Chapter 7
ရှန်းဝေ က အစေ့များကိုသာ စိုက်ပျိုးခဲ့၏။ သူမ ထင်ယောင်ထင်မှား ဖြစ်နေတာလားတော့ မသိ၊ စနစ် က ဆုပေးသည့် ခရမ်းချဥ်သီးမျိုးစေ့များကို မြေကြီးတွင် စိုက်လိုက်သောအခါတွင် အလင်းရောင် ဖျတ်လတ်စွာ တောက်ပနေခဲ့တယ်!
ချယ်ရီပျိုးပင်များသည် ပို၍ပင် ထင်ရှားပေါ်လွင်သည်။ စိုက်ပြီးတာနဲ့ အရွက်တွေ ပိုစိမ်းလာသည်။
စနစ်မှ ဆုလာဘ်များသည် ကောင်းမွန်သောအရာများ ဖြစ်သည်။
ရိတ်သိမ်းပြီးရင် ဘယ်လိုပုံစံဖြစ်မလဲဆိုတာ ဘယ်သူသိမလဲ?
စိုက်ပျိုးနေစဥ် ရုတ်တရက် ဖုန်းမြည်လာ၏။ ရှန်းဝေ ပြန်ဖြေ၏။ - တစ်ဖက်တွင် ရှင်းရှင်းလင်းလင်း နူးညံ့သိမ်မွေ့သော အမျိုးသမီးအသံ ဖြစ်၏။
"ဟယ်လို၊ ‘ကြယ်ကောင်းကင်မူကြိုကျောင်း'ကလား? ကျွန်မ က မူကြိုဆရာမပါ၊ မစ် ရဲ့ နောက်ဆုံးအကြိမ်က ကမ်းလှမ်းချက်ရခဲ့ပြီး အသေးစိတ်အချက်အလက်တွေကို စုံစမ်းမေးမြန်းချင်ပါတယ်၊ အခု အားပါသလား?”
ရှန်းဝေ ချက်ချင်း လန့်ဖြန့်သွား၏။ “ဟုတ်ကဲ့၊ ကျွန်မ အားပါတယ်!" ထို့နောက် အနီးနားရှိ ကော်ဖီဆိုင်တွင် ဆရာမထန် နှင့် တွေ့ဆုံရန် စီစဥ်ခဲ့သည်။
နာရီဝက်မပြည့်မီတွင် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦး ရောက်လာသည်။ သူမသည် နူးညံ့ညင်သာပြီး ကွေးညွတ်သော အကြည့်ဖြင့် ဘဲဥပုံမျက်နှာရှိသည်။ သူမ သည် သမရိုးကျ ဆွဲဆောင်မှု မရှိသော်လည်း အထူးသဖြင့် သိမ်မွေ့သော ရောင်ဝါ ပေါ်လွင်သည်။
မလာခင် ဆရာမထန် က 'ကြယ်ကောင်းကင်မူကြိုကျောင်း' နှင့် ပတ်သက်၍ စုံစမ်းခဲ့၏။
သို့သော် အချက်အလက်များစွာမရှိသော မူကြိုကျောင်းအသစ်တစ်ခုသာဖြစ်လို့ သူမ၏နယ်ပယ်ထဲမှ ဤမူကြိုကျောင်းနှင့်ပတ်သက်၍ မကြားဖူးခဲ့။
သို့သော် ဆရာမထန်ကို ဤနေရာတွင် ဆွဲခေါ်စေသော နောက်ဆုံးအဆုံးအဖြတ်အချက်မှာ ငွေကြေးမဟုတ်ပေ။
ဆရာမထန် အား ပေးသောလစာ သည် အလွန်မြင့်မား၏။ တလလျှင်– ယွမ်၂၀,၀၀၀ ဖြစ်၏။
သို့သော် ဆရာမထန် အား ဤနေရာတွင် ဆွဲခေါ်စေသော နောက်ဆုံးအဆုံးအဖြတ်အချက်မှာ ငွေကြေးမဟုတ်ပေ။
အဓိကအားဖြင့် သူမ သည် ပိုက်ဆံမှလွဲ၍ အခြားကမ်းလှမ်းမှုများကို စုံစမ်းလိုခဲ့၏။
ဖုန်းထဲမှာ ဆရာမထန် သည် ရှန်းဝေ၏လေသံ က အလွန်ငယ်ရွယ်သည်ဟု ခံစားခဲ့ရ၏။
သို့သော် လူချင်းတွေ့တဲ့အခါမှာတော့ သူမ အံ့သြသွားခဲ့တယ်။
ရှန်းဝေ က ဤမျှငယ်မည်ဟု မမျှော်လင့်ထားခဲ့။
သူမ ကို ကြည့်ရတာ တက္ကသိုလ်ကျောင်းဆင်းအသစ်တစ်ယောက်လိုပါပဲ။
လူငယ်တစ်ယောက် က ဒီလိုကြီးမားတဲ့ ဆုံးဖြတ်ချက်တွေကို တကယ်ချနိုင်ပါ့မလား?
ဆရာမထန် တွင် သံသယအချို့ရှိသော်လည်းနှစ်ပေါင်းများစွာ အလုပ်အတွေ့အကြုံများက သူမ၏ စိတ်ပိုင်းဆိုင်ရာ ဥာဏ်ရည်ဥာဏ်သွေးကို မြှင့်တင်ပေးသောကြောင့် မေးခွန်းများကို ဖြည်းဖြည်းချင်း မေးမြန်းရန် စီစဥ်ခဲ့သည်။
ဆရာမထန် မမေးခင် ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့၏။
သူမက ရှက်ကိုးရှက်ကန်းဖြင့် ရှန်းဝေ ကို ပြောလိုက်သည်။ “တောင်းပန်ပါတယ်၊ ဖုန်းကိုင်ခွင့်ပြုပါ”
"ကိစ္စမရှိပါဘူး၊ အဆင်ပြေပါတယ်” ရှန်းဝေ က အသင့်ပြန်ဖြေသည်။
ဆရာမထန် ပြန်ဖြေလိုက်တာနဲ့ တစ်ဖက်ကလူ ထံမှ ကျယ်လောင်စွာ ဆဲဆိုသံကို ကြားလိုက်ရသည်။- “နင်း ထွက်သွားတာကြောင့်နဲ့ကမ္ဘာကြီးက ရပ်သွားမယ်များထင်နေသလား ဟမ်? ထွက်သွား၊ အဆုံးမှာ ငါ ပိုက်ဆံရှာနေတုန်းပဲ၊ နင်ဖူပေါင်းရဲ့ကျောင်းလခကို ဘယ်သူက ပေးနေသလဲ မမေ့နဲ့”
“ကျေးဇူးမသိတက်ပဲ အတောင်ပျံမာကျောတာနဲ့ ပျံထွက်သွားချင်နေပြီပေါ့”
"နင် ထွက်သွားချင်ရင် ထွက်သွားလိုက်၊ ငါ ပြောချင်တာက ဒီလလစာရဲ့ တစ်ရာခိုင်နှုန်းတောင် ရမှာမဟုတ်ဘူး၊ ကျေးဇူးကန်းတဲ့ လူယုတ်မာတစ်ယောက်လို့ လုပ်ငန်းခွင်ကလူတိုင်းကို ငါပြောမယ်။ ဒါဆို နင့် ကို ငှားကြမလား ကြည့်ကြသေးတာပေါ့”
ထိုမိန်းမ၏အသံသည် အလွန်ကျယ်လောင်သောကြောင့် ဆန့်ကျင်ဘက်ထိုင်နေသော ရှန်းဝေ ပင် စကားလုံးတိုင်းကို ကြားရသည်။
ဆရာမထန် က ဒေါသတကြီးဖြင့် တုန်တုန်ယင်ယင်နှင့် ချက်ချင်းပင် ဖုန်းချလိုက်လေသည်။
သူမထံတွင် အရင်လို နူးညံ့သိမ်မွေ့သော အမူအရာ မရှိတော့ပဲ ဒေါသသာ အစားထိုးလာခဲ့၏။
ရှန်းဝေ၏ စိုးရိမ်ပူပန်သော အကြည့်များကို မြင်လိုက်ရတော့ ဆရာမထန် ခါးခါးသီးသီး ရယ်မော၏။ “ကျွန်မ မိန်းကလေးဆီက ဘာမှဖုံးကွယ်စရာ အကြောင်းမရှိပဲ၊ စောနက ဖုန်းဆက်သူက ကျွန်မရဲ့အလုပ်ရှင်ပါ”
“ကျွန်မ အဲဒီမှာ ၁၀ နှစ်ကြာအလုပ်လုပ်ခဲ့ပြီး ကလေးတွေက ကျွန်မကို သိပ်သဘောကျတာ”
“နောက်ပိုင်းမှာ ကျွန်မ ကလေးတွေရဲ့ ပညာရေးနဲ့ စိတ်ပညာကို လေ့လာခဲ့တယ်။ အဲဒီတုန်းက လူတိုင်းဟာ အခက်အခဲတွေကို ကြောက်ပြီး စာမသင်ချင်ပေမယ့် ကျွန်မ က စာသင်ဖို့ ကိုယ့်အချိန်နဲ့ ငွေကို သုံးခဲ့တယ်။ ကျွန်မ တစ်ယောက်တည်း အောင်မြင်ခဲ့တာ၊ သူဌေးက ကျွန်မကို သူ့လက်အောက်မှာ မထိန်းထားနိုင်မှာ ကြောက်နေတာလေ”
ထို့ကြောင့် အစည်းအဝေးတိုင်းတွင် ဆရာမထန် အား ဝေဖန်နှိမ်နှင်းကာ သူမ၏အတန်းအစား ကျောင်းဆင်းအသစ်များ ခေါ်ယူရန် စီစဥ်ပေးခဲ့သည်။ သူတို့ က သူမ၏အချိန်ဇယားကို အဆိုးဆုံးအတန်းများဆီ ညှိနှိုင်းခဲ့၏။
ဆရာမထန်၏ မျက်လုံးများ မှိန်ဖျော့သွားသော်လည်း ကလေးများအတွက်မူ အထူးသဖြင့် စောစောက ပြောခဲ့သော နင်းဖူပေါင်းအမည်ရှိသည့် ကျောင်းသားအတွက် သည်းခံကာ သူမလျှာကို ထိန်းထားခဲ့ရ၏။
နင်းဖူပေါင်း တွင် မိဘမရှိ၊ အသက်မွေးဝမ်းကျောင်းအတွက် ပလုံပလုံလိုက်ကောက်သည့် အဖွားတစ်ဦးသာရှိသည်။
ကျောင်းက ကျောင်းလခမလျော့ပေးရင် လုံးဝမတက်နိုင်ဘူး။ ဆရာမထန် သည် ဤကလေးကို အထူးဂရုစိုက်ခဲ့သည်။
နင်းဖူပေါင်း ကို အသုံးပြု၍ သူမအား ခြိမ်းခြောက်ရန် အလုပ်ရှင် က ချက်ချင်းပင်တွန်းအားပေးခဲ့၏။
အခုက အရမ်းလွန်သွားပြီ- သူတို့က စကားတခွန်းမပြောပဲ သူမလစာကို တိတ်တဆိတ် ဖြတ်တောက်ခဲ့၏။
အသစ်စက်စက် ဆရာမတစ်ဦးသည် တစ်လလျှင် ယွမ် ၄၀၀၀ ဝန်းကျင် ဝင်ငွေရနိုင်သော်လည်း သူမကတော့ ယွမ် ၂၀၀၀ ကျော်သာ ရသည်။
ဝင်ငွေနည်းသော်လည်း လုပ်ငန်းခွင်တွင် လေးစားမှု သို့မဟုတ် နားလည်မှု မရှိကြပါ။ အခြားသူဆိုလျှင် နုတ်ထွက်ခဲ့သည်မှာ ကြာပြီဖြစ်သည်။
ဆရာမထန် က သူမ၏ကန့်သတ်ချက်သို့ ရောက်သွားသောကြောင့် ကျောင်းအုပ်ကြီးနှင့် အကြီးအကျယ် အငြင်းအခုံဖြစ်ပြီးနောက် ယနေ့တွင် အလုပ်ရှာရန် ထွက်လာခဲ့သည်။
အရင်က သူမကို ကမ်းလှမ်းလာတဲ့ နေရာကို သတိရပြီး လာကြည့်မယ်လို့ တွေးထားခဲ့သည်။
သို့သော် ယခင်မူကြိုကျောင်း က သူမ အား အလုပ်ရှာထွက်သည်ဟု မှန်းဆမိပြီး မနှစ်မြို့ဖွယ်ရာ စကားများစွာပြော၍ ချက်ချင်း အလုအလုပ်ထုတ်ခဲ့သည်။
ဤအရာအားလုံးကိုကြားပြီးနောက် ရှန်းဝေ တောင် ဒေါသထွက်ခဲ့သည်။ “ဆရာမထန် ကို ကျွန်မတို့ တကယ် ငှားချင်တာပါ!"
"ဒါပေမယ့် ဆရာမ ပိုပြီးလိုအပ်တာက ဥပဒေရေးရာအကူအညီလို့ ကျွန်မ ထင်တယ်။ ဒီလိုလုပ်ကြမယ်၊ ဆရာမ အလုပ်သမားတရားရုံးကို သွားလျှောက်ပါ၊ ကျွန်မ ဆရာမ ကို အပြည့်အဝထောက်ခံမယ်၊ ဒီကိစ္စတွေကိုဖြေရှင်းပြီးတာနဲ့ ကျွန်မတို့နဲ့ပူးပေါင်းလို့ရပါတယ်"
ဆရာထန် သည် ရှန်းဝေ က အလုပ်သမားခုံသမာဓိ အား တိုက်ရိုက်အကြံပြုမည်ဟု မထင်ထားခဲ့။
ယေဘူယျအားဖြင့် အလုပ်ရှင်တစ်ဦးသည် အလုပ်ရှာဖွေသူတစ်ဦး၏ယခင်ကုမ္ပဏီနှင့် အလုပ်သမားအငြင်းပွားမှုကို ကြားသိသည်နှင့် အလုပ်ရှာဖွေသူ၌ တစ်စုံတစ်ရာ မှားယွင်းမှုရှိနေသည်ဟု ယူဆမည်ဖြစ်သည်။
"ဆရာမ က ဒီကမ္ဘာကြီးထဲ ဆရာမရဲ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ရမှာ၊ သူတို့ကို အနိုင်ကျင့်ခွင့်ပြုမလို့လား? 'ကြယ်ကောင်းကင်မူကြိုကျောင်း' က ဆရာမကို ပံ့ပိုးပေးမယ်”
“ဆရာမ မှာ ငွေရေးကြေးရေးအခက်အခဲရှိရင် တစ်လလစာ ကြိုပေးလို့ရတယ်"
ဆရာမ သည် ယခင်အလုပ်ရှင်ထံမှ လုံလောက်သော ဖိနှိပ်မှုကို သည်းခံခဲ့၏။ ရှန်းဝေ ၏ စကားကိုကြားတော့ မျက်လုံးများနီရဲသွားသည်။ "ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်”
ဆရာမထန် ထပ်ဖြည့်ပြောသည်။ “ကျွန်မ မူကြိုကျောင်းမှာ ပါဝင်ပါမယ်၊ ဒါပေမဲ့ ကျွန်မ အရင်ကပြောခဲ့တဲ့ နင်းဖူပေါင်း ဆိုတဲ့ ကျောင်းသားတစ်ယောက်ကို ခေါ်လာချင်ပါတယ်”
သူမ၏လစာတစ်လလျှင် ယွမ် ၂၀,၀၀၀ ဖြစ်လို့ နင်းဖူပေါင်း၏ကျောင်းလခကို ပေးဆောင်နိုင်သည်ဟု တွေးမိသည်။ မဟုတ်ပါက သူမ၏ ယခင်အလုပ်ရှင်ရဲ့ အပြုအမူအပေါ် အခြေခံရသလောက် သူမ မရှိလျှင် နင်းဖူပေါင် သည် နောက်ဆုံးတွင် နှင်ထုတ်ခံရမည်ဖြစ်သည်။
ဆရာမထန်၏ စောင့်ရှောက်မှုအောက်တွင် ထားရှိခြင်းက ပိုကောင်း၏။
ဆရာမထန် ရဲ့စကားမဆုံးခင် ရှန်းဝေက ဖြတ်ပြောလိုက်သည်။ နင်းဖူပေါင်အတွက် ကုန်ကျစရိတ်ကို လျှော့ပေးမယ်၊ ဆရာမ လာလို့ရပါတယ်”
ဆရာမထန် ရှက်သွား၏။ “ဒါဆို ကျွန်မရဲ့လစာထဲက နှုတ်ပေးပါလား”
“မူကြိုကျောင်း က နင်းဖူပေါင်း အတွက်သာမက အနာဂတ်မှာ လိုအပ်နေတဲ့တခြားကျောင်းသားအတွက် ကုန်ကျစရိတ်လျှော့ချပေးဖို့ တက်နိုင်ပါတယ်” သူမ တွင် ကူညီရန်ရန်သူအများအပြား ကျန်နေသေးသည်။ ဒါကလည်း အုတ်မြစ်ချတာပါပဲ။
ဆရာမထန် က ရှန်းဝေ၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထား၏။ သူတို့ တွေ့ဆုံကတည်းက သူမမှာ စိတ်အလှုပ်ရှားဆုံး ဖြစ်နေခဲ့သည်။ "ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်”
သူတို့၏ရည်မှန်းချက်များ တူညီကြသည်။
ဆရာမထန် သည် ကြင်နာသောစိတ်ကြောင့် အောက်ခြေအဆင့်တွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်နိုင်ခဲ့သည်။
သူမ ဒီနေ့ ရှန်းဝေနဲ့ တွေ့ပြီးကတည်းက နားမလည်နိုင်တဲ့ ရင်းနှီးမှုကို ခံစားရတယ်။
လူတွေကြားက သံယောဇဥ်တွေ တခဏချင်း ပေါက်သွားတာ ဖြစ်နိုင်တယ်။
သူမ မေးချင်သော မေးခွန်းများ အားလုံး ပျောက်ကွယ်သွားခဲ့သည်။ သူမ တွေ့တွေ့ချင်းပဲ စာချုပ်ချုပ်ရန် ဆုံးဖြတ်ခဲ့သည်။ သူမ ထွက်သွားသည့်အချိန်မှသာ မေးခွန်းများကို မှတ်မိခဲ့သော်လည်း စာချုပ်မှာ လက်မှတ်ထိုးပြီး ဖြစ်လို့ ဤမေးခွန်းကို ယူဆောင်သင့်တယ်လို့ မခံစားမိဘူး!
ထို့အပြင်၊ သူမသည် ယခုလက်ရှိတွင် အရေးကြီးသောကိစ္စရပ်တစ်ခု ရှိသည်—သူမ၏အလုပ်ရှင်ဟောင်းအား အလုပ်သမားတရားရုံးတင်ရန် ဆုံးဖြတ်ခဲ့သည်။
ရှန်းဝေ ပြောသလိုပဲ၊ တစ်ယောက်ယောက်ရဲ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ရမယ်။