no

Font
Theme

Chapter 8

ကလေးနှင့်ပတ်သက်သော ပညာရေး ကျွမ်းကျင်သူများ၊ ဆရာဝန်များနှင့် အချိန်ပြည့် သန့်ရှင်းရေးသမားများသည် အလုပ်ခန့်ရန် တောင်းဆိုမှု မြင့်မားသည်။

ရှန်းဝေ သည် တလလျှင် လစာယွမ် ၂၀,၀၀၀ ကမ်းလှမ်းခဲ့၏။

‘ပညာရေးကျွမ်းကျင်သူများ’ ကို လူသိများသောမူကြိုကျောင်းသာ ငှားရမ်းဖို့ တက်နိုင်၏။

သူမ သည် နိုင်ငံအတွင်း အလွန်အမင်း လိုချင်တပ်မက်ဖွယ်ရာ အောင်လက်မှတ်ကိုလည်း ရရှိခဲ့သည်။

ထိုမူကြိုကျောင်းကြီးများတွင် ပညာရေးကျွမ်းကျင်သူများ ရှိနှင့်ပြီဖြစ်လို့ လူသစ်များကိုမှု အလျင်စလို ဝင်ခွင့်မပြုချေ။ ထို့ကြောင့် အလုပ်ရှာရခက်ချေသည်။

မမျှော်လင့်စွာ မူကြိုကျောင်း ၁ ခုက ရာထူးကမ်းလှမ်းဖို့ အစပြုခဲ့တယ်။

အချိန်ပြည့်သန့်ရှင်းရေးသမားတွေနဲ့ ဆရာဝန်တွေအတွက်တော့ ပြောစရာ မလိုပါဘူး။

အထူးသဖြင့် ခက်ခဲကြမ်းတမ်းသော အလုပ်များကို ကြံ့ကြံ့ခံပြီး ပုံမှန်မဟုတ်သော အခြေအနေများကို ရင်ဆိုင်ခဲ့ရသော ရှေ့တန်းဆေးဘက်ဆိုင်ရာ ဆရာဝန်များအတွက်လည်း ပြိုင်ဆိုင်မှု ပြင်းထန်လှ၏။

ဒေါက်တာလု က သူတို့ထံ ပါဝင်လာခဲ့ပြီး ဆေးရုံ၏ ကလေးအထူးကုဌာနအလုပ်မှ နုတ်ထွက်ခဲ့သည်။

ဒေါက်တာလု ကလည်း လူသားတစ်ဦးဖြစ်တာမို့ ထိုကဲ့သို့ အပြိုင်အဆိုင် အလုပ်လုပ်ပြီးနောက် ကျန်းမာရေးပြဿနာများ ကြုံတွေ့ခဲ့ရသည်။

ယခင်က ဒေါက်တာလု သည် ပြန်လည်သက်သာစေရန် ဆေးရုံကြီးမှ ထွက်ခွာကာ မွေးရပ်မြေသို့ ပြန်သွားရန် စီစဥ်ခဲ့၏။

သို့သော် ရွာကနေ PhD ရအောင် စွမ်းဆောင်နိုင်ခဲ့ပေမဲ့ ပိုက်ဆံလေးနည်းနည်း နှင့် ကျန်းမာရေးညံ့လာတာနှင့် အဆုံးသတ်သွားခဲ့တယ်၊ ပြန်လာခြင်းသည် လှောင်ပြောင်ခြင်းကို ဖိတ်ခေါ်ခြင်းဖြစ်၏။ ထိုအချိန်တွင် 'ကြယ်ကောင်းကင်မူကြိုကျောင်း' က သူ့အား ကမ်းလှမ်းချက်တစ်ခု ပေးအပ်လာခဲ့၏။

ကျောင်းဆရာဝန်ရာထူးက သူ့အတွက် အခြေခံအားဖြင့် အငြိမ်းစားအလုပ်ဖြစ်ပြီး ဘာမှလုပ်စရာမရှိလို့ ရခဲတဲ့ အခွင့်အလမ်းတစ်ခုပင်။

တစ်ပတ်အတွင်း သက်ဆိုင်ရာ ရာထူးအားလုံးမှာ ပြည့်သွားခဲ့၏။

ဝန်ထမ်းတွေရောက်လာပြီး အစည်းအဝေးခန်းထဲမှာ သူတို့ကိုယ်သူတို့ အတိုချုံး မိတ်ဆက်ကြတယ်။ ရှန်းဝေ ကလည်း မူကြိုကျောင်း၏ လက်ရှိအခြေအနေကို ပြောပြသည်။

တက်ရောက်သူအားလုံး အံသြသွားကြသည်။

သူတို့ တခြားသူများ၏လစာကို မသိသော်လည်း မိမိရရှိသောလစာကိုမူ သိကြပါ၏။

အခုလို မူကြိုကျောင်းကြီးက ငှားရမ်းတာဖြစ်လို့ သူတို့ ကျောင်းသို့ မလာခင် စိတ်လှုပ်ရှားနေခဲ့ကြ၏။

သို့သော် ရောက်ရောက်ချင်းမှာ လောလောဆယ် ကျောင်းသား ၂ ဦးသာ ရှိပြီး အတန်းမစရသေးတာကို တွေ့လိုက်ရ၏။ ထို့အပြင် ကလေးတစ်ဦးကို ရှန်းဝေ က မွေးစားထားတာဖြစ်ပြီး တခြားကလေး က ဆရာမထန် ခေါ်လာသည့် အခမဲ့ကျောင်းသားဖြစ်၏။

လူတိုင်း ချမ်းသာကြွယ်ဝတဲ့အမွေဆက်ခံသူ၊ ရှန်းဝေ ကို ကြည့်နေကြ၏။

ဒါက ကြာရှည်ခံနိုင်ပါ့မလား?

လကုန်တဲ့အခါ လစာရနိုင်ပါ့မလား? ဟု တွေးမိကြသည်။

အထူးသဖြင့် အလုပ်ကနေ ထွက်ခဲ့ရတဲ့ ကျောင်းတာ့မင်း။

လူတိုင်း မှာ သံသယတွေရှိကြပေမယ့် ဒီလိုကြီးမားတဲ့မူကြိုကျောင်းကြီးကို ဘယ်သူကမှ လွယ်လွယ်ကူကူ ထူထောင်လို့ မရဘူးဆိုတာ မကြာခင်မှာ သိလိုက်ရတယ်။ ငွေကြေးများစွာ ရင်းနှီးမြုပ်နှံပြီး ကြီးကြီးမားမား တစ်ခုခုကို ရည်မှန်းထားရမည်။ သူတို့သည် တစ်ကြိမ်လျှင် ခြေတစ်လှမ်း လှမ်းရန် ဆုံးဖြတ်ခဲ့သည်။

ယခုတွင် ကျောင်းသားများ မရှိသောကြောင့် လူတိုင်း ကြုံရာလုပ်ကြရသည်။

စားဖိုမှူးလျို မှ လွဲ၍ ကျန်သောလူတိုင်း သည် အလုပ်သမားအလုပ်ခန့်အပ်သည့်အကြံပေးအလုပ်ကို လုပ်ကြရသည်။

ရှန်းဝေ က သူတို့အား ဝန်ထမ်းအဆောင်များကို ပထမဦးစွာ ပြသခဲ့ပြီး အခန်းတစ်ခန်းလျှင် လူနှစ်ယောက်အတွက်ဖြစ်လို့ ဟိုတယ်တစ်ခုနှင့်ပင် ယှဥ်နိုင်ပေ၏။

သူတို့အားလုံးက ဒေသခံလူတွေဖြစ်လို့ ဒေါက်တာလုတစ်ယောက်တည်းသာ အိပ်ဆောင်လိုအပ်ပြီး ကျန်တဲ့လူတွေကတော့ မလိုချေ။

သူတို့၏လစာကို မပြောနဲ့ ထိုကဲ့သို့ ကြီးမားသောမူကြိုကျောင်းအတွက် ပြုပြင်မှုကုန်ကျစရိတ်ရှိမည်ဖြစ်၏။ သူတို့အပေါ်၌ ဖိအားများ အနည်းငယ်တင်ပေးသလိုတောင် ဖြစ်ကြရ၏။

ဤဖိအား က ရှန်းဝေ ဆီမှ မဟုတ်၊ မိမိကိုယ်တိုင် ချမှတ်ခြင်းဖြစ်သည်။

ရှန်းဝေ က သူတို့ကို ရိုက်နှိပ်ထားတဲ့ ဝင်ခွင့်လက်ကမ်းစာစောင်တွေ ပေးလိုက်တယ်။

လက်ကမ်းစာစောင်ကို ကြည့်ရင်း အားလုံး စကားမပြောကြချေ။ တနေ့လျှင် ၃နပ်စာနှင့် သစ်သီးများ အပြင် ဘတ်စ်ကားလည်း ရှိ၏။ သို့သော် ကျောင်းလခမှာ ယွမ် ၂၆၀ သာ ဖြစ်၏။

ဤဈေးနှုန်း က တမြို့လုံးရှိ မူကြိုကျောင်းများထဲတွင် အနိမ့်ဆုံးဖြစ်၏။

ထိုကဲ့သို့ဈေးနှုန်း ကို မူကြိုကျောင်းဟု ခေါ်ရခက်လှ၏။ အခြေခံအားဖြင့် နေ့ထိန်းစင်တာများနှင့် တူလှချေ၏။

စားနပ်ရိက္ခာ ညံ့ဖျင်းပြီး အဆောက်အဦးများ၊ ကျဥ်းမြောင်းကာ အချို့သော လူနေအဆောက်အအုံများတွင် မူကြိုကျောင်းဖွင့်ထားတာတောင် ရှိသည်။

နည်းပါးသော ကျောင်းလခပေးဆောင်ရခြင်း သည် ကောင်းစွာခန့်အပ်ထားသော ဝန်ထမ်းများ၏ လစာကိုပင် ကာမိမည်မဟုတ်ပေ။

"အတန်းဖွဲ့ဖို့အတွက် ကျောင်းသား ၁၀ ယောက်ကို အရင်ဆုံး စာရင်းသွင်းလိုက်ရအောင်၊ နောက်မှ နောက်ထပ် အစီအစဥ်တွေကို ဆွေးနွေးပါ့မယ်"

ဘာ? ကျောင်းသား ၁၀ယောက်တည်း?

ဆရာမထန် က ချက်ချင်း ပြောလာသည်။ “ဒီကိစ္စ ကျွန်မနဲ့ထားခဲ့ပါ”

ထို့နောက် သူမ သည် ဖုန်းအနည်းငယ်ခေါ်ကာ ကွက်လပ်များကို အမြန်ဖြည့်၏။

သူမ၏နယ်ပယ်တွင် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသဖြင့် မည်သည့်မိဘများ ငွေကြေးအခက်အခဲရှိသည်ကို သူမ သိသည်။

ဤကလေးများသည် မူကြိုကျောင်းတက်ရန်အတွက် အသက်သာဆုံးရွေးချယ်မှုမှာ တစ်လလျှင် ယွမ် ၇၀၀ မှ ၈၀၀ လေ!

ကျောင်းလခလျှင် ယွမ်၂၆၀ သာ ပေးဆောင်ရမယ်ဆိုရင် အရင်ဆုံး ဤမူကြိုကျောင်း အား ရွေးချယ်မှာ သေချာပေသည်။

အခြားမည်သူမျှ မလုပ်ဆောင်မီ၊ ဆရာမတန် သည် သူမဘာသာ ကျောင်းသား နေရာ၁၀ခု ကို ရယူခဲ့၏။

စားဖိုမှူးလျို က ရှန်းဝေ ကို မေး၏။ "နောက်ထပ်လူတွေ စာရင်းသွင်းချင်ရင် ဘယ်လိုလုပ်မလဲ"

ရှန်းဝေ က “မစ်စတာတို့တစ်ယောက်စီတိုင်းမှာ ကျောင်းသား၂နေရာစာ ရမှာဖြစ်လို့ အတန်းတက်ဖို့ ကျောင်းသားတချို့ကို ခေါ်နိုင်ပါတယ်”

အစကတော့ လူတိုင်း က သိပ်ပြီး မစဥ်းစားခဲ့ကြဘူး။

သို့သော် ရှန်းဝေ က မူကြိုကျောင်းကားကို ယူလာသည့်အခါ ဝန်ထမ်းတွေတောင် အထိတ်တလန့်အသေးစားလေး ခံစားခဲ့ကြရသည်။

ကား သည် ကျည်ဆံကာနိုင်သော အကောင်းဆုံး၊ အဝါရောင်ကျောင်းကား ဖြစ်ချေသည်။ ဒီဘတ်စ်ကားတစ်စီးက ယွမ် ၂ သန်းကျော် ကုန်ကျ၏။

ကျောင်းလခ ၂၆၀ ယွမ် က လက်တွေ့အားဖြင့် သက်သာချောင်ချိရေးစျေးနှုန်းပဲ!

သူတို့မှာ ဆွေမျိုးအနည်းအကျဥ်းမရှိတဲ့လူ ရှိလို့လား?

ရှိနေကြသူတွေဟာ ချက်ချင်းဆိုသလိုကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ကြတော့သည်။

၂ နာရီမပြည့်မီတွင် ကျောင်းသားဦးရေ ၁၀ မှ ၁၅ အထိ တိုးလာသည်။

ဆရာမထန်၏ အကြံဥာဏ်ကို လိုက်နာသော မိဘများရောက်ရှိလာပြီး ပတ်ဝန်းကျင်ကို ကျေနပ်ကြလေ၏။ ဤသည်မှာ မူကြိုကျောင်းအသစ်အတွက် အရောင်းမြှင့်တင်မှုတစ်ခုသာဖြစ်လို့ လက်လွတ်မခံသင့်သော အခွင့်အရေးတစ်ခု လို့ မိဘများအား ပြောပြခဲ့သည်။

နောက်တစ်ပတ် တနင်္လာနေ့မှာ အတန်းတွေစတော့မယ်လို့လည်း အသိပေးထားသည်။

အမာခံအဖွဲ့ ဖွဲ့စည်း၍ ကျောင်းသားစာရင်းသွင်းမှု ပြီးစီးခဲ့ပြီး အရေးကြီးဆုံး အလုပ်တွေကို ဖြေရှင်းခဲ့၏။ စားဖိုမှူးလျို က ရေခဲသေတ္တာထဲက ပါဝင်ပစ္စည်းတွေနဲ့ ဟင်းပွဲအစုံကို အောင်ပွဲခံဖို့ ဆုံးဖြတ်ခဲ့လေ၏။

ဟင်းပွဲမချချင် လူတိုင်း လည်ပင်းဆန့်၍ မီးဖိုချောင်ဘက်သို့ ကြည့်နေကြသည်။ “မာစတာစားဖိုမှူးလျို၊ အနံ့လေးက သိပ်မွှေးနေတာပဲဗျာ၊ ဘာဟင်းချက်နေတာလဲ?”

“မာစတာစားဖိုမှူးလျို က ကျန်းပိုင်အင်တာနယ်ရှင်နယ်ဟိုတယ်မှာ အကြီးတန်းစားဖိုမှူး လို့ ဆရာမထန် ဆီ က ငါ ကြားထားတယ်” ဟု ဒေါက်တာလု မှ ပြောလာခဲ့သည်။

တက်ရောက်သူအားလုံး အံ့အားသင့်သွားကြသည်။ အိုး…အခု သူတို့အတွက် ကျွမ်းကျင်တဲ့ ဟင်းချက်တဲ့သူတစ်ယောက် ရှိနေပြီ!

သူတို့အားလုံး အစားအသောက်ကို စိတ်အားထက်သန်စွာ မျှော်လင့်ကြတော့သည်။

ဟင်းလျာများ အဆင်သင့်ဖြစ်သောအခါ လူတိုင်းသည် မိမိတို့၏ ပန်းကန်နှင့်တူများကို ထုတ်ကြသည်။ ဟင်းပွဲတွေက သူတို့ရှေ့ ဖြတ်သွားသောအခါ သူတို့အစာအိမ် က တဂွမ်ဂွမ် မြည်လာခဲ့၏။

ထိုကဲ့သို့ အရသာရှိသော အစားအစာများနှင့် ရင်ဆိုင်ရသောအခါတွင် အစာအိမ်သည် သူတို့ထက် ပိုရိုးသားသောကြောင့် သူတို့မျက်နှာများ ရဲတက်နေကြပြီး ပုံမှန် ဣန္ဒြေကို မဆည်နိုင်ခဲ့ကြတော့။

မစားသောက်ခင် ရှန်းဝေ က သူတို့ကို အချိုရည်လောင်းထည့်ပေးလိုက်၏။ “အခုကစလို့ ကျွန်မတို့က မိသားစုတွေ ဖြစ်သွားကြပြီ”

ဝန်ထမ်းတွေ စုံသည်နှင့် စနစ် က သူမအား နောက်ထပ် ဘောနပ်စ်တွေ ထပ်ပေးခဲ့၏။ ယခုအခါ သူမ သည် ချမ်းသာသော မိန်းမငယ်လေးတစ်ဦးဖြစ်ပြီး ယွမ်သိန်းပေါင်းများစွာ ကျန်ရှိနေသေးသည်။

“လူကြီးမင်းတို့က ကျွန်မရဲ့အကောင်းဆုံး ပံ့ပိုးကူညီပေးသူတွေပါ၊ ဒီမူကြိုကျောင်း ကို မြို့တော်ရဲ့ အကောင်းဆုံးနဲ့ အကြီးဆုံးဖြစ်အောင် တည်ဆောက်ကြမယ်"

သူမစကားလုံးတွေက ကလေးဆန်ပေမယ့် လူငယ်တစ်ယောက်ရဲ့ စိတ်အားထက်သန်မှုက လူတိုင်းကို လှုံ့ဆော်ပေးနိုင်ခဲ့၏။

ကြွရောက်လာသူများသည် ရုတ်တရက် ဤအလုပ်အတွက် မျှော်လင့်ချက်များ မြင့်မားလာကြသည်။

ထို့အပြင် လုပ်ဖော်ကိုင်ဖက်များအကြောင်းကို လေ့လာပြီးနောက် သူတို့အားလုံး ဟာ သက်ဆိုင်ရာနယ်ပယ်များတွင် ထူးချွန်သော ကျွမ်းကျင်ပညာရှင်များဖြစ်ကြသည်ကို သိရှိခဲ့ကြသည်။

ကြီးမားသော မူကြိုကျောင်းကြီးမှာ လုပ်နေကြသော အဖွဲ့လေး ဟာ အောင်မြင်ရန် ရည်မှန်းထားကြတော့သည်။ အားလုံး က သူတို့ ခွက်များကို မြှောက်လိုက်ကြ၏။ “ချီးယား၊ ငါတို့မူကြိုကျောင်း က မြို့မှာ အကောင်းဆုံးကျောင်းတစ်ကျောင်းဖြစ်လာမှာ သေချာတယ်”

သူတို့ ခွက်များကို ချလိုက်ပြီးနောက် စတင်စားသောက်ကြ၏။ လူတိုင်း က နီးရာဟင်းများဆီ မြန်မြန်ဆန်ဆန် လက်လှမ်းကြတော့သည်။

အမဲသားပြုတ် က ပါးစပ်ထဲမှာ အရည်ပျော်သွား၏။ ခရမ်းချဥ်သီးဟင်းချို ဟာ ချဥ်ချိုလေးဖြစ်ပြီး ပြီးပြည့်စုံလှ၏။

မွှေကြော်ထားသော ဟင်းသီးဟင်းရွက်များဟာ အထူးလတ်ဆတ်ပြီး ကြွပ်၏။

ဒါဟာ မာစတာစားဖိုမှူးတစ်ယောက်ရဲ့ အရည်အချင်းပဲလား? တက်ရောက်လာသူများ က မာစတာစားဖိုမှူးလျို အား ချီးကျုးကြတော့သည်။

မာစတာစားဖိုမှူးလျို သည် ယခင် က အခြားသူများအတွက် ချက်ပြုတ်ခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်တွင် လူတိုင်း မျှဝေရန် ချက်ပြုတ်ပေးတာဖြစ်လို့ ချီးကျုးစကားများစွာ ကြားသောအခါ ကျေနပ်နေတော့သည်။

မာစတာစားဖိုမှူးလျို က ပြောလိုက်သည်။ “ဒီအောင်မြင်မှုက အန်ကယ့်ဟာ မဟုတ်ပါဘူး။ ရှန်းဝေပေးတဲ့ပါဝင်ပစ္စည်းတွေ က အရမ်းအရသာရှိလို့ပါ!"

လူတိုင်း မှ သူ့အား ကျိုးနွံသူဟု တွေးထားသော်လည်း မာစတာစားဖိုမှူးလျို က အမှန်တိုင်းပြောနေမှန်း ရှန်းဝေ တစ်ယောက်သာ သိ၏။

မာစတာစားဖိုမှူးလျို က ဟင်းပွဲ၁၀မျိုးကို ပြင်ဆင်ပေးခဲ့ပြီး ရှိနေကြသောလူအားလုံး သည် ရက်ပိုင်းအတွင်း မှန်ကန်သောအစားအစာ မစားရသကဲ့သို့ အပိုင်းအစတစ်ခုမှမကျန်အောင် ရှင်းကြလေ၏။

အရသာရှိလှသော ဟင်းပွဲကို စားသောက်ပြီးနောက် ဒေါက်တာလု က ရှန်းဝေ အား ပြောလိုက်သည်။ “ဒီလိုအစားအစာကို စားရမယ်ဆိုရင် အလကား ဒီမှာ အလုပ်လုပ်ပေးချင်ပါတယ်”

တခြားလူတိုင်း က သဘောတူတယ်ဟု ပဲ့တင်ထပ်ကြ၏။

တနေ့ ၃နပ်ကျွေးမယ်ဆိုတာ သိလိုက်ရတော့ အလုပ်အတွက် စိတ်အားထက်သန်မှုက ချက်ချင်း မြင့်တက်လာတယ်။

ကျန်းပိုင်အင်တာနယ်ရှင်နယ်ဟိုတယ်၏ဧည့်သည်များကဲ့သို့ တူညီသော အစားအစာကို စားသောက်နိုင်ရန် မည်သို့သောVIP ဆက်ဆံသည့်ပုံစံမျိုး ဖြစ်နေသလဲနော်?

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment