no

Font
Theme

Chapter 17

တက္ကသိုလ်အဆင့်မြင့် calculus အတန်း၌ ပရော်ဖက်ဆာလျို ဟာ စိတ်အားထက်သန်စွာ ပို့ချလို့နေ၏။

[TN-calculus ဆိုတာ အဆုံးမရှိသော ခြားနားချက်များကို ပေါင်းစည်းခြင်းအပေါ် အခြေခံ၍ မူလနည်းလမ်းများဖြင့် လုပ်ဆောင်သော ဆင်းသက်လာမှုနှင့် ပေါင်းစည်းမှုများ၏ တွေ့ရှိမှုနှင့် ဂုဏ်သတ္တိများနှင့် ပတ်သက်သော သင်္ချာပညာတစ်ရပ်ဖြစ်ပါတယ် သီးခြားတွက်ချက်တဲ့နည်းလမ်းတွေ ဒါမှမဟုတ် ကျိုးကြောင်းဆီလျှော်မှုစနစ်တစ်ခုပါ၊]

သို့သော် စာသင်ခန်းအငွေ့အသက်မှာ ညံ့ဖျင်းလှ၏။ ကျောင်းသားအချို့ က မှိန်းနေကြသည်၊ အချို့မှာ ဖုန်းဖြင့် ကစားနေကြပြီး အချို့ကတော့ စကားစမြည်ပြောနေကြဆဲ ဖြစ်သည်။

စင်မြင့်ပေါ်မှ ပါမောက္ခ က သူတို့ကို မမြင်နိုင်ဘူးလို့ ထင်နေကြတယ်။

ပရော်ဖက်ဆာလျို သည် နှလုံးသားထဲတွင် ဖော်မပြနိုင်သော နာကျင်မှုကို ခံစားလိုက်ရ၏။ သူ သည် ၁၉၅၀ ခုနှစ်များတွင်မွေးဖွားခဲ့ပြီး ယခုနှစ်တွင် အသက် 70 နီးပါးရှိပြီဖြစ်၏။ သူက အငြိမ်းစားတစ်ဦး၊ ကျောင်းမှ သူ့အား ပြန်လည်ငှားရမ်းထားတာဖြစ်၏။

သူ၏ ကျောင်းသားများ အား တစ်ဦးချင်း နှိုင်းယှဥ်ကြည့်လျှင် သူ့ထက် သာ၍ ပြည့်စုံကြသည်။ အတောက်ပဆုံးသောသူများ သည် ပညာတတ်များပင် ဖြစ်ခဲ့ကြသည်။

အချို့က နိုင်ငံလုံးဆိုင်ရာ သုတေသန ပရောဂျက်ကြီးတွေတောင် ဦးဆောင်ခဲ့၏။

ထူးချွန်သော တပည့်များစွာကို ပြုစုပျိုးထောင်ပေးပြီးနောက် ယခု တတိယအဆင့်တက္ကသိုလ်တွင် သူကိုယ်တိုင် သင်ကြားပြသခဲ့သည်။

ဒီအဘိုးအို မှာ ပိုက်ဆံပြတ်လတ်မနေဘူးကွ!

တတိယအဆင့် တက္ကသိုလ်၏ ဥက္ကဋ္ဌ က အစပိုင်းတွင်၊ ထိုကျောင်းသားများသည် ပညာရေးဆိုင်ရာ အရင်းအမြစ်များ ချို့တဲ့နေသောကြောင့် သင်ကြားပေးရန် မျှော်လင့်သည်ဟု ဆိုကာ သူ့အား လှည့်စားခဲ့၏။ ဒီလိုနဲ့ ဒီအဘိုးအို ရောက်လာခဲ့ရတယ်။

သို့သော် သူရောက်လာပြီးတဲ့ နောက်မှာတော့ ဒီကလေးတွေဟာ သူတို့ကိုယ်သူတို့ စွန့်လွှတ်လိုက်ပြီဆိုတာ သိလိုက်ရတယ်။

သူတို့၏အဆင့်များသည် နောက်ကျနေပြီဖြစ်ပြီး အားစိုက်ထုတ်မပြုခြင်းဖြင့် အခြေခံအားဖြင့် ယိုယွင်းလာခဲ့သည်။

ကျောင်းသားတွေ လက်လျှော့လိုက်တဲ့အခါ ဆရာ က ဘယ်လောက်ပဲ ကြိုးစားကြိုးစား ကယ်တင်လို့ မရဘူး။

ကောင်မလေးတွေက အတန်းထဲမှာ မိတ်ကပ်တွေ တိတ်တဆိတ် လိမ်းကြတယ်။ ကောင်လေးတွေက ဂိမ်းတွေဆော့တယ်။

အဖြစ်အပျက်တွေက ဒီအတိုင်း ဆက်သွားနေဦးမှာလား?

ပရော်ဖက်ဆာလျို အမှန်တကယ်ပင် ဒေါသထွက်လာတော့၏။

သူ သည် ဆင်းရဲမွဲတေတဲ့ခေတ်က လာခဲ့သောကြောင့် စာလေ့လာခွင့်ရခြင်း သည် ဘယ်လောက်ကံကောင်းမှန်း သိတယ်။

ထို့အပြင် တတိယအဆင့်၊ တက္ကသိုလ်တစ်ခု၏ကျောင်းလခမှာလည်း မသက်သာလှပါ။

ဘဝမှာ အောင်မြင်ဖို့အတွက် တခြားသူတွေထက် ပိုကြိုးစားဖို့ လိုတယ်။

သို့သော် ဒီကျောင်းသားတွေဟာ သူတို့ကိုယ်သူတို့ လက်လျော့ထားကြတယ်။

ပရော်ဖက်ဆာလျို တကယ်ကို ဒေါသထွက်လာတယ်! သူသည် စင်မြင့်ပေါ်ရှိ မှတ်စုများကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။ ပြန့်ကျဲနေတဲ့ ဆူညံသံတွေ ထွက်ပေါ်လာတဲ့စာသင်ခန်းကြီးထဲ ချက်ချင်း တိတ်ဆိတ်သွားသည်။

“မင်းတို့ကောင်တွေ စာသင်ဖို့ ဒီကိုလာခဲ့ကြတာ၊ စာမသင်ချင်ရင် ချက်ချင်း ထွက်သွားကြ၊ ဒီနေ့ တက်ရောက်သူအားလုံးကို သုည(၀) ပေးတယ်”

"မင်းတို့ မိသားစုတွေက မင်းကို သင်ယူဖို့ ဒီကို လွှတ်လိုက်တာ၊ ဒါ့ကြောင့် ကျောင်းသားတစ်ယောက်လို နေသင့်တယ်၊ မင်းတို့ အခု ဘယ်လိုပြုမူနေသလဲ ကြည့်ကြစမ်းပါ”

“တက္ကသိုလ်ကျောင်းသားတွေဟာ ပြည်သူတွေကို အလုပ်အကျွေးပြုပြီး နိုင်ငံတော်ရဲ့ မဏ္ဍိုင်ဖြစ်ခဲ့ဖူးတယ်။ ဒါပေမယ့် မင်းတို့ရဲ့လက်ရှိအနေအထားအရ မင်းတို့ကိုမင်းတို့ နိုင်ငံ့မဏ္ဍိုင်လို့ ခေါ်နိုင်သလား?”

"မင်းတို့ တစ်ယောက်ချင်းစီရဲ့ ဝေဖန်စကားတွေကို ငါ ဂရုမစိုက်ဘူး။ စာလုပ်နိုင်ရင် စာလုပ်၊ စာမလုပ်နိုင်ရင် ထွက်သွားကြ၊ ထိုင်ခုံကောင်းတိုင်း လာထိုင်မနေနဲ့”

“အခုကစလို့ တက်ရောက်သူ ပြန်ကောက်မယ်၊ ဒီနေ့မတက်ရောက်တဲ့လူကို စာသင်ဖို့ ပျက်ကွက်တယ်လို့ မှတ်ထားရလိမ့်မယ်”

ကျောင်းသားများ မှာ ရင်ထဲမှ ညည်းတွားကြကုန်၏။

အတန်းမတက်ရောက်သူတွေ အား ချက်ချင်းပင် စာပို့ကြတော့သည်။ “မြန်မြန်လာခဲ့၊ ပါမောက္ခလျို စိတ်ဆိုးနေပြီ”

အဆင့်မြင့် calculus နောက်ဆုံးစာမေးပွဲတွင် လိမ်လည်လှည့်ဖြားဖို့ ဖြစ်နိုင်ချေရှိသည်။

သို့သော် ကျောင်းသားအများစုသည် ဘယ်လိုလှည့်စားရမလဲ နားမလည်သောကြောင့် ဘယ်လိုလိမ်လည်လှည့်ဖြားရမှန်းပင် မသိကြပေ။

အတန်းမတက်ရင် ဒုက္ခရောက်ကြလိမ့်မယ်။

ပရော်ဖက်ဆာလျို က ဒေါသကို ဖြေနေချိန်မှာ ကျောင်းသားတွေ တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြ၏။

နောက်တနာရီလောက်မှာတော့ အားလုံးက သင်ခန်းစာကို နားထောင်ခဲ့ကြသည်။

သို့သော် လူတိုင်းရဲ့မျက်လုံးထဲမှာတော့ မိုက်မဲတဲ့အမူအရာက ရှင်းရှင်းလင်းလင်း တောက်ပနေလေ၏။— ‘ဆရာ့စာတွေကို နားထောင်ပေမဲ့ ငါ လုံးဝနားမလည်ဘူးဟ’ ဟု ဖော်ညွှန်းနေလေ၏။

သူတို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လေးစားမှု နှင့် အတန်းတက်‌ရောက်သည်ကို ပြသဖို့ပင်။ ယင်းလုပ်ရပ်က ပါမောက္ခလျို ကို ခေါင်းကိုက်စေခဲ့သည်။

ဒီလိုဆိုးဝါးတဲ့ ကျောင်းသားတွေကို အရင်က တစ်ခါမှ မသင်ပေးဖူးဘူး။ သူ က ကျောင်းသားများကို စာသင်နေခြင်းထက် နွားတစ်အုပ်နှင့် စကားပြောနေရသည်နှင့်တူနေခဲ့သည်။

အတန်းပြီးသောအခါ ပါမောက္ခလျို ဒေါသထွက်နေခဲ့ကြောင်း ရုံးဝန်ထမ်းများ က ကြားသိပြီး ချက်ချင်း အကြံပေးကြသည်။ “ပါမောက္ခလျို၊ ကျန်းမာရေးကို ဂရုစိုက်ဖို့ လိုအပ်တယ်၊ ဒီကျောင်းသားတွေက သူတို့ကိုယ်သူတို့ အရှုံးပေးနေပြီ၊ သူတို့အပေါ် မှာ ဒေါသထွက်မနေပါနဲ့”

သူသည်လည်း ဤတတိယအဆင့်တက္ကသိုလ်ပေါ်တွင် နားမလည်နိုင်လောက်အောင် ဇွဲလုံ့လရှိနေခဲ့၏။

ဒီအကြောင်းပြချက်ကို သူနားလည်တယ် - သူ နှစ်၅၀ကျော် ကျောင်းဆရာလုပ်ခဲ့လို့ပင်။

သို့သော် အသက်ကြီးလေလေ ခေါင်းမာလာလေလေ ဖြစ်ကာ ရေရွတ်လေ၏။ “ငါ မယုံနိုင်ဘူး။ လူတော်တော်များများမှာ သင်္ချာကို စိတ်ဝင်စားတဲ့သူ တစ်ယောက်မှ မရှိဘူးဆိုတာ မယုံဘူး၊ သင်္ချာ က အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ ဘာသာရပ်တစ်ခုလေ”

တခြားဆရာတွေက သူ့ကို ထပ်ပြီး အကြံမပေးရဲတော့။

သို့သော် သူတို့ထွက်သွားပြီးနောက်မှာ ပါမောက္ခလျို မှာ နှလုံးအားဆေးကို ထုတ်၍ ဆေးနှစ်လုံး မျိုချလိုက်တော့သည်။

ဒုတိယတန်းအတွက် ပါမောက္ခလျို သည် သေချာပြင်ဆင်ပြီး စာသင်ခန်းကြီးဆီသို့ ရေတစ်ခွက်ကို ယူလာခဲ့သည်။

ဒီတခေါက် စာသင်ခန်းထဲ၌ လူပိုများလာသည်။ လူတိုင်း က ပါမောက္ခလျို ဒေါသထွက်မှာ စိုးပြီး အတန်းပျက်ကွက်ဖို့ အဆုံးသတ်ခဲ့ကြသည်။

သို့သော် ဒီတကြိမ် တက်ရောက်သူက မတူဘူး။ ရှေ့ဆုံးတန်းတွင် မျက်နှာသစ်ဖြစ်သော ရှန်းဝေ နှင့် ဟဲလင်းဖုန်း အမည်ရှိ ၅နှစ်သားလေး ရှိ၏။

တက္ကသိုလ်အတန်းချိန်ကို လာတက်တဲ့ ကလေးလေး က ရှေ့ဆုံးတန်းမှာ ထိုင်နေတယ်!

မိန်းကလေးတော်တော်များများ ဟာ ကလေးလေး က အရမ်းချစ်စရာကောင်းတယ်လို့ ထင်တာကြောင့် ခိုးဝှက်ဓာတ်ပုံရိုက်ချင်ကြတယ်။

ဟဲလင်းဖုန်း က ရုပ်ရည်ချောမောသော ကောင်လေးတစ်ယောက်ဖြစ်သည်။ အရင်က ပိန်ပေမယ့် ရှန်းဝေ နဲ့ မူကြိုဝန်ထမ်းတွေရဲ့ အားထုတ်မှုကြောင့် သူ့ပါးပြင်တွေ ပြည့်လာပြီး ချစ်ဖို့ကောင်းလာတယ်!

တတိယအဆင့်၊ တက္ကသိုလ်သည် ပြင်ပလူများအား တချို့အတန်းအား ဝင်ခွင့်မပြုရန် တားမြစ်ထား၏။

သို့သော်အများအားဖြင့်၊ ပြင်ပလူများ က ပြင်ပဘော်လီဘောကစားဖို့ သို့မဟုတ် ရုပ်ရှင်အတန်းများကိုမူ လာတက်ကြသည်။

အဆင့်မြင့်calculusအတန်းကတော့ တက်ရောက်ဖို့ ခွင့်မပြုတဲ့အတန်းထဲ မပါဝင်ဘူး! တက္ကသိုလ်ကျောင်းသားတွေ အံ့သြတကြီး ကြည့်နေကြတယ်။

ပါမောက္ခလျို မရောက်ခင်မှာ စာသင်ခန်းသည် ကလေး၏ တည်ရှိမှုကြောင့် စိတ်လှုပ်ရှားစွာ အော်ဟစ်နေခဲ့ပြီး ပါမောက္ခလျို ဝင်လာသောအခါ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့၏။

သို့သော် ကလေးတစ်ယောက် ပါမောက္ခလျိုရဲ့အတန်းကို လာတက်တယ် ဆိုသည့် သတင်း အား ကျောင်းဝင်းဖိုရမ်မှာ တစ်ယောက်ယောက်က တင်ထားခဲ့ပြီးချေပြီ။ ပျက်ကွက်‌ကျောင်းသားများကလည်း လှောင်ပြောင်စနောက်သော ဝေဖန်စကားများ ချန်ရစ်ခဲ့လေ၏။

[ငယ်ငယ်ရွယ်ရွယ်နဲ့ ပါမောက္ခရဲ့ အတန်းကို တက်ဖို့ စိတ်ကူးထားတယ်ပေါ့]

[ပါမောက္ခလျိုရဲ့ဒေါသက မကြာသေးမီက တောက်လောင်နေခဲ့တာနော်၊ ပါမောက္ခ ဒေါသထွက်လို့ ကလေးလေး ငိုသွားရင် ဘယ်လိုလုပ်မလဲ?]

[ကလေး က ဘာလို့လာတာလဲ? ဘွဲ့ရကျောင်းသားတချို့က ကိုယ်ဝန်ဆောင်သည်တွေ ပြီးတော့ ကလေးတွေကိုပါ အတန်းထဲ ခေါ်လာတက်တယ်လို့ ငါ ကြားဖူးတယ်]

[မဖြစ်နိုင်ပါဘူး။ကလေးကို ခေါ်လာသူက ကျောင်းပန်းလေး၊ ရှန်းဝေဖြစ်နေတာဟေ့!]

ရှန်းဝေ က ဘွဲ့ရတာ မကြာသေး။ တက္ကသိုလ် ၄ နှစ်တာကာလအတွင်း သူမမှာ ကလေးရဖို့ နည်းမရှိသည် အား လူတိုင်း မျက်မြင်တွေ့ခဲ့ကြရသည်။

အဆုံးတွင် အများသဘောတူချက်မှာ စောင့်ရှောက်ပေးမည့်သူမရှိသော ဆွေမျိုးသားချင်းတစ်ဦးဖြစ်နိုင်သောကြောင့် ကလေးကို အတန်းထဲသို့ ခေါ်ဆောင်လာခဲ့ခြင်း ဟု ကောက်ချက်ချခဲ့လေသည်။

ကလေး က ပဲ အရင်ငိုမလား ဒါမှမဟုတ် ပါမောက္ခလျိုပဲ ထွက်သွားမလား ဆိုသည့် အား လူများ က ပို့စ်တွင် မန့်၂၀၀၀ကျော် ဖြင့် တုန့်ပြန်ခဲ့ကြသည်။

တချို့ က စစ်တမ်းတစ်ခုတောင် စတင်ခဲ့လို့ မဟုတ်ရင် သာမန်ပို့စ် ဟာ အသေးအဖွဲ့ဖြစ်လာမှာ ဖြစ်၏။

ဤအခိုက်အတန့်တွင်၊ ခေါင်းစဥ်၏ဗဟိုမှ နှစ်ဦးသည် ကျောင်းဝင်းဖိုရမ်တွင် ဖြစ်ပေါ်လာသော ရူးသွပ်မှုအသေးအမွှားကို လုံးဝသတိမထားမိကြပေ။

ပါမောက္ခလျို သည် ယခင်က ထိုသို့သောကလေးကို မသင်ကြားပေးဖူးသောကြောင့် သူတို့အား ကြိမ်ပေါင်းများစွာ စိုက်ကြည့်နေလေသည်။

ဟဲလင်းဖုန်း က အတန်းများစွာ မတက်ဖူးသော်လည်း ဆရာ့ ကို လေးစားရန် သိ၏။ ပါမောက္ခလျို က သူ့အပေါ် စိုက်ကြည့်သည့်အခါတိုင်း တည့်တည့်မတ်မတ်နဲ့စာသင်ကြားနေသည့် အကြည့်ပင် ရှိ၏။– သတိမထားမိခင်မှာပဲ ကျောင်းသားကြီးတွေရဲ့နှလုံးသားကို အရည်ဖျော်လိုက်မှန်း ဟဲလင်းဖုန်း သတိမထားမိခဲ့။

ပါမောက္ခလျို သည် တစ်စုံတစ်ခုကို တွေးမိပြီး သူတို့နှစ်ယောက် အား မထွက်သွားခိုင်းခဲ့ပဲ ထို့အစား မှန်မှန်ကန်ကန်ပင် သင်ကြားရေးကို စတင်ခဲ့၏။

သူ သည် အမျိုးမျိုးသော ဖော်မြူလာများ၊ သီအိုရီများနှင့် ပြဿနာဖြေရှင်းနည်းများကို သင်ကြားပေးခဲ့သည်။

လူအများစု က ပျင်းရိဖို့ကောင်းတာ တွေ့ရှိခဲ့ကြသည်။ လူတိုင်းရှိနေကြသော်လည်း မကြာမီမှာပင် သူတို့၏စိတ်များ လွင့်ပါးသွားကြလေ၏။ -အချို့ က ဖုန်းဖြင့်ကစားကြပြီး အချို့မှာ စားပွဲခုံတွင် အိပ်နေကြ၏။

သင်္ချာအတန်းတွင် အိပ်စက်ခြင်းသည် အခြားအတန်းများထက် ပို၍ အေးချမ်းသည်ဟု သူတို့ ဆိုကြသည်။

မဟောက်ပဲ တခြားသူတွေအပေါ် မနှောက်ယှက်သရွေ့ အဆင်ပြေချေသည်။

ပါမောက္ခလျို သည် သူ့အတန်း အား ဘယ်သူမှ နားမထောင်ဘူးဆိုတာ သိလိုက်ရတယ်။

ထိုင်ခုံ ၁၂၀ ဆံ့သော စာသင်ခန်းတွင် ထိုင်ခုံတိုင်းနီးပါး နေရာယူထားသည်။ သို့သော် လူတိုင်းကတော့ ကိုယ့်ကိစ္စနဲ့ကိုယ် အလုပ်ရှုပ်နေကြတယ်။

ပါမောက္ခလျို သည် ဒေါသထွက်ချင်ပေမဲ့ သူ့အတန်း အား တစ်စုံတစ်ယောက် အမှန်ပင် နားထောင်နေသည်ဟု သတိပြုမိခဲ့သည်။– သူ့အတွေးဖြစ်စဥ် အနောက်သို့ လိုက်နေသည့် ၅နှစ်သားလေးရဲ့ အကြည့်။

ပါမောက္ခလျို က သင်ကြားနေရာမှ ရပ်လိုက်သော်လည်း တခြားသူများကပင် သတိမထားမိဘဲ ဆက်အိပ်နေခြင်း၊ ကစားခြင်း၊ သို့မဟုတ် ကိုယ့်အရေးကိုသာ လုပ်ဆောင်နေကြ၏။

ပါမောက္ခလျို က ဆက်လက်ပြီး မေးခွန်းပြဿနာကို ထပ်မံရှင်းပြခဲ့တယ်။

ပါမောက္ခလျိုရဲ့သင်ခန်းစာတွေက သိပ်ကောင်းပြီး မျှတချေသည်။

သူ သည် ရှင်းရှင်း လင်းလင်း ရှင်းပြခဲ့ပြီး ယခင်လေ့လာခဲ့သည့် အယူအဆအမျိုးမျိုးကို ချောမွေ့စွာ ပေါင်းစပ်ထားသည်။

သူ သည် တက္ကသိုလ်အဆင့် သင်္ချာဘာသာရပ်ကို သင်ကြားပေးသော်လည်း အထက်တန်းကျောင်းအဆင့် သဘောတရားများစွာကိုပါ ကျောင်းသားများ ပိုမိုနားလည်သဘောပေါက်စေရန် နှင့် အထောက်အကူဖြစ်စေရန် ပိုမိုလက်လှမ်းမီသောနည်းလမ်းဖြင့် ရှင်းပြခဲ့သည်။

သို့သော် သူ၏ကြိုးစားအားထုတ်မှုမှာ အချည်းနှီးဖြစ်မည်ဟု မမျှော်လင့်ခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ သူ က ဆရာတစ်ယောက်ဖြစ်ချေသည်။ စင်မြင့်မှာ ရပ်နေသရွေ့ အောက်မှာထိုင်သူတွေအ‌ပေါ် မျှတရပေမည်။

အသေးစိတ်ရှင်းပြခြင်း သည် ဟဲလင်းဖုန်း အတွက် အလွန်အထောက်အကူဖြစ်ခဲ့သည်။

ထိုအချိန်ကာလဟာ သူ့အတွက် လျင်မြန်သော အသိပညာ ဆည်းပူးမှု ဖြစ်ခဲ့လေ၏။ သူ သည် ချက်ချင်းပင် ဆရာ၏ ဟောပြောချက်ကို နားလည်သဘောပေါက်သွားပြီး သူ၏ စိတ်အားထက်သန်မှု ချက်ခြင်းတိုးလာတော့သည်။ လေ့လာသူတွေနဲ့ မလေ့လာသူတွေကြားက စိတ်နေစိတ်ထား က တော်တော်ကွာခြားတယ်။

ပါမောက္ခလျို မှာ ရုတ်တရက် နည်းနည်း မင်သက်သွားလေ၏။

သူ့သင်ခန်းစာတွေ ကို ဂရုတစိုက် နားထောင်နေပုံရတဲ့ တစ်ယောက်တည်းသူကတော့ ၅ နှစ်သားလေး ဖြစ်နေခဲ့၏။

စူးစမ်းလိုစိတ်ဖြင့် ရယ်မောကာ ကလေးသည် သူ့စကားကို အမှန်တကယ် နားလည်နိုင်ပါ့မလားဟု တွေးတောမိသည်။

မည်သို့ပင်ဆိုစေကာမူ ဤကလေး က အလွန်လိမ္မာရေးခြားရှိလှသည်။

ကလေး က ဘယ်လောက် စုပ်ယူသွားလဲ သိချင်သောကြောင့် မနေနိုင်တော့ဘဲ ချက်ခြင်းပဲ ကလေး ကို သူဘာတွေ သင်ကြားခဲ့လဲ မေးတယ်။

အမှန်တွင် အာရုံစိုက်‌၍ နားထောင်နေသော ကလေးလေး အမှန်တကယ် စေ့စေ့နားထောင်နေသလား သိချင်ရုံသာဖြစ်သည်။ တကယ့်အဖြေမှန်ကို သူ မမျှော်လင့်ခဲ့ဘူး။

ပါမောက္ခ မှ ကလေးကို ခေါ်လိုက်သည် အား ကြားသောအခါ တက်ရောက်လာတဲ့ တခြားသူတွေ ချက်ချင်း လန့်သွားတယ်။

‘လာပြီဟေ့၊ လောင်လျို ကလေးနဲ့ ရန်ဖြစ်တော့မယ်’ ဟူသော ဝေဖန်စကားဖြင့် ကျောင်းဖိုရမ်၌ အဖြစ်အပျက် အား တင်သော ရိုင်းစိုင်းသောလူများပင် ရှိခဲ့သည်။

ကျောင်းသားများသည် စာသင်ရန် ရုန်းကန်နေကြသော်လည်း ရွှမ်းရွှမ်းသော အတင်းအဖျင်းစကားများကြောင့် ဘယ်သောအခါမှ မှုပ်ကုပ်နေကြမည် မဟုတ်ချေ။

ဟဲလင်းဖုန်း က မတ်တပ်ထရပ်၍ ပါမောက္ခလျို၏မေးခွန်းကို ကလေးလေသံကိုသုံး၍ ထပ်ခါတလဲလဲ ပြန်ဖြေပေးခဲ့၏။

ပါမောက္ခလျို ဟာ အစပိုင်းတွင် ခေါင်းညိတ်ပြီး ပြုံးပြသော်လည်း ကလေး၏ တုံ့ပြန်မှုကို ကြားပြီးနောက် မျက်ခုံးပင့်မိပါ၏။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲဟ? ကလေး က အဖြေမှန်ကိုတောင် ပေးခဲ့ပြီး သင်ခန်းစာကို သေချာတောင် ရရှိသေးတာ မဟုတ်ဘူး။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment