no

Font
Theme

Chapter 24

'ကြယ်ကောင်းကင်မူကြိုကျောင်း' ရှိ မမျှော်လင့်ထားသော ပြောင်းပြန်လှန်မှု ကို မည်သူမျှ မြင်ယောင်ကြည့်လို့မရခဲ့ဘူး။

ရှန်းဝေ သည် ပြသာနာကို စတင်ခဲ့သူ ရှန်းချင်းချင်းကို လုံးဝမေ့မထားခဲ့ဘူး၊ ရှန်းချင်းချင်း၏အထောက်အထား အချက်အလက်ကို ရယူရန် ဗီဒီယိုကို ရယူခဲ့ပြီး ရှေ့နေတစ်ဦးကို တိုက်ရိုက်ရှာသွားခဲ့ပြီး ဦးစွာ ချက်ချင်းတရားစွဲဆိုခဲ့သည်။

ရှန်းဝေ သည် အခွင့်အာဏာ အပြည့်ရှိသော ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့တယ်။

ရှေ့နေ က အစစအရာရာ ဂရုစိုက်ပေးတဲ့အတွက် အပြင်ထွက်စရာမလိုခဲ့ဘူး။

ထိုနေ့တွင် ရှန်းချင်းချင်း သည် တရားရုံးဆင့်ခေါ်စာတစ်စောင်ကို လက်ခံရရှိခဲ့သည်။ သူမ ကြောက်လာသည်။

သို့သော် ရှန်းဝေ၏ကိုင်တွယ်မှုက ထိုနေရာမှာ မရပ်ခဲ့ဘူး။ ရှန့်ချင်းချင်း မှ သရုပ်ဆောင်ရတာ နှစ်သက်ကတည်းက ပို့စ်တင်ရန် အွန်လိုင်းပေါ်က တစ်စုံတစ်ယောက်ကို ချက်ချင်း ငှားရမ်းခဲ့၏။

မကြာခင်မှာပဲ ရှန်းဝေရဲ့ အရင်းနှီးဆုံး သူငယ်ချင်းလို့ ပြောလာတဲ့ လူတစ်ယောက်က ပြောလာခဲ့တယ်။

[ဒါကို ငါတကယ်စိတ်ကုန်နေပြီ။ ငယ်ငယ်ကတည်းက ငါ့သူငယ်ချင်းရဲ့ညီမ က ငါ့သူငယ်ချင်းနဲ့ ပြိုင်ဖို့ အမြဲကြိုးစားတယ်။ ငယ်ငယ်တုန်းကတော့ အဆင်ပြေကြပေမဲ့ အခု ငါ့သူငယ်ချင်းက အရမ်းအောင်မြင်နေတဲ့မူကြိုကျောင်း ကို ဖွင့်နေပြီ၊ ဒါကို သူမ က မခံမရပ်နိုင်ဖြစ်ပြီး တိုက်ရိုက်ပဲ ဆဲဆိုခံရဖို့ စတင်လုပ်ခဲ့ဆောင်ခဲ့တာ! အာရုံစိုက်ခံရဖို့ လုပ်ပေးတဲ့အတွက်၊ ယူဆောင်ပေးတဲ့အတွက် ငါ့သူငယ်ချင်းအတွက် တကယ်ပဲ သူမကို ကျေးဇူးတင်တယ်! ငါ့သူငယ်ချင်းလည်း သူမကို တရားစွဲပြီးပြီ၊ စောင့်ကြည့်လိုက်ရအောင်]

ဤသည်မှာ သာမန်စကားတခွန်းသာ ဖြစ်၏။

သို့သော် ပါ၀င်သည့် အချက်အလက်နှစ်ပိုင်းသည် အလွန်အရေးကြီးသည် - မူကြိုကျောင်းအကြောင်း၊ တခြားတစ်ခုမှာ ညီအစ်မများ ရန်ဖြစ်နေကြခြင်း အကြောင်း။

အင်တာနက်သုံးစွဲသူတွေ က မှတ်ချက်ပြုကြ၏။ [ဒါကို ရှင်းရှင်းလင်းလင်း မဖော်ပြထားပေမယ့် ဘာတွေဖြစ်နေလဲဆိုတာ ငါသိသလို ခံစားရတယ်]

[ကလေးညှင်းပန်းနှိပ်စက်မှုလို့ ငါထင်ခဲ့တယ်၊ ဒါပေမယ့် လက်ဖက်စိမ်းခွေးမတစ်ကောင်ရဲ့သရုပ်ဆောင်ချက် ဖြစ်သွားခဲ့တာကိုး၊ ဖျော်ဖြေရေးအတွက် မျောက်တွေကို ဘာလို့ မခေါ်သွားတာလဲ?]

[ဒီလိုလူ က သနားစရာကောင်းတဲ့ဘဝနဲ့ ထိုက်တန်တယ်]

[စောစောက ပြန်ဖွင့်တာကို နားထောင်တုန်းကတော့ သူမ တုန်လှုပ်နေတာကို ငါခံစားမိတယ်၊ အပြစ်ရှိတယ်လို့ ထင်ပြီး အမှန်အတိုင်း မပြောရဲတော့ဘူးလို့ ငါ ထင်ခဲ့တာ၊ အခုမှ သူမ က လုပ်ကြံတက်သူမှန်း သိလာရတယ်၊ ငတုံးမ]

အင်တာနက်သုံးစွဲသူတွေ က ရှန်းချင်းချင်း အပေါ် ဒေါသအားလုံးကို ထုတ်ဖော်ခဲ့သည်။

ရှန်းချင်းချင်း သည် ယခင် က လူအများကို လှည့်စားခဲ့သောအခါတွင် သနားဖို့ကောင်းစွာ သရုပ်ဆောင်ခဲ့သည်။ လေ က သူမထံ နည်းနည်းလှည့်လာရုံဟု မျှော်လင့်ခဲ့ပေမဲ့ ယခုတော့ လူတိုင်း၏ဒေါသ က သူမကို အာရုံစိုက်လာခဲ့သည်။

သူမ မလုပ်နိုင်တော့ဘူး။ သူမ၏ ကိုယ်ရေးကိုယ်တာ မက်ဆေ့ချ်Box တွင် စော်ကားမှုများနှင့် ပြည့်နှက်နေပြီး ‘လက်ဖက်စိမ်းခွေးမ’ ဟု ခေါ်ဝေါ်ခြင်းကို တောင် ‌ပျော့ပျောင်းသည်ဟု ယူဆနိုင်ပေသည်။

မကြာခင်မှာပဲ သူမဖုန်းနံပါတ် က ဖော်ထုတ်ခံခဲ့ရ၏။

နေ့ခင်းဘက်တွင် သူမသည် ရိုင်းစိုင်းသော ဖုန်းခေါ်ဆိုမှု ၃၊ ၄ကြိမ် လက်ခံရရှိပြီး ဖုန်းမြည်လာတိုင်း စိတ်ပူပန်စေခဲ့သည်။

ရှန်းချင်းချင်း သည် ဤကဲ့သို့ဖြစ်လာမည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားသောကြောင့် မျက်ရည်များဝဲလာသည်။

သူမ စိတ်ပျက်အားငယ်နေချိန်မှာပဲ ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့သည်။ [ဟဲလို၊ ဒါက ရှန်းချင်းချင်းလား? ငါ က လုကုမ္ပဏီ ရဲ့ HR မန်နေဂျာပါ။ မင်း အလုပ်စဖို့ ဘယ်အချိန်က အဆင်ပြေလဲ?]

လုကုမ္ပဏီ သည် စာရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်သည်။ သူမ သည် မကြာသေးမီက ကိုယ်ရေးရာဇဝင်များကို တင်သွင်းခဲ့ပြီး အချို့သော ကုမ္ပဏီငယ်များ က သူမအား ငြင်းပယ်ခဲ့သော်လည်း အဓိကအဖွဲ့ကြီးတစ်ခုထံမှ ကမ်းလှမ်းမှုကို ရရှိမည်ဟု ဘယ်သောအခါမှ မမျှော်လင့်ထားပေ။

ရှန်းချင်းချင်း က အခွင့်အရေးလက်လွှတ်သွားမည် ကို စိုးနေ၏။ “ချက်ချင်း အလုပ်ဆင်းပေးနိုင်ပါတယ်!"

HR မန်နေဂျာ က ပြောလာသည်။ "ဒီလောက်ထိ အလျင်စလို လုပ်ဖို့ မလိုပါဘူး၊ ဒီလိုဆိုရင်ကော၊ နောက်နေ့ တနင်္လာနေ့မှာ တာဝန်အတွက် လာခဲ့ပါ၊ ကမ်းလှမ်းလွှာကိုတော့ နောက်မှ ပို့ပေးမယ်"

ရှန်းချင်းချင်း သည် အပြည့်အဝ ဝမ်းမသာခင် HR မန်နေဂျာ က ထောက်ပြခဲ့သည်။ “ငါ မင်းကို ဖုန်းဆက်ဖို့ ကြိုးစားနေတာကြာပြီ၊ မင်း ဖုန်းမဖြေဘူး၊ ဒါ ငါ့ရဲ့နောက်ဆုံးအကြိမ်ဖုန်းဆက်ဖို့ ကြိုးပမ်းမှုဖြစ်နေခဲ့တာ၊ မင်း မဖြေရင် ဒီအလုပ်က တခြားတစ်ယောက် ဆီ ရောက်သွားတော့မလို့”

ရှန်းချင်းချင်း သည် တုန်လှုပ်သွား၏။ "စိတ်ချပါ ကျွန်မ ကြိုးစားပါ့မယ်!"

ဖုန်းချပြီးနောက် သူမ၏မိဘများထံ သတင်းကောင်းမပြောပြမီတွင် နောက်ထပ်ဖုန်းခေါ်ဆိုမှုတစ်ခု ဝင်လာခဲ့သည်။ ရှန်းချင်းချင်း က ပြန်လည်ဖြေကြားခဲ့ရာ နောက်ထပ် စော်ကားမှုတစ်ခု ဖြစ်ခဲ့သည်။ - “လက်ဖက်စိမ်းခွေးမ…” ထိုလူ က ဆုံးအောင်မပြောခင် သူမ ဖုန်းချလိုက်ပြီး သူမ၏အမူအရာမှာ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

အခု သူမ ကို လုကုမ္ပဏီ မှ လက်ခံလိုက်သောကြောင့် ယခင်လို ပြုမူနေမှာ မဟုတ်ဘူး! ဤရှက်စရာကောင်းသောတရားစွဲဆိုမှုကို အမြန်ဖြေရှင်းရမည်။

ရှန်းချင်းချင်း သည် တချို့အရာများဟာ အမှန်ပင် ပြောရခက်သောကြောင့် ဝမ်းမသာနိုင်ခဲ့ဘူး။

ဒါပေမယ့် သူမမှာ ရွေးချယ်စရာမရှိတော့ဘူး။ မပြောနိုင်ရင်လည်း ပြောရမှာပဲ။

ထို့ကြောင့် သူမသည် စိတ်ပျက်လက်ပျက်ဖြင့် မိဘများထံ သွားခဲ့သည်။

ရှန်းချင်းချင်း၏မိဘများ သည် သမီးဖြစ်သူက သူတို့၏တူမကို ပြသာနာရှာမည် ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ကြပေ။

ပိုဆိုးသည်မှာ အဲဒါက အကြီးအကျယ် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး အခု သူမ က တရားစွဲခံရတယ်။

သူတို့သည် သူမကို ကြိမ်းမောင်းချင်သော်လည်း သူမရဲ့နီရဲနေသော မျက်လုံးများကို ကြည့်ရင်း ထိန်းထားလိုက်သည်။ ဤကံဆိုးမှုကို သူမကိုယ်တိုင် ယူလာတာလို့ သာ သူတို့ ပြောခဲ့ကြသည်။

ထို့နောက် သူတို့ ရှန်းဝေ အား အမှုကို ရုပ်သိမ်းပေးရန် ဆွဲဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ချက်ဖြင့် ရှန်းဝေ၏မိဘများအိမ်သို့ တောင်းပန်ရန် သူမကို ခေါ်သွားခဲ့ကြသည်။

သူတို့ သုံးယောက်သည် ရှန်းဝေ၏မိဘများထံ လည်ပတ်ခဲ့ကြသည်။

ရှန်းဝေ၏ မိဘများ က ဘာဖြစ်သွားသည်မသိ။ သူတို့သုံးယောက်က ဇာတ်လမ်းကို တိတ်တဆိတ်ပြောနေစဥ် သူတို့ နားထောင်နေခဲ့ကြသည်။ အဆုံးမှာတော့ ရှန်းဝေအမေ တော်တော်ဒေါသထွက်သွားတယ်။

“ရှန်းချင်းချင်း၊ ငါတို့ မင်းအပေါ် ဒီတစ်နှစ်ပတ်လုံး ညံ့ဖျင်းစွာ မဆက်ဆံဖူးဘူး၊ အစားအသောက်၊ အဝတ်အစား၊ နေ့စဥ်သုံးပစ္စည်းတွေ ဒါမှမဟုတ် နှစ်သစ်ကူးပိုက်ဆံတွေ ထောက်ပံ့ပေးဖို့ ဘယ်တုန်းကမှ မလျော့ခဲ့ဘူး။ မင်းရဲ့အစ်မကို ဘာလို့ ဒီလိုလုပ်ရတာလဲ?”

“အန်တီ၊ သမီး တကယ် အမှားလုပ်ခဲ့မိပါတယ်!” ရှန်းချင်းချင်း၏မျက်ရည်များ က စီးကျလာသည်။ “သမီး ခဏလောက် အရူးထမိသွားခဲ့တယ်”

ရှန်းချင်းချင်းရဲ့အမေကလည်း တဖက်မှ ဝင်ပြောသည်။ “ယောင်းမ၊ ကလေး က မှားမှန်းသိနေပါပြီ၊ အိမ်ပြန်ရောက်ရင် ကျွန်မ သမီးကို ပြင်းပြင်းထန်ထန်း ဆူလိုက်ပါ့မယ်၊ အမှုကို ရုတ်သိမ်းပေးဖို့ ရှန်းဝေ ကို တောင်းဆိုပေးပါ၊ ကျွန်မတို့က မိသားစုတွေလေ၊ ဒီလိုမျိုး လူသိရှင်ကြား ရုန်းရင်းဆန်ခတ်လုပ်တာက အဆင်မပြေဘူး။”

ရှန်းဝေအမေ က အေးစက်စက် နှာခေါင်းရူံ့၏။ “အခုမှ ငါတို့က မိသားစုတွေဆိုတာ မှတ်မိတာလား? စောစောက ဘာလို့မတွေးမိတာလဲ!"

ရှန်းချင်းချင်း၏မိသားစု သည် တခဏမျှ တောင့်ခဲသွားသော်လည်း မကြာမီတွင် ကြည်နူးဖွယ်အပြုံးများ ထွက်ပေါ်လာသည်။ "ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ အိမ်​ပြန်​လာတဲ့အခါ က​လေးကို ​သေချာ​ပေါက်​ ​သေချာသင်​​ပေးပါ့မယ်​"

တစ်နာရီကျော်ကြာ တောင်းပန်ပြီးနောက် ရှန်းဝေမိဘများ က နောက်ဆုံးတွင် ပြောလာသည်။ “သမီး ဆီ ဖုန်းခေါ်ပေးမယ်၊ ငါ ဘာမှ အာမမခံဘူး”

ထို့နောက် ရှန်းဝေ ထံ ဖုန်းဆက်လိုက်သော်လည်း "တောင်းပန်ပါတယ် မင်း ဤနံပါတ်က လောလောဆယ်ဖုန်းပိတ်ထားပါတယ်"ဟုသာ ရရှိခဲ့သည်။

“ဖုန်းပိတ်ထားတယ်"

"ဒါဆို ငါတို့ဘာလုပ်ရမလဲ၊ မူကြိုကျောင်း ဆီ သွားကြရအောင်”

ရှန်းချင်းချင်း က ငိုယိုလေသည်။ “သူတို့ သမီးကို ဆက်ဆဲနေရင် အသက်မရှင်ချင်တော့ဘူး”

“ယောင်းမ၊ ချင်းချင်း ကြီးပြင်းလာတာကို အစ်မလည်း ကြည့်ရူဖူးသူပဲလေ”

ရှန်းမိသားစုအိမ်မှာ သူတို့လုပ်သမျှ အားလုံး ကို သရဲစာရေးဆရာ က ရေးထားခဲ့သည်။

ပို့စ် က ရေပန်းစားလာပြီးနောက် ရှန်းဝေ သည် မူကြိုကျောင်းစောင့်ကြည့်ရေးစနစ်မှ အကြောင်းအရာများကိုအတိုချုံး၍ သရဲစာရေးဆရာ ထံ ပေးအပ်ခဲ့သည်။

ထို့နောက် သရဲစာရေးဆရာ က အဖြစ်အပျက်များကို အတိအလင်း ဖော်ပြခဲ့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment