no

Font
Theme

Chapter 33

ရှန်းတာ့ကျန်း နှင့် သူ့ဇနီးပိုင်ရွဲ့ တို့ သည် 'ကြယ်ကောင်းကင်မူကြိုကျောင်း' သို့ ပထမဆုံးအကြိမ် လာရောက်ခဲ့သည်။

အရင်တုန်းကတော့ မူကြိုကျောင်းဖွင့်တာက သူတို့သမီးအတွက် အသေးအဖွဲကိစ္စပဲလို့ သူတို့ တွေးခဲ့ကြသည်။

သူတို့က အဲဒါကို သိပ်ဂရုမစိုက်ပေမယ့် မမျှော်လင့်ဘဲ မူကြိုကျောင်း က ပိုပြီး နာမည်ကြီးလာတယ်။ ချမ်းသာတဲ့ အသိုင်းအဝိုင်းက လူတွေတောင် သူတို့ရဲ့ သားသမီးတွေအတွက် နေရာရှာကြတယ်။

မူကြိုကျောင်းရဲ့ အစွမ်းအစကို လင်မယားနှစ်ယောက်စလုံး နားလည်သွားကြတော့သည်။

သူတို့ကိုယ်တိုင်လာကြည့်ဖို့ မစောင့်နိုင်တော့ဘူး။

ရှန်းဝေ က သူတို့ကို အလည်အပတ်ခေါ်သွားပေးသည်။

မူကြိုကျောင်း သည် အလွန်ကျယ်ဝန်းသော ဧရိယာဖြင့် အတွင်းနှင့် အပြင်ကို ကောင်းမွန်စွာ အလှဆင်ထားသည်။ အံ့အားသင့်ဆုံးအရာမှာ ဟင်းသီးဟင်းရွက် ဥယျာဥ်ငယ်လေးဖြစ်သည်။

စိမ်းလန်းစိုသောကြောင့် မြင်မြင်ချင်း သဘောကျသွားကြသည်။

“ဒီမှာ ရက်အနည်းငယ် နေမှာလား?”

“သမီးအဖေ က သမီးရဲ့ live streams တွေကို ကြိုက်တယ်လေ၊ သူ ဒီကိုလာပြီးတော့ ကူညီချင်နေတာ။ အမေတို့ကို မီးဖိုချောင်မှာ စီစဥ်ပေးရုံပဲ"

ရှန်းဝေ သည် နည်းနည်းလန့်သွားသည်။ “မီးဖိုချောင်ကို သွားမလို့?” အနည်းငယ် ထိတ်လန့်သွားပြီး "မီးဖိုခန်းသွားမလား?"

မည်သည့်နယ်ပယ်တွင်မဆို ထူးချွန်သူများသည် အများအားဖြင့် တူညီသော စရိုက်လက္ခဏာများ ရှိကြသည်- ယင်းကား အခြားသူများကို သူတို့နယ်မြေမှာ လာရူပ်တာကို ခွင့်မပြုဘူး။

အထက်လူကြီးတွေရဲ့ မိဘတွေတောင် ချွင်းချက်မရှိဘူး။

အဖေရှန်း က “အဖေ စားဖိုမှူးလျိုရဲ့တရုတ်မုန့်တွေနဲ့ မယှဥ်နိုင်ပေမဲ့ ကွတ်ကီးနဲ့ ပေါင်မုန့်တချို့ကို လုပ်ဖို့ စီစဥ်ထားတယ်”

အဖေရှန်း က ရှန်းဝေ နားလည်မှုလွဲမှာ စိုးပြီး ထပ်ဖြည့်ပြောပြသည်။ “သမီးမသိလို့၊ သမီးအမေနဲ့အမေတို့ ဘာမှလုပ်စရာမရှိလို့ အိမ်မှာနေပြီး ပေါင်မုန့်နဲ့ကိတ်တွေအကြောင်း စနစ်တကျ သင်ယူခဲ့တယ်"

"အစတုန်းက သမီးအတွက် လုပ်ပေးချင်ပေမဲ့ သမီးအိမ်ပြန်မလာတော့ အခုအဆင်ပြေသွားပြီ။ ကလေးတွေအတွက် အဖေတို့လုပ်ပေးနိုင်တယ်"

အဖေရှန်း က စိတ်အားထက်သန်စွာ ပြောပြသည်။ “အချိန်ကျလာရင် အဖေတို့ တိုက်ရိုက်လွှင့်တာလည်း လုပ်မှာပါ”

လူအများစုက ရှက်တတ်ကြပြီး ကင်မရာနဲ့ ဝေးရာမှာ နေကြသည်။ သူတို့ကိုယ်သူတို့ ထုတ်လွှင့်တာ က မကောင်းဘူးလို့ ခံစားရတယ်။ သို့သော် အဖေရှန်း ကတော့ ဤစံနှုန်းကို ဆန့်ကျင်ခဲ့သည်။ သူ တိုက်ရိုက်ထုတ်လွှင့်မှု မလုပ်ရင် ရှန်းဝေ က သူ့ကို တက်ကြွစွာ လိုက်မရှာမှာ ကြောက်တယ်။

“စားဖိုမှူးလျို နဲ့ ဆွေးနွေးကြည့်လိုက်မယ်၊ မုန့်ဖုတ်ဖို့ ပစ္စည်းတွေ ဘယ်မှာထားရမလဲဆိုတာ ကြည့်ရအောင်၊ အဖေက သမီးအဖေ ဆိုပေမဲ့ မီးဖိုချောင်ထဲ သွားရူပ်နေလို့ မရဘူး”

“ကောင်းပါပြီ” အဖေရှန်း က ရင်ဘတ်ကို ပုတ်၍ ကတိပေးခဲ့သည်။

ရှန်းဝေ က စားဖိုမှူးလျို အား ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပြီး စားဖိုမှူးလျို က သဘောတူခဲ့သည်။

သူမအဖေ က သူ့ကိုယ်သူ ထုတ်ပြဖို့ စိတ်အားထက်သန်နေကတည်းက ရှန်းဝေ သည် အဖေ မုန့်ဖုတ်ဖို့ သီးခြား livestream တစ်ခုလုပ်ဖို့ စီစဥ်ထား၏။

ယခုအထိ သူမ၏နေ့စဥ်တိုက်ရိုက်ထုတ်လွှင့်မှု သည် အလွန်ကောင်းမွန်သည်။ သူမ၏ အဆင့်များကို boost မလုပ်ပဲ တိုက်ရိုက်ထုတ်လွှင့်သည့် ဝဘ်ဆိုက်၏ လူကြိုက်များစာရင်းတွင် ထိပ်ဆုံး (၃) ခုသို့ ရောက်သွားအောင် လုပ်နိုင်သည်။

'ကြယ်ကောင်းကင်မူကြိုကျောင်း' သည် များသောအားဖြင့် နံနက်ပိုင်းတွင်သာ တိုက်ရိုက်ထုတ်လွှင့်သည်။

လူများစွာသည် နေ့ဘက်တွင် အလုပ် သို့မဟုတ် ကျောင်းတွင် ရှိနေသောကြောင့် အွန်လိုင်းကြည့်ရှုသူ ၁၀၀,၀၀၀ ကျော်ကို စုဆောင်းနိုင်သည်မှာ အံ့သြစရာပင်။ တိုက်ရိုက်ထုတ်လွှင့်ခြင်းလုပ်ငန်းတွင် စံပြဖြစ်လုနီးပါးဖြစ်နေပြီဖြစ်၏။

ရှန်းဝေ က သူ့အတွက် အထူးအစီအစဥ် စီစဥ်ပေးနေတယ်လို့ ကြားသောအခါ အဖေရှန်း က ချက်ချင်း ဝင်ပြောသည်။ “သမီး စိတ်ချထားလိုက်၊ အဖေက သမီးကိုလုံးဝအရှက်ရစေမှာမဟုတ်ဘူး!" သူ့မျက်လုံးများတွင် ထက်ထက်မြက်မြက် မျှော်မှန်းချက်တစ်ခု ရှိနေသည်။

သူတို့မိသားစုက ချမ်းသာပေမယ့် တကယ့် သူဌေးတွေရှေ့မှာ ထူးခြားတယ်လို့ ယူဆလို့မရဘူး။

အရင်တုန်းကတော့ သူတို့ဟာ အထက်တန်းလွှာစားပွဲသောက်ပွဲများကို စိတ်ပါလက်ပါ တက်ရောက်ခဲ့ဖူးတယ်။ သို့သော် အကြိမ်တိုင်း သူတို့ကို သူဌေးလက်သစ်ဟု ခေါ်ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ၎င်း က သူတို့ကို ထိန်းချုပ်ချင်ရုံဟုသာ ခံစားခဲ့ရပြီး မည်သူမျှ အမြဲတစေ နှိမ့်ချခံရခြင်းကို နှစ်သက်ခြင်းမရှိပေ။

သူတို့ သည် တဖြည်းဖြည်းနဲ့ ပွဲတက်တာ ရပ်ခဲ့သည်။ အိမ်တွင် ငါးနှင့် ပန်းများ မွေးမြူကြပြီး နောက်ပိုင်းတွင် မုန့်လုပ်ရန် စိတ်ကူးခဲ့ကြသည်။ ဆိုရှယ်မီဒီယာမှာ ရံဖန်ရံခါ တင်တတ်ကြပေမယ့် Like ရခဲတယ်။

သူတို့သည် ဤမျှကြီးမားသော ပလက်ဖောင်းတွင် တစ်ခါမျှ မပါဝင်ဖူးသောကြောင့် အဖေရှန်းမှာ အလွန်စိတ်လှုပ်ရှားနေခဲ့၏။

သူ က တန်ဖိုးမရှိသူမဟုတ်ကြောင်း လူတိုင်းကိုပြသရန် အရေးကြီးသည့်အရာတစ်ခုကိုလည်း ပြုလုပ်လိုသည်။

ရှန်းဝေ က ဖခင်၏ခံစားချက်ကို နားလည်သောကြောင့် သဘောတူခဲ့သည်။

မီးဖိုချောင် သည် မူလက ကျယ်ဝန်းသော်လည်း အဖေရှန်းနှင့်အတူ ရှန်းဝေ သည် မီးဖိုချောင်ဘေးရှိ နံရံကို လုံးလုံးလျားလျား ဖြိုချခဲ့သည်။

အထူးသဖြင့် မီးဖိုများ၊ မုန့်ဖုတ်စက်များနှင့် အခြားပစ္စည်းများကို သိမ်းဆည်းရန်အတွက်ဖြစ်သည်။

မူကြိုကျောင်းမှ ဝန်ထမ်းများအားလုံးသည် သူတို့ ဟာ ရှန်းဝေ၏ မိဘများဖြစ်ကြောင်း သိကြပြီး ကြင်ကြင်နာနာ ဆက်ဆံကြသည်။

မူကြိုမှ ဝန်ထမ်းများအားလုံးသည် သူတို့ က ရှန်းဝေ၏ မိဘများဖြစ်ကြောင်း သိကြပြီး ကြင်ကြင်နာနာ ဆက်ဆံကြသည်။

သူတို့ အပြင်မှာ မခံစားရတဲ့ လေးစားမှုကို ဒီမှာ ခံစားရတယ်၊ ရှန်းဝေ အား ချီးမွမ်းသံများ ကြားရသည်။

ရှန်းဝေ သည် ငယ်ရွယ်သော်လည်း တာဝန်ယူမှုရှိပြီး အကြံဥာဏ်များ ရှိကြောင်း ဝန်ထမ်းများ က ပြောသည်။ မကြာသေးမီက အရှုပ်အထွေးကို သူမ က အောင်အောင်မြင်မြင် ဖြေရှင်းနိုင်ခဲ့ပြီး ထူးထူးခြားခြား လုပ်နိုင်စွမ်းကို ပြသခဲ့သည်။

အဖေရှန်း သည် ပြုံးနေတာ မထိန်းထားတော့။

သူတို့ ဟာ တစ်ဦးတည်းသောသမီးကို ရတနာတစ်ခုလို ဆက်ဆံခဲ့ကြသည်။

အရင်ကတော့ တနေ့ နိုင်ငံခြားမှာ ပညာသင်ကြားနေတဲ့ ချမ်းသာတဲ့ မိသားစုတွေရဲ့ အမွေဆက်ခံသူတွေအကြောင်း၊ နောက်တနေ့ ကုမ္ပဏီကိစ္စတွေကို ကိုင်တွယ်သည့်အကြောင်း အမြဲတမ်း ကြားသိခဲ့သည်။

သူတို့ဟာ အရမ်းစွမ်းဆောင်နိုင်ပုံရပေမယ့် လက်တွေ့မှာတော့ အားလုံးဟာ ဟန်ပြသပ်သပ်ဖြစ်၏။

အခု ကြည့်လိုက်၊ 'ကြယ်ကောင်းကင်မူကြိုကျောင်း' ကို မြို့ထဲမှာ မသိတဲ့လူ ဘယ်သူရှိသလဲ?

သူငယ်ချင်းဟောင်းတော်တော်များများက အဖေရှန်း ဆီ မက်ဆေ့ခ်ျပို့ပြီး ဂုဏ်ပြုခဲ့ကြတယ်။ သူ သည် ဒီစကားတွေကို ကြားရတာ သဘောကျ၏။

ဒါကြောင့် သူတို့ရဲ့သမီးလေး မျက်နှာမပျက်စေဖို့ စိတ်ပိုင်းဖြတ်ပြီး စက်ပစ္စည်းနဲ့ ပစ္စည်းတွေ ရာနဲ့ချီပြီး ရင်းနှီးမြှုပ်နှံခဲ့တယ်။

အလုပ်သမားတွေ အကုန်တပ်ဆင်ပြီးသည်မှာ တစ်လခွဲလောက်ရှိပြီ ဖြစ်သည်။

အဖေရှန်း သည် ပေါင်မုန့်တချို့ လုပ်ခဲ့၏။ အံ့သြစရာကောင်းသည်မှာ သူ လုပ်ထားသော ပေါင်မုန့်သည် အလွန်ကောင်းမွန်သည်။

မူကြိုကျောင်းမှ ဆရာမများနှင့် ကလေးများအားလုံးက အရသာသည်ဟု ပြောခဲ့ကြ၍ အဖေရှန်း၏ယုံကြည်မှုကို ရုတ်တရက် တိုးမြှင့်ပေးခဲ့သည်။

မနက်ဖြန်တိုက်ရိုက်ထုတ်လွှင့်မှုအတွက် သူ သည် ယုံကြည်မှုအပြည့်ရှိခဲ့တယ်။

ရှန်းဝေ က စားဖိုမှူးလျို ကို တိတ်တဆိတ် မေးလိုက်တယ်။ "ကျွန်မအဖေရဲ့ပေါင်မုန့် က ဘယ်လိုလဲ?” ပရော်ဖက်ရှင်နယ်၏ ရိုးသားသော အမြင်ကို သူမ ကြားချင်သည်။

"အရသာရှိတယ်!"

ရှန်းဝေ သည် မိဘတွေရဲ့ သရေစာလေးတွေက စားဖိုမှူးလျိုရဲ့ ချီးကျူးမှုကို တကယ်ရနိုင်လို့ အံ့သြသွားတယ်။

စားဖိုမှူးလျို၏ချီးကျုးစကား ဟာ အစစ်အမှန်ဖြစ်သည်။

သို့သော် စားဖိုမှူးလျို ကို ပြောမထားတဲ့ အရာတစ်ခုရှိတယ်။ ယင်းမှာ အဖေရှန်း ဟာ ပေါင်မုန့်ပြုလုပ်ရန် တစ်ပေါင်လျှင် ယွမ် ၆၀ ကုန်ကျသော ဂျုံမှုန့်ကို အသုံးပြုခဲ့သည်။

ပြုလုပ်နည်းမှာလည်း အရင်နည်းလမ်းတွေဖြစ်၏။

နို့အနည်းငယ်၊ ရေအနည်းငယ်၊ ဂျုံမှုန့်ဂရမ်အနည်းငယ်ပင်။ အရသာ မရှိပဲ ဘယ်နေမှာလဲ?

သေးငယ်သော ပေါင်မုန့်တစ်ခုပြုလုပ်ရန် ထိပ်တန်းပါဝင်ပစ္စည်းများကို အသုံးပြုခဲ့သောကြောင့် တိုက်ပွဲဝင်ဖို့ မလိုပဲ အနိုင်ယူသွားသည် ဟု ခံစားရသည်။

သို့သော် စားလို့ကောင်းတယ်။

ပေါင်မုန့် က အလွန်နူးညံ့ပြီး ချိုမြိန်၏။ မည်သို့ပင်ဖြစ်စေ အပြင်ဘက်ရှိ မုန့်ဆိုင်များသည် ထိုကဲ့သို့သော ကောင်းမွန်သော ပါဝင်ပစ္စည်းများကို အသုံးမပြုနိုင်ပေ။

နောက်တစ်နေ့တွင်၊ တိုက်ရိုက်ထုတ်လွှင့်ဖို့ နိုးလာသောအခါ မိဘများ၏မျက်ကွင်းညိုညိုများ က အလွန်ထင်ရှားနေသည်။

"မနေ့ညက မအိပ်ခဲ့ကြဘူးလား?”

အဖေရှန်း က ထစ်ငေါ့ထစ်ငေါ့နဲ့ တုန့်ပြန်၏။ “အဖေတို့ အိပ်ခဲ့ကြတယ်၊ စောစောအိပ်ရာ…ဝင်ခဲ့ကြတာ!"

သို့သော် သူတို့မျက်လုံးတွေက ပင်ပန်းနေပုံပဲ။ သူ လဲလျောင်းနေပေမဲ့ နောက်တနေ့ မှာ အမှားလုပ်မိမှာကြောက်လို့ လုံးဝမအိပ်ခဲ့ရဘူး။

“ဒါ က ပုံမှန် တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုပဲလေ၊ သိပ်အလေးအနက်ထားနေစရာ မလိုပါဘူး"

အဖေရှန်း မှ, ချက်ချင်းပင် စိတ်လှုပ်ရှားသွား၏။ " ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ဒါ အဖေ့ရဲ့ပွဲဦးထွက် တိုက်ရိုက်ထုတ်လွှင့်မှုလေ"

ထို့နောက် တစ်ဖက်မှ တိုးတိုးလေးပြောလာသည်။ “ဒါလင်၊ သမီးအဖေအတွက် beauty filter ဖွင့်ပေးဖို့ မမေ့နဲ့နော်”

“အမေတို့နှစ်ယောက် က လှုပ်ရှားသွားလာနေမှာဖြစ်လို့ beauty filter က အပြောင်းအလဲဖြစ်လိမ့်မယ်”

အဖေရှန်းမှ စိတ်ပျက်လက်ပျက်ပြောလာသည်။ “ဒါဆိုလည်း ကောင်းပါပြီလေ”

ရှန်းဝေ က အဖေစိတ်ပျက်နေတာကို မမြင်ချင်တာကြောင့် beauty filter ဖွင့်နိုင်ဖို့ စိတ်ထဲက စနစ် နှင့် ညှိနှိုင်းခဲ့တယ်။

စနစ် က [သတ်မှတ်ထားသောဧရိယာတွင် တစ်ခုအား စိတ်ကြိုက်ပြင်ဆင်နိုင်သော်လည်း အချို့အချက်များအတွက် ကုန်ကျပါလိမ့်မယ်] ဟု ပြောခဲ့သည်။

'ကြယ်ကောင်းကင်မူကြိုကျောင်း' ၏ တိုက်ရိုက်ထုတ်လွှင့်မှုသည် ဤကာလအတွင်း စည်ကားနေခဲ့သည်။

ရမှတ်များသည် အစပိုင်းတွင် ပြုလုပ်ခဲ့သကဲ့သို့ လျှင်မြန်စွာ မတိုးတော့ဘူး။

ယခင်က၊ အမှတ်များသည် အသစ်အသစ်သော အကျိုးကျေးဇူးများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ပြီး အစပိုင်းတွင် လျင်မြန်စွာ တိုးလာခဲ့သည်။ သို့သော် ယခုအခါတွင် အမှတ်တစ်ခုတည်းရရှိရန် ဂုဏ်သိက္ခာအမှတ် ၁၀ မှတ် လိုအပ်သည်။ ရက်ပေါင်းများစွာ သိမ်းဆည်းပြီးနောက်၊ အမှတ် ၅၀,၀၀၀ မှ ၆၀,၀၀၀ ဝန်းကျင်သာရသည်။

ရှန်းဝေ က အမှတ်များကို ပညာရှိစွာ သုံးစွဲရန် စီစဥ်ခဲ့သည်။

လက်ရှိမူကြိုရဲ့ အရှိန်အဟုန်က နည်းနည်းတော့ လွှမ်းမိုးလွန်းတယ်။ တစ်ခုခု မှားမှာကို ကြောက်ရွံ့မှု က အမြဲရှိတယ်။

ယေဘူယျအားဖြင့်၊ သူမ သည် လုံးဝမလိုအပ်ဘဲ အမှတ်များသုံးစွဲရန် ဝန်လေးနေ၏။

သို့သော် သူမအဖေ က ယွမ်ရာချီ မြှပ်နှံခဲ့၏။ ညဘက်တွင် အိပ်မပျော်ခဲ့သောကြောင့် ရုပ်ရည် မှာ အခုလိုဖြစ်ရခြင်း ဖြစ်၏။ အဖေ့ဆန္ဒ ကို သူမ မငြင်းဆန်နိုင်ဘူး။ ထို့နောက် ရှန်းဝေ သည် စိတ်ကြိုက်ဧရိယာသို့သွားကာ မြင်ကွင်းကျယ်အလှကို မြှင့်တင်ရန် ရွေးချယ်ခဲ့သည်။

စနစ် က အမှတ် ၅၀၀ သာ ကုန်ကျမည်ဟု တွက်ချက်ပေးခဲ့သည်။

မှန်သားအပြည့်beauty ကို မြှင့်တင်ပေးခြင်း သည် AI အတွက် အရိုးရှင်းဆုံးလုပ်ဆောင်ချက်ဖြစ်နိုင်သည်။

ရှန်းဝေ က ချက်ချင်း စီစဥ်ခဲ့သည်။

ထို့နောက် သူမ သည် အဖေ့ အား သတင်းကောင်းကို ဝေမျှခဲ့သည်။

အဖေရှန်း၏မျက်နှာသည် သိသိသာသာတောက်ပသွားသည်။ - "ကောင်းလိုက်တာ၊ အရမ်းကောင်းတာပဲ!"

နောက်ဆုံးတွင် တိုက်ရိုက်ထုတ်လွှင့်မှုကို လျင်မြန်စွာ စတင်ခဲ့သည်။

စတင်ပြီးတာနဲ့ ပရိသတ် ၁၀,၀၀၀ နီးပါး မှ လာရောက်အားပေးခဲ့ကြတယ်။

သူတို့အားလုံးသည် ဂိမ်းကစားသည့် ကလေးများ သို့မဟုတ် နောက်ခံတွင် အစားအသောက်ပြင်ဆင်သည့် စားဖိုမှူး၏ ပုံမှန်ကြည့်ရူသူတွေ ဖြစ်သည်။ မှတ်ချက်အနည်းငယ်သာရှိသော်လည်း လူတိုင်း က ကျင့်သားရလာကြသည်။

ပြောရရင် 'ကြယ်ကောင်းကင်'ကျောင်း သည် အလွန်သာယာသည်။

သို့သော် ဒီနေ့တော့ မတူဘူး။ သူတို့ဝင်ပြီးချင်းမှာပဲ အဖေရှန်း က ကင်မရာပေါ်ကလူတိုင်းကို နှုတ်ဆက်နေတာတွေ့လိုက်ရတယ် - "ကလေးတွေ မင်္ဂလာပါ၊ အားလုံးပဲ မင်္ဂလာပါ”

ခဏတာအတွင်း အင်တာနက်အသုံးပြုသူတွေဟာ အခန်းမှားပြီး ဝင်သွားတယ်လို့ ထင်နေကြပြီး ပဟေဠိဖြစ်ခဲ့ကြတယ်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment