no

Font
Theme

Chapter 13

ဘယ်သူ ကြောငြာပေးခဲ့ပြန်ပြီသလဲ မသိ။

ယခု သူမ သည် နေ့တိုင်း စိတ်ထဲတွင် ဂုဏ်သတင်းအသစ်များ ရရှိခဲ့သည်ကို မြင်နိုင်ခဲ့ပြီး အမှတ်10,000 ဖြင့် လဲလှယ်နိုင်ခဲ့၏။

စနစ်က သူမ အား ယွမ် ၁သန်း၊ အမဲသား ၅ ပေါင်၊ ဟင်းသီးဟင်းရွက် ၅ ပေါင်နှင့် သခွားစေ့ ၄၀ တို့ကို ဆုချီးမြှင့်ခဲ့တယ်!

ရှန်းဝေ ယခုအချိန်တွင် ပို၍ပင် စိတ်အားထက်သန်လာသည်။

နေ့တိုင်း ကလေးတွေနဲ့ အတူကုန်ဆုံး၊ ကလေးဆန်တဲ့ ပြောဆိုသံတွေကို နားထောင်ရင်း နို့နံ့မွှေးပျံ့တဲ့ ကလေးတွေကို နမ်းရှုံ့ခဲ့၏။

ပြေးတာ၊ ခုန်တာ၊ ရယ်မောသံလေးတွေက တကယ်ကို သက်သာရာရစေတယ်။

သူမတင်မက စားဖိုမှူးလျို လည်း အားလပ်ချိန်တွေမှာ ကလေးတွေကစားတဲ့ ကစားကွင်းကို ကြည့်ရတာ သဘောကျတယ်။

ဒီမှာအလုပ်လုပ်ရတာ အရမ်းစိတ်ချမ်းသာတယ် လို့ ပြောခဲ့၏။

သို့သော်ပညာရေးကျွမ်းကျင်သူ၊ ဝမ်လန် က ရှန်းဝေနှင့် တစ်ခုခုဆွေးနွေးဖို့ ချဥ်းကပ်ခဲ့၏။

“ဘာများလဲ?”

ထို့နောက် ဝမ်လန် သည် အလုပ်မှတ်တမ်းရေးထားသော မှတ်စုစာအုပ်ငယ်ကို ထုတ်ကာ ရှန်းဝေ ထံ ပေးလိုက်၏။

တယ်။

အဲဒီကာလမှာ သူမဟာ အလုပ်များစွာ လုပ်ခဲ့၏။ ကလေးတိုင်းကိုလည်း သေချာလေ့လာခဲ့၏။

ကလေးများ၏ နေထိုင်မှု အလေ့အထ၊ ကြီးထွားမှု အတွေ့အကြုံများနှင့် စိတ်ကြိုက်အရာများ ပါဝင်သည်။

ရက်အနည်းငယ်အတွင်းမှာပင် ရှန်းဝေ အံ့သြသွားသည်။

ရှန်းဝေ သည် ဖတ်ရူလေလေ သဘောကျလာပြီး ဝမ်လန် ကို ငှားရမ်းတာက တကယ်ကို တန်သည်ဟု တွေးမိတော့သည်။

ပညာရေးကျွမ်းကျင်သူတစ်ဦးသည် ကြွယ်ဝသော သီအိုရီအခြေခံအုတ်မြစ်ရှိရုံသာမက အသေးစိတ်အချက်အလက်များအတွက် လုံလောက်သော စိတ်ရှည်သည်းခံမှုနှင့် အာရုံစိုက်မှုလည်း လိုအပ်လှသည်။

အမှန်တော့ ပရော်ဖက်ရှင်နယ် ဆိုတာ ပရော်ဖက်ရှင်နယ် ဆန်ဆန်အလုပ်လုပ်ကိုင်တက်ခြင်းပင်။

ဝမ်လန် သည် ရှန်းဝေထံမှ အဆုံးမရှိသော ချီးမွမ်းခြင်းကို ခံရသောအခါ ရှက်လာပေမဲ့ သူမ၏ ရည်ရွယ်ချက်ကို မမေ့ခဲ့ပေ။

ဒီတခေါက် သူမ၏အလုပ်နှင့်ပတ်သက်လို့ သတင်းပို့ရန် ရောက်လာရခြင်းဖြစ်၏။ “ဟဲလင်ဖုန်းနဲ့ပတ်သက်လို့ ကြည့်ပေးပါ!”

“ဒီကလေး ဟာ အမြဲတမ်းလူမှုဆက်ဆံရေး ညံ့ဖျင်းသလို အထီးကျန်ဆန်တယ်၊ ပြုံးခဲပြီး စိတ်ပိုင်းဆိုင်ရာ ခုခံကာကွယ်မှုက ပြင်းထန်တယ်”

ရှန်းဝေ က ဟဲလင်းဖုန်းကို မွေးစားခဲ့သည်ကို သူမ သိပါ၏။ ကလေးလေး ကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်အတွက် စိတ်မကောင်းဖြစ်မိ၏။

သို့သော် ငယ်ရွယ်သော ကလေးတစ်ဦး မှ စိတ်ပိုင်းဆိုင်ရာ ပြဿနာအချို့ ပြသသည်နှင့် ချက်ခြင်းကြားဝင်ရန် လိုအပ်သည်။

ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာသည်နှင့် တပြိုင်နက်သူ၏ ကြီးကောင်ဝင်စအရွယ် တစ်ခုလုံး သို့မဟုတ် ဘဝတစ်ခုလုံးကိုပင် ထိခိုက်စေနိုင်သည်။

ထိုသို့သောစကားများသည် သာမန်ကျောင်းသားမိဘများအတွက် ထိတ်လန့်စရာဖြစ်ပြီး လှောင်ပြောင်ခြင်းပင် ခံရနိုင်သော်လည်း ရှန်းဝေ ကတော့ ထူးခြားထင်ရှားလှ၏။

"နားလည်တယ်"

ရှန်းဝေ ဘာနားလည်မှန်းမသိပေမဲ့ ဝေလန် နည်းနည်းစပ်စုချင်၏။ သူမ အလုပ်ကိုတင်ပြပြီးနောက် ထွက်လာခဲ့သည်။

ရှန်းဝေ က ဟဲလင်းဖုန်းကို ခေါ်၍ မေးလိုက်၏။ “ဒီမှာ သား အဆင်ပြေရဲ့လား?”

အနာဂတ်ကွန်ပြူတာ ပါရမီရှင်၊ ဟဲလင်းဖုန်း က အလွန်သတိထား၍ ပြောလာသည်။ “သား ဒီမှာ ကောင်းကောင်းလုပ်နေပါတယ်”

“သားအတွက် အစ်မမှာ အလုပ်တစ်ခုရှိတယ်၊ ပြီးမြောက်အောင် လုပ်ပေးနိုင်မလား?”

သူ့အကြည့်များ က ချက်ချင်းပင် ဆုံးဖြတ်ချက်ပြည့်ဝနေ၏။ “သား လုပ်နိုင်တယ်” ဟု ဟဲလင်းဖုန်း က ကျယ်လောင်စွာ ပြောခဲ့သည်။

ရှန်းဝေ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူမ ဟာ အွန်လိုင်းတွင် တစ်နာရီလျှင် ယွမ် ၂၀၀ လစာပေးရသော တက္ကသိုလ်ကျောင်းသား ကျူရှင်ဆရာတစ်ဦးကို တွေ့ရှိခဲ့သည်။

ဟုတ်ပါသည်။ ဟဲလင်းဖုန်း က လူမူဆက်ဆံရေးမဲ့တာ သူမ သိပါ၏။

သူသည် ပါရမီရှင်တစ်ဦးဖြစ်ပြီး သာမာန်လူများကြားတွင် ပါရမီရှင် ကို ထားရှိခြင်းသည် သူ့အတွက် အမှန်တကယ်ပင် ခက်ခဲပေလိမ့်မည်။

သူ၏အနာဂတ်လမ်းကြောင်းသည် ပိုမိုကျယ်ပြန့်လာပြီး သူ့အတွက် ပလက်ဖောင်းတစ်ခုတည်ဆောက်ရန် စီစဥ်ထားသည်။

ရှန်းဝေ မှ ကျုရှင်အလုပ်အော်ဒါအား ပလပ်ဖောင်းပေါ် တင်လိုက်သည်နှင့် ထိုအော်ဒါ အား ချက်ချင်းကိုပင် လုယူသွားခဲ့ကြသည်။

ရှန်းဝေ သည် ကျုရှင်အလုပ် အား ဖမ်းဆုပ်သူ၏ အရည်အချင်းများကို စစ်ဆေးခဲ့၏။ ထိုဆရာ တွင် အိမ်တွင်းကျူရှင်များအတွက် 99% အပြုသဘောဆောင်သော အဆင့်သတ်မှတ်ချက်ရှိပေသည်။

သူ သည် တက္ကသိုလ် မှ ထိပ်တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီး၊ အထက်တန်းကျောင်းသားစာမေးပွဲရမှတ်600 ကျော်ကိုပင် ပူးတွဲတင်ထားခဲ့၏။

ထိုအချိန်တွင် ရှန်းဝေ၏ လိုအပ်ချက်မှာ မူလတန်းကျောင်းအဆင့်မှ စတင်၍ သင်ကြားခြင်း သာ ဖြစ်ပေသည်။

...

ရှန်းဝေ မှ ကျုရှင်အလုပ်အား ပေါ့ပေါ့တန်တန် ပို့စ်တင်ခြင်းဖြင့် ကျူရှင်ပလက်ဖောင်း၏တရားဝင်အဖွဲ့တွင် ရုတ်ရုတ်သဲသဲဖြစ်သွားသည်ကို မသိခဲ့ပါ။

အဖွဲ့ထဲမှာ လူတွေက ချက်ချင်း စကားစမြည်ပြောကြတယ်- [ဝိုး၊ မင်းတို့အားလုံး ဒီအလုပ်ခေါ်စာကို တွေ့ကြပြီလား? လျှပ်စီးလက်မြန်တဲ့ လက်က ဘယ်သူလဲဟ?]

[အနှစ်၂၀ ကြာ တစ်ကိုယ်ရေသမားတစ်ယောက်ရဲ့ လက်အရှိန်ပဲ ဖြစ်ရမယ်။ အလုပ်ခေါ်စာမဖြုတ်ချခင် ကြည့်ဖို့ အခွင့်အရေးတောင် မရခဲ့ဘူး]

[တကယ်ပဲ၊ တစ်နာရီ ယွမ် ၂၀၀ လားဟ]

[ငါလည်း အဲလိုငွေတွေ လိုချင်တယ်လေကွာ]

ဤပလက်ဖောင်းပေါ်တွင် တက္ကသိုလ်ကျောင်းသား အများအပြားသည် ကျူရှင်အလုပ်များကို ကောင်းမွန်သော ကဏ္ဍတစ်ခုအဖြစ် ရယူခဲ့ကြသည်။ ပေါက်တတ်ကရအလုပ်တွေ တင်ကြတာလည်းရှိ၏။

စံနှုန်းထားများကို ပို့စ်တင်သူကိုယ်တိုင် သတ်မှတ်ရပြီး အများစုမှာ တစ်နာရီလျှင် ယွမ် ၃၀ ဝန်းကျင် ဖြစ်၏။

တစ်နာရီလျှင် ယွမ် ၅၀ သည် အတော်လေး ခက်ခဲနေပြီဖြစ်ပြီး တစ်နာရီလျှင် ယွမ် ၁၀၀ တောင် အလွန်ရှား၏။ ယခုမူကား တစ်နာရီ ကို ယွမ် ၂၀၀လေ!

၎င်းသည် မူလတန်းကျူရှင်အတွက်၊ လက်တွေ့အားဖြင့် အလကားရသောငွေရှာခြင်းကဲ့ သို့ဖြစ်သည်။

ထို့နောက်တွင် ID-စုကျင်း နာမည်ရှိသော တစ်စုံတစ်ယောက် ပေါ်လာခဲ့၏။ [Sorry၊ အဲ‌အလုပ်ခေါ်စာကို ငါ ယူလိုက်မိတယ်ကွာ!” သူ သည် အလုပ်ခေါ်စာလက်ခံခြင်းစာကို တင်ခဲ့လေ၏။

ဒါကိုမြင်တော့ လူတိုင်း ပိုလို့တောင် ခါးသီးကြသွား၏။

သူတို့ ဘာကြောင့်များ ဒီလိုကံကောင်းမှုတွေနဲ့ မကြုံခဲ့ရတာလဲ?

အုပ်စုရှိ ကျူရှင်ဆရာများထံမှ စူးစူးဝါးဝါးပြောသံကိုကြားတော့ တက္ကသိုလ်အဆောင်မှ စုကျင်း ဟာ မနေနိုင်ပဲ ရယ်မောနေခဲ့သည်။ သူ သည် သူ့အခန်းဖော် အား သူ ပိုက်ဆံရှာတော့မည် ဆိုကတည်း က ဒီည သူ ဧည့်ခံမည်ဟု ပြောခဲ့သေးသည်။

စုကျင်း ဟာ မူလတန်းကျောင်းသား အား တစ်နာရီလျှင် ယွမ် ၂၀၀ နှုန်းဖြင့် ကျူရှင်ပေးမည်ကို ကြားသိရသောအခါတွင် သူ့အတန်းဖော် က မနာလိုဖြစ်နေသည့်အကြည့်ဖြင့် ကြည့်ကာ ကောင်းကောင်းစားသောက်မှာ ဟု ပြောခဲ့သည်။

“ကိစ္စမရှိဘူး!" ထို့နောက် သူ သည် ပြန်လည်သုံးသပ်ရန် ပြင်ဆင်ထားသည့် သင်ခန်းစာများကို ထုတ်ယူခဲ့သည်။

မိဘ က ကျူရှင်ဆရာနှုန်းထားအတိုင်း တစ်နာရီ ယွမ် ၂၀၀ ပေးဆောင်ရန် ဆန္ဒရှိသောကြောင့် မိဘ၏မျှော်လင့်ချက်မှာ အလွန်မြင့်မားနေမည်ဖြစ်သည်။

မူလတန်းအဆင့် အလွန်ရိုးရှင်းသော်လည်း ကြိုတင်ပြင်ဆင်ထားရပေမည်။

နောက်တစ်နေ့တွင် ချိန်းထားသည့်အချိန်သို့ ရောက်လာပြီး 'ကြယ်ကောင်းကင်မူကြိုကျောင်း' ဟုခေါ်သည့် နေရာတစ်ခုကို တွေ့ရှိခဲ့သည်။

သူဝင်လိုက်သည်နှင့် တပြိုင်နက် ထူးထူးခြားခြား သင်းရနံ့အနံ့တစ်မျိုးကို ရ၏။

အဆောင်ထဲမှာ ထမင်းစားပြီးပေမဲ့ အဲဒီရနံ့ကို ရှူရှိုက်ရင်း ဗိုက်က ဆာလောင်မွတ်သိပ်စွာ အော်ဟစ်နေခဲ့တယ်။

ရှန်းဝေ သည် ၁၀မိနစ်လောက် စောင့်နေခဲ့သည်။ “ဟယ်လို၊ မင်း က ဆရာစုကျင်း ဖြစ်ရမယ်”

စုကျင်း က ချက်ချင်း ယဥ်ယဥ်ကျေးကျေး ခေါင်းညိတ်၏။ “ဟုတ်ပါတယ်၊ ကျွန်တော်ပါ!”

“ကျွန်မ က ဝက်ဘ်ဆိုဒ်မှာ အလုပ်ခေါ်စာတင်ထားသူပါ၊ ကျေးဇူးပြုပြီး ကျွန်မကျောင်းသားကို ကူညီပေးပါဦး"

"ပြဿနာမရှိပါဘူး"

သူ အထဲကို လျှောက်သွားရင်း စုကျင်း ရဲ့ နှလုံးသားက မရေမတွက်နိုင်အောင် နစ်မြုပ်သွားတယ်။

တစ်နာရီလျှင် ယွမ် ၂၀၀ နှုန်းသည် အံ့သြစရာမဟုတ်ပေ။ ကျူရှင်သည် မူကြိုကျောင်းသားတစ်ဦးအတွက် ကျူရှင်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်းမရှိသောကြောင့် အမှန်တကယ် မြင့်မားသောလစာမဟုတ်။

သူ မေးချင်ပေမယ့် ဘယ်လိုလုပ်ရမလဲမသိဘူး။

အတွင်းပိုင်းထဲသို့ ပိုဝင်ရောက်လေလေ အနံ့က ပိုပြင်းလာတယ်။

ရှန်းဝေ ပြောပြသည်။ “မင်း နေ့လည်စာမစားရသေးဘူးမလား? ကျွန်မတို့မီးဖိုချောင်က ကိုယ်တိုင်ယူကန်တင်းတစ်ခု လုပ်ဆောင်နေပါတယ်၊ စိတ်မရှိရင် အဲဒီမှာ အခမဲ့ထမင်းစားသွားပါ”

စုကျင်း ချက်ချင်း သဘောတူလေသည်။ “ဟုတ်ကဲ့၊ ကျွန်တော် နည်းနည်းလောက် စားသွားမှာပါ”

ဝင်လာသောအခါ သူ့မျက်လုံးတွေ မယုံနိုင် ဖြစ်သွား၏။

သရက်သီး၊ နာနတ်သီး၊ ချယ်ရီသီးတွေကို အခွံနွှာထားပြီး သူ ဝယ်မစားနိုင်သည့် ဈေးကြီးသည့် ဒူးရင်းသီးတောင် ရှိသည်။ သို့သော် အခမဲ့ထောက်ပံ့ပေးထားတာဖြစ်၏။

သူက ဒူးရင်းကို ကြိုက်ပြီး တစ်ခြမ်းယူလိုက်ရင် အရမ်းများမလားလို့ တွေးမိတယ်။

သူ တချို့ကိုတော့ အရင်မယူချင်ပါ။ နောက်ကျ အွန်လိုင်းပေါ်မှာ ‘ကျုတာ က ငါ့မိသားစုရဲ့ဒူးရင်းသီး ကို စားသွားခဲ့တယ်’ လို့ ဝေဖန်ခဲ့ရင် ဘယ်လောက်တောင် ရှက်ဖို့ကောင်းလိုက်မလဲ!

စုကျင်း သူကိုယ်တိုင် ထိန်းထားသော်လည်း ဟင်းပွဲများကို မြင်သောအခါ ထိန်းမရတော့ပေ။

ငရုတ်သီးစိမ်း၊ ငရုတ်သီးအနီနဲ့ ချက်ပြုတ်ထားသည့် အမဲသားအရွတ်ကြော် ရှိ၏။ - ‘ထမင်းနဲ့တွဲစားရင် သိပ်ကောင်းမှာ’

ခရမ်းချဥ်သီးကြက်ဥစွပ်ပြုတ်၊ အာလူးပါးပါးကင်၊ ငါးပေါင်း၊ အခြားမွှေကြော် ဟင်းသီးဟင်းရွက်များများအပါအဝင် စုစုပေါင်း ဟင်း၈ မျိုး နှင့် ဟင်းရည် ၁ မျိုး။ ဟင်းပွဲတိုင်း သည် စွဲမက်ဖွယ်ကောင်းသော ရနံ့များ ထွက်ပေါ်လျက်ရှိ၏။

အားလုံးက သူ့အကြိုက်ဆုံး ဟင်းပွဲတွေဖြစ်ပြီး အသီးအနှံတွေနဲ့တွဲလိုက်ရင် နားမလည်နိုင်တဲ့ ပျော်ရွှင်မှုတွေက သူ့အပေါ်ကို လွှမ်းခြုံသွားလေ၏။

ထို့နောက် ပန်းကန်ပြားတစ်ချပ်ကို ကိုင်ကာ ထည့်၍ အနည်းငယ် ကိုက်လိုက်၏။

ပထမဆုံး ကိုက်လိုက်သောအခါ အနံ့အသက်ကြောင့်ပါ မင်သက်သွား၏။

ဒီနှစ်မှာ သူ စားသည့်အကောင်းဆုံးအစားအစာက မူကြိုကျောင်းရှိ ကန်တင်းမှာ ဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။

အဆုံးတွင် သူ သည် အရာအားလုံးကို စားသောက်ပစ်ခဲ့သည်။

ပါးစပ်ထဲက အစာကို မမြိုချခင် နောက်တကြိမ် အစာကို သွင်းပြီးသားဖြစ်နေ၏။ မဟုတ်ဘူး၊ အရသာရှိလွန်းတယ်- တစ်ကိုက်တောင် လွဲချော်သွားရင် ဆုံးရူံးမှုကြီးပဲ။

အားလုံးပြီးသွားတော့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ မတင်ရသေးတာကို သတိရသွားတယ်။

ဒါကို သူ့အဆောင်နေဖော်တွေ မြင်ရင် မနာလိုဖြစ်လွန်းလို့ ငိုကြလိမ့်မယ်။

သို့သော် ‘ပန်းကန် အား အပြောင်ရှင်းခြင်း စစ်ဆင်ရေး’မှာ အောင်မြင်ခဲ့လွန်း၏။ ထိုအတွေးကို တွေးရင်း စားသောက်နေသည်ကို အဆုံးသတ်ခဲ့သည်။

အဆုံးတွင် နာနတ်သီး ၂ တုံး နှင့် သရက်သီး ၂တုံးကို ယူ၍ ထွက်လာခဲ့၏။

သူ တောင့်မခံနိုင်တော့ပဲ သူ့လက်များအား ဒူးရင်းနယ်မြေဆီသို့ လက်ဖြန့်လိုက်၏။ ဒူးရင်းစားရန်အတွက် သူတို့ ဟာ တွေးတွေးဆဆဖြင့် ခံတွင်းရှင်းဆေးရည်ကိုလည်း ပြင်ဆင်ပေးထားကြသည်။

ကိုက်လိုက်သည်နှင့် အသားက နူးညံ့ပြီး ချိုသည်။

ဒီတစ်နပ်တည်း စားရုံနဲ့ ယွမ် ၂၀၀ တန်တယ်။

စုကျင်း သည် စားသောက်ပြီးသောအခါ အတန်းတစ်တန်းကို သင်ကြားပေးရန် ဆုံးဖြတ်လိုက်တော့သည်။ သူ စိတ်မရှိတော့ဘူး။ ပြောရရင် သူတို့ကျောင်းက အစားအသောက်ကို စားခဲ့သည်။

စုကျင်း စားသောက်ပြီးနောက် ဝမ်းသာအားရ ထွက်လာတယ်။

သူ့ကိုယ်ရေးရာဇဝင်ကို ဤနေရာ မှာ တင်ပြလိုခဲ့သည်။ သူ နေ့တိုင်း ဒီမှာ လုပ်နိုင်ရင် ကောင်းမယ်။ သူတို့ သူ့အား ငှားမလား သိချင်နေမိတော့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment