no

Font
Theme

Chapter 15

သာမန်လူတစ်ယောက်အတွက် အလယ်တန်းသင်ရိုးညွှန်းတမ်း က အခက်အခဲအချို့ရှိနေပြီဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် အလယ်တန်းသင်ရိုးညွှန်းတမ်း က ဟဲလင်းဖုန်း၏ သင်ယူမှုအရှိန်ကို နှေးကွေးစေခဲ့သည်။

ဟဲလင်းဖုန်း၏တိုးတက်မှုအရ ဘာသာရပ်တစ်ခုတည်းတွင် တစ်နာရီအတွင်း စာသင်ချိန်တစ်ခုပြီးမြောက်ရန် ချိန်ညှိထားခဲ့သည်။

ဟဲလင်းဖုန်း က အသိပညာပြင်းပြသောအချိန်အတွင်း၌ ရှိနေသည် ကို ရှန်းဝေ သတိပြုမိခဲ့၏။

သင့်လျော်သော ဆရာများနှင့် တွေ့ဆုံခြင်းအပြင် စုကျင်း က သူ့ကို နေ့စဥ် တစ်နာရီကြာ ကျူရှင်ပေးကာ ချဥ်းကပ်ပုံကိုလည်း ပြောင်းလဲခဲ့သည်။

၅နှစ်သား၊ ဟဲလင်းဖုန်း က ထူးထူးခြားခြား သင်ယူနိုင်စွမ်း နှင့် စာမလေ့လာပါက မသက်မသာခံစားရသည်ကိုပင် ပြသခဲ့သည်။

စုကျင်း မှာ ကြီးမားသောဖိအားအောက်တွင် ရှိနေခဲ့သည်။

သူ့တက္ကသိုလ်အတန်းချိန်ပြီးတိုင်း အဆောင်ခန်းသို့ ပြန်လာခဲ့ပြီး သင်ခန်းစာများကို အဆက်မပြတ်ပြင်ဆင်ရသည်။

နေ့တိုင်း ညဥ့်နက်သည်အထိ စာလေ့လာခဲ့ပြီး သူ့အတန်းဖော်များကတောင် သူ့အား စနောက်လေသည်။ “မင်း ဘာလုပ်နေတာလဲ? ဒုတိယအကြိမ်တက္ကသိုလ်ဝင်ခွင့်ဖြေဖို့များ ပြင်ဆင်နေတာလားဟ?”

[TN- စုကျင်း က ပထမနှစ်၊ တက္ကသိုလ်ကျောင်းသားပဲ ရှိသေးတာပါနော်၊ မေ့မှာ စိုးလို့]

ယေဘူယျအားဖြင့်၊ စီနီယာအထက်တန်းကျောင်းသားတွေပဲ ဒီလောက် ကြိုးစားကြတာ မဟုတ်ဘူးလား?

တက္ကသိုလ်ကျောင်းသားများ က စီနီယာနှစ်၏ ကြီးကျယ်ခမ်းနားသော နေ့ရက်များကို ပြန်အမှတ်ရင်း ပြင်းပြင်းထန်ထန် စာသင်နေကြသူများကို ရှုံ့ချကြသည်။

စုကျင်း က သင်ခန်းစာတွေ ပြင်ဆင်နေတယ် လို့ ရိုးရှင်းစွာ ပြောပြခဲ့သည်။ ဆက်မရှင်းပြတော့။

သူ့အခန်းဖော်တွေက သူ ရူးနေပြီဟု ထင်နေခဲ့ကြသည်။ သီးသန့်ကျုရှင်ဆရာ ဖြစ်ရတာ လွယ်ကူသည့်အလုပ် မဟုတ်ဟု သူတို့ ကြားဖူးကြသည်။

ကောင်းစွာမလေ့လာသော ကျောင်းသားတစ်ဦးနှင့် ကြုံတွေ့ရပါက အတန်းများကို မြှင့်တင်ရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုရမည် ဖြစ်သည်။

မကြာခဏဆိုသလို၊ သင်ကြားရေးမှာ ပင်ပန်းတက်ရပြီး ကျောင်းသား၏တိုးတက် မှုသည် အမြဲတမ်းသိသာထင်ရှားမည်မဟုတ်။ စုကျင်း လည်း အလားတူအခြေအနေမျိုးနှင့် ရင်ဆိုင်နေရတယ်လို့ သူတို့ ထင်ခဲ့ကြသည်။

သူတို့မျက်လုံးများထဲ ‘မင်း ကို စာနာပါတယ်ကွာ’ ဆိုတဲ့ အရိပ်အမွက် ရှိနေခဲ့၏။

စုကျင်း က အကြပ်အတည်းတစ်ခုကြောင့် ကြွေမွနေမှန်း သူတို့ နည်းနည်းလေးတောင် မသိကြပေ။

ဆရာတစ်ယောက်အနေဖြင့် ၅နှစ်သား၊ ဟဲလင်းဖုန်း ထံမှ အသိပညာငတ်မွတ်မှုဒဏ်ကို ရင်ဆိုင်နေရပြီး မေးခွန်းများကို ဖြေဆိုရန် မတက်နိုင်တော့။

အလယ်တန်း၊ ဒုတိယနှစ်၏ သင်ရိုးညွှန်းတမ်းတစ်ခု ပြီးမြောက်ရန် ၁ နာရီသာကြာ၏။

အလယ်တန်း၊ ဒုတိယနှစ်တွင် ရူပဗေဒဘာသာရပ်ကို ထည့်သွင်းခဲ့ပြီး တတိယနှစ်တွင် ဓာတုဗေဒဘာသာရပ်ကို ထည့်သွင်းခဲ့ရာ ကလေး က လက်ခံသည်ဟု စိန်ခေါ်ခဲ့လေသည်။

ထို့ကြောင့် သူ သည် ဟဲလင်းဖုန်း၏ စိတ်ဝင်စားမှုကို ဆွဲဆောင်ဖို့ အသေးစား စမ်းသပ်မှုအချို့ကို အသုံးပြုရန် စီစဥ်ခဲ့သည်။

ဒါပေမယ့် တကယ့်လက်တွေ့ လေ့ကျင့်ချိန်မှာတော့ ကလေးက သူ့ကို လွှမ်းမိုးနေတယ်ဆိုတာ သိလိုက်ရတယ်။

ဟဲလင်းဖုန်း လို ကလေးက လူသားရော ဟုတ်ရဲ့လား?

ဘာပဲလေ့လာနေပါစေ၊ မြန်မြန်ဆန်ဆန် တတ်မြောက်နိုင်သည်။ မွေးရာပါ သင်ကြားရေးစက်ကဲ့သို့ဖြစ်ပြီး ဘယ်သောအခါမှ မပင်ပန်းဘူး။

အကြောင်းအရာအသစ် သို့မဟုတ် အခက်အခဲတစ်ခုခုကို ရင်ဆိုင်ရတိုင်း ဝံပုလွေအသားကို ကိုက်စားနေသည့် အသားကဲ့သို့ သူ့မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာတက်သည်။

သို့သော် စုကျင်း မှာ နေ့တိုင်း သင်ခန်းစာပြင်ဆင်ခြင်းမှ ချွေးများပျံလာကာ မျက်နှာမှာ နီရဲလို့နေသည်။

ကျောင်းတက်နေစဥ်အတွင်း ဆရာများနှင့် မိဘများက စုကျင်း အား ပါရမီရှင်ဟု ခေါ်ခဲ့ကြသည်။

ဟဲလင်းဖုန်း နဲ့ တွေ့ပြီးနောက် စစ်မှန်တဲ့ ပါရမီရှင် ဆိုတာကို နားလည်သည်အထိ ယုံကြည်ခဲ့ရသည်။

ထိုသို့သောလူ က ကြောက်မက်ဖွယ်ကောင်းလွန်းတယ်!

စုကျင်း သည် ကျူရှင်ကြေး ယွမ် ၂၀၀၀ ကျော် ရရှိခဲ့သည်။ ဤယွမ် ၂၀၀၀ မှာ သူ့အသက်တစ်ဝက်ကို စတေးခဲ့ရသော တန်ကြေးပင် ဖြစ်ခဲ့၏။

ကျူရှင်group ရှိ သူ့သူငယ်ချင်းများ စိတ်အေးလက်အေး ခံစားရသည့် အတွေ့အကြုံနှင့် မတူချေ။

နောက်ဆုံးတွင် သူ သည် အလယ်တန်းတတိယနှစ် သင်ရိုးညွှန်းတမ်းကို ပြီးမြောက်ခဲ့သည်။

ထို့နောက်တွင်၊ သူသည် ယခုနှစ် အလယ်တန်းကျောင်းဝင်ခွင့်စာမေးပွဲများမှ တကယ့်မေးခွန်းများကို အသုံးပြု၍ ဥာဏ်စမ်းပဟေဠိအချို့ကို ပေးခဲ့သည်။

ရလဒ်က ဘာလဲသိလား? ဟဲလင်းဖုန်း ဟာ စီနီယာအထက်တန်း၊ ပထမနှစ် ဝင်ခွင့်ရလုနီးပါး ဖြစ်ခဲ့ချေသည်။

ဒါ ၅နှစ်သားလား? ကြောက်ဖို့ကောင်းလိုက်တာ!

ယခု ပြသာနာတစ်ခုရှိနေချေပြီ၊ ဤကလေး က မကြာမီ အထက်တန်းကျောင်းသင်ရိုးညွှန်းတမ်းကို ရင်ဆိုင်ရတော့မည်။

ရှန်းဝေ ထံ ရာထူးမှနှုတ်ထွက်ခွင့်ပြုရန် တောင်းဆိုခဲ့ချိန် စုကျင်းရဲ့ဦးရေပြားတို့ တင်းမာနေခဲ့သည်။ “တောင်းပန်ပါတယ်၊ ကျွန်တော့်အရည်အချင်း က အကန့်အသတ်ရှိတော့ ကျွန်တော် သူ့ကို စီနီယာအထက်တန်း သင်ခန်းစာတွေ မသင်ပေးနိုင်မှာ စိုးမိပါတယ်!"

လဝက်နီးပါး အပြန်အလှန် ဆက်ဆံပြီးနောက်တွင် ဆရာဖြစ်ရခြင်းသည် လွယ်ကူသောအလုပ်မဟုတ်ကြောင်း သူ သဘောပေါက်ခဲ့သည်။

သူ၏ယခင်လွယ်ကူမှုသည် ပျမ်းမျှအရည်အချင်းရှိသော ကျောင်းသားများနှင့် ကြုံတွေ့ရခြင်းကြောင့် ဖြစ်သည်။

ဒီတခေါက် ပါရမီရှင်တစ်ယောက်နဲ့ တွေ့မယ်လို့ ဘယ်သူက ထင်မှာလဲ?

ဆရာဖြစ်ရခြင်းသည် ဤကဲ့သို့ဖြစ်သည်၊ ကျောင်းသားအတွက် ရေပုံးထဲ ရေအပြည့်ရှိနေရမည်။ [TN: အရည်အချင်း ပြည့်ဝနေရမည်ကို ဆိုလို]

ကျောင်းသားများဟာ ဘောင်အပြင်ဘက်မှ မကြာခဏတွေးတတ်သောကြောင့် ဆရာ၊ဆရာမများသည် ရှုထောင့်မျိုးစုံမှ ရှင်းပြရမည်ဖြစ်သည်။

ပြဋ္ဌာန်းစာအုပ်ကို လိုက်နာသော ကျောင်းသားနှင့် ကြုံတွေ့ပါက အထက်တန်း ဘာသာရပ်များကို ဆက်လက် သင်ကြားနိုင်သည်။ သို့သော် သူ ကြုံတွေ့နေရတာက သာမန်ကျောင်းသား ဟုတ်မနေဘူး။

အထက်တန်းသင်ရိုးညွှန်းတမ်းသို့ ပြောင်းရွှေ့ပြီးသည်နှင့် စံပြသင်ရိုးညွှန်းတမ်းထက် ကျော်လွန်သော အကြောင်းအရာများစွာ ရှိလိမ့်မည်။

အဲဒါတွေကိုလည်း နားလည်ပြီး ချေဖျက်ဖို့ လိုပါလိမ့်မယ်။

ယခုအချိန်တွင် သူ သည် စာအုပ်ဖြင့်သာ သင်ကြားနိုင်သော်လည်း စစ်မှန်သော ပါရမီရှင်တစ်ဦးနှင့် ရင်ဆိုင်နေရသည်။ ကလေးကို မဖျက်ဆီးချင်ဘူး!

“သူ့ကို သင်ပေးနိုင်တဲ့တစ်စုံတစ်ယောက်ကို သိလား?” ရှန်းဝေ သည် စုကျင်း ကဲ့သို့ တစ်စုံတစ်ဦး နှင့် ဟဲလင်းဖုန်း ကို အထက်တန်းကျောင်းသင်ရိုးညွှန်းတမ်း အား သင်ကြားစေချင်သေးသည်။

တော်ရုံတန်ရုံ ဆရာတစ်ဦးနှင့် ကြုံတွေ့ရပါက၊ လက်ရှိ အသိပညာငတ်နေသော ဟဲလင်းဖုန်း အတွက် ဆုတ်ယုတ်မှုနှင့် ထိုးနှက်ချက် ဖြစ်လာနိုင်သည်။

ရှန်းဝေ နှင့် စုကျင်း တို့ နှစ်ဦးစလုံး ဤသဘောတရားကို နားလည်ခဲ့ကြသည်။

စုကျင်း က ခဏလောက် စဥ်းစား၍ ‌ပြောပြသည်။ “ကျွန်တော့်အထက်တန်းစီနီယာ ကို အကြံပေးလို့ ရပါတယ်၊ သူက အမှတ်ကောင်းကောင်းရပြီး အဲဒီတုန်းက ထိပ်တန်းကျောင်းသားဖြစ်ခဲ့တာ”

"ကောင်းပြီ၊ သူ လာနိုင်ရင် တစ်နာရီကို ယွမ် ၁၀၀၀ပေးပါ့မယ်”

စုကျင်း က မေးပေးခဲ့၏။ တစ်နာရီလျှင် ယွမ် ၁၀၀၀ သည် အလွန်များသည်ဟု သူ မထင်တော့ပါ။

ဟဲလင်းဖုန်း ကို သင်ကြားပြီးမှသာ ထိုငွေရှာရန် မည်မျှခက်ခဲသည်ကို သူနားလည်ခဲ့သည်။

နောက်တနေ့ တွင် သူ့စီနီယာ ထံ ချဥ်းကပ်ခဲ့၏။

တိုက်ဆိုင်စွာပင်၊ သူ၏ စီနီယာသည် နိုင်ငံလုံးဆိုင်ရာ သင်္ချာပြိုင်ပွဲတွင် အနိုင်ရခဲ့သည်။

လေ့ကျင်ရေးပြီးသည်နှင့် သူ့မှာ အားလပ်ချိန်တွေ ရခဲ့တယ်။ တစ်နာရီလျှင် ယွမ် ၁၀၀၀ ကမ်းလှမ်းမှုသည် အတော်လေး ဆွဲဆောင်မှုရှိသောကြောင့် သဘောတူခဲ့၏။

စုကျင်း က ကျောင်းသား ဟာ နှေးကွေးစွာ သင်ယူတက်သူ မဟုတ်ကြောင်း အကြိမ်ကြိမ်အာမခံခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော သင်ယူနိုင်စွမ်းကို ပြန်ပြောပြခဲ့သည်။

ထိုစီနီယာ က သူ ပြောသည်ကို နားလည်ကြောင်း ပြောခဲ့၏။

စုကျင်း သည် ခါးသီးသည်ဟု တွေးတောသော်လည်း စိတ်သက်သာရသွားခဲ့လေ၏။

တစ်ချိန်က ထူးချွန်သော ကလေးတစ်ဦးအဖြစ် ချီးကျူးခံရသော စုကျင်း သည် နောက်ဆုံးတွင် ကျောင်းသားတစ်ဦး၏ လွှမ်းမိုးခြင်းကို ကြုံတွေ့ခဲ့ရသည်။

ပထမဆုံးအကြိမ် သူ သည် သူ့ကျောင်းသား၏ လိုက်ဖမ်းခြင်းကို ခံခဲ့ရ၏။

သူ နောက်ကျသွားသလိုလို အမြဲလိုလိုခံစားရပြီး စာသင်မပေးမယ့် အလားအလာက တကယ်ကို သက်သာရာရစေခဲ့တယ်။

သို့သော် အဲကျောင်း က အရသာရှိတဲ့ အစားအစာတွေကိုလည်း လွမ်းဆွတ်မိ၏။ သေစမ်း၊ ဝမ်းသာခြင်း နဲ့ ဝမ်းနည်းခြင်း ရောနှောနေတဲ့ ခံစားချက်ပါလားဟ။

စုကျင်း သည် 'ကြယ်ကောင်းကင်မူကြိုကျောင်း' အား နက်နက်ရိူင်းရိူင်း သတိရနေမိတော့သည်။

သူ သည် တခြားသူများ ပါရမီရှင်အကြောင်း ပြောဆိုနေသည်ကို အမြဲကြားခဲ့ရသော်လည်း တစ်ဦးနှင့်တစ်ဦးတွေ့ဆုံပြီးမှသာ ဘယ်လောက်ကြောက်ဖို့ကောင်းသည်ကို သိရှိနားလည်တက်လာခဲ့သည်။

ပါရမီရှင် ဆိုတာ ဘာလဲ? သင်ကြားရန် မလိုအပ်သော တစ်စုံတစ်ယောက်သည် အနည်းငယ် နှောင့်နှေးတက်ပေမဲ့ အရာရာကို ရှင်းရှင်းလင်းလင်း နားလည်တတ်နေခြင်းပင် ဖြစ်ချေသည်။

ပေကျင်း သို့မဟုတ် တန်ဟွား ကဲ့သို့ ကျော်ကြားသော တက္ကသိုလ်များသို့ တက်ရောက်ရန် လုံလောက်သော အမှတ်ကောင်းကောင်း ရသူများကို နော

က်ဆုံးနားလည်သ‌ဘောပေါက်သွားခဲ့သည်။ တနှစ်အကြာတွင် သူတို့လည်း မကိုင်တွယ်တက်တော့လို့ ထွက်လာရလိမ့်မည်။ ပါရမီရှင်တွေနဲ့ သာမန်လူတွေကြားက ကွာဟမှုက နဂါးငွေ့တန်းလွှမ်းခြုံထားသကဲ့သို့ ဖြစ်ချေသည်။

စုကျင်း သည် ဟဲလင်းဖုန်း အား လဝက်ခန့် သင်ကြားခဲ့ပြီး အနည်းငယ်ပိုကောင်းသည့် သူ၏စီနီယာလည်း တလအကြာ သင်ကြားပေးခဲ့သည်။ ဟဲလင်းဖုန်း ကို မသင်ကြားပေးနိုင်သောအခါ ထိုစီနီယာ မှာလည်း နှုတ်ထွက်ခွင့်ပြုရန်‌ တောင်းဆိုတော့သည်။ ရှန်းဝေ က သူ့အား ကျုရှင်ခ ယွမ်၃၀,၀၀၀ ပေးချေခဲ့၏။

ထိုစီနီယာ သည် ၅နှစ်သား၊ ဟဲလင်းဖုန်း အား တက္ကသိုလ်ဝင်ခွင့်စာမေးပွဲစာရွက်ဖြင့် စာမေးပွဲဖြေဆိုခိုင်းသည်။ ထို၅နှစ်သားလေးမှာ ထိပ်တန်းတက္ကသိုလ်တစ်ခုသို့ ဝင်ခွင့်ရလောက်အောင် အမှတ်များခဲ့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment