အပိုင်း ၁၈ 🔞
ဒါဟီးက လက်တွင်အားလျှော့ကာ မျက်လုံးလေးများကို မှေးမှိတ်လိုက်သည်။ နှုတ်ခမ်းများကိုဟပြီး ဝူဟျွန်းကို လက်ခံလိုက်၏။ ဒါဟီး၏ ခွင့်ပြုမှုကြောင့် ဝူဟျွန်းလည်း အသိစိတ်လွတ်သွားသူလို ဒါဟီး၏ လည်ကုပ်ကို သူ့ဆီသို့ ဆွဲယူခဲ့သည်။ ဝူဟျွန်း၏ နူးညံ့ပြီး ပူနွေးသောလျှာက ပါးစပ်တစ်ခုလုံးကို မွှေနှောက်သွားလေတော့သည်။ ဒါဟီး အသက်ရှူမဝဘဲ မောဟိုက်လာသည်တွင် ဝူဟျွန်းက နည်းနည်း နောက်ဆုတ်ပေးကာ ဒါဟီးအား အသက်ရှူခွင့်ပေးခဲ့၏။ သို့သော်လည်း ခဏတွင်းချင်းမှာပင် ဒါဟီး၏ ပါးစပ်ကို ပြန်လည်သိမ်းပိုက်ခဲ့လေသည်။ ညီညာသော သွားတန်းလေးများ၊ နူးညံ့သော သွားဖုံးများနှင့် လျှာအရင်းအထိ အရသာခံပြီးမှပဲ ဝူဟျွန်းတစ်ယောက် ဒါဟီးဆီကနေ ခွာခဲ့၏။ ဒါဟီးကတော့ ထိုနှုတ်ခမ်းများကို နှမြောတသနေခဲ့သည်။ ဝူဟျွန်းနှင့် နမ်းရသည်မှာ ယစ်မူးစွဲလမ်းစရာကောင်းပြီး အရက်ရှိန်တက်နေသည့် ယခုအချိန်တွင်တော့ လှုံ့ဆော်မှုက နှစ်ဆဖြစ်နေ၏။ သူ့ကို နမ်းချင်သည်။ ဒါဟီး၏ ခေါင်းထဲတွင် ထိုအတွေးတစ်ခုတည်းသာ ပြည့်နှက်နေလေတော့၏။
"ဒီထက်ပိုရင်... အန္တရာယ်များလိမ့်မယ်။"
ဝူဟျွန်းက ဩရှရှအသံနှင့် တီးတိုးပြောခဲ့သည်။ အန္တရာယ်များမှန်း၊ မဖြစ်သင့်မှန်း သိသော်လည်း ဝူဟျွန်းတစ်ယောက် စကားနှင့်ဆန့်ကျင်စွာ ဒါဟီး၏ လည်ကုပ်လေးကို မလွှတ်နိုင်ခဲ့ပေ။ ဤသို့သော ဒါဟီးကို လုံးဝဖရိုဖရဲဖြစ်အောင် လုပ်ချင်မိသည်။ သူ့တွင် ဤသို့သောဆန္ဒမျိုး ရှိနေကြောင်း ပထမဆုံးအကြိမ် သိလိုက်ရခြင်းပင်။ အမျိုးသမီးများနှင့် ပတ်သက်မှုတွင် အမြဲတမ်း တာဝန်ဝတ္တရားတစ်ခုကို ထမ်းထားရသလိုသာရှိခဲ့သော်လည်း ယခုကဲ့သို့ ကောင်းကောင်းမတွေးနိုင်လောက်အောင် တစ်စုံတစ်ယောက်ကို အပြည့်အဝလိုချင်သည့် ဆန္ဒပြင်းပြမှုမျိုးက ပထမဆုံးအကြိမ်ပင်ဖြစ်၏။
"ဟုတ်လား။"
ဒါဟီးက လေသံတိုးတိုးလေးနှင့် ဆွခဲ့သည်။ တစ်ချိန်တည်းမှာပင် ဒါဟီး၏ ထွက်သက်နွေးနွေးက ဝူဟျွန်း၏ နှုတ်ခမ်းများကို ညှို့ငင်နိုင်လှစွာ ရှပ်ထိပြီး ပျောက်ကွယ်သွား၏။ လရောင်အောက်တွင် ဒါဟီး၏ မျက်ဝန်းများက ညှို့ယူဖမ်းစားနိုင်လှစွာ တောက်ပနေသည်။
"ကိစ္စမရှိတာကို။"
"..."
"လက်လျှော့တော့မလို့လား။"
ဒါဟီး စကားမဆုံးခင်မှာပင် ဝူဟျွန်းက ဒါဟီး၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။ ဒါဟီးကို နေရာမှထရပ်စေပြီး သူ့ဆီသို့ဆွဲယူကာ နှုတ်ခမ်းများကို အလျင်စလို နမ်းရှိုက်လေ၏။ အနမ်းတစ်ခုတည်းနှင့် ခေါင်းထဲ၌ ဗုံးများ အဆက်မပြတ်ပေါက်ကွဲနေသလိုပင်။ ဟင့်အင်း၊ အစကတည်းက ဒါဟီး၏ နှုတ်ခမ်းများကို မြင်ရရုံနှင့် သူ့တစ်ကိုယ်လုံး ခန်းခြောက်သွားသလို ခံစားခဲ့ရခြင်းဖြစ်သည်။ အဆက်မပြတ် နမ်းရှိုက်နေရင်း ဝူဟျွန်းက ဒါဟီးကို တစ်ဝက်တစ်ပွေ့ချီထားလျက် ဘေးစားပွဲသို့ ရွှေ့လိုက်၏။
ဒါဟီးကို စားပွဲပေါ်တင်လိုက်ပြီးသည့်နောက် ဝူဟျွန်းက ဒါဟီး၏တီရှပ်အောက်သို့ လက်ကိုလျှောသွင်းခဲ့သည်။ ဘရာကို ဖယ်ရှားကာ သူ့လက်တွင် ကွက်တိဖြစ်နေသော ဒါဟီး၏ ရင်သားများကို ဆုပ်နယ်လိုက်၏။ နူးညံ့ပြီး ပျော့အိသော ခံစားမှုကြောင့် လက်ဖျားမှ ခြေဖျားအထိ တစ်ကိုယ်လုံး စိမ့်ခနဲဖြစ်သွားတော့သည်။ ဘရာကို ဖြုတ်ပြီးနောက်တွင် တီရှပ်ကို လှန်တင်လိုက်၏။ လရောင်ကြောင့် ဖြူစွတ်သော အသားအရေက ပို၍ပင် ဖြူဖျော့တောက်ပနေသလိုပင်။ နို့သီးလေးများက ထောင်မတ်နေ၏။ ဝူဟျွန်းက ဒါဟီး၏ နို့သီးလေးကို ငုံထွေးလိုက်လေတော့သည်။
"အင့်"
ဒါဟီးက တိုပြတ်ပြတ်အသံဖြင့် ညည်းခဲ့သည်။ ဝူဟျွန်းတစ်ယောက် အသက်ရှူသံများ ပြင်းထန်ကြမ်းတမ်းလာကာ လက်တစ်ဖက်ဖြင့် ကျန်ရင်သားတစ်ဖက်ကို ပွတ်သပ်လိုက်၏။ လက်မဖြင့် နို့သီးလေးကို ပွတ်သပ်လိုက်တော့ ဒါဟီး တစ်ချက်လေး ဆတ်ခနဲတွန့်သွားသည်။ သူ့လှုပ်ရှားမှုများကို တုံ့ပြန်နေသည့် ဒါဟီးက ပိုမိုကြီးမားသော လှုံ့ဆော်မှုဖြစ်လာကာ ဝူဟျွန်းကို လှုပ်ခါခဲ့လေသည်။
ဒါဟီးတစ်ယောက် မျက်လုံးများကို မှိတ်လည်းမထားနိုင်၊ ဖွင့်လည်းမထားနိုင်ဘဲ တုန်ရီနေ၏။ အနမ်းခံရပြီး ရင်သားကို ပွတ်သပ်ခံရရုံမျှဖြင့် တစ်ကိုယ်လုံး စိမ့်ခနဲဖြစ်သွားသည်။ ခဏအကြာတွင် 'ဂျစ်' ဟူသောအသံနှင့်အတူ ဂျင်းဘောင်းဘီ ဇစ်ပွင့်သွား၏။ ချွတ်ရခက်ခဲသော ဂျင်းဘောင်းဘီကို ဝူဟျွန်းက တစ်ချက်တည်း ချွတ်ပစ်လိုက်သည်။ လေအေးအေးက ပေါင်တံများကို ပွတ်သပ်ကျီစယ်သွားတော့သည်။ ကျန်နေသေးသည့် တစ်ခုတည်းသော အတွင်းခံပေါ်သို့ လက်ချောင်းများ ကျရောက်လာတော့၏။
"အွန်း..."
ဒါဟီး၏ ညည်းသံများက ထိကပ်နေသော နှုတ်ခမ်းနှစ်စုံကြားတွင် တိမ်ဝင်ပျောက်ကွယ်သွားလေသည်။
အနမ်းနှင့်တင် ခေါင်းကချာချာလည်နေပြီဖြစ်သော်လည်း ဝူဟျွန်း၏ လက်ချောင်းများက သူ့အတွင်းခံပေါ်ကို ဇွဲကောင်းကောင်းနှင့် ပွတ်သပ်နေ၏။ အတွင်းခံက စိုစွတ်လာတော့သည်။ ဝူဟျွန်းက တစ်ခုသောနေရာကို ကြမ်းကြမ်းဖိပြီး ပွတ်ခဲ့သည်။ ချက်ချင်းပင် ထိုးဖောက်ဝင်ရောက်တော့မလို ကြမ်းကြမ်းဖိပြီးမှ သတိထားပြီး လက်ကိုပြန်ဖယ်ကာ ထိုလှုပ်ရှားမှုကိုပဲ ထပ်ပြန်တလဲလဲလုပ်ခဲ့၏။
"အွန်း...အ"
ဒါဟီးလည်း ဝူဟျွန်း၏ လည်တိုင်ကို ဖက်တွယ်ထားရင်း မသိမသာလေး တုန်ယင်သွားတော့သည်။ ဝူဟျွန်း၏ ပူနွေးသော ဝင်သက်ထွက်သက်များက ဒါဟီး၏ လည်တိုင်ကို ရစ်ပတ်လွှမ်းခြုံသွား၏။ ဝူဟျွန်း၏လက်က ဒါဟီး၏ အတွင်းခံထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ ပူနွေးသည့် အရည်များ စီးထွက်နေသော ဒါဟီး၏ လျှို့ဝှက်နယ်မြေလေးကို ဝူဟျွန်းက ပွတ်သပ်လိုက်၏။ ဒါဟီးက သူ့လက်ကိုရှောင်ရန် ဟိုလူးဒီလွန့် လှုပ်ရှားခဲ့သော်လည်း ဝူဟျွန်း၏ပေါင်က မြဲမြံစွာ တားဆီးထားခဲ့သည်။ ကျန်နေသေးသော အတွင်းခံလေးပါ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားတော့၏။ ဝူဟျွန်း၏ နှုတ်ခမ်းများက ဒါဟီး၏ ပြားချပ်ချပ် ဝမ်းဗိုက်လေးနှင့် ဆီးစပ်ရိုးကို သပ်ခဲ့သည်။ ထိုသို့လုပ်နေရင်းကပင် ဒါဟီး၏ လျှို့ဝှက်နေရာလေးကို အဆက်မပြတ် ပွတ်နေသည့်လက်ကတော့ ရပ်မသွားခဲ့ပေ။
"အွန်း..."
ရှက်ရွံ့မှု၊ အပူဓာတ်၊ မူးယစ်မှု၊ ရူးလောက်အောင်ကောင်းသည့် သာယာမှုတို့ကြောင့် မျက်လုံးမဖွင့်နိုင်ဖြစ်နေချိန်တွင် ခန္ဓာကိုယ်၏အလယ်ဗဟိုကို မရင်းနှီးသည့်တစ်စုံတစ်ရာက လာထိခဲ့သည်။ ဒါဟီး၏ မျက်လုံးများ ဖျတ်ခနဲပွင့်သွားတော့၏။ တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသော တုတ်ခိုင်သည့် တစ်စုံတစ်ရာကြောင့် ဝူဟျွန်း၏ ရှပ်အင်္ကျီကို ဆုပ်ကိုင်လိုက်မိတော့သည်။
"အာ့"
ဒါဟီး၏ ခန္ဓာကိုယ်လေး သိမ့်ခနဲတုန်သွားလေသည်။ အထဲကို ဝင်ရောက်လာရုံဖြင့်ပင် အသက်ရှူမဝတော့။ နှလုံးခုန်နှုန်းက ရူးလောက်အောင်မြန်ဆန်နေပြီး မျက်စိရှေ့တွင် ဝေဝါးကုန်သည်။ ဒါဟီးက မျက်လုံးများကို ကျဉ်းမြောင်းစွာဖွင့်ရင်း ဝူဟျွန်းကို ကြည့်လိုက်သည်။ ဝူဟျွန်း၏ မျက်လုံးများက ရီဝေဝေဖြစ်နေ၏။
နှုတ်ခမ်းကို အသာလေးကိုက်ထားသည့် ဒါဟီးကိုကြည့်ရင်း ဝူဟျွန်းက အသက်ရှူမှန်အောင်လုပ်လိုက်သည်။ ထိုသို့မှမလုပ်လျှင် အသိစိတ်လွတ်ပြီး ဒါဟီးကို အတင်းတွန်းအားပေးမိတော့မလို ထင်ရသောကြောင့်ပင်။ ဒါဟီးအတွက် စဉ်းစားပေးရင်း ဝူဟျွန်းက အသက်ရှူမှန်အောင်လုပ်ကာ အောက်ကိုကြည့်လိုက်သည်။ တီရှပ်က လိပ်တက်နေပြီး ရင်သားများက ထင်းကနဲ ပေါ်နေသလို၊ ထိစပ်နေသော အောက်ပိုင်းကိုလည်း ရှင်းလင်းစွာ မြင်နေရ၏။ ထင်ထားသည်ထက်...ဟင့်အင်း စိတ်ကူးကြည့်၍ပင်မရလောက်အောင် ညှို့ငင်ဆွဲဆောင်နိုင်လှသည်။ ထိန်းထားချင်ခဲ့သော်လည်း ဒါဟီး၏ ခန္ဓာကိုယ်ကို မြင်လိုက်ရသည်တွင် နောက်ထပ် တင်းမခံနိုင်တော့ပေ။
"မဖြစ်နိုင်တာ။"
ဝူဟျွန်းက သူ့အား တင်းနေအောင်ချုပ်ထားသည့် ဒါဟီး၏ ခန္ဓာကိုယ်ပေါ်ကို လေးလံသော ပင့်သက်ကို လွှတ်ထုတ်လိုက်သည်။ ဤမျှအထိ အရိုင်းဆန်နိုင်စရာ အကြောင်းမရှိ။ အသိစိတ်ကို ထိန်းချုပ်၍ မရတော့ပေ။ တစ်ကိုယ်လုံး အရည်ပျော်သွားမည်ဆိုလျှင်တောင် ထူးဆန်းမည်မထင်။ ဝူဟျွန်းတစ်ယောက် လှုပ်ရှားမှုကို စတင်လိုက်သည်။ ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းဝင်ရောက်လိုက်၊ ပြန်ထွက်လာလိုက်လုပ်နေသည့် သိုသိပ်သောလှုပ်ရှားမှုများက တဖြည်းဖြည်း အရှိန်မြန်လာ၏။
"ဟား... ဟား... အင့်"
ဒါဟီးထံမှ ညည်းသံများ ထွက်ပေါ်လာကာ ဝူဟျွန်းကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားခဲ့သည်။ ဝူဟျွန်း၏ လက်များက ဒါဟီး၏ ဆံနွယ်တို့ကို ဆွဲယူလိုက်သည်။ အသက်ရှူသံများက ဘယ်သူ့ဆီကလာမှန်း ခွဲခြားမရနိုင်လောက်အောင် ရမ္မက်ဆန်ဆန် ရောယှက်နေ၏။ အတန်ကြာအောင် ဒါဟီး၏အတွင်းသို့ ထိုးဖောက်ဝင်ရောက်နေသည့် ဝူဟျွန်းက ဒါဟီးကို ထူလိုက်သည်။ သူ့ရှပ်အင်္ကျီကို စားပွဲပေါ် ပစ်ချပြီးနောက် ဒါဟီးကို မှောက်လျက် လှဲချလိုက်၏။ ဝိုင်းစက်နေသော ဒါဟီး၏ ရင်သားများနှင့် ဝမ်းဗိုက်က ရှပ်အင်္ကျီပေါ်သို့ ဖိမိသွားလေတော့သည်။
"အင့်... အား"
ဝူဟျွန်း၏ လိင်တံက အနောက်ဘက်မှ ထိုးသွင်းဝင်ရောက်လာသည်။ ဒါဟီးလည်း ရှပ်အင်္ကျီကို ဆုပ်ကိုင်ထားမိ၏။
"အား..."
ဝူဟျွန်း၏ လှုပ်ရှားမှုများနှင့်အတူ ကိုယ်အပူချိန်လည်း မြင့်တက်လာတော့သည်။ ပူပြင်းပြီး အဆက်မပြတ်သော ဆောင့်ချက်များကြောင့် အသားချင်းရိုက်ခတ်ကာ ချွေးများပင်ထွက်လာရ၏။ ဒါဟီးကို အနောက်မှ ပွေ့ဖက်ထားသည့် ဝူဟျွန်း၏ လက်က အစေ့ကလေးကို ပွတ်သပ်နေသည်။
"အ...အား မလုပ်နဲ့... မလုပ်နဲ့။"
စိမ့်ခနဲဖြစ်သွားသည့် ခံစားချက်ကို မခံနိုင်တော့ဘဲ ဒါဟီး အော်ဟစ်လိုက်သည်။ ဒါဟီး၏ ငိုသံစွက်နေသော အော်သံကိုကြားလျက်ကပင် ဝူဟျွန်းက တရစပ် ဆက်လက်ထိုးသွင်းရင်း ပွတ်သပ်နေ၏။ သူက ဒါဟီး၏ ပခုံးလေးကို အသာလေးကိုက်လိုက်သည်။ အီဒါဟီးကို တတ်နိုင်သမျှ အစိတ်အပိုင်းတစ်ခုမကျန် အရသာခံချင်၏။ ဒါဟီး၏ ခန္ဓာကိုယ် ပက်လက်ဖြစ်သွားပြန်သည်။ ဝူဟျွန်း၏ လိင်တံက ဒါဟီး၏အထဲသို့ ထပ်မံ၍ ထိုးဆောင့်ဝင်ရောက်လာပြန်၏။ ဝူဟျွန်းက အလျင်အမြန် ထိုးသွင်းရင်း ဒါဟီးကို ကြည့်လိုက်သည်။
အီဒါဟီးကို လုံးဝဖရိုဖရဲဖြစ်အောင်၊ ဒီအတိုင်း ထာဝရ အရည်ပျော်သွားအောင် လုပ်ပစ်ချင်၏။ ဝူဟျွန်းက မျက်စိစုံမှိတ်ပြီး အသက်ရှူမှန်အောင် လုပ်လိုက်သည်။ ပိုပြီး ခံစားချင်သေး၍ တင်းခံထားခဲ့သော်လည်း ဒီထက်ပို၍ မတတ်နိုင်တော့။ လျင်မြန်သော လှုပ်ရှားမှု၏အဆုံးတွင် ဝူဟျွန်းက လိင်တံကို ထုတ်လိုက်သည်။
"အင်း..."
အံတင်းတင်းကြိတ်ထားရင်း ဝူဟျွန်းက ဒါဟီး၏ ဗိုက်ပေါ်သို့ အဖြူရောင်အရည်များကို ပန်းထုတ်လိုက်လေသည်။ သူတို့နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း တသိမ့်သိမ့်တုန်ယင်သွားကြ၏။ လောကတွင် မရှိနိုင်လောက်အောင် ကောင်းလှသည့် ချစ်တင်းနှောမှု ပြီးဆုံးသွားသည့်နောက် ဒါဟီးက စားပွဲပေါ်တွင် လဲလျောင်းကာ အတန်ကြာအောင် မောဟိုက်နေခဲ့သည်။ ခဏတာ မှင်တက်နေပြီးနောက်မှပဲ ဒါဟီးတစ်ယောက် သူတို့နှစ်ဦး လေးဘက်လေးတန်စလုံး မှန်တွေကာထားသည့် ကော်ဖီဆိုင်အတွင်း၊ လရောင် ထိန်ထိန်သာနေသည့်ည၌ sex လုပ်ခဲ့ကြကြောင်း သတိပြုမိသွားတော့သည်။
~~~~~
နောက်တစ်နေ့မနက်တွင်တော့ ဒါဟီးတစ်ယောက် စိတ်လွတ်သလို မျက်နှာနှင့် ထိုင်နေခဲ့သည်။ ဘယ်ဘက်ထောင့်မှ စားပွဲကိုမြင်တိုင်း မနေ့ညက sex လုပ်ခဲ့သည်ကို သတိရနေမိ၏။
Sex လုပ်ပြီးသည့်နောက်တွင် ဝူဟျွန်းက အင်မတန် ယဉ်ကျေးမှုရှိခဲ့သည်။ ဒါဟီး၏ ဗိုက်ကို တစ်ရှူးဖြင့် သုတ်ပေးခဲ့ပြီး ဒါဟီး လိုက်မရှာရခင် သူ့အဝတ်အစားတွေကို ယူပေးခဲ့၏။ ကျိန်းသေပေါက် အတွင်းခံကတော့ ခြေထောက်များနှင့် နင်းမိထားသဖြင့် ဝတ်မရတော့ပေ။ ဝူဟျွန်းက ဒါဟီးကို အိမ်အထိ လိုက်ပို့ပေးခဲ့ပြီး လမ်းခွဲခါနီးတွင် နမ်းခဲ့သည်။ ဘယ်သူပဲကြည့်ကြည့် ချစ်သူတွေလိုပင်။ သို့သော် ချစ်သူလုံးဝမဟုတ်သည့် ဆက်ဆံရေးမျိုး ဖြစ်နေသည်။
ချစ်သူနှင့်ပင် sex ကို အလွယ်တကူ မလုပ်တတ်သည့် ဒါဟီး။ သို့သော် ဘာကြောင့်များ 'အန္တရာယ်များတယ်' ဟုပြောကာ ချုပ်တည်းဖို့ကြိုးစားခဲ့သည့် ဝူဟျွန်းကို စိန်ခေါ်ခဲ့မိသလဲဆိုသည်ကို နားမလည်နိုင်ခဲ့ပေ။ ဝူဟျွန်းက ကောင်းကောင်းနမ်းတတ်ပြီး သူ့မျက်နှာက ထူးထူးခြားခြား ဆွဲဆောင်မှုရှိကာ သူ့ကို ပိုင်ဆိုင်ချင်သည်ဟု ထင်ခဲ့မိ၏။ ဝူဟျွန်းနှင့်အတူရှိနေလျှင် လုံးဝ ကိုယ့်ကိုယ်ကိုယ်နှင့်မတူသလို ခံစားရသည်။ ထို့အပြင် ဝူဟျွန်း ပတ်သက်ပြီးသည့်နောက်တွင် ကိုယ့်ကိုယ်ကိုယ်နှင့်မတူအောင် ဤသို့သောအတွေးများဖြင့် ပူပန်နေရ၏။ 'Sex လုပ်သည့်သူကမှ ချစ်သူ၊ မဟုတ်ရင် ဒီအတိုင်း ယောက်ျားတစ်ယောက်ပဲ' ဟူသော ပုံသေနည်းက ယခုတော့ ကွဲကြေသွားရပေပြီ။
သို့သော် နောင်တတော့မရပေ။ ဝူဟျွန်းက နမ်းတာထက် sex လုပ်သည့်နေရာတွင် ပို၍ပင် ကောင်းကောင်းလုပ်တတ်ကာ လူတွေ ဘာကြောင့် sex ကို ရူးသွပ်ကြသလဲဆိုသည်ကိုပါ နားလည်သွားခဲ့ရပေပြီ။
"ဟား..."
ပြဿနာက ရှေ့ရေးပင်။ ဝူဟျွန်းကို နောက်ပိုင်း ဘယ်လို သဘောထားရမလဲ၊ date mate အဖြစ် သတ်မှတ်ထားသည့် သူနှင့် ဝူဟျွန်း၏ ဆက်ဆံရေးက ဘယ်လိုဖြစ်လာမလဲဟူသည့်အချက်။
"ပင်ပန်းလိုက်တာ။"
ဒါဟီးက လက်နှင့် နဖူးကို ထောက်ထားလိုက်သည်။ ကော်ဖီဆိုင်ထဲတွင် တိုးညင်းညင်း စီးဆင်းနေသည့် သီချင်းသံကို နားထောင်ရင်း အတွေးနယ်ချဲ့နေမိ၏။ ထိုစဉ် 'ကတောင်' ဟူသောအသံနဲ့အတူ ဖုန်းကတုန်ခါလာသည်။
[မနက်စာ စားပြီးပြီလား။]
ဝူဟျွန်းဆီမှ ပထမဆုံးလာသည့် မက်ဆေ့ဂ်ျပင်။
[မစားရသေးပါဘူး။]
ဒါဟီးက ချက်ချင်း စာပြန်လိုက်သည်။ ပြန်စာ ချက်ချင်းရောက်လာ၏။
[အတူတူစားရအောင်။]
[ကော်ဖီဆိုင်ကို ထားခဲ့လို့မရဘူး။]
[ဝယ်လာခဲ့လိုက်မယ်လေ။ ဘာကြိုက်လဲ။]
သူနှင့် sex လုပ်ပြီးသည့်နောက်တွင် နမ်းခဲ့ကြသော်လည်း စကားတော့ မပြောဖြစ်ခဲ့ပေ။ ဝူဟျွန်းကလည်း ခေါင်းထဲတွင် ရှုပ်ထွေးနေသောကြောင့် ဘာပြောရမှန်းမသိသည့် မျက်နှာမျိုးဖြစ်နေခဲ့သည်။ သူ့ကို နားလည်၏။ ကိုယ်တိုင်လည်း ထိုသို့ဖြစ်ခဲ့သည်ပင်။
ဖုန်းကို တစ်ချက်ငေးကြည့်နေသည့် ဒါဟီးက စခရင်န်ကို လက်ဖြင့်တို့လိုက်သည်။
[ရေညှိထမင်းလိပ် စားချင်တယ်။]
[အင်း။]
ဝူဟျွန်း၏ အကြောင်းပြန်စာကို ရရှိပြီးနောက် ဒါဟီး ဖုန်းကို ချထားလိုက်သည်။
ထူးထူးခြားခြား သာယာကြည်လင်သည့် နေ့တစ်နေ့ပင်။ မျက်လုံးကောင်းကောင်းမဖွင့်နိုင်လောက်အောင် လောကကြီးက တောက်ပနေသည်။ ဒါဟီးက တောက်ပသည့် ထိုရှုခင်းကိုကြည့်ရင်း စဉ်းစားတာကို လက်လျှော့လိုက်၏။ လူမှုဆက်ဆံရေးဆိုသည်မှာ စဉ်းစားပြီး အဖြေရှာသလို ဆုံးဖြတ်၍ရသည့်ကိစ္စမျိုး မဟုတ်။ ထို့ကြောင့် စဉ်းစားနေခြင်းကိုက အဓိပ္ပာယ်မရှိပေ။ ဒါဟီးလည်း စိတ်ကိုပေါ့ပါးစွာထားရင်း ဝူဟျွန်းရောက်လာဖို့ကိုသာ စောင့်ဆိုင်းနေလိုက်တော့သည်။
~~~~~
Miel's Translations