Chapter 5
ရှန်းဝေ က သူ့ကို နွေးနွေးထွေးထွေး ကြိုဆို၍ မီးဖိုချောင်ထဲသို့ ဦးဆောင် ခေါ်သွားခဲ့သည်။
ဒီဘက်ခြမ်း က မူကြိုအတွက်ဖြစ်ပြီး မီးဖိုချောင်ကောင်တာ သည် အလွန်ကျယ်၏။
စားဖိုမှူးလျို နည်းနည်းစိတ်လှုပ်ရှားနေတာကို မကြည့်နဲ့။ သူ မီးဖိုချောင်ထဲ ဝင်လိုက်တာနဲ့ သူ့အမူအရာ တစ်ခုလုံး ပြောင်းလဲသွားသည်။- နောက်ဆုံးတော့ သူက မီးဖိုပေါ်မှာ တွားသွားနေတာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီလေ!
သူ့အိမ်မြက်ခင်းပြင် ကို ရောက်တာနဲ့ အရာအားလုံးက မတူဘူး။
ရှန်းဝေ သည် အမဲသား၊ ခရမ်းချဥ်သီးနှင့် ဥများအပါအဝင် အစားအသောက်ပါဝင်ပစ္စည်းများကို ရေခဲသေတ္တာမှ တိုက်ရိုက်ယူဆောင်လာသည်။ သူမ သည် ပါဝင်ပစ္စည်းများကို ဝယ်ရန် အပြင်မထွက်ခဲ့ပါ။ ၎င်းတို့အားလုံးသည် စနစ် မှ ဆုများဖြစ်၏။
စားဖိုမှူးလျို က ပါဝင်ပစ္စည်းများကို ကြည့်ရှုပြီး ခရမ်းချဥ်သီးအမဲသားပြုတ်ဟင်းလျာနှင့် ကြက်ဥမွှေကြော်ကို ပြုလုပ်ရန် ပြင်ဆင်၏။
ပြင်ဆင်ချိန်မရှိသဖြင့် ဤရနိုင်သော ပစ္စည်းအနည်းငယ်မှသာလျှင် ရွေးချယ်နိုင်၏။
စားဖိုမှူးလျို က ဆီလောင်းပြီး အိုးကို အပူပေးကာ တိမ်တိုက်များကဲ့သို့ ချောမွေ့စွာ လှုပ်ရှားလျက် နေရာတိုင်း၌ မီးဖိုချောင်ကို သိမ်းပိုက်ခဲ့သော စားဖိုမှူးတစ်ဦး၏ လေကို သယ်ဆောင်လာခဲ့သည်။
မကြာမီပင် ဖော်မပြနိုင်သော ရနံ့တစ်ခု လွင့်ပျံလာသည်။ ကြက်ဥများကို သို့ကွဲစေပြီး မွှေ၏။ သွက်သွက်လက်လက် လှုပ်ရှားရင်း အိုးပေါ်သို့ ပစ်ချလိုက်၏။
ခရမ်းချဥ်သီးတွေကို အရင်ကြော်ပြီးမှ ကြက်ဥမွှေကြော်၏။ ဆားအနည်းငယ်ထည့်ပြီးနောက် ရှန်းဝေ ကို မြည်းစမ်းခိုင်းသည်။
အရသာ က အရမ်းကောင်းတယ်။
ရှန်းဝေ နှင့် ဟဲလင်းဖုန်း သည် ဤမျှမွှေးကြိုင်သော မည်သည့်အရာကိုမျှ မမြည်းစမ်းဖူးပေ။ ထို့နောက် ပြုတ်ထားသော အမဲသား၏ အနံ့သည် အိုးအနားမှ ထွက်ပေါ်လာခဲ့၏။
မကြာခင်မှာ ဒုတိယ ဟင်းလျာကို တည်ခင်း၏။ ရှန်းဝေ နှင့် စားဖိုမှူးလျို တို့ မြည်းစမ်းခဲ့ကြတယ်။
စားဖိုမှူးလျို က ဟင်းရနံကို ရူရိူက်မိသည်နှင့် ဟင်းပွဲက အပြစ်အနာအဆာကင်းမဲ့သည်ကို သိလိုက်၏။
သို့သော် သူ တကယ် မြည်းစမ်းလိုက်ရာ နည်းနည်းတော့ အံ့ဩမိ၏။
အမဲသား က နို့မွှေးရနံ့ဖြင့် နူးညံ့နေပြီး ခရမ်းချဥ်သီးများသည် နူးညံ့ပြီး ချိုမြိန်လှ၏။
အရင်က သူလုပ်ဖူးသမျှထက် ပိုအရသာရှိတယ်။
သူ့ရဲ့ အချက်အပြုတ်ကျွမ်းကျင်ရုံသာမက ဒီပါဝင်ပစ္စည်းတွေကလည်း အထူးကောင်းမွန်တယ်။
စားဖိုမှူးလျို လို လုပ်ရည်ကိုင်ရည်ရှိတဲ့ စားဖိုမှူးတစ်ယောက်အတွက် တွေးခေါ်မှုဟာ အလွန်သန့်ရှင်းပြီး ရိုးရှင်းသည်။ - အရသာရှိတဲ့ အစားအစာတွေကို သူလုပ်နိုင်သရွေ့ ကျေနပ်သူဖြစ်၏။
၃ ယောက်စလုံး ဟင်းပွဲတွေကို အပြီးသပ်ခဲ့ကြသည်။
စားသောက်ပြီးနောက် လူတိုင်းသည် ပျော်ရွှင်မှုနှင့် ကျေနပ်မှုကို ခံစားခဲ့ရသည်။
“မာစတာစားဖိုမှူးလျို၊ အဖွဲ့ကို ဖွဲ့စည်းထားတာ မကြာသေးပါဘူး။ လူဒါဇင်လောက်အတွက် အစားအသောက်တွေကို ကိုယ်တိုင် ချက်ပြုတ်ပေးနိုင်လား?”
အရင်တုန်းက စားဖိုမှူးလျို ဟာ ဟင်းချက်တာကို အာရုံစိုက်နေချိန် ကြိုတင်ပြင်ဆင်မှုမှာ ကူညီဖို့ လက်ထောက်တွေ အမြဲရှိခဲ့တယ်။ အသီးအရွက်ဆေးကြောခြင်းကဲ့သို့သော အမျိုးမျိုးသောအလုပ်များကို သူ မကိုင်တွယ်ခဲ့သည်မှာ ကြာခဲ့ပြီ။
သို့သော် သူ့တပည့်၏ သစ္စာဖောက်ခြင်းကို ခံခဲ့ရသောကြောင့် သူ၏ လုပ်ဖော်ကိုင်ဖက်ဟောင်းများကို ခေါ်ယူဖို့ တွန့်ဆုတ်နေခဲ့သည်။
ထို့အပြင် ရှန်းဝေ၏ လစာကမ်းလှမ်းချက်သည် အလွန်ရက်ရောသဖြင့် ဤအသေးအဖွဲအလုပ်များကို သူကိုယ်တိုင်လုပ်ဆောင်ရသည်ကို ကျေနပ်မိပြန်သည်။
"အန်ကယ် လုပ်နိုင်တယ်!"
ရှန်းဝေ ဝမ်းသာသွားသည်။
စနစ် လည်း ဝမ်းသာနေခဲ့၏။
ရှန်းဝေ၏စိတ်ထဲတွင် စနစ် က မီးရှူးမီးပန်းများ ပစ်လွှတ်နေလေသည်။ – [စားဖိုမှူးလျို အား အောင်အောင်မြင်မြင်ဖိတ်ကြားနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်၊ ယခု ဆုလက်ဆောင်ကို ရယူနိုင်ပါပြီ၊ ကြက်ဥ ၅ ပေါင်၊ သခွားသီး ၅ ပေါင်၊ အမဲသား ၅ ပေါင် အပြင် ဘောနပ်စ် ယွမ် ၁ သန်းနှင့် အမှတ် ၁၀,၀၀၀ ဖြစ်ပါတယ်]
ရှန်းဝေ သည် အရင်က ဈေးကို စုံစမ်းခဲ့ပြီး သော့ခတ်ထားသော ပစ္စည်းများစွာ ရှိပါသေး၏။
သို့သော် နောက်ထပ်ဈေးနေရာကို ဖွင့်ရန် အမှတ်-၅၀၀,၀၀၀ လိုအပ်သည်၊ ထို့ကြောင့်သူမ၏လက်ရှိအမှတ် ၃၁,၀၀၀ သည် အလွန်များပြားသောပမာဏာမဟုတ်သေး။
သို့သော် စနစ် က ငွေနှင့်ပတ်သက်လျှင် အလွန်ရက်ရောပါ၏။
ဒီလို ရက်ရောတဲ့ စနစ် နဲ့ ဆက်ဆံရတာကို သူမ သဘောကျတယ်။
ဒီကိုမလာခင် စားဖိုမှူးလျို က ကျယ်ဝန်းတဲ့ ဧရိယာတွေနဲ့ ရက်ရောတဲ့ လစာကမ်းလှမ်းမှုတွေကို မြင်ခဲ့ပြီး ဒါဟာ အထူးခမ်းနားတဲ့ မူကြိုဖြစ်ရမယ်လို့ ထင်ခဲ့တယ်။
သို့သော် ရောက်ရောက်ချင်းမှာတော့ ဝန်ထမ်းတစ်ယောက်နဲ့ ကျောင်းသားတစ်ယောက်ပဲ ရှိတာကို တွေ့ရတယ်။
စားဖိုမှူးလျို သည်လည်း အဖိုးတစ်ဦးဖြစ်ပေသည်။ ကလေးက ဘယ်လောက်ပိန်လဲ ဆိုတာ မြင်တော့ သူ လက်မခံနိုင် ဖြစ်ခဲ့၏။ စားဖိုမှူးတစ်ယောက်ရဲ့ အကြီးမားဆုံး အိပ်မက်က လူတိုင်း အား ဝဖြိုးစေကာ ကောင်းကောင်းကျွေးမွေးဖို့ပင် ဖြစ်ချေသည်။
သူ သည် ဟဲလင်းဖုန်း အား တစ်နေ့လျှင် အစာသုံးနပ် ကျွေးမွေးပြီး ဖြစ်နိုင်သမျှ အတိုဆုံးအချိန်အတွင်း ဝဖြိုးရန် ချက်ချင်း လုပ်ဆောင်ခဲ့၏။
တခြားတာဝန်များအတွက် ရှန်းဝေ သည် စားဖိုမှူးလျို အား သူတို့ဟာ ကနဦးအဆင့်မှာ ရှိသေးသောကြောင့် သူ က ဂိတ်တာဝန်နှင့် စာရင်းကိုင်တာဝန်ယူရဦးမည်ဟု ပြောပြခဲ့သည်။
စားဖိုမှူးလျို သည် ယခင်က မီးဖိုချောင်နောက်ဖေးတွင် အမြဲနေခဲ့ပြီး ဦးထုပ်များစွာ ၀တ်ရမည့်နေ့ကို စိတ်ကူးမယဥ်ခဲ့ဖူးခဲ့။
ကံကောင်းထောက်မစွာဖြင့် ရှန်းဝေ က ရက်ရောပြီး ပါဝင်ပစ္စည်းများ ကို မည်သည့်နေရာတွင် ဝယ်ယူခဲ့သလဲ မသိသော်လည်း အားလုံးမှာ အထူးအရသာရှိသည်။
ယင်းက လက်ရှိအချိန်တွင် စားဖိုမှူးလျို ၏ စိုးရိမ်ပူပန်မှုကို စိတ်ချစေသည်။
ထိုညနေတွင် စားဖိုမှူးလျို အိမ်ပြန်ရောက်သောအခါ အချိန်အတော်ကြာ သူ့အား စောင့်ဆိုင်းနေသည့် ဇနီး က မေးသည်။ “ဘယ်လိုလဲ? အလုပ်ရလာလား?"
စားဖိုမှူးလျို သည် များများပြောဆိုမိလျှင် သူ့ဇနီး စိတ်ပူမှာ စိုးပြီး ရိုးရှင်းစွာ ပြောခဲ့သည်။ “အားလုံး အဆင်ပြေတယ်”
နောက်တစ်နေ့တွင် သူ သည် မူကြိုကျောင်း သို့ စောစောသွားခဲ့သည်။ မီးဖိုချောင်ထဲရောက်တာနဲ့ သခွားသီးကိုမြင်ပြီး သခွားသီးအတုံးလေးတွေ အရင်ကြော်၏။ သခွားသီးကြော်၏ အနံ့သည် ဆယ်မီတာအကွာသို့ ပျံ့လွင့်သွားသည်။
စားဖိုမှူးလျို သည် မနေ့က အိပ်မက်မက်နေတယ်လို့ ထင်ခဲ့ပေမယ့် ဒီနေ့တော့ အိပ်မက်မဟုတ်မှန်း သိသွားတော့သည်။
ဒီမှာ သူချက်ပြုတ်ထားတဲ့ အစားအစာတွေက တခြားနေရာတွေထက် အရသာပိုကောင်းတယ်။
နံနက်ခင်းတွင် ရှန်းဝေ နှင့် ဟဲလင်းဖုန်းတို့ ဗိုက်အပြည့်ပင် စားသောက်ခဲ့လေ၏။
စားဖိုမှူးလျို ကို ပါဝင်ဖို့ ဖိတ်ခေါ်လိုက်သည် မှာ ရှန်းဝေရဲ့အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ပင် ဖြစ်နေခဲ့၏။