Chapter 21
ဤအဖြစ်အပျက် သည် အွန်လိုင်းမှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ပျံ့နှံ့သွားခဲ့၏။
ပြည်သူတွေ မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုးမျိုးသော ထင်မြင်ယူဆချက်တွေ ရှိခဲ့ကြသည်။
[ဒီမှာ ဘာတွေဖြစ်နေတာလဲ? သိတဲ့တစ်ယောက် ရှင်းပြပေးနိုင်မလား?]
[အိုး… ငါက မိဘတစ်ယောက်ပါ၊ ငါ့ကလေး ကျောင်းမှာ အကြမ်းဖက်ခံရမယ်ဆိုရင် တွေးကြည့်လို့တောင် မရဘူး၊ အဲဒါ ဘယ်လောက်ကြောက်စရာကောင်းလိုက်သလဲ]
[ဒီလိုမျိုး နိုင်ငံခြားဇာတ်ကားတွေ ကြည့်ဖူးပေမယ့် ပြီးတဲ့အထိ ကြည့်ဖို့ သည်းမခံနိုင်ဘူး၊ မြန်မြန်စုံစမ်းကြပါ]
[မီးမရှိရင် မီးခိုးမရှိဘူး၊ တစ်စုံတစ်ယောက်က ဒီလိုပြောနေတယ်ဆိုကတည်း က အမှန်တရားတစ်ခုတော့ ရှိရမယ်]
[ဟုတ်တယ်၊ သူမက ဆွေမျိုးဆိုတော့ သူမမှာ ငါတို့မသိတဲ့ အသေးစိတ်အချက်အလက်တွေကို သိရမယ်။ မကြောက်နဲ့ မိန်းကလေး၊ တစ်ခုခုဖြစ်ရင် ငါတို့ မင်းကို ကာကွယ်ပေးမယ်]
[ဒီချမ်းသာတဲ့သူတွေရဲ့ အတုအယောင်တွေကို ရှေ့တန်းတင်တာ အကောင်းဆုံးပဲ၊ နောက်ကွယ်မှာ ဖောက်ပြန်တဲ့ ကောက်ကျစ်တဲ့ အကြံအစည်တွေကို ဘယ်သူသိမှာလဲ?]
[ငါ ပိုစဥ်းစားလေ၊ ယွမ် ၂၆၀ က ဆွဲဆောင်တယ်လို့ ခံစားရတယ်]
[ဒီလိုကြီးကျယ်ခမ်းနားတဲ့ကျောင်းအတွက် ယွမ်၂၆၀ က ဘယ်လိုဖြစ်နိုင်မှာလဲ၊ အဲဒါက ကုန်ကျစရိတ်တောင် မကာမိဘူး]
[သူဌေးတွေ အတွက် ကစားကွင်းတမျိုး ဖြစ်မလာနိုင်ဘူးလား? ချောမောလှပတဲ့ ယောက်ျားလေး၊ ကောင်မလေးတွေကို ရွေးချယ်တဲ့ မိဘမဲ့ကျောင်း က အဖြစ်အပျက်ကို မှတ်မိသေးလား?]
တစ်ညလုံး ဆွေးနွေးပွဲတွေ တစထက်တစ တိုးလာနေတာကို တွေ့လိုက်ရသည်။
ဗီဒီယိုအတိုချုံးဆိုက်များသည်ပင် ရှိပြီး ဤပြဿနာအတွက် အရှိန်လျှော့ရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း ဆွေးနွေးမှုများ သည် ရေပန်းစားသောစာရင်းများ၏ ထိပ်ဆုံးသို့ ရောက်ရှိနေဆဲဖြစ်သည်။
နောက်တစ်နေ့တွင် 'ကြယ်ကောင်းကင်မူကြိုကျောင်း' မှ ဝန်ထမ်းအများအပြားသည် မိုးမလင်းမီ ရောက်လာကြသည်။
ဒေါက်တာလု၊ ဝမ်လန် နှင့် တခြားသူများ အတွက် အိပ်မပျော်သည့်ညတစ်ညဖြစ်ခဲ့ပြီး မျက်လုံးအောက်၌ အမဲစက်များ ရှိနေခဲ့သည်။
စားဖိုးမှူးလျို က အွန်လိုင်းမှာ သိပ်မတက်ပေမယ့် သူ ရောက်လာပြီးတဲ့ နောက်မှာတော့ ဒီအဖြစ်အပျက်ကို ကြားလိုက်ရပြီး အလွန်ဒေါသထွက်သွားခဲ့သည်။
“သူတို့ပြောသလိုမျိုး လုံးဝမဟုတ်ဘူး။ အခုခေတ်မှာ ကောင်းတာလုပ်တိုင်း ဘယ်လိုဖြစ်ပြီး အထင်အမြင်လွဲမှားမှုတွေ ဖြစ်လာရတာလဲ?”
အခြားသူများ မသိနိုင်သော်လည်း နေ့စဥ် အစားအစာများတွင် ပါဝင်သည့် ပါဝင်ပစ္စည်းများနှင့်တင် အာဟာရဆိုင်ရာ စံနှုန်းများကို လိုက်နာသည်ကို သူ သိ၏။
သစ်သီးဝလံများအားလုံးကို တင်သွင်းတာဖြစ်သလို သူကလည်း နေ့စဥ်အော်ဒါစာရင်းသာ တင်သည်။
ဤနေရာရှိ ပါဝင်ပစ္စည်းများ၏ လတ်ဆတ်မှု က ကျန်းပိုင်အဆင့်မြင့်စားသောက်ဆိုင် ထက်တောင် သာလွန်သေးတယ်!
ဒါတွေကို မပြောနဲ့ ကလေးတွေရဲ့ အခြေအနေကို ကြည့်လိုက်ဦး၊ ဘယ်မှာ နှိပ်စက်ခံနေရလို့လဲ?
စားဖိုမှူးလျို က ဒေါသတကြီး ပြောလေသည်။ “သူတို့ ဘာသိလဲ? သူတို့ က လျှောက်ပြောနေကြတာ၊ ဒေါက်တာလု၊ မင်း က ဒီမှာ ပညာအတက်ဆုံးပဲ၊ မင်း ကောလဟာလတွေ ဖြန့်လို့ မရဘူး!"
ဒေါက်တာလု သက်ပြင်းချလိုက်သည်။ “အွန်လိုင်းမှာ ပြဿနာရှာပြီး ရေနောက်အောင် လုပ်နေတဲ့လူတွေ ရှိတယ်၊ မနေ့ညက ကျွန်တော်တို့ ဆက်တိုက် ရှင်းပြကြပေမဲ့ ဘယ်သူမှ နားမထောင်ဘူး"
"တချို့လူတွေက အမှန်တရားကို မသိချင်ကြဘူး၊ ယုံချင်တာကိုပဲ ယုံကြတာ"
“ကျွန်မတို့ရဲ့ကျောင်းခက ယွမ်၂၆၀ တည်း ဆိုတော့ အထူးသဖြင့် ကျွန်မတို့ရဲ့ပြိုင်ဖက်တွေက စိတ်ဆိုးနေတာ!" ဟု ဝမ်လန် က ဝင်ပြောသည်။
“မနေ့က ဗီဒီယိုဆိုက်တစ်ခုမှာ အလုပ်လုပ်တဲ့ သူငယ်ချင်းတစ်ယောက်ကို မေးကြည့်တော့ ဒီဗီဒီယို ကို လူတော်တော်များများ က အရှိန်မြှင့်ခိုင်းခဲ့လို့ ယွမ်၁၀၀၀ ကနေ သောင်းချီ ရခဲ့တယ်လို့ ပြောပြတယ်”
“ဒါဆို သူတို့ ပြင်ဆင်ပြီးမှ လာတာပေါ့လေ၊ ဟမ် ငါတို့ အခု ဘာလုပ်ကြမလဲ?” စားဖိုမှူးလျို ဒေါသထွက်နေ၏။
ကျောင်းတာ့မင် နှင့် အခြားသူများကလည်း စိုးရိမ်နေကြသည်။
သူတို့ ဟာ သာမာန် ဝန်ထမ်းများသာဖြစ်ပြီး၊ ထိုကဲ့သို့ တိုက်ခိုက်မှုမျိုး တစ်ခါမှ မကြုံဖူးကြဘူး။
ဤအင်တာနက်ခေတ်တွင်၊ အကြောင်းအရာများစွာကို နားလည်ရခက်သော်လည်း အများသူငှာ ထင်မြင်ယူဆချက်မှ အဆိုးမြင်စွမ်းအားသည် မည်မျှထိတ်လန့်စရာကောင်းသည်ကို လူတိုင်းသိကြသည်။
စားဖိုမှူးလျို သည် အလွန်စိတ်ပျက်သွား၏။ “ကောင်းတဲ့လုပ်ရပ်ကို အပြစ်ပေးကြမှာတော့ မဟုတ်ဘူးမလား?”
သူလို အလုပ်ကြိုးစားတဲ့ ဝန်ထမ်းတစ်ယောက်တောင်မှ ဒီလိုစွပ်စွဲချက်တွေကို ကြားရတာ စိတ်ထိခိုက်တယ်ဆိုရင် ရှန်းဝေ က ပိုလို့ စိတ်ထိခိုက်မှာ ပြောဖို့တောင် မလို။
သူမ ဟာ ငယ်ရွယ်သော စွန့်ဦးတီထွင်သူ တစ်ဦးသာ ဖြစ်သောကြောင့် ဤအရာ က သူမအတွက် တကယ်ကို စိတ်မကောင်းဖြစ်စရာပင်။
ဆရာမထန် လည်း ဒီနေ့ စောစောရောက်လာပြီး လူတိုင်းနဲ့အတူ တန်ပြန်ဗျူဟာကို အကောင်အထည်ဖော်ဖို့ မျှော်လင့်နေခဲ့သည်။
သူတို့ မတ်တပ်ထမရပ်နိုင်သလို တခြားသူတွေ ဆဲဆိုတာကို ခွင့်မပြုနိုင်ပါ။
အလုပ်ချိန်မစခင်မှာပင် လူတိုင်း သည် လေးနက်နေ၏။ “စိတ်ငြိမ်ငြိမ်ထားကြ၊ သူတို့လိုချင်တာက ငါတို့ စိတ်ပျက်စေဖို့ အတိအကျပဲ မဟုတ်လား? လုံ့လစိုက်ထုတ်လိုက်ကြရအောင်"
"မှန်တယ်၊ အရာရှိတွေ စုံစမ်းစစ်ဆေးတွေ့ရှိချက်တွေကို တင်ပြသရွေ့ ရှင်းပြချက်ထက် ပိုကျယ်လောင်လာပါလိမ့်မယ်"
အတိုချုံး ခွဲခြမ်းစိတ်ဖြာပြီးနောက် လူတိုင်းသည် သက်ဆိုင်ရာလုပ်ငန်းတာဝန်များကို ထမ်းဆောင်ခဲ့ကြသည်။ ဒီနေ့ သူတို့ ခက်ခက်ခဲခဲ တိုက်ပွဲဝင်နေပုံပေါ်နေခဲ့သည်။
ဆရာမထန် က ရှန်းဝေ၏ဝန်ထုပ်ဝန်ပိုးကို ခွဲဝေပေးနိုင်ရန် မျှော်လင့်ကာ ငယ်ရွယ်ပြီး အွန်လိုင်းမီဒီယာကိစ္စများကို ပိုမိုတတ်ကျွမ်းသည့် ဒေါက်တာလု နှင့် ဝမ်လန် ကို လာရှာခဲ့သည်။
ထိုကဲ့သို့ ကြီးကျယ်သော အလုပ်တစ်ခုကို ရှာတွေ့ပြီးနောက် ဤကျောင်း မကျဆုံးစေဖို့ နှစ်ဆပို၍ ကြိုးစားလုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။
ရှန်းဝေ လည်း စောစောရောက်လာတယ်။
လူတိုင်း၏ သိသာထင်ရှားသော မျက်ကွင်းကို ကြည့်ရင်း သူမ က ပြောလိုက်သည်။ "ဒီဖြစ်ရပ်ရဲ့ နောက်ကွယ်မှာ ဘယ်သူရှိသလဲဆိုတာ ကျွန်မသိတာမို့ လူတိုင်း ကိုယ့်တာဝန်ကိုယ် ဆက်လုပ်သင့်တယ်၊ မကြာခင်မှာ စစ်ဆေးရေးမှူးတွေ လာလောက်တယ်”
ထိုကဲ့သို့ ကြီးမားသော အဖြစ်အပျက် အပြီးတွင် အာဏာပိုင်များက တုံ့ပြန်ရန် တောင်းဆိုခဲ့သည်။
သူမ စကားပြောလို့ မကြာသေး ရဲကားများစွာ သည် အပြင်ဘက်တွင် ရှိနေပြီ ဖြစ်၏။
အေဂျင်စီများစွာနှင့် သတင်းထောက်အချို့ကို ကိုယ်စားပြုသည့် ကင်မရာများနှင့် ယူနီဖောင်းဝတ်ထားသည့် လူအများအပြား ရောက်ရှိလာကြသည်။
'ကြယ်ကောင်းကင်မူကြိုကျောင်း'တံခါးအပြင်ဘက်တွင် အွန်လိုင်းတင်ဆက်သူအချို့ က ကင်မရာများနှင့်အတူ တိုက်ရိုက်ထုတ်လွှင့်နေကြသည်။
ဤအဖြစ်အပျက် က လတ်တလောတွင် အွန်လိုင်း၌ အကြီးမားဆုံးအဖြစ်အပျက် ဖြစ်တာကြောင့် မည်သူမဆို ဖြတ်သွားဖြတ်လာလုပ်ရင်းဖြင့် အကျိုးအမြတ်များ ရယူချင်ကြသည်။
ရှန်းဝေ က သူတို့ကို မောင်းမထုတ်ပဲ သူတို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအတွက် တံခါးအပြင်မှာ ရှိနေဖို့ တောင်းဆိုခဲ့တယ်။
ပထမဦးစွာ စစ်ဆေးရေးအဖွဲ့နှင့် တရားဝင်မီဒီယာများကို ဝင်ရောက်ခွင့်ပြုခဲ့သည်။
အဆိုပါ အဖြစ်အပျက်ဖြစ်ပွားပြီးနောက် မနေ့ညနေနှောင်းပိုင်းတွင် ပူးတွဲစစ်ဆေးရေးအဖွဲ့ဝင်များအားလုံးကို အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး အံ့အားသင့်ဖွယ်စစ်ဆေးခြင်းဖြစ်ခဲ့သည်။ သူတို့ က မူကြိုကျောင်း ပြင်ဆင်ဖို့ အခွင့်အလမ်း လုံးဝမရှိအောင် ဒီမနက်ရောက်လာခဲ့ကြတယ်။
အထက်လူကြီးများက တင်းတင်းကျပ်ကျပ် အမိန့်ထုတ်ထားသည်။ ဤဖြစ်ရပ် ဟာ အွန်လိုင်းတွင် ကြီးမားသော အကျိုးသက်ရောက်မှုကို ဖြစ်စေခဲ့ပြီးဖြစ်သောကြောင့်၊ ချိုးဖောက်မှုများ တွေ့ရှိပါက ပြင်းထန်သော ပြစ်ဒဏ်ကို ရင်ဆိုင်ရမည်ဖြစ်သည်။
လူတိုင်း က ဤအခြေအနေရဲ့ ဆွဲငင်အားကို နားလည်တဲ့အတွက် စစ်ဆေးမှုဟာ အလွန်ကို စေ့စပ်သေချာခဲ့တယ်။
သို့သော် စစ်ဆေးရေးလုပ်ငန်းစဥ်မှာ သူတို့ဟာ မင်သက်နေခဲ့ကြ၏။
ဤနေရာမှာ တစ်စုံတစ်ရာ ချိုးဖောက်မှု မရှိဘူး။
မီးဖိုချောင်သည် တစ်ကိုယ်ရေသန့်ရှင်း၏၊ ရုံးခန်းများ က ကျယ်ဝန်းပြီး စောင့်ကြည့်ကင်မရာများပင် တပ်ဆင်ထားသည်။
ရှန်းဝေအဖွဲ့မှာ စာရွက်စာတမ်းများအားလုံးကို ရှင်းရှင်းလင်းလင်း ဖော်ပြထား၏။
ချိုးဖောက်မှုများမရှိခဲ့ရုံသာမက ဗျူရို၏စံနှုန်းများကိုပင် ကျော်လွန်သွားခဲ့သည်။
မီးဖိုချောင်၏အသီးအနှံများ မှာ အထူးဆွဲဆောင်မှုရှိလှ၏။
ဘလူးဘယ်ရီသီးများတွင် ရေစက်လေးများရှိသလို စပျစ်များတွင်လည်း ရေစက်လေးများနှင့် လတ်ဆတ်ပေသည်။
ဂေဟစနစ်နှင့် လိုက်ဖက်သော ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် အိမ်တွင်းနှင့် အပြင်ဘက် ကလေးများ၏ ဖျော်ဖြေရေး အဆောက်အအုံများလည်း ရှိသည်။
ကင်မရာသမားများ သည် အခြားအရာတစ်ခုခုကို ရိုက်ကူးရန် အဆက်မပြတ်ရှာဖွေနေပြီး ဤနေရာရှိ ထုတ်ကုန်အားလုံးသည် အော်ဂဲနစ်ဖြစ်ကြောင်း သတိပြုမိသွားခဲ့သည်။
ပိုးသတ်ဆေးကင်းစင်သောကြောင့် အဆိုပါအော်ဂဲနစ်ဟင်းသီးဟင်းရွက်များ၏စျေးနှုန်းများ သည် ပုံမှန်ပေါက်ဈေးထက် လေးဆမှငါးဆအထိ မြင့်မားသည်။ ကျန်းမာရေးနှင့်ညီညွတ်သော အိမ်ထောင်စုများသာ ဝယ်ယူစားနိုင်သည်။
အင်တာဗျူးသူ ဒီကိစ္စကို မေးတဲ့အခါ ရှန်းဝေ က "ဒီနေရာကို ကျွန်မရဲ့ကိုယ်ပိုင်အိမ်လို သဘောထားတယ်၊ ဒါကြောင့် ကျွန်မ စားတဲ့အတိုင်း ဝယ်ထားတာ”
အင်တာဗျူးသူ က ဆက်ပြောသည်။ “ဒါပေမဲ့ လူတွေက ဘာလို့ အခုလိုတွေ ဖြစ်ကုန်တာလဲ?”
"အဲဒီလို ပြောဆိုသူတွေရဲ့သဘောထားက ဘယ်လိုရှိတယ်ဆိုတာတော့ ကျွန်မ မသိဘူး၊ ကောလာဟလတွေ ဖြန့်ရတာ လွယ်ကူပေမယ့် စံနှုန်းအတိုင်းလုပ်ဆောင်ဖို့က ကုန်းတက်တိုက်ပွဲလေ"
"အရင်က ကျောင်းလခ ကို ယွမ် ၂၆၀ ကို သတ်မှတ်လိုက်တာဟာ ဒီမူကြိုကျောင်းကို စတင်ဖွင့်တာဖြစ်လို့ ကလေးတွေအများကြီး ကျောင်းတက်စေဖို့ပါပဲ၊ ရိုးရိုးသားသားပြောရရင် ကျွန်မမှာ ပိုက်ဆံပြတ်လတ်မနေဘူး”
"ဒီလို နားလည်မှုလွဲကြလိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး" ရှန်းဝေ က ရိုးရိုးသားသား အကြည့်နဲ့ ပြောလိုက်တယ်။
အင်တာဗျူးသူ နှင့် ကင်မရာသမားများသည် ယခင်က လူမျိုးစုံနှင့် တွေ့ဆုံခဲ့ဖူးပြီး ရှန်းဝေ ၏ ပြောဆိုပုံအရ ၈၀% ခန့် ယုံကြည်ရကြောင်း ပြောပြနိုင်ခဲ့သည်။
ဤမူကြိုကျောင်း ဟာ အခြားသူ၏အမြတ်အစွန်းကို အနှောင့်အယှက်ဖြစ်စေကြောင်း ကင်မရာဆရာ က စိတ်ထဲမှ ဆင်ခြင်မိ၏။
မီးသတ်ဌာနနှင့် ပတ်သက်သည့် စေ့စေ့စပ်စပ် စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဤနေရာ၌ အရာအားလုံးသည် ဥပဒေနှင့် ကိုက်ညီကြောင်း ထင်ရှားသည်။
သူတို့ထွက်သွားချိန်မှာတော့ စစ်ဆေးရေးအဖွဲ့ရှိ အမျိုးသမီးငယ်တစ်ယောက် က မေးသည်။ “ကျောင်းမှာ ကျောင်းအပ်လက်ခံသေးလား?”
"အခုလောလောဆယ်တော့ လက်မခံသေးဘူး၊ အစ်မ သိထားတဲ့ အွန်လိုင်းပေါ်မှာ ရှိနေတဲ့ လက်ရှိအခြေအနေအတိုင်းပါပဲ”
မူကြိုကျောင်းရှာနေသည့် ကလေးရှိသည့် အမျိုးသမီး သည် နည်းနည်းစိတ်မကောင်းဖြစ်သွား၏။
ယခု ငွေကြေးသက်သာပြီး ကြီးမားသော ဤသို့မူကြိုကျောင်းကို ကြည့်ရင်း တကယ်ပင် သွေးဆောင်ခံခဲ့ရ၏။
ကျောင်းဘတ်စ်ကားများ၊ ဆရာများနှင့် ဝန်ထမ်းများနှင့် ဤနေရာရှိ အစားအသောက်များကို ကြည့်လိုက်လျှင် အရာအားလုံးသည် အလွန်ကောင်းမွန်သောကြောင့် ဤနေရာတွင် သားသမီးများအား ကျောင်းတက်စေဖို့ စာရင်းသွင်းချင်းစိတ် ဖြစ်လာစေပါ၏။
ရှန်းဝေ ဒီလိုပြောတဲ့အခါ တစ်ယောက်က နည်းနည်းတော့စိတ်မကောင်းဖြစ်သွား၏။ “ဒီလိုကောင်းတဲ့ကျောင်းရှိနေတဲ့ဟာ၊ ပါးစပ်ဆိုးတွေ ရှိသေးပါလား၊ ကျိုးကြောင်းမသင့်ကြလိုက်တာ!"