no

Font
Theme

Chapter 18

ပါမောက္ခလျို တောင် တနည်းနည်းဖြင့် မင်သက်နေ၏။ ထို့နောက် မေးခွန်းပြသာနာဖြေရှင်းရန် ကလေး၏အတွေးဖြစ်စဥ် အား အသေးစိတ်မေးမြန်းခဲ့၏။

ဟဲလင်းဖုန်း သည် နည်းနည်းစိုးရိမ်နေ၏။ အထူးသဖြင့် အားလုံး က သူ့ကို ကြည့်နေချိန် ဖြစ်၏။ ထို့ကြောင့် ပို၍ စိုးထိတ်လာတော့သည်။

သို့သော် ရှန်းဝေရဲ့အားပေးနေသည့်အကြည့် က သူ့ကို စိတ်လှုပ်ရှားစေခဲ့၏။

ဟဲလင်းဖုန်း က ကလေးဆန်သောလေသံဖြင့် မေးခွန်းပြသာနာကိုဖြေရှင်းရန် တွေးခေါ်မှုဖြစ်စဥ်ကို ရှင်းပြသည်။

ပါမောက္ခလျို က နားထောင်နေစဥ် မျက်လုံးများ ပိုမိုတောက်ပလာ၏။

“ထိုင်လို့ရပါပြီ”

လူငယ်တစ်ယောက် သူ့အတန်းကို တက်ဖို့ ဆန္ဒရှိခဲ့တာ အမှန်ပါပဲ။

ဟဲလင်းဖုန်း၏သေးငယ်သောစွမ်းရည်ပြသမှုသည် ပါမောက္ခလျို၏စိတ်အနှောက်အယှက်ကို ချက်ချင်းချေဖျက်ပစ်ခဲ့သည်။

ခဏကြာတာ့ ခေါင်းလောင်းသံထွက်ပေါ်လာပြီး လူတိုင်း တယောက်ကို တယောက် အံ့ဩစွာ ကြည့်နေကြသည်။

ပါမောက္ခလျို က ခက်ခဲသည့်အချိန်မပေးသည့်အတွက် ကလေးရဲ့အဖြေမှန်သလား မှားသလားဆိုတာ မသိခဲ့ကြဘူး။ သူတို့ အွန်လိုင်းပေါ် ကမန်းကတန်းတင်ခဲ့ကြ၏။

သို့သော် အတန်းပြီးတာနဲ့ ပါမောက္ခလျို က ဟဲလင်းဖုန်း နဲ့ ရှန်းဝေ ကို သူ၏ရုံးခန်း သို့ ခေါ်သွားခဲ့သည်။

"ဒီနှစ်မှာ မင်းအသက်ဘယ်လောက်ရှိပြီလဲ?”

“သားအသက် ၅နှစ်ပါ”

"​သင်္ချာ​လေ့လာဖူးလား?”

ကလေး က ခေါင်းညိတ်တယ်။

“သင်္ချာကို ကြိုက်လား?”

ကလေး က ခေါင်းညိတ်ပြရင်း မျက်လုံးများ တောက်ပလာသောအခါ ပါမောက္ခလျို က မေးခွန်းပြသာနာတစခု ပေးလာခဲ့သည်။

အလယ်တန်းသင်္ချာပုစ္ဆာတစ်ခု ဖြစ်ခဲ့သော် လည်း ကလေး က အဆင့်များကို ရှင်းရှင်းလင်းလင်းရေးပြီး ချောမွေ့စွာ ဖြေရှင်းခဲ့သည်။

ပါမောက္ခလျို မင်သက်သွား၏။

ကလေး မေးခွန်းဖြေရှင်းသည်ကို မမြင်ရလျှင် ကိုယ်တိုင်လုပ်တာ မဟုတ်ဘူးလို့ ထင်မိမှာ ဖြစ်၏။

ထို့နောက် ပို၍ခက်ခဲသည့်အထက်တန်းပုစ္ဆာကို ပေးလိုက်သောအခါ ကလေးက မှန်မှန်ကန်ကန် ထပ်မံဖြေရှင်းခဲ့ရာ ပါမောက္ခလျို ပို၍ပင် အံ့ဩသွားရ၏။

တဖက်မှ ရှန်းဝေ က ပြောလိုက်သည်။ “ကလေး က သင်္ချာဘာသာရပ်ကို စိတ်ဝင်စားနေလို့ ဆရာ့ရဲ့စာသင်ချိန်ကို တက်ရောက်ဖို့ ခေါ်လာခဲ့တာလေ၊ ဆရာ့ကို အနှောက်အယှက်မပေးမိဖို့ မျှော်လင့်ပါတယ်”

ထို့နောက် ပါမောက္ခလျို အား သူမ၏ကျောင်းသား ID ကို ပြခဲ့သည်။

ပါမောက္ခလျို သည် ကလေး၏တောက်ပသောမျက်လုံးတွေကို ကြည့်၍ ပြောလိုက်သည်။ “ကောင်းပြီ၊ မင်း အခုကစလို့ ငါ့အတန်းအားလုံး တက်ရောက်နိုင်တယ်”

“တကယ်လား အဘိုး” ဟု ကလေးက ချိုချိုသာသာမေး၏။

“ကြိုးစားလိုက်စမ်း၊ ဒီက ကျောင်းသားကြီးတွေ မင်းကို အမှီမလိုက်နိုင်ရင် ရှက်သွားမလားဆိုတာ ကြည့်ရအောင်!"

သူသည် စာသင်ရန် စေ့ဆော်မှုကို ရုတ်တရက် တွေ့ရှိခဲ့သည်။

၅နှစ်သား၊ ပါရမီရှင်တစ်ယောက်!

သင်္ချာကို ကောင်းမွန်စွာလေ့လာခြင်းသည် နိုင်ငံတော်အတွက် အရည်အချင်းများ တိုးပွားစေသည်။

ဟဲလင်းဖုန်း ဟာ ပါမောက္ခလျို၏ မျက်နှာသာ ရရှိခဲ့သည်။

ရှန်းဝေ သည် ဟဲလင်းဖုန်း အတွက် အခမဲ့သင်ကြားပေးမည့် ပါမောက္ခအဆင့်ဆရာတစ်ဦး ရှိသည့်အတွက် ဝမ်းသာမိသည်။

ပိုလို့တောင် ပျော်ရွှင်စေခဲ့တာကတော့ စနစ် ထဲက ကွန်ပျူတာအသံက အဆက်မပြတ်မြည်နေခြင်းပင်။

[ဂုဏ်ယူပါတယ်၊ ဟဲလင်းဖုန်းရဲ့ပညာရေးအဆင့်က မူလတန်း မှ ပထမတန်း အသိပညာအဆင့်ကို ရောက်နေပါပြီ၊ ဆုငွေ- အမှတ် ၁၀၀၀၀၊ ယွမ် ၁ သန်း၊ အမဲသား ၅ ပေါင်၊ ဟင်းသီးဟင်းရွက် ၁၀ ပေါင်၊ နာနတ်စေ့ ၅၀ ဂရမ်]

[ဂုဏ်ယူပါတယ်၊ ဟဲလင်းဖုန်းရဲ့ပညာရေးအဆင့်က မူလတန်း မှ ဒုတိယတန်းအသိပညာအဆင့်ကို ရောက်နေပါပြီ၊ ဆုငွေ….]

စနစ်သည် မူလတန်းမှ အထက်တန်းနှစ်အထိ ကြီးမားသောဆုများကို ပေးနေ၏။

စနစ်သည် ပထမတန်းမှ အထက်တန်းနှစ်အထိ ကြီးမားသော စင်မြင့်ဆုများကို ပေးသည်။

အမှတ်၁၂၀,၀၀၀၊ ယွမ်ငွေ ၁.၂ သန်းနှင့် အမဲသားနှင့် ဟင်းသီးဟင်းရွက်များ ပမာဏ ၁၂ဆ ချီးမြှင့်ခဲ့သည်။

တစ်နည်းဆိုရသော် ဟဲလင်းဖုန်း က အလားအလာရှိသော ပိုင်ဆိုင်မှုတစ်ခုဖြစ်ပြီး တိုးတက်နေသရွေ့၊ စနစ် က ရှန်းဝေ အား ဆုချီးမြှင့်လိမ့်မည်။

သူမ မွေးစားထားတဲ့ကလေးလေး အရွယ်‌ရောက်လာသလို ခံစားရတယ်!

ဟဲလင်းဖုန်း၏ကြိုးပမ်းအားထုတ်မှုနှင့်အတူ၊ ကြယ်ကောင်းကင်မူကြိုကျောင်းကို ပုံဖော်ထားပြီးသားဖြစ်၏။ ရှန်းဝေ ယခု ဆုများစွာနဲ့အတူ ရမှတ် ၃၂၀,၀၀၀ ကို ရရှိခဲ့တယ်!

ရမှတ် ၁၈၀,၀၀၀ နဲ့ သူမ သည် ကုန်တိုက်ကို သော့ဖွင့်ခဲ့၏။

အဲဒီအခါမှာ ပိုကောင်းတဲ့ အရာတွေ ရှိမယ်လို့ စနစ် က ဆိုတယ်။

ရှန်းဝေ ဟဲလင်းဖုန်းကို စိတ်လှုပ်ရှားစွာ ဆွဲ၍ ပါးလေးကို နမ်းလိုက်၏။ ကလေးမျက်နှာ ချက်ချင်းနီသွားသည်ကို သူမတွေ့လိုက်ရသည်။ "ကျဲ”

ဟဲလင်းဖုန်း က ချစ်ဖို့ကောင်းသည့် ကလေးလေးဖြစ်၏။ တကယ်ကို ချစ်ဖို့ကောင်းလွန်းတယ်!

ရှန်းဝေ သည် ကလေးကို တခါသာနမ်းဖို့ ရည်ရွယ်ထားပေမဲ့ အသားအရည်က ဂျယ်လီလို နူးညံ့လွန်းတာကြောင့် မထိန်းနိုင်ပဲ အကြိမ်ပေါင်းများစွာ နမ်းခဲ့ကာ ကလေးရဲ့ပါးပြင်ကို နီရဲအောင် လုပ်ခဲ့၏။ ထိုမှသာ သူမ ရပ်ခဲ့တယ်!

ရှန်းဝေ က စားသောက်ဖို့ ကန်တင်း သို့ ခေါ်သွားပေးခဲ့၏။ ခက်ခက်ခဲခဲအချိန်တွေကို ဖြတ်သန်းခဲ့ဖူးသူတစ်ယောက်အနေနဲ့ ကန်တင်းရဲ့အစားအသောက်တွေ က ဘယ်လောက်ပဲ အရသာဆိုးနေပါစေ ကုန်အောင် စားလိမ့်မည်။

သို့သော် ရှန်းဝေ နှင့် အချိန်ဖြုန်းပြီးနောက်မှာတော့ သူက ရံဖန်ရံခါ သူ့အထင်အမြင်ကို ထုတ်ဖော်တက်၏။ “ဘိုးဘိုးလျို ချက်တာလောက် အရသာမရှိဘူး!"

ရှန်းဝေ က ရယ်လေသည်။ “ဒါကို ဘိုးဘိုးလျို ကို ပြောပြလိုက်၊ ဝမ်းသာသွားလိမ့်မယ်!"

စားဖိုမှူးလျို က ဟဲလင်းဖုန်း ကို တကယ်ချစ်မြတ်နိုးတယ်။

“ဟုတ်၊ သား နောက်တခါကျ ဘိုးဘိုးလျို ကို သေချာပြောပြလိုက်မယ်”

စားသောက်ပြီးသောအခါ၊ ပါမောက္ခလျို၏ အတန်းတိုင်းသို့ ခေါ်ဆောင်ရန် သဘောတူပြီး သင်တန်းအချိန်ဇယားကို ကူးယူခဲ့ကြသည်။

ရှန်းဝေ လည်း ကလေးကို ခေါ်သွားကာ လှပသော ကျောင်းဝင်းကြီး ကို စူးစမ်းလေ့လာလိုခဲ့၏။

တတိယအဆင့်တက္ကသိုလ် သည် အခြားတက္ကသိုလ်များနှင့် နှိုင်းယှဥ်ပါက ကျောင်းသားအရင်းအမြစ်များ နည်းပါးသော်လည်း ပိုက်ဆံမပြတ်လတ်ပါ။

ကျောင်းဝင်းသည် အထူးကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ခဲ့သည်။

သူတို့နှစ်ယောက် လမ်းလျှောက်လာရင်း စနစ် က 'ကြယ်ကောင်းကင်မူကြိုကျောင်း' တိုက်ခိုက်ခံနေရသောကြောင့် ရှန်းဝေ အား အမြန်ပြန်ဖို့ ရုတ်တရက် သတိပေးချက် ထုတ်ပြန်ခဲ့တယ်!

ဒါကို ကြားတော့ ရှန်းဝေ သည် အချိန်မဖြုန်းတော့ပဲ တက္ကစီငှားကာ ကလေးနဲ့အတူ ပြန်လာခဲ့သည်။

သူတို့ ပြန်လာသည်နှင့် ၈၀ စင်တီမီတာမြင့်တဲ့ မိုးကာဖိနပ်တွေဝတ်ထားတဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ဦး က 'ကြယ်ကောင်းကင်မူကြိုကျောင်း'အဝင်ဝမှာ ကျယ်လောင်စွာ ဆဲဆိုနေတာကို ကြားရ၏။

ထိုအမျိုးသမီး က အတော်လေးကို ဆွဲဆောင်မှုရှိတဲ့ပုံပေါက်ပေမယ့် လူကောင်းတစ်ယောက်နှင့်မတူသော မနှစ်မြို့ဖွယ်ကောင်းတဲ့ အငွေ့အသက်ကို ပေးစွမ်းနိုင်တဲ့ တစ်စုံတစ်ခု ရှိနေ၏။

ယခုအချိန်တွင် လူလတ်ပိုင်းအမျိုးသမီး က ဆရာမထန် အား ကြမ်းတမ်းသောစကားလုံးများဖြင့် ဆဲဆိုနေ၏။ “မြွေဟောက်မ၊ နင် ဘယ်သူ့ကို ဆွဲဆောင်ခဲ့လဲ? ဒီမူကြိုကျောင်းကို ဖွင့်တဲ့လူက နင့်ချစ်သူလား?”

“နင် ငါတို့ မူကြိုကျောင်းမှာ စိတ်မပါလက်မပါအလုပ်လုပ်ပေးခဲ့တာ မအံ့ဩတော့ဘူး။ နင် နောက်ထပ်နေရာတစ်ခုကို ရှာတွေ့နေတာကိုး!" သူမ က ထူးဆန်းသော ခြိမ်းခြောက်လေသံဖြင့် ပြောလာ၏။

ဆရာမထန်၏မျက်နှာမှာ ရဲတက်သွား၏။ "အဲဒီလို ကဲ့ရဲ့ ရှုံ့ချတာမျိုး မလုပ်ပါနဲ့ရှင်"

မူကြိုဆရာမအဖြစ် နှစ်ပေါင်းများစွာကြာ အလုပ်လုပ်ကိုင်ခဲ့သောကြောင့် ဆရာမထန်၏ သဘာဝမှာ နွေးထွေးမှုတမျိုး ရှိသည်။

ကလေးတွေနဲ့ ဆက်ဆံရတဲ့ ဆရာမတစ်ယောက်အနေနဲ့ ညစ်ညမ်းတဲ့ဘာသာစကားကို တစ်ခါမှ မသုံးတတ်တဲ့အတွက် စော်ကားခံရတာတောင် တစ်ဖက်လူကို တိတ်တိတ်ဆိတ်ဆိတ်ပဲ ပြောနိုင်ခဲ့တယ်။

မူကြိုကျောင်း ရှိ ဝန်ထမ်းတွေမှာ ကူညီချင်ပေမဲ့ အားလုံးက လူယဥ်ကျေးများ ဖြစ်ကြ၏။

ယနေ့တွင် ရက်စက်ယုတ်မာသော အမျိုးသမီး၊ လုပ်ဖော်ကိုင်ဖက် အမျိုးသမီးတစ်ဦးနှင့် ထိပ်တိုက်ရင်ဆိုင်ရသောအခါ သူတို့ ရူံးနိမ့်ခဲ့ရသည်။

ဤလူလတ်ပိုင်း အမျိုးသမီးသည် အသားလှိမ့်နေသော ဓားသွားကဲ့သို့ဖြစ်ပြီး ဆရာမတန်၏ တုံ့ပြန်မှုကို ကြည့်ရင်း မောက်မာမှုမှာ ပိုလျှံတက်လာတော့သည်။

“ငါ့ကို ဘာထင်နေသလဲ? ဒီကျောင်း က အမှိုက်ကျောင်းတစ်ကျောင်းဟာကို၊ နင် ပိုက်ဆံမရှာနိုင်တာ မအံ့ဩတော့ဘူး။ နင် ငါ့ကို တရားစွဲဖို့တောင် သတ္တိရှိနေလိုက်တာ! ကောင်းပြီ၊ နင် တစ်ပြားတစ်ချပ်မှမရဖို့ သေချာအောင်လုပ်မယ်။ အထက်မှာ ငါ့အဆက်အသွယ်ရှိတယ်!"

“မူကြိုလခ ယွမ်၂၆၀ပဲ ကောက်ပြီး ဆင်းရဲသားတွေကို ဆွဲဆောင်တဲ့မူကြိုကျောင်း က ဘာများကောင်းလို့လဲ?”

ထိုသို့ပြောသော်လည်း ယွမ် ၂၆၀ကျောင်းလခ သည် သူမ၏ကိုယ်ပိုင်မူကြိုကျောင်း ကို သိသိသာသာ ထိုးနှက်နေဆဲဖြစ်၏။

ယခင်က ကျောင်းလခ ကို ယွမ် ၂၈၀၀ မှ ၃၅၀၀ အထိ ကောက်ခံခဲ့သည်။ လူအများအပြား စာရင်းသွင်းခဲ့ကြသော်လည်း ယခုအခါ လူအများ က စောင့်မျှော်ကြည့်ရှု့လာကြသည်။

၎င်း က သူမ၏ ဝင်ငွေလမ်းကြောင်းကို ထိခိုက်စေခဲ့ပြီး ပိုမိုဒေါသထွက်ရသည်။ သူမ က ဆရာမတန်၏ နူးညံ့သိမ်မွေ့သော သဘောသဘာဝနဲ့ ပြန်မတိုက်ခိုက်တက်သည် ကို ကောင်းစွာသိရှိသောကြောင့် ရောက်လာခဲ့တာဖြစ်၏။

ရှန်းဝေ ဒေါသထွက်သွားသည်။ "ဒါ ရှင် ကို ဝုန်းဒိုင်းကြဲရမဲ့ နေရာမဟုတ်ဘူး။ အခုလို ဆက်လုပ်နေရင် ရဲခေါ်ရလိမ့်မယ်၊ ဆရာမထန် က ရှင့် ကို တရားစွဲထားပြီးသား။ ဆက်ပြီး စော်ကားနေတာက အကျင့်စာရိတ္တကို အသရေဖျက်တာပဲ”

သို့သော် ပါးစပ်ဆိုးတဲ့ ကြွက်စုတ်တွေက ဇာတ်ရုပ်လိုအရာတွေကို ဂရုမစိုက်ဘဲ ဟန်ဆောင်ဖို့ အမြဲအဆင်သင့်ဖြစ်နေကြတယ်။

သတိမထားမိခင်မှာ က‌လေးလေးနင်းဖုပေါင်း ဟာ ပြေးထွက်လာပြီး ကိုယ်ပိုင်နည်းများဖြင့် ဆရာမထန် အား ကူညီပေးလေသည်။ “ဆရာမထန် က သူပြောသလို မဟုတ်ပါဘူး” ထို့နောက် ကလေး က ငိုယိုလေသည်။

ဆရာမထန် သည် စာနာစိတ်ပြင်းပြစွာ ခံစားရပြီး ငိုနေသော ဖုပေါင်းကို ပွေ့ဖက်ထားသည်။

ဤအရာက ကြွက်စုတ်ကို ပို၍ ရဲရင့်စေခဲ့၏။

ထိုအချိန်တွင် ကြက်ဥပုပ်၊ ဟင်းရွက်အရွက်များနှင့် ပွက်ပွက်ဆူနေသော ပန်းကန်ဆေးရေ၊ စေးကပ်ကာ အနံ့ဆိုးများ ရောနှောထားသောရေပုံးတစ်ပုံး ထိုအမျိုးသမီးပေါ်သို့ ကျရောက်လာခဲ့၏။

သွန်းလောင်းသူမှာ ဟဲလင်းဖုန်း ပင်။

သူက နင်းဖူပေါင်း ကို ဘေးသို့ ဆွဲထုတ်လိုက်သည်။ “ငိုမနေနဲ့၊ ငါတို့ ပြန်တိုက်ရမှာပဲကွ!"

မကြာသေးခင်က ကြိုးခုန်နေခဲ့လို့ အားနည်းရာမှ သန်မာသောကလေးလေးဖြစ်လာခဲ့ကာ ရေတစ်ပုံးကို စွန့်ပစ်တာက သူ့အတွက် ပြသာနာမရှိဘူး!

အခြေအနေ က ရှုပ်ထွေးလွန်းပြီး ရှန်းဝေ သည် ကြွက်စုတ်နှင့် စကားများရန် အလုပ်ရှုပ်နေသဖြင့် ဟဲလင်းဖုန်း အား လုံးဝမသတိပြုမိပေ။

ဒါပေမယ့် သူမ ဝန်ခံရမှာက ဒီရေပုံးဟာ တကယ်ကို သင့်လျော်တဲ့ထိုးချက် ဆိုတာကိုပင်။

ကြွက်စုတ် သည် လုံးဝ အံ့အားသင့်သွား၏။

ထိုအချိန်တွင် ဒေါက်တာလု က ပြောလာခဲ့သည်။ "မင်း ခုနက ပြောခဲ့တဲ့ ခြိမ်းခြောက်စကားတွေကို ငါ မှတ်တမ်းတင်ပြီးပြီ။ ငါတို့ တရားရုံးကို သွားတဲ့အခါ မင်း သေချာပေါက် လျော်ကြေးပေးရလိမ့်မယ်" ယဥ်ကျေးတဲ့လူတွေမှာ ယဥ်ကျေးတဲ့နည်းလမ်းတွေရှိတယ်။

လိမ္မာပါးနပ်တဲ့အမျိုးသမီး က ဂရုမစိုက်ဘူးလို့ အခိုင်အမာဆိုခဲ့ပေမယ့် တကယ်တော့ တရားရုံးကို တစ်ခါမှမရောက်ဖူးဘူး။

တရားရေးကိစ္စတွေကို ပေါ့ပေါ့တန်တန်ပြောလို့ မရဘူး။ သူမ သည် ဝုန်းဒိုင်းကြဲပြီး မြေပြင်ပေါ်သို့ လှည့်ပတ်ပစ်ချင်သည်။

ဟဲလင်းဖုန်း၏စကားကိုကြားတော့ နင်းဖူပေါင်း ဟာ ပန်းကန်ဆေးထားသောရေ ကို ယူဖို့ ကလေးများနှင့်အတူ ချက်ချင်း သွားယူချင်ခဲ့သည်။

ရှန်းဝေ သည် မျက်ရည်များကြားမှ မထိန်းနိုင်ဘဲ ရယ်နေခဲ့သည်။ ဟဲလင်းဖုန်း က လုံးဝကို ဗီလိန်စရိုက် ပါလာတာဟ။

ကလေးဖြစ်နေသေးသော်လည်း သူ၏ဗီလိန်စရိုက် ကို ပြသနေပြီ ဖြစ်သည်။ သူသည် သူ့ကိုယ်သူ နှိပ်စက်ညှဥ်းပန်းခြင်းကို ဘယ်တော့မှ ခွင့်မပြုဘဲ ပြင်းထန်သော ဆွဲဆောင်နိုင်သော စွမ်းအားများ ပိုင်ဆိုင်ထားကာ နာခံမှုရှိသော နင်းဖူပေါင်း ကိုပင် လမ်းလွဲကို ဦးဆောင်ခဲ့သည်။

လိမ္မာပါးနပ်သောမိန်းမ သည် နောက်ထပ်ရေပုံးတစ်ပုံးဖြင့် လောင်းချမခံချင်ပေ။

အရွယ်ရောက်ပြီးသူဆိုလျှင် ငွေညှစ်ရန် ကြိုးစားနိုင်သေးသော်လည်း ယခုအခါ သူမမျက်နှာကို မပြရဲလောက်အောင်ပင် ရှက်ရွံ့သွားလေ၏။

ဘေးပတ်ဝန်းကျင်မှာ လူသိပ်မရှိပေမယ့် အားလုံးကို စိုက်ကြည့်နေသလို ခံစားရတယ်။

သူမ ယခင်က ဤမျှလောက် အရှက်တကွဲ မဖြစ်ခဲ့ဖူးပေ။

လိမ္မာပါးနပ်သောအမျိုးသမီး က အေးစက်စက်သတိပေးခဲ့၏။ "မင်းတို့အားလုံး တောင်းပန်စေရမယ်!"

လူတိုင်းက ဆရာမတန်ကို နှစ်သိမ့်ပေးခဲ့ကြသည်။ “အဲအမျိုးသမီး ပြောတာကို စိတ်ထဲမထည့်နဲ့”

လုပ်ဖော်ကိုင်ဖက်တွေကို ကျေးဇူးတင်စကားဆိုရင်း ဆရာမထန်ရဲ့မျက်လုံးတွေက နီရဲနေခဲ့တယ်။

သို့သော် ရှန်းဝေ ကတော့ တခြားအရာတွေကို စဥ်းစားနေခဲ့၏။

ဒေါက်တာလု က ဂိတ်စောင့်နေရာကို ပြန်သွားခဲ့ပြီး အချိန်မဖြုန်းခဲ့ဘူး။

'ကြယ်ကောင်းကင်မူကြိုကျောင်း'လေထု သည် မကြာသေးမီက ဆိုးရွားလှသော အလှည့်အပြောင်းဖြစ်ပြီး လူအချို့အတွက် ပြသာနာဖြစ်လာမည့်ပုံပေါက်နေခဲ့သည်။ သူမအနေနဲ့ ကြိုတင်ကာကွယ်မှုတွေ လုပ်ရပေမည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment