no

Font
Theme

Chapter 16

ဟဲလင်းဖုန်း၏လေ့လာမှု လျင်မြန်စွာ တိုးတက်လာသည် အား 'ကြယ်ကောင်းကင်'မှ မူကြိုဆရာများအားလုံး သတိပြုမိခဲ့သည်။

သူတို့အားလုံး အံ့ဩဝမ်းသာသွားကြသည်။

ဤမူကြိုများတွင် အလုပ်အကိုင်ရရှိခဲ့သူများသည် တစ်ချိန်က သက်ဆိုင်ရာနယ်ပယ်အသီးသီးတွင် ထူးချွန်သော ပညာရှင်များဖြစ်ခဲ့ကြသည်။ သင်ယူမှုတွင် ထူးချွန်သော ကလေးတစ်ဦးကို မြင်တွေ့ရခြင်း ဟာ အခြားအရာများထက် ပို၍ ကြီးမားသော ပျော်ရွှင်မှု ဖြစ်ခဲ့သည်။

တစ်ချိန်က ၈နှစ်ကြာ ပေါင်းစည်းထားသော ဆေးဘက်ဆိုင်ရာ ပရိုဂရမ်တစ်ခုသို့ တက်ရောက်ခွင့်ရနိုင်သော ပညာရပ်ဆိုင်ရာ ထူးချွန်သူတစ်ဦးဖြစ်ခဲ့ဖူးသော ဒေါက်တာလု သည် ၅နှစ်သား၊ ဟဲလင်းဖုန်း၏ တာဝန်များကို စစ်ဆေးရန် စေတနာ့ဝန်ထမ်းလုပ်ခဲ့သည်။ သူ ဟာ ငယ်ငယ်ရွယ်ရွယ် နှင့် စစ်မှန်သော ပါရမီရှင်တစ်ဦး ဖြစ်ခဲ့ဖူးသည်။

စုကျင်း နှုတ်ထွက်ပြီးကတည်းက ဟဲလင်းဖုန်း က စာများပြန်လည်သုံးသပ်ခြင်း တွင် ရှိခဲ့သည်။ ဤကလေး ဟာ ယခင် က ထူးထူးခြားခြား လျင်မြန်သော အရှိန်အဟုန်ဖြင့် သင်ယူခဲ့ဖူးသောကြောင့် ဒေါက်တာလု သည် ဤအချက်အလက်များ လိမ်ညာနေခြင်းသာ ဖြစ်မည်ကို စိုးရိမ်ခဲ့သည်။ ယခုတော့ ဟဲလင်းဖုန်း ကို အသိပညာကို ခိုင်မာစေရန် နေ့စဥ် အပိုအလေ့အကျင့်မေးခွန်းများ အား ဖြေရှင်းခိုင်းခဲ့သည်။

အထူးသဖြင့် အနာဂတ်တွင် ဝေးကွာသွားနိုင်သည့် ဟဲလင်းဖုန်း ကဲ့သို့သော အလားအလာရှိသော ပါရမီရှင်တစ်ဦးအတွက် ခိုင်မာသောအခြေခံအုတ်မြစ်၏ အရေးပါမှုကို ဒေါက်တာလု နားလည်ပါ၏။ ခိုင်မာတဲ့ အခြေခံမရှိရင် ကြိုးစားမှုတွေအားလုံး အချည်းနှီးဖြစ်စေလိမ့်မည်။

ဟဲလင်းဖုန်း ဟာ မူကြိုတွင် တက်ရောက်ဆဲဖြစ်သော်လည်း မူလတန်းပညာရေးနယ်ပယ် ကို လုံးလုံးကျော်ဖြတ်ပြီးပြီ။

သူ က လူတိုင်း၏ အချစ်တော်ဖြစ်လာပြီး အချိန်ရတိုင်း သူ့ကို သွန်သင်ပေးကြသည်။

ဒေါက်တာလု သည် မကြာသေးမီက သူ၏ကိုယ်ပိုင်ငွေများကို အသုံးပြု၍ အွန်လိုင်းလေ့ကျင့်ခန်းစာအုပ်တစ်အုပ်ကို မှာယူခဲ့သည်။

ငယ်ရွယ်သော်လည်း ဟဲလင်းဖုန်း က သင်ယူမှုကို အမှန်တကယ် နှစ်သက်သည်။ သူ က မေးခွန်းများကို စတင်ဖြေရှင်းသည်နှင့်တပြိုင်နက်စုပ်ယူမှု အပြည့်အ၀ရှိသော အခြေအနေကို ပြသကာ အပြည့်အဝ နှစ်မြုပ်သွားခဲ့၏။

ဒေါက်တာလု၏ ကြီးကြပ်မှုအောက် မေးခွန်းစာရွက်တစ်ရွက် ပြီးသွားသည်နှင့် ပညာရေးဆိုင်ရာ ကျွမ်းကျင်သူ၊ ဝမ်လန် က သူတို့ထံ တိတ်ဆိတ်ချဥ်းကပ်ကာ “ဒီကလေး စာရေးနေတာ ဘယ်လောက်ကြာပြီလဲ?”

"စာရေးနေတာ တစ်နာရီကျော်နေပြီ"

ဟဲလင်းဖုန်း စာမျက်နှာတစ်မျက်နှာ ပြီးသွားတာကို မြင်တော့ ဝမ်လန် က “ကောင်းပြီ၊ သား ခဏလောက် အနားယူဖို့ သွားကစားဦး၊ မဟုတ်ရင် သားမျက်လုံး က ခံနိုင်မှာ မဟုတ်ဘူး!"

ဟဲလင်းဖုန်း က မော့ကြည့်၍ ကလေးလို နူးညံ့တဲ့ အသံနဲ့ "ဆရာမဝမ်၊ သား စာနည်းနည်းကြာကြာရေးချင်သေးတယ်!" ၅နှစ်သား၏လေသံ ဟာ စွဲမက်ဖွယ်ကောင်းလောက်အောင် ငြင်းဆန်ရန် ခက်ခဲသည်။

“လိမ်မာတဲ့ကလေးလေး အပြင်ထွက်ပြီး ပြေးတာတို့၊ ကြိုးခုန်တာတို့ ခဏ‌လောက်သွားလုပ်၊ သင်ယူတာနဲ့ နေ့ချင်းညချင်း မအောင်မြင်ဘူး!"

ဟဲလင်းဖုန်း က ‘အိုး’ ဟု အသံပြု၍ သင်ကြားမှုတွင် ကြားဝင်လာသောကြောင့် စိတ်ပျက်အားလျော့စွာ စာအုပ်ကို ပိတ်လိုက်၏။ သူ သည် ကြိုးခုန်ရန် ကြိုးကို ယူကာ အပြင်သို့ ထွက်သွားသည်။

အခြားကလေးများ ဟာ သဘာဝအတိုင်း တက်ကြွသော်လည်း သူကတော့ မေးခွန်းများဖြေရှင်းရသည်ကို သာ နှစ်သက်ပါ၏။

ဤကလေး က သာမန်ကလေး မဟုတ်၊ လူကြီးတွေတောင် အခုလို အာရုံမစူးစိုက်နိုင်ကြဘူး။

ဝမ်လန် မှ မနေသာပဲ တုန့်ပြန်သည်။ “အရင်တုန်းကတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာတွေ ရဖူးတယ်လို့ ထင်ခဲ့ပေမယ့် ပါရမီရှင်တစ်ယောက်ဖြစ်‌နေမယ်လို့ မထင်ထားခဲ့ဘူး။ တခြားကလေးတွေနဲ့ မကစားနိုင်တာ အံ့သြစရာတော့ မရှိဘူး"

ပညာရေးကျွမ်းကျင်သူ တစ်ယောက်အနေဖြင့် သူမဟာ ယခင်က ထိုသို့သောကိစ္စရပ်မျိုး မကြုံခဲ့ဖူးချေ။ ယင်းကား သုတေသနစာတမ်း ရေးသားရန် ထိုက်တန်လှသည်။

ဒေါက်တာလု သည် ဟဲလင်းဖုန်း၏ စာရွက်များကို လှန်ကြည့်လိုက်သည်။ လက်ရေးသည် ကလေးလက်ရေးနှင့်တူသော်လည်း အဖြတ်အတောက်တစ်ခုစီကို ဂရုတစိုက် ရေးထားတာ သိသာသည်။ ထို့အပြင် အဖြေများအားလုံး မှန်ကန်နေလေသည်။

ဒေါက်တာလု အလွန်အထင်ကြီးသွား၏။ အရင်က သူ့ဆေးခန်းမှာ ကလေးတွေ အများကြီး တွေ့ဖူးပေမယ့် ဒီလိုရူးသွပ်သူ နဲ့ တစ်ခါမှ မကြုံဖူးဘူး။

ထိုသို့သော လက်ဆောင်မျိုးနဲ့မွေးဖွားလာသည့် တစ်စုံတစ်ယောက် အား ရှန်းဝေ အချိန်မီ ရှာဖွေတွေ့ရှိသည်မှာ ကံကောင်းလှသည်။ မဟုတ်ရင် ဒီအရည်အချင်းတွေ အလဟသ ဖြစ်သွားလိမ့်မယ်။

ဒေါက်တာလုမှ စနောက်၏။ “ဒါက စီနီယာဒုတိယနှစ် အတွက် အဆင့်မြင့်သင်္ချာမေးခွန်းလေ၊ အဲကလေး က ပြီးပြည့်စုံတဲ့ ရမှတ်တစ်ခု ရခဲ့တယ်၊ ၅နှစ်သား က ကောင်းကောင်းလုပ်ဆောင်နိုင်တာကို အထက်တန်းကျောင်းသားတွေသိခဲ့ရင် အတော်လေးတုန်လှုပ်သွားမှာ မဟုတ်ဘူးလား?”

သူတို့ စကားပြောနေစဥ် စားဖိုမှူးလျို သည် နေ့လည်စာဘူးကို ကိုင်ဆောင်လာပြီး စာသင်ခန်းထဲသို့ ချောင်းကြည့်၏။ “အိုး၊ မင်းတို့ နှစ်ယောက်ကိုး”

ဒေါက်တာလု နဲ့ ဝမ်လန် တို့ ချက်ချင်း မတ်တပ်ထရပ်၍ ကြိုဆိုလေသည်။ “ဘာလို့ ခင်ဗျား ရောက်လာတာလဲ?”

“အဲကလေး က သိပ်ကြိုးစားရှာတာ၊ ကလေးအတွက် အရသာရှိတဲ့ အစားအစာတွေ လုပ်ခဲ့တယ်"

ယနေ့ခေတ်ကြီးရှိ ပညာရေး၏ အရေးကြီးပုံကို လူတိုင်းနားလည်ကြတယ်!

တကယ်တော့ မိသားစု ထဲ ပညာရေးမှာ ထူးချွန်တဲ့ ကလေးတစ်ယောက်ရှိတိုင်း အိမ်နီးချင်းတွေက အဲဒီကလေးကို အဆုံးမရှိ ချီးမွမ်းကြလိမ့်မယ်။

စားဖိုမှူးလျို၏မိသားစု တွင် ထိုကဲ့သို့ ထူးချွန်သော ကျောင်းသားတစ်ယောက်မှ မရှိသော်လည်း ဟဲလင်းဖုန်း အား အလားအလာရှိသော ပျိုးပင်လေးတစ်ပင်အဖြစ် မြင်ကာ သူ့ကလေးကဲ့သို့ ချစ်မြတ်နိုးပါ၏။

ဟဲလင်းဖုန်း၏အာဟာရဓာတ် မလုံလောက်မှာကိုပင် စိုးရိမ်ကြောင့်ကြ၏။

အထူးသဖြင့် ဤကလေး ပထမဦးဆုံး ရောက်လာသောအခါ ကြက်ကလေးတစ်ကောင်ကဲ့သို့ ပိန်လှီသည်။ ယခင်က အာဟာရချို့တဲ့မှုဒဏ်ကို ခံစားခဲ့ရပြီးနောက် စားဖိုမှူးလျို ဟာ ကလေး၏အစားအသောက်ကို ဖြည့်စွက်ရန် နည်းလမ်းအမျိုးမျိုးကို ကြိုးစားခဲ့သည်။

သူ သည် တခြားနယ်ပယ်မှာ မကူညီနိုင်ပေမဲ့ အာဟာရထောက်ပံ့မှုပေးရန် တာဝန်ယူဖို့ ဆုံးဖြတ်ခဲ့သည်။

ထို့ကြောင့် ဟဲလင်းဖုန်း၏ အာဟာရကို ဖြည့်တင်းရန် တာဝန်ကို စိတ်လိုလက်ရ တာဝန်ယူခဲ့သည်။

စားဖိုမှူးလျို က ဟဲလင်းဖုန်း အတွက် အထူးအစားအစာ ပြင်ဆင်ပေးသည်ဟု ကြားသောအခါ ဒေါက်တာလု မှ မနေနိုင်ပဲ မေးသည်။ “ဘာလုပ်ထားတာလဲ?”

“ဂျင်ဆင်းရိုင်းနဲ့ ပြုတ်ထားတဲ့ ဝက်သားဦးနှောက်၊ ဒီဟင်းက အာဟာရလည်း ကြွယ်ဝတယ်။ မင်း မသိလို့ မူရင်းဒေသကနေ ထွက်တဲ့ ဒီဂျင်ဆင်းရိုင်း အထူးဝယ်တဲ့သူငယ်ချင်း တစ်ယောက် ရှိတယ်လေ၊ သိပ်အံ့ဩဖို့ကောင်းတာ!" စားဖိုမှူးလျို က ရှင်းပြ၏။

ဤဟင်းကို ကလေးများထက် အရွယ်ရောက်ပြီးသူများ ကျွေးမွေးရန်အတွက် အသုံးပြုလေ့ရှိသောကြောင့် ဒေါက်တာလု ပင် အံ့အားသင့်သွားသည်။

“ဒါပေမဲ့ စိတ်မပူနဲ့၊ ဆေးပမာဏ မမြင့်ဘူး၊ ကလေးတွေအတွက် ဂျင်ဆင်းအပိုင်း က လူကြီးတွေနဲ့မတူဘူး။ စကားမစပ် ဒေါက်တာလုရေ မင်း အရင်က ဆရာဝန် မဟုတ်လား? နောက်တခါ ရှန်းဝေ က ဟဲလင်းဖုန်းအတွက် သီးခြားစားနပ်ရိက္ခာဘတ်ဂျက်ကို ခွဲဝေပေးမှာမို့လို့ သူ့အာဟာရလိုအပ်ချက်က အရေးအကြီးဆုံးပဲ”

စားဖိုမှူးလျို၏ အပြုအမူသည် ဤကိစ္စကို အလွန်အလေးအနက်ထားကြောင်း ပြသခဲ့သည်။

ဒေါက်တာလု နည်းနည်းလန့်သွား၏။ “နောက်ဆို ကျွန်တော့်ကို ကြည့်ခွင့်ပေးပါ”

သူ၏ဆေးပညာသင်တန်းသည် အနောက်တိုင်းဆေးပညာဖြစ်သောကြောင့် အာဟာရသိပ္ပံပညာနှင့် သိပ်မကျွမ်းပေ။ ယခုအခါတွင် သူသည် အားလပ်ချိန်များစွာရှိ၍ မူကြိုကျောင်း ၌ လုံခြုံရေးအစောင့်တာဝန်ကို စေတနာအလျောက် ထမ်းဆောင်ရင်း ဤအာဟာရနယ်ပယ် ကို စူးစမ်းလေ့လာနိုင်ခဲ့သည်။

ဒေါက်တာလု က ထပ်ပေါင်းပြောလိုက်၏။ “ကျွန်တော် အာဟာရဆိုင်ရာအောင်လက်မှတ်ရဖို့ ဖြစ်ကောင်းဖြစ်နိုင်တယ်”

ထိုသို့သော အောင်လက်မှတ်များသည် တစ်ချိန်က လူကြိုက်များခဲ့သော်လည်း နောက်ပိုင်းတွင် မရိုးသားသော သင်တန်းပေးသူများကြောင့် ပညာရပ်တန်ဖိုးများ ဆုံးရှုံးခဲ့ရသည်။ သို့သော်လည်း ဒေါက်တာလု သည် အသက်မွေးဝမ်းကြောင်း ရည်ရွယ်ချက်အတွက် စိတ်မဝင်စားဘဲ မူကြိုကျောင်း ၌ အာဟာရချို့တဲ့သော ကလေးငယ်များ အား ကူညီရန် သင်ယူခြင်းသာ ဖြစ်ချေသည်။

ဝမ်လန် က ချက်ချင်းပဲ တုန့်ပြန်လေသည်။ “ဒေါက်တာ စာရင်းသွင်းပြီးရင် ကျွန်မကို အသိပေးလေ၊ ကျွန်မလည်း ပါဝင်မယ်!"

တခဏအကြာတွင် ဟဲလင်းဖုန်း သည် လေ့ကျင့်ခန်းလုပ်ရာမှ ချွေးများ ထွက်လာပြီး နီမြန်းသောပါးပြင်များ ဖြင့် ပြန်ရောက်လာခဲ့သည်။

ကလေးကို ကြည့်ရင်း စားဖိုမှူးလျို ပျော်ပျော်ရွှင်ရွှင် ပြောလေသည်။ “ဟုတ်သား ကလေးတွေ က မကြာခဏ လေ့ကျင့်ခန်း လုပ်သင့်တယ်၊ အဘိုးလျို က မင်းအတွက် အရသာရှိတာတချို့ လုပ်ထားတာ၊ လာစား”

ဟဲလင်းဖုန်း ဟာ ငယ်စဥ်ကတည်းက ရန်လိုသောပတ်ဝန်းကျင်တွင် နေထိုင်ခဲ့သဖြင့် အလွန်အကဲဆတ်သူဖြစ်သည်။ ဤနေရာတွင် သူသည် လူတိုင်း၏ လေးနက်သော ချစ်ခင်မှုကို အမှန်တကယ် ခံစားမိသည်။

ကလေးလေး၏ မျက်နှာသည် ပို၍ပင်နီလာကာ ရှက်ရွံ့ကာ ချစ်စဖွယ်လေး ဖြစ်လာခဲ့သည်။

“မင်း နောင်မှာ တစ်ခုခုစားချင်ရင် အဘိုးလျို ကို ပြောနော်၊ မင်းအတွက် အဘိုးချက်ပေးမယ်”

ဟိုတယ်အမှုဆောင်စားဖိုမှူးဟောင်းတစ်ဦးအနေဖြင့် မူကြိုကျောင်း ရှိ ဤကလေးငယ်များအတွက် စေတနာအလျောက် ချက်ပြုတ်ပေးရခြင်း သည် ဂုဏ်ယူမှုတစ်ခုပင်။

"ကျေးဇူးတင်ပါတယ် ဘိုးဘိုးလျို၊ သား ဘိုးဘိုး ချက်ပေးတာကို ကြိုက်တယ်!"

"မင်း ပျော်နေသရွေ့..." စားဖိုမှူးလျို က ပြုံးနေပြီး အရေးအကြောင်းတွေ တွန့်လိမ်နေသည်။

ကလေးများအတွက် ချက်ပြုတ်ရန် ဤနေရာကို ပထမဆုံးရောက်သောအခါတွင် နှစ်များတစ်လျှောက် သူရခဲ့သော အချက်အပြုတ်ကျွမ်းကျင်မှုကို ဖြုန်းတီးခြင်းဖြစ်သည်ဟု ခံစားခဲ့ရသည်။

အခုတော့ သူ့စိတ်တွေ လုံးဝပြောင်းသွားပြီ။ ကလေးများ အစားအသောက်များတွင် မွေ့လျော်သည်ကို ကြည့်ရင်း အလွန်စိတ်ကျေနပ်နေခဲ့သည်။

ဘဝမှာ ပျော်ရွှင်မှုထက် ဘာများ ပိုမျှော်လင့်ကြလို့လဲ?

သူသည် နေ့တိုင်း အလုပ်သွားရန် စောင့်မျှော်နေပြီး ညည်းသံများ က သူ့ဇနီး၏ အာရုံကို ဖမ်းစားနေလေသည်။

သူ၏ ယခင်လုပ်ငန်းခွင်တွင် စဥ်ဆက်မပြတ် အကြံအစည်များနှင့် ရန်ဖြစ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ဤတွင် အသက်ဝင်ပြီး အပြစ်ကင်းသောကလေးများ၊ ဟင်းသီးဟင်းရွက်ဥယျာဥ်နှင့် ပြည့်စုံသောအလုပ်တို့နှင့်အတူ အရာများသည်လည်း ရိုးရှင်းချေသည်။ သူ ပိုမတောင်းဆိုနိုင်ဘူး!

ရှန်းဝေ ရောက်သောအခါ အားလုံးက ဟဲလင်းဖုန်းကို ဝိုင်းထား၍ စကားစမြည်ပြောနေကြသည်။

သို့သော် ဟဲလင်းဖုန်း သည် ရှန်းဝေ ကို မြင်သည်နှင့် စာလေ့လာလိုသည့်ဆန္ဒမှာ တက်ကြွလာ၏။

ရှန်းဝေ က ခေါင်းလေးကို ပုတ်၍ အထဲသို့ သွားခွင့်ပြုခဲ့သည်။

တခြားသူများကတော့ ဟဲလင်းဖုန်း၏ထက်သန်စိတ်ကို ချီးကျုးကြလေ၏။

"ဒီလို ထက်မြက်တဲ့ ကလေးမျိုးကို တစ်ခါမှ မတွေ့ဖူးဘူး”

"ပါရမီရှင်ပဲ ဖြစ်ရမယ်! ကလေး က ငါ တီဗီမှာ မြင်ဖူးတဲ့ ကလေး ပါရမီရှင်တွေထက်တောင် ပိုထူးခြားတယ်!"

ရှန်းဝေ က လူတိုင်းကို အကြံပြု၏။ “ဟဲလင်းဖုန်းရဲ့အခြေအနေကို အွန်လိုင်းပေါ်မှာ မဆွေးနွေးကြပါနဲ့”

အားလုံး က ချက်ချင်းသဘောတူကြသည်။ "ဟုတ်တယ်၊ ဟုတ်တယ်၊ အားလုံးက ကံတရားပဲ။ သူ ငါတို့ မူကြိုကျောင်း ကို ရောက်လာကတည်းက ကောင်းကောင်း ဂရုစိုက်ရမယ်။ သူ့ကျန်းမာကြီးထွားမှုက အရေးကြီးဆုံးပဲ"

ဤကိစ္စကို တင်းတင်းကြပ်ကြပ် လျှို့ဝှက်ထားရန် လျင်မြန်စွာ သဘောတူညီမှု ရရှိခဲ့၏၊

မကြာသေးမီနှစ်များအတွင်း အင်တာနက်ပေါ်တွင် ကလေးရုပ်ဆောင်များနှင့်ပတ်သက်လို့ ရေပန်းစားနေခဲ့သည်။

ကလေးသရုပ်ဆောင်တစ်ယောက်ရဲ့ ကျော်ကြားမှု ပြန့်နှံ့သွားတဲ့အခါ သတင်းထောက်တွေက အင်တာဗျူးဖို့ တယောက်ပြီး တယောက် တံခါးလာခေါက်ခဲ့ကြသည်။

ကလေးများ က မိဘတွေကို ကျော်ကြားမှု နှင့် စည်းစိမ်ဥစ္စာ နယ်ပယ်ထဲသို့ တိုက်ရိုက် ဆောင်ကြဥ်းပေးလိမ့်မည်။

ကလေးသည် လူများစွာ၏ မျှော်လင့်ချက်ကို နားမလည်နိုင်စွာ သည်းခံခဲ့ရတယ်၊ ကောင်းကောင်းမစွမ်းဆောင်နိုင်ရင် အေးစက်စက် လှောင်ပြောင်မှုတွေ ထွက်လာလိမ့်မယ်။

အင်တာနက်သည် ပရိသတ်များနှင့် ပြည့်နှက်နေပြီး လူများ ဟာ ပါရမီရှင်တစ်ဦး၏ မွေးဖွားခြင်းကို ပျော်ရွှင်ကြပြီး ရှုံးနိမ့်မှုကိုလည်း နှစ်သက်ကြ၏။

ဟဲလင်းဖုန်း၏ငယ်ဘဝက မကောင်းမွန်ခဲ့၊သတင်းထောက်တွေက သူ့အကြောင်း အကျယ်တ၀င့် ကောက်ချက်ချရင် တွေးကြည့်ဖွယ် မရှိတော့။

ယခုအချိန်တွင်၊ လူတိုင်း သည် ဟဲလင်းဖုန်း အား ပံ့ပိုးရန် သာ လိုလားကြသည်။

ဒေါက်တာလု က ထိပ်တန်းကျောင်းသားတစ်ဦးဖြစ်သောကြောင့် ပုံနှိပ်စာအုပ်များနှင့် လေ့ကျင့်ခန်းစာအုပ်များကို ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ကာ လက်ရေးလှအလေ့အကျင့် အား လေ့ကျင့်ပေးခဲ့တယ်!

ဝမ်လန် က ဟဲလင်းဖုန်း နှင့် နေ့တိုင်း စကားပြောဆိုရန် တာဝန်ရှိပြီး စိတ်ကျန်းမာရေးကို တာဝန်ယူလေသည်။

စားဖိုမှူးလျို က တော့ ပြောစရာမလိုအောင် အရသာရှိတဲ့ အစားအစာတွေကို နေ့တိုင်း ပြင်ဆင်၏။

ဖိအားပေးခံရသည့် တစ်ခုတည်းသောခံစားချက်မှာ ရှန်းဝေ ပင်။

စုကျင်း၏စီနီယာတောင် မသင်ကြားနိုင်သည်အထိ ဟဲလင်းဖုန်း သည် အလွန်လျင်မြန်စွာ တိုးတက်လာသောကြောင့် အထက်တန်းပြဆရာတစ်ဦး ရှာရပေမည်။ သို့သော် ထိုသို့သော အဆင့်မြင့်ဆရာ ကို ဘယ်လိုရှာကြမလဲ?

ယေဘူယျအားဖြင့် နာမည်ကောင်းရှိသူများသည် မြို့ပြင် သို့မဟုတ် သုတေသနအဖွဲ့များတွင်သာ ရှိသည်။

ထိုအရည်အချင်းရှိသော ဆရာများအတွက်၊ ငွေကြေးတစ်ခုတည်းဖြင့် ဆွဲဆောင်ရန် မလုံလောက်ပါချေ။

ဒါကို သူမ စိုးရိမ်နေချိန်မှာ ခေါင်းထဲ၌ စနစ် ရဲ့အသံ ထွက်ပေါ်လာခဲ့သည်။-[Host၊ တက္ကသိုလ်ပါမောက္ခတွေကို စဥ်းစားကြည့်ပါလား]

ရှန်းဝေ သည် စနစ် ၏အကြံပြုချက်ကြောင့် ရုတ်တရက် ဥာဏ်အလင်းပေါက်သွားလေသည်။ “ဟုတ်သားပဲ၊ တက္ကသိုလ်တွေမှာ ထူးချွန်တဲ့ ဆရာတွေ အများကြီးရှိတယ်!" အထူးသဖြင့် သူမဆရာ၊ လူအိုကြီး။

သူမကျောင်း သည် တတိယအဆင့်တက္ကသိုလ် ဖြစ်သော်လည်း တချိန်က ဂုဏ်သိက္ခာရှိသော နိုင်ငံတကာတက္ကသိုလ်များနောက်တွင် စံနမူနာယူထားသည့် စမ်းသပ်ဖက်စပ်အဖွဲ့အစည်းတစ်ခုဖြစ်ခဲ့၏။

ပုဂ္ဂလိကကျောင်းများ တည်ထောင်ခြင်းဖြင့် အစိုးရကျောင်းများ၏ လက်ဝါးကြီးအုပ်မှုကို ချိုးဖျက်ရန် ရည်မှန်းချက်ကြီးသော ကြိုးပမ်းမှုတစ်ခုဖြစ်သည်။

သို့သော် ကျောင်းသားများ၏ အရည်အသွေးမှာ အမှန်တကယ် မျှော်လင့်ထားသလို မဟုတ်ပေ။

တိုတောင်းသော သမိုင်းကြောင်း သည် နောက်ဆုံးတွင် မအောင်မြင်ခဲ့။

သို့သော် ပိန်လှီသောကုလားအုတ်က မြင်းထက်တောင် ပိုကြီးပါ၏။ - သူမတို့ တက္ကသိုလ်မှာ ပါမောက္ခ ဖြစ်လာတဲ့ သူတွေက သာမန်လူတွေ မဟုတ်ဘူး။

ထို့အပြင် တတိယအဆင့်တက္ကသိုလ်များမှာလည်း အေးအေးဆေးဆေး ရှိသည်။ ပြင်ပလူများ က အတန်းများကို သင်ကြားရန် ခိုးဝင်နိုင်ပြီး သူမ ဟာ ဘုတ်အဖွဲ့ဝင်တစ်ဦး၏ သမီးဖြစ်သောကြောင့် ပို၍ပင် အဆင်ပြေနိုင်သေးသည်။

သူမ သည် မူလက ငွေကြေးအမြောက်အမြားသုံးစွဲရန် စီစဥ်ခဲ့သော်လည်း ယခုအခါ ထိပ်တန်းဆရာများကို ရှာဖွေရန် တစ်ပြားတစ်ချပ်မှ သုံးစွဲရန် မလိုအပ်တော့ပေ။

ရှန်းဝေ ချက်ချင်း စိတ်လှုပ်ရှားသွားသည်။

သူမသည် အဖေ့ထံမှ ကျောင်းသား ID ကတ်ကို ရရှိခဲ့ပြီး ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်ခဲ့သည်။ ထိုအချိန်မှစ၍ သူမ သည် စာကျက်ရုံသာမက အစားအသောက်ကတ်ကိုလည်း အသုံးပြုကာ စာကြည့်တိုက်သို့ သွားရောက်လည်ပတ်နိုင်ခဲ့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment