Chapter 11
ဆရာမထန် သည် မကြာသေးခင်က အနည်းငယ်ပူပန်နေခဲ့၏။
ကျောင်းမှာ ကျောင်းသားနည်းပါးလွန်းတယ်။
ဤမျှကြီးမားသော ကျောင်းဝင်းကြီးတွင် ဝန်ထမ်းများစွာ ငှားရမ်းထားသောကြောင့် နေ့စဥ်ကုန်ကျစရိတ်မှာ မနည်းလှ။
အခုဆို ကလေး ၁၅ ယောက်ပါဝင်သည့် အတန်း၁တန်းသာ ရှိ၏။
သူမ၏ယခင်လုပ်ငန်းခွင်တွင် ကျောင်းသား၄၀ ကျော် ကို အလွန်နည်းပါးသည်ဟု ယူဆ၍ရပြီး ငွေဆုံးရှုံးမှာကိုကြောက်သောကြောင့် သူမ သည် ကျောင်းအပ်ခြင်းလုပ်ငန်း အား အဆက်မပြတ်လုပ်ဆောင်ပေးခဲ့သည်။
ဆရာမထန်၏စိတ်တွင် အခြားလုပ်ဖော်ကိုင်ဖက်များအားလုံး က မူကြိုကျောင်းဖွင့်ရာတွင် အတွေ့အကြုံမရှိကြသောကြောင့် မူကြိုကျောင်းလုပ်ငန်း မှာ သူတို့အတွက် အသစ်အဆန်းများဖြစ်ကြမှာပဲ’ဟု တွေးမိသည်။
ထို့ကြောင့် သူမ ဟာ အမာခံအဖွဲ့ဝင်ဟောင်းတစ်ဦးအနေဖြင့် အလိုအလျောက်တာဝန်ယူခဲ့သည်။
သူမ၏ပါးစပ်မှာတောင် အဖုကြီးပေါက်လာခဲ့၏။
ရှန်းဝေ သည် အလုပ်သို့ ရောက်သည်နှင့် တပြိုင်နက် သူမ ကို သတိပြုမိပြီး တစ်ခုခု မှားနေပြီဟု တွေးမိသည်။
မေးမြန်းပြီးနောက် ဆရာမထန်မှာ ဖိအားများလွန်းကြောင်း သူမ သိလိုက်ရသည်။
ရှန်းဝေ ရင်ထဲထိသွား၏။ ‘ဒီနေ့ အားလုံးရောက်နေပြီမို့ အစည်းအဝေးခေါ်ပါမယ်’ မက်ဆေ့ချ်တွေ အပြန်ပြန်အလှန်လှန် ပို့မည့်အစား အကြောင်းအရာတွေကို အတူတကွ ဆွေးနွေးတာက ပိုကောင်းသည်။
ဤသည်မှာ စာသင်နှစ်စကတည်းက 'ကြယ်ကောင်းကင်မူကြိုကျောင်း'၏ပထမဆုံး အစည်းအဝေးပင် ဖြစ်ချေသည်။
အားလုံး က အစည်းအဝေးခန်းထဲ အစောကြီးရောက်ကြတယ်။
လူတစ်ဦးစီ၏မျက်နှာပေါ်တွင် တည်ကြည်လေးနက်သောအမူအရာများရှိသည်။
မာစတာစားဖိုမှူးလျို၊ ကျောင်းကားမောင်းသူကျောင်းတာ့မင်၊ ဒေါက်တာလု နဲ့ ပညာရေးကျွမ်းကျင်သူ ဝမ်လန်တို့ က ‘နောက်ဆုံးတော့ ဒီမှာရောက်ပြီ' ဆိုတဲ့ ခံစားချက်မျိုးရှိခဲ့တယ်။
ဤနေရာ၌ ရက်အနည်းငယ်ကြာ အလုပ်လုပ်ပြီးနောက် ဤနေရာသည် ကမ္ဘာပေါ်ရှိ နိဗ္ဗာန်ဘုံတစ်ခုဖွယ် ခံစားခဲ့ရသည်။
မနက်တိုင်း ကလေးတွေရဲ့ ရယ်မောသံတွေ နားထောင်ပြီး ကြိုပို့လုပ်ကြသည်။
ဟိုတယ်ကြီးတစ်ခုမှ စားဖိုမှူးတစ်ဦးသည် ကမ္ဘာပေါ်တွင် ဂရုမစိုက်ဘဲ ပျော်ရွှင်စွာနေထိုင်ပြီး တစ်နေ့လျှင် ၃နပ်စာကို ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်ပေးသည်။
အလုပ်ပြီးရင်တော့ သူတို့ ရှန်းဝေရဲ့ ဟင်းသီးဟင်းရွက်ဥယျာဥ်လေး ဆီ သွားလည်တယ်။
ဒီလိုဘဝမျိုးက အခကြေးငွေပေးရတဲ့ စိုက်ပျိုးရေးလုပ်ငန်းအစီအစဥ်တစ်ခုလိုပါပဲ။
ဒါတောင် အခမဲ့ဖြစ်ချေ၏။ အလွန်မြင့်မားသော လစဥ်လစာကို ထည့်မပြောရသေး။
အရမ်းကောင်းပေမဲ့ အလကားရသည့် နေ့လည်စာ ရယ်လို့ မရှိပါ။
အဆုံးတွင် ရှန်းဝေ မှ အစည်းအဝေးခေါ်နေသံကြားသောအခါ အားလုံး လန့်သွားသည်။
အစည်းအဝေးရှေ့တွင် ရှန်းဝေ က ပြောလိုက်သည်။ “ကျွန်မတို့ကျောင်းအပ်တဲ့အခြေအနေကို လူတိုင်း နည်းနည်းစိုးရိမ်နေတာ သိပါတယ်၊ ဒါပေမဲ့ စိတ်မပူပါနဲ့၊ ကျွန်မ မှာ ပိုက်ဆံနည်းနည်းကျန်သေးတယ်"
“ကျွန်မတို့ လူအများကြီး မလိုအပ်ဘူး။ အဆင့်မြင့်အတန်းအသေးစားလေးတစ်ခု ကိုလည်ပတ်ပြီး ကျွန်မတို့ရဲ့နာမည်ဂုဏ်သတင်းကို တဖြည်းဖြည်း တည်ဆောက်သွားမှာဖြစ်တယ်”
“မူကြိုကျောင်းနဲ့ပတ်သက်လို့ အတွေ့အကြုံရှိတဲ့ ဆရာမထန် က လွဲရင် တခြားလုပ်ဖော်ကိုင်ဖက်တွေ က လိုက်လျောညီထွေဖြစ်အောင် လုပ်ရလိမ့်မယ်”
“အဆင့်မြင့်အတန်းအသေးစားလေး စကြရအောင်”
"အရမ်းကြီး ဖိအားတွေ ခံစားနေဖို့ မလိုဘူး။"
"စိတ်ချပါ၊ ကျွန်မက လူကြီးမင်းတို့ရဲ့ ဘေးကင်းရေးပိုက်ကွန် ဖြစ်ပါတယ်၊ ဘာပြဿနာမှရှိမှာမဟုတ်ဘူး’
တက်ရောက်လာသူများသည် သူမ၏စကားကြားပြီးနောက် လေးလေးစားစား နားထောင်ကြသည်။
ရှန်းဝေ ကို ငယ်ရွယ်သည်ဟု ယခင်က ထင်ခဲ့ကြသော်လည်း ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် ဤမျှထိ ထိရောက်မှု ရှိမည်ဟု မမျှော်လင့်ခဲ့ပေ။
သူမ က တည်ငြိမ်ရင့်ကျက်၏။ အလုပ်လောကတွင် အတွေ့အကြုံရှိသော သူတို့ထက်ပင် စိတ်ရှည်သည်။
အရင်က တခြားအလုပ်တွေမှာ အလုပ်လုပ်ဖူးသည့် ဒေါက်တာလု နဲ့ ကျောင်းတာ့မင်းတို့တောင် ရှန်းဝေ ရဲ့ ‘ကျွန်မက လူကြီးမင်းတို့လုံခြုံရေးပိုက်ကွန် ဖြစ်နေမှာပါ’ဆိုတဲ့ စကားကို ကြားလိုက်ရတာနဲ့ ရှင်းမပြနိုင်လောက်အောင် ရှုပ်ထွေးသွားခဲ့တယ်။
ယခင်လုပ်ငန်းခွင်များတွင် ခေါင်းဆောင်များ ဟာ အမြဲတမ်းအကောင်းမြင်တတ်ပြီး အခြားသူများသည်လည်း ခေါင်းဆောင်များအတွက် အပြစ်ပုံချခံရမည် ဖြစ်သည်။
သို့သော် ဒီမှာကတော့ အငယ်ဆုံးသူဌေး က အရာအားလုံးကို ပခုံးပြောင်းပြီး တာဝန်ယူသောကြောင့် တကယ်ရင်ထဲထိမိသွားတယ်။
လူတိုင်း စိတ်တက်ကြွလာကြသည်။
ရှန်းဝေရဲ့စကားတွေကြောင့် သူမ၏ပခုံးပေါ်ရှိ ဝန်ထုပ်ဝန်ပိုးတစ်ဝက်ဟာ လျော့ပါးသွားကြောင်း ဆရာမထန် ခံစားမိသည်။ သူမ ရှန်းဝေအပေါ် နားလည်မှုအသစ်တစ်ခု ရရှိခဲ့၏။
လူတိုင်း သက်ဆိုင်ရာလုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်ထားသင့်သည်။
အလုပ်များသောနေ့သည် စတင်ပါတော့မည်။
မာစတာစားဖိုးမှုလျို က ရှန်းဝေ အား ရည်ရွယ်ချက်ရှိရှိ ရှောင်တိမ်း၍ နေ့လည်စာစားချိန်မတိုင်မီ ၁၀မိနစ်အလိုတွင် လူတိုင်းကို စကားပြောစရာရှိသဖြင့် အစည်းအဝေးခန်းသို့ တိတ်တဆိတ်လာရန် ပြောခဲ့သည်။
လူတိုင်း က မြန်မြန်ဆန်ဆန် သဘောတူခဲ့ကြသည်။
နေ့လယ်စာစားရန် ချိန်းထားသည့်အချိန်၌ ရှန်းဝေ သည် ဟင်းသီးဟင်းရွက်ဥယျာဥ်တွင် အလုပ်များနေသေးသော်လည်း အခြားသူများသည် တိတ်တဆိတ်သဘောတူညီချက်ဖြင့် အစည်းအဝေးခန်းသို့သွားကြသည်။
အားလုံးရှိနေတာကိုမြင်တော့ မာစတာစားဖိုးမှုလျို က ပြောလေသည်။ “ကျွန်တော် ခပ်တိုတိုပဲ ပြောပါမယ်၊ ကျွန်တော်ဟာ ဒီကျောင်းရဲ့ပထမဆုံးသော ဝန်ထမ်းဖြစ်ပါတယ်၊ မမျှော်လင့်ထားတာတွေသာ ဖြစ်မလာရင် ဒီအလုပ်ဟာ ကျွန်တော်အငြိမ်းစားမယူခင် နောက်ဆုံးအလုပ်ပဲ"
လူတိုင်းက သူ့ကို လှမ်းကြည့်ကြသည်။
မာစတာစားဖိုးမှုလျို က ဆက်ပြော၏။ “ရှန်းဝေ က ငယ်ရွယ်ပြီး တစ်ချို့အရာတွေကို နားမလည်ပေမဲ့ ကျွန်တော် ဒီထက်မက ပိုအလုပ်လုပ်ပေးချင်စိတ်ရှိတယ်၊ ကျွန်တော်တွေးမိတာက ဘာလဲဆိုတော့ ဒီလိုကြီးကျယ်ခမ်းနားတဲ့ လုပ်ငန်းခွင်ကြီးကို ကံကောင်းစွာတွေ့ခဲ့ရတယ်၊ အဲတော့ အောင်မြင်သည်အထိ ကျွန်တော်တို့ ကြိုးစားရပါမယ်”
ဘယ်သူကမှ မတုံ့ပြန်ခင်မှာ ဒေါက်တာလု က အရင်ပြောလာသည်။ “ကျွန်တော် ဒီအလုပ်ကို သိပ်သဘောကျတာ၊ အလုပ်အရမ်းမရူပ်ဘူး။ ဒါ့ကြောင့် ခင်ဗျား လိုအပ်တဲ့အချိန်တိုင်း ခိုင်းနိုင်ပါတယ်၊ မတွန့်ဆုတ်ပါနဲ့"
ပညာရေးကျွမ်းကျင်သူ၊ ဝမ်လန် က ပြောလာသည်။ "ကျွန်မ အကောင်းဆုံးကြိုးစားပါ့မယ်၊ အားလုံးက ကျွန်မလုပ်ခဲ့တဲ့အမှားတွေကို ထောက်ပြနိုင်မယ်လို့ မျှော်လင့်ပါတယ်"
ကျောင်းတာ့မင် သည်လည်း သူရဲကောင်းဆန်သော စိတ်ဓာတ်ကို ခံစားလိုက်ရသည်။ ယခင်လုပ်ငန်းခွင်တွင် သူသည် ယာဥ်မောင်းတစ်ဦးသာဖြစ်သော်လည်း ယခုအခါတွင် အကြံဥာဏ်များ ပံ့ပိုးပေးနိုင်သော လေးစားဖွယ်အကြီးအကဲတစ်ဦး ဖြစ်လာခဲ့သည်။
ကျောင်းတာ့မင် မှ မနေနိုင်ပဲ ဝင်ပြော၏။ “ မအောင်မြင်ဘူးလို့ မယုံကြည်ဘူး။ ကျွန်တော်တို့အားလုံးဟာ လုပ်ငန်းနယ်ပယ်မျိုးစုံက လက်ရွေးစင်တွေချည်းပဲလေ၊ မအောင်မြင်ပဲ မနေဘူး။ ကျွန်တော် လုပ်ပေးနိုင်သမျှ အားလုံး လုပ်ပေးမှာ သေချာတယ်”
လူတိုင်း က တူညီတဲ့ ခံစားချက်တွေကို ဖော်ပြကြတယ်။
“ကောင်းပြီ၊ အလုပ်ကြိုးစားကြစို့! အစည်းအဝေး ပြီးပြီ” မာစတာစားဖိုမှူးလျို က တွေ့ရှိသွားမှာ စိုးသောကြောင့် စကားအနည်းငယ်ပြောပြီးနောက် အစည်းအဝေးကို အဆုံးသတ်ခဲ့သည်။
ကျောင်းကားမောင်းသူ ကျောင်းတာ့မင် သည် အနည်းငယ် တွေးတောနေသည်။
သူတို့အားလုံးဟာ ရိုးရိုးရှင်းရှင်း နှလုံးသားရှိတဲ့ လူတွေ ဖြစ်၏။ အကယ်၍ သူတို့သည် ကျွမ်းကျင်သော ရုံးမှဝါရင့်စီနီယာများနှင့် ကြုံတွေ့ရပါက၊ လူငယ်သူဌေးရှေ့တွင် ထိုသို့သော ထုတ်ဖော်ပြောဆိုမှုများ ရှိပေလိမ့်မည်။
သို့သော် သူတို့သည် ရှန်းဝေ အား ရည်ရွယ်ချက်ရှိရှိ ရှောင်ရှားခဲ့ကြပြီး အကောင်းဆုံးလုပ်ဆောင်ရန် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည်။ ချောမောလှပသော သူဌေးမလေး က လွန်အမင်း စိတ်အားထက်သန်မှု မရှိသော်လည်း သူတို့ကတော့ ရှိ၏။
မူကြိုကျောင်း ကို ကောင်းကောင်းမလည်ပတ်နိုင်ဘူးလို့ သူ မယုံကြည်ဘူး။
ဒီခံစားချက်က တကယ်ကို ထူးခြားတယ်။
အထူးသဖြင့် အတိတ်ကို ပြန်လည်အောက်မေ့မိသောအခါ ကိုယ်ပိုင်အစီအစဥ်မရှိဘဲ ကြီးမားသောစုပေါင်း ၏ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့သည့်အတိတ်ကို ပြန်လည်အမှတ်ရနေပေလိမ့်မည်။
ယခုခေတ်တွင် လုပ်ငန်းခွင်များတွင် ရန်ပွဲများ၊ အကြံအစည်များဖြင့် ပြည့်နှက်နေပြီး လူ၃ဦး၊ ၄ဦး ဖွဲ့ထားသည့် အဖွဲ့တောင် ရှိသည်ဟု ကြားဖူးသည်။ လူ၄ယောက်ဖွဲ့သည့် ဂိုဏ်းများဟုပင် ကြားဖူးသည်။
ထိုသူများနှင့်မတူပဲ သူတို့ဟာ သူဌေးမလေး ဟာ ဘေးဖယ်ထားပြီး ဤမူကြိုကျောင်း အား ပိုကောင်းအောင် မည်သို့လုပ်ရမည်ကို တိတ်တဆိတ် အစည်းအဝေးလေးတစ်ခု ကျင်းပခဲ့သည်။
ဤစိတ်ထားတစ်ခုတည်းဖြင့် မူကြိုကျောင်း၏အနာဂတ်ကို စိတ်ချထားနိုင်ပေသည်။
အစပိုင်းတွင် ဆရာမတန်သည် မူကြိုကျောင်းအပ်ခြင်းနှင့်ပတ်သက်၍ ကျောင်းသားများစွာ၏မိဘများအား အကြောင်းကြားခဲ့သည်။
ယွမ်၂၆၀ က အရမ်းဆွဲဆောင်မှုရှိတယ်။
ဒါပေမယ့် တော်တော်များများက သတိကြီးကြီးထားပြီး စောင့်ကြည့်ချင်ခဲ့ကြသည်။
အမျိုးမျိုးသော အလားအလာရှိသော ထောင်ချောက်များကို သူတို့ စိုးရိမ်ခဲ့ကြ၏။
ယနေ့ခေတ်တွင် မကြာခဏ ဈေးနှုန်းချိုသာပေမဲ့ လျို့ဝှက်ထောင်ခြောက်များ မကြာခဏ ရှိတက်၏။ အရင်ကလူတွေဟာ ခံကြရပြီးနောက် ထိုအခွင့်အရေးကို မရယူချင်ပဲ ရှောင်တိမ်းခဲ့ကြ၏။
သို့သော်လည်း စာရင်းမသွင်းရသေးသော မိဘများသည် WeChat တွင် ဆရာမထန်၏ပို့စ်များကို ကြည့်ဆဲဖြစ်၏။
ဆရာမထန် က မူကြိုကျောင်း၏ အစားအသောက်နဲ့ အချိုရည်တွေအကြောင်းတင်ထားသည်။ သူမဟာ နေ့စဥ်နှင့်အမျှ ပို့စ်တင်ခဲ့၏။
ဤသည်မှာ ဆရာမထန်၏ယခင်မူကြိုကျောင်းတွင် သူမ၏ ယခင်အလုပ်မှ တီထွင်ခဲ့သော အလေ့အထဖြစ်သည်။
သူမ၏ပို့စ်များ သည် ပြတင်းပေါက်နှင့်တူပြီး 'ကြယ်ကောင်းကင်မူကြိုကျောင်း' က မည်မျှကောင်းမွန်သည်ကို လူများ မှ ပိုမိုမြင်နိုင်စေခဲ့၏။
ထို့ကြောင့် အချို့ က ဆရာမထန်ထံ စာရင်းသွင်းရန် လာရောက်မေးမြန်းကြသည်။
သို့သော် ဤအတန်းလေး စတင်တာ ၁လခွဲမျှ ရှိပြီဖြစ်၏။
ဆရာမထန် သည် WeChat တွင် တောင်းပန်စကားပြန်ကြားခဲ့သည်- [တောင်းပန်ပါတယ် ချစ်သောမိဘများ၊ ကျွန်မတို့ကျောင်းဟာ လောလောဆယ်မှာ ကျောင်းသားအပြောင်းအရွေ့လက်မခံသေးပါဘူး]
WeChat မှတစ်ဆင့် ဆက်သွယ်နေသည့် မိဘများက တုန့်ပြန်ခဲ့သည်။ [ဒါပေမဲ့ ဆရာမရဲ့အတန်းထဲမှာ လူသိပ်မရှိတာ မြင်နေရတယ်လေ!]
အချို့က ပူးပေါင်းကြံစည်မှု သီအိုရီတွေတောင် ရှိခဲ့တယ်။- [ယွမ်260ဈေးက မရှိတော့လို့များလား? အခု ကုန်ကျစရိတ်ဘယ်လောက်သွင်းရမှာလဲ?]
ဆရာမထန် မှ ပြန်ဖြေ၏။ [ဈေးနှုန်းကြောင့် မဟုတ်ပါဘူး]
[ယခု ကျွန်မတို့ဟာ အဆင့်မြင့်အတန်းငယ်တစ်ခု စတင်လုပ်ဆောင်နေတာဖြစ်လို့ နောက်ထပ်စာရင်းသွင်းလက်ခံဖို့ အစီအစဥ်များရှိပါက ကျွန်မရဲ့Wechat မှာ တင်ပေးမှာ ဖြစ်ပါတယ်]
[နေရာက အကျယ်ကြီးရှိပေမဲ့ အတန်း၁တန်းထဲ လုပ်ဆောင်နေတယ်၊ ကလေးဒါဇင်လောက်ပဲရှိတာမလား? အိမ်မက်မက်နေတာများလား? ပိုက်ဆံ မရှာချင်တော့ဘူးလား?]
ဆရာမထန် သည် တောင်းပန်သင့်သည်ဟု ခံစားရ၏။
မူလက မိဘများဟာ စာရင်းသွင်းနိုင်ခဲ့ပေမဲ့ မပါဝင်ခဲ့ဘူး။
ယွမ်၂၆၀ ဟာ ကောင်းမွန်ပေမဲ့ လှည့်ကွက်ဟု သူတို့ ခံစားခဲ့ရကြတယ်။
နေရာအကန့်အသတ်ရှိတာကို မြင်တော့ မိဘတွေက ချက်ချင်း စိတ်အားထက်သန်လာတယ်။
သူတို့သည် ဆရာမထန်ကို တစ်မနက်လုံး နှောင့်ယှက်သော်လည်း ဆရာမထန် မှ မတုန်လှုပ်သည်ကို မြင်လိုက်ရသဖြင့် ပို၍ပင် စိတ်ဆင်းရဲလာသည်။
မိဘများသည် စောစောက စာရင်းမသွင်းခြင်းအတွက် နောင်တရပြီး မိဘများ၏ group chat တွင် ပြောဆိုကြသည်။ [ကျွန်မ ပိုသိစေချင်ပါတယ်။ ဆရာမ က ကျွန်မကို ပထမဆုံးပြောပြတဲ့သူပါ။ အဲဒီတုန်းက ကျွန်မကလေးကို အဲကျောင်းမှာ ထားဖို့ အစီအစဥ်မရှိခဲ့ပေမယ့် အခု လိုချင်လာတော့ အခွင့်အရေး က မရှိတော့ဘူး]
ဤမူကြိုကျောင်းဟာ ရှားပါးလှသောရတနာတစ်ပါးပင်။ လူတိုင်း အတွက် အိမ်မက်မူကြိုကျောင်း ဖြစ်နေတယ် မဟုတ်ပေလား?
သားသမီး အား ဆရာ၊မ တွေချစ်မြတ်နိုးစေဖို့ ဆုတောင်းသည့်မိဘ မရှိလို့လား?
သို့သော် မူကြို၌ ကလေးများစွာရှိတာကြောင့် ဆရာများ မှ လုံလောက်သော စောင့်ရှောက်မှုမပေးနိုင်သည်အား မိဘများ က လက်ခံနိုင်သည်။
ယခုတိုင် သူတို့သည် ထိုကဲ့သို့သော ကြီးကျယ်သော မူကြိုကျောင်း အား လွတ်သွားခဲ့ပြီဖြစ်သည်။
ခံစားချက်က ဒေါ်လာတစ်ဘီလီယံ ဆုံးရှုံးသွားသလိုပါပဲ။
အဖွဲ့ရှိ အခြားမိဘတစ်ဦးက [သက်တမ်းကုန်ဆုံးသွားသော လျှော့စျေးတွေကို မမျှဝေနဲ့၊ နောက်တစ်ကြိမ် စောစောမျှဝေပါ]
အဲဒါက ဘာခေါ်တာလဲ။ 'ကြယ်ကောင်းကင်မူကြိုကျောင်း'၊ ငါတို့ အဲကျောင်းကို သေချာ အာရုံစိုက်ရမယ်။