Chapter 9
ဒုတိယထပ်ရှိ အရောင်းဝန်ထမ်းဖြစ်သည့် အစ်မကြီးရူ သည် စိတ်အခြေအနေသိပ်မကောင်းပေ။ တနေ့လုံး မှုပ်ကုပ်နေ၏။
ကြီးကြပ်သူ ဖြတ်သွားသည့်တိုင် သူမ ကတော့ မျက်နှာမဲ့နေဆဲ ဖြစ်သည်။
အရောင်းဖော်အမျိုးသမီးလီ ရောက်ရှိလာပြီး မေးမြန်း၏။ “အစ်မ ဘာဖြစ်နေတာလဲ?”
အစ်မလီ သည် အချိန်တော်စိတ်ဆိုးနေခဲ့ပြီး နောက်ဆုံးတွင် တစ်စုံတစ်ဦးမှ မေးလာသောကြောင့် သူမစကားလုံးတွေကို မထိန်းထားနိုင်တော့။
“ငါ့ယောက္ခမက ဈေးဆစ်ရတာကို ကြိုက်တယ်လေ၊ ကလေးကို မူကြိုကျောင်းပို့ဖို့ ငါတို့ ငြင်းခုန်ခဲ့ကြလို့ဟ၊၊ ဈေးသက်သာတဲ့မူကြိုကျောင်းကို ဘယ်သူ့ဆီကမှန်းမသိ ရှာတွေ့ခဲ့ပြီး တိုက်ရိုက်စာရင်းသွင်းခဲ့ပြီးပြီ၊ ငါ ကြားတဲ့အချိန်မှာ ငွေပေးချေပြီးပြီ!"
သူမ ကလေးကို ချစ်မြတ်နိုးပါ၏။
အစ်မရူ၏ယောက္ခမ သည် အလွန်နာမည်ကြီးသူဖြစ်ပြီး ငွေအနည်းငယ်စုမိစေရန် နည်းလမ်းများကို အမြဲရှာဖွေတက်သူဖြစ်သည်။
အချိန်တိုင်း၊ ထမင်း၊ ဂျုံမှုန့်၊ ဆီနှင့် တံမြက်စည်းများ နှင့် အခမဲ့ ခရီးစဥ်များကိုပင် ပြန်ယူဆောင်လာနိုင်သည်။
မျိုးဆက်သစ်လူငယ်များ၏အမြင်တွင် သူမယောက္ခမ သည် နတ်ဘုရားဖြစ်သည်။
အစ်မကြီးရူ၏အဆိုအရ တစ်နှစ်ပတ်လုံး ကြက်ဥမဝယ်ရပဲ၊ ရရှိသောအားလုံးလိုလိုဟာ ယောက္ခမ နေရာမျိုးစုံမှာ ယူလာခဲ့သော ပစ္စည်းတွေချည်းပဲ!
သို့သော် တခြားအရာတွေအတွက် ကတော့ ကွဲပြား၏။
ကလေးတစ်ယောက်ရဲ့ ပညာရေး သည် အရေးကြီး၏။ အစ်မကြီးရူမှာ ပိုက်ဆံအများကြီးမရှိပေမယ့် ကလေးကို မူကြိုကျောင်းကောင်းကောင်းပို့ရန် ဈေးကြီးကြီး သုံးစွဲဖို့ ဆန္ဒရှိခဲ့သည်။
တလကို ယွမ်၂၆၀ ဆိုတော့ ဘယ်လိုမူကြိုကျောင်းမျိုး ဖြစ်လိမ့်မလဲ?
သို့သော် အလွန်တွန့်တိုတတ်တဲ့ ယောက္ခမ က ယွမ်၂၆၀ ကိုပေးချေပြီးပြီ၊ အဲဒီကျောင်းမှာ ထားရတော့မည်။
အရောင်းသမားလီ က ချက်ချင်း ပြောလိုက်သည်။ “မဟုတ်သေးပါဘူး၊ ကလေးတစ်ယောက်ရဲ့ ပညာရေးက အရေးကြီးတဲ့ဟာ။ အစ်မ ဆင်းရဲတာကြောင့်နဲ့ အဲဒါကို ရှောင်လို့ မရဘူး"
"ကျွန်မရဲ့ဝမ်းကွဲမိသားစုက ကျွန်မတို့ဒေသမှာရှိတဲ့ အထက်တန်းမူကြိုကျောင်းအနီးမှာ အိမ်တစ်လုံးဝယ်ပြီး သူတို့ရဲ့ကလေးကို စောစောစာရင်းသွင်းဖို့ ကြိုးစားတဲ့အပြင် သူတို့လင်မယားဟာ မိဘအင်တာဗျူးအတွက် တက်တက်ကြွကြွ ပြင်ဆင်နေတယ်လို့တောင် ညီမ ကြားထားတယ်”
အစ်မကြီးရူ ကြားသောအခါ မျက်လုံးထဲတွင် မနာလိုအရိပ်အယောင်တို့ ပေါ်လာခဲ့သည်။
‘အထက်တန်းအကယ်ဒမီမူကြိုကျောင်း’ နာမည်ကို ကြားဖူးပေမဲ့ သူမတို့ကလေး ဘယ်တော့မှ တက်နိုင်မှာ မဟုတ်ဘူး။
အနည်းဆုံးပိုင်ဆိုင်မှုတန်ဖိုး ယွမ် ၅၀၀,၀၀၀ လိုအပ်သည်ဟု ကောလဟာလများ ထွက်ပေါ်နေသည်။
ကလေးယူဖို့ ကြိုးစားတုန်းက သူမ ယွမ်၅၀၀,၀၀၀ သုံးစွဲထားပြီးဖြစ်လို့ အခုချိန်မှာတော့ သူတို့မှာ ပျမ်းမျှငွေကြေးအဆင့်အတန်းတစ်ခုပဲ ရှိပါသေး၏။
အစ်မကြီးရူ က ပြောလိုက်သည်။ “အဲလိုအဆင့်အတန်းရှိတဲ့မူကြိုကျောင်းကို မရှာချင်ပါဘူးဟယ်၊ ဒါပေမဲ့ အနည်းဆုံးတော့ သင့်တော်တဲ့ကျောင်းတစ်ခု ငါ ရှာမှာ၊ တစ်လကို ယွမ် ၂,၄၀၀ ဝန်းကျင်လောက်ဆို အဆင်ပြေပါတယ်”
သူမရဲ့ လစဥ် လစာဟာ ယွမ် ၃၅၀၀ သာ ရှိတာကြောင့် ကလေးရဲ့မူကြိုကျောင်းအပေါ် အဲဒီလောက်သုံးစွဲနိုင်တာက သူတို့မိသားစု ကလေးအပေါ် ဘယ်လောက်ထိ အလေးအနက်ထားတယ်ဆိုတာ ပြသနေ၏။
အရောင်းသမားလီ အံ့အားသင့်သွားသည်။ “ဒီရက်တွေမှာ ကလေးအတွက် မူကြိုကျောင်းတွေက ဘာလို့များ ဈေးကြီးရတာလဲ?”
“အမှန်ပဲ၊ ကလေးတွေက အကြွေးတင်နေတဲ့ သန်းကြွယ်သူဌေးနဲ့တူနေပြီ!”
သူတို့နှစ်ယောက်သား နိဂုံးချုပ်ကို မရောက်ရှိပဲ စကားစမြည်ပြောခဲ့ကြသည်။ ထိုအချိန်တွင် အစ်မကြီးရူ သည် ယောက္ခမအား ယွမ်၂၆၀ ပြန်ပေးရန် ဆုံးဖြတ်ခဲ့ပြီး သူမကလေး အား ကောင်းမွန်သောမူကြို သို့ ပို့ရန် ဆုံးဖြတ်ခဲ့သည်။
သူမ အိမ်ပြန်ရောက်သောအခါ ခေါင်းမူးနေသေးပေမဲ့ ယောက္ခမက သမီးမော့မော့နှင့်ကစားနေသည်ကို တွေ့လိုက်ရသည်။
အမှန်ပင်၊ သူမ က အမြဲတမ်း လှပတဲ့ ၀တ်စုံကို ၀တ်ဆင်ထားပြီး အရုပ်လေးတစ်ရုပ်လို ချစ်ဖို့ကောင်းတဲ့ ကလေးမလေးကို မွေးဖွားခဲ့၏။
အစ်မကြီးရူ၏ စိတ်နှလုံး ပျော့ပြောင်းသွားသည်။ သူမ သည် အများစုထက် နောက်ကျမှ ကလေးမွေးခဲ့သည်။ ထို့ကြောင့် ယောက္ခမ က အဖွားအများစုထက် အသက်ကြီးလှသည်။
အမှန်တော့ ကလေးကို ပြုစုစောင့်ရှောက်ဖို့ ခက်လှ၏။ သူမ အလုပ်မသွားရင် မိသားစုလည်ပတ်ရန် အလုပ်ဖြစ်မှာ မဟုတ်ဘူး။
သို့သော် သူမ ကလေးနှင့်ပတ်သက်လာသည့်အခါ အရမ်းဂရုစိုက်နေတုန်းပါပဲ။
"အမေ!" အစ်မကြီးရူ က ယောက္ခမနဲ့ သင့်တော်တဲ့ စကားပြောဖို့ ဆုံးဖြတ်လိုက်တယ်။
“ငါ့အတွက် မူကြိုတလကို ယွမ်၂၆၀ပဲ ပေးဖို့ ဘယ်သူက အကြံပြုတာလဲ သိလား၊ ဆရာမထန်လေ”
"တကယ်?"
ဆရာမထန် သည် ယခင်က သူမနှင့် အကြိမ်ကြိမ် တိုင်ပင်ခဲ့ဖူးသည့် တစ်လလျှင် ယွမ် ၂,၄၀၀ ကောက်ခံသော မူကြိုကျောင်းမှ ဆရာမတစ်ဦး ဖြစ်၏။
ဆရာမထန်၏အတန်းတွင် သင်ကြားမှုအရည်အသွေးမှာ အမြင့်ဆုံးဖြစ်သည်။ သို့သော် သူမ က အတန်းအများကြီး မသင်ကြားဘူး။
ထို့ကြောင့်သူမတို့ WeChat အကောင့်ကို ဖလှယ်ခဲ့ကြသော်လည်း စကားပြောဆိုမှုများမှာ ကြိုကြားကြိုကြားဖြစ်ခဲ့သည်။
ဆရာမထန် မှာ နာမည်ကောင်းရှိပြီး ကလေးများကို အလွန်ချစ်မြတ်နိုးတက်၏။
နင်းဖူပေါင်း က ထိုဆရာမ၏အတန်းထဲမှာ ရှိဖူးသည်။ ဆရာမ က ထိုကလေးအပေါ် ကျောင်းလခ မကောက်ခံခဲ့ဘူး။ မိဘတစ်ယောက်အနေနဲ့တော့ လူတိုင်း က တော်တော်လေးကို ရင်ထဲထိသွားခဲ့ကြ၏။
ထို့အပြင် ဆရာမ ဟာ လူတိုင်းအား နွေးထွေးညင်သာစွာ နူးညံ့သိမ်မွေ့စွာ ပြောဆိုတတ်ပြီး ကလေးများအားလုံး ကလည်း ဆရာမအပေါ် ချစ်ခင်ကြသည်။
ဆရာမထန် မှ အကြုံပြုသည့်ကျောင်းဟု ကြားသောအခါ အစ်မကြီးရူ က ပြောလေသည်။ “တကယ်လား? ဘာလို့ ဒီလောက်ဈေးပေါရတာလဲ?”
သူမ တစ်ဝက်မျှယုံကြည်သွားပြီဖြစ်၏။
ယောက္ခမ က ချက်ချင်း ပြောပြ၏။ “နင် မသိလို့၊ မကြာသေးခင်က အသစ်ဖွင့်ထားတဲ့မူကြိုကျောင်းလေ၊ ဈေးနှုန်းအရဆို ယွမ်၃၀၀၀ ကျသင့်မှာ၊ နင်နဲ့နင့်ယောကျာ်း ဝင်ငွေဘယ်လောက်ရလို့လဲ? နင်တို့ငယ်သေးချိန်မှာ ပိုက်ဆံစုသင့်တယ်၊ အနာဂတ်မှာ ကလေးကို ပြုစုပျိုးထောင်ဖို့ ပိုက်ဆံပိုသုံးရလိမ့်မယ်။ ငါမေးပြီးပြီ၊ ဆရာမထန် အဲဒီမူကြိုမှာ ရှိတယ်”
သူမယောက္ခမ ဈေးဆစ်လာပြန်ပြီဟု ခံစားရသည်။ အကယ်၍ ဆရာမထန် သာ ဤမူကြိုကျောင်းမှာ အမှန်တကယ်ရှိခဲ့ပါက ကလေးကို ယွမ်၂၀၀၀တန်မူကြိုကျောင်း သို့ ပို့ခြင်းနှင့် အတူတူပင် မဟုတ်ပါလား?
အစ်မကြီးရူ စိတ်မသက်မသာဖြစ်နေဆဲ ဖြစ်၏။ “မနက်ဖြန် ကျွန်မရဲ့အထက်လူကြီးဆီမှာ ခွင့်တစ်ရက်တိုင်ပြီး အခြေအနေအမှန်ကို ကြည့်ဖို့ မူကြိုကျောင်းဆီ သွားလိုက်မယ်”
သူမယောက္ခမကလည်း သဘောတူ၏။
ထိုညတွင် အစ်မကြီးရူ သည် စိတ်မသက်မသာခံစားနေရတုန်းပဲ။
သူမ သည် ညသန်းခေါင်းယံအထိ အိပ်မပျော်ခဲ့၊ မူကြိုအတွက် အခကြေးငွေ နှင့် အမျိုးမျိုးသော အကြောင်းအရာများအကြောင်း အချက်အလက်များကို ဆက်လက်ရှာဖွေနေခဲ့သည်။
ဆရာမထန် က ယွမ်၂၆၀ ဖြင့် အမှန်တကယ်သင်ကြားခဲ့မယ်ဆိုရင် အံ့သြဖွယ်ကောင်းပေလိမ့်မည်။
သူမ သည် ကျောင်းလခ ယွမ် ၂၀၀၀ ချွေတာနိုင်ပြီး ကလေးအတွက်အာဟာရ ဖြည့်စွက်စာများ ထည့်ပေးနိုင်သည်။
ဒါပေမဲ့ ဒီလိုဈေးနူန်းက ကောင်းကင်ကနေ ပြုတ်ကျလာတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ဒီအကြောင်းကို ဆက်တွေးရင်း မနက် ၃ နာရီ ထိုးခါနီးမှန်း သတိထားမိသွား၏။
ကောင်းကင်ကြီး လင်းလက်လာသည်။ အစ်မကြီးရူ အိပ်ဖို့ ကြိုးစားခဲ့သည်။
နောက်တနေ့၊ မနက်တွင် သူမ သည် မျက်ကွင်းညိုညိုနှင့်အတူ ကလေးနှင့်အတူ မူကြိုကျောင်းသို့ သွားရန် လမ်းထိပ်သို့ လာခဲ့သည်။
ထောင့်ကို လှည့်ကြည့်လိုက်ရာ တောက်ပြောင်တဲ့ ကျောင်းကားကို တွေ့လိုက်ရတယ်။
အနီးနားပတ်ဝန်းကျင်မှ မိဘများစွာသည် သားသမီးများကို လာကြိုရန် ထိုနေရာတွင် ရှိနေကြသည်။ ဇိမ်ခံကျောင်းကားကို တစ်ချက်ကြည့်လိုက်ရာ "ကြယ်ကောင်းကင်မူကြိုကျောင်း'" လို့ရေးထားတယ်။
မိဘအတော်များများက "ဒီကျောင်းကားက ဈေးကြီးရမယ်" ဟု မနာလိုဖြစ်ခဲ့ကြသည်။
“ဟုတ်တာပေါ့၊ ကျောင်းကားက ယွမ် ၂ သန်းကျော် ကုန်ကျတယ်လို့ ကြားတယ်။ အဆင့်အတန်းရှိတဲ့ကျောင်းတွေပဲ တက်နိုင်တာလေ!"
“အိုး ဘုရားရေ၊ ငါတို့ရပ်ကွက်မှာ အဆင့်အတန်းရှိတဲ့ကျောင်းက ကျောင်းသားတွေရှိတယ်ပေါ့”
“မဖြစ်နိုင်ဘူး၊ အဆင့်အတန်းမြင့်တဲ့ကျောင်းတက်ဖို့ တတ်နိုင်တဲ့သူတွေက ငါတို့ပတ်ဝန်းကျင်မှာ နေမှာမဟုတ်ဘူး။ အနည်းဆုံးတော့ ဘေးက ဗီလာမှာ နေတဲ့သူတွေပဲ တက်လောက်မှာ” လူတိုင်း စကားစမြည်ပြောဆိုကြသည်။
ခဏအကြာတွင် ကျောင်းကား သည် ရပ်ကွက်အ၀င်ဝတွင် မှန်မှန်ရပ်သွား၏။
ကလေးတွေ လာခေါ်တာ ပထမဆုံးနေ့မို့ ဆရာမထန် လည်း ဘတ်စ်ကားနဲ့ လိုက်လာခဲ့တယ်။ သူမ တံခါးကိုဖွင့်ပြီး မော့မော့နာမည်ကို အော်ခေါ်၏။
အစ်မကြီးရူ သည် ကျောင်းကားပေါ်တက်ရင်း မင်သက်နေခဲ့သည်။
တခြားမိဘတွေလည်း တုန်လှုပ်သွားတယ်။ ဒါက ဘယ်လောက်ကုန်ကျလဲ? 'ကြယ်ကောင်းကင်မူကြိုကျောင်း' ကို အရင်က မကြားဖူးပါဘူး။
အွန်လိုင်းတွင် ရှာဖွေရန် ဖုန်းများကို ချက်ချင်းထုတ်လိုက်သော်လည်း အချက်အလက်များစွာမရှိပေ။
အစ်မကြီးရူ က ဘတ်စ်ကားပေါ်တက်ပြီးတာနဲ့ ဆရာမထန်နှင့် စကားစမြည်ပြောဆိုသည်။ “ဆရာမ တကယ်ပဲ ဒီမူကြိုကျောင်းမှာ သင်ကြားနေတာလား? ကောင်းလိုက်တာ! ကျွန်မကို တစ်ခုလောက် မေးခွင့်ပြုပါ၊ ကုန်ကျစရိတ်ကို တလကို တကယ်ပဲ ယွမ်၂၆၀ပဲလား? ကျွန်မယောက္ခမက အသက်မကြီးသေးပေမဲ့ အကြားမှားတာများလား? သူမ ‘၀(သုည)’တစ်လုံး မေ့နေခဲ့တာများလား? ယွမ်၂၆၀၀လား?”
ဒီလောက်စျေးကြီးတဲ့ ကျောင်းကားကို တတ်နိုင်တဲ့ မူကြိုကျောင်း အတွက် လစဥ်ကုန်ကျစရိတ် သက်သက်သာသာပေးရမယ်ဆိုတာ သူမ မယုံဘူး။ ယောက္ခမပဲ အကြားမှားတာလား?
ဆရာမထန် က ပြောလာသည်။ “ယွမ်၂၆၀ ပါ။ ကလေးကို ကျွန်မနဲ့စိတ်ချလက်ချထားနိုင်ပါတယ်၊ သင်ကြားရေးဝန်ထမ်း ကလည်း တော်တော် ကောင်းတယ်။"
ထို့နောက် သူမ၏ လုပ်ဖော်ကိုင်ဖက်များ၏ အရည်အချင်းများကို မိတ်ဆက်ပေးခဲ့သည်။
အစ်မကြီးရူ သည် မူကြိုကျောင်းနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန်ချီးကျုးခဲ့သော်လည်း ထိုသို့သောအရာများဖြင့် မိမိမျက်စိဖြင့် မြင်အောင် ကြည့်ချင်သေးသည်။
နောက်ဆုံးတွင် အစ်မကြီးရူ မူကြိုကျောင်းသို့ ရောက်လာခဲ့၏။ ကျောင်း သည် အဆောက်အအုံတစ်ခုလုံးနှင့်အတူ မြေဧရိယာ ၁၀,၀၀၀စတုရန်းမီတာကို သိမ်းပိုက်ထားသည်။
အပန်းဖြေစရာနေရာ အမျိုးမျိုးရှိ၏။ မော့မော့ ဟာ မူကြိုပထမဆုံးတက်ရပေမဲ့ မငိုခဲ့။ သူမ၏ မျက်လုံးများသည် ပျော်ရွှင်ဖွယ လှည့်ပတ်နေပြီး အခြားပျော်စရာများကို စူးစိုက်ကြည့်နေသည်။
“သမီး ဒီမှာ စာသင်ချင်တာလား?”
အဖိုးတန်သမီးလေးက အားတက်သရော ခေါင်းညိတ်သည်။
ထို့နောက် သူမ၏လက်သေးသေးလေးက အစ်မကြီးရူ၏လက်ကို ဆုပ်ကိုင်ထားသည်။
အစ်မကြီးရူ ရုတ်တရက် သတိရသွားသည်။ “ဒီနေ့ သမီးလေး မနက်စာ မစားရသေးဘူး။ မုန့်နဲ့ နို့ သွားဝယ်ပါရစေ"
“မလိုဘူး။ ကျောင်းမှာ ကန်တင်းရှိတယ်၊ ကျွန်မတို့အတူ အတူစားလို့ရတယ်!"
ထို့နောက် သူမ သည် ကလေးအား ကန်တင်းမှာ သွားထားဖို့ ပညာရေးကျွမ်းကျင်သူ အား တောင်းဆိုခဲ့၏။ ဆရာမထန် သည် အခြားကလေးငယ်များကို သွားခေါ်ရန် လိုအပ်သေးသည်။
ကျောင်းစတက်တဲ့ ပထမဆုံးနေ့မို့လို့ အစ်မကြီးရူ လိုမျိုး မယုံကြည်သေးတဲ့ မိဘတွေ အများကြီး ရှိကောင်းရှိနိုင်တယ်။
ထို့နောက် အစ်မကြီးရူ ကန်တင်းသို့ ရောက်လာခဲ့၏။ အံ့သြစရာကောင်းတာက၊ နို့၊ ကြက်ဥ၊ မုန့်ပေါင်း၊ မုန့်၊ ပဲနို့နဲ့ မုန့်စိမ်းချောင်းကြော်တွေပါတဲ့ ကိုယ်တိုင်ဝန်ဆောင်မှုမနက်စာပင်၊ အချို့ကို စားဖိုမှူးမှ ပြုလုပ်ထားပြီး အချို့မှာ လတ်လတ်ဆတ်ဆတ် ဝယ်ယူထားတာ ဖြစ်၏။
မော့မော့ က ဤနေရာတွင် နံနက်စာစားရန် တစ်လလျှင် ယွမ် ၂၀၀ ခန့် သုံးစွဲရလောက်သည်။
တကယ်ကော မြတ်ပါ့မလား?
အစ်မကြီးရူ သည် ယောက္ခမ၏ခြိုးခြံချွေတာသော သဘာဝအတွက် အနည်းငယ် ကျေးဇူးတင်မိသွား၏။ အမှန်တော့၊ သူမသာဆိုလျှင် ဤအရာကို လွဲချော်သွားပေမည်။
ပညာရေးကျွမ်းကျင်သူတစ်ဦး က "အစ်မ မနက်စာ မစားရသေးဘူးမလား? သွားစားလေ၊ ငါတို့ရဲ့ မာစတာစားဖိုမှူး က ကျန်းပိုင်အဆင့်မြင့်စားသောက်ဆိုင်မှာ အကြီးတန်းစားဖိုမှူး ဖြစ်ခဲ့ဖူးတယ်။ အထူးသဖြင့် ဒီနေ့ အလွှာ ၁၀၀၀ မုန့်ကြွပ် ကို သူ ကိုယ်တိုင် လုပ်ခဲ့တာလေ”
စကားကို ကြားသည်နှင့် အစ်မကြီးရူ မုန့်ကို ချက်ချင်းစားလိုက်၏။ သူမ ကျန်းပိုင်အဆင့်မြင့်စားသောက်ဆိုင်ရှိ မင်္ဂလာဆောင်ပွဲတစ်ခုတွင် ယခင်က စားခဲ့ဖူးသည်။ စားပွဲတစ်ခုစာအတွက် ယွမ် ၅၀၀၀ ကုန်ကျပြီး ဟင်းပွဲတိုင်းက တကယ်ကို အရသာရှိတယ်လို့ ဆိုတယ်။
သူမ သည် ထိုနေရာမှ အကြီးတန်းစားဖိုမှူးအား မူကြိုကျောင်း သို့ ဖိတ်ခေါ်မည်ဟု မထင်ထားချေ။ အစ်မကြီးရူ ချက်ချင်းပင် စိတ်လှုပ်ရှားသွားသည်။ သမီးလေး ကောင်းကောင်းစားနိုင်သရွေ့ သူမ ကိုယ်တိုင်စားတာထက်တောင် ပိုကောင်းတယ်လို့ ခံစားရတယ်။
သူမ သည်းမခံနိုင်တော့ပဲ အလွှာ ၁၀၀၀ မုန့်ကြွပ်ကို စားလိုက်၏။ ထောပတ်ရနံ့ အပြည့်ရှိသလို မချိုလွန်း မအီလွန်းပါ။ အရသာရှိပြီး အသီးအရွက်ချဥ်လေးတွေကိုလည်း စားဖိုမှူးလျို မှ ပြုလုပ်ထားသေးသည်။
အထူးသဖြင့် သခွားသီးချောင်းတွေက ဘယ်လိုများ ကြွပ်ဆပ်နေရတာလဲ? တစ်ချက်ကိုက်ပြီးနောက် အစ်မကြီးရူ ဟာ ထိုက်တန်သည်ဟု ခံစားခဲ့ရသည်။
ထို့အပြင် စားပွဲကတ်သေးသေးလေးတွင် ယနေ့ နေ့လည်စာ ကျွေးမည့် ဟင်းလျာများကို စာရင်းပြုစုထားပြီးဖြစ်သည်။ ဟင်းပွဲ၈မျိုး၊ ဟင်းရည် ၁ ခွက် နှင့် အသီးများ။