Chapter 3
သူ့အဖေက သားဖြစ်သူအပေါ် လူတွေရဲ့ကြင်နာမှုကို အမြဲတမ်း မက်မောသူဖြစ်၏။
သူကိုယ်တိုင်ကတော့ ငွေရှာနိုင်စွမ်းမရှိသော လူ့အဖွဲ့အစည်းအတွင်း လူယုတ်မာတစ်ယောက်သာ ဖြစ်သည်။ အရက်အလွန်အကျွံသောက်ရတာကို နှစ်သက်ပြီး အသေးအဖွဲခိုးယူထဲတွင်သာ နှစ်မြို့သည်။
သားဖြစ်သူအပေါ် ကြင်နာတတ်တဲ့သူတစ်ယောက်ကို တွေ့တိုင်း သူတို့ဆီကနေ ယွမ်ငွေ ရာဂဏန်းကို ချက်ချင်း ထုတ်ယူဖို့ ကြိုးစားတယ်။
ဤအရပ်မှာနေထိုင်တဲ့ လူတွေအားလုံး က ဆင်းရဲသားရပ်ကွက်မှ ဖြစ်ကြ၏။ သူတို့ဆီမှာ ငွေဘယ်လောက်ရှိနိုင်မှာလဲ? ဖခင်ဖြစ်သူက သူတို့ထဲက အထပ်ထပ်ငွေတောင်းခံခဲ့သောကြောင့် ဟဲလင်းဖုန်းကို တွေ့တိုင်း ကပ်ရောဂါလို ရှောင်တိမ်းကြသည်။
သူတို့ သည် အရှက်မရှိသော ဖခင်၏ ရိုက်နှက်ခြင်းကို ခံရမည်ကို ကြောက်ရွံ့ကြသည်။
ထို့ကြောင့် ကွန်ပြူတာပရော်ဖက်ရှင်နယ်တစ်ယောက်၏ကလေးဘဝလေးမှာ ပိုပို၍ ဆိုးလာချေတော့သည်။
ဖခင်ဖြစ်သူ ပစ်မှတ်အထားဆုံး နှင့် သဘောအကျဆုံး လူစား က ရှန်းဝေ လို ကြင်နာသနားတက်သည့် ငယ်ရွယ်တဲ့မိန်းကလေးတွေပင်။ မျက်တောင်တခတ်ခတ်ကြည့်ရင်း သူ၏လောဘတရားတို့မှာ ပိုပို၍ ပေါ်လွင်လာခဲ့သည်။
“မင်း ငါ့သားကို ဘာကျွေးလိုက်တာလဲ? ငါ့သား က အစာအိမ်ရောင်နေတာ၊ မင်း လုပ်တာနဲ့ ပိုဆိုးသွားလိမ့်မယ်၊ ငါ့သားဗိုက်နာရင် မင်း ဒီအတွက် ပိုက်ဆံပေးရမယ်” ဖခင်ဖြစ်သူရဲ့မျက်လုံးတွေ က လိမ္မာပါးနပ်စွာဖြင့် တောက်ပနေသည်။
ဒါကိုကြားတော့ ဘေးနားရှိ ပေါက်စီဆိုင်ပိုင်ရှင်က မကျေမနပ်ဖြင့် ပြောလာသည်။ “ဘာအတွက် ပိုက်ဆံပေးရမှာလဲ? ငါ့ဆိုင်က ပေါက်စီတွေကို သန့်သန့်ရှင်းရှင်းနဲ့ လုပ်ထားတာ။ မင်းရဲ့သား မုန့်တွေကြောင့် အစာအိမ်နာလို့ဆိုပြီး ပြောရအောင် ရူးနေသလား”
ဟဲလင်းဖုန်း ထိန်းမနိုင်သိမ်းမရ တုန်ယင်သွားသော်လည်း ရှန်းဝေ လက်ကိုဆွဲကာ တီးတိုးပြောပြလေသည်။ “ကျဲ၊ မြန်မြန်သွားတော့၊ သူ ငွေထပ်တောင်းလိမ့်မယ်”
ဟဲလင်းဖုန်း က သူ့ကို လူတိုင်း ဘာကြောင့်များ ရှောင်တိမ်းနေကြသလဲ ဆိုတာ နားမလည်ခဲ့ဘူး!
သူ့အဖေနဲ့ပတ်သက်တဲ့ တခြားသူတွေရဲ့ ထင်မြင်ယူဆချက်တွေကို နားထောင်ပြီး တဖြည်းဖြည်း နားလည်လာခဲ့တယ်။ သူတို့နှစ်ယောက်ဟာ လိုက်ဖက်ညီတဲ့လူလိမ်စုံတွဲတွေ ဖြစ်နေတယ် မဟုတ်ဘူးလား?
‘လူလိမ်’ဆိုတာ ဘာကိုဆိုလိုမှန်း ကလေး က မသိပေမဲ့ ဒါဟာ ကောင်းတဲ့အရာမဟုတ်ဘူးဆိုတာ သေချာပေါက် သိပါ၏။
သူ စိုးထိတ်သလို စိတ်ဆိုး၏။ သူ့အဖေ ဒီကြင်နာတက်တဲ့အစ်မကို အနိုင်ကျင့်မှာ သူ ကြောက်တယ်။
ရှန်းဝေ သူ့အား ပြောလိုက်သည်။ “စိတ်မပူနဲ့၊ ကျဲ သူ့ကို မကြောက်ဘူး”
ရှန်းဝေ မတုန့်ပြန်ခင် ပေါက်စီဆိုင်ပိုင်ရှင်၏ဇနီး က အဖေဟဲကို မောင်းထုတ်နှင့်ပြီ ဖြစ်၏။
“ဘယ်လိုလူလဲ?” ပေါက်စီဆိုင်ပိုင်ရှင်၏ဇနီး က ရေရွတ်လေသည်။
ဖြစ်ပျက်ခဲ့တာကို သူမ မသိပေမယ့် ဟဲလင်းဖုန်း လို ပျော့ညံ့တဲ့ ကလေးတစ်ယောက်ကို ဒီခေတ်ကြီးမှာ တွေ့ရခဲတယ်။
ဘယ်အပြစ်တွေကျုးလွန်ခဲ့လို့ ကလေး အဲလိုလူထံမှ မွေးလာရတာလဲ?
ရှန်းဝေ က ဟဲလင်းဖုန်းကို မေးလိုက်သည်။ “သားရဲ့အဖေ ကို သဘောကျလား?”
ဟဲလင်းဖုန်း ခေါင်းယမ်းလိုက်လေ၏။
ရှန်းဝေ ဂရုတစိုက် ပြောလိုက်သည်။ “ဒါဆို မင်းအဖေ မရှိတဲ့နေရာမှာ စာသင်ဖို့ နဲ့ သူငယ်ချင်းတချို့ထားဖို့ နေရာတစ်ခုစီ သွားချင်လား?”
ဟဲလင်းဖုန်း၏မျက်လုံးကြီးများ တောက်ပသွား၏။ “ကျဲ က သားကို မိဘမဲ့ဂေဟာဆီ ခေါ်သွားပေးမလို့လား?”
ရှန်းဝေ အံ့အားသင့်သွားသည်။ “သား က မိဘမဲ့ဂေဟာအကြောင်းတောင် သိတယ်ပေါ့”
ရှန်းဝေ၏စိတ်ထဲ စနစ် ၏စက်သံကို ကြားရသည်။- [အရင်က လူအနည်းငယ် ကလေးကို လူမှုဖူလုံရေးအဖွဲ့အစည်းမှာ နေရာတစ်ခုပေးဖို့ရန် ကူညီဖို့ ဖခင် ကို ပြောခဲ့ကြပေမဲ့ ဖခင်က သူတို့ဆီက ယွမ် ၅သောင်းတောင်းခဲ့လို့ ကြင်နာတက်တဲ့လူတချို့ကို ခြောက်လန့်သလိုဖြစ်ခဲ့ရတယ်]
ရှန်းဝေ ပင် အံ့အားသင့်သွားသည်။— ဖခင်က သားအပေါ် ငွေနွားမတစ်ကောင်လို တကယ် ဆက်ဆံနေတာပဲ။
ရှန်းဝေ ဟဲလင်းဖုန်းကို ခေါ်သွားသည်။
သူတို့ ခြေလှမ်းအနည်းငယ်လျှောက်ရုံရှိသေး ထောင့်တနေရာ၌ ဖခင် ပေါ်လာပြီး သူတို့အား ရက်စက်စွာ စိုက်ကြည့်နေသည်။
ပေါက်စီဆိုင်ပိုင်ရှင်၏ဇနီး က တောင့်တင်းပြီး ကြံခိုင်တာကြောင့် ဆက်ဆံရလွယ်ကူသောလူ မဟုတ်သည်မှာ ထင်ရှားသည်။
အဖေဟဲ က ယောကျာ်းတစ်ယောက် ဆိုပေမဲ့ အရက်က သူ့ခန္ဓာကိုယ်ကြံခိုင်မှုကို ဆုံးရူံးစေခဲ့ပြီး တိုက်ရိုက်ရင်ဆိုင်ဖို့ မဝံ့မရဲဖြစ်ကာ ကြက်တစ်ကောင်လို ပျော့ညံ့နေခဲ့တယ်။
ထို့ကြောင့် သည် အနီးနားတွင် စောင့်ဆိုင်းနေပြီး မကြာမီ ရှန်းဝေ က သူ့သားဖြစ်သူနှင့်အတူ ထွက်လာခဲ့သည်။
အဖေဟဲ က ရှန်းဝေ ကို ကြည့်၍ “ဒီအနံ့ဆိုးကောင်ကို သနားစရာလို့ တွေးနေတာ ဖြစ်ရမယ်၊ မင်း အဲအကောင်ကို ခေါ်သွားချင်ရင် ငါ့ကို ယွမ်၁၀၀,၀၀၀ ပေး!"
"ဒါပေမယ့် ကလေးရောင်းတာ က တရားမဝင်ဘူး"
“ဒါ့အပြင် ရှင်က ကလေးရောင်းချင်ရုံတင်မကဘူး စွန့်ပစ်ခံရမှုနဲ့ ကလေးညှင်းပန်းနှိပ်စက်မှုတွေလည်း လုပ်သေးတယ်”
အဖေဟဲ သည် ရှန်းဝေ က ကောလိပ်ကျောင်းဆင်းသစ်တစ်ယောက်သာဖြစ်ပြီး အနိုင်ကျင့်ဖို့ လွယ်ကူတယ်လို့ ထင်ခဲ့ပေမယ့် သူ့အား ဥပဒေချိုးဖောက်တယ်လို့ စွပ်စွဲမယ်လို့ မမျှော်လင့်ထားဘူး!
အဖေဟဲ က ကြမ်းကြမ်းတမ်းတမ်း ဆိုသည်။ “အဓိပ္ပာယ်မရှိလိုက်တာ၊ သူ က ငါ့သား”
“မင်း နောက်ထပ် စကားတခွန်းပြောဝံ့ရင် မင်းကို ရိုက်မရိုက် မြင်ရလိမ့်မယ်!" အနှီယောကျာ်း က ရှန်းဝေ ထံ လက်ဆန့်လိုက်သည်။
သို့သော် စနစ် ၏ကာကွယ်မှုကြောင့် အဖေဟဲ ဘယ်လိုလုပ် အောင်မြင်မှာလဲ?
အဖေဟဲ က ရှန်းဝေကို ထိသည်နှင့် ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ စနစ် က လျှပ်စစ်ဓာတ် ၁၀၀,၀၀၀ ဗို့ကို ထုတ်လွှတ်သည်။
အဖေဟဲ ချက်ချင်းပင် ကျယ်လောင်စွာ အော်ဟစ်တယ်!
ရှန်းဝေ သည် ဟဲလင်းဖုန်းကို ချက်ချင်းခေါ်သွားပြီး အမှုကို တိုင်ကြားရန် ရဲစခန်းသို့ ပြေးသွားခဲ့သည်။
ဤမြို့ပြဟောင်းရှိ ဆင်းရဲသားရပ်ကွက်များတွင် လူတို့သည် ရိုးရာအယူအဆများ ရှိနေဆဲဖြစ်သည်။ ဟဲလင်းဖုန်းအဖေ က ဟဲလင်းဖုန်း အား ရိုက်နှက်ခြင်းမှာ လက်မခံနိုင်သော်လည်း ၎င်းကို အိမ်တွင်းရေးကိစ္စဟု ယူဆခဲ့ကြသည်။
ဤနေထိုင်သူ အများစုသည် အကြံဥာဏ်များ နှင့် ဝင်ရောက်စွက်ဖက်လိုကြသော်လည်း ရဲတပ်ဖွဲ့ကိုမှု အကူအညီတောင်းရန် ခဲယဥ်းသည်။
ရှန်းဝေ၏တိုင်ကြားချက် က ချက်ချင်းပင် အာရုံကို ဖမ်းစားသွားခဲ့သည်။
ဟဲလင်းဖုန်း၏ခန္ဓာကိုယ်ပေါ်ရှိ ပွန်းပဲ့ဒဏ်ရာများကို ရဲများ မြင်သောအခါ ထိတ်လန့်သွားကြသည်။ ယုတ်မာသောသားရဲ က တောင် မိမိကလေးကို ကိုက်မစားဘူး။
ယနေ့ခေတ်နှင့် ခေတ်ကာလတွင် ထိုသို့သောကိစ္စရပ်မျိုး ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်၏။
ရှန်းဝေ ဤအမှုကို အရင်ဆုံး တိုင်ကြားခဲ့တာ ကံကောင်းသွားခဲ့၏။ အကယ်၍ တစ်စုံတစ်ယောက် က ဤအကြောင်းအရာ အား အွန်လိုင်းတွင် တင်ခဲ့မည်ဆိုလျှင် နိုင်ငံတစ်ဝန်းလုံးရှိ အင်တာနက်သုံးစွဲသူများမှ အရေးယူပေးရန် တောင်းဆိုကြမည်ဖြစ်သည်။ ရဲစခန်း သည် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို အမြန်ဖွဲ့စည်းခဲ့သည်။
သူတို့ ဤအမှုကို စုံစမ်းရန် ဟဲလင်းဖုန်းရဲ့နေအိမ်ကို သွားခဲ့ကြသည်။
ကျူးကျော်ရပ်ကွက်များတွင် အိမ်တွင်းအကြမ်းဖက်မှုမှာ ပျံ့နှံနေခဲ့တာ ကြာပြီ ဖြစ်၏။
ရဲအရာရှိများ လာရောက်စစ်ဆေးသည်ကို တွေ့သည်နှင့် တပြိုင်နက် အိမ်နီးနားချင်များ က သိသမျှကို ပဲတောင့်တစ်ပေါက်ကဲ့သို့ ပစ်လွှတ်ကြကုန်၏။
အလွန်လျင်မြန်စွာဖြင့် အလွဲသုံးစားပြုမှုဆိုင်ရာ စွဲချက်အသေးစိတ်အချက်အလက်များမှာ နှလုံးသားကို ထိတ်လန့်စေခဲ့သည်။
ဟဲလင်ဖုန်း က အသက်၅ နှစ်ရှိပြီ ဖြစ်သော်လည်း အသက်၂နှစ်၊ ၃ နှစ်သာ ရှိသေးသော ကလေးနှင့်တူချေ၏။
ထို့အပြင် ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာအနာတရများစွာသည် ဒဏ်ရာဟောင်းများဖြစ်သည်။ အရင်က ဘာတွေ ကြုံခဲ့ရလဲဆိုတာကို အနီးကပ်ကြည့်ဖို့ မလိုအပ်လေဘူး။
ရဲစခန်းက ချက်ချင်း အမှုအားတင်ပြချက်ပို့ခဲ့သည်။ ကလေးသူငယ်အလွဲသုံးစားလုပ်မှုအတွက် ဖခင်ဖြစ်သူအား တရားစွဲဆိုခြင်းမှ အနည်းဆုံး ထောင် ၅ နှစ် ကျဖွယ်ရှိသည်။
ရဲစခန်းက ဒီအမှုကို အရှိန်မြှင့်ခဲ့ပေမယ့် ဟဲလင်းဖုန်းနဲ့ပတ်သက်လို့ နောက်ဆက်တွဲ ဘာဆက်လုပ်ရမလဲဆိုတာ ဆုံးဖြတ်ရတာ ခက်တဲ့ကိစ္စပင် ဖြစ်၏။
ဒီကလေး ဘယ်ကို သွားမလဲ? ယခုတော့ ပြသာနာတစ်ခု ရှိချေပြီ။
ရှန်းဝေ ချက်ချင်း ပြောလိုက်သည်။ “ကလေး အသက်၁၈နှစ်မတိုင်ခင်အထိ ကျွန်မ ကလေးကို မွေးစားပြီး ကလေးရဲ့အုပ်ထိန်းသူ ဖြစ်လာလို့ရပါသလား?”
"မင်း?" ရဲအရာရှိ သည် သူမ၏ကြင်နာမှုကို သံသယမရှိသော်လည်း သူမ က ငယ်လွန်းသည်။
ကလေးမွေးစားတာက ရိုးရှင်းတဲ့ကိစ္စမဟုတ်ဘူး- သူမ တက္ကသိုလ်က ဘွဲ့ရရုံရှိသေးတယ်။
ရှန်းဝေ သည် ဖုန်းပေါ်က အချက်အလက်တွေကို ရဲအရာရှိ ထံ ပြလိုက်၏။
ရဲအရာရှိ အံသြသွားသည် - လူငယ်၊ ရှန်းဝေ တွင် မှတ်ပုံတင်ထားသော မူကြိုကျောင်းတစ်ခု ပိုင်ဆိုင်ထားနှင့်ပြီ၊ ထိုကျောင်းမှာ သေးငယ်လှသည် မဟုတ်။
အချက်အလက်ကို ကြည့်ပြီး သူ ဟဲလင်းဖုန်း ကို မေးလိုက်သည်။ “မင်း အခုကစလို့ ဒီအစ်မနဲ့ နေချင်လား?”
ဟဲလင်းဖုန်း တုံ့ဆိုင်းနေ၏။ တခြားသူအပေါ် ဝန်ထုပ်ဝန်ပိုးပေးမိမှာ စိုးမိပါ၏။
“ဒါပေမဲ့ သားအဖေ ပြသာနာရှာရင် ဘယ်လိုလုပ်မလဲ? သားတို့ ဘယ်လိုဖြေရှင်းကြမလဲ?” ဤအစ်မနှင့်လိုက်ချင်ပေမဲ့ အသံကျယ်ကျယ်မပြောရဲပါ။
ဤ၅နှစ်အရွယ် ကလေး က ဤမျှလောက်ထိ တွေးထားနှင့်သည်။
“သား စိတ်ပူဖို့ မလိုဘူး၊ သားအဖေ က အမှားတစ်ခုလုပ်ခဲ့တော့ ဖမ်းဆီးခံထားရပြီး ပညာပေးခံရလိမ့်မယ်၊ အချိန်အတိုင်းအတာ တစ်ခုအထိ သား ကို အနှောက်အယှက် ပေးမှာ မဟုတ်ဘူး"
ဟဲလင်းဖုန်း ဖြေးဖြေးချင်း ခေါင်းညိတ်၏။ ထို့နောက် ရှန်းဝေ သည် နောက်ဆုံးတွင် ဟဲလင်းဖုန်း အား အိမ်သို့မခေါ်ခင် အရာရှိထံမှ စာရွက်စာတမ်းအချို့ကို လက်မှတ်ရေးထိုးခဲ့သည်။
ဟဲလင်းဖုန်း က ရှန်းဝေ ကို ကြည့်လိုက်သည်။ “ကျဲ စိတ်မပူနဲ့နော်၊ နောင်မှာ သား ကျဲအတွက် ပိုက်ဆံအများကြီးရှာပေးမယ်!၊ သား အလကားမနေပါဘူး”
ရှန်းဝေ ပေါ့ပေါ့ပါးပါး ပြုံး၏။ “အိုကေ”
[#ဗီလိန်-နံပါတ်၁ ကို အောင်အောင်မြင်မြင်မွေးစားနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် ရှန်းဝေ၊ ဆု : အမဲသား၅ ကတ်တီ၊ နံရိုး ၁၀ ချောင်း၊ ခရမ်းချဥ်သီးစေ့ ၅ စေ့၊ ငွေသား ယွမ် ၁ သန်း၊ ဘောနပ်စ်ရမှတ်- ၁၀,၀၀၀]
အေးစက်စက် အီလက်ထရွန်နစ် အသံက ရှန်းဝေ ၏ စိတ်ထဲတွင် ပြောလာသည်။
ပင်မမစ်ရှင်တစ်ခုအတွက်၊ စနစ် သည် အလွန်ရက်ရောပြီး အမှတ်၁၀,၀၀၀ ကို တစ်ကြိမ်တည်း ချီးမြှင့်သည်။ ရှန်းဝေ သည် စောစောက စနစ် ပေးပို့ခဲ့သော ကမ်းလှမ်းချက်များကို စစ်ဆေးခဲ့သည်။
အားလုံးကို ဖတ်ပြီးသော်လည်း အဖြေမရသေး။
သူမကို ဘယ်သူကမှ ဆက်သွယ်လို့ မရသေးဘူး။
ယခု ဗီလိန်နံပါတ်-၁ ကို ပြန်လည်ခေါ်ဆောင်လာသော်လည်း ထောက်ပံ့ပို့ဆောင်ရေး အထောက်အကူပြုအဖွဲ့ကို မစုစည်းနိုင်သေးပေ။ ရှန်းဝေ အနည်းငယ် စိတ်ပျက်သွား၏။ - ဘာတွေဖြစ်နေတာလဲ?