Chapter 23
“သူမဟာသူမ ရူပ်ပါစေ၊ ယွမ်၅၀၀၀ ပေးလိုက်၊ သူမသမီးကိုလည်း ကျောင်းထုတ်ခွင့်ပြု၊ ငါတို့ကျောင်းမှာ တက်ရင် တစ်ပြားတစ်ချပ်မှ မကုန်စေရဘူး!"
ယွမ်ယွမ့်မိဘများ သည် ၂လအကြာကျောင်းတက်ရန် လုံလောက်သော ယွမ်၅၀၀၀ပေါ်တွင် ဆွဲဆောင်ခံခဲ့ရ၏။
ထို့ကြောင့် အရူပ်လာလုပ်ခြင်းဖြစ်ပေ၏။
“ကျွန်မ ရှင့်ကို ငွေပြန်အမ်းနိုင်တယ်၊ ဒါပေမဲ့ ကျွန်မတို့ကျောင်းမှာ အပြန်အလှန် ရွေးချယ်မှု လုပ်ငန်းစဥ်တွေ ရှိတယ်၊ ရှင့်သမီးကိုကျောင်းထွက်စေချင်ရင် နောက်ကျ ပြန်လာလို့ရမှာ မဟုတ်ဘူး”
“စိတ်မပူနဲ့၊ ငါ သေချာပေါက် ပြန်မလာဘူး”
“ရှင့်ကလေးမှာ ပြသာာတချို့ရှိနေတယ်လို့ ရှင် ပြောခဲ့တယ်၊ အခု လူအများကြီးရှေ့မှာ ကျွန်မနဲ့အတူ ဆေးရုံသွားပြီး ကလေးရဲ့တစ်ကိုယ်လုံး ကို စစ်ဆေးပေးမယ်၊ ပြဿနာတစ်ခုခုတွေ့ရင် ဆေးစစ်ခ ပေးချေမှာ ဖြစ်သလို ကလေးကို စာအိတ်အနီ လက်ဆောင် ပေးမယ်၊ ပြသာနာတစ်စုံတစ်ရာမတွေ့ရင်တော့ ရှင့်ဘက်က ကုန်ကျစရိတ်အားလုံးကို ကျခံရမယ်၊ လက်ခံလား?”
ယွမ် ၂၀၀ ကျော်သာ ပြန်အမ်းငွေသည် ကိစ္စသေးသေးလေးဖြစ်သော်လည်း ထိုလူများကို ဆက်လက်ဆဲဆိုရန် ခွင့်မပြုနိုင်ပေ။
“ငါက ဘာလို့ ကုန်ကျစရိတ်ကို ပေးရမှာလဲ? ကလေး အစာမစားတာ က နင်တို့ကြောင့်လေ”
ဝမ်လန် တကယ်ကို သည်းမခံနိုင်တော့။ “ကလေး တကယ်စားမစား KFC ကြက်ကြော်ဆိုင်ဆီ ခေါ်သွားဖို့ ကြိုးစားခဲ့လား?”
သူမ က ပညာရေးကျွမ်းကျင်သူဖြစ်ပြီး ကလေးများနှင့် မကြာခဏ ပြောဆိုဆက်ဆံတတ်သူဖြစ်သည်။
ယွမ်ယွမ် သည် မိသားစု ဟာ ၂ရက် သို့ ၃ရက်တကြိမ် KFC ကြက်ကြော်စားကြကြောင်း ပြောဖူးသည်။ အဆုံးတွင် ဟင်းဟောင်းနှင့် ဟင်းအသစ်များ ရောထွေးသွားခဲ့၏။
ကလေး မစားချင်တာ သဘာဝကျပါ၏။
ဝမ်လန် ၏ စကားကို တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းမှ ကြည့်ရှုသူများသည် ချက်ချင်းပင် လက်မထောင်ခဲ့ကြသည်။
[ဆေးဘက်ဆိုင်ရာ ပါရမီရှင်ဟ!]
ယွမ်ယွမ်အမေ၏မျက်နှာထက် သဘာဝမကျသော အရိပ်အမြွက် ထွက်ပေါ်လာသည်။ “ထားလိုက်တော့၊ ငါ့ငွေကို ပြန်အမ်း၊ အနာဂတ်မှာ ဒီလိုကျောင်းဆီ ထပ်မလာတော့ဘူး!"
သူမ ကလေးကို ဆေးစစ်ဖို့ မခေါ်သွားပေးခဲ့ဘူး။
ယွမ်၂၆၀ ကို လက်ခံရရှိသောအခါ ယွမ်ယွမ့်အမေ မိဘမျက်နှာပေါ်ရှိ အမူအရာသည် ချက်ချင်းပင်အပြုံးအဖြစ် ပြောင်းလဲသွားချေ၏။ ဤညစ်ပတ်သောအကြည့်ကို မဖုံးကွယ်ထားနိုင်ခဲ့။
ကြည့်ရှုသူများ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိလူများ သည် ဆက်ကြည့်ဖို့ သည်းမခံနိုင်တော့။ ဤကိစ္စ က သူတို့ထင်ထားတာထက် ပိုမိုရူပ်ထွေးပုံပေါ်၏။
ဆေးစစ်မဲ့ကိစ္စနဲ့ ဆေးရုံသွားမည့်ကိစ္စ တွေ အားလုံး ကို ချန်ရစ်ခဲ့သည်။
တံခါးနားရှိ တိုက်ရိုက်တင်ဆက်သူ က ဘာတွေဖြစ်နေသလဲကို ရှာမတွေ့ပေ။ ရှန်းဝေ က ပြောလိုက်သည်။ “အထဲကို တချက်ကြည့်ဖို့ ခေါ်သွားပေးနိုင်တယ်”
ရှိနေသော တိုက်ရိုက်တင်ဆင်သူများအားလုံး အံ့အားသင့်သွားကြသည်။
သူတို့ သည် ဟိုးယခင်က ထူးထူးခြားခြား သတင်းတွေ ရိုက်ကူးရေးတွေမှာ ပါဝင်ခဲ့ဖူး၏။ မကြာခဏဆိုသလို မောင်းထုတ်ခံရပြီး ဆဲဆိုခံရခြင်း နှင့် ကင်မရာများ ဖျက်စီးခံခဲ့ရသည်။
ယခု အထဲသို့ ရိုက်ခွင့်မပေးသောကြောင့် အကြောင်းအရင်းတချို့အတွက် စိတ်ခံစားချက်တချို့ကို ခံစားလိုက်ရ၏။
အစကတည်းက သူတို့လည်း သံသယဖြစ်ခဲ့ကြပေမယ့် 'ကြယ်ကောင်းကင်မူကြိုကျောင်း'ရဲ့ ပွင့်လင်းမြင်သာတဲ့ သဘောထားကြောင့် တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။
မည်သူမျှ စကားမပြောဘဲ ရှန်းဝေ နှင့်အတူ မူကြိုကျောင်းထဲသို့ လိုက်လာခဲ့ကြသည်။
သူတို့ ဝင်ပြီးသည်နှင့် အလွန်ကြီးမားသော အားကစားကွင်းနှင့် မြက်ခင်းပြင်တစ်ခုကို တွေ့ရသည်။
စိမ်းလန်းစိုပြေပြီး လဲလျောင်းရတာ သက်တောင့်သက်သာရှိမယ်လို့ သူတို့အားလုံး ခံစားရတယ်။
လမ်းလျှောက်ရင်း ကလေးတိုင်း အနှစ်သက်ဆုံး ဖြစ်သင့်သည့် နေရာကို ရောက်ရှိလာသည်။
ရထားငယ်တစ်စင်း၊ ချားရထားနှင့် အမျိုးမျိုးသော ဖောင်းကားနေသော ရဲတိုက်များအပြင် ဒန်း နှင့် လျှောများရှိသော ပြင်ပကစားကွင်းကြီးတစ်ခု ရှိ၏။ အရောင်မျိုးစုံရှိသော ဘောလုံးများလည်း ရှိ၏။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ အရွယ်ရောက်ပြီးသူများပင်လျှင် မနာလိုဖြစ်သွားကြသည်။ - [ငါ ငယ်ငယ်တုန်းက ဒီလိုပျော်စရာတွေ မရှိခဲ့ဘူး]
[ဒါကို မြင်ရင် ငါ့တူလေး ဘယ်လောက်ပျော်နေမယ်ဆိုတာ ငါတောင် တွေးကြည့်လို့ မရဘူး]
[ဒီဘက်ခြမ်းက အရမ်းကောင်းတဲ့အပြင် ပစ္စည်းက အရမ်းသစ်တယ်၊ ကလေးတွေကို အခမဲ့ ကစားခွင့်ပေးတယ်လို့ ကြားတယ်!]
"အခမဲ့" ဟူသော စကားလုံးကို ကြားလိုက်ရသည်နှင့် တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းရှိ မိသားစုများ မှာ စိတ်လှုပ်ရှားလာသည်။
[ကျွန်မသားကို ရှော့ပင်းမောလ်ကို ခေါ်သွားဖူးတယ်၊ အောက်ထပ်က ဘောလုံးကန်က သိပ်မကောင်းဘူး၊ အသင်းဝင်ကတ်တစ်ကတ်က ထောင်ဂဏန်းလောက်ကျသင့်ပြီး အရမ်းစျေးကြီးတာ]
[ဒီမှာ အခမဲ့ကစားနိုင်ရင် ကလေးတွေ ဒီမူကြိုကျောင်း ကို လာဖို့ စိတ်အားထက်သန်နေမှာပဲ]
တိုက်ရိုက်တင်ဆက်သူများ သည် ရှေ့သို့လျှောက်လာရင်း ကင်မရာကို ဘယ်သို့ချိန်ရွယ်ရမှန်းပင် မသိတော့။
ပြင်ပကစားကွင်းကတောင် ထိတ်လန့်လောက်အောင်ဖြစ်နေပြီ၊ သို့သော် မိုးလုံလေလုံကစားကိုလည်း မမျှော်လင့်ခဲ့ကြပေ။
ကလေးများ၏ တစ်ရေးတစ်မောအိပ်ရာများတွင် လိုဂိုများပါရှိပြီး၊ တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းရှိ အသိပညာရှိသောမိဘတစ်ဦးက ပြောလာခဲ့သည်။ [ဒါတွေက နော်ဒစ်ပုံစံကုတင်တွေဖြစ်ပြီး တစ်ခုချင်းစီကို ယွမ် ၇၀၀၀ မှ ၈၀၀၀ အထိ ကုန်ကျပါတယ်]
တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းထဲရှိ လူတွေ သည် တကယ်ကို ထိတ်လန့်သွားကြသည်။
ယွမ် ၂၆၀ ကို မပြောနဲ့၊ တစ်လလျှင် ယွမ် ၃,၀၀၀ ကုန်ကျသော မူကြိုကျောင်းများတွင် ထိုကဲ့သို့ ကောင်းမွန်သော အထောက်အကူပစ္စည်းများပင် မရှိဟု အများစုက ပြောကြသည်။
ရှန်းဝေ က သူတို့ကို အထဲခေါ်ဖို့ ကြိုတင်စီစဥ်ထားတာ မဟုတ်မှန်း လူတိုင်း မြင်နိုင်ပေ၏။
မူကြိုကျောင်းရှိ ကလေးများ သည် ဆရာမထန် ၏ လမ်းညွှန်မှုအောက်တွင် ဂိမ်းများ ဆော့ကစားနေကြပြီး ညှင်းပန်းနှိပ်စက်ခံရသော ကလေးများနှင့် လုံးဝမတူဘဲ ရွှင်မြူးသော အပြုံးများ မျက်နှာပေါ်တွင် ရှိနေကြသည်။
ကလေးတွေရဲ့ မိသားစုတွေ က ယေဘုယျအားဖြင့် မချမ်းသာကြတာကြောင့် ကလေးတွေရဲ့ အဝတ်အစားတွေက သာမန်ပါပဲ။
သို့သော် ဤနေရာမှာ လူတိုင်း သည် အလွန်ပျော်နေခဲ့ပြီး ပျော်ရွှင်တဲ့မျက်နှာတွေကို အယောင်ဆောင်လို့မရဘူး။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ လူများ သည် မူလက ဗီလိန်တစ်ဦးအား ဖော်ထုတ်ရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် ဤမူကြိုကျောင်း ကို သဘောကျသွားခဲ့သည်။
တနည်းနည်းဖြင့် ဖြတ်သွားသော ဒေါက်တာလု ကို ကင်မရာဖြင့် ချိန်ရွယ်မိခဲ့ကြသည်။
[ဒေါက်တာလု? ငါ သူ့ကိုရှာနေတာကြာပြီ၊ သူက မြို့ဆေးရုံရဲ့ ကလေးအထူးကုဌာနရဲ့ဆရာဝန်ဟ၊ ငါ သူ့ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုတွေကို အမြဲတမ်းလေးစားနေခဲ့တာ။ အဲဒီနောက်တော့ ဘာဖြစ်သွားလဲတော့ မသိ၊ အဲဒေါက်တာ က အလုပ်ထွက်သွားခဲ့တယ်၊ တိုက်ရိုက်ထုတ်လွှင့်မှုမှာ သူ့ကို တွေ့ရမယ်လို့ မမျှော်လင့်ထားဘူး!]
ဒေါက်တာလု သည် ယခင်က သူတို့၏ကလေးများကို ကုသသောအခါတွင် အလွန်စိတ်ရှည်ပြီး တာဝန်ယူမှုရှိလို့ ကျေးဇူးတင်ကြောင်း လူအများ၏ပြောဆိုခြင်း ခံခဲ့ရသည်။
ပထမအချက်မှာ လုံခြုံရေးအစောင့်သည် သူ၏ကိုယ်ပိုင်ဂုဏ်ကို အာမခံချက်အဖြစ် အသုံးပြုကာ စစ်တပ်တွင် တာဝန်ထမ်းဆောင်သူ ဖြစ်ခဲ့ဖူးသည်။
ဒေါက်တာလု ၏ ဆေးဘက်ဆိုင်ရာကျင့်ဝတ်များကို ပြသထားခြင်းဖြင့် ဤမူကြိုကျောင်း ဟာ ကလေးများအား ညှင်းပန်းနှိပ်စက်သည့် နေရာမဟုတ်သည်မှာ သေချာသည်။
အဆုံးစွန်အားဖြင့် ၎င်း သည် ဖျော်ဖြေရေးစက်ဝိုင်းမဟုတ်ဘဲ စီးပွားရေးစစ်ပွဲတစ်ခုဖြစ်သည်။
အွန်လိုင်းလှောင်ပြောင်စကားများ သို့မဟုတ် သူတို့၏မှတ်ချက်များကဲ့သို့သော အရာများ ပင်မရှိတော့။
ရုတ်တရက်ပင် လူထုအမြင် စတင် ပြောင်းလဲလာခဲ့သည်။
အခြားသောမူကြိုကျောင်းများ က မီးထဲသို့ လောင်စာများ တိတ်တဆိတ် ထည့်နေကြသော်လည်း အများသူငါ၏ ထင်မြင်ယူဆချက်ကို ပြောင်းပြန်လှန်မှု သည် မြန်ဆန်လွန်းသဖြင့် သူတို့ သတိမဲ့ခဲ့ကြသည်။
ဒီလိုကိစ္စမျိုးအတွက် သူတို့ ယွမ်ထောင်ချီပြီး သုံးစွဲခဲ့တယ်။
'ကြယ်ကောင်းကင်မူကြိုကျောင်း' မှာ ဘာတွေဖြစ်နေသလဲ?
သူတို့ ဘာကြောင့် အဆင့်အတန်း မြင့်မားလာတာလဲ။?
ကျောင်းတိုင်း ဒီစံနှုန်းကို ကျင့်သုံးရင် တခြားမူကြိုကျောင်းတွေ ဘယ်လိုရှင်သန်မလဲ? ဒါ သပ်သပ်ပြသာနာရှာလိုက်တာ မလား?
မူလက 'ကြယ်ကောင်းကင်မူကြိုကျောင်း' ၏ဂုဏ်သိက္ခာကို တစ်ရှိန်ထိုး သိက္ခာချချင်ခဲ့ကြသည်။
'ကြယ်ကောင်းကင်' က ယွမ် ၂၆၀ စျေးနှုန်းကို စျေးကွက်အတွင်း ဖြတ်ကျော်ရန် အသုံးပြုမည်ကို စိုးရိမ်သော်လည်း ကြည့်ရတာ ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှုရှိနေပုံပင်။
နာမည်ဂုဏ်သတင်းကို ဖျက်စီးဖို့ မအောင်မြင်ခဲ့ဘဲ၊ အဲဒီအစား လူတိုင်းက ကောင်းမွန်တဲ့ သင်ကြားရေးဝန်ထမ်းတွေနဲ့ သာလွန်ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ရှာဖွေတွေ့ရှိခဲ့တယ်။
နေ့လည်ခင်းချိန်ဖြစ်၍ ရှန်းဝေ သည် တင်ဆက်သူများ ကို မြည်းစမ်းကြည့်ဖို့ တိုက်ရိုက်ဖိတ်ခေါ်ခဲ့၏။
ဤနေရာရှိ အစားအသောက်ကောင်းသည်ဟု အွန်လိုင်းနာမည်ကြီးများ က ကြားဖူးသော်လည်း မယုံကြပေ။
ကျန်းပိုင်အဆင့်မြင့်စားသောက်ဆိုင် က ဘယ်လိုအဆင့်မျိုးလဲ?
စားဖိုမှူးက မူကြိုကျောင်းဆီ ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ?
သို့သော် သူတို့ ကန်တင်းသို့ ရောက်လာသောအခါ မည်သူမျှ စကားမပြောတော့။ ရနံ့ က တကယ်ကိုပြင်းလှသည်။
အသီးအနှံများတွင် လတ်ဆတ်သော အသီးအနှံများ၊ ဖရဲသီး၊ သရက်သီး၊ နာနတ်သီး အစရှိသည်တို့ ရှိသည်။
ကလေးတွေ အရင်စားပြီးမှ သူတို့ စားခဲ့ကြသည်။
ခရမ်းချဥ်သီးပြုတ်အမဲသားသည် အရောင်စုံလှသည်။
ခရမ်းချဥ်သီးရဲ့ ချဥ်ချဥ်စပ်စပ်နဲ့ အမဲသားရဲ့ နူးညံ့မှုကို ထမင်းနဲ့ တွဲစားရတာ အံ့သြစရာပါပဲ။
ဤနေရာရှိ ခရမ်းချဥ်သီးသေးသေးလေးများပင်လျှင် အထူးကြွပ်ဆတ်ပြီး လတ်ဆတ်သည်။
အစိမ်းကြော်တွေက အရသာရှိလှသည်။
အထူးလှိမ့်ထားသောဘဲကင်ပါဝင်သော ပန်ကိတ်များလည်း အနံ့မွှေးသော ပဲငံပြာရည်ဖြင့် တည်ခင်းပြီး အရသာကို မြှင့်တင်ပေးနေ၏။
တစ်ချက်ကိုက်ပြီးနောက် ကျေနပ်သွားရ၏။
မယုံနိုင်လောက်အောင် အရသာရှိခဲ့တယ်။
တကယ်တော့ ယာယီနေ့လည်စာ က ဒီလောက်တော့ သိပ်မများပါပေ။
စားဖိုမှူးလျို က လူများများလာဖို့ မမျှော်လင့်ထားတာကြောင့် မလုံလောက်မှာကို ကြောက်ပြီး ဖြည့်စွက်စာအတွက် ခေါက်ဆွဲတချို့ကို ဟင်းရည်ထဲ ထည့်ချက်ခဲ့သည်။
ဤလူများသည် သုံးရက်အတွင်း မစားရသေးသည့်အတိုင်း ပျမ်းမျှ ခေါက်ဆွဲ ၃ ပန်းကန်စီ စားခဲ့ကြသည်။
အဓိက အကြောင်းအရင်းမှာ လတ်ဆတ်ပြီး နူးညံ့သော ဟင်းရည်နှင့်တွဲဖက်ထားသော လက်လုပ်ခေါက်ဆွဲ နှင့် ကြွပ်ဆတ်ပြီး လန်းဆန်းစေသော အရံဟင်းလျာများကြောင့် ဖြစ်၏။
အမဲသားပြုတ်ကို ကြိုက်သလောက်ထည့်နိုင်သည်။
ဧည့်သည်များ က ဒီအစားအစာကို တကယ်သဘောကျတယ်။
သူတို့ ကောင်းကောင်းစားလို့ တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက လူတွေ အံ့သြသွားကြတယ်။
[တုန်လှုပ်ခြောက်ခြားဖို့ ကောင်းလိုက်တာ]
[ငါ အခုပဲ အဲအစားအသောက်တွေကို အော်ဒါမှာထားတယ်!]
"မင်းတို့အားလုံး မုဘန်းချန်နယ် ကိုစကြည့်ဖို့ အကြံပေးပါရစေ။ မင်း က ထက်မြက်လွန်းတယ်၊ ငါ့ရဲ့ ထမင်းဘူး က ရုတ်တရက် အရသာရှိပုံ မပေါ်တော့ဘူး]
မူကြိုကျောင်းမှာ စားခဲ့သမျှ ဟာ အရင်က မြည်းဖူးသမျှထက် ပိုအရသာရှိခဲ့သည်။
ပန်းကန်ပြားတွေကို ဘယ်လောက်မြန်မြန်ရှင်းလိုက်လဲ ကို ကြည့်လိုက်ရင် ဒီဟင်းက ဘယ်လောက်အရသာရှိတယ်ဆိုတာ ပြောပြနိုင်တယ်။
အဆုံးတွင်၊ အမဲသားအချပ်အနည်းငယ်သာကျန်တော့သည်၊ လူတိုင်း အချင်းချင်း စတင်တိုက်ခိုက်တော့မည်။ ကျေနပ်စွာ စားသောက်နေသည့် လူတစ်ယောက် က ပြောလာသည်။ "ဒါက အရမ်းအရသာရှိတယ်"
ဒေါက်တာလု မှ “ဒါတွေကို ကျန်းပိုင်းအဆင့်မြင့်စားသောက်ဆိုင်ရဲ့အကြီးတန်းစားဖိုမှူးဟောင်း ချက်ထားတာဗျ”
တိုက်ရိုက်ထုတ်လွှင့်သူအားလုံး က သဘောတူကြောင်း ခေါင်းညိတ်ကြသည်။
အဓိက ဟင်းပွဲပြီးတာနဲ့ အသီးအနှံတွေကို ဆက်စားကြတယ်။
သူတို့အားလုံးက ဒီမှာအလုပ်လုပ်ချင်ကြပြီး ဒီကိုလာစားဖို့တောင် ထိုက်တန်တယ်လို့ ပြောကြတယ်။ ဤ 'ကြယ်ကောင်းကင်မူကြိုကျောင်း' က အလွန်အံ့သြဖွယ်ကောင်းမည် ဟု မည်သူထင်မည်နည်း။
စျေးနှုန်းချိုသာစွာဖြင့် ဤအဆင့်ဝန်ဆောင်မှုပေးအပ်နေ၏။
တိုက်ရိုက်ထုတ်လွှင့်မှုတွင် အသုံးပြုသည့် အသုံးအများဆုံး စကားစုကို လိုက်နာပါက၊ ဤကျောင်း ဟာ မိသားစုတွေအတွက် အမှန်တကယ် သက်သာချောင်ချိရေးအကျိုးကို ရစေတယ်!
တိုက်ရိုက်ထုတ်လွှင့်မှုမှ လူများသည် အစပိုင်းတွင် တရားမျှတမှုအတွက် ပြောဆိုနေကြသော်လည်း နောက်ပိုင်းတွင် ကျောင်းဘက်မှ ပြောဆိုပေးခဲ့ကြသည်။