Chapter 26
စနစ်မှ ဖွင့်လှစ်ထားသော ရမှတ်ကုန်တိုက်အသစ် : မမြင်ရသော ကံစမ်းသေတ္တာ၊ တိုက်ရိုက်ထုတ်လွှင့်သည့်နေရာ၊ လဲလှယ်ဧရိယာနှင့် စိတ်ကြိုက်ပြင်ဆင်နိုင်သောနေရာတို့ ရှိ၏။
သူတို့အနက် ကံစမ်းသေတ္တာ သည် တကြိမ်ကံစမ်းရန် အမှတ် ၅၀,၀၀၀ လိုအပ်သည်။
ပစ္စည်းကောင်းများ ရရှိရန် ဖြစ်နိုင်ခြေ ၂၀% ရှိ၏။ ရှန်းဝေ သည် စဥ်းစားကြည့်ပြီး လက်လျော့ရန် ဆုံးဖြတ်လိုက်သည်။
အမှတ် ၅၀၀,၀၀၀ အား ရမှတ်ကုန်တိုက် ကို ဖွင့်ရန် အသုံးပြုခဲ့၏။
ရုတ်တရက် အကြိုလွတ်လပ်သောခေတ် သို့ ပြန်ရောက်သွားသလိုပါပင်။ သူမ ၌ အမှတ် ၃၀,၀၀၀ သာ ကျန်တော့သည်။ ထို့ကြောင့် အမှတ်များ အား အမျှော်အမြင်ရှိရှိ အသုံးချရပေမည်။
စိတ်ကြိုက်ပြင်ဆင်နိုင်သောဧရိယာ က စိတ်ဝင်စားဖို့ ကောင်းလှ၏။ ကိုယ်ရေးသည့်အရာပေါ် အခြေခံ၍ ကုန်ကျမည့် အမှတ်များကို ခန့်မှန်းပေးလိမ့်မည်။
လဲလှယ်ဧရိယာတွင် ရမှတ် ၁၂၀,၀၀၀ နီးပါး ကုန်ကျသော ပစ္စည်းထောင်ပေါင်းများစွာ ရှိ၏။ သူမ မှာ ရှိသည့် အမှတ်များနှင့် တက်နိုင်တာ ဘာမှမရှိဘူး။
ဤကာလအတွင်း ရှန်းဝေ သည် အမှတ်များစုဆောင်းရန်အမြန်ဆုံးနည်းလမ်းမှာ သူမ၏အွန်လိုင်းဂုဏ်သတင်းကို မြှင့်တင်ရန်ဖြစ်ကြောင်း တွေးဆမိ၏။
တိုက်ဆိုင်စွာပင် စနစ်သည် တိုက်ရိုက်ထုတ်လွှင့်မှုဧရိယာတစ်ခုနဲ့ တိုက်ရိုက်ပေါ်လာပြီး ပရော်ဖက်ရှင်နယ် တိုက်ရိုက်ထုတ်လွှင့်မှုဆိုင်ရာ ပစ္စည်းကိရိယာများကို ပေးခဲ့သည်။
သော့ဖွင့်ဖို့စောင့်နေတဲ့ ဆုလာဘ်တွေလည်း အများကြီးရှိ၏။ တိုက်ရိုက်ထုတ်လွှင့်မှု ၁၅,၀၀၀, ၅၀,၀၀၀, ၁၀၀,၀၀၀, 1 သန်း, သို့မဟုတ် ၁၀သန်းပရိသတ်များ ရောက်ရှိနေသမျှကာလပတ်လုံး ဆုလာဘ်များရလိမ့်မည်။
လူကြိုက်များစာရင်း သို့မဟုတ် ဒေသစာရင်းတွင် အဆင့်သတ်မှတ်ခြင်းသည် ဆုလာဘ်များ ဆောင်ကြဥ်းပေးသောကြောင့် ရှန်းဝေ သည် စမ်းကြည့်ရန် ဆုံးဖြတ်ခဲ့သည်။
ပြောရရင် ယခု အခမဲ့ကြောငြာပေးနေသော လှိုင်းလုံးတွေ ရှိဆဲဖြစ်လို့ ရမှတ်များကို ဖြုန်းတီးခွင့်မပြုနိုင်ဘူး။
ရှန်းဝေ က စနစ်အား “စနစ်ရေ၊ နင့်မှာ ကယ်တင်ရမဲ့ ဗီလိန်ကလေးငယ်တွေ အများကြီး ရှိတယ် မဟုတ်ဘူးလား? ဘာလို့ အခု ဟဲလင်းဖုန်း တစ်ယောက်ပဲ ရှိနေတာလဲ?”
စနစ်၏အေးစက်စက်လေသံ ထွက်ပေါ်လာ၏။ [တခြားဗီလိန်တွေ က သော့ဖွင့်မှ ဝင်လို့ရမှာပါ၊ သော့ကို မရသေးဘူး၊ သော့ဖွင့်ပြီးတာနဲ့ ဗီလိန်ကလေးငယ်တွေ ဆီ အချိန်မရွေး သွားလို့ရတယ်]
ရှန်းဝေ နားလည်သွားသည်။
ရှန်းဝေ ၏ စိတ် သည် စနစ် မှ ထွက်လာပြီးနောက် ချီးမြှင့်သော ပစ္စည်းအားလုံးကို နေရာလွတ်ထဲ ထားလိုက်၏။
သူမ သည် တိုက်ရိုက်ထုတ်လွှင့်သည့် ကိရိယာကို ထုတ်ယူလိုက်၏။
ရှန်းဝေ သည် ဝန်ထမ်းအားလုံးကို စုစည်းလိုက်၏။ “အခု ကျွန်မမှာ အကြံသစ်တစ်ခုရှိတယ်၊ ကျွန်မတို့ကျောင်း က ဘယ်လိုကျောင်းမျိုးလဲဆိုတာ လူတိုင်း သိစေဖို့ ဒီပလက်ဖောင်းကို အသုံးပြုကြမယ်!”
"အနာဂတ်မှာ တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်ချင်ပါတယ်။ လူကြီးမင်းတို့ရဲ့မျက်နှာတွေ အင်တာနက်မှာ ပေါ်လာနိုင်တယ်၊ ဒါပေမယ့် လူကြီးမင်းတို့ရဲ့ပုံရိပ်ကို အသုံးပြုမိတဲ့အတွက် ကျွန်မက မူပိုင်ခွင့်ပေးချေမှာပါ!”
“လူကြီးမင်းတို့ ဒီမှာ အလုပ်လုပ်နေသရွေ့၊ ‘ကြယ်ကောင်းကင်’နဲ့သက်ဆိုင်နေသရွေ့ တစ်ယောက်ကို ယွမ် ၁၀၀,၀၀၀ ပေးမှာ ဖြစ်ပါတယ်၊ ဘယ်လိုထင်ပါသလဲ?”
“ဒီမြို့ထဲမှာ ယွမ် ၁၀၀,၀၀၀ ဆိုတဲ့ ပမာဏာက တော်တော်လေးကောင်းတယ်”
ရှန်းဝေ က ပြောပြီးတာနဲ့ ကျောင်းကားမောင်းသူ၊ ကျောင်းတာ့မင် မှာ တော်တော်စိတ်လှုပ်ရှားသွားတယ်။
သားဖြစ်သူ မှ အွန်လိုင်းချေးငွေများ အကြွေးတင်နေသောကြောင့် ငွေအလွန်လိုအပ်နေ၏။
သူ က အရင် သဘောတူ၏။ “ငါ လုပ်မယ်!” သေးငယ်သော ရိုက်ကူးမှုတစ်ခုအတွက် ယွမ်၁၀၀,၀၀၀ က သူ့အတွက် ကောင်းကင်ပေါ်မှ ပိုင်မုန့်ပြုတ်ကျသည့်အတိုင်း ဖြစ်၏။
တခြားသူများကလည်း သူတို့၏ဆန္ဒများကို ထုတ်ဖော်ခဲ့ကြသည်။
ဤသည်မှာ ‘ကြယ်ကောင်းကင်မူကြို’၏ စည်းကမ်းပင် ဖြစ်၏။ အခြားနေရာများတွင် အသုံးပြုပါက လျော်ကြေးပေးမည် မဟုတ်ချေ။
“အနာဂတ်မှာ တိုက်ရိုက်ထုတ်လွှင့်မှု အမျိုးမျိုး ရှိလာနိုင်ပါတယ်’ ဟု ရှန်းဝေ က ပြောခဲ့သည်။
အကောင့်တစ်ခုစီဖန်တီးပြီး ပရိသတ်များရရှိရန်လည်း ကူညီပေးနိုင်ကြောင်း သူမ က အကြံပြုခဲ့သည်။ ယခုခေတ် သည် တစ်နိုင်ငံလုံး တိုက်ရိုက်ထုတ်လွှင့်သည့် ခေတ်ဖြစ်သည်။
ပရိသတ်၁,၀၀၀ သို့ရောက်ရှိသရွေ့ တိုက်ရိုက်ထုတ်လွှင့်သည့် e-commerce အချို့ကို ပြုလုပ်နိုင်ပြီး အပိုဝင်ငွေရှာနိုင်ပေသည်။
ဤအပိုဝင်ငွေ က သူတို့နဲ့သာ သက်ဆိုင်တယ်။
ဒီအပိုင်းက သူတို့ပိုင်တယ်။
အားလုံး သဘောတူပြီးနောက် နောက်ဆက်တွဲ စာချုပ်ကို လက်မှတ် ရေးထိုးကြတယ်။ သိပ်မကြာခင်မှာပဲ သူတို့ရဲ့ ဘဏ်အကောင့်တစ်ခုစီမှာ ယွမ် ၁၀၀,၀၀၀ ရောက်ရှိလာခဲ့သည်။
ကျောင်းတာ့မင် မှာ အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ ဤငွေပမာဏ က သူ့လိုအပ်ချက်ကို ဖြေရှင်းပေးနိုင်သည်။
ကျောင်းတာ့မင် က ရှန်းဝေကို ပြောလိုက်သည်။ “ကျွန်တော် အိမ်ပြန်ချင်တယ်”
ကျောင်းကားမောင်းသမားတစ်ယောက်အနေနဲ့ သူ့ရဲ့အဓိကတာဝန် မှာ ကျောင်းသားတွေကို လိုက်ပို့ဖို့ပါပဲ။
အချိန်အများစုကတော့ ကျောင်းမှာ သူ သည် တခြားအလုပ်တွေ လုပ်ပေးတက်၏။
“သွားလေ!"
ကျောင်းတာ့မင် က သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းကာ အိမ်သို့ အမြန်ပြန်ခဲ့သည်။
အိမ်ပြန်ရောက်သည်နှင့် ဇနီးသည် က ဝမ်းနည်းစွာ သက်ပြင်းချသည်ကို တွေ့လိုက်ရသည်။
သားဖြစ်သူ မှ အွန်လိုင်းချေးငွေ အမြောက်အမြား အကြွေးတင်ကတည်းက ဆွေမျိုးများသာမက ကာလကြာရှည်စွာ ခင်မင်ခဲ့သည့် အိမ်နီးနားချင်းတွေတောင် သူတို့ကို ရှောင်ခဲ့ကြသည်။
သားဖြစ်သူက ခွင့်လျှောက်ထားပြီး နေ့တိုင်း အိမ်မှာပဲ ရှိနေခဲ့တယ်။
ကျောင်းတာ့မင် ပြန်လာတာမြင်တော့ ဇနီးသည် မှာ စိတ်ပျက်အားငယ်သွား၏။ “ရှင် အလုပ်ထုတ်ခံရလို့လား?”
ဒီလိုလစာမြင့်တဲ့ အလုပ်မျိုးကို ရှာရတာ ရှားပါးလှ၏။ ညဘက်တွင် ကျောင်း၌ ဤမျှကြီးမားသော အဖြစ်အပျက်မျိုး ဖြစ်လာမည်ဟု သူမ မမျှော်လင့်ထားပေ။ သူမလည်း ထိုအကြောင်းကို သိ၏။
ယခုတော့ သူ့အလုပ်မပြောင်းရွေ့ခင် အလုပ်ကနေ ထုတ်ပယ်ခံရတာ နေမယ်။
"မဟုတ်ဘူး၊ သတင်းကောင်းရှိတယ်။ သတင်းကောင်းဟ!"
ထို့နောက် သူ့ဖုန်းတွင် ရှိသော ယွမ်၁၀၀,၀၀၀ အပ်နှံခြင်း သတိပေးစာ ကို ပြသလိုက်၏။
"ဒီပိုက်ဆံ ဘယ်ကရတာလဲ?”
ဇနီးသည်ကလည်း ယွမ်၁၀၀,၀၀၀ ကြောင့် အံ့အားသင့်သွားသည်။
ကျောင်းတာ့မင် သည် ဇနီးသည် အား မူကြိုကျောင်းရှိ ရိုက်ကူးရေးတရားဝင်ခွင့်ပြုခြင်းအကြောင်းကို ပြောပြလိုက်သည်။
သာမာန်လူများအနေနှင့် သူတို့၏ပုံရိပ်ကို သုံးသည်ဖြစ်ဖြစ် မသုံးသည်ဖြစ်ဖြစ် ဂရုမစိုက်ကြဘူး။
ဒါပေမဲ့ ဒီငွေကတော့ စစ်မှန်တယ်!
ဤငွေပမာဏဖြင့် အတိုးမတက်စေဖို့ အရေးကြီးသောအကြွေးများကို ဦးစွာဆပ်နိုင်သည်။
ယွမ် ၁၀၀,၀၀၀ ပြန်ဆပ်ပြီးနောက် လင်မယားနှစ်ယောက် ပိုသက်သာရာရသွားသည်။ ဇနီးသည် က ပြောလာသည်။ "ဒီည အောင်ပွဲခံဖို့ အရသာရှိတဲ့ အစားအစာ ဝယ်လိုက်ရမလား?”
ဇနီးသည်၏မျက်နှာထက် အရေးအကြောင်းများ နှင့် ဆံပင်ဖြူများ တိုးပွားလာသည်ကို တွေ့ရတော့ ကျောင်းတာ့မင်၏နှလုံးသား မှာ နာကျင်သွား၏။
သူ့မိန်းမ၏စိတ်ဖိစီးမှု က သူ့ထက်မနည်းဘူးဆိုတာ သူလည်း သိ၏။
သူသည် နေ့တိုင်း အလုပ်သွားသော်လည်း သူ့မိန်းမသည် အခြားသူများ၏ ထူးဆန်းသော အကြည့်များနှင့် သား၏ စိတ်ပျက်ခြင်းကို ရင်ဆိုင်နေရသည်။
ကျောင်းတာ့မင် က ပြောလိုက်သည်။ “‘ကြယ်ကောင်းကင်မူကြို’မှာ အလုပ်က သိပ်ကောင်းတယ်၊ နောင်မှာ ငါ ကြိုးကြိုးစားစား လုပ်မယ်၊ ဒီအကြွေးတွေ အကုန်ဆပ်ပစ်မယ်”
ဇနီးသည် မှာ မျက်ရည်များ ရုတ်တရက် ဝဲတက်လာသည်။ “ကျေးဇူးပါရှင်၊ ဒီအလုပ်က ကောင်းတယ်၊ အရမ်းကောင်းတယ်"
သူတို့ သည် ကြိုး၏အဆုံးသို့ ရောက်သွားခဲ့ကြပြီဖြစ်၏။ ဒီအလုပ် က သူတို့ကို မျှော်လင့်ချက်တွေပေးတယ်။
ကျောင်းတာ့မင်၏ဇနီး က ပြောလာသည်။ “ရှင် အမြဲတမ်း သန့်ရှင်းရေးဝန်ထမ်း လိုအပ်တယ်လို့ ပြောနေတာ မဟုတ်ဘူးလား? ကျွန်မ လာလုပ်လို့ရလား? ကျွန်မ ငွေမလိုချင်ဘူး”
သူမ သည် သူမ၏ ကျေးဇူးတရားကို ဖော်ပြချင်ရုံသာဖြစ်၏။ သူမ က အိမ်ရှင်မအဖြစ် နှစ်ပေါင်းများစွာ ကျင့်သားရနေပြီဖြစ်သည်။ သန့်ရှင်းရေး နှင့် သိမ်းဆည်းရေး အလုပ် က သူမ၏ကျွမ်းကျင်မှုပင် ဖြစ်လို့နေပြီ။
“ကောင်းပြီ၊ ငါ ပြန်သွားရင် သူဌေးနဲ့စကားပြောလိုက်မယ်၊ အစားအသောက်က သိပ်အရသာရှိတာ!"
ဇနီးသည်၏ မျက်လုံးများသည် သက်သာရာရမှုဖြင့် တောက်ပနေ၏။ "တကယ်လား?"
နှစ်ယောက်သား ပျော်ရွှင်စွာ စကားစမြည်ပြောဆိုကြတယ်။ မကြာသေးမီရက်များအတွင်း ဘယ်တော့မှ မကြုံဖူးသော စိတ်အပန်းပြေမှုမျိုး ရရှိခဲ့ကြသည်။