Chapter 20
ရှန်းဝေ၏မူကြိုကျောင်း သည် တိုးတက်ကြီးပွားခဲ့၏။
ရှန့်ချင်းချင်း သည် ရှန်းဝေ မူကြိုကျောင်းထောင်ထားသည့် သတင်းကို ကြားကြားချင်း သေလုမတက် ရယ်ခဲ့တယ်!
သူမတို့တွေ က ဆွေမျိုးဖြစ်ပြီး၊ သက်တူရွယ်တူဖြစ်ကြ၏။
ရှန့်ချင်းချင်း က ရှန်းဝေ ထက်ပိုကောင်းသည်ဟု ခံစားမိသော်လည်း သူမမှာ မိသားစုနောက်ခံမရှိရုံသာ ဖြစ်၏။
နှစ်ယောက်စလုံး တက္ကသိုလ်မှ ဘွဲ့ရခဲ့ကြသော်လည်း ရှန့်ချင်းချင်း က တော့ အလုပ်ရှာဖွေနေဆဲဖြစ်သည်။ ယနေ့ခေတ်တွင် တက္ကသိုလ်ဘွဲ့ရများသည် နေရာတိုင်းတွင်ရှိကြသလို သူမဟာ သာမန်တက္ကသိုလ်ဘွဲ့ရတစ်ဦးသာဖြစ်လို့ အလုပ်ရှာရန် အလွန်ခက်ခဲခဲ့သည်။
သူမ ရှန်းဝေ အလုပ်လုပ်သည့်နေရာသို့ အထူးအာရုံစိုက်ခဲ့၏။
နောက်တော့ ရှန်းဝေ ဟာ အလုပ်ရှာမရသောကြောင့် မူကြိုကျောင်းစတင်ဖွင့်လှစ်ခဲ့သည်ဟု ဆွေမျိုးများထံမှ ကြားသိခဲ့သည်။ ပထမတော့ ရှန်းချင်းချင်း သူမကို လှောင်ပြောင်ခဲ့၏။
စာမကောင်းကောင်းမလုပ်တဲ့သူက ဘယ်လိုမူကြိုကျောင်း ၁ကျောင်းကို ဘယ်လိုလုပ် ဖွင့်နိုင်မှာလဲ? ကလေးတွေကို လမ်းမမှားနိုင်ဘူးလား?
သို့သော် လှောင်ပြောင်မှုမှ မနာလိုမှု ဖြစ်လာခဲ့၏။
ရှန်းဝေမိသားစု က ချမ်းသာတာမို့ လုပ်ချင်တာမှန်သမျှ လုပ်နိုင်ပေသည်။ ချို့တဲ့တဲ့အခြေအနေ တော်တော်များများတော့ရှိပါ၏။
သူမတို့ဟာ တူညီတဲ့မျဥ်းမှ စတင်ခဲ့ကြသော်လည်း ရှန်းဝေ က ရှေ့မှာ ရှိခဲ့၏။
ဘယ်လောက်တောင် မတရားလိုက်သလဲ?
အထူးသဖြင့် မကြာသေးမီက ရှန့်ချင်းချင်း၏မိဘများ သည် သူမ၏အဒေါ်နှင့် ဦးလေး(ရှန်းဝေမိဘများ)ထံ အလည်အပတ်သွားပြီး ရှန်းဝေ မည်မျှအရည်အချင်းရှိကြောင်း ခမ်းနားစွာ ချီးကျူးခဲ့ကြသည်။
ရှန်းချင်းချင်း သည် ဒေါသထွက်သွားသည်။
မိသားစုနောက်ခံ က ကောင်းမွန်တာလို့ တခြားသူများထက် ရှန်းဝေ က သာလွန်နေရုံပဲ မလား?
ရှန်းဝေ က ကံကောင်းတယ်လို့ လူတွေ ပြောကြတယ်။
ချမ်းသာသည့် ဖခင်တစ်ဦး ရှိပေမဲ့ မှတ်ချက်တွေ က ‘သူမ လုပ်နိုင်တယ်!’ ဆိုပြီး တဖြေးဖြေး ပြောင်းလဲသွားခဲ့သည်။ လူတိုင်း၏ မှတ်ချက်များ သည် အပြုသဘောဆောင်လာခဲ့၏။
ရှန်းဝေ အခုလိုသာ ဆက်လုပ်နေရင် သူမ ဖိနှိပ်ခံရမည်ကို စိုးရိမ်မိပြီး ကြောက်လန့်သွား၏။
ထို့နောက် သူမ၏ စိတ်ထဲ မကောင်းတဲ့အကြံအစည်တစ်ခုပေါ်လာခဲ့တယ်!
ည ၈ နာရီတွင် လူကြိုက်များသော တချိန်တည်းကြည့်ရူသူ၃၀၀,၀၀၀ ပါသောတိုက်ရိုက်ထုတ်လွှင့်သူ၏ချန်နယ် က ယွမ်၅၀၀ ဆုပေးပါ ၃မိနစ်စာ အသံဖြင့် ဆက်သွယ်မှုရရှိနိုင်မည့် အစီအစဥ်ရှိ၏။
သူမ ယွမ်၅၀၀တန် ပွဲတော်တစ်ခု လက်ဆောင်ပေးခဲ့၏။
မကြာခင်မှာပဲ တိုက်ရိုက်ထုတ်လွှင့်သူ(streamer) က သူမ ကို ဆက်သွယ်လာခဲ့၏။
“ဟယ်လို၊ ငါ မင်းကို ဘယ်လိုကူညီရမလဲ?” တိုက်ရိုက်ထုတ်လွှင့်မှုချတ် တွင် အဆုံးမသတ်နိုင်သော လွှင့်တင်သူ၏အသံ ထွက်ပေါ်လာခဲ့သည်။
ရှန်းချင်းချင်း၏အသံ က မိုက်မှ ထွက်လာခဲ့၏။ “ကျွန်မ ထုတ်ပြောသင့် မသိပေမဲ့ အပြစ်ရှိစိတ်ကို သည်းမခံနိုင်တော့ဘူး!"
"ကျွန်မမှာ တကယ်ဆင်းရဲတဲ့ ကျောင်းသားတစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ ဝမ်းကွဲညီအစ်မတစ်ယောက်ရှိတယ်။ သူမ က ကလေးတွေကို မကြိုက်ပေမယ့် အခုတော့ နေ့တိုင်း ပညာရေးပတ်သက်တဲ့ပတ်ဝန်းကျင်မှာ ရှိနေတယ်!”
"ရိုးရိုးသားသားပြောရရင် အဲဒီကလေးတွေရဲ့ စိတ်ကျန်းမာရေးအတွက် စိတ်ပူမိတယ်။ သူတို့မိဘတွေသာ ကျွန်မရဲ့ဝမ်းကွဲက ဘယ်လိုလူလဲဆိုတာ သိရင် ကလေးတွေကို သေချာပေါက် သူမနဲ့ထားခဲ့မှာ မဟုတ်ဘူး”
“ဒါပေမဲ့ ဘယ်လိုပြောရမှန်းကို မသိတော့ဘူး၊ ကျွန်မတို့က ဆွေမျိုးတွေဆိုတော့လေ”
ရှန်းချင်းချင်း သည် ပြောပြီးသောအခါ တိုက်ရိုက်ထုတ်လွှင့်မှု မှာ ပေါက်ကွဲသွား၏။ သူမ ထုတ်ပြောတဲ့အချက်အလက်တွေက အလွန်များလှချေသည်။ သူမရဲ့ဝမ်းကွဲအကြောင်း ဘာမှတိတိကျကျမပြောပေမဲ့လည်းပေါ့။
သို့သော် သူမရဲ့ ရှောင်တိမ်းတဲ့ အပြုအမူကြောင့် လူတွေ ထံ နားမလည်နိုင်အောင် ထိတ်လန့်စေခဲ့တယ်။
ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုလား?
တိုက်ရိုက်ထုတ်လွှင့်သူ၏ချန်နယ်သည် အများအားဖြင့် စိတ်ခံစားမှုဆိုင်ရာခေါ်ဆိုမှုများအတွက်ဖြစ်ပြီး၊ ဤကဲ့သို့သောအရာများကို ပထမဆုံးအကြိမ်ကိုင်တွယ်ခြင်း ဖြစ်၏။
တိုက်ရိုက်လွှင့်သူ သည် ချက်ချင်းသတိကပ်သွားသည်။
ကလေးသူငယ်အလွဲသုံးစားမှု နှင့် ကျောင်းတွင်းအကြမ်းဖက်မှုများ သည် မကြာသေးမီက မကြာခဏ ခေတ်စားလာခဲ့သည်။
ဒါက ကြီးမားတဲ့ ခေတ်စားနေတဲ့ အကြောင်းအရာတစ်ခု ဖြစ်နိုင်တယ်။
တိုက်ရိုက်ထုတ်လွှင့်သူ သည် ချက်ချင်းစုံစမ်းခဲ့သည်။ “မင်း တိကျတဲ့အသေးစိတ်အချက်အလက်တွေကို မျှဝေပေးပါလား?”
ဒါပေမယ့် ဒီမေးခွန်း က အသံချိတ်ဆက်မှုရှိ မိန်းကလေး ကို ကြောက်ရွံ့စေခဲ့ပြီး ချက်ချင်းပင် အော့ဖ်လိုင်းဖြစ်သွားစေခဲ့၏။ တိုက်ရိုက်ထုတ်လွှင့်မှုမှလူတိုင်း အား တစ်စုံတစ်ခုက ပိတ်လိုက်သည်ဟု ခံစားစေခဲ့၏။
ကြင်နာတက်တဲ့ကောင်မလေး က စုံစမ်းထားတာ ဖြစ်လိမ့်မည်။ မဟုတ်ရင် ဆွေမျိုးတစ်ယောက်အနေနဲ့ တိုက်ရိုက်ကြီး တိုက်ခိုက်လို့ ဘယ်လိုလုပ် ဖြစ်မှာလဲ?
သူမ မျဥ်းတစ်ကြောင်းကို ဖြတ်ကျော်ခဲ့ရပေမည်။
ဒါကို ထုတ်ဖော်တာ မှန်၏။ မူကြိုကျောင်းတွေမှာ ဘယ်လိုလူစားမျိုးရှိသလဲကို ဘယ်သူသိမှာလဲ? မကောင်းတဲ့ဆရာတွေ ဖြစ်နေရင်ကော? ကလေးတွေအတွက် တစ်သက်လုံး စိတ်ဒဏ်ရာတစ်ခုဖြစ်လာလိမ့်မယ်။
မကြာသေးမီက ကြောက်မက်ဖွယ်ကောင်းသော ကလေးသူငယ်အလွဲသုံးစားမှု ဖြစ်ရပ်များနှင့် မကြာခဏ ကျောင်းတွင်းအကြမ်းဖက်မှုများ သည် လူတိုင်းကို ပိုမိုသတိရှိစေပြီး ထင်မြင်ယူဆချက်များ မှာ လွှမ်းခြုံသွားတော့သည်။
[ပညာရေးမှာ တစ်ယောက်ယောက်က ကလေးတွေအပေါ် ချစ်ခြင်းမေတ္တာ ကင်းမဲ့နေတယ်ဆိုတာ တွေးကြည့်လို့ မရဘူး။ ဒီလိုလူက ဘယ်လိုလုပ် ဆရာဖြစ်နိုင်မှာလဲ၊ စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်ကွပ်ကဲမှု မရှိကြဘူးလား?]
[ထုတ်ပြောတဲ့မိန်းကလေး က သိပ်သတ္တိရှိတာပဲ၊ လူသိရှင်ကြားထုတ်ပြဖို့ သတ္တိရှိတယ်၊ သူမအထောက်အထားကို ဘယ်သူကမှ တူးဆွဖို့မကြိုးစားတော့ဘူးဆိုရင် ဒီအကြောင်းကို ထုတ်ပြောလိမ့်မယ်]
[ဘုရားရေ၊ အဲကလေးတွေအတွက် သိပ်စိတ်ပူမိတယ်၊ ဘာတွေဖြစ်နေတာလဲဟ? တစ်စုံတစ်ယောက် မြန်မြန်ပြောကြပါ၊ ငါ သိချင်လွန်းလို့ သေပါတော့မယ်]
ရှန်းချင်းချင်း က အော့ဖ်လိုင်းဖြစ်ခဲ့သော်လည်း မထွက်သွားသေးပဲ လူတိုင်း၏မှတ်ချက်များ ကို နားထောင်နေခဲ့၏။
ထုတ်လွှင့်သူ သည် ရဲထံ ချက်ချင်း သတင်းပို့ခဲ့သည်။
အခြားသူများ သည် ရှန်းချင်းချင်း၏ ID မှ တဆင့် သူမ၏မြို့ကိုရှာဖွေရန် စတင်ရှာဖွေခဲ့ကြသည်။
ထို့နောက် မူကြိုကျောင်းနှင့်ပတ်သက်သည့် အချက်အလက်များကို ရှာဖွေရန် အစိုးရမှတ်ပုံတင်ပလက်ဖောင်းများကို တစ်ခုပြီးတစ်ခု ရှာဖွေခဲ့သည်။
ရှန့်ချင်းချင်း က အရေးကြီးသော အချက်နှစ်ချက်ကို ပြောခဲ့သည်- ‘ပိုင်ရှင်ဟာ လူငယ်မိန်းကလေးဖြစ်ပြီး မူကြိုကျောင်းသစ်ကို ဖွင့်ထားတယ်’ဟု၍။
ဤအချက်အလက်ဖြင့် အလွယ်တကူ သိရှိနိုင်သည်။
'ကြယ်ကောင်းကင်မူကြိုကျောင်း' ကို ဖော်ထုတ်နိုင်သည် အထိ အင်တာနက်အသုံးပြုသူများ၏ စွမ်းအားသည် ကြီးမားလှချေသည်။
ကျောင်းလခ ယွမ်၂၆၀ ကို အစောပိုင်း က ချီးကျုးခဲ့ကြသော်လည်း ယခုအခါ ဝေဖန်မှုများ၏ပစ်မှတ်ဖြစ်ခဲ့တော့သည်။
[သူတို့ရဲ့ဝဘ်ဆိုဒ်ကို ငါစစ်ဆေးကြည့်တော့ သူတို့ရဲ့ ပြုပြင်မွမ်းမံမှုတွေက ထိပ်တန်းပဲ။ ဒီလိုကောင်းမွန်တဲ့ ပြုပြင်မွမ်းမံမှုတွေလုပ်ထားပေမဲ့ ကျောင်းလခ ယွမ်၂၆၀ သာ ပေးသွင်းရတယ်၊ ဆိုးရွားတဲ့ ရည်ရွယ်ချက်တစ်ခု ရှိမှာပဲ]
[Oh my god၊ ကလေးညှင်းပန်းနှိပ်စက်မှု စတင်ဖို့ လူတွေကို ဈေးနှူန်းချိုချိုသာသာနဲ့ ဆွဲဆောင်နေတာများလး? ပြောရရင် စျေးနှုန်းချိုသာစွာနဲ့ ဆွဲဆောင်ခံရတဲ့မိဘတွေ က တစ်စုံတစ်ခု ရှာဖွေတွေ့ရှိရင်တောင် ပြန်ခုခံနိုင်စွမ်း မရှိဘူး မလား?]
[ဒါကို ဘယ်သူမှ မစီမံဘူးလား?]
ဒေသဆိုင်ရာ ပညာရေးဗျူရို၊ စီးပွားရေးစီမံခန့်ခွဲမှု၊ အခွန်အာဏာပိုင်များ၊ ရဲစခန်းများနှင့် အခြားအရာများသို့ တိုင်ကြားရန် ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ခဲ့သည်။
အချို့ က မြို့၏သတင်းပို့ရေး ဟော့လိုင်းကို ညတွင်းချင်းပင် ခေါ်ဆိုခဲ့ကြသည်။
ကလေးများ နတ်ဆိုးလက်ထဲသို့ မကျရောက်စေဖို့ ဤအဖြစ်အပျက် အား သေချာ စုံစမ်းရမည်ဟု ပြောခဲ့ကြသည်။
အဖြစ်အပျက်သည် ရုတ်တရက်ဖြစ်ခဲ့သော်လည်း အထူးသဖြင့် လူကြိုက်များသော တိုက်ရိုက်ထုတ်လွှင့်မှုတွင် ကြီးမားသော သက်ရောက်မှုရှိခဲ့သည်။ အဲဒီည က လူတော်တော်များများ အိပ်မပျော်နိုင်ခဲ့ကြဘူး။
ရှန်းဝေ တွင် လူထုအမြင်ကို စောင့်ကြည့်သည့်စနစ် တစ်ခု ရှိသည်။
အချိန်တိုလေးအတွင်းမှာပဲ စနစ် က ရှန်းဝေ အတွက် အသေးစိတ်အချက်အလက်အားလုံးကို အကျဥ်းချုံးပေးခဲ့သည်။ ဤအဖြစ်အပျက်တွင် စီးနင်းလိုက်ပါရန် တိတ်တဆိတ် ကြိုးစားနေသည့် တခြားသောမူကြိုကျောင်းများလည်း ပါဝင်သေးသည်။ ပေါက်ကြားသူမှာ ရှန့်ချင်းချင်း နှင့် တခြားသူများပင်။
စနစ် ၏ ပြင်းထန်သော စိစစ်မှုအောက်တွင် ဤလူများအတွက် ဖုံးကွယ်ရန် နေရာမရှိပေ။
ဆရာမထန် နှင့် ဒေါက်တာလု တို့ သည် ဖြေရှင်းချက် မြန်မြန်ဆန်ဆန် ရရှိရန် ရှန်းဝေ ထံ ညတွင်းချင်း ဖုန်းခေါ်ခဲ့၏။
ကောလဟာလတွေ ပေါ်ပေါက်လာပြီဆိုရင် ချေဖျက်ဖို့ ခက်လိမ့်မယ်။
ရှန်းဝေ က ညတွင်းချင်းပဲ တုံ့ပြန်တဲ့ ဗီဒီယိုကို ထုတ်ပြန်ခဲ့တယ်။-“ပထမဆုံး ကြည့်ရူပေးတဲ့လူတိုင်းကို ကျေးဇူးတင်ပါတယ်”
[ကျွန်မတို့မူကြိုကျောင်း ရှိ အတန်းငယ်လေးတွေကို အရောင်းမြှင့်တင်ရန် ရည်ရွယ်ခဲ့တဲ့အပြင်၊ စတင်တည်ထောင်တာ မကြာသေးတဲ့ကျောင်းသစ်ဖြစ်တဲ့အတွက် ကျောင်းလခ ဟာ နည်းပါးပါတယ်၊ လူ့အဖွဲ့အစည်း၏ ကြီးကြပ်စစ်ဆေးမှုကို ကျွန်မတို့ ကြိုဆိုလျက်ပါ၊ အမှားအယွင်းတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ကျွန်မတို့ကျောင်း က အပြည့်အဝတာဝန်ယူလိုပါတယ်]
အဆိုပါဗီဒီယိုသည် အွန်လိုင်းပေါ်တွင် လှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့ပြီး အချို့ က ယုံကြည်ခဲ့ကြကာ အချို့မှာ မယုံကြည်ကြဘူး။
သို့သော် ရှန်းဝေ၏ တိုက်ရိုက်ရှင်းလင်းချက်ကြောင့် ယခင်က တစ်ဖက်သတ်အခြေအနေသည် အနည်းငယ်ပြောင်းသွားခဲ့သည်။
[သူမက တက္ကသိုလ်က ငါ့စီနီယာပါ၊ သူမ က သိပ်ကြင်နာတက်တယ်၊ ခွေးလေးတွေ၊ ကြောင်လေးတွေကိုတောင် အမြဲအစာကျွေးတက်သူ၊ လူတိုင်း ပြောသလို မဟုတ်တာတော့ သေချာတယ်]
[ဒီကောလဟာလတွေကို ဘယ်သူက အတိအကျ ဖြန့်တာလဲဟ။ ပြန်တင်ထားတဲ့ လူ ၅၀၀ ကျော်လောက်က ရာဇ၀တ်မှုမြောက်တယ်နော်]
ထိုအချိန် တွင် ရှန်းဝေ မှ ထိုမှတ်ချက်ကို တုန့်ပြန်ခဲ့၏။ - [ကောလဟာလဖြန့်သူကို တရားစွဲပါမယ်၊ ဒီရာဇဝတ်မှုက အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်အထိ အကျုံးဝင်လို့ တရားရုံးရဲ့ ဆင့်ခေါ်မှုကို စောင့်နေကြပါရှင်]
ကွန်ပြူတာတွင်ထိုင်ပြီးကြည့်နေသည့် ရှန့်ချင်းချင်း သည် ရှန်းဝေ၏မူကြိုကျောင်း က အန္တရာယ်ရှိသောတိုက်ခိုက်မှု မှ သူမ၏ထောင်ချောက်ထဲသို့မကျရောက်စေဘဲ ကာကွယ်ရန် တရားဝင်နည်းလမ်းများ ကို အသုံးပြုမည် ဟု မမျှော်လင့်ထားပေ။
တရားစွဲရန်ပင် ခြိမ်းခြောက်လိုက်သဖြင့် ရှန်းချင်းချင်း မှာ ရုတ်တရက် ထိတ်လန့်သွားခဲ့သည်။