Chapter 29
ယုလဲ့ က အုပ်စု သို့ တကယ့်ပစ္စည်းများ ရောင်းချနိုင်ခဲ့သောကြောင့် စီးပွားရေးအမြင်ရှိသည် ဟု သူငယ်ချင်းများ မှ ပြောကြသည်။
အမြတ်တွေ ဝင်လာခဲ့ပြီး ယခု သူ့တွင် ‘ယွမ်၅၅၀’ ရှိနေပြီ ဖြစ်သည်။
[ဒီယုလဲ့ကို အကောင်းဆုံးစီးပွားရေးသမားကလေးလို့ ငါကြေငြာတယ်]
သူတို့ သည် တစ်နာရီကျော်ကြာအောင် ဂိမ်းဆော့ခဲ့တယ်။
ကြောငြာသောအခါ နင်းဖူပေါင်း နှင့် ဟဲလင်းဖုန်းတို့ က အမှတ်အများဆုံးရခဲ့ကြသည်။
ဖြစ်စဥ်တစ်ခုလုံးကို ကြည့်ရှုခဲ့ကြသော သူငယ်ချင်းများ က ပြောကြသည်။ [အိုး၊ ဆရာမက သူတို့လေးတွေကို မကူညီခဲ့ဘူး။ ဒါပေမယ့် သူတို့ဘာသာသူတို့ အစားအသောက်ပို့ဖို့ စိတ်ကူးကို တီထွင်နိုင်ခဲ့တယ်]
ပထမဆုအတွက် ရှန်းဝေ က သူတို့တစ်ဦးစီအား အနီရောင်ပန်းပွင့်လေးများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် သူမ သည် တချက်ကြည့်ရန် ရမှတ်အခန်းထဲသို့ သူတို့ကို ခေါ်သွားပေးခဲ့သည်။– အနီရောင်ပန်းပွင့် ၃၀ ဖြင့် လီဂိုအရုပ်တစ်ရုပ်လဲနိုင်သည်။ လေအေးပေးစက်အတွက် အနီရောင်ပန်းပွင့်လေး ၆၀၊ ယွမ်၉၈၀၀တန် မီးဖိုချောင်ဂိမ်းအစုံအတွက် အနီရောင်ပန်းပွင့် ၁၀၀။
မူကြိုကျောင်းရှိ တခြားကလေးများ သည် နင်းဖူပေါင်း နှင့် ဟဲလင်းဖုန်း၏အနီရောင်ပန်းပွင့်လေးများကို မနာလိုစွာ ကြည့်နေခဲ့ကြသည်။
[ယုလဲ့လေး က သနားဖို့ကောင်းလိုက်တာ၊ အနီရောင် ပန်းပွင့်သေးသေးလေးတောင် မရခဲ့ဘူး၊ သူ တကယ်ကို ပေါ်လွင်ခဲ့တာ]
[နောက်ဂိမ်းက ဘယ်တော့လဲ၊ အစပိုင်းမှာ ဘာမှမသိကြတဲ့ ကလေးတွေ အရမ်းကျွမ်းကျင်လာသလို ခံစားရတယ်။ သူတို့နောက်ထပ်ဂိမ်းကို တကယ်စောင့်မျှော်နေကြတာနော်၊ ယုလဲ့ မင်း အကောင်းဆုံးဖြစ်မယ်လို့ ယုံကြည်တယ်]
အချို့သောမိဘများက ဤသို့ဆိုသည်– [သူတို့ပေးတဲ့လက်ဆောင်တွေက တခြားကျောင်းတွေနဲ့မတူဘူး။ တခြားကျောင်း က မှတ်စုစာအုပ်တွေ၊ ကြိုးတွေခုန်တာတို့လို စျေးပေါတဲ့ပစ္စည်းတွေကိုပဲ ပေးကြတာ]
[ဒီနည်းနဲ့ တွက်ကြည့်တော့ ဒီမူကြိုကျောင်း က ဘာမှမကုန်ကျရုံမက ငွေလည်း တကယ်ရနိုင်တယ်]
ဒါကိုကြားတော့ အားလုံးက တုံ့ပြန်ကြတယ်။ ရှန်းဝေ က ကောင်းကင်ဘုံ က များလား?
ဤမူကြိုကျောင်း က အံ့သြစရာကောင်းတယ်။
[ဒါက ရှိုးတွေထက် ပိုကောင်းတာမဟုတ်ဘူးလား?]
ထို့အပြင် ဟဲလင်းဖုန်း က ရခဲ့သော အနီရောင်ပန်းပွင့်လေးကို နင်းဖူပေါင်း ဆီ ပေးခဲ့သည်။
[သူငယ်ချင်းလေးတွေ အချင်းချင်း shipလို့မရတာ ငါ သိပေမဲ့ ဒီအတွဲကိုတော့ ship ချင်တယ်]
[သူတို့က ငယ်ငယ်ရွယ်ရွယ်နဲ့ ဥက္ကဌရဲ့ ခံစားချက်ကို ပြတယ်]
[ဒါက အနီရောင်ပန်းပွင့်လေးတွေပါ၊ ငါ့အစ်ကိုတောင် ထိလို့မရဘူးပဲ]
[အိမ်ကပေးတဲ့ဆုတွေအားလုံးက ကျောင်းကလာတဲ့ အနီရောင်ပန်းပွင့်လေးတစ်ပွင့်နဲ့ ယှဥ်လို့မရဘူး၊ ဒီကလေးတွေအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ မင်းသိထားရမယ်]
[ဘာလို့ပြီးသွားတာလဲ?]
ဆရာမလည်း ပျော်တယ်၊ ကျောင်းသားလည်း ပျော်နေကြပေမဲ့ အင်တာနက် သုံးစွဲ သူတွေ ကတော့ လုံလုံလောက်လောက် မပျော်ကြရသေးဘူး။
ဒီဂိမ်း က အရမ်းပျော်စရာကောင်းတယ်၊ ကလေးတွေက အရမ်းချစ်စရာကောင်းတယ်။
မကြာမီတွင် ဤတိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးသွားသော်လည်း ပြန်လည်ပြသမှုတစ်ခု ရှိခဲ့သည်။
ပြန်လည်ပြသမှုကို ကြည့်ရှုသူဦးရေ မြင့်တက်လာပြီး မကြာမီတွင် ကြည့်ရှုသူ ၅သန်းကျော်သွားခဲ့သည်။
'ကြယ်ကောင်းကင်မူကြိုကျောင်း' မှာ ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်လာခဲ့တယ်!
လူတော်တော်များများက 'ကြယ်ကောင်းကင်မူကြိုကျောင်း'မှာ စာရင်းသွင်းချင်ကြတယ်။
သို့သော် ဖုန်းနဲ့ စုံစမ်းမေးမြန်းတာပဲဖြစ်ဖြစ်၊ ကျောင်းတံခါးမှာ ပေါ်လာတာပဲဖြစ်ဖြစ်၊ ဆရာမထန်ရဲ့ WeChat ကို ရဖို့ပဲဖြစ်ဖြစ် ကြိုးစားကြသည်။
ရလဒ်က အတူတူပါပဲ – လောလောဆယ်မှာ ကျောင်းသားသစ်တွေကို လက်မခံသေးဘူး။
အချို့မိဘများပင်လျှင် ယွမ်ငွေ သောင်းနှင့်ချီ ပေးဆောင်ရန် ဆန္ဒရှိသော်လည်း ဤမူကြိုကျောင်း က ငွေမယူခဲ့ဘူး။
လူတိုင်း သည် စိတ်ဓာတ်ကျလာသည်။
သူတို့က ဒီမူကြိုကျောင်း ပိုက်ဆံယူတာ ပိုလိုချင်တယ်၊ အနည်းဆုံးတော့ သူတို့ကလေးဝင်ဖို့ အခွင့်အရေးရှိလိမ့်မယ်။
အင်တာနက်သုံးစွဲသူများ၏ စိတ်အားထက်သန်မှု က မြင့်မားလွန်းသည်။
မှတ်ချက်ပေါင်း ၁၀၀,၀၀၀ ကျော်ရှိခဲ့ပြီး အတန်းသစ်ဖွင့်ရန် ဒေသခံအများအပြားက တိုက်တွန်းထားသည်။ တခြားမြို့ကလူတွေတောင် ကျောင်းခွဲဖွင့်စေချင်ကြတယ်။
ဤရက်ပိုင်း ဆရာမထန် နှင့် စားဖိုမှူးလျို တို့၏ လမ်းပေါ်မှာ လမ်းလျှောက်တဲ့ နေ့ရက်တွေမှာ သူတို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု က ဘယ်လောက်အထိ ရေပန်းစားလာသလဲဆိုရင် သူတို့ကို မှတ်မိတဲ့သူတွေတောင် ရှိလာတယ်။
ဖြတ်သွားဖြတ်လာများ က သူတို့ကို နှုတ်ဆက်ခဲ့ကြသည်။ စားဖိုမှူးလျို အား ထုတ်လွှင့်မှုမှ “ဒါပေမဲ့ ကလေး က ငါ့ကို ဘိုးဘိုးလျို လို့ ခေါ်တာကိုး’ ဟု ဂန္ထဝင်ကိုးကားချက်များကိုပင် ပြောဆိုကြသည်။
စားဖိုမှူးလျို မှာ ရယ်ရတာကော၊ ရှက်ကိုးရှက်ကန်းပါ ဖြစ်သွားခဲ့၏။
ယခုတော့ ဖုန်းက ဆက်တိုက်မြည်လာသော်လည်း စားဖိုမှူးလျို သည် ပြန်ဖြေလိုစိတ်မရှိပေ။ သူငယ်ချင်းဟောင်းများစွာ မှ ဖုန်းခေါ်ဆိုခြင်း ဖြစ်၏။
သူ ဖုန်းကိုင်လိုက်သောအခါ သူငယ်ချင်းဟောင်း က ပြောလာသည်။ “ဟေး ငါ မင်းကို တွေ့ခဲ့တယ်၊ မင်း တိုက်ရိုက်လွှင့်နေတာ မဆိုးဘူးဟ၊ တော်တော်ကောင်းကောင်းလုပ်နေတာပဲ”
အဲဒီအခါမှာ သူငယ်ချင်းဟောင်း က ထပ်ဖြည့်ပြောလေသည်။ “အခုခေတ်မှာ အဖိုးတန်ပစ္စည်းတွေတောင် ပရိုမိုးရှင်းလုပ်ဖို့ လိုသေးတယ် မဟုတ်လား”
"ဟုတ်တယ်၊ မင်းကော မကြာသေးခင်က ဘယ်လိုလဲ?”
“အတူတူပါပဲကွာ၊ ဒါပေမယ့် တစ်ခုတော့ ရှိတယ်။ မင်းရဲ့မူကြိုကျောင်းမှာ ငါ့အတွက် နေရာတစ်ခု ရနိုင်မလား၊ ညီအကိုတွေ ကျမ်းသစ္စာ ကျိန်ဆိုထားတာကြောင့်သာ မဟုတ်ရင် ငါ မင်းဆီ အကူအညီတောင်းရဲမှာ မဟုတ်ဘူး!"
သူငယ်ချင်း က ဒီလိုပြောပြီးနောက် စားဖိုမှူးလျို မှာ ငြင်းရခက်နေ၏။
သို့သော် စားဖိုမှူးလျို ပြောလိုက်၏။ “ဒါတော့ ငါ မတက်နိုင်ဘူး၊ ကမ်းလှမ်းတဲ့လူတွေ သောင်းချီရှိပေမဲ့ အထဲကို မဝင်နိုင်သေးဘူး။ အနာဂတ်မှာ အတန်းသစ်တွေ ဖွင့်ရင် မင်းကို ငါ ပြောပြမယ်”
ဒါကို ကြားတော့ သူငယ်ချင်းက နည်းလမ်းမရှိဘူးဆိုတာကို သိတဲ့အတွက် သက်ပြင်းချ၍ ပြောလိုက်သည်။ “ဒါဆိုလည်း ကောင်းပြီလေ!"
ဖုန်းချပြီးနောက် စားဖိုမှူးလျို၏ဇနီး က ချက်ချင်းရောက်လာ၏။ "နောက်တစ်ယောက် ဖုန်းဆက်မေးပြန်ပြီလား?”
"ဟုတ်တယ်၊ နှစ်သစ်ကူးအားလပ်ရက်တုန်းကထက် ဒီလိုမျိုးဖုန်းတွေ ပိုများတယ်"
“ရှင့်သူဌေး အရင်ပြောဖူးတယ် မဟုတ်လား? လူတစ်ယောက်အတွက် နေရာ၂နေရာစာ ရှိတယ်ဆို။ အဲဒီနေရာတွေကို သူတို့ကို အလွယ်တကူပေးပစ်လို့မရဘူးနော်၊ အဲဒါတွေကို ကျွန်မတို့မြေးတွေအတွက် သိမ်းထားတာရှင့်!"
“သိတာပေါ့” အပိုပြောနေစရာ မလိုပါ။ သူ့မြေးမလေး က ဒီနှစ်မှ ၃ နှစ်ပဲ ရှိသေးတာ၊ မူကြိုကျောင်းတက်ဖို့ တစ်နှစ်ခွဲ လိုသေး၏။
စားဖိုမှူးလျို ၏မိန်းမလည်း တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုခဲ့သည်။
စားဖိုမှူးလျို ပြောလိုက်သည်။ “မနက်ဖြန် နောက်ထပ်တိုက်ရိုက်ထုတ်လွှင့်မှု ရှိဦးမှာ”
ဇနီးသည် က ပြောလာသည်။ “ဒါက တကယ်ကို မှန်ကန်တဲ့ လုပ်ရပ်ပဲဟာ၊ ကျန်းပိုင်းအဆင့်မြင့်စားသောက်ဆိုင် က တရားဝင်ရပ်ဆိုင်းလိုက်ပြီလို့ ကြားတယ်၊ ထွက်သွားတဲ့သူတွေ တော်တော်များများ အလုပ်တောင် ရှာမရဘူး”
ဒီမှာ လစာမြင့်တာ မပြောနဲ့ နေ့တိုင်း ပျော်နေတာလေးတွေ တွေ့ရတယ်။
စားဖိုမှူးလျို က ဒါကိုတွေးပြီး ပြုံးမိသည်။
ခဏကြာတော့ ဖုန်းမြည်လာပြန်ပြီး မူကြိုကျောင်းမှာ တက်ရောက်ခွင့်ရဖို့ ကြိုးစားနေတဲ့သူတစ်ယောက်လို့ တွေးမိသည်။ သို့သော် ဖုန်းခေါ်ဆိုသူ ID ကိုတွေ့တော့ သူ့မျက်နှာ မှာ မည်းမှောင်သွားတော့သည်။
သူ ဖုန်းမကိုင်ပဲ ငြင်းလိုက်၏။
"ဘယ်သူလဲ?"
“လျိုမင်း” သူ့တပည့်ဟောင်း၊ အဲဒီတုန်းက ကျေးဇူးကန်းတဲ့မြွေ။
ဒီအလုပ်သင်ရဲ့ အကြံအစည်ကြောင့် အဖြစ်အပျက် တစ်ခုလုံးကို ပေါ်လွင်စေခဲ့ပြီး စားဖိုမှူးလျို အား ဆယ်စုနှစ်များစွာ အလုပ်လုပ်ခဲ့တဲ့ ကျန်းပိုင်အဆင့်မြင့်စားသောက်ဆိုင် မှ ထွက်ခွာရန် ဖိအားပေးခဲ့သည်။
စားဖိုမှူးလျို သည် ဒေါသကို ကောင်းကောင်းကြီး ထိန်းထားနိုင်သော်လည်း မကျေမနပ်ဖြစ်နေဆဲ ဖြစ်သည်။
ထိုကောင်၏ဖုန်းခေါ်ဆိုမှုကြောင့် စိတ်တိုသွား၏။ လျိုမင်း က ခေါင်းမာမာဖြင့် ထပ်ခေါ်သောအခါတွင် သူ ဖုန်းကို ချလိုက်ပြန်သည်။
"သူ့မှာ အရေးကြီးတာတစ်ခုရှိလို့နေမယ်၊ ဘာလို့ ဖုန်းမကိုင်တာလဲ?”
ဇနီးသည် က စားဖိုမှူးလျို ကို ဖျောင်းဖျသောကြောင့် ဖုန်းကိုင်ပေမဲ့ အဆုံးတွင် ဘာမှပြန်မပြောပေ။
"ဆရာ၊ မကြာသေးခင်က ဘာများလုပ်နေလဲ?”
စားဖိုမှူးလျို က တိုတိုတုတ်တုတ် ပြန်ဖြေသည်။ “မင်း ပြောစရာရှိတာ ပြောလိုက်!"
သူ၏အေးစက်သောအမူအရာသည် လျိုမင်း ၏မျက်နှာကို ဖြူဖျော့သွားစေသည်။ “ဆရာ၊ ကျွန်တော် တကယ် အမှားလုပ်မိခဲ့တယ်”
“ကျွန်တော် ဒီအတိုင်း ပြောလိုက်မိတာပါ၊ သူတို့ က ကောလဟာလတွေဖြန့်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး!"
“ဆရာ ထွက်သွားပြီးနောက် ကျွန်တော် စိတ်မငြိမ်မသက်ဖြစ်ပြီး ရက်ပေါင်းများစွာ အိပ်မပျော်ခဲ့ဘူး။ အချိန်မီမတောင်းပန်ခဲ့ပေမယ့် အပြစ်ရှိစိတ်ကို သည်းမခံနိုင်တော့လို့ပါ၊ ခွင့်လွှတ်ပေးနိုင်မလား?”
“ပြီးခဲ့တာလည်း ပြီးသွားပြီ၊ ဘာပြောစရာရှိသေးလို့လဲ!" သူ့အမူအရာ က အေးစက်နေခဲ့သည်။
လျိုမင်း က အံ့ကြိတ်ကာ ပြောလိုက်သည်။ “ဆရာ၊ ကျွန်တော် အလုပ်ထွက်လိုက်ပြီ၊ ဆရာ့မူကြိုကျောင်းမှာ အလုပ်လုပ်လို့ ရနိုင်မလား?” ဒါက သူ့ရဲ့ တကယ့်ရည်ရွယ်ချက်ဖြစ်၏။
စားဖိုမှူးလျို သည် စိတ်ထဲမှာ လှောင်ပြောင်နေခဲ့၏။ သူ ဒါကို တနေ့လုံး စောင့်ဆိုင်းနေခဲ့တာ၊ ဒီလူမှာ ရည်ရွယ်ချက်ကောင်းမရှိဘူး။
“ငါတို့ လူမလိုဘူး!"
တစ်ခါကိုက်ရင် နှစ်ခါရှက်တယ်။ သူ တူညီသောထောင်ချောက်ထဲသို့ နှစ်ခါကျမည်မဟုတ်ပေ။
ဤအလုပ်သင် က အခြားသူများ၏ အခွင့်ကောင်းကို ရယူလိုသည်။ အရင်တုန်းကတော့ သူတို့ရဲ့ ဆရာ-အလုပ်သင် ဆက်ဆံရေး၊ လျိုမင်း ရဲ့ ညံ့ဖျင်းတဲ့ မိသားစု အခြေအနေကြောင့် အမြဲတမ်း ဘေးဖယ်ထားခဲ့သည်။
အခုချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးတွေ ပြတ်တောက်သွားခဲ့ပြီး အဲ့ဒီလို သက်တောင့်သက်သာရှိမှုကို ထုတ်မပြတော့ဘူး။
အခုမှ နောင်တရပေမယ့် အရမ်းနောက်ကျသွားပြီ ဖြစ်၏။
‘ဘဝမှာ မင်းရဲ့လမ်းက အရမ်းကျဥ်းသွားအောင် ခွင့်ပြုလို့ မဖြစ်ဘူး’
ဖုန်းချလိုက်ပြီးနောက် စားဖိုမှူးလျို သည် လုံးဝသက်သာရာရသွားသည်။ အဲဒီတုန်းက ထွက်ခွာသွားတာဟာ တကယ်တော့ မှန်ကန်တဲ့လုပ်ရပ်လို့ ဘယ်သူက ထင်ထားမှာလဲ?
...
တိုက်ရိုက်ထုတ်လွင့်မှုစတင်သည့် ၂ ရက်မြောက်နေ့မှာ ဆရာမထန် က မနက်ပိုင်း အစည်းအဝေးမှာ ရှန်းဝေ ထံ ချဥ်းကပ်၍ ပြောခဲ့သည်။ “ကျွန်မ တခုလောက်တောင်းဆိုချင်လို့ပါ!"
ဆရာမထန် က မူကြိုကျောင်းတွင် အမြဲတမ်း အဓိကကျသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ကလေးများအားလုံးက သူမကို ချစ်ခင်ကြသည်။
ထို့အပြင် ဆရာမထန် ၌ ရိုးသားသောဂုဏ်သတင်းရှိသောကြောင့် ဆရာမထန် မှ တောင်းဆိုချင်လို့ပါ ဆိုသည့်စကားကို အသုံးပြုရန် မည်မျှတွန်းအားခံစားရမလဲကို ရှန်းဝေ မြင်ယောင်ကြည့်၍ မရချေ။
"ပြောလေ”
“မနေ့က ကျွန်မရဲ့ဆရာဟောင်းတစ်ယောက်ရဲ့မြေးလေးကို ကျွန်မတို့ကျောင်းမှာ စာရင်းသွင်းချင်နေတယ်လို့ ဖုန်းဆက်လို့ပါ”
ဤနေရာရှိ ကလေးများအားလုံး တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပါဝင်လာသောကြောင့် လူသစ်တစ်ဦးပါဝင်မည်ဆိုပါက သံသယဖြစ်ဖွယ်ကောင်းသည်။
ကျောင်း ကို ဒုက္ခဖြစ်စေလိမ့်မယ်။
အခြားသူများက “အဲကလေးတောင် စာရင်းသွင်းနိုင်ရင် ဘာလို့ ငါတို့က မရတာလဲ?’ ဟု " တွေးကြလိမ့်မည်။
ဤအကဲဆတ်သောကာလတွင်၊ ထိုသို့သောတောင်းဆိုမှုများကို မလုပ်သင့်ချေ။
သို့သော် ဤပုဂ္ဂိုလ်သည် ထူးခြားသည်။ ဆရာမထန်၏ပညာရေးကို ပံ့ပိုးပေးခဲ့သော ဆရာမထံမှ ဖြစ်သည်။
နှစ်များတစ်လျှောက်၊ ဆရာမထန်သည် အဓိကပွဲတော်များနှင့် အခမ်းအနားများအားလုံးတွင် သူမ၏ဆရာမအား ဝတ္တရားသိတက်မှုကို ပြသခဲ့သည်။
ဒီတစ်ကြိမ်မှာတော့ သူမဆရာမရဲ့ ဒီတောင်းဆိုမှုကို ငြင်းဆန်လို့ မရတာကြောင့် ရှန်းဝေ ထံ အကူအညီတောင်းရခြင်း ဖြစ်၏။
“ဆရာမမှာ စာရင်းသွင်းဖို့ နေရာ၂နေရာစာ ရှိတယ် မဟုတ်ဘူးလား?” တခဏချင်းမှာပဲ လူတိုင်းရဲ့ နှလုံးသားတွေ တုန်လှုပ်သွားခဲ့တယ်။
ဘတ်စ်ကားဒရိုင်ဘာကျောင်းတာ့မင် က မနေသာပဲ မေးလိုက်သည်။ “ကျွန်တော်တို့ရဲ့နေရာ ၂နေရာစာကို တခြားသူတွေဆီ ရောင်းလို့ရလား?”
သူ ပြောပြီးတာနဲ့ ရှက်သွား၏။ ဤကျောင်း က သူ့ကို အမြဲတမ်း ကောင်းကောင်း ဆက်ဆံခဲ့တယ်။
ထို့အပြင် သူမက သူတို့အား ယွမ်၁၀၀,၀၀၀ ဘောနပ်စ်ပေးခဲ့ဖူးသောကြောင့် အခုလို ပြောလိုက်ခြင်း က လောဘကြီးပုံပေါက်၏။
ပုံမှန်အားဖြင့် ကျောင်းတာ့မင် သည် ရိုးသားသော်လည်း ယခုအချိန်တွင် အတိုးနှုန်း၏ဝန်ထုပ်ဝန်ပိုးက သူ့ကို ရင်ကျပ်စေသည်။
ယွမ်၃၀,၀၀၀၊ ယွမ်၅၀,၀၀၀ ကမ်းလှမ်းကြသော လူများစွာ ရှိသော်လည်း ဤကျောင်း က လက်မခံခြင်း ဖြစ်သည်။ နောက်တော့ စာရင်းသွင်းရန် နေရာ၂နေရာစာ သူ့တွင် ရှိသည်ဟု ကြားသောအခါ စိတ်လွတ်သွားခဲ့သည်။
ထိုစကားကို ပြောပြီးနောက် ကျောင်းတာ့မင် က မျက်နှာရဲရဲဖြင့် ချက်ချင်းပြန်ပြောင်းပြောဖို့ ကြိုးစားသည်။ “ကျွန်တော် ဘာမှမပြောခဲ့သလို နေပေးပါဗျာ!"