no

Font
Theme

Chapter 4

ရှန်းဝေ မမြင်နိုင်သည့်တဖက်မှာတော့ ကမ်းလှမ်းချက်ကို လက်ခံရရှိသူတွေဟာ ရှန်းဝေ စိတ်ကူးထားထားသလို တည်ငြိမ်နေတာ မဟုတ်ပေ။

ဥပမာ စားဖိုမှူးလျို သည် ကျန်းပေအဆင့်မြင့်စားသောက်ဆိုင်တွင် ထိပ်တန်းစားဖိုမှူးတစ်ဦးဖြစ်ပြီး ဤနေရာတွင် သူ့ဘဝတစ်ဝက်လုံးစာ အလုပ်လုပ်ခဲ့သူ ဖြစ်သည်။

သူသည် မရေမတွက်နိုင်သော အလုပ်သင်များနှင့် တပည့်များကို လေ့ကျင့်ပေးခဲ့သည်။

ယခင်က သူသည် လျှို့ဝှက်မိသားစု ချက်ပြုတ်နည်းများကို တရားဝင် ချက်ခြင်း နှင့် သခင်တစ်ဦးကိုသာ လက်ခံခဲ့သူ ဖြစ်သည်။

ဟင်းချက်ရာတွင် မွေးရာပါ အရည်အချင်းရှိရန် လိုအပ်ပြီး အနည်းငယ်သွေဖည်သွားပါက ကြီးမားသော ခြားနားမှုများဆီသို့ ဦးတည်သွားနိုင်သည်။

တူညီသောပါဝင်ပစ္စည်းများ နှင့် ပမာဏများဖြင့် အချို့သူများသည် အရသာရှိသောဟင်းလျာများကို ဖန်တီးနိုင်သော်လည်း အချို့မှာ မှတ်သားထားသည့်အတိုင်း လုပ်နေကြအတိုင်း လုပ်ရသည်ကို အမြဲစွဲလမ်းသူများ ဖြစ်၏။

သာမာန်လူများ သည် ကွဲပြားမှုကို အရသာခံနိုင်မည်မဟုတ်သော်လည်း ကျန်းပေအဆင့်စားသောက်ဆိုင် သည် အရသာရှိသော စားသောက်ဆိုင်များထက် လျှာအရသာခံနိုင်စွမ်းကို ပို၍ တန်ဖိုးထား၏။

သူတို့သည် ဤနေရာတွင် အစာတစ်နပ်အတွက် အနည်းဆုံး လေးပုံတစ်ပုံ သုံးကြသည်။

သို့သော် ယခုနှစ်တွင် စားသုံးမှု ကျဆင်းလာသောကြောင့် ညစာစားရန် မည်သူမျှ ထွက်လာခြင်း မရှိပေ။

ဟိုတယ်ပိုင်ရှင်က ဝန်ထမ်းတွေကို အလုပ်ထုတ်ဖို့ စီစဥ်နေတယ်လို့ ကောလဟာလတွေ ပျံ့နှံ့နေခဲ့၏။

တွေးကြည့်လျှင် ဒီလို စားသောက်ဆိုင်ကြီးတွေမှာ ဧည့်ခံဝန်ထမ်း ၄၀၀၊ ၅၀၀ နဲ့ မီးဖိုချောင်ဝန်ထမ်း ၇၀ မှ ၈၀အထိ ရှိ၏။

ဤရာထူးမှနုတ်ထွက်မှု သည် သေးငယ်သောအရေအတွက်မဟုတ်ပါ၊ အနည်းဆုံး သုံးပုံနှစ်ပုံခန့်ကို စွန့်လွှတ်ရမည် ဖြစ်သည်။

လူတိုင်း မလုံခြုံသလို ခံစားရတယ်။

အလုပ်ရပ်တန့်သွားရင် ဘာလုပ်ရမှန်း မသိကြဘူး။ ကိုယ်ပိုင်လုပ်ငန်းကို စလုပ်ရမှာလား? သို့သော် အခုဈေးကွက်က သိပ်မဆိုးပေမဲ့ လုပ်ငန်းမစတင်ခင် အနီးနားမှာ အလုပ်မရှိပါပေ။

ရင်းနှီးသောစားဖိုမှူးအချို့သည် အခြားတစ်နေရာသို့ သွားဖို့ အစီအစဥ် ရှိမရှိ ကို မီးဖိုချောင်တွင် စတင်မေးမြန်းကြသည်။ တခြားနေရာတွေမှာ အစားအသောက်နဲ့ နေရေးထိုင်ခင်းနဲ့ ရရှိပြီး အလုပ်လုပ်နိုင်ရင် အကောင်းဆုံးဖြစ်လိမ့်မည်။

အခြေချနေထိုင်သော မိသားစုတချို့အတွက် အခြေအနေ ခက်ခဲလာသည်။ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကို ထောက်ပံ့ဖို့ သူတို့ဟာ အခွင့်အရေးကောင်းအတွက် တခြားနေရာဆီ ထွက်သွားလို့မရနိုင်ကြဘူး။

သူတို့အားလုံး သက်ပြင်းချလိုက်ကြသည်။ “အိုက်ယား၊ အခုချိန်မှာ တစ်ယောက်ယောက်သာ ငါတို့ဆီ ချဥ်းကပ်လာခဲ့ရင်…”

"မင်း အိပ်မက်မက်နေတာပဲ၊ ဘယ်လိုလူက ချဥ်းကပ်မှာလဲဟ၊ အနည်းဆုံးတော့ စားဖိုမှူးလျို လို လူမျိုးကိုပဲ သဘောကျကြမှာပေါ့”

“စဥ်းစားကြည့်ကြစမ်း၊ စားဖိုမှူးလျို ထံ ချဥ်းကပ်ကြတယ်လို့ ငါ တကယ်ကြားတယ်၊ ကမ်းလှမ်းမှုကလည်း တလကို ယွမ်၅သောင်းတဲ့”

ယွမ် ၅ သောင်း?

လူတိုင်း ဤနံပါတ်ကြောင့် ပင့်သက်ရိူက်သွားကြတယ်!

ထိုအခိုက် လူတိုင်း မနာလို ဖြစ်သွားပြီး သတင်းက မီးဖိုချောင် တစ်ခုလုံး ပျံ့နှံ့သွားတယ်။

HR မန်နေဂျာတောင် သိရှိသွားခဲ့တယ်။

စားဖိုမှူးလျို အလုပ်ရောက်သည်နှင့် ရုံးခန်းသို့ ဆင့်ခေါ်ခံခဲ့ရ၏။

HR မန်နေဂျာ က ပြောလေသည်။ “ဆရာလျို၊ မင်း ဒီမှာ မင်းဘဝတဝက်လောက် အလုပ်ကြိုးစားပြီးပြီ။ ငါတို့ရဲ့ လက်ရှိစီးပွားရေးအခြေအနေကို မင်းသိသားနဲ့၊ အနာဂတ်မှာ ဒီဟိုတယ်ကို ရောင်းရမှာ”

စားဖိုမှူးလျို သည် ကျန်းပိုင်အဆင့်မြင့်စားသောက်ဆိုင်တွင် နှစ်များတလျှောက် လေနှင့်မိုးများ ရွာသွန်းခဲ့သည်။ သူ က ထိုစကားကြောင့် အံ့အားသင့်သွားပြီး HR မန်နေဂျာကို ကြည့်ကာ "မင်း ဘာကိုဆိုလိုချင်တာလဲ?”

HR မန်နေဂျာက ခြောက်ကပ်ကပ်ရယ်မောလေသည်။ “ဘာမှ မဆိုလိုပါဘူး။ တစ်စုံတစ်ယောက် က မင်းကို ခိုးဖို့ ယွမ် ၅သောင်းပေးတာက အတော်လေး ကောင်းလှတယ်၊ မင်းရဲ့ကိုယ်ရေးကိုယ်တာအရ အကြံပေးရမယ်ဆိုရင် ဒါဟာ အခွင့်ကောင်းတစ်ခုဖြစ်လို့ မင်း ဖမ်းဆုပ်သင့်တယ်”

စားဖိုမှူးလျို သည် ယင်းက သူ့ကို အလုပ်မှ ထွက်စေဖို့ ရည်ရွယ်သောစကားမှန်း သိသောကြောင့် မျက်မှောင်ကြုံ့သွား၏။ သူ က စဥ်းစားကြည့်ဦးမည်ဟု ချက်ချင်း တုံ့ပြန်ခဲ့၏။

သူ့စားဖိုမှူးရဲ့ ယူနီဖောင်းကိုပင် မလဲပဲ ချက်ချင်း လှည့်ထွက်လာခဲ့တယ်!

စားဖိုမှူးလျို သည် ထိုနေ့နံနက်တွင် အိမ်သို့ တန်းတန်းမတ်မတ်သွားခဲ့သည်။ သူ့မိန်းမ ချက်ချင်းရောက်လာပြီး မေးမြန်းသည်။ “ဘာဖြစ်လို့လဲ?”

စားဖိုမှူးလျို သည် ရောက်လာသည်နှင့် ရပ်တန့်၍ HR ဌာနက ပြောခဲ့တာတွေကို ပြန်ပြောပြခဲ့၏။

သူ့မိန်းမ က ပြောလာသည်။ “မူကြိုကျောင်းက ရှင့်ကို လိုချင်လို့ ကြိုးစားနေတာ မဟုတ်လား? ဒါပေမဲ့ ရှင် က အဲကိုမသွားပဲ သဘောမတူခဲ့ဘူး?”

ယွမ် ၅၀,၀၀၀ လစာသည် သူ၏လက်ရှိဝင်ငွေထက် အဆပေါင်းများစွာ ကျော်လွန်နေသော်လည်း မည်မျှကြာကြာနေနိုင်သည်ကို မည်သူသိမည်နည်း။ ထို့အပြင် ဟိုတယ်နေရာတွင် သူ့အတွက် တည်ငြိမ်သော သံဆန်ဇလုံတစ်လုံးရှိနေသည်လေ။

“ရှင့်နှုတ်က လျော့ရဲတာကိုး၊ ကျွန်မတို့ အခု ဘယ်လုပ်ကြမလဲ?” HR မန်နေဂျာကတောင် သူ့ကို စကားခေါ်ပြောနေတဲ့ဟာ။

“ဒါပေမဲ့ ငါ လူတိုင်းကို ဒီအကြောင်း မပြောပြခဲ့ဘူး”ဟု စားဖိုမှူးလျို က အပြစ်ကင်းစွာ ဆန္ဒပြ၏။

သူ့နှုတ်မှ စကားထွက်လာသည်နှင့် စားဖိုမှူးလျို နှင့် ဇနီးသည်တို့ တပြိုင်နက် အရောင်ဖျော့သွားသည်။

သူတို့ ရုတ်တရက် နားလည်ကြသွားသည်မှာ ဤအကြောင်းကို သိနေသည့် တစ်ဦးတည်းသောလူ- သူ့အလုပ်သင်၊ လျိုမင်း။

သူတို့နှစ်ယောက်ဟာ မွေးရပ်မြေနဲ့ မျိုးရိုးအမည်ကို မျှဝေခဲ့ကြတယ်။

အလုပ်သင်ဆိုပေမယ့် လျိုမင်း ဟာ သူ့သားတစ်ယောက်ကဲ့သို့ ဖြစ်၏။

လျိုမင်း က သူတို့အိမ်တွင် စားသောက်နေထိုင်သောကြောင့် စားဖိုမှူးလျိုမှာ သူ့သားတပည့် သူ၏နောက်ကျောကို ဓားနဲ့ထိုးလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။

စားဖိုမှူးလျိုရဲ့ခန္ဓာကိုယ်မှာ အေးစက်သွားကာ ပြောလိုက်သည်။ “သူ ဖြစ်လိမ့်မယ်လို့ ငါ မထင်ထားဘူး”

“ဆိုးဝါးတဲ့စီးပွားရေးအခြေအနေကြောင့် ကုမ္ပဏီတိုင်းလိုလို ဒေဝါလီခံထားရတယ်၊ ရှင် အခုအလုပ်ထွက်ရင် သူက စားဖိုမှူးဖြစ်လာလောက်တယ်၊ အကျိုးစီးပွားတွေ ပါလာတဲ့အခါ အဖေနဲ့သားတောင် အချင်းပွားကြတာ၊ ဆရာတပည့်ဆို ပြောမနေနဲ့”

သူမ ပြောလာသောအခါ စားဖိုမှူးလျို တိတ်ကျသွား၏။

အကျိုးနှင့်အကြောင်းကို နားလည်ကြသော်လည်း နှစ်ပေါင်းများစွာ ချစ်ခင်တွယ်တာမှု က စိတ်မသက်မသာဖြစ်စေသည်။

"ဒါဆို ငါတို့ အခု ဘာလုပ်ကြမလဲ?”

ရှေ့တွင် လမ်း ၂ လမ်းရှိ၏။ တလမ်းမှာ အလုပ်ပြန်ဝင်ရန်၊ တောင်းပန်ရန်၊ အတွေ့အကြုံအရ၊ မိမိကိုယ်ကို နှိမ့်ချခြင်းဖြင့် ရာထူးငယ်တစ်ခု ရယူရန်ဖြစ်သည်။

နောက်တစ်ချက်ကတော့ ဒီပတ်ဝန်းကျင်ကို လုံးလုံးလျားလျား ထားခဲ့ဖို့ပါပဲ။ ဒီယွမ်၅၀,၀၀၀ အလုပ်က ဘာများလဲဆိုတာ သွားကြည့်ရမယ်။

ခဏလောက်စဥ်းစားပြီးတဲ့အခါ စားဖိုမှူးလျို က သူ့အား ကမ်းလှမ်းထားသော မူကြိုကျောင်း ဆီ သွားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။

ဇနီးဖြစ်သူက သူ့ဆုံးဖြတ်ချက်ကို သိလာတဲ့အခါ အလွန်အားပေးသည်။ “မူကြိုကျောင်း က အရမ်းကောင်းတယ်၊ ကလေးတွေပဲ ရှိမှာ၊ ၃လလောက်ကြာရင် ကျွန်မတို့မြေးလေးလည်း မူကြိုစတက်တော့မှာဆိုတော့ အဆင်ပြေသွားတာပေါ့”

စားဖိုမှူးလျို သည် နုတ်ထွက်စာကို ထိုနေ့မွန်းလွဲပိုင်းတွင် တင်ခဲ့သည်။

HR မန်နေဂျာ မှ လစာမြင့်မားသော မာစတာစားဖိုမှူး အား လျော်ကြေးမပေးဘဲ ထုတ်ပယ်နိုင်သလို၊ များစွာသော ပမာဏကို ချွေတာနိုင်သောကြောင့် HR မန်နေဂျာကို သူဌေး က အလွန်ချီးကျူးခဲ့သည်။

သူဌေးက စားဖိုမှူးလျို ရဲ့ အလုပ်သင်၊ လျိုမင်းကို ရာထူးတိုးပေးဖို့ ချက်ချင်း ညွန်ကြားခဲ့လေ၏။

စားဖိုမှူးဦးထုပ်ကို ပထမဆုံးအကြိမ် ဆောင်းခံရသောအခါ လျိုမင်း မှာ ဘာပြန်ပြောရမှန်းမသိအောင် အလွန်စိတ်လှုပ်ရှားသွားသည်။

သို့သော် မီးဖို၌ ပထမဆုံး ဟင်းပွဲ၁ခု ပြန်လည်ပို့ဆောင်ခံခဲ့ရ၏။ စားသုံးသူဟောင်းတစ်ယောက် က သူ၏ ခရမ်းချဥ်သီးကြက်ဥကြော် သည် လက်ရာမစစ်မှန်ဟု အခိုင်အမာပြောဆိုခဲ့သည်။

ရိုးရှင်းလှသော ဟင်းပွဲတစ်ပွဲ ဖြစ်သော်လည်း သူ့အား မျက်နှာရဲစေခဲ့၏။ လျိုမင်း မှာ ဤစားသုံးသူ၏လျှာကို ဆွဲထုတ်နိုင်ဖို့ ဆန္ဒရှိနေခဲ့၏။

ခရမ်းချဥ်သီးကြက်ဥကြော်ဟင်းပွဲက ဘာများရူပ်ထွေးနိုင်မှာလဲ? မီးဖိုချောင်ဝန်ထမ်းအားလုံး၏ လှောင်ပြောင်မှုကို ခံစားမိခဲ့သည်။

ဒါပေမဲ့လည်း ဘာအရေးလဲ?

ယခု သူ က မာစတာစားဖိုမှူးဖြစ်ခဲ့ပြီး သူ၏ ကျွမ်းကျင်သော ယခင်ဆရာသည် မူကြိုကျောင်းအတွက် ချက်ပြုတ်ရန် သွားခဲ့သည်။ လျိုမင်း အတော်‌လေး မင်သက်ခဲ့၏။

ထိုအချိန်တွင် စားဖိုမှူးလျို က 'ကြယ်ကောင်းကင်မူကြိုကျောင်း'သို့ ရောက်ရှိနေပြီဖြစ်၏။

သူ သည် မူကြိုကျောင်းသို့ တခါမှမရောက်ဖူးသောကြောင့် ယခုခေတ်တွင် ဤမျှထည်ထည်ဝါဝါဆောက်လုပ်ထားသောမူကြိုကျောင်းကို တွေ့ရမည်ဟု မထင်ထားခဲ့။

အပြင်ဘက်နံရံများတွင် ကလေးပုံဆွဲနည်းအမျိုးမျိုးဖြင့် ဖုံးအုပ်ထားပြီး အတွင်းတွင် ကစားကွင်းနှင့် အပန်းဖြေဥယျာဥ်တို့ ပါဝင်သည်။

လက်ရှိတွင် ရှန်းဝေ တစ်ယောက်သာ ရှိ၏။ စားဖိုမှူးလျို သည် သူ့ဘဝတွင် ဤမျှလောက် ထိန်းချုပ်ရတာမျိုး မခံစားဖူးပေ။ “ဟဲလို၊ ကျွန်တော် အလုပ်လျှောက်တင်ဖို့ ရောက်လာတာပါ!"

ရိုးရှင်းသောဝါကျတစ်ခုဖြစ်သော်လည်း ထိုစကားကို ပြောထုတ်ရန် အဆင်မပြေမှုများစွာကို ကြိုးပမ်းခဲ့ရသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment