no

Font
Theme

Chapter 14

စားသောက်ပြီးနောက် စုကျင်း က ထမင်း၅ပနကန် စားပြီးပြီဆိုတာ သိလိုက်ရ၏။ သူ နည်းနည်းရှက်မိသည်။

အတန်းထဲ ရောက်လျှင် ကျောင်းသား၏အဆင့်များ မည်မျှပင် နိမ့်နေပါစေ ကျောင်းသားတိုင်း အား သေချာစွာ သင်ကြားပေးမည်ဟု သေချာဆုံးဖြတ်ခဲ့သည်။

ထို့နောက် ရှန်းဝေ ကို တွေ့ပြီး မေးလိုက်၏။ “အခု ကျွန်တော့်တပည့်နဲ့ တွေ့လို့ရမလား?”

ရှန်းဝေ က ဟဲလင်းဖုန်း စောင့်နေသည့် သီးသန့်စာသင်ခန်းတစ်ခုသို့ ခေါ်သွားပေးခဲ့သည်။

စုကျင်း တော်တော်အံ့သြသွားတယ်။ "ကျောင်းသားတစ်ယောက်ပဲလား?"

“ဟုတ်ပါတယ်”

စုကျင်း အတွက် ယွမ်၂၀၀ ယူရန် နည်းနည်းရှက်သွားမိသည်မှာ ပထမဆုံးအကြိမ် ဖြစ်ပေ၏။

သူ စားလိုက်သော ထမင်း က ကျူရှင်ခအတွက် ပေးချေလုနီးပါးပမာဏလောက်ရှိတယ်!

ကျောက်သင်ပုန်း၊ ကွန်ပျူတာ၊ တက်ဘလက်များနှင့် အခြားသော သင်ကြားရေးကိရိယာများပါရှိသော မူကြိုကျောင်းဖြစ်ချေ၏။ ခေတ်မီကွန်ပြူတာအကူအညီဖြင့် သင်ကြားရေးနည်းလမ်းများကို အသုံးပြုစေလိုတာ စုကျင်း ချက်ချင်း နားလည်သဘောပေါက်သွားချေပြီ။

သူ့ကျောင်း၏ သင်ယူမှုအဆင့်ကို မေးမြန်းခဲ့ရာ အံ့အားသင့်သွားခဲ့သည်။ ဟဲလင်းဖုန်း က မူကြိုကို တက်ရောက်တာ ရက်အနည်းငယ်သာ ကြာသေး၏။

မူလတန်းမှ စတင်သင်ကြားရမည်ဟု ယူဆခဲ့သော်လည်း လက်တွေ့တွင် သင်္ချာအတွက် ၁+၁ က စ၍ သင်ကြားပေးရန် လိုချေပြီ။

တရုတ်စာအတွက်မှု အက္ခရာများ၊ စာရေးနည်းနှင့် စကားလုံးများကို လေ့လာရန် လိုအပ်၏။

အင်္ဂလိပ်စာအတွက် A, B, C, D မှ စရမည်။

အထက်တန်းကျောင်း၌ ထိပ်ဆုံး ၃ ယောက်ထဲ ဝင်သည့် သူ့အနောက် မူလတန်းစာသင်ရသည်မှာ စပါးခွံကို တူလေးနှင့်ခွဲသသိုမျိုး ခပ်ဆင်ဆင်တူပေမဲ့ စိတ်နှလုံးအကြွင်းမဲ့ သင်ကြားပေးရန် စီစဥ်နေဆဲ ဖြစ်၏။

ထိုကလေး က အ‌တော်ထက်မြက်ပြီး သင်ပေးသည် မြန်မြန်ဆန်ဆန်ဆုပ်ကိုင်နိုင်တာကို တွေ့ရှိခဲ့တယ်။

တစ်နာရီအတွင်း။

ဘာသာရပ် ၃ ခုစလုံးတွင် ပထမတန်း မှ ဒုတိယတန်းထိ တက်ခဲ့ကြသည်။

စုကျင်း သည် ယခင်က ထိုကဲ့သို့သော ကလေးများကို တစ်ခါမျှ သင်ကြားမပေးဖူးသောကြောင့် သူ့သင်ကြားချိန်က သိပ်မြန်ဆန်လွန်းနေသလား မသိတော့။

သင်ခန်းစာတစ်ခုပြီးတိုင်း စာမေးပွဲစစ်ခဲ့၏။

အားလုံးသည် သင်ရိုးညွှန်းတမ်းထက် ကျော်လွန်မေးခွန်းများ မရှိသော သင်ရိုးညွှန်းတမ်း ပြင်ပ သင်ရိုးညွှန်းတမ်းများ မှဖြစ်သည်။

မူလက သင်ခန်းစာ ၁၀ ခု သင်ကြားရန် စီစဥ်ခဲ့သော်လည်း အရာအားလုံး ပြီးဆုံးခဲ့သည်။

အသက်၅နှစ်အရွယ်၊ ဟဲလင်းဖုန်း ဟာ ရေမြှုပ်ကဲ့သို့ သင်ယူမှုကို စုပ်ယူခဲ့၏။ သူ အား မည်မျှပင် သင်ကြားပေးသည် ဖြစ်ဖြစ် အားလုံးကို သင်ယူနိုင်လေ၏။ ယင်း က စုကျင်းကို ကြည်နူးစေပါ၏။

စုကျင်း သည် ၁+၁ တွင် ထပ်ခါထပ်ခါမနေချင်ပါ။

အထူးသဖြင့် ၁+၁ တွင် တစ်နေပါက ဤပြဿနာအတွက် မိဘများ အား စိတ်အနှောက်အယှက်ဖြစ်စေသည့်အကြောင်း အွန်လိုင်းဟာသများကို မြင်ဖူးသောကြောင့်ဖြစ်၏။

ကလေး၏ ဥာဏ်ရည်ဥာဏ်သွေးနှင့် စစ်မှန်သော စုကျင်း၏ပညာအရည်အသွေးကို ပေါင်းစပ်လိုက်သောအခါ အရှိန်အဟုန်ဖြင့် သင်ယူလေ့လာနိုင်ခဲ့သည်။

သူ က စာသင်ပေးရလို့ ပျော်နေပြီး ကလေးကတော့ သင်ယူရလို့ ပျော်နေခဲ့၏။

တစ်နာရီအတွင်းတွင် ဘာသာရပ်၃ခုကို တစ်ဆက်တည်း သင်ကြားပေးခဲ့ရသောကြောင့် သူ အလွန်ပင်ပန်းလာခဲ့၏။

ကလေး က ဆက်လုပ်နိုင်ရင်တောင် သူကတော့ မောပန်းနွမ်းနယ်နေသလို ခံစားရတယ်။

ဖုန်းမြည်သံကြားသောအခါ တစ်နာရီကုန်ဆုံးသွားချေပြီ၊ စုကျင်း က ပြောလိုက်သည်။ “မင်း အတွက် စာရွက်တချို့ ထားခဲ့မယ်၊ အချိန်ရတိုင်း လုပ်ထားလိုက်”

“ဒါ့အပြင် စာရေးဖို့ လုပ်၊ မင်း အခု အကြောင်းအရာ သိပြီ၊ ဒါပေမဲ့ စာကောင်းကောင်းရေးနိုင်တက်ဖို့ နေ့ချင်းညချင်း ဖြစ်မလာနိုင်ဘူး” ထို့နောက် သူ သည် စကားလုံးများ ကို ကူးရေးရန် စာအုပ်အချို့ ပေးခဲ့၏။

နောက်တပတ် သူ ပြန်လာမည် ဖြစ်၏။ ပြီးလျှင် အိမ်စာတွေကို စစ်ဆေးမည်။

သူ သည် တနေ့လျှင် ၁၀မျက်နှာစာ စာရေးရန် စာရွက်တအုပ်ကို ပေးခဲ့၏။

ဟဲလင်းဖုန်း က နာနာခံခံခေါင်းညိတ်ပြသည်ကို ကြည့်ရင်း စုကျင်းတောင် မထိန်းနိုင်ပဲ ခေါင်းလေးကို ပုတ်ပေးလိုက်၏။ ဒီကလေး က အတော်လေးချစ်ဖို့ကောင်းတာပဲဟ!

သူ ထွက်လာစဥ် စုကျင်းကို နောက်တပတ်မှ ပြန်လာမည်ဟု ချိန်းဆိုကာ ပြန်ခဲ့၏။

ထို့နောက် သူ သည် တစ်နာရီလုပ်ခ ယွမ် ၂၀၀ ကို အောင်မြင်စွာ ရရှိခဲ့သည်။

ဒီမလာခင်က ဒီလစာဟာ သိပ်မြင့်မားတယ်လို့ တွေးမိခဲ့သည်။

လူတော်တော်များများ အားကျကြပေမဲ့ တကယ်တမ်း အလုပ်ပြီးနောက် တတိယတန်းအထိ ဘာသာ၃ခု ကို တဆက်တည်းသင်ကြားပေးရတာက သိပ်များလွန်း၏။

သူ သင်ကြားပေးခဲ့ရသည့် ၁နာရီစာ သင်ခန်းစာသည် တစ်ပတ်စာနှင့် ညီမျှချေ၏။

ဤအရှိန်အဟုန်ဖြင့် ဆက်သွားလျှင် ဒီယွမ်၂၀၀ ဟာ လုံးဝကိုမများပါပေ။ သင့်တော်လှ၏။ သို့သော် သူ လုပ်ချင်စိတ်ရှိ၏။

ပထမအချက် ကျောင်းသား က ထက်မြက်၏။ ဒုတိယအချက် မူကြိုကျောင်းရဲ့အစားအစာ က သိပ်အရသာရှိ၏။

တက္ကသိုလ်ကျောင်းသားများ အားလုံးတွင် သဘောတရားတစ်ခုရှိ၏။– ‘ငါ့ကို ကောင်းကောင်းဆက်ဆံရင် ငါကလည်း သေချာပေါက် ကောင်းကောင်းပြန်ဆက်ဆံမယ်’ ဆိုတာပါပင်။

ပြန်လာပြီးနောက်တွင် သူ စားခဲ့သော အစားအစာများအကြောင်းကို အခန်းဖော်များကို ပြောပြပြီး ထိန်းမနိုင်သိမ်းမရ သရေကျအောင် လုပ်ခဲ့သည်။

သူ့အခန်းဖော်၏မနာလိုမှုနဲ့ ရက်စက်သည့်အကြည့် ကို မြင်ရသည်မှာ ကျေနပ်စရာပင်။

ဒုတိယပတ်အတွက် သင်ရိုးညွှန်းတမ်းများနှင့် ပစ္စည်းများ ပိုမိုထပ်မံပြင်ဆင်ခဲ့သည်။

ပြောရလျှင် အဆင့်မြင့်ကွန်ပြူတာပစ္စည်းများကိုလည်း အသုံးပြုရလောက်၏။

သူ ပထမဆုံးလုပ်ခဲ့တာကတော့ ကန်တင်ရှိ အရသာရှိသည့် ဟင်းပွဲများ ကို ခံစားဖို့ပါပဲ။

ဒီနေ့ဟင်းလျာ သည် အီဆိမ့်ဆိမ့် အသားပေါက်စီ ဖြစ်၏။ ခေတ်ဟောင်းနည်းအတိုင်း ပေါက်စီဟာ လက်သီးအရွယ်ရှိပြီး

အရည်အသွေးကောင်းမွန်သော ပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားသောကြောင့် အရသာ ကွဲပြားလှ၏။

ဟင်းပွဲမျိုးစုံကို အာရုံစူးစိုက်လိုက်ရာ ဤသည်မှာ မူကြိုကျောင်းအတွက် မဟုတ်ပဲ ခေါင်းဆောင်များအား ဧည့်ခံကျွေးမွေးသည်နှင့် ပိုတူနေသည်။

ဒီမှာ စားသောက်ပြီးနောက် သူ့တက္ကသိုလ် က အစားအသောက်များ ကို တပတ်မျှ သည်းခံရပြန်သည်။

ဤနေရာ ရှိ အစားအသောက်နှင့် ကွာခြားချက်မှာ အလွန်ကြီးမား၏။

ဒီမှာစားတာက သူ့ကို အသက်ပြန်ရှင်စေဖို့ဖြစ်ပြီး ကျုရှင်အချိန်ကို ခိုးမယူမိစေဖို့ အိမ်စာများ စစ်ဆေးရန် အတန်းထဲသို့ စောစော သွားခဲ့သည်။

စုကျင်း ဖွင့်ကြည့်လိုက်ရာ ကလေးရဲ့စာအရေးအသားဟာ အစပိုင်းမှာ ကလေးဆန်တာတွေ့လိုက်ရသည်။ သို့သော် တဖြေးဖြေး နဲ့ ပိုသပ်ရပ်လာပြီး တစ်ပတ်အတွင်းမှာပဲ အရေးအသား က ပို၍ မှန်ကန်လာခဲ့သည်။

ဒါက ၅နှစ်သား အတွက် သိပ်ကို ကောင်းမွန်နေပြီ။

လွန်စွာ ကျေနပ်အားရမိရင်တောင် ကျောင်းဆရာတစ်ယောက်ဖြစ်ရခြင်း၏ ပျော်ရွှင်မှုမှာ ကလေးတစ်ယောက် တိုးတက်အောင်မြင်လာသောအခါတွင် ဖြစ်မှန်း နားလည်သွားလေသည်။

ဤခံစားချက်ကို အခြားနေရာတွေမှာ တွေ့ကြုံရမှာ မဟုတ်ဘူး။

နောက်ထပ် စစ်ဆေးကြည့်ရာ သင်္ချာ က အကုန်မှန်တယ်၊ အင်္ဂလိပ်က အကုန်မှန်တယ်၊ အက္ခရာတွေ အကုန်မှန်တယ်။

သူ ဤကလေးငယ်အပေါ် တွင် လူကြီးက ဆယ်ကျော်သက်လူငယ် အပေါ် သင်ကြားပေးနည်း ကို အသုံးပြုခဲ့သည်။

တရုတ်စာအရေးအသားလေ့ကျင့်မှု၊ သင်္ချာတွက်ချက်မှုနှင့် အင်္ဂလိပ်လို ရွတ်ဆိုလေ့ကျင့်ရန် လိုအပ်သောကြောင့် ဤသင်ကြားနည်းစနစ်သည် မည်မျှထိတ်လန့်စရာကောင်းသည်ကို စုကျင်း လုံးဝမသိခဲ့။

ဘာသာ၃ရပ်စလုံး က လုံးဝကို ကွဲပြားလှသည်။ ပြီးတော့ သူ က ၅ နှစ်သားကလေး ကို သင်ကြားနေရခြင်း။

သူတို့နှစ်ယောက်လုံး က အသစ်ပဲ၊ စုကျင်း က ဒီလိုကလေးငယ်ကို ပထမဆုံးအကြိမ် သင်ပေးဖူးခြင်း ဖြစ်ပြီး ဟဲလင်းဖုန်း ကလည်း သီးသန့်ကျူရှင်ဆရာနှင့် ပထမဆုံးအကြိမ် သင်ယူဖူးခြင်း ဖြစ်ပေသည်။

နှစ်ယောက်စလုံး ရဲဝံ့စွာ သင်ကြားပေးပြီး ရဲဝံ့စွာ သင်ယူခဲ့ကာ အလွန်ကို သဟဇတဖြစ်သည့် ခံစားချက်ကို ခံစားရသည်။

ဟဲလင်းဖုန်း က ပါရမီကို ထုတ်ဖော်ပြသခဲ့သော်လည်း စုကျင်း မှာ ယခုအချိန်တွင် ပြဿနာ၏ လေးနက်မှုကို သတိမပြုမိသေးပေ။

ယခင်သင်ခန်းစာ ဟာ တရုတ်၊ သင်္ချာနှင့် အင်္ဂလိပ် ဘာသာရပ်၃ခုအတွက် ပထမတန်းမှ တတိယတန်းအထိဖြစ်သည်။

ဒီနေ့၁ နာရီကို အသုံးပြုလျှင် ၄တန်းမှ ၆တန်းအထိ သင်ခန်းစာများအတွက် အကျုံးဝင်ချေမည်။

မူလတန်းသုံး သင်ကြားရေးပစ္စည်းများ ကို အသုံးပြုရသော်လည် သူ သင်ကြားနေသည်မှာ ၅နှစ်သားကို ဖြစ်၏။

သင်္ချာသင်ရိုးညွှန်းတမ်းသည် အက္ခရာသင်္ချာညီမျှခြင်းများစတင်လွှမ်းခြုံလို့နေချေပြီ။

သူမေးခွန်းမေးတိုင်း တစ်ဖက်က မြန်မြန်ဖြေတယ်။ တစ်ခါတစ်ရံတွင် မယုံဘဲ သင်ရိုးညွှန်းတမ်းထက် အနည်းငယ်ကျော်လွန်၍ ရည်ရွယ်ချက်ရှိရှိ မေးခွန်းများမေးလိုက်ပေမဲ့ မထင်မှတ်ဘဲ တစ်ဖက်သားက ဖြေနိုင်သေးသည်။

အလွန်အကဲဆတ်မှုမရှိသော စုကျင်း တောင် ကြောက်စရာကောင်းသည်ကို တွေ့ရှိခဲ့သည်။

ဒီနှုန်းနဲ့ဆိုရင် မကြာခင်မှာ သင်ပေးစရာ ဘာတစ်ခုမှ ကျန်မှာ မဟုတ်ဘူး။

အမှန်တော့ သူသည် ယခုနှစ်တွင် တက္ကသိုလ်ပထမနှစ် ကျောင်းသား ဖြစ်၏။ ၆နှစ်စာ သင်ရိုးညွှန်းတမ်းကို အမီလိုက်နိုင်တဲ့ တဖက်က ၅နှစ်သား က ဘယ်လိုမွန်းစတားကြီးလဲဟ? သူ အံသြသွားသည်။

သူ ထွက်လာသောအခါ ရှန်းဝေ က သူ့အား ပိုက်ဆံပေးချေဆဲဖြစ်၏။

စုကျင်း တစ်ခုခုပြောချင်ပေမယ့် စိတ်ကိုထိန်းထားရတယ်။

“ဘာဖြစ်လို့လဲ? ကလေး က စာကောင်းကောင်းမသင်လို့လား?”

“မဟုတ်ဘူး၊ မဟုတ်ဘူးဗျာ၊ တော်တော် အရည်အချင်းရှိတယ်!

သူမ သည် သူ က ထိပ်ဆုံးကျောင်းသားမှန်း သိထားပါ၏။ ထို့ကြောင့် ကလေးကို သူနှင့်အတူ စိတ်ချလက်ချထားခြင်း ဖြစ်သည်။

ထို့အပြင် ဤသင်ယူမှုအရှိန်အဟုန် က ဟဲလင်းဖုန်း အတွက် အဆင်ပြေ၏။

ပါရမီရှင်တစ်ဦးကို သာမန်ကလေးတစ်ယောက်လို သဘောထားလိုက်ပါက ဆက်မပြတ် နှိုက်နှိုက်ချွတ်ချွတ် ပညာရေးက သူ့ကို ပင်ပန်းလာစေလိမ့်မည်။

ပြောရရင် ဟဲလင်းဖုန်း က စနစ် မှ ပါရမီရှင်တစ်ယောက်အဖြစ် အသိအမှတ်ပြုခံထားရသူဖြစ်ချေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment