no

Font
Theme

အပိုင်း ၂၁ 🔞

ဒါဟီးက ဗိသုကာလက်ရာမြောက်စွာ ဆောက်လုပ်ထားသော အဆောက်အအုံ၏ အပြင်ပန်းကို စနည်းနာလိုက်သည်။ ဧရာမ မီးခိုးရောင်သေတ္တာပုံစံနှင့်တူသည့် အဆောက်အအုံက ထူးဆန်းသောတည်ဆောက်ပုံကြောင့် ပုံမှန် အဆောက်အအုံများကြားတွင် ထူးခြားစွာ ပေါ်လွင်နေ၏။

"ဝင်ခဲ့လေ။"

ဝူဟျွန်းက ရုံးခန်းတံခါးသော့ကို ဖွင့်လိုက်သည်။ ဒါဟီးက ဝူဟျွန်းအနောက်မှလိုက်ကာ ရုံးခန်းထဲသို့ လိုက်ဝင်သွား၏။ ဒုတိယထပ်တွင် ရုံးခန်းရှိပြီး၊ တတိယထပ်တွင် ကိုယ်ပိုင်အိပ်ခန်းရှိကြောင်း ရှင်းပြရင်း သူက ဒါဟီးကို ဒုတိယထပ်သို့ ခေါ်သွားသည်။

"ဒီမှာ ကော်ဖီရှိတယ်။"

ဝူဟျွန်းက ရုံးခန်းထောင့်တွင် ပြင်ဆင်ထားသည့် ယာယီသုံးဗီရိုလေးကို လက်ညှိုးထိုးပြခဲ့သည်။ ကော်ဖီအိုး၊ drip coffee နှင့် အသင့်ဖျော်ကော်ဖီများ စီတန်းပြီးရှိနေ၏။

"ဒါတွေရှိနေတာတောင် ကျွန်မတို့ ကော်ဖီဆိုင်ကို လာတယ်ပေါ့လေ။"

ဒါဟီးက မယုံနိုင်သလို မေးလိုက်သည်။

"ကိုယ်လိုအပ်တာက ကော်ဖီနဲ့အတူ အနားယူမှုလေ။"

"ဪ။"

ဒါဟီးက ဘာပြောချင်မှန်းသိတယ် ဟူသောပုံစံဖြင့် ခေါင်းညိတ်လိုက်သည်။

"ဘာကော်ဖီသောက်မလဲ။"

"အသင့်ဖျော်ကော်ဖီပဲ သောက်မယ်။ ပုံမှန်ဆို အမေရိကာနိုပဲ များများသောက်ဖြစ်တော့ ဒီနေ့ အသင့်ဖျော်ကော်ဖီ သောက်ချင်လို့။ ရုံးခန်းကို လိုက်ကြည့်လို့ရလားဟင်။"

"ကြည့်လေ။"

ဝူဟျွန်း၏ ခွင့်ပြုချက်ဖြင့် ဒါဟီးတစ်ယောက် ရုံးခန်းကို ပတ်ကြည့်ခဲ့သည်။ ကြီးမားလှသည့် စာအုပ်စင်ကြီးတစ်ခုလုံးတွင် စာအုပ်များ ပြည့်နေပြီး အများစုက ဘဏ္ဍာရေးတို့၊ စာရင်းကိုင်တို့နှင့်ပတ်သက်သည့် စာအုပ်များဖြစ်ကြ၏။ တစ်ဖက်က စာအုပ်စင်တွင်တော့ စာရွက်စာတမ်းဖိုင်များ ပြည့်နေသည်။ အရောင်အလိုက် အမျိုးအစားခွဲပြီး စီစဉ်ထားသည်ကို ကြည့်ရင်း ဒါဟီး စိတ်ထဲမှ ချီးကျူးလိုက်မိသည်။ တစ်ခါမှ မကြုံတွေ့ဖူးသော အသေးစိတ်ကျသည့် အလုပ်လုပ်ပုံပင်။

နေရာအနှံ့ ကြည့်ရှုနေသော ဒါဟီး၏ အကြည့်က ဝူဟျွန်း၏ စားပွဲပေါ်သို့ ရောက်သွားလေသည်။ သူပေးခဲ့သည့် ရှားစောင်းပင်လေးကို မြင်တော့ ဒါဟီးက 'အကောင်းအတိုင်းရှိနေတာပဲ' ဟု တိုးတိုးလေး ရေရွတ်ခဲ့သည်။ လူတွေကို ကြည့်သည့်အခါ ဘာခံစားချက်မှမရှိသည့် ဒါဟီး၏ မျက်ဝန်းများက ရှားစောင်းပင်ကို ကြည့်နေချိန်တွင်တော့ တောက်ပနေ၏။

"ငါက ရှားစောင်းပင်လောက်တောင် အရေးမပါတာလား။"

ဝူဟျွန်းက ရှားစောင်းပင်ကိုကြည့်နေသည့် ဒါဟီးကိုကြည့်ရင်း သူ့ဘာသာ တီးတိုးရေရွတ်လိုက်မိသည်။

"ဘာပြောလိုက်တယ်။"

ရေရွတ်သံကို ဒါဟီးက ကြားသွားပြီး ပြန်မေးခဲ့သည်။

"ဘာမှမဟုတ်ဘူး။"

ဝူဟျွန်းက ဒါဟီးကို အသင့်ဖျော်ကော်ဖီ ကမ်းပေးခဲ့သည်။ ဆိုဖာတွင် မျက်နှာချင်းဆိုင်ထိုင်ပြီး ကော်ဖီသောက်နေစဉ် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။ ရံဖန်ရံခါ ပြတင်းပေါက်ကို လာခေါက်သည့် လေတိုက်သံလေးသာမရှိခဲ့လျှင် နားပဲထိုင်းသွားပြီလားဟု ထင်ရလောက်သည့် တိတ်ဆိတ်မှုပင်။ ဒါဟီးက လက်ဖဝါးပေါ်မှ နွေးထွေးသော ကော်ဖီခွက်၏အပူဓာတ်ကို ခံစားရင်း မျက်လွှာချလိုက်သည်။ တခြားသူ၏ ရုံးခန်းထဲတွင် ဤမျှလောက် အေးချမ်းသည်ဟုခံစားဖူးခြင်းက ပထမဆုံးအကြိမ်ပင်။

"ညစာ အဆင်ပြေရဲ့လား။"

ဒါဟီးက ဝူဟျွန်းကို ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

"အဆင်ပြေတယ်။"

ဝူဟျွန်း၏ အဖြေကြောင့် ခေါင်းညိတ်လိုက်သည့် ဒါဟီးက တစ်ခုခုကို သတိရသွားသလို ခေါင်းမော့လာသည်။

"အီတလီစာ မကြိုက်ဘူးလို့ ပြောခဲ့တယ်မဟုတ်လား။"

Brand တွေသုံးတဲ့မိန်းမ ပြောခဲ့သည့် စကားက ခေါင်းထဲတွင် ချက်ချင်းပဲ ဖျတ်ခနဲ ပေါ်လာခဲ့သည်။

"ဪ...အခုနောက်ပိုင်းတော့ စားတယ်။"

တကယ်တမ်းတော့ ဝူဟျွန်းက ယခုအထိလည်း ဆီများသော အစားအစာတွေကို သိပ်မစားနိုင်သေးပေ။ သို့သော် စားသောက်ဆိုင်တွင် ဒါဟီး အရသာရှိစွာ စားနေသည်ကို မြင်ရလျှင် ကျေနပ်မိ၏။

"တော်သေးတာပေါ့။"

ဒါဟီး ခေါင်းညိတ်ပြီး မျက်လွှာပြန်ချလိုက်စဉ်...

"လုပ်ချင်တယ်။"

ရုတ်တရက် ဝူဟျွန်း၏အသံ ထွက်ပေါ်လာသည်။

"နမ်းတာ။"

ဝူဟျွန်း၏အသံက စကားလုံးများနှင့် ဆန့်ကျင်စွာ ပြတ်သားလှ၏။ ဒါဟီး ဖြည်းဖြည်းချင်း ခေါင်းမော့လိုက်သည်။ သူက ဆိုဖာပေါ်တွင် မြုပ်ဝင်နေကာ လက်ဖြင့်ခေါင်းကို ထောက်ထားသည်။ မူမမှန်သည့် ကိုယ်နေဟန်ထားဖြစ်သော်လည်း အကြည့်ကတော့ ဒါဟီးထံသို့ တန်းတန်းမတ်မတ် ဦးတည်နေ၏။

"တဲ့ကြီးပါလား။"

ခဏနေမှ ဒါဟီးက ခပ်တိုးတိုးရယ်ကာ ပြန်ဖြေခဲ့သည်။

"အီဒါဟီးက တဲ့ပြောတာကို ကြိုက်လို့လေ။"

ဝူဟျွန်း၏ စကားကို ဒါဟီး မငြင်းနိုင်ခဲ့ချေ။ ဝေ့လည်ကြောင်ပတ် စကားတွေကို ဒါဟီး မကြိုက်ပေ။ ဒါဟီးက လက်ထဲမှ ဖန်ခွက်ကို ချလိုက်သည်။ ဝူဟျွန်း၏ စကားကြောင့် ရင်တွေ ခုန်လာသော်လည်း သူ့စရိုက်နှင့်မတူစွာ ရှက်ရွံ့ဟန်ဆောင်ကာ ငြင်းပယ်၍လည်းမရပေ။ ပထမအကြိမ် အနမ်းက ကောင်းခဲ့ပြီး၊ ဒုတိယအကြိမ် အနမ်းကလည်း ကောင်းခဲ့သောကြောင့် သူနှင့် တတိယအကြိမ် အနမ်းကို မျှော်လင့်နေမိသည်။

ဖန်ခွက်ကို ချထားလိုက်သည့် ဒါဟီးက လက်နှစ်ဖက်ကို ဖြန့်လိုက်သည်။ 'ဒီကိုလာ' ဟု အမူအရာနှင့် ပြောနေသလိုပင်။ ဝူဟျွန်းလည်း သဘာဝကျကျပင် တစ်ဖက်ဆိုဖာဆီသို့ ကူးလာခဲ့သည်။ သူက နေရာယူပြီးသည်နှင့် ဒါဟီး၏ လည်ကုပ်နှင့် ခါးလေးကို ဆွဲယူပွေ့ဖက်လေ၏။ ပဟေဠိအပိုင်းအစများ အံဝင်ခွင်ကျ ဖြစ်သွားသည့်အလား သူတို့နှစ်ယောက်၏ နှုတ်ခမ်းများ ထပ်တူကျသွားတော့သည်။

နှုတ်ခမ်းများ ဟသွားကာ လျှာတွေ ထွေးယှက်သွား၏။ သစ်ပင်၏ လိမ်ယှက်နေသော အကိုင်းများကဲ့သို့ ထွေးယှက်နေသောလျှာများနှင့်အတူ အသက်ရှူသံများကလည်း တိုးညင်းညင်းနှင့် နက်နက်ရှိုင်းရှိုင်း ရောနှောနေတော့သည်။ ဝူဟျွန်းလည်း ထိုအခိုက်အတန့်တွင် နောင်တရမိတော့၏။ ဒါဟီးကို အိပ်ခန်းထဲသို့ ခေါ်သွားခဲ့သင့်ပေသည်။ သို့သော် နောင်တကလည်း ခေါင်းထဲမှ ချက်ချင်း ပျောက်ကွယ်သွား၏။ ဒါဟီး၏ သွယ်လျလျ လက်ကောက်ဝတ်များက ဝူဟျွန်း၏ လည်တိုင်ကို ဖက်တွယ်လာသည်။ ဝူဟျွန်းက ဒါဟီးကို လှဲချလိုက်ပြီး မကြာမီ ဆိုဖာပေါ်တွင် ခန္ဓာကိုယ်ချင်းထပ်လျက်သားဖြစ်သွားလေတော့သည်။ ဝူဟျွန်း၏ နှုတ်ခမ်းများက ဒါဟီး၏ နှုတ်ခမ်း၊ မေးဖျားလေးတို့ကို ဖွဖွလေး နမ်းရှိုက်ရင်း အောက်သို့ဆင်းလာသည်။ လည်တိုင်ကို ထိတွေ့လာသော ပူနွေးသည့် ထွက်သက်ကြောင့် အပူရှိန်တက်လာသည့် ဒါဟီးလည်း တိုးတိုးလေး ညည်းမိလေတော့၏။ တီရှပ်အောက်တွင် ကြီးမားသည့် လက်တစ်ဖက်က အပေါ်သို့လျှောတက်လာသည်။ ကျောပြင်ကို ထိတွေ့ပွတ်သပ်နေသည့်လက်က ဘရာချိတ်ကို သဘာဝကျကျ ဖြုတ်ပြီး မကြာခင်မှာပင် ဒါဟီး၏ရင်သားကို ဆုပ်ကိုင်ခဲ့လေသည်။ လက်တစ်ဖက်နှင့်အပြည့် ဆုပ်ကိုင်ထားနိုင်သည့် ရင်သားကို ညင်သာစွာ ပွတ်သပ်နေသော လက်ဖျားများက နို့သီးထိပ်ဖျားလေးကို ရှပ်ထိသွား၏။

"အာ့"

လက်ဖျားလေးဖြင့် ထောင်မတ်နေသော နို့သီးခေါင်းကို ဆော့ကစားလိုက်သည့် လှုပ်ရှားမှုကြောင့် ဒါဟီး ညည်းလိုက်မိသည်။ ရင်ဘတ်ပေါ်တွင် အေးခနဲဖြစ်သွားပြီးနောက် တီရှပ်က လိပ်တက်သွား၏။ ထို့နောက် ပူနွေးသော ခံစားချက်တစ်မျိုး အသားပေါ်သို့ ကျရောက်လာသည်။ ရင်သားကို ငုံထွေးလိုက်သည့် နှုတ်ခမ်းများနှင့် အသားပေါ်သို့ စီးဆင်းလာသော ဝင်သက်ထွက်သက်တို့ကြောင့် ဒါဟီး အာရုံထွေပြားနေရပေပြီ။ သွားဖြင့် မနာကျင်စေအောင် နို့သီးခေါင်းကို ကိုက်လိုက်ရာ ဒါဟီးလည်း ဝူဟျွန်း၏ ဦးခေါင်းကို ဖက်တွယ်ထားလိုက်မိ၏။ ယခင်တစ်ခေါက်က အရက်ရှိန်ကြောင့် အာရုံခံစားနိုင်စွမ်း ပိုမြင့်သွားသည်ဟု ထင်ခဲ့သော်လည်း အသိစိတ်ရှိနေချိန်တွင် ခံစားရသည့် လှုံ့ဆော်မှုက ဒါဟီးကို ပို၍ပင် ရူးသွပ်စေခဲ့သည်။ ခြေတံကို ပွတ်သပ်နေသော လက်များက တဖြည်းဖြည်းနှင့် ပေါင်ခြံအတွင်းဘက်သို့ ကျူးကျော်ဝင်ရောက်လာသည်။ ခံစားတုံ့ပြန်နိုင်စွမ်းမြင့်သော အသားကို ပွတ်သပ်နေသည့် ဝူဟျွန်းက လက်တစ်ဖက်ဖြင့် ဒါဟီး၏ခါးကို ပင့်လိုက်၏။ ထို့နောက် ဇစ်တပ်ချည်ဘောင်းဘီလေးကို ချက်ချင်း ချွတ်ပစ်ခဲ့သည်။

"နောက်တစ်ခါ စကတ်ဝတ်ဖို့ စိတ်ကူးမရှိဘူးလား။"

ဝူဟျွန်းက တိုးရှရှအသံဖြင့် မေးလာသည်။

"ဘောင်းဘီလည်း ကောင်းကောင်းချွတ်တတ်တာပဲကို။"

"အဲ့ဒီလိုဆိုပေမဲ့လည်း။"

"ကျွန်မ လုပ်ချင်တဲ့အခါကျရင် စကတ်ဝတ်ပါ့မယ်။"

ရမ္မက်ရှိန်ကြောင့် မှုန်ရီဝေဝါးနေသော မျက်လုံးများဖြင့် ဒါဟီးက တီးတိုးပြောခဲ့သည်။ ဝူဟျွန်းတစ်ယောက် တံတွေးမျိုချရင်း မျက်လုံးများကို စုံမှိတ်လိုက်၏။ စကားတစ်လုံးချင်းစီက လူကို ရူးသွပ်ယစ်မူးစေသည်။

"အာ့"

အတွင်းခံဘောင်းဘီကို ထိတွေ့လာသော ဝင်သက်ထွက်သက်နွေးနွေးကြောင့် ဒါဟီး တုံ့ခနဲဖြစ်သွားကာ ခြေထောက်များကို စုလိုက်မိသည်။ သို့သော် ဝူဟျွန်းက ဒါဟီး၏ ခြေထောက်များကို တားဆီးပြီး တုံ့ပြန်ခံစားနိုင်စွမ်းမြင့်သော ပေါင်ခြံအတွင်းသားကို ပွတ်သပ်ခဲ့သည်။ ကြက်သီးမွေးညင်းလေးများ ထလာသည့် ဒါဟီးတစ်ယောက် ခြေထောက်များတွင် မည်မျှပင် အားစိုက်စေကာမူ အလကားပင်။ အဝတ်စပါးပါးလေးသည်လည်း ချက်ချင်း စိုစွတ်သွားတော့သည်။

"မလုပ်နဲ့...ရပ်..."

မူမမှန်သော အသက်ရှူနှုန်းကြောင့် စကားများ ပြတ်တောင်းပြတ်တောင်း ဖြစ်သွားသည်။ ဒါဟီး၏ တောင်းပန်မှုကို မသိကျိုးကျွန်ပြုကာ ဝူဟျွန်းက အစေ့လေးကို တရစပ် စုပ်ယူခဲ့၏။ အတွင်းခံဘောင်းဘီလေး ကျွတ်သွားသည်။ လင်းထိန်နေသော မီးရောင်အောက်တွင် ဒါဟီး၏ လျှို့ဝှက်သောနေရာလေးက ထင်ရှားစွာ ပေါ်လွင်နေ၏။ ဒါဟီးက ကိုယ်ကို လူးလွန့်လိုက်သော်လည်း ဝူဟျွန်း၏ နှုတ်ခမ်းများက ပို၍လျင်မြန်စွာ ထိတွေ့လာခဲ့သည်။

"အင်း..."

တောင့်တင်းသွားသည်နှင့်အမျှ ဒါဟီး၏ ခါးလေး အနည်းငယ်ကော့တက်သွားသည်။ ဝူဟျွန်း၏ လျှာက အတွင်းပိုင်းသို့ နက်ရှိုင်းစွာ ထိုးဖောက်ကျူးကျော်လာ၏။ တစ်ကိုယ်လုံး စိမ့်ခနဲဖြစ်သွားပြီး ထို့နောက်တွင် လျှာက အစေ့လေးကို လျက်ခဲ့သည်။

"အာ့... ဟား... ဟား... အာ့"

သတိပြန်စုစည်းဖို့ပင် အချိန်မပေးဘဲ ဝူဟျွန်းက ဆက်တိုက် ဖိအားပေးခဲ့သည်။ အထိန်းအကွပ်မဲ့စွာ ထွက်လာသော ဒါဟီး၏ ညည်းသံများကြောင့် ဝူဟျွန်းပင် စိတ်တွေ ဝေဝါးရှုပ်ထွေးလာရ၏။ ဤမိန်းမကို ပိုပြီးနှိပ်စက်ချင်သည်။ ငိုအောင် လုပ်ချင်သည်။ ရမ္မက်အရှိန်တက်လာအောင် လုပ်ချင်သည်။ သို့ရာတွင် တဖြည်းဖြည်းနှင့် ပိုပြီးအနှိပ်စက်ခံရ၊ ရမ္မက်အရှိန်တက်လာရသူက သူကိုယ်တိုင်ပင် ဖြစ်နေ၏။ ဝူဟျွန်း၏ မျက်ခုံးများ ကျုံ့သွားတော့သည်။ ဘောင်းဘီချွတ်လိုက်ပြီဖြစ်သည့် ဝူဟျွန်းက ဒါဟီး၏ ခြေထောက်များကို ဆွဲချလိုက်၏။ ထို့နောက် ဆိုဖာအစွန်းတွင် မပြုတ်ကျရုံထိုင်နေသော ဒါဟီး၏ခန္ဓာကိုယ်အလယ်ပိုင်းသို့ သူ၏ ခန္ဓာကိုယ်အလယ်ပိုင်းကို ကပ်ကာတေ့လိုက်သည်။

"အင်း"

ပူနွေးမှုချင်း ထိတွေ့မိသည်တွင် နှစ်ယောက်စလုံး၏ နှုတ်ခမ်းများမှ ညည်းသံတိုးတိုးလေးများ ထွက်လာသည်။ ဝူဟျွန်းက မျက်လုံးများကို မှိတ်ထားရင်း အသက်ရှူမှန်အောင် လုပ်နေသော ဒါဟီးကို ကြည့်လိုက်၏။ ဖရိုဖရဲ ဖြစ်နေသော ဒါဟီး၏ အတွင်းသို့ ဖြည်းဖြည်းချင်း သူ့ကိုယ်သူ ထိုးသွင်းခဲ့သည်။ ဝူဟျွန်း မျက်လုံးများကို တင်းတင်းမှိတ်ကာ အံကြိတ်လိုက်သည်။ ထိုးသွင်းရုံဖြင့်ပင် ခေါင်းထဲတွင် မှောင်မိုက်သွား၏။ ဖြူဖျော့သွားသော ခေါင်းထဲတွင် 'အီဒါဟီး' ဆိုသည့် နာမည်မှလွဲ၍ ဘာမှမပေါ်တော့ပေ။ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ပင်။

ဝူဟျွန်းက ဖြည်းဖြည်းချင်း ထိုးသွင်းမှုကို စတင်လိုက်သည်။

"ဟား... အား... အာ့"

ဒါဟီး၏ကိုယ်လေး သိမ့်ခနဲ တုန်ရီသွား၏။ နည်းနည်းလေးထပ်ပြီး၊ နောက်ထပ်နည်းနည်းလေး။ ဝူဟျွန်း ပြင်းပြင်းထန်ထန် လှုပ်ရှားသည်နှင့်အမျှ ဒါဟီး၏ ညည်းသံများသည်လည်း ပို၍ကျယ်လောင်လာသည်။ ဝူဟျွန်းက ဒါဟီး၏ နှုတ်ခမ်းများကို အလောတကြီး နမ်းရှိုက်လိုက်၏။ အပေါ်မှာရော အောက်မှာပါ ပူနွေးပြီး စိုစွတ်နေသည်။

ဖတ်...ဖတ်...

အသားချင်း ထိခတ်သံများနှင့်အတူ ဘယ်သူ့ဆီမှ ထွက်လာမှန်း ခွဲခြား၍မရသော ညည်းသံများ အခန်းတစ်ခုလုံး ပြည့်သွားတော့သည်။ ပွတ်တိုက်နေသော အောက်ပိုင်းက တဖြည်းဖြည်း ပူနွေးလာသည်။ ထိစပ်နေသော နေရာတွင် မခံမရပ်နိုင်လောက်အောင် ပူလာသည်နှင့်အတူ ဝူဟျွန်း၏ခေါင်းကလည်း ပေါက်ထွက်သွားသလို ဗလာကျင်းသွားတော့၏။

ဒါဟီး၏ လက်သည်းများက ဆိုဖာကို ကုတ်ခြစ်နေသည်။ တစ်စုံတစ်ရာကို ဆုပ်ကိုင်ချင်သော်လည်း ဆုပ်ကိုင်၍မရသည့် မျှော်လင့်တကြီး လှုပ်ရှားမှုပင်။ ဝူဟျွန်းက ဒါဟီး၏ လက်ကို ဆွဲယူကာ နမ်းရှိုက်လိုက်သည်။ လက်ဖဝါး၊ လက်ဖမိုး၊ လက်ချောင်းလေးများကို အဆက်မပြတ် နမ်းရှိုက်ရင်း လှုပ်ရှားမှုများကို တဖြည်းဖြည်း အရှိန်တင်လိုက်၏။ ဆက်ပြီးထိန်းချုပ်ထားရန် မဖြစ်နိုင်တော့ပေ။

"အာ့...အာ့..."

ဒါဟီး၏ နှုတ်ခမ်းမှ ညည်းသံများက ပို၍ပင် ပြင်းထန်လာသည်။ မှိတ်ထားသော ဒါဟီး၏ မျက်လုံးများ တလှပ်လှပ်တုန်သွား၏။ ဝူဟျွန်းက ဒါဟီး၏ ဗိုက်ပေါ်တွင် အဖြူရောင်အရည်များကို ပန်းထုတ်ကာ ပြီးမြောက်လိုက်သည်။ သတိပြန်လည်ရုံလေးလည်လာကာ ထိုမြင်ကွင်းကို ကြည့်နေသော ဒါဟီးက အားမရှိသောလက်ကို အတင်းမြှောက်ပြီး ဝူဟျွန်း၏ အရာကို ဆုပ်ကိုင်လိုက်၏။

"အင့်"

ထိလိုက်ရုံလေးဖြင့် ဝူဟျွန်းက ညည်းခဲ့သည်။ ဒါဟီး၏လက်က ဖြည်းဖြည်းချင်း သုတ်ရည်များထွက်နေသော ဝူဟျွန်း၏ အရာကို ပွတ်သပ်ခဲ့သည်။ ဝူဟျွန်း၏ကိုယ်လည်း ကွေးညွတ်သွား၏။ ကြံ့ခိုင်သန်မာသော ဝူဟျွန်း၏ ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်နေသည့်ပုံစံကို ကြည့်နေရသည်နှင့်ပင် ဒါဟီး၏နှလုံးက ခုန်လာတော့သည်။ ဒါဟီးက လက်ဖျားလေးဖြင့် ဝူဟျွန်း၏ လိင်တံကို ညင်သာစွာ ပွတ်သပ်လိုက်သည်။

"မလုပ်နဲ့။"

ဝူဟျွန်း၏ စကားကြောင့် ဒါဟီးက ခပ်တိုးတိုးရယ်လိုက်ပြီး ခြေတံများဖြင့် ဝူဟျွန်း၏ကိုယ်ကို ချုပ်ထားလိုက်သည်။

"မပြောတတ်ဘူး..."

ထို့နောက် စနောက်​သည့်အလား ဝူဟျွန်း၏အရာကို ပွတ်သပ်ခဲ့သည်။

"မလုပ်နဲ့လို့ ပြောနေတယ်လေ။"

ဝူဟျွန်း၏ ပြင်းထန်သော သတိပေးစကားကိုကြားသော်လည်း ဒါဟီးက ရယ်သာရယ်နေသည်။ ထိုသို့ ရယ်နေရင်းကပင် တုံ့ပြန်ခံစားလွယ်ပြီး ဖောင်းနေသော ဝူဟျွန်း၏အရာကို ထိကိုင်နေ၏။ ဝူဟျွန်းက စားပွဲပေါ်မှ တစ်ရှူးများကို ဆွဲယူကာ ဒါဟီး၏ ဗိုက်ကို ခပ်ကြမ်းကြမ်း သုတ်လိုက်သည်။ ထို့နောက် ဒါဟီး၏ ကျောပြင်ကို ပွေ့ဖက်ကာ ပင့်ယူလိုက်၏။ အံ့အားသင့်စွာ ကြည့်နေသော ဒါဟီးကိုကြည့်ရင်း ဝူဟျွန်းက မျက်စိကျိန်းလောက်အောင် တောက်ပသော အပြုံးကို ပြုံးပြခဲ့သည်။

"မလုပ်နဲ့လို့ ပြောခဲ့တာကို။"

ဝူဟျွန်း၏ စကားနှင့်အတူ ဒါဟီး၏ ဝမ်းဗိုက်အောက်ပိုင်းကို လေးလံသော တစ်စုံတစ်ရာက လာထောက်လေသည်။

မဖြစ်နိုင်တာ။

ဒါဟီးက မယုံနိုင်သည့် မျက်နှာထားဖြင့် အကြည့်ကို အောက်သို့ချလိုက်သည်။ သုတ်မလွှတ်မီ အချိန်ကကဲ့သို့ပင် အင်မတန် ဖောင်းနေသော ဝူဟျွန်း၏ လိင်တံကိုကြည့်ရင်း ဒါဟီးလည်း ဖြူဖျော့သွားရတော့၏။

"ခဏ..."

'ခဏလေးပါ' ဟူသော စကားမဆုံးမီမှာပင် ဝူဟျွန်း၏ နှုတ်ခမ်းများက ဒါဟီး၏ နှုတ်ခမ်းများကို ဖိပိတ်သွားတော့သည်။

"အွန်း..."

ပြင်းထန်သော အနမ်းကြောင့် ဒါဟီး ပြောချင်သော စကားများ ပျက်စီးပျောက်ကွယ်သွားရတော့၏။ ဝူဟျွန်းက ဒါဟီးကို ပွေ့ချီပြီး ရုံးခန်းတံခါးကိုဖွင့်ကာ အပေါ်သို့တက်သွားခဲ့သည်။

တတိယထပ်ရှိ အိပ်ခန်းဆီသို့။

~~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment