Chapter 32
အင်တာနက်သုံးစွဲသူတွေက အစကတော့ ကလေးတွေကို ကြည့်ချင်ပေမဲ့ နောက်ဆုံးမှာတော့ စားဖိုမှူးလျို ရဲ့ သွေးဆောင်မှုကို ခံခဲ့ရတယ်။
[ဘုရားသခင်၊ ဒီမနက် မနက်စာကိုစားလိုက်တာ သိသာပေမဲ့ ငါ့ဗိုက်က မြည်နေပြီဟ]
[ကံကောင်းတဲ့ ပရိသတ်တချို့ လာစားလို့ရမလား၊ ငါတကယ်စားချင်တာ]
[အဲဒီ နာနတ်သီးကို တွေ့လိုက်ကြလား? တင်သွင်းတဲ့ ရွှေနာနတ်သီး ဟ၊ တစ်ပေါင်ကို ဆယ်ဂဏန်းလောက် ပေးရတယ်]
[သစ်သီးကဏ္ဍမှာ ချယ်ရီသီးတွေ ပါပေမယ့် သွင်းကုန်စူပါမားကတ်မှာ ဒီရာသီချယ်ရီသီးတွေကိုတောင် ငါ မကြည့်ရဲခဲ့ဘူး]
[ဘုရားသခင်၊ ကျောင်းရဲ့ အစားအသောက်က အရမ်းကောင်းတာပဲ]
[ဒီဂုံးခြောက်က အရမ်းစျေးကြီးတာ။ အစ်မရဲ့လုပ်ငန်းက ဒီလိုပင်လယ်စာခြောက်လုပ်တာလေ၊ ဒါပေမယ့် ဒီလောက်ကောင်းတဲ့ပစ္စည်းတွေ ငါ့ကိုတောင် မပေးဝံ့ဘူး]
[သူတို့က ဟိုမှာထိုင်စားနေတာ၊ ဘယ်ကလေး က ကောင်းကောင်းစားနေလဲ?]
[ကျန်းပိုင်အဆင့်မြင့်စားသောက်ဆိုင် က စားဖိုမှူးလျို မလား? သူက သာမာန်လူမဟုတ်ဘူး။ အရင်တုန်းကတော့ သူ့ကြောင့် ကျန်းပိုင်စားသောက်ဆိုင်ကို သွားကြတာလေ]
[လွန်ခဲ့တဲ့ ၁၀လလောက် က သူပြင်ဆင်တဲ့ပွဲ ဟာ ယွမ်ငွေ ၁၀၀,၀၀၀ ကျော် ကုန်ကျတယ်]
[ဟုတ်သား..အစက ပြသာနာလာရှာခဲ့တဲ့ ယွမ်ယွမ့်အမေ က ကလေး ဟာ အိမ်ပြန်လာတိုင်း အိမ်မှာ မစားချင်ဘူးလို့ ပြောခဲ့တာကို မှတ်မိကြသေးရဲ့လား၊ မူကြိုကျောင်းမှာ အရမ်းစားလာတဲ့အခါ ဘယ်သူက စားချင်မှာလဲ? အိမ်ပြန်ပြီး အိမ်ကဟာတွေကို ဘယ်သူက စားချင်မှာလဲ?]
[ကလေးက အိမ်မှာ မစားချင်ဘူး၊ သူတို့မိသားစုမှာ ထမင်းလက်ကျန် ဟင်းကျန်တွေ အမြဲ ရောနှောတယ်လို့ ငါ ကြားတယ်၊ လူကြီးတောင် မစားချင်တာ၊ ကလေးဆို မပြောနဲ့တော့]
[ကောင်းပြီ၊ ငါ့တံတွေးတွေ ယိုဖိတ်တော့မယ်၊ အဲဒီအရောင်ကို ကြည့်စမ်း]
[အနံ့ကို ထုတ်လွှတ်နိုင်တဲ့ ကင်မရာ ဘယ်တော့မှ ရှိမှာလဲဟ၊ ငါ တကယ် အနံ့ခံချင်တယ်]
[အဲဒါကို လိုချင်တာ ငါတစ်ယောက်တည်းလို့ ထင်နေတာ၊ ငါ့သူဌေးလည်း ဖုန်းကြည့်ရင်း တံထွေးမျိုချလိုက်တာ ငါ မြင်လိုက်တယ်၊ ကြက်ကြော်ရောင်းဖို့ ရှိလားဗျ]
မကြာမီတွင် ဟင်း၈ပွဲနှင့် ဟင်းချိုတစ်ပွဲ သည် အဆင်သင့်ပင်။
ဟင်းပွဲတိုင်းကို သေချာပြင်ဆင်ထား၏။
ကလေးတွေက စားဖို့ အရင် ရောက်လာကြသည်။ တခြားနေရာ က ကလေးတွေဆို စားသောက်ရန် ချော့ဖို့ လိုအပ်လိမ့်မယ်။
သို့သော် 'ကြယ်ကောင်းကင်မူကြိုကျောင်း' မှ ဒီကလေးတွေ ကက အစာငတ်နေတဲ့ ဝက်ကလေးတွေလို စားသောက်နေကြတာကို ကြည့်ရင်း လူတိုင်း သည် ဝမ်းသာသွားကြတယ်။
အင်တာနက်သုံးစွဲသူတွေ ဟာ ကလေးတွေရဲ့မျက်နှာကို ကြည့်ရင်း ဘယ်ဟင်းက အရသာအရှိဆုံးလဲဆိုတာ ပိုင်းခြားချင်ကြတယ်။
သို့သော် နောက်ဆုံးမှာတော့ ကြည့်ရင်း ဗိုက်ဆာလာစေတော့သည်။
အရမ်းမွှေးမှာပဲ!
[ပိတ်ရက်မှာ တခြားကလေးတွေ ပျော်နေပေမယ့် 'ကြယ်ကောင်းကင်မူကြိုကျောင်း' က ကလေးတွေက ငိုကြမယ်လို့ ငါ ပြောချင်မိတယ်]
[ဟုတ်တယ် အိမ်မှာ ဒီလိုနေရာမရှိဘူး]
ကလေးတွေ ထမင်းစားပြီးနောက် လူကြီးတွေ အလှည့်ဖြစ်၏။
အရွယ်ရောက်ပြီးသူများ မစားမီတွင် စားဖိုမှူးလျို က နေ့လည်စာဘူးကို ထုပ်ပိုးပြီးပြီ။
နေ့လည်စာဘူးထဲတွင် ခုတ်ထစ်ထားသော ကြက်သားကြော်၊ အမဲသားပြုတ်နှင့် အသီးအနှံများ ပါ၀င်သည်။
ဒါတွေအားလုံးဟာ ကလေးတွေ စားချင်ကြတဲ့ ဟင်းပွဲတွေ ဖြစ်ပေသည်။
နင်းဖူပေါင်း ၏ မိသားစု က ခက်ခဲသော အခြေအနေတွင် ရှိနေသောကြောင့် စားဖိုမှူး ဟာ ချက်ပြုတ်ပြီးတိုင်း အိမ်သို့ယူသွားရန် သပ်သပ်ထုပ်ပိုးပေးခဲ့သည်။
သူမ ဟာ ဒီလိုဆက်ဆံခံရသည့် တစ်ဦးတည်းသောလူဖြစ်၏။ တခြားဝန်ထမ်းတွေကတော့ အစားအသောက်ကို အိမ်ပြန်ယူဖို့ ရှက်နေခဲ့သည်။ အဓိကတော့ ဘယ်လောက်ပဲချက်ထားချက်ထား ကုန်အောင် စားနိုင်ကြလို့ ဖြစ်ပေသည်။
နောက်ဆုံးတော့ စားဖိုမှူး က ကလေးတွေ ဗိုက်ပြည့်မှာ စိုးလို့ လျှော့ချက်ဖို့ ကြိုးစားခဲ့သည်။
နောက်ဆုံးတွင် တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးသွားကာ အင်တာနက်အသုံးပြုသူများသည် စားသောက်ရန် စတင်အော်ဒါမှာယူကြတော့သည်။
အစားအသောက်ပို့တဲ့ ပလက်ဖောင်းတွေ သည် ဘာတွေဖြစ်ခဲ့မှန်းမသိဘဲ အော်ဒါတွေနဲ့ ပြည့်လျှံနေခဲ့တယ်။
စုံစမ်းမေးမြန်းပြီးနောက် လူတွေက အစာကို အလွန်တောင့်တတာကြောင့်လို့ သိလိုက်ရတယ်။
နင်းဖူပေါင် သည် အစားအစာကို ပြန်ယူခဲ့ပေမယ့် အဖွားက အပြင်မှာ စားပြီးပြီဆိုတာ တွေ့ရပြီး တခြားသူတွေကို ကျွေးဖို့ တောင်းဆိုခဲ့တယ်။
နင်းဖူပေါင် က နေ့လည်စာကို သယ်၍ ထွက်လာသောအခါ အတန်းဖော်ဟောင်းများကို တွေ့လိုက်ရသည်။
နင်းဖူပေါင်ကို မြင်သောခါ သူတို့ မထိန်းနိုင်ပဲ တံထွေးမြိုချလိုက်ကြသည်။ “နင်တို့မူကြိုကျောင်းက အစားအစာ က တကယ်ပဲ အရသာရှိရဲ့လား?” မနေ့က တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရင်း သူတို့လည်း သရေကျနေခဲ့ကြသည်။
“အမှန်ပဲ၊ ငါ့မှာ ထမင်းဗူးရှိသေးတယ်၊ နင် မယုံရင် အနံ့ခံခွင့်ပြုမယ်!"
ထို့နောက် ထမင်းဗူးကိုဖွင့်လိုက်သည်။ အနံ့တွေ လွင့်ထွက်သွားပြီး တခြားကလေးတွေ က မွှေးရနံ့ကြောင့် လုံး၀ မူးဝေသွားတယ်။
အနံ့မပြင်းခင် နင်ဖူပေါင်း က နေ့လည်စာဗူးကို အမြန်ပိတ်လိုက်တယ်။
ဤကလေးများသည် အလွန်အမင်း သရေကျနေခဲ့သည်။ – ‘တစ်ကိုက်လောက် ကျွေးပါလား?”
ကျန်လူများအားလုံးက နင်းဖူပေါင်း ကို သနားသောမျက်လုံးဖြင့် ကြည့်နေကြသည်။
ဖူပေါင်း က သူတို့ကို ကြည့်ရင်း သနားသွားသည်။ “ဒါပေမဲ့ တစ်ယောက်တစ်ကိုက်စီပဲ ရမှာနော်”
“အိုကေ!"
ကလေးများ နေ့လည်စာဘူးတစ်လုံး မြန်မြန်ဆန်ဆန်အဆုံးသတ်ခဲ့ကြသည်။
အိမ်ပြန်ရောက်ပြီးနောက် ပထမဆုံးလုပ်ခဲ့တာကတော့ 'ကြယ်ကောင်းကင်မူကြိုကျောင်း' ဆီ မိဘတွေကို ပြောင်းရွေ့ခိုင်းတာပါပဲ။
မိဘတွေမှာ ရွေးချယ်စရာမရှိခဲ့ဘူး။ ဤမူကြိုကျောင်းကို သိကတည်းက ကျောင်းပြောင်းချင်ပေမဲ့ မတက်နိုင်ခဲ့ကြဘူး။
နင်းဖူပေါင်း က တကယ်ကံကောင်းတယ်လို့ ပြောရမယ်။
သူမ က တကယ်ကောင်းတဲ့မူကြိုမှာ တက်ရတယ်။
'ကြယ်ကောင်းကင်မူကြိုကျောင်း' သို့ မတက်နိုင်သော ကလေးများသည် နင်းဖူပေါင်ရဲ့နောက်လိုက်ငယ်များ အလိုအလျောက် ဖြစ်လာခဲ့တော့သည်။
သူမ အပြင်သွားတိုင်း သူငယ်ချင်းလေးအဖွဲ့ က အနောက်ကို လိုက်လာတာ က တကယ်ကို သဘောကျဖို့ ကောင်းလှသည်။
သူမ က ဆင်းရဲသော မိသားစုမှ ဆင်းသက်လာသလို အဖွားနှင့်သာ နေထိုင်ပြီး ကလေးများ က သူမနှင့် ကစားခဲသည်။
အခုတော့ အရာအားလုံးပြောင်းလဲသွားပြီ၊ သူငယ်ချင်းတော်တော်များများက သူမနဲ့ကစားဖို့ အစာပြေမုန့် နဲ့ ကစားစရာများ ယူလာခဲ့ကြတယ်။
'ကြယ်ကောင်းကင်မူကြိုကျောင်း' သည် အလွန်နာမည်ကျော်ကြားသည်။
ရှန်းဝေ က ဖန်သားပြင်ပေါ်တွင် ပေါ်လာခဲ့ပြီး လူအများ၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ရတယ်!
ရှန်းဝေမိဘများလည်း မထိန်းနိုင်လောက်အောင် ဂုဏ်ယူခဲ့ကြသည်။
သူတို့သည် အိမ်ခြံမြေ နှင့် နေရာရွှေ့ပြောင်းခြင်း၊ သန်းပေါင်းများစွာကို ခွဲဝေကာ စတော့ရှယ်ယာများတွင်လည်း ရင်းနှီးမြှုပ်နှံခြင်းမှ ချမ်းသာလာခဲ့သည်။ ယခု သူတို့သည် ချမ်းသာသူရာထူးသို့ ဝင်ရောက်လာကြသည်။
သို့သော် သူတို့ဟာ သူဌေးလက်သစ်ဟု အမြဲတမ်း နှိမ့်ချခံရတယ်။
ယင်းကား အရင်တုန်းက လူတွေ ပြောခဲ့တာ ဖြစ်၏။
ယခုမူ ရှန်းဝေမိဘများ ဟာ အခုလိုမြင်ကွင်းမျိုးဖန်တီးနေသည့် သူတို့သမီးကြောင့် ရုတ်တရက် တုန်လှုပ်သွားခဲ့ရသည်။
သူတို့ကို နှိမ့်ချခဲ့ဖူးသူတွေဟာ သူတို့ရဲ့ သားသမီးတွေကို စတင်ဆူပူကြတော့သည်။ “ရှန်းဝေ…မူကြိုကျောင်းထောင်နေတာကို ကြည့်စမ်း၊ အခု အရမ်းကောင်းပြီ၊ မင်းကိုမင်း ကြည့်စမ်း စား၊ သောက်၊ ဆော့ကစားတာကလွဲလို့ ပလေးဘွိုင်တစ်ယောက်ပဲ၊ မင်း ဘာလုပ်နိုင်သလဲ?”
ချမ်းသာသော ဒုတိယမျိုးဆက်ကလေးများ ဟာ မခံစားထိုက်သော ကံဆိုးမှုများ ကြုံတွေ့ခဲ့ရသည်- "မူကြိုကျောင်းလေး ဟာကို၊ လူတိုင်း ဖွင့်နိုင်တယ်”
နောက်ပိုင်းမှာ သူတို့မိဘတွေက ခဏလောက်စဥ်းစားခဲ့ကြပေမယ့် အကြာကြီးတိတ်ဆိတ်သွားပြီးနောက်မှာတော့ ပြောလာခဲ့သည်။ “မေ့လိုက်တော့၊ မင်းမကြိုက်ဘူးပဲဟာ၊ အဆင်မပြေရင် မင်းအတွက် အရှုပ်အထွေးတွေကို ရှင်းပေးရလိမ့်မယ်”
တစ်နည်းနည်းနဲ့ ဒီစကားဟာ ရှန်းဝေမိဘတွေရဲ့နားထဲ ရောက်သွားခဲ့တယ်။
ရှန်းဝေမိဘများ ဟာ အပျော်လွန်ပြီး သမီးဆီ လည်ပတ်၍ ကျောင်းသို့ လည်ပတ်ရန် အခွင့်အရေးယူလိုခဲ့ကြသည်။
သူတို့သည် ဤနေရာတွင် အလုပ်ရှာရန် စီစဥ်ခဲ့ကြပြီး ‘အင်တာနက် ကျော်ကြားသူများ’ ဖြစ်ခြင်း၏ အရသာကို ရယူရန် အွန်လိုင်းတွင်ပင် ပေါ်လာနိုင်သည်။