no

Font
Theme

Chapter 22

မူကြိုကျောင်း၌ ဟဲလင်းဖုန်းအပါအဝင် စုစုပေါင်း ကျောင်းသား၁၅ ယောက်ရှိ၏။

ဟဲလင်းဖုန်း က မူကြိုကျောင်းမှာ နေထိုင်တာကြောင့် ကျောင်းကားသမား၊ ကျောင်းတာ့မင် သည် နေ့တိုင်း ကျောင်းသား၁၄ ယောက်ကိုသာ အကြိုအပို့ လုပ်ရန် လိုအပ်၏။

သို့သော် ဒီနေ့ သူ ‌ကျောင်းသား၁၃ ဦးသာ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။

ဘတ်စ်ကားပေါ်တက်နေစဥ် ဆရာမထန်က ရှန်းဝေကို ယွမ်ယွမ် မလာသလို ခွင့်တိုင်ကြားခြင်း မရှိဘူးလို့ ရှန်းဝေ ကို ဖုန်းဆက်ခဲ့သည်။

ဒီလိုမျိုး လူတိုင်း စိတ်ထဲမှာ သိနေခဲ့ကြသည်။

အွန်လိုင်းပေါ်တွင် ဆူပူကြိမ်းမောင်းသံများစွာ ထွက်ပေါ်လာသဖြင့် ၎င်းအကြောင်းကို အော့ဖ်လိုင်းမှ သိသော မိဘများလည်း ရှိခဲ့သည်။

ကျောင်းတာ့မင် သည် ကျောင်းကား အား 'ကြယ်ကောင်းကင်'မူကြို သို့ ဖြေးဖြေးချင်း မောင်းနှင်လာသည်။

အပြင်ဘက်၌ မူကြိုကျောင်းအဝင်ဝမှာ selfie stick (ဆယ်ဖီတုတ်တံ) တွေကိုင်ပြီး အင်တာနက်နာမည်ကြီး တော်တော်များများက live လွှင့်နေကြ၏။

ဤနေရာရှိ တိုက်ရိုက်ထုတ်လွှင့်မှုတွင် အဓိကပါဝင်သူမှာ ရူတုန်တုန် ဖြစ်ပေသည်။

သူမ၌ အွန်လိုင်းတွင် Follower ၂၀၀,၀၀၀ ရှိ၏။

အခြားသူများတွင် Follower အနည်းငယ် သို့မဟုတ် သောင်းဂဏန်းမျှသာရှိပြီး ကျော်ကြားမှုလှိုင်းကို တွန်းလှန်ရန် လုံးလုံးကြိုးစားနေကြ၏။

အကြီးကြီးပဲဖြစ်ဖြစ် အသေးအမွှားပဲဖြစ်ဖြစ်၊ သူတို့ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုမှာ လူတွေပါဝင်တာကိုမြင်တော့ သူတို့ ပျော်ကြတယ်။

တင်ဆက်သူ၊ ရူတုန်တုန် က ရှေ့တန်းတွင် လုံလုံခြုံခြုံနေရာဦးထား၏။ သူမလက်များ ဟာ တည်ငြိမ်ပြီး သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုအရည်အသွေးသည် မြင့်မားသောကြောင့် လူအများ က သူမကို ကြည့်ရှုခဲ့ကြသည်။

သူမရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု မှ အရှင်းလင်းဆုံး ဗီဒီယိုဖိုင်ကို ဖမ်းယူနိုင်ခဲ့တယ်။

တိုက်ရိုက်ထုတ်လွှင့်မှုချက် တွင် ကြည့်ရူသူအားလုံး က ပြောကြသည်။

[ဒီနေ့ ငါ တကယ်ကြည့်ချင်တာ]

[ဟ အဲအဝါရောင်တောက်တောက်ကား က ၂သန်းကျော် ကုန်ကြတာကွ!]

[ကျည်ကာတယ်၊ ဘေးကင်းမှု အဆင့်သတ်မှတ်ချက်က အရမ်းမြင့်တယ်]

[ငါပြောရမယ်၊ ဒီမူကြိုရဲ့ဘဏ္ဍာရေးအင်အား က တော်တော်လေးအားကောင်းတယ်]

ကလေးတွေ အထဲကို ဝင်သွားပြီး စစ်ဆေးရေးအဖွဲ့ ထွက်လာတယ်။

လူတော်တော်များမျာ းက အရာရှိတွေကို မြင်ပြီး စတင်မေးမြန်းကြသည်။ “အဲဒီမှာ ဘယ်လိုနေလဲ”

တာဝန်ရှိသူများက တရားဝင်ထုတ်ပြန်ချက် မထုတ်ပြန်သေးသောကြောင့် ကိုယ်ရေးကိုယ်တာ တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း နောက်ပိုင်းတွင် ထုတ်ပြန်ချက်ရှိလာမည်ဖြစ်ပြီး အားလုံးက အာရုံစိုက်ကြမည် ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

သူတို့ ထွက်သွားပြီးတာနဲ့ တခြားသူတွေက ခိုးဝင်ပြီး ဒုက္ခရောက်နေတဲ့ ရေထဲမှာ ငါးရှာချင်ကြတယ်။

သို့သော်မူကြိုကျောင်းလုံခြုံရေးအစောင့် မှာ သိမ်းငှက်လို မျက်လုံးတွေ ရှိတယ်။ သူက ဝါးတောင်ဝှေးကိုကိုင်ထားပြီး မည်သူက ခိုးဝင်ရန်ကြိုးစားပါစေ အလျားလိုက် ရိုက်တယ်။

အခုထိ ဘယ်သူမှ ခိုးဝင်တာ မအောင်မြင်သေးဘူး။

‌ဒေါသထွက်နေတဲ့ တင်ဆက်သူလေးတွေက အော်ပြောကြသည်။ “မင်း ဘာလို့ ငါတို့ကို ဝင်ခွင့်မပေးတာလဲ? ငါက လူတွေရဲ့ကိုယ်စားပြုလေ၊ ဖော်ထုတ်ဖို့ လိုတယ်”

ခြေတဖက်ဆွံ့နေသော လုံခြုံရေးအစောင့် လီရီ က အေးစက်စက် နှာခေါင်းရူံ့၏။ “လိုက်နာရမယ့် စည်းကမ်းတွေ ရှိတယ်။ မင်းတို့ ဝင်လာလို့ ကလေးတွေ ကြောက်သွားရင် ဘယ်လိုလုပ် မလဲ?”

သူ့စကားများသည် မှန်ကန်သော စကားလုံးများဖြစ်သောကြောင့် အခြားသူများ က သူ့ကို ချေပရန် နည်းလမ်းရှာမတွေ့ဘဲ ရှက်ရွံ့စွာ မေးရုံသာ တက်နိုင်ခဲ့သည်။ “ဒါဆို အဲမှာ ဘာဖြစ်နေတာလဲ?”

လီရီ က ပြောလိုက်သည်။ “အရမ်းကောင်းတဲ့မူကြိုကျောင်း ၁ကျောင်း!"

သူ သည် စစ်ဘုရင်ဖြစ်ခဲ့ဖူးသလို ကင်းထောက်နည်းပညာများကို သင်ယူခဲ့ဖူးသည်။ အကယ်၍ အခြေအနေ က အွန်လိုင်းတွင် ဖော်ပြထားသည့်အတိုင်း အမှန်တကယ်ဖြစ်ခဲ့ပါက၊ သူ သည် အလုံးစုံကို တိုင်ကြားလိုက်မည် ဖြစ်၏။

သို့သော် အခုအချိန်မှာ အွန်လိုင်း က လူတွေ ဟာ သူတို့ကို ညစ်ပတ်တဲ့ရေပက်သူများသာ ဖြစ်လို့နေ၏။

တင်ဆက်သူလေး က နှာခေါင်းရူံ့၏။ “ခင်ဗျား က ဒီမှာအလုပ်လုပ်နေတာလေ၊ သေချာပေါက်ကောင်းတယ်လို့ ပြောမှာပေါ့ဗျ!"

တိုက်ရိုက်ထုတ်လွှင့်မှုမှ ကြည့်ရှုသူများ ကလည်း ‘hostက ငါ့ကိုယ်စား ပြောပေးနေတာ’ ဟု မှတ်ချက်ပြုကြသည်။

လီရီ က ပြောလိုက်သည်။ [ငါ စစ်သားဖြစ်ဖူးတယ်၊ ဒီက အရာအားလုံး အဆင်ပြေတာ ငါ့နာမည်နဲ့ပြောရဲတယ်]

သူ ဒီ လိုပြောပြီးတာနဲ့၊ တိုက်ရိုက်ထုတ်လွှင့်မှုမှာ မျက်လုံးစူးရှတဲ့ကြည့်ရှုသူတွေဟာ သူ့ရဲ့အဝတ်အစားပေါ် က တံဆိပ်လေးတစ်ခု သတိထားမိခဲ့တယ်။

[အား…အား…အား…အဲဒါက ဒေသဆိုင်ရာ စစ်ဘုရင်ဟောင်းတွေကိုပဲပေးတဲ့ တံဆိပ်ဟ!]

[ဘာ?]

"..."

ကြည့်ရှုသူများသည် ချက်ချင်းပင် ၂၈၀ ဒီဂရီပြောင်းလဲသွားတော့သည်။- [ငါ သူ့ကိုယုံတယ်]

[ငါလည်း သူ့ကိုယုံတယ်၊ စစ်တပ်ထဲက တစ်ယောက်ယောက်က ငါတို့ကို လိမ်မှာမဟုတ်ဘူး!]

[ငါ က စစ်တပ်မိသားစုဝင်ပါ၊ သူတို့ ဒါကို ပေါ့ပေါ့တန်တန် ပြောနေမှာ မဟုတ်ဘူး ဆိုတာ ငါသိတယ်]

[ဒီကိစ္စနဲ့ ပတ်သက်ပြီး နားလည်မှုလွဲနေတာ ဖြစ်နိုင်တယ်]

တိုက်ရိုက်ထုတ်လွှင့်မှုချက် က ဆူပွက်လာစဥ် ရုတ်တရက်‌ အော်သံထွက်ပေါ်လာခဲ့သည်။ “ဆရာမထန် ထွက်ခဲ့၊ ငါ့ကို ငွေပြန်အမ်း၊ ငါ့ကလေးကို ဒီကျောင်းက ထွက်စေချင်တယ်]

အခင်းဖြစ်ရာနေရာရှိ ဒါဇင်ပေါင်းများစွာသောတင်ဆက်သူများ သည် ထိတ်လန့်သွားပြီး အသံ၏ရင်းမြစ်ဆီ ချက်ချင်းပင်ကင်မရာများကို တိကျစွာ ချိန်ရွယ်လိုက်ကြသည်။

အမျိုးသမီး သည် ထွက်ပေါ်လာပြီး ပြန်အမ်းငွေပေးရန် အော်ဟစ်လို့နေ၏။

ဖုန်းများစွာ က သူမထံ ချိန်ရွယ်ထားတာကို မြင်တော့ သူမ သည် လုံးဝမကြောက်တော့ဘဲ ပို၍ စွမ်းအားပြည့်ဝလာခဲ့သည်။ “ကောင်းပြီ! ကျွန်မသာ လိုင်းမသုံးခဲ့ရင် ဒီမူကြိုကျောင်း က ဘယ်လောက်အမှောင်ဆန်လိုက်သလဲဆိုတာ သိမှာ မဟုတ်ဘူး!"

"ကလေး က အိမ်ပြန်ရောက်တိုင်း ဘာလို့ မစားချင်ရတာလဲလို့ တွေးမိတယ်။ နင်တို့ ကလေးကို နှိပ်စက်နေတာကြောင့်မလား? စောင့်နေလိုက်၊ ငါ နင်တို့ကို တရားစွဲမယ်ဟဲ့”

တင်ဆက်သူ တစ်ယောက်က မေးလာလေသည်။ “မင်းရဲ့ကလေး က ဒီမှာ ကျောင်းတက်နေတာလား?”

ထိုအမျိုးသမီးက ချက်ချင်းပင် ဖျော်ဖြေတင်ဆက်သည်။ - "ဟုတ်တယ်၊ ငါလည်းဒီလိုဖြစ်မှန်း မသိလိုက်ဘူး။ ငါ့ယောက္ခမ က ဒီကျောင်းရဲ့ကျောင်းလခ ဈေးပေါလို့ ကျောင်းမှာ စာရင်းသွင်းခဲ့တာ၊ ဒီလိုမျိုးဖြစ်မှန်း ငါသိခဲ့ရင် ငါတို့ လုံးဝကို လာမှာမဟုတ်ဘူး။"

“သူတို့ က ကလေးတွေကို တင်သွင်းလာတဲ့ သစ်သီးဝလံတွေနဲ့ အော်ဂဲနစ်အသီးအနှံတွေကို ကျွေးတယ်လို့ ပြောကြတယ်၊ သူတို့ ဘယ်လိုလုပ် တက်နိုင်မှာလဲ? လိမ်နေတာ ဖြစ်ရမယ်!"

တိုက်ရိုက်ထုတ်လွှင့်မှုချက်တွင် ဤမူကြိုကျောင်းနှင့်ပတ်သက်လို့ ပြသာနာမရှိဘူးလို့ ယုံကြည်ရုံသာ ရှိသေးသည်။

သို့သော် ကလေးမိဘတွေဟာ မှတ်ချက်မပေးခဲ့ကြဘူး။ ဒီအချိန်မှာတော့ သူတို့ တကယ်ဖြစ်ပျက်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လုံး၀ ရှုပ်ထွေးနေခဲ့တယ်။ ကလေးတွေနဲ့ ပတ်သက်ရင် ဘယ်သူမှ လွယ်လွယ်နဲ့ မငြင်းရဲကြဘူး။

ရှန်းဝေ ဆရာမထန်နှင့်အတူ ထွက်လာခဲ့၏။

ရှန်းဝေ မှ “မင်း က ယွမ်ယွမ့်မိဘမလား?”

တက်ဆက်သူ ၏ ကင်မရာများအားလုံး တညီတညွတ်တည်း ရှန်းဝေဘက်သို့ လှည့်လိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုမှာ ခဏတာ အံ့အားသင့်သွားခဲ့သည်။

ရှန်းဝေ က ကျောင်းပန်းလေးဖြစ်သည်ကို ကြားဖူးကြသော်လည်း ဘာမှမခံစားမိခဲ့ကြပါ။ သို့သော် ကင်မရာကနေတစ်ဆင့် သူမအတွက် အထူး filter တစ်ခုကို သုံးထားသလိုမျိုး သူမဟာ တကယ်ကို လှပသူ ဖြစ်သည်။

ရှန်းဝေ က သူမ၏ကိုယ်ပိုင်ရှင်းလင်းချက်ဗီဒီယိုထက် အခြားသူများ၏ တိုက်ရိုက်ထုတ်လွှင့်မှုများတွင် ပို၍လှပသည်။

လူတိုင်း က ဒရမ်မာကို လိုက်စားနေကြပေမယ့် ချောမောလှပတဲ့ မိန်းကလေးကို ရုတ်တရက်တွေ့လိုက်ရတော့ နှလုံးသားတွေက အဆင်သင့်မဖြစ်ခဲ့ကြဘူး။

ပုံမှန်အားဖြင့် အဆက်မပြတ် လှုပ်ရှားနေသော မှတ်ချက်များပင်လျှင် ခဏတာ ရပ်သွားသည်။

"ဟုတ်တယ်၊ ကလေး က ဒီမှာ စာသင်ပြီးနောက် အိမ်ပြန်ရောက်ရင် ညဘက်ထမင်းမစားချင်ဘူး"

ဤနေရာတွင် ပညာသင်ကြားရန် ငွေကြေးတတ်နိုင်သော ကျောင်းသားများသည် ယေဘုယျအားဖြင့် ချမ်းသာသော မိသားစုများမှ လာကြသည်။ ဒီအဖြစ်အပျက်ကြောင့် လူအနည်းစုက ဒုက္ခရောက်နေတဲ့ ရေတွေကို အခွင့်ကောင်းယူချင်ကြတယ်။

ယွမ်ယွမ့်မိဘ က ဆရာမထန်၏အလုပ်ရှင်ဟောင်းမှ လာဘ်ထိုးခြင်းခံရသူတွေထဲမှ တစ်ဦးဖြစ်ချေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment