Chapter 12
အရောင်းသမား၊ အစ်မကြီးရူ၏ချစ်လှစွာသမီးလေး အတွက် တလလျှင် ယွမ်၂၆၀ သာ ကျသင့်သော မူကြိုကျောင်းတွင် အမှန်တကယ် စာရင်းသွင်းခဲ့ကြောင်း စာရင်းသွင်းခဲ့သည်ဟု ဆိုင်လုပ်ဖော်ကိုင်ဖက်များ သိလိုက်ကတည်းက ရုတ်တရက် အလွန်စိတ်ဝင်စားလာကြတယ်!
အစ်မကြီး သည် သမီးဖြစ်သူအပေါ် ချစ်မြတ်နိုးပြီး တလျှင် ယွမ်၃၅၀၀ ရှာနိုင်ပေမဲ့ သမီးအပေါ် ယွမ်၄၅၀၀ သုံးစွဲဖို့ လိုလားသည်ကို လူတိုင်း သိကြ၏။
သမီးဖြစ်သူအပေါ် အဲလောက်ချစ်သည့်အတွက် ဒီလိုမူကြိုကျောင်းကို ရွေးချယ်လိုက်သောအခ လူတိုင်း သိချင်ကြတော့သည်။
“အစ်မကြီးရူ၊ မူကြိုကျောင်း က ဘယ်လိုလဲ?”
“သိပ်ကောင်းတာ!" ထို့နောက် သူမ သည် ဤကာလတစ်လျှောက်လုံး စိတ်လှုပ်ရှားခဲ့ရသောလည်ပတ်မှုခရီးစဥ်ကို မျှဝေတော့၏။
အစ်မကြီးရူ က ယောက္ခမ လှည့်စားခံရတော့မည်ဟု ထင်ခဲ့၏။
သူမတို့ ဆရာမထန်ကြောင့် နည်းနည်းမျှော်လင့်ခဲ့ပေမဲ့ ပတ်ဝန်းကျင် က သူတို့ကို အနိုင်ယူသွားခဲ့လိမ့်မယ်လို့ သူမ မမျှော်လင့်ခဲ့ပေ။
'ကြယ်ကောင်းကင်မူကြိုကျောင်း'တွင် အံ့သြဖွယ်ကောင်းလောက်အောင် ဇိမ်ခံကျောင်းကားများပါရှိပြီး အစားအသောက်များကလည်း စွဲမက်ဖွယ်ကောင်းလှသည်။
သူမ ထိုနေရာတွင် တကြိမ်စားသောက်ခဲ့ပြီး အစားအသောက်များကို ပျော်ပျော်ရွှင်ရွှင် စားသောက်ရန် မူကြိုကျောင်း ၌ တက်ချင်လုနီးပါးပင် ဖြစ်ခဲ့ရ၏။
အမှန်တော့ ဒီနေ့ခေတ်မှာ ကလေးတွေရဲ့အစားအသောက် ကို စားချင်တဲ့မိဘတွေ တကယ် ရှိ၏။
သို့သော် အခုလိုတွေးမိတာ ရှက်စရာကောင်းလွန်းတယ်လို့ ထင်မိ၏။
အစားအသောက်အတွက် တလလျှင် ယွမ်၂၆၀ ဆိုလျှင် သူမပြေးလွှား၍ သွားစားသောက်ချင်ပါ၏။
မိဘတွေလည်း အဲမှာ သွားစားသောက်ရင် လွန်ရာကျ၏။ သမီးလေး က သူမ၏နှလုံးသားဖြစ်ပါ၏။ သမီးလေး ကောင်းကောင်းစားနေသရွေ့ လုံလောက်ချေသည်။
မကြာသေးခင်က သူမသမီးလေး၊ မော့မော့ ဟာ မူကြိုကျောင်း က အစားအသောက်တွေကို နှစ်သက်လာခဲ့ပြီး ပိုစားဖို့ ညစာလျော့စားမယ်လို့တောင် ဆိုခဲ့၏။
ယောက္ခမတောင်မှ မူကြိုကျောင်း ကို မှန်ကန်စွာရွေးချယ်ခဲ့သည်ဟု ဆိုကာ ဂုဏ်ယူနေခဲ့သည်။
ယခုအခါတွင် သူမ၏ ယောက္ခမအား အစောပိုင်းသံသယများအတွက် ချစ်မြတ်နိုးစွာဖြင့် 'အမေ' ဟု သူမ ခေါ်ခဲ့၏။
ဒီရက်ပိုင်း ယောက္ခမ က ယောက္ခမတစ်ယောက်ရဲ့မာန်မာနကို ပြသနေသော်လည်း အစ်မကြီးရူ သည် စိတ်မရှိပဲ နေ့တိုင်း စကားအမျိုးမျိုးဖြင့် ချီးမွမ်းခဲ့သည်။
မိခင်တစ်ယောက်အနေနဲ့ သမီးလေးအဆင်ပြေသရွေ့ အဆင်ပြေပါ၏။
ယခုချိန်မှာတော့ သူမတို့ကြားက ယောက္ခမနဲ့ ချွေးမ ဆက်ဆံရေးဟာ ရက်ကွက်ထဲ မှာ နာမည်ကြီးနေခဲ့၏။ ယောက္ခမ ဟာ မျက်နှာသာတော်တော်လေး ရရှိခဲ့၏။
အစ်မကြီးရူ က စိတ်လှုပ်ရှားစွာ စကားစမြည်ပြောနေစဥ်တွင် လက်မထပ်ရသေးသော မိန်းမပျိုအချို့က တအံ့တသြ လာနားထောင်ကြသည်။
“ဝိုး၊ အဲလိုကောင်းမွန်တဲ့မူကြိုကျောင်း ရှိတယ်လား?”
"ငါတို့ သွားခဲ့တဲ့မူကြိုကျောင်း က အဲကျောင်းနဲ့မယှဥ်နိုင်ဘူးပဲ”
“မူကြိုကျောင်းရဲ့အခကြေးငွေက အဲလောက်ပဲ ရှိသင့်တယ်၊ အလုပ်လုပ်တဲ့လူတွေ ဘယ်လောက်များ တက်နိုင်ကြလို့လဲ?”
“မူကြိုကျောင်းတိုင်းသာ အခုလိုပမာဏာ သတ်မှတ်ပေးရင် လူတွေ ကလေးမွေးရဲကြလိမ့်မယ်"
အဓိကကတော့ ကလေးပြုစုပျိုးထောင်စရိတ် က ပိုနည်းလာလို့ဖြစ်၏။
လူတိုင်း က သဘောကျစွာ ဆွေးနွေးနေကြစဥ် မထီမဲ့မြင်ပြုသော အသံတစ်ခု ကြောင့် ရုတ်တရက် စကားစပြတ်တောက်သွား၏။
“ပြောတဲ့လူက တစ်ခြားတစ်ယောက်လို့ထင်နေတာ၊ အစ်မကြီးရူ က သမီးအပေါ် သိပ်ချစ်မြတ်နိုးတာ မဟုတ်ဘူးလား? ဒါပေမဲ့ အခုတော့ အဲလိုဖြစ်ပုံမရဘူးရော်၊ သမီးကို ဒီလောက်ဆင်းရဲတဲ့မူကြိုမှာ ထားတယ်ဆိုတော့လေ”
“တစ်လကို ယွမ်၂၆၀၊ အိမ်မွေးတိရိစ္ဆာန်ကို ထားတဲ့အငှားအဆောင်တွေတောင် တစ်လကို ယွမ်ထောင်ဂဏာန်းလောက် တောင်းကြတဲ့ဟာ၊ အိမ်း သနားဖို့ကောင်းလိုက်တဲ့သမီးလေး၊ ရှင့်အနောက်ကိုလိုက်ခဲ့တဲ့ သမီးလေးက ဘယ်လောက်တောင်သနားဖို့ကောင်းလိုက်တာ!"
လူတိုင်း သူမစကားကိုကြားသောအခါ မင်သက်သွားကြပြီး ထို’သူမ’ဟာ အဝယ်ဌာန(purchasing) မှ အရာရှိမှန်း နားလည်သွားကြသည်။
ဤသူတို့နှစ်ယောက် ဟာ ရန်သူများဖြစ်ကြောင်း ကျမ်းသစ္စာကျိန်ဆိုခဲ့ကြသည်။
အစ်မကြီးရူ၏ခင်ပွန်းသည် ဟာ ထိုအဝယ်ဌာန(purchasing) မှ အရာရှိ နှင့် ချိန်းတွေ့ဖူးသော်လည်း အဆင်မပြေခဲ့သဖြင့် နောက်ပိုင်းတွင် အစ်မကြီးရူနှင့်လက်ထပ်ဖြစ်ခဲ့၏။
ဒါက ကုန်တိုက်မှာ လျှို့ဝှက်ချက်မဟုတ်ဘူး။
အရင်တုန်းက သူတို့နှစ်ယောက် စကားသိပ်မပြောကြပေမယ့် မကြာသေးခင်က အစ်မကြီးရူ သည် ငွေ၂၆၀နဲ့ ပတ်သက်ပြီး အရမ်းစိတ်လှုပ်ရှားနေခဲ့ပြီး ထိုအကြောင်းအရာမှာ မြို့၌ ဟိုးလေးတကျော်ဖြစ်နေခဲ့သောကြောင့် ထိုအဝယ်ဌာန(purchasing) မှ အရာရှိမ မှ သူမကို လှောင်ပြောင်ဖို့ ရောက်လာခဲ့ခြင်း ဖြစ်၏။
တခြားသူတွေက ဒီစကားကြားတော့ ကျယ်လောင်စွာ အသက်မရှူဝံ့သလို ‘ကလေး’နှင့်ပတ်သက်သော ကိစ္စဖြစ်လို့ မစနောက်ကြရဲချေ။ တစ်စုံတစ်ဦးကို ဒေါသအမျက်ထွက်အောင် နှိုးဆော်ပါက ဆိုးရွားလှသည်။
အစ်မကြီးရူ က တည်တည်ငြိမ်ငြိမ်ဖြင့်ပြောလာသည်။ “အစ်မလေသံ က တော်တော်လေးအထက်စီးဆန်ပါတယ်ရှင်၊ အစ်မသမီးကိုကော ဘယ်မူကြိုကျောင်းကို ပို့သလဲ သိချင်မိတယ်”
ထိုအဝယ်ဌာန(purchasing) မှ အရာရှိမ က ပြောလာသည်။ “ကျွန်မသမီးအတွက် သာမန်မူကြိုကျောင်းလေးကို ရှာတွေ့ခဲ့တယ်၊ ဒါပေမဲ့ တစ်လကို ယွမ်၃၈၀၀ ပေးသွင်းရတာ!"
သမီးဖြစ်သူ တက်ရောက်နေသည့် မူကြိုကျောင်း က အစ်မကြီးရူရဲ့သမီး တက်နေသည့်၊ ယွမ်၂၆၀သာ ပေးသွင်းရသည့် ကျောင်းထက် ပိုကုန်ကျတယ်လို့ ဝေ့ဝိုက်ပြောလိုက်တာ ဖြစ်၏။
အစ်မကြီးရူ က “ဪ၊ ဒါဆို ကျောင်းမှာ ယွမ်၂သန်းကျောင်းကား၊ ကျန်းပိုင်အဆင့်မြင့်စားသောက်ဆိုင်က စားဖိုမှူး၊ အစိုးရအဖွဲ့အစည်းကထွက်တဲ့ ကားမောင်းသမား၊ ဆေးရုံကြီးက ကလေးအထူးကုဆရာဝန် ရှိလား?”
အစ်မကြီးရူ၏စကားကြောင့် အားလုံး အံ့အားသင့်သွားကြသည်။
ကောင်းကင်ဘုံရေ၊ ဒါ ဘယ်လိုမူကြိုကျောင်းလဲဟ?
အစ်မကြီးရူမှ မူကြိုကျောင်း ဟာ အဆင့်မြင့်မူကြိုကျောင်း ဟု ပြောခဲ့ရင် သူတို့ လက်ခံနိုင်လိမ့်မည်။
ပြောရင် ထိုအဆင့်မြင့်မူကြိုကျောင်း ၌ စာရင်းသွင်းရန် ပိုင်ဆိုင်မှုများကို စိစစ်သလို ကြိုတင်စာရင်းသွင်းထားရန် လိုအပ်ပြီး မိဘများ အင်တာဗျုး ပြုလုပ်ရမည်။
ဒါပေမဲ့ တလလျှင် ယွမ်၂၆၀သာ ကုန်ကျသည့် မူကြိုကျောင်း မှာ အဲလို facilities ရှိလို့လား?
သေချာပါ၏။ အစ်မကြီးရူ ပြောပြီးနောက် ထိုအဝယ်ဌာန(purchasing) မှ အရာရှိမ ရဲ့မျက်နှာ မှာ ရဲတက်သွား၏။
“အစ်မ ဒါတွေအားလုံး ထင်ယောင်ထင်မှားဖြစ်နေတာ ဖြစ်ရမယ်၊ ဘယ်လိုဖြစ်နိုင်မှာလဲ?”
“ကျွန်မကို မယုံရင် မနက်ဖြန် group chat မှာ ကျွန်မသမီးလေး တက်ရောက်နေတဲ့ မူကြိုကျောင်းရဲ့ဗီဒီယိုကို တင်ပေးမယ်လေ”
ဒါက ထိုအဝယ်ဌာန(purchasing) မှ အရာရှိမ အား ပါးရိုက်တာထက်တောင် ပိုရှက်စရာကောင်းနေခဲ့၏ ။
“အဲဒီမူကြိုကျောင်းမှာ စာရင်းသွင်းချင်တဲ့လူတွေ ရှိသေးပေမဲ့ နောက်ကျသွားခဲ့လို့ မရခဲ့ကြဘူး။ နှမြောဖို့ကောင်းလိုက်တာ၊ သူတို့ ယွမ်၃၈၀၀ ကုန်ကျတဲ့ မူကြိုကျောင်းကို သွားဖို့ပဲ တက်နိုင်တော့တယ်”
ထိုအဝယ်ဌာန(purchasing) မှ အရာရှိမ၏ မျက်နှာသည် ချက်ချင်းပင် အရောင်ဖျော့သွားသည်။ တကယ်တာ့ သူမလည်း သာမန်လူတစ်ယောက် နဲ့ လက်ထပ်ခဲ့တာ ဖြစ်၏။
သမီးကို ဒီလိုစျေးကြီးတဲ့ မူကြိုကျောင်းကို ပို့လိုက်တာနဲ့ပတ်သက်လို့ မိသားစုနဲ့ ငြင်းခုံခဲ့ပြီး သူတို့အား ငွေရေးကြေးရေး ခက်ခဲစေခဲ့ကြသည်။
မူလက သမီးအတွက် အကောင်းဆုံးပဲ လိုချင်ခဲ့၏။ သို့သော် ယခု ကြားလိုက်ရသည်မှာ သူမ က သနားစရာကောင်းသော အရူးတစ်ယောက် ဖြစ်နေပုံပင်။
ဤအငြင်းအခုံတွင် အခွင့်ကောင်းမရှိရုံသာမက အရည်အချင်းမပြည့်မီသူအဖြစ် ရှုမြင်ခံရ၏။
အရာရှိမမှာ အေးစက်စက်နှာခေါင်းရူံ့၍ မှိုင်ကျသွားသည်။
နောက်တစ်နေ့တွင် အစ်မကြီးရူ သည် စကားအတိုင်း group chat ထဲသို့ သမီးတက်ရောက်နေသည့် မူကြိုကျောင်းဗီဒီယို အား ပို့ပေးခဲ့သည်။
အဝါရောင်တောက်တောက် ကျောင်းဘတ်စ်ကားသည် ယွမ် ၂ သန်း တန်ဖိုးအကြီးဆုံး ကျဥ်ကာမော်ဒယ် ဖြစ်၏။ ဤဘတ်စ်ကားကို ‘အထက်တန်းအကယ်ဒမီမူကြိုကျောင်း’တွင် တက်ရောက်နေသည့် အထက်တန်းစားလူများသာ အသုံးပြုသည်။
အဲဒီတုန်းက ‘အထက်တန်းအကယ်ဒမီမူကြိုကျောင်း’ ဟာ လူသိရှင်ကြား ကမ်ပိန်းကြီးကို လုပ်ခဲ့ချိန် ဒီဘတ်စ်ကားmodel ရဲ့ စျေးနှုန်းကို လူတိုင်း သိရှိခဲ့ကြသည်။
ကျောင်းသားမိဘများ ဟာ ယှဥ်ပြိုင်လိုသော နှလုံးသား ရှိကြသည်။
ထိုအရာရှိအမျိုးသမီး ဟာ ဤဗီဒီယိုကို ချက်ချင်းသိမ်းဆည်းပြီး သမီးဖြစ်သူ၏မူကြိုကျောင်း က အရာရှိထံသို့ ပေးပို့ခဲ့၏။
တလလျှင် ယွမ်၂၆၀ သာ ပေးရသည့် မူကြိုကျောင်းမှာကျ ဒီလိုဘတ်စ်ကား ရှိပြီး တလလျှင် ယွမ်၃၈၀၀ ပေးရသည့် မူကြိုကျောင်းမှာကျ ဘာကြောင့် သာမန်ကားပဲ ရှိသလဲဟု ပြတ်ပြတ်သားသားမေးခဲ့သည်။
အများအားဖြင့် အလွန်ယဥ်ကျေးသော ဝင်ခွင့်အရာရှိ သည် ပြဿနာကို ရှောင်လွှဲခဲ့၏။- [ကျွန်မတို့မူကြိုကျောင်း က သိပ်သန်မာတာ!]
ထိုအဝယ်ဌာန(purchasing) မှ အရာရှိအမျိုးသမီး မှ ဆိုလာသည်- [သူတို့ဆရာမ က ဆရာမထန်]
ဝင်ခွင့်အရာရှိအမျိုးသမီး က မူကြိုကျောင်းအားသာချက်များကို ဆက်လက်ဖော်ပြခဲ့သည်- [ကျွန်မတို့ကျောင်းမှာ ဆရာဝန်တစ်ဦးရှိပါတယ်၊ ကျောင်းသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ရင် စိတ်ပူနေဖို့ မလိုအပ်ပါဘူး]
[ဒါဆို ရှင်တို့ကျောင်းက ဆရာဝန်က ဆေးရုံကြီးရဲ့ ကလေးအထူးကုဌာနကလား?]
ဝင်ခွင့်အရာရှိ စတင်ထိတ်လန့်လာတော့သည်။ - [ကျွန်မတို့ကျောင်း က အစားအသောက်တော်တော်ကောင်းတယ်]
[ကျောင်းရဲ့စားဖိုမှူး က ကျန့်ပိုင်ဟိုတယ်ကပဲလား?]
ဝင်ခွင့်အရာရှိက တကယ်ကို စိတ်ဆိုးသွားခဲ့တယ်။
နောက်ဆုံးတွင်၊ သူမ သည် အနည်းငယ် ရိုင်းရိုင်းစိုင်းစိုင်းပြောခဲ့သည်- [အဆုံးမှာ သုညထပ်မထည့်ဘဲ ၃,၈၀၀ ပဲ ပေးထားတာနော်။ မင်းရဲ့ တောင်းဆိုချက်တွေက အရမ်းများနေရင် ကျောင်းပြောင်းဖို့ ကျွန်မ အကြံပေးတယ်!]
ဆိုလိုရင်းကတော့ ‘နင် အဲလိုလာပြောတိုင်း ငါတို့က လိုက်လုပ်ပေးမှာ မဟုတ်ဘူး’ ဟူ၍။
ထိုအဝယ်ဌာန(purchasing) မှ အရာရှိအမျိုးသမီး ဟာ ချက်ချင်းပင် ဒေါသထွက်သွားသည်။ သမီး၏ကျောင်းစရိတ်ဟာ အစ်မကြီးရူ၏သမီး ထက် ၁၀ဆကျော် များ၏။
တူညီသော ဝန်ဆောင်မှုကို မရခဲ့ရုံသာမက ဤသို့သဘောထားကိုလည်း ရခဲ့၏။
သူမ ဒေါသထွက်နေပေမယ့် အများကြီး မပြောရဲခဲ့။
ပြောရရင် ဆရာမတွေနဲ့ငြင်းခုံရင် သူမသမီးအား ကျောင်းထုတ်ပစ်မှာ စိုးလို့ ဖြစ်သည်။
နောက်တစ်နေ့တွင် အဝယ်ဌာန(purchasing) မှ အရာရှိအမျိုးသမီး ဟာ မျက်နှာထားထူထူဖြင့် ရောက်လာခဲ့၏။
သို့သော် 'ကြယ်ကောင်းကင်မူကြိုကျောင်း' ဟာ ရေပန်းစားလွန်းသောကြောင့် သူမ ကို မည်သူမျှ ဂရုမစိုက်ကြဘူး။
သူတို့အားလုံးသည် ထိုမူကြိုကျောင်း၌ မည်သို့စာရင်းသွင်းရမည်ကို မေးရန် အစ်မကြီးရူ ကို တစ်ယောက်ပြီးတစ်ယောက် ဆွဲထားခဲ့ကြသည်။
အိမ်မှာ အသက်အရွယ် အလိုက် သားသမီး မရှိရင်တောင် ဆွေမျိုးတွေ ရှိကြသည်။
ဈေးကြီးကြီးပေး၍ တခြားမူကြိုသို့ပို့မည့်အစား ထို'ကြယ်ကောင်းကင်မူကြိုကျောင်း' သို့ ပို့တာ ပိုကောင်းသည်။
အမှန်တော့ အစ်မကြီးရူ နှင့် အဝယ်ဌာန(purchasing) မှ အရာရှိအမျိုးသမီးတို့ ဆက်ဆံရေးကြောင့် အဝယ်ဌာန(purchasing) မှ အရာရှိအမျိုးသမီး ဟာ တိုက်ရိုက်မေးဖို့ ခက်နေ၏။
သို့သော် သူမ ဟာ သတင်းအချက်အလတ်အချို့ကို ဖမ်းမိရန်အတွက် နားစွင့်ရန် အစ်မကြီးရူ ဘေးနားသို့ ၁၀ ကြိမ်နီးပါး လမ်းလျှောက်ခဲ့သည်။
အတူတကွနားစွင့်ရာမှ 'ကြယ်ကောင်းကင်မူကြိုကျောင်း'၏အခြေအနေကိုလည်း လေ့လာခဲ့၏။ သမီး အား ထိုကျောင်းသို့ ပြောင်းစေချင်သော်လည်း အစ်မကြီးရူ ကြားသိပြီး မထီမဲ့မြင်ပြုမှာ စိုးသောကြောင့် သူမ တခဏမျှ ဒေါသထွက်ခဲ့ရသည်။