လိမ့်မည်။

ယွမ်ယယ် ရက်အ​တော်​လေးကြာမှ အွန်လိုင်းပြန်သုံးခဲ့သည်။ ​ပျော်ရွှင်မှုတွင် ခဏတာပါဝင်သူများအားလုံး ပြီးဆုံးသွားပြီး​နောက် သူ၏ WeChat ​အ​ကောင့်ကို စစ်ကြည့်လိုက်​​၏။ သူ မည်သည့်အသုံးဝင်သည့်မက်​ဆေ့ကိုမျှ စာမပြန်ခဲ့​ပေ။

ဖုန်း​လေကျစ်က သူ့ကို ဆက်သွယ်ထားသည်။ ပထမဆုံး အင်တာနက်သုံးစွဲသူများက ဖြတ်ညှပ်ကပ်လုပ်ထား​သော ဓါတ်ပုံကိုပို့လာသည်။ ၎င်းမှာ ယွမ်ယယ်က သစ်ပင်​ပေါ်တွင်ထိုင်နေပြီး ငှက်​ပျောသီးများပစ်​နေသည့်ပုံဖြစ်​၏ - ၎င်းတို့က ယွမ်ယယ်ကို ​မျောက်အသွင် ဖိုတို​ရှော့ထားခြင်းဖြစ်သည်။ ဖုန်း​လေကျစ်က ​ပြောလာ၏။ "ဒီဓါတ်ပုံကို ​ကောင်း​ကောင်းဖိုတို​ရှော့လုပ်ထားတာမဟုတ်ဘူးလား။"

ယွမ်ယယ်က Weibo တွင် ရှိမ​နေ​ပေ၊ ထို့​ကြောင့် ထိုဓါတ်ပုံကို မမြင်ဖူးသေး​ပေ။ သူက ဆဲ​ရေးကာ ရယ်​မောလိုက်ပြီး အသံမက်​ဆေ့ပို့လိုက်​၏။ "မင်းရဲ့ညီအစ်ကိုမှာ အခု ပရိုကျတဲ့ဓါတ်ပုံ​တွေရှိ​နေပြီ​လား။"

ဖုန်း​လေကျစ်က ရိုးရိုးရှင်းရှင်းပင် ဖုန်း​ခေါ်လာရာ ယွမ်ယယ်က ကိုင်လိုက်​လေသည်။ ဖုန်း​လေကျစ်က​ ပြောလာ၏။ "ဒီရှိုးကိုကြည့်ပြီး​တော့ မင်းကို ဘယ်လို​စကားပြောရမလဲဆိုတာ​တောင် မသိ​တော့ဘူး။ အတိတ်တုန်းက မင်းက နက်ရှိုင်းပြီး ​လေးနက်တဲ့အစ်ကိုကြီးတစ်​​ယောက်လို့ထင်ခဲ့တာ။ အခု​တော့ မင်းက ​သောက်ရမ်းချစ်ဖို့​ကောင်းတယ်လို့ ခံစားရတယ်။"

"ငါ အရင်တုန်းက​ရော ချစ်စရာမ​ကောင်းလို့လား။" ယွမ်ယယ်က စီးကရက်အားမီးညှိလိုက်၏။ "ငါ​တော့ အမြဲတမ်း ငါကချစ်စရာ​ကောင်းတယ်လို့ ခံစားရတာပဲ။"

ဖုန်း​လေကျစ်ကလည်း ဆဲ​ရေးလိုက်သည်။ ထို့​နောက် သူက: "မင်းနဲ့ စ​နောက်​နေဖို့ အချိန်မရှိဘူး။ ငါ စီးပွား​ရေးလုပ်ရဦးမယ်။"

ယွမ်ယယ်က မျက်ခုံးပင့်လိုက်၏။ "မင်းအတွက်လုပ်ထားတဲ့ ​ကြော်ငြာမြင်ပြီးပြီလား။ ငါ့ကို အခ​ကြေး​ငွေ​ပေးချင်ပြီလား။"

"ဘာ​ကြော်ငြာလဲ။" ဖုန်း​လေကျစ်က သူဘာ​ပြော​နေမှန်း နားမလည်​ပေ။

ယွမ်ယယ်က​ ပြောလိုက်သည်။ "မင်းမမြင်ရ​သေးရင်လည်း ထားလိုက်​တော့။ မထုတ်လွှင့်ရ​​သေးဘူးထင်တယ်။"

ဖုန်း​လေကျစ်က​ပြောလာ​၏။ "ဒါက အလုပ်ကိစ္စပဲ။ မင်း ငါအရင်က​ပြောခဲ့တဲ့စာအုပ်အ​ကြောင်း စဥ်းစားပြီးသွားပြီလား။"

ယွမ်ယယ်က မြန်မြန်ဆန်ဆန်ပြန်​ဖြေလိုက်သည်။ "ငါ တကယ်ကို မမှတ်မိ​ဘူး။ လွန်ခဲ့တဲ့လအနည်းငယ်က ငါ့ရဲ့ဦး​နှောက်က ​ကောင်းကောင်းအလုပ်မလုပ်ဘူး။"

ဖုန်း​လေကျစ်မှာ နှစ်စက္ကန့်​လောက် ရပ်သွားသည်။ ထို့​နောက် သူသည် တိုးတိုး​လေးဆဲလိုက်၏။ "အရင်ဆုံး ငါမင်းကို ​​အတိုချုပ်​ပြောပြမယ်။ ဆွံအခြင်းအ​ကြောင်း။ မင်းက အဲ့လိုမျိုး​ရေးတဲ့​နေရာမှာ ​တော်တယ်ဆို​တော့ စမ်းကြည့်ချင်လား။ မင်းက ဒီလိုမျိုးပုံစံ​ရေးတဲ့​နေရာမှာ အ​ကောင်းဆုံးပဲ​လေ။"

ယွမ်ယယ်က သူ၏​ဆေးလိပ်ပြာများကို ခါလိုက်၏။ "ငါမှတ်မိပြီ။ အဲ့ဒါကို ​နောက်ကျ တစ်​ယောက်​ယောက်​ရေးမှာမဟုတ်ဘူးလား။"

ဖုန်း​လေကျစ်က ​လှောင်​ပြောင်လိုက်သည်။ "သူက ချီးထုပ်​တွေအတွက် မ​ရေးနိုင်ဘူး။"

ယွမ်ယယ်သည် ယခုတွင် စာ​ရေးရန် စိတ်အ​ခြေအ​နေမဟုတ်​သေး​ပေ။ သူ အရမ်းပျင်း​နေခဲ့၏ - တစ်နှစ်​လောက်ရှိ​လောက်​ချေပြီ။ ဖုန်း​လေကျစ်သည် အရင်တုန်းက သူ့အား ထိုဇာတ်ညွှန်းအတွက် ​ပြောခဲ့ဖူး၏။ ၎င်းမှာ ယွမ်ယယ် အ​တော်​လေးစိတ်ဝင်စား​သော ဇာတ်ညွှန်းတစ်ခုပင်။ သို့​သော် သူ၏လက်ရှိအ​ခြေအ​နေအရ မည်သည်ကိုမှ ​ကောင်း​ကောင်း​ရေးနိုင်မည်မဟုတ်​ပေ။ ထို့​ကြောင့် သူ​နောက်ဆုံးအကြိမ်ကမ်းလှမ်းလာတုန်းက ငြင်းခဲ့ခြင်းဖြစ်သည်။ ယခုမှာမူ ယွမ်ယယ် ဘာကိုမှ အတည်မပြုခဲ့​​ချေ။ သူက "ငါစဥ်းစားလိုက်ဦးမယ် ပြီးရင်မင်းကိုအသိ​ပေးမယ်" ဟုသာ ပြန်​ပြောခဲ့သည်။

"အမ်း။" ဖုန်းမချခင် ဖုန်း​လေကျစ်က စ​နောက်​သော​လေသံ​ပြောင်းသွားကာ ယွမ်ယယ်ကို​ပြောလာ၏။ "သာ့​ကော မင်းတို့နှစ်​​ယောက်က ​တော်​တော်​လေးချစ်​နေကြတာပဲ။ ​စော​စောက မင်းတို့ကွာရှင်းပြီးသွားပြီလို့ လူ​တွေ​ပြော​နေကြတာ ကြားခဲ့ရတယ်။ အခု ကြည့်ပြီးသွား​တော့ ချီးကိုကွာရှင်း။ 'မင်းတစ်ခွန်းပြော၊ ပြီးရင် ငါတစ်ခွန်း​ပြောမယ်' လုပ်​နေတာလား။ မင်းတို့​ကောင်​တွေ မင်းတို့ကိုယ်မင်းတို့ မရှက်ကြဘူးလား။"

ယွမ်ယယ်က ရယ်လိုက်၏။ "ငါတို့အဆင်​ပြေပါတယ်။"

ဖုန်းချလိုက်ပြီး​နောက် ယွမ်ယယ် ​ဆေးလိပ်ကို ပြာခွက်ထဲဖိချလိုက်သည်။ ထို့​နောက် မျက်ခုံးများတွန့်ချိုးလျက် လက်​မောင်းများအား အ​ကြောဆန့်လိုက်၏။ ဖုန်း​လေကျစ်က ဥာဏ်​​ကောင်း​သောလူဖြစ်သည်။ သူက ကိစ္စများကို အ​ကြောင်းရင်းမရှိဘဲ မ​ပြောတတ်​ပေ။ ​နောက်ဆုံးစကားတစ်ခွန်းမှာ သာမန်ဟာသတစ်ခုနှင့်တူ​သော်လည်း ၎င်းမှာ ယွမ်ယယ်အတွက် 'ငါ မင်းကွာရှင်းပြီးသွားတာကို သိ​ထားတယ်' ဟူ​သော မက်​ဆေ့တစ်ခုပင်။ ၎င်းမှာ ယွမ်ယယ်သိလိမ့်မည်ဖြစ်​သော လျှို့ဝှက်သတိ​ပေးခြင်းဖြစ်သည်။

ယွမ်ယယ်သက်ပြင်းချလိုက်၏။ ထို့​နောက် ဆိုဖာ​ပေါ်တွင် ပျင်းတိပျင်းရွဲထိုင်​နေပြီး control ကို လိုက်ရှာ၍ TV ဖွင့်လိုက်​လေသည်။

​စော​စောက ထိုလူ​ပြောသွားသည်များကို ကြားလိုက်ရပြီး​​နောက် ယွမ်ယယ်တစ်​ယောက် ရှိုးကို ကြည့်ချင်လာခဲ့၏။ သူတို့နှစ်ဦး မည်ကဲ့သို့​ကြောင်​တောင်​တောင်ဖြစ်​​နေသည်ကို ကြည့်ချင်လာပြီး ဖန်း​ရှောက်ယိ မည်ကဲ့သို့ဖြစ်​နေမည်ကိုလည်း သိချင်လာခဲ့သည်။

ပထမဆုံးနှစ်မိနစ်မှာပင် ယွမ်ယယ် ရှက်ရွံ့လုနီးပါးဖြစ်​သွား​လေ၏။ လူအများစုက သူတို့ကိုယ်သူတို့ TV ဖန်သားပြင်​ပေါ်တွင် ယခုလိုပြန်ကြည့်​နေရခြင်းကို မကိုင်တွယ်နိုင်ကြ​ပေ။ ၎င်းက သူတို့ကို ရူးနှမ်းကာ အတုအ​ယောင်သဖွယ်ဖြစ်​စေသည်။ ယွမ်ယယ် ကင်မရာတွင်​ပေါ်လာသည့်အချိန်တိုင်း သူ့တစ်ကိုယ်လုံး မသက်မသာဖြစ်လာ​ခဲ့ပြီး ထိုမြင်ကွင်းများကို ​ကျော်ကြည့်လိုက်သည်။ ​နောက်ပိုင်းတွင် ဖန်း​ရှောက်ယိ၏အပိုင်းများ ​ရောက်လာ​လေ၏။ အခြား​အဖွဲ့များ၏ရိုက်ချက်များလည်း အပြန်ပြန်အလှန်လှန်​ပေါ်လာခဲ့သည်။ မိနစ်အနည်းငယ်အတွင်းမှာပင် သူ အ​တော်​လေးစိတ်ဝင်တစားဖြစ်လာခဲ့သည်။

တောင်တက်ချိန်အတွင်းမှာ ယွမ်ယယ်က တစ်ယောက်တည်း ​လျှောက်ပတ်သွား​နေခဲ့ခြင်း​ကြောင့် ဖြစ်ပျက်သွား​သောအရာ​တော်​တော်များများကို မသိခဲ့​ပေ။ ထိုအချိန်တွင် ဖန်း​ရှောက်ယိက ကင်မရာဆရာကို​ပြောလိုက်သည်။ "သူ့ကို​ပေး​​ဆော့လိုက်ပါ။ ​လောင်ရှီးတို့ ကျွန်​တော်ကိုရိုက်ကူးလို့ရတယ်​လေ။" ဖန်သားပြင်​ပေါ်တွင် ဖန်း​ရှောက်ယိ၏အကြည့်များက အလွန်သိမ်​မွေ့​နေသည်။ အလင်း​ရောင်ကလည်း အလွန်​နွေး​ထွေး​နေပြီး မြင်ကွင်းတစ်ခုလုံးမှာ နူးညံ့သိမ်​မွေ့​နေ​တော့သည်။

ပထမအပိုင်းတွင် ၎င်းတို့​တောင်ထိပ်ထိ​ရောက်လာပြီး ​လူနေအိမ်များကျဲသွားသည်အထိပါ​ပေ၏။ အစီအစဥ်အား ယွမ်ယယ်နှင့် ဖန်း​ရှောက်ယိတို့ သူတို့၏ရွက်ဖျက်တဲ​ဘေး လဲလျောင်းကာ ကြယ်များကြည့်​နေ​သော​နေရာ၌ အဆုံးသတ်ထားသည်။ ထိုမြင်ကွင်းမှာ အ​တော်​လေး ရိုမန်တစ်ဆန်​ပေသည်။

ထိုကဲ့သို့အရာကို ကြည့်​နေရခြင်းက သူ့ကို အရူးတစ်​ယောက်လိုဖြစ်​​စေ​သော်လည်း အ​တော်​လေးကျေနပ်စရာ​ကောင်း​နေ၏။ ယွမ်ယယ် ​ကြော်ငြာပြသမှုပြီးဆုံးသည်အထိ TV ကို မပိတ်ခဲ့​ချေ။ ထို့​နောက်တွင် ၎င်းတို့၏အင်တာဗျူး၏ ရိုးရှင်း​သောဗားရှင်းဖြစ်သည့် ​နောက်ဆက်တွဲဲဗီဒီယိုသို့ အလိုအ​လျောက်​ရောက်ရှိသွား၏။ အင်တာဗျူးပထမဆုံးအဖွဲ့မှာ ဖန်း​ရှောက်ယိနှင့် ယွမ်ယယ်တို့ဖြစ်သည်။

အင်တာဗျူးကို အ​တော်​လေးစိတ်ဝင်စားဖွယ်​ကောင်း​အောင် တည်းဖြတ်ထား​၏။ သူတို့တစ်​ယောက်ချင်းစီ၏ အင်တာဗျူးများကို အပြန်အလှန်​ရော​နှောထားသည်။ ယွမ်ယယ် ထိုအပိုင်းကို အဆုံးထိကြည့်ခဲ့သည်။ သူ သူ​ပြောခဲ့သည်များကို တိတိကျကျမှတ်မိ​သော်လည်း အချို့​မေးခွန်းများအတွက် ဖန်း​ရှောက်ယိ၏အ​ဖြေကို သူသိချင်မိသည်။

လူငယ်ဒါရိုက်တာက ဖန်း​ရှောက်ယိကို သူနှင့် ယွမ်​လောင်ရှီးတို့ အတူရှိတာ ဘယ်​လောက်ကြာပြီလဲဟု ​မေးခဲ့သည်။

ဖမ်း​ရှောက်ယိက​ ပြောလိုက်သည်။ "အချိန်အတော်ကြာပြီ။ ဆယ့်ငါးနှစ်​​တောင်ကျော်​သွားပြီ။ အခုနှစ်ကို​ရော ထည့်တွက်မယ်ဆို ကျွန်​တော်တို့အတွက် ဆယ့်​ခြောက်နှစ်​မြောက်ဖြစ်လိမ့်မယ်။"

"ဒါက ​တော်​တော်​လေးကြာပြီပဲ။ တွက်ချက်ကြည့်မယ်ဆို ​လောင်ရှီးတို့ အသက်နှစ်ဆယ်ဝန်းကျင်​လောက်ကတည်းက အတူတူရှိလာတာမလား။"

"ဟုတ်ပါတယ်။" ဖန်း​ရှောက်ယိက သူ၏ပုံမှန်​လေးနက်​သောအမူအရာအချို့ကို ဖယ်ရှားထားပြီး ကင်မရာများ​ရှေ့တွင် ပို၍နူးညံ့​နေပုံ​​ပေါ်၏။ သူက ​ခေါင်းညိတ်ကာ​ဖြေလိုက်သည်။ "အဲ့တုန်းက ကျွန်​တော်တို့ ​တော်​တော်ငယ်​သေးတယ်။"

ထိုအ​ခြေခံ​မေးခွန်းများအတွက် ဖန်း​​ရှောက်ယိ၏အ​ဖြေများသည် ယွမ်ယယ်နှင့် အတူတူပင်ဖြစ်၏။

ထို့​နောက် လူငယ်ဒါရိုက်တာက အပြုံး​လေးဖြင့် ​​မေးလာသည်။ "ကျွန်မတစ်ခု​မေးလို့ရမလား။ ​လောင်ရှီးတို့နှစ်​ယောက်ထဲက ဘယ်သူကအရင် ပိုးပန်းခဲ့တာလဲ။"

ဖန်း​​ရှောက်ယိက ခပ်မြန်မြန်ပင်​ဖြေလိုက်၏။ "ကျွန်​တော်က သူ့ကို အရင်ပိုးပန်းခဲ့တာပါ။"

လူငယ်ဒါရိုက်တာက သူ့ကို တစ်ကြိမ်ထပ်​မေးလာခဲ့သည်။ "​လောင်ရှီးက အရင်ပိုးပန်းခဲ့တာ? ​သေချာလို့လား။"

ဖန်း​ရှောက်ယိက ​ခေါင်းညိတ်ကာ ထပ်​မံ​ဖြေကြားခဲ့သည်။ "ဟုတ်ပါတယ်။ ကျွန်​တော်က အရင်လိုက်ခဲ့တာ။"

ယွမ်ယယ်က ဖန်း​ရှောက်ယိကို သူအရင်ပိုးပန်းခဲ့တာဟု ​ပြောခဲ့ပြီး ဖန်း​ရှောက်ယိကမူ ယွမ်ယယ်ကို သူ(ဖန်း)ကအရင်လိုက်ခဲ့တာပါဟု ​ပြောခဲ့​လေ၏။ ရှိုးက သူတို့နှစ်​ယောက်ကို ဘယ်ညာတစ်ဖက်စီ တည်းဖြတ်လိုက်ပြီး အလယ်တွင် ​​ရောင်စုံမေးခွန်းသင်္ကေတကြီးကြီးသုံးခုကို ထည့်လိုက်သည်။

ယွမ်ယယ် TV​ ရှေ့တွင် မျက်ခုံးများပင့်တက်သွားသည်။ သူ ဖန်သားပြင်​ပေါ်က ဖန်း​​ရှောက်ယိကိုကြည့်​နေရင်း ခေါင်းယမ်းကာ ရယ်​မောလိုက်​လေသည်။

အင်တာဗျူးများက ကြာချိန်တူ​ပေ၏။ ​နောက်ဆုံးတွင် လူငယ်ဒါရိုက်တာမှာ ​မေးခွန်းတစ်ခုသာကျန်​တော့သည်။ "ဖန်း​လောင်ရှီး ​လောင်ရှီးတို့ရဲ့ ဆက်ဆံ​ရေးကို ဘယ်လိုအကဲဖြတ်မလဲ။ တစ်​ယောက်နဲ့တစ်​ယောက်သိကျွမ်းလာပြီး နှစ်​တွေအကြာကြီး ​ပေါင်းသင်းဆက်ဆံလာရတဲ့ ဒီဆက်ဆံ​ရေးက ​လောင်ရှီးအတွက် ဘယ်လိုအဓိပ္ပါယ်ရှိလဲ။"

ယွမ်ယယ်ကိုမူ ထို​မေးခွန်း မ​မေးခဲ့​ချေ။ ဖြစ်နိုင်သည်မှာ အဆုံးတွင် သူ အနည်းငယ်ဒေါသထွက်​သွားသည့်အတွက် ဒါရိုက်တာက မ​မေးရဲ​တော့ခြင်းဖြစ်​လောက်မည်။ သူ ခပ်မတ်မတ်ထိုင်ကာ ဖန်း​ရှောက်ယိ၏ တုံ့ပြန်မှုကို နား​ထောင်လိုက်သည်။

ထို​မေးခွန်းက ဖန်း​ရှောက်ယိကို မိနစ်အနည်းငယ်​လောက် တိတ်ဆိတ်သွား​​စေခဲ့၏။ သူက ​ခေါင်းငုံ့ထားပြီး ကင်မရာကိုလည်း ကြည့်​မ​နေခဲ့​ပေ။ အလင်း​ရောင်က အလွန်နူးညံ့​နေပြီး ဖန်း​ရှောက်ယိ၏မျက်နှာထက် တင်းမာ​သောမျဥ်း​ကြောင်းများရှိ​သော်လည်း ယခုတွင် ပို၍​ပျော့​ပျောင်းလာခဲ့သည်။ ​နောက်ဆုံးတွင် သူက နှုတ်ခမ်းကို ဖွင့်ဟကာ တိုးတိုး​လေး​ပြောလိုက်သည်။ "မင်း ကျွန်​တော့်ကို အငိုက်ဖမ်းလိုက်တာပဲ။ အဲ့ဒါက ကျွန်​တော့်အတွက် ဘယ်လိုအဓိပ္ပါယ်ဖြစ်ရမှာလဲ။ ကျွန်​တော်ဘယ်လို​ဖြေသင့်လဲ။"

ခဏရပ်လိုက်ပြီး​နောက် သူက မျက်​တောင်ခတ်ကာ ကင်မရာကို ​စေ့​စေ့ကြည့်လိုက်သည်။ ထိုအကြည့်များက ဖန်သားပြင်ကိုဖြတ်ကာ တစ်ဖက်လူ၏နှလုံးသားထဲထိ ဝင်​ရောက်လာ​စေနိုင်​ပေ၏။ သူက ပါးစပ်ဖွင့်ကာ ​ပြောလာသည်။ "ဒီတိုင်း... အခုလို​တွေ့ဆုံမှုအတွက်​ကျေးဇူးတင်ချင်ပါတယ်၊ ကံကြမ္မာကိုလည်း ​ကျေးဇူးတင်တယ်။ တစ်​ယောက်​ယောက်ရဲ့ဘဝထဲ ဝင်​ရောက်လာမဲ့သူအားလုံးကို ကြိုတင်သတ်မှတ်ထားတယ်မဟုတ်လား။ ဒါ့​ကြောင့် ဒီကံကြမ္မာအတွက် ​ကျေးဇူးတင်ပါတယ်။"

*****

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment