Chapter 10
သရက်သီးနှင့် ချယ်ရီသီး ကဲ့သို့သော အသီးအနှံများအားလုံး က တင်သွင်းထားတာဖြစ်၏။ နာနတ်သီးများသည် နိုင်ငံခြားရွှေနာနတ်သီးများဖြစ်ပြီး ပြင်းထန်သောအသီးရနံ့ကို ထုတ်ပေးသည်။
အစ်မကြီးရူ သည် ထိုနေရာမှ ထွက်သွားပြီးနောက်အိပ်မက်မက်နေသလို ခံစားခဲ့ရသည်။ သူမ နှလုံးသားတွေ တဒိန်းဒိန်းခုန်နေတယ်
သူမသမီးလေး ဒီလောက်အံ့ဩဖို့ကောင်းတဲ့မူကြိုကျောင်းမှာ တက်ရောက်နိုင်ဖို့ သူမ စိတ်ကူးယဥ်နေခဲ့ရတာ မဟုတ်ပါလား?
...
တစ်မနက်လုံး ကျောင်း သို့ မိဘတွေ အဆက်မပြတ် လာလည်ခဲ့သည်။
ယွမ်၂၆၀ ကြောင့် မူကြိုကျောင်း ဟာ ဤမျှကောင်းမည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ကြပါ။ သံသယစိတ်ဖြင့် လိုက်ပါလာသော မိဘများသည် အိပ်မက်ထဲတွင်ကဲ့သို့ အံ့သြထိတ်လန့်စွာ ကျန်ရစ်ခဲ့ကြသည်။ သူတို့ခြေရင်းမှာ ပိုင်မုန့်တစ်လုံး ကောင်းကင်မှ ပြုတ်ကျလာသလိုပါပဲ၊ စစ်မှန်လွန်း၏။
ကျောင်းကားနဲ့ အစားအသောက် က အဆင့်အတန်းမြင့်ရုံတင်မကဘူး။ အထူးသဖြင့် မယုံကြည်ကြသော မိဘများဟာ ကလေးများနှင့်အတူ နေ့လည်စာ စားခဲ့ကြသည်။ ထမင်းတစ်နပ်က သူတို့ကို ဆွဲဆောင်ဖို့ လုံလောက်တယ်။
အချို့က 'ကြယ်ကောင်းကင်မူကြိုကျောင်း' ၏ မီနူးကို အမေအုပ်စုများတွင်ပင် မျှဝေခဲ့ကြသည်။
ကလေးတွေ ကောင်းကောင်းစားနေတာကို မယုံနိုင်လို့ အုပ်စုတွေ က အပြင်းအထန် ဆွေးနွေးကြတော့သည်။
[တကယ်ပဲ ယွမ်၂၆၀ တည်းလား? သူတို့မှာ ရှိတဲ့ သစ်သီး က သိပ်ကောင်းတယ်လား?]
လက်ရှိပေါက်ဈေးအရ အသီးအနှံတွေကို သူတို့ကိုယ်တိုင် ဝယ်ဖို့တောင် မတတ်နိုင်ကြဘူး။
[အသီးအနှံတွေတင်မကဘူး၊ အဲဒီစားဖိုမှူး ကတောင် ကျန်းပိုင်အဆင့်မြင့်စားသောက်ဆိုင် က အကြီးတန်းစားဖိုမှူးလေ]
[မြန်မြန်၊ တစ်ယောက်ယောက် ငါ့ကို ဆရာမထန်ရဲ့နံပါတ်ပို့ပေးကြပါ]
[ပိုင်ရှင်က ယွမ်၂၆၀တည်းနဲ့ အလှူလုပ်နေတာ ဖြစ်ရမယ်]
အချို့က ရှင်းရှင်းလင်းလင်း သဘောပေါက်ကြပြီး ထောက်ပြကြ၏။ [ဟေး အဲဒါ ပထမရက်အနည်းငယ်ပဲ၊ ၅ ရက်လောက်စောင့်လိုက်၊ ပုံမှန်ပြန်ဖြစ်သွားလိမ့်မယ်]
သို့သော် အခြားမိဘများက ချက်ချင်းငြင်းဆိုခဲ့သည်- [ယွမ်၂၆၀အပြင် ဘာမှထပ်မတောင်းဘူး]
အရာများကို နှိုးဆော်ရန် ကြိုးစားနေသူ သည် အောင်မြင်လုနီးပါးဖြစ်သော်လည်း နောက်ပိုင်းတွင် လူတိုင်း က စျေးနှုန်း ယွမ်၂၆၀ ကြောင့် အသိစိတ်များ ပြန်လည်ရရှိခဲ့သည်။ ဟုတ်တယ်၊ ယွမ် ၂၆၀တည်း။
ရက်အနည်းငယ်ကြာကြာအထိ ယွမ်၂၆၀ တည်းဆိုရင်တောင် တန်တယ်။
[ဆရာမထန်လည်း အဲကျောင်းမှာလေ!] ဆရာမထန် ဟာ မူကြိုကျောင်းနယ်ပယ် မှာ နာမည်ကောင်းရှိသူဖြစ်၏။
အုပ်စုငယ်လေးသည် ပွက်လောရိုက်သွားသော်လည်း မိခင်အချို့အတွက် အထူးပင် လေးနက်သောခံစားချက်ရှိခဲ့သည်။
ကလေးဆိုတာ မိခင်ရဲ့ နှလုံးသားနဲ့ ဝိညာဥ်ဆိုတာ လူတိုင်း သိ၏။
ဤလုပ်ငန်း ဟာ ကလေးများ အား အသုံးချ၍ ငွေတောင်းရမ်းတက်သည်အား သိရပေမည်။
ငွေအဆက်မပြတ်တောင်းရမ်းနေတာ၊ မိုက်မဲတဲ့အခွန်တွေ တောင်းပေမယ့် မိခင်တွေက သားသမီးတွေအတွက် မငြင်းဝံ့ကြဘူး။
သို့သော် လက်တွေ့တွင်မူ ငွေရှိသူမှာ လူနည်းစုဖြစ်ပြီး အများစုမှာ သာမန်မိသားစုများဖြစ်သည်။
ဤလုပ်ငန်းမှ ယွမ်၂၆၀ ကုန်ကျစရိတ်ကို မြင်တော့ သူတို့အားလုံး စိတ်လှုပ်ရှားသွားကြ၏။
သို့သော် အုပ်စုများတွင် အသက်အရွယ်အလိုက် ကလေးရှိသော မိခင်အနည်းငယ်သာ ရှိပါသေးသည်၊ အများစုမှာ ကိုယ်ဝန်ရှိနေဆဲဖြစ်သည်။ သူတို့အားလုံး 'ကြယ်ကောင်းကင်မူကြိုကျောင်း'ဆိုတဲ့ နာမည်ကို မှတ်မိကြတော့မည်။ သူတို့ သားသမီးတွေ မွေးတဲ့အခါ လည်း အဲဒီကို ပို့ပေးဆောင်ပေလိမ့်မည်။
တချို့က စနောက်ကြ၏။ [ငါ ကျန်းပိုင်အဆင့်မြင့်စားသောက်ဆိုင် က စားဖိုမှူးလုပ်ထားတဲ့ အစားအစာတောင် မစားဖူးဘူး။ ကလေးတွေက ငါတို့ထက် အရင်စားဖူးပြီ၊ ဒါတောင် ကျောင်းကား က ၂ သန်းကျော်လောက် ကုန်ကျတယ်ဆိုတာကို မပြောရသေးဘူးနော်]
လူအနည်းငယ် ဟာ စိတ်လှုပ်ရှားစိတ်ကို မထိန်းနိုင်ဘဲ ဒေသခံဖိုရမ်များတွင် 'ကြယ်ကောင်းကင်မူကြိုကျောင်း'အကြောင်း တိုက်ရိုက်တင်ခဲ့ကြတယ်!
ယွမ်၂၆၀ သည် ဒေသတွင်းဖိုရမ်များပေါ်တွင် သေးငယ်သောစိတ်လှုပ်ရှားမှုကို ဖြစ်စေခဲ့သည်။
မူကြိုကျောင်းများ၏ ပြိုင်ဆိုင်မှုကို လူတိုင်း သိကြသော်လည်း ပြိုင်ဆိုင်မှုမှာ စျေးနှုန်းလျှော့ခြင်းဖြစ်နေလျှင် မိခင်များအတွက် ကြီးမားသော အကျိုးကျေးဇူးတစ်ခု ဖြစ်လိမ့်မည်။
ထို့ကြောင့် တစ်ရက်အတွင်း စနစ် ဟာ ရှန်းဝေစိတ်ထဲမှာ ပွင့်လန်းလာခဲ့၏။
[ဂုဏ်သတင်းတန်ဖိုးကို ရရှိခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် ရှန်းဝေ၊ အမှတ် ၃၆,၀၀၀ ရရှိပါတယ်]
ရှန်းဝေ သည် နာမည်ဂုဏ်သတင်းတန်ဖိုး အား ပထမဆုံးတွေ့ကြုံဖူး ခြင်းဖြစ်သောကြောင့် စနစ် အား ချက်ချင်း မေးခဲ့၏။ "ဂုဏ်သတင်းတန်ဖိုးဆိုတာ ဘာလဲ?
စနစ် က [ကျော်ကြားမှုနဲ့ဂုဏ်သတင်းရှိသရွေ့ အဲဒါတွေဟာ အမှတ်တွေအဖြစ် ပြောင်းလဲသွားလိမ့်မယ်] ဟု ဆိုခဲ့သည်။
ရှန်းဝေ၏မျက်လုံးများ တောက်ပသွား၏။ စနစ် က သူမ ကို အမှတ်အများကြီးပေးတာ ဒါ ပထမဆုံး ဖြစ်၏။ သူမ၏ဂုဏ်သတင်းတန်ဖိုးကို ချဲ့ထွင်ရန် နည်းလမ်းရှာရပေမည်။