no

Font
Theme

Chapter 30

ကျောင်းတာ့မင်၏ မိသားစုအခြေအနေများကို လူတိုင်း သိကြသည်။

"မစ်စတာရဲ့ ဝင်ခွင့်နေရာတွေအတွက် လိုချင်တဲ့အတိုင်း ကိုင်တွယ် နိုင်တယ်၊ ပြောရရင် လူတစ်ဦးစီတိုင်းအတွက်‌ နေရာ၂နေရာစာ ရှိတယ်”

ထိုအချိန်တွင် ကျောင်းတာ့မင် မှာ မထိန်းနိုင်ဘဲ မျက်လုံးများ နီရဲလာသည်။

ခဏကြာတော့ အစည်းအဝေးပြီးသွားခဲ့သည်။

စားဖိုမှူးလျို က ကျောင်းတာ့မင် အား ဘေးသို့ ဆွဲ၍ မေးလိုက်သည်။ "မင်း တကယ်ရောင်းချင်တာလား?"

"ကျွန်တော့်မှာ ဘာရွေးချယ်စရာရှိလို့လဲ" လို့ ပြောရင်း ကျောင်းတာ့မင် ရဲ့ မျက်လုံးတွေ နီရဲနေ၏။

သူသည် မြေးများအတွက် နေရာအား ဖယ်ထားသည့် စားဖိုမှူးလျို နှင့် မတူချေ။

သူ့သား က တက္ကသိုလ်တောင်မှ မဘွဲ့ရသေးဘဲ တခြားဆွေမျိုးတွေ သည် ဒီလို အဖိုးတန်တဲ့ နေရာတွေကို မသုံးနိုင်ကြဘူး။ သူ ငွေအလွန်အမင်း လိုအပ်နေတယ်။

မနေ့က သူ့ဖုန်း ပိတ်ထားခဲ့သည်။ အတိတ်က သူ ဟာ ဟိုတယ်ကြီးတစ်ခုရဲ့ စားဖိုမှူးဖြစ်ခဲ့ဖူးတာကြောင့် သီးသန့်ပွဲတွေအတွက် ငှားရမ်းထားတဲ့ သြဇာကြီးသူတွေရဲ့ ကိုယ်ပိုင်နံပါတ်တွေ ရှိခဲ့သည်။

သြဇာကြီးသူတွေက သူ ဒီမှာရှိနေတာကို သိသွားပြီး သူတို့လူတွေကနေ သူ့ကို ခေါ်ခိုင်းကာ ပိုက်ဆံ က ကိစ္စမရှိဘူး ဟု အရိပ်အမြွက်ပြောခဲ့ကြသည်။

“မင်း ရောင်းချင်လား? မင်း လုပ်မယ်ဆိုရင် နေရာ၂နေရာစာလုံး ရောင်း၊ ယွမ်၈၀,၀၀၀ လောက်ရနိုင်တယ်၊ ငါ တပြားမှ ယူမှာ မဟုတ်ဘူး”

ကျောင်းတာ့မင် က အလုပ်ကလူများကို သိပေမဲ့ ချမ်းသာတဲ့လူတော်တော်များများကို မသိတဲ့အတွက် သူ လက်ကမ်းနိုင်ပါ၏။

ဒါက win-win အခြေအနေ မဟုတ်ဘူးလား?

သို့သော်လည်း စားဖိုမှူးလျို က သူ့ကို ပြောပြခဲ့သည်။ "ရောင်းပြီးရင် မင်း နောင်တရမှာ သေချာတယ်။ ငါတို့ရဲ့မူကြိုကျောင်း က ပိုကောင်းလာပြီး ဒီနေရာတွေ အနာဂတ်မှာ ပိုတန်ဖိုးကြီးလာလိမ့်မယ်!"

ကျောင်းတာ့မင် က နှုတ်ခမ်းဖွဖွ ကိုက်၏။ “ကျွန်တော် နေရာတွေကို ရောင်းရဦးမှာပဲ” သူ့သားရဲ့အကြွေး က များလို့ သူ့အိမ်ရောင်းဖို့ စီစဥ်ထားသည်။

တိုက်ရိုက်ထုတ်လွှင့်ရာမှ ပုံရိပ်မူပိုင်ခွင့်အခကြေးငွေ၊ နေရာရောင်းငွေ ယွမ် ၈၀,၀၀၀ နှင့် သူ့လစာပေါင်းပါက အခြေခံအားဖြင့် အိမ်ကို ထိန်းသိမ်းနိုင်ပေသည်။

"ကောင်းပြီ၊ ဝယ်သူတွေကို ဆက်သွယ်ပေးမယ်။ ဒါပေမယ့် မင်းသဘောတူပြီးရင်တော့ နောက်ဆုတ်လို့မရဘူး!"

ဒီပမာဏကို တတ်နိုင်တဲ့လူတွေက သြဇာကြီးတယ်။ အကယ်၍ သူ က စကားကိုပြန်ရုတ်သိမ်းပါက ငွေရရုံသာမကဘဲ စော်ကားရာကျလိမ့်မည်။

“ကျေးဇူးပဲ၊ လောင်လျို”

"ကျောင်း က ကျွန်တော့် ကို အများကြီး ပေးခဲ့တယ်၊ ကျွန်တော့်ပေါင်၁၀၀ ပေါင်းရင် မူကြိုအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လိမ့်မယ်။ ဘယ်လို ပြန်ဆပ်ရမှန်း မသိပေမယ့် အရည်အချင်းကိုပဲ စောင့်ကြည့်ပေးပါ”

စားဖိုမှူးလျို က ကျောင်းကားဒါရိုက်ဘာ၏ပခုံးကို ပုတ်၍ ပြောလိုက်သည်။ "မင်း အလုပ်ကို ကောင်းကောင်းလုပ်၊ သိပ်ပြီးမစဥ်းစားနဲ့"

ကျောင်းတာ့မင် က စားဖိုမှူးလျို ကို မေးလိုက်သည်။ “ဒီမှာ သန့်ရှင်းရေးသမားလိုတယ်မလား? ကျွန်တော့်မိန်းမ ဒီမှာ အလုပ်လာလုပ်လို့ရမလား? သူမ က ပိုက်ဆံမလိုချင်ဘူး၊ ကျေးဇူးပြန်ဆပ်ချင်တာ!”

ဒါကို ကြားတော့ စားဖိုမှူးလျို က ပြောလိုက်သည်။ “ရှန်းဝေ ကို ပြောကြည့်လိုက်မယ်”

ယခုအခါ ကလေးများစွာရှိပြီဖြစ်လို့ အတွင်းနှင့်အပြင် သန့်ရှင်းရေးအတွက် ဝန်ထမ်းအင်အား နည်းပါးနေသည်။

စားဖိုမှူးလျို သည် သန့်ရှင်းရေးအလုပ်သမားရာထူးအတွက် ရှန်းဝေ နှင့် တလလျှင် ယွမ်၅၀၀၀နှူန်းဖြင့် ညှိနှိုင်းခဲ့သည်။

ကျောင်းတာ့မင် သည် ထိုစကားကိုကြားသောအခါ ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။

“ယူလိုက်၊ ဒီမှာ အလုပ်လုပ်ကတည်းက လစာမပေးဖို့ က မဖြစ်နိုင်ဘူး၊ မင်းတို့နှစ်ယောက် အကြွေးမြန်မြန်ဆပ်ကြပေါ့!”

ဒါကိုကြားတော့ ကျောင်းတာ့မင် သည် သဘောတူခဲ့သည်။

...

နောက်တနေ့တွင် ဆရာမထန် သည် သူမဆရာမ၏ကလေးကို လာခေါ်ရန် ကိုယ်တိုင်ကိုယ်ကျ သွားခဲ့သည်။

ဆရာမ၏ကလေး က ရူဝမ်ဝမ် လို့ ခေါ်သည့် ချောမောသည့်ကလေးလေးဖြစ်၏။

ကလေးမလေး က ရှက်တက်ပြီး စကားနည်း၏။ ဆရာမထန် ကိုမြင်သောအခါ အမေ့ရင်ခွင်ထဲသို့ ဝင်ပုန်း၏။

ရူဝမ်ဝမ်ရဲ့အမေက ပြောလာသည်။ “သမီး မနေ့က တိုက်ရိုက်လွှင့်တာကို ကြည့်ခဲ့တယ် မဟုတ်ဘူးလား? သမီး လူတိုင်းနဲ့သူငယ်ချင်းဖြစ်ချင်တယ်လို့ ပြောခဲ့တယ်လေ! ဒီနေ့ ဘာလို့ ရှက်နေပြန်တာလဲ?”

ထို့နောက် ရူဝမ်ဝမ်အမေ က ဆရာမထန် ကို ပြောလိုက်သည်။ “ဒီတခေါက်အတွက် ကျေးဇူးပဲ”

“ပြသာနာမရှိပါဘူး၊ ဆရာမရဲ့ကြင်နာမှု က ကျွန်မအပေါ် တောင်လောက်ထိ ကြီးမားပါတယ်၊ ဒီကျေးဇူးလေးတစ်ခုက ကျွန်မ တက်နိုင်သ‌လောက်လေးပါ”

ရူဝမ်ဝမ်အမေ က အနည်းငယ်ရှက်သွားသည်။ “ဒီကိစ္စအတွက်ကြောင့် သာ မဟုတ်ရင် ဆရာမ မင်းကို နှောက်ယှက်မှာ မဟုတ်ဘူး”

ဇာတ်လမ်းက ရှည်တယ်။ ကလေးငယ်တွေအတွက် ကြမ်းတမ်းတဲ့မူကြိုရှိတာက ပုံမှန် လို့ ထင်ပေမဲ့ သူမရဲ့သမီးလေး က အရမ်းနုနယ်တာကြောင့် အမြဲအနိုင်ကျင့်ခံခဲ့ရတယ်။ မိဘများ သိလာသောအခါတွင် သမီးလေး ဟာ စကားနည်းပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့လာသည်။

ယခု သူမကို အခြားမူကြိုကျောင်းသို့ ပြောင်းရွှေ့ရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။

သို့သော် သူမ၏အခြေအနေအရ အထူးဂရုစိုက်ဖို့ လိုတယ်။ တခြားမူကြိုကျောင်းတွေမှာ ဆရာမတွေ သူမအပေါ် လုံလောက်တဲ့ အာရုံစိုက်မှုမပေးနိုင်မှာကို မိဘတွေ စိုးရိမ်ကြတယ်။

တိုက်ဆိုင်စွာပင် သူတို့ တိုက်ရိုက်ထုတ်လွှင့်မှုကို မြင်ပြီး ဆရာမထန်ကို မှတ်မိသွားခဲ့သည်။

ထို့ကြောင့် ကြိုးစားကြည့်ဖို့ ဆုံးဖြတ်ပြီး ဆက်သွယ်ခဲ့တယ်။

မထင်မှတ်ပဲ ဆရာမထန် က ဝမ်းသာအားရနဲ့ ကလေးကို လာခေါ်ဖို့တောင် ကိုယ်တိုင်လာခဲ့တယ်။

အမေဖြစ်သူ သည် ကလေး က ဆရာမထန်လက်ထဲတွင် ရှိနေလျှင် စိတ်ချလက်ချခံစားရပြီး ကလေးကို လွှတ်လိုက်သည်။

ကျောင်းမှာ ကလေးတွေ အတူတူ ဂိမ်းကစားကြပြီး တစ်ယောက်နဲ့တစ်ယောက် မြန်မြန်ဆန်ဆန် ရင်းနှီးလာလိမ့်မယ်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment