Chapter 28
ကလေးတိုင်း က ချက်ချင်းတန်းစီပြီး ဂိမ်းအခန်းထဲသို့ ဦးတည်ကြသည်။
အခန်းထဲ ဝင်ပြီးတာနဲ့ ကလေးတွေ က ‘ဝိုး!’ ဟု အော်ကြတော့သည်။
ဆရာမထန် သည် ကလေးများကို တချိန်လုံး ပြုစုစောင့်ရှောက်ခဲ့ရပြီး မူကြိုကျောင်း၌ ထိုသို့သော အရာများ ရှိသည်ကို မသိသောကြောင့် အလွန်အံ့အားသင့်သွားသည်။
ကလေးတွေကို ၂ယောက်၊ ၃ယောက် အုပ်စုဖွဲ့တယ်။
တစ်ဖက်၌လက်တွေ့ဘဝရှိ အရာဝတ္ထုများ၏ ပုံတူများကို အရွယ်အစား လျှော့ချထားသာ ကစားစရာများ ရှိသည်။
ထမင်းဆိုင်၊ ရေခဲမုန့်ဆိုင်၊ ပြင်သစ်အကြော်ဆိုင်၊ ကြက်ဥပန်ကိတ်ဆိုင်၊ အဖျော်ယမကာဆိုင်များ ရှိသည်။
ကလေးတွေက သူတို့၏ကိုယ်ပိုင်ဆိုင်များကို ဖွင့်လှစ်ဖို့ အဖွဲ့ဖွဲ့စည်းခဲ့သည်။
ကျန်ကလေးများ ကတော့ ဖောက်သည်များဖြစ်သည်။
ထို့နောက် သူတို့အား စတင်ငွေ ၅၀၀ ပါဝင်သော ကတ်ကို ပေးအပ်ခဲ့သည်။
ထို့နောက် လူတိုင်းသည် အရောင်းဆိုင်များကို တောင်းဆိုကြပြီး အချို့ က ဖောက်သည်ဖြစ်ချင်ကြသည်။ ထို့နောက် လှုပ်ရှားမှုများကို စတင်ကြသည်။
တာဝန်တွေ ခွဲဝေပြီးတာနဲ့ စတင်ကစားကြတယ်။
အဖျော်ယမကာဆိုင်တွင် ပလတ်စတစ်ကစားစရာ အမျိုးမျိုးရှိ၍ တကယ့်အဖျော်ယမကာများနှင့်တူသော်လည်း တံဆိပ်တွေ က အတုအယောင်တွေ ဖြစ်သည်! သောက်ဖို့ ဘူးများကို ဖွင့်လို့မရနိုင်ဘူး။
ရေခဲသေတ္တာငယ်ကို ဖွင့်လိုက်သောအခါတွင် ရေခဲသေတ္တာသည်သို့ အေးစိမ့်သောအခိုးအငွေ့ကို ထုတ်လွှတ်ပြီး တကယ့်ရေခဲမုန့် ရေခဲသေတ္တာကဲ့သို့ ခံစားရစေသည်။
ပြီးတော့ ကြက်ဥပန်ကိတ်ဆိုင်ကိုဖွင့်လိုက်တာနဲ့ အနှစ်အစစ်နဲ့ ကြက်ဥအဖြူတွေထွက်လာပြီး ဒယ်အိုးသေးသေးလေးပေါ်မှာ တင်လိုက်တဲ့အခါ တကယ့်ကြက်ဥပန်ကိတ်အသေးလေးတစ်လုံးကို ကြော်ပေးလိမ့်မယ်။
အာလူးချောင်းကြော်သည် "ကြော်" သည်နှင့်အမျှ အရောင်ပြောင်းပေလိမ့်မည်။
ကလေးတွေ အံ့သြရုံသာမက လူကြီးတွေတောင် စမ်းကြည့်ဖို့ စိတ်အားထက်သန်သွားကြတယ်။
[အင်း၊ ငါ အရုပ်မကစားတာ ၁၀ နှစ်ရှိပြီ၊ အရုပ်ဈေးကွက်က ဒီအတိုင်းအတာအထိ တကယ်တိုးတက်နေပြီလား]
အင်တာနက်သုံးစွဲသူတစ်ဦးက [ငါ့မှာ ကလေးတစ်ယောက်ရှိတယ်၊ ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ အရုပ်တွေကို တစ်ခါမှမတွေ့ဖူးဘူး။ လင့်ခ်တစ်ခုကို မျှဝေပေးလို့ရမလား၊ အဲဒါတွေကို ဘယ်မှာဝယ်လို့ရမလဲ]
[အရုပ်တွေက ကောလိပ်ကျောင်းသားတွေအတွက် ကလေးဆန်လွန်းပေမယ့် ကလေးတွေအတွက် သင့်တော်တယ်]
[အဲဒါတွေရဲ့ စျေးနှုန်းကို ဘယ်သူသိလဲ။ ကြည့်ရတာ စျေးပေါမဲ့ပုံမပေါ်ဘူး]
[အထက်က မှတ်ချက်ကို ပြန်ဖြေပါတယ်၊ အွန်လိုင်းမှာ အစုံလိုက် ကို ယွမ်၉၈၀၀လို့ ငါ ရှာတွေ့ခဲ့တယ်]
[ကြည့်ရတာ သူဌေးတွေအတွက် မူကြိုကျောင်းတစ်ကျောင်းလို့ ထင်ရတယ်]
[လူကြီးတွေရော လာကစားလို့ရလား?]
အင်တာနက်သုံးစွဲသူတွေ သည် စိတ်လှုပ်ရှားစွာနဲ့ ဆွေးနွေးခဲ့ကြတယ်။
ဟဲလင်းဖုန်း မှ နင်းဖူပေါင်း အား လူတွေကို အနိုင်ကျင့်တဲ့ ဆိုးရွားတဲ့ ကျောင်းအုပ်ကြီးနဲ့ဆက်ဆံရာမှာ ကူညီပေးခဲ့ပြီးကတည်းက နင်းဖူပေါင် က ဟဲလင်းဖုန်းအနား ကပ်နေခဲ့သည်။
ဖူပေါင်း က အတော်လေးစကားနည်းကာ ရှက်တတ်သော်လည်း ယခုတစ်ကြိမ်တွင် သူမ က ဟဲလင်းဖုန်း ကို “အာလူးကြော်ဆိုင် သွားကြမလား?’ဟု အရင်မေးမြန်းခဲ့သည်။
ဟဲလင်းဖုန်း က ခေါင်းညိတ်လိုက်သည်။
သူသည် မကြာသေးမီက စာသင်နေသောကြောင့် ရှန်းဝေ က သူနှင့် အံမဝင်မှာကို ကြောက်သောကြောင့် ဂိမ်းတစ်ခုရှိတိုင်း လာခေါ်ခဲ့သည်။
ဒီအရွယ်မှာ မကစားရင် ဘယ်အချိန် ကစားမလဲ?
ဟဲလင်းဖုန်း ဟာ ပညာသင်ကြားရာတွင် ထူးချွန်သော်လည်း အိမ်ကစားခြင်း သည် အရင်က မလုပ်ဖူးသည့် အရာဖြစ်သည်။ သူ့မျက်နှာလေး က လေးနက်မှုနှင့် အာရုံစူးစိုက်မှုတို့ဖြင့် ပြည့်နှက်နေသည်။
အင်တာနက်သုံးစွဲသူတွေရဲ့အမြင်မှာတော့ သူ့ကို ပွေ့ဖက်နမ်းရှုံ့ဖို့ မစောင့်နိုင်ခဲ့ကြဘူး။
[Oh my god၊ ဒီကောင်လေးက အရမ်းချောတာပဲ!]
[နောက်အနှစ်၂၀ မှာ ငါ့ရည်းစားဖြစ်လိမ့်မယ်]
ထို့နောက် နင်းဖူပေါင်း သည် အာလူးကြော်များကို ယူဆောင်လာပြီး ဟဲလင်ဖုန်း အား အရောင်းအ၀ယ်လုပ်ရန် အကူအညီပေးခဲ့သည်။
ကြည့်ရှုနေကြသော အင်တာနက်သုံးစွဲသူများက-"ဒါကို 'မိန်းမက အတွင်းမှာ အလုပ်လုပ်တယ်၊ ခင်ပွန်းက အပြင်မှာ အလုပ်လုပ်တယ်’ ဟု မှတ်ချက်ပေးခဲ့ကြသည်။
ခဏအကြာတွင် ထွားကြိုင်းသော ကောင်ကလေး ဝင်လာသည်ကို တွေ့လိုက်ရသည်- [ဒီအကြော်တွေက ဘယ်လောက်လဲ? ငါ သရေကျနေပြီ”
အရင်က ဘာမှမရောင်းဘူးသည့် နင်းဖူးပေါင် က ဟဲလင်းဖုန်း ကို ကြည့်လိုက်၏။ ဟဲလင်းဖုန်း က ခဏလောက် စဥ်းစားပြီး ဆို၏။ "၅ ယွမ်"
ထွားတဲ့ကောင်လေး က "ကောင်းပြီ ၅ ယွမ်၊ တစ်ခုပေး!”
ထွားကြိုင်းသော ကောင်လေးက သူ့ကတ်ကို ပွတ်ဆွဲလိုက်ပြီးနောက် ၅၀၀ သည် ၄၉၅ သို့ ကျသွားသည်။
ထွားကြိုင်းသောကောင်လေး သည် ဘေးဆိုင် က လင်းလင်း နှင့် ရှန်းရှန်းတို့ထံ ပြေးသွားလေသည်။ သူ က ဒိန်ချဥ်နဲ့ ဆိုဒါ ဝယ်ခဲ့သည်။
ဝဝကစ်ကစ်ကောင်လေးရဲ့ ကိုယ်အလေးချိန်ကို ကြည့်ရုံနဲ့ စားရတာ ကြိုက်သူဆိုတာ ပြောနိုင်သည်။ ဈေးဆိုင်တစ်ခုစီရှိ မုန့်များကို ကြည့်တိုင်း သူ၏မျက်လုံးများသည် တောက်ပလို့နေ၏။
အင်တာနက်သုံးစွဲသူတွေကတော့ ရယ်လုနီးပါးဖြစ်ခဲ့၏။- [ဒီဖက်တီးလေး က ငါ့ဘဝကို လက်တွေ့ကျကျ ပုံဖော်နေတာပဲ]
[ပစ္စည်းတွေဝယ်တဲ့အခါ အရမ်းပျော်နေပုံရတယ်]
[ဟေ့ကောင်တွေ မင်းတို့ မသိလို့၊ ငါ ဒီတိုက်ရိုက်ထုတ်လွှင့်တာကို ကြည့်နေတာ နာရီဝက်လောက်ရှိပြီ၊ ငါ့သူဌေး က ငါ ဘာလုပ်နေတာလဲလို့ မေးတယ်။ ဒီတိုက်ရိုက်ထုတ်လွှင့်မှုကို သူဌေးဆီ ပြလိုက်တော့ မကြာခင်မှာပဲ သူဌေး က ရူးကြောင်ကြောင်ရယ်နေတာဟ]
[လူတိုင်း ငွေရှာချင်ကြပေမယ့် ဒီဖက်တီးလေး က အရူးအမူးနဲ့ အဝယ်လိုက်နေတာနော်၊ သူ အကုန်မစားနိုင်တာ ဆိုးတယ်]
ထို့နောက် နောက်တစ်ဆိုင်သို့ သွားသည်။
သိပ်မကြာခင် ဖက်တီးလေး က သူဝယ်ခဲ့သော ‘ပစ္စည်းများ’ ကိုင်ကာ မျက်ဝန်းတို့ တောက်ပလျက် ဆရာမထန် ကို သွားရှာခဲ့သည်။ “ဆရာမအတွက်ပါခင်ဗျာ!"
ဤအရာများသည် လူကြီးများအတွက် ကစားစရာများသာဖြစ်သော်လည်း ကလေးများအတွက် အလွန်အရေးကြီးသည်။
ဖက်တီးလေး၏အမူအရာကြောင့် ဆရာမထန် သည် ပျော့ပျောင်းသွား၏။ “ဘာလို့ ဆရာမကို ပေးတာလဲ?” သူမ၏မျက်လုံးများ က နွေးထွေးမှုအပြည့်ရှိ၏။
ဖက်တီးလေး က ရှက်ရွံ့စွာ ပြောသည်။ “ဆရာမထန် က သား အကြိုက်ဆုံးမို့လို့”
ကလေး၏ပါးစပ်မှထွက်လာသော အလွန်စိတ်အားထက်သန်ပြီး တိုက်ရိုက်ပြောသည့်စကားပင်ဖြစ်သော်လည်း အလွန်ကူးစက်တက်သည်။
“ဆရာမလည်း သားကို သဘောကျပါတယ်”
ဒါကိုကြားတော့ ဖက်တီးလေး က ချမ်းသာတဲ့လူတစ်ယောက်လို ဟန်ဆောင်ပြီး သူ၏အိတ်ကပ်ကို ပုတ်လိုက်၏။ “သားမှာ ငွေရှိသေးတယ်၊ ဆရာမ နောက်တခါ တစ်ခုခုကို စားချင်ရင် သား ဝယ်ကျွေးမယ်”
[သူ့အတွက်သူ ဝယ်နေတာလို့ ငါ ထင်နေတာ၊ ဒါပေမဲ့ သူ့အတွက် ဘာမှမသိမ်းဆည်းထားခဲ့ဘူး၊ ငါ့ထက်တောင် ပိုရက်ရောသေးတယ်]
[ဒီအခိုက်အတန့် က မူကြိုဆရာမအတွက်အပျော်ဆုံးအချိန်ဖြစ်ရမယ်]
[အလုပ်ကြမ်းလုပ်တဲ့လူတစ်ယောက်ဖြစ်တဲ့ ငါ့အတွက် ဖက်တီးလေး က တကယ်ကို ငါ့အတွက် စိတ်သက်သာစေတယ်၊ အဲကလေး က အရမ်းချစ်စရာကောင်းတယ်၊ သူ့ကို ငါ့ရဲ့အင်တာနက်ပေါ် က သားလို့ တရားဝင်ကြေငြာလိုက်ပြီ]
အများအပြားသည် ပစ္စည်းများကို ဝယ်ယူခြင်း သို့မဟုတ် ရောင်းချခြင်းဖြစ်သည်။
ပိန်ပိန်သေးသေးကောင်လေး၊ယုလဲ့ ကိုလည်း လူတိုင်း စောင့်ကြည့်နေကြသည်။
ဆရာမထန် က "သား ဘာလို့ တစ်ခုခုသွားမဝယ်တာလဲ?" ဟု မေးသည်။ အိမ်တွင်းကစားခြင်းတွင် ပါဝင်ခြင်း က အဓိကသော့ချက်လေ!
ပိန်ပိန်ပါးပါးကလေးက ခဏလောက်စဥ်းစားပြီး "အိုကေ!" ဟု ပြောလေသည်။ ထို့နောက် လှည့်ထွက်ကာ ခဏအကြာတွင် ကြက်ဥအစစ် ၁၀ လုံးနှင့် ပြန်လာခဲ့သည်။
သူသည် မတူညီသော ဈေးဆိုင်များသို့ လှည့်ပတ်ကာ ကြက်ဥတစ်လုံးကို ၁၀ ယွမ်ဖြင့် ရောင်းချသည်။
ဒါတွေအားလုံးက ကြက်ဥအစစ်တွေ ဖြစ်၏။
“ဆိုင်ပိုင်ရှင်များ” အားလုံး ပီတိဖြစ်သွားသည်။
ယုလဲ့ က ကြက်ဥအစစ် ကို ဘယ်ကရသလဲ ဆရာမထန် မသိချေ။
ခဏအကြာတွင် စားဖိုမှူးလျို က ဝင်လာပြီး ဆရာမထန် အား ပြောလိုက်သည်။ “လုယဲ့ ငါ့ဆီက ကြက်ဥ ၁၀လုံး ယူသွားတယ်၊ သူ ဘာဆက်လုပ်ရမလဲလို့ တွေးနေတာ၊ ငါ ဝင်လာတော့ မူကြိုကျောင်းရဲ့ရောင်းချတမ်းဂိမ်းကစားနေတာကို တွေ့လိုက်ရတယ်”
ဆရာမထန် က ပြုံးပြီး “မစ်စတာလျို သူတို့ကို ပေးလိုက်တာလား? ကလေးတွေကို သိပ်အလိုလိုက်တာပဲ”
စားဖိုမှူးလျို က ရှက်ရွံ့စွာ ပြုံးလိုက်ပြီး "သူ က ငါ့ကို ဘိုးဘိုးလျို လို့ ခေါ်တာကိုး”
အင်တာနက်သုံးစွဲသူတွေ ရယ်နေခဲ့ကြသည်။ “ငါ့မျက်နှာတောင့်ခဲမတက် ရယ်နေပါပြီနော်၊ ဒီမူကြိုကျောင်း က ငါ့အတွက် တကယ့်ရတနာသိုက်ပဲ]
[ကြက်ဥ၁၀ လုံး က ဘာမှမဟုတ်ဘူး၊ မင်းအန်တီကို ပြောလိုက်၊ သူမ မင်းကို ကြက်ဥ၁၀၀လောက် ဝယ်ပေးလိမ့်မယ်]