no

Font
Theme

Chapter 34

အင်တာနက်အသုံးပြုသူများသည် တိုက်ရိုက်ထုတ်လွှင့်မှုအခန်း၏ ID ကို ကြည့်လိုက်ကြ၏။-မှန်ပါတယ်ဟ။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ လူများ သည် ရက်ပေါင်းများစွာ စောင့်ကြည့်နေကြလို့ ID နှင့် ရင်းနှီးပြီးသားဖြစ်သည်။ သို့သော် ရှန်းဝေမိဘတွေကို ပထမဆုံးအကြိမ် တွေ့ဖူးတာ ဖြစ်သည်။

ဤအခိုက်အတန့်တွင်၊ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ လူလတ်ပိုင်းအရွယ် အမျိုးသား က ပြောလာသည်။ “ကျွန်တော်က ရှန်းဝေရဲ့အဖေပါ။ ဒီကိုရောက်လာပြီး အားလုံးအတွက် ပေါင်မုန့်သေးသေးလေး လုပ်ပေးဖို့ ဒီကို ရောက်လာတာဖြစ်ပါတယ်”

"ပေါင်မုန့် က ဟိုးအရင်းက ပေါင်မုန့်အမျိုးအစားဖြစ်ပါတယ်၊ ငယ်ငယ်တုန်းကတော့ မတတ်နိုင်ခဲ့လို့ ဘယ်တော့ရနိုင်မလဲလို့ အမြဲတွေးခဲ့ဖူးတယ်"

"အသက်​တစ်​ခု​ရောက်​ရင်​ လိုချင်​တာရနိုင်​တာ ကျွန်တော် သိတယ်​!"

သူက ပရော်ဖက်ရှင်နယ်တင်ဆက်သူယောက်လို ကင်မရာရှေ့မှာ စကားစမြည်ပြောနေတယ်။

စနစ်က လှပသော filter ကိုအသုံးပြုထားခဲ့လို့ မျက်လုံးအောက်ရှိ အမဲစက်များကို ပျောက်ကွယ်သွားစေသည်။

[ရှန်းဝေလို သမီးလေးချောလေး ရှိကတည်း က အဖေရှန်း ဟာ ငယ်ငယ်က တော်တော်ချောရမယ်]

beauty filter အောက်တွင် သူသည် ပို၍ပင် သနားစရာကောင်းသည့်ပုံပေါက်ပြီး ယခင်ချောမောသောအသွင်အပြင်ကို ယောင်ဝါးဝါးမြင်နိုင်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်း သည် မကြာမီတွင် အသက်ဝင်သည်။

ယခင်က ကြည့်ရှုသူများသည် မှတ်ချက်ကဏ္ဍတွင် အချင်းချင်း စကားပြောဆိုမှုများ ရှိခဲ့သော်လည်း တိုက်ရိုက်ထုတ်လွှင့်မှုတွင် တုံ့ပြန်မှု သိပ်မရှိခဲ့ပေ။

သို့သော် ယခုတွင် အဖေရှန်း က ကြည့်ရှုသူများအား စိတ်အားထက်သန်စွာ တုံ့ပြန်သည်ကို တွေ့လိုက်ရသဖြင့် စိတ်လှုပ်ရှားသွားသည်။

[အန်ကယ် မုန့်လုပ်မှာလား?]

အဖေရှန်း က မေးခွန်းကိုဖတ်ပြီး "ဟုတ်ကဲ့၊ ပေါင်မုန့်နဲ့ ကွတ်ကီးလုပ်မယ်။ တခြား ဘာလိုချင်လဲ၊ ကျွန်တော် မသိတာမှန်သမျှ လုပ်နည်းကို သွားလေ့လာလို့ရတယ်”

ရှန်းဝေ က ချမ်းသာသော ဒုတိယမျိုးဆက်ဖြစ်ကြောင်း သိသိချင်းချင်း ကြည့်ရှုသူများ မှာ အံ့အားသင့်ခဲ့ကြရသည်။ ယခု တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက ဦးလေးသည် ပထမမျိုးဆက် သူဌေးဖြစ်ရမည်။

သူတို့စိတ်ထဲမှာတော့ ပထမမျိုးဆက် ချမ်းသာတဲ့ ကုမ္ပဏီ အမှုဆောင်တွေဟာ များသောအားဖြင့် ပြုံးခဲတယ် သို့မဟုတ် သန်းပေါင်းများစွာသော စကားစု ကို ပေါ့ပေါ့တန်တန်ပြောခဲ့သော အဆီပြန်သော အမျိုးသားများပင်။

သို့သော် ဤသည်မှာ ဖော်ရွေသော ရပ်ကွက်ဦးလေးကဲ့သို့ပင် စိတ်အားထက်သန်ပြီး တက်ကြွသော တစ်စုံတစ်ဦးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။

[ကျွန်တော်တို့ croissants, baguettes, napoleons နဲ့ ဒိုးနပ် လိုချင်တယ်]

အဖေရှန်း သည် အံ့ဩသွားသည်။ “ဒါတွေကဘာတွေလဲ?” ထို့နောက် သူ က ခေါင်းကုတ်ရင်း ပြောပြသည်။ “အန်ကယ် အဲဒါတွေ မကြားဘူးပေမယ့် စိတ်မပူပါနဲ့ ကလေးတွေအတွက် အန်ကယ် ‌လေ့လာနိုင်ပါတယ်!"

သူ သည် ကင်မရာဘေးတွင် လှုပ်ရှားစကားပြောနေသည်။ သူ့ဘေးမှ အမေရှန်း က ပြောလာသည်။ “မုန့်သွားလုပ်တော့”

"အိုး၊ အိုး၊ အိုး" အဖေရှန်း သည် အာရုံစူးစိုက်မှုကို ပြန်လည်ရရှိပြီးနောက် ဂျုံမှုန့်ကို စတင်ချိန်တွယ်ကာ အချိုးအစားအလိုက် ရောမွှေစက်ထဲသို့ နို့နှင့် ထောပတ်ထည့်ခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ကြည့်ရှုသူများသည် ဤအရာကိုမြင်သောအခါ အံ့အားသင့်သွားသည်- [အိုး အဆင့်၃ ဂျုံမုန့်သုံးနေတာပဲ]

အခြားသူများ နားမလည်မှာကို ကြောက်သဖြင့် ဤကြည့်ရှုသူ က ချက်ချင်း ပြောပြခဲ့သည်။- [ဒီဂျုံမှုန့် က တပေါင်ကို ယွမ်၆၀ကျော် ကုန်တယ်၊ အဆင့်မြင့်မုန့်လုပ်တဲ့အခါမှ သုံးကြတာလေ]

[အန်ကယ်က ပေါင်မုန့်လေး လုပ်ဖို့အတွက် ဒီပစ္စည်းကို သုံးနေတာလား၊ ဖြုန်းလိုက်တာနော်]

[တစ်ပေါင်ကို ယွမ် ၆၀၊ ငါ့မိသားစုရဲ့ ဂျုံမှုန့် က ၃ ယွမ်ထက် မပိုဘူး]

[ချမ်းသာတဲ့သူတွေက ဒီလိုပဲလား။ ငါ့ကလေးကို အဲမူကြိုကျောင်း ဆီ ပို့ချင်လိုက်တာနော်]

[အရင်သူဌေးတွေက သိုးမွေးရိတ်ပြီး ကြက်သွန်ဖြူရိတ်သိမ်းတာကိုပဲ ငါ တွေ့ဖူးတာ။ အနည်းဆုံးတော့ တစ်ခါလောက် မြည်းခွင့်ပေးပါ!]

[ဂျုံမှုန့် တစ်ပေါင်ကို ယွမ် ၆၀ နဲ့ လုပ်ထားတဲ့ မုန့် က ဘာအရသာလဲ သိချင်တယ်]

အဖေရှန်း က တော်တော်တက်ကြွ၏။ လူအများ မှတ်ချက်ပေးခြင်းကို မြင်လျှင် ဖန်သားပြင်ရှေ့ရှိ လူများနှင့် အပြန်အလှန် ပြောဆိုတက်သည်။– ‘အန်ကယ် ဒါတွေလုပ်ပြီးရင် မင်းတို့ဆီ ပို့ပေးမယ်လေ!"

တိုက်ရိုက်ထုတ်လွှင့်မှုအခန်း ရှိ လူတွေရဲ့ စိတ်အားထက်သန်မှုကို မြင်တော့ သူ နည်းနည်းရှက်သွားတယ်။

သူ အရင်က ဒီလောက်နာမည်ကြီးတာ မဟုတ်ဘူး။ သူ က ဟင်းချက်ရတာ ဝါသနာပါပေမယ့် စားမရတာတော့ အများကြီးပဲ။

သူတို့ မည်မျှ သဘောကျသည်ကို တွေ့ရတော့ ဝမ်းသာပီတိဖြစ်မိသည်။

သူ ပြောပြီးတာနဲ့ လူတွေက သူ့ကို "ချောမောသော ဦးလေး", ‘င့ါအင်တာနက်ဖေဖေ’ လို့တောင် ခေါ်လာကြတယ်။

အဖေရှန်း ဟာ ဤချစ်ခင်တွယ်တာမှုအဆင့်ကို တစ်ခါမျှမခံစားဖူးဘဲ မျက်နှာနီမြန်းသွားခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်မှုတွင် beauty filter ပါရှိသော်လည်း ယခုbeauty filterကတော့ အသွင်အပြင်၏ အားသာချက်များကို ချဲ့ထွင်ထားသည်။

သူ အရင်ကလို ချောမောတာကို လူတွေကို သိမ်သိမ်မွေ့မွေ့ ခံစားရစေတယ်။

"အဲဒါကို ဘယ်လိုလုပ်ရမလဲဆိုတာ နောက်မှ ထပ်လေ့လာပါ့မယ်။ ဒါက ကျွန်တော့်ရဲ့ ပထမဆုံး အကြိမ် တိုက်ရိုက် တိုက်ရိုက်ထုတ်လွှင့်မှုလေ။ မုန့်ပို့တဲ့ အကြောင်းအရာတွေကို နောက်မှ ပြောပြပါ့မယ်။"

ဗီဒီယိုအတိုပြုလုပ်ခြင်း၏ လှည့်ကွက်များကို သူ မလေ့လာရသေးဘူး

ထို့နောက် သူ မုန့်ထပ်လုပ်ပြန်သည်။

အဖေရှန်း သည် အိမ်မှာ အကြိမ်ကြိမ်မုန့်လုပ်ခဲ့ပေမဲ့ ဒီတခေါက် နည်းနည်းပူပန်နေသောကြောင့် သိပ်မကျွမ်းကျင်လှဘူး။ သို့သော် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ကြည့်ရှုသူများ က သူအသုံးပြုသည့် ပစ္စည်းအားလုံး သည် ထိပ်တန်းအမှတ်တံဆိပ်များဖြစ်ကြောင်း အလျင်အမြန် သတိပြုမိခဲ့ကြသည်။

ထောပတ်၊ ဂျုံမှုန့်နှင့် နို့တို့ ပါဝင်သည်။ အားလုံး က ထိပ်တန်းအမှတ်တံဆိပ်များဖြစ်သည်။

ထို့အပြင် အဖေရှန်း က မုန့်ပို့ပေးမည်ဟု ယခင်ကပြောခဲ့ဖူးသည်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် ကြည့်ရှုသူအရေအတွက်သည် ပုံမှန် ၁၀၀,၀၀၀ မှ ၁၅၀,၀၀၀ နီးပါးအထိ တိုးလာသည်။

အဖေရှန်း က ကြည့်ရှုသူများထံမှ မည်သည့်တောင်းဆိုမှုကိုမဆို ဖြည့်ဆည်းပေးမည့် အမျိုးအစားဖြစ်သည်။

မုန့်လုပ်ရာတွင် ခေါင်းငုံ့ထားရသောကြောင့် အဖေရှန်း က လုပ်လိုသည့်အတိုင်း မုန့် ကို အတိအကျလုပ်နိုင်ခဲ့သည်။

သူ င ကြည့်ရှုသူများနှင့် စကားစမြည်ပြောချင်ရုံသာဖြစ်သည်။

ထို့နောက် သူ အမေရှန်းကို ပြောလိုက်သည်။ "မင်း ဘာလို့အရင်မလုပ်တာလဲ၊ ကြည့်ရှုသူတွေရဲ့မေးခွန်းတစ်ချို့ကို ငါ ဖြေပေးမယ်။ သူတို့က အရမ်းစိတ်အားထက်သန်တာ”"

အမေရှန်း က ‘အိုကေ’ ဟု ပြောခဲ့သည်။

အဖေရှန်း က လျှောက်မရူပ်နေသောကြောင့် အမေရှန်း၏ အလုပ်က ပိုချောမွေ့ခဲ့တယ်။

"ဂေါက်ကစားတာထက် အများကြီးပိုကောင်းတယ်။ ဂေါက်ရိုက်တဲ့သူတွေက ကျွန်တော့်ကို အရင်က မထီမဲ့မြင်ပြုခဲ့တာမျိုး လုပ်ခဲ့ကြတယ်လေ၊ အင်တာနက်က ပိုကောင်းတယ်။"

သူ ဒီလိုပြောလိုက်တာနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ အားလုံး က အံ့သြသွားကြတယ်။- သူ ဘာကို ဆိုလိုတာလဲ။ သူ အနိုင်ကျင့်ခံခဲ့ရတာလား?

ကြည့်ရှုသူများထဲတွင် သာမန်အင်တာနက်သုံးစွဲသူများသာမက ဒေသတွင်းရှိ မိသားစုကြီးအချို့လည်း ပါဝင်သည်။

ပေါက်ကြားလာတဲ့ အတွင်းသတင်းတွေကို တစ်စုံတစ်ယောက် က ပြောပြလာသည်။- [ငါ သိတယ်၊ သူတို့မိသားစုက သူဌေးလက်သစ်တွေဖြစ်လို့ မြင့်မားတဲ့ လူ့အဖွဲ့အစည်းမှာ ကြိုဆိုမခံရဘူး]

ဒီသတင်းကိုကြားတော့ ပရိသတ်တွေ က မေးကြသည်။ [ဘာလို့ မကြိုဆိုကြတာလဲ?]

အဖေရှန်း က သူတို့အဖေလိုပါပဲ၊ အဖေရှန်း က အကောင်းမြင်လွန်းပေမယ့် အနိုင်ကျင့်ခံရတာကိုမြင်တော့ နည်းနည်းစိတ်မချမ်းမသာဖြစ်သွားခဲ့ကြသည်။

[အဲဒီလူတွေ ဘာဖြစ်နေတာလဲ?]

အဖေရှန်း၏ ပေါ့ပေါ့ပါးပါး မှတ်ချက်စကား သည် ကြည့်ရှုသူများ က ခုခံကာကွယ်ပေးကြမည်ဟု မမျှော်လင့်ထားပေ။ သူ က မြန်မြန်ပြောလိုက်သည်။ "အဲဒါက ငါဂေါက်ရိုက်ရတာ မကျွမ်းကျင်လို့ပဲ" သူ က သူတို့ကို စိတ်ငြိမ်အောင်ကြိုးစားတယ်။ ဘယ်သူ့ကိုမှ မစော်ကားချင်ဘူး။

သူ ဒီလိုလုပ်လေလေ၊ ပရိတ်သတ်တွေဆီက စာနာမှုပိုရလေဆိုတာ နည်းနည်းမှမသိခဲ့ပါပေ။

ရှန်းဝေ သည် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရင်း အဖေက ဒီလောက်နာမည်ကြီးမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။

သူ၏ဗျူဟာ က ရိုးသားမှုသာဖြစ်သည်။

ရိုးသားမှုဆိုတာ အင်တာနက်မှာ ရှိသင့်တဲ့ အရည်အချင်းတစ်ခု ဖြစ်သည်။

ကြည့်ရှုသူတွေကတော့ ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး။

အင်တာနက်ဖေဖေ အပါအဝင် သူ့ကို နာမည်မျိုးစုံနဲ့ ခေါ်ကြတယ်။

"ဒါက ဖခင်ဖြစ်လာတယ်လို့ ယူဆလို့လား?"

သူ သိပ်နားမလည်ဘူး။

ပွဲကြည့်ပရိသတ်များက ချက်ချင်းပင် သူ့ကို ပြောပြကြသည်။

ထို့နောက် အဖေရှန်း ရှက်သွားသည်ကို တွေ့လိုက်ရသည်။ “မဟုတ်ဘူး…မဟုတ်ဘူး… အဲလိုဆိုလိုတာ မဟုတ်ဘူး”

လူတိုင်း က သူ့ကို လိုက်လျောပေးရလို့ ပျော်ကြတယ်။

အချို့သောလူများကို မြဲမြံစွာမြင်နေရသော်လည်း အခြားကြည့်ရှုသူများကလည်း ပြောကြသည်။ [ထားလိုက်တာလေ၊ ဒါ အန်ကယ့်ရဲ့ပထမဆုံးအကြိမ် တိုက်ရိုက်ထုတ်လွှင့်မှုဆိုတော့ အင်တာနက်ရဲ့ချစ်ခြင်းမေတ္တာကို ခံစားရအောင်]

အားလုံး က ရယ်မောကြပြီး အကြောင်းအရာကို မေ့ပျောက်လိုက်ကြသည်။

ကြည့်ရှုသူများ၏မှတ်ချက်တွင် [အဖေရှန်း က သဘောကောင်းတယ်၊ ရှန်းဝေ က အလွန်လှပပြီး မိသားစုမှာ ဤမျှကြီးမားသောလုပ်ငန်းတစ်ခုရှိတယ်။ သားမက်ကို ရှာနေပါသလား? ဒီလူက တက္ကသိုလ်ကျောင်းသားလေးတစ်ယောက်ပါ]

အဖေရှန်း က ဒီမှတ်ချက်ကို ဖတ်ပြီး “ဒါပေမဲ့ ရှန်းဝေမှာ စေ့စပ်ထားသူ ရှိပြီးသား”

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသော ရှန်းဝေ တောင် ထိတ်လန့်သွားသည်။ ဒီအကြောင်းကို သူမ တစ်ခါမှ မကြားဖူးဘူး။

နောက်တော့ အဖေရှန်း က ပရိတ်သတ်များကို ရှင်းပြခဲ့သည်။ ယခင်က သူနှင့်သူငယ်ချင်းတစ်ဦးတို့သည် သားသမီးချင်း လက်ထပ်ပေးကြရန် စီစဥ်ပေးကြသော်လည်း နောက်ပိုင်းတွင် မိသားစုနောက်ခံများ ကွာခြားလွန်းသောကြောင့် ဖျက်သိမ်းခဲ့သည်။

ကြည့်ရှုသူများကလည်း ပြောကြသည်။-[ဒီခေတ်ကြီးမှာ လက်ထပ်ဖို့စီစဥ်ပေးတယ်လား? ခေတ်နောက်ကျနေနော်!]

အဖေရှန်း က ချက်ချင်းပြောလိုက်သည်။ “ငါတို့အားလုံး ငယ်ငယ်တုန်းက မိုက်မဲခဲ့တာပဲလေ!"

သူ စာ် အကြောင်းအရာကို ပြောင်းလဲချင်၏။

သို့သော် ကြည့်ရှုသူအားလုံးက ဤအကြောင်းအရာကြောင့် ဆွဲဆောင်ခဲ့ပြီး ရှန်းဝေ ၏ ရည်းစားဟောင်းမှာ မည်သူဖြစ်သည်ကို ဆက်လက်မေးမြန်းခဲ့ကြသည်။

အဖေရှန်း က အဲဒီအကြောင်းကို မပြောခဲ့ဘူး။

သူသည် သူငယ်ချင်းများကဲ့သို့ ပရိသတ်များနှင့် ပေါ့ပေါ့ပါးပါး စကားစမြည်ပြောဆိုခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို ကြည့်ရှုသူများ က သူ့အား ဆက်လက်ဖိအားပေးခဲ့သည်။

သူတို့ မသိသောအရာမှာ အများသူငှာအကောင့်တစ်ခုသည် တိုက်ရိုက်ထုတ်လွှင့်မှုတွင်ပါဝင်ပြီး စကားလုံးများကို ဗီဒီယိုအတိုအဖြစ် တည်းဖြတ်ခဲ့ကာ အွန်လိုင်းပေါ်တွင်တင်ခဲ့သည်။

ရှန်းဝေ၏စေ့စပ်သူဟောင်း၊ ကုချင်းရန် သည် ကုမိသားစု၏သခင်လေးတစ်ယောက်ဟု ချက်ချင်း ဖော်ထုတ်ခံခဲ့ရသည်။

ထို့နောက် သူတို့သည် သူ၏ဓာတ်ပုံများကို တူးဖော်ခဲ့ကြပြီး ကုမိသားစု၏သခင်လေး ဟာ ရုပ်ရည်ချောမောသည်ကို တွေ့ရှိခဲ့ကြသည်။ အရပ်ရှည်ကာ သေးသွယ်လှ၏။ အထူးသဖြင့် သူ့လက်များမှာ သိပ်ကိုလှပသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment