Chapter 19
ကျဥ်းမြောင်းပြီး မှောင်မိုက်နေသော အခန်းတစ်ခုတွင် လီရီ အမည်ရှိ ခြေထောက်မသန်မစွမ်း၊အမျိုးသားတစ်ဦး သည် ခြေထောက်တဖက်ကို တွဲလောင်းချထားကာ စားပွဲတစ်ခု၌ ငုတ်တုတ်ထိုင်နေ၏။ သစ်သားခြေတုကိုလည်း အနီးတွင် ချထား၏။
ခြေတု က ဟောင်းနွမ်းနေပြီး အစားထိုးသင့်တာ ကြာပြီ။ ဆေးဘက်ဆိုင်ရာနည်းပညာများ တိုးတက်လာသည်နှင့်အမျှ ခြေတုများ ကို ယခုအခါ biomimeticနည်းဖြင့် ထုတ်လုပ်နိုင်ချေပြီ။ ငွေအလုံအလောက်ရှိသောကြောင့် ခြေတု အား ပုံစံအမျိုးမျိုးဖြင့် အသုံးပြုနိုင်မည်ဖြစ်ပြီး ဝတ်ဆင်သူအတွက် ပိုမိုကောင်းမွန်သော သက်တောင့်သက်သာဖြစ်စေလိမ့်မည်။
သို့သော် ယခုခြေတု က သက်တောင့်သက်သာ မရှိတာ ထင်ရှား၏။
ခြံဝင်းထဲတွင် မိသားစုတစ်စု အငြင်းအခုံဖြစ်နေကြသည်။ လီရီ က သူ့ခယ်မ၏အော်သံ ကို ကြားနေရသည်။ “ဒုတိယလီ၊ ငါ့စကားကို နားထောင်၊ အဲအသုံးမဝင်တဲ့လူကို ဆက်လက်ထိန်းသိမ်းနေမယ်ဆိုရင် ငါ နင်နဲ့ကွာမယ်”
“ဒါပေမဲ့ ငါ ဘာလုပ်ရမလဲ? သူ က ငါ့အစ်ကိုလေ”
သူ့မိဘတွေက ပြောလာခဲ့သည်။ “မိသားစုပဲဟာ၊ အဲဒီလိုရူပ်စရာ မလိုဘူး”
“ငါ ဘေးဖယ်ထားပေမဲ့ အခုနှစ်တွေ အတော်ကြာပြီလေ၊ သူ့ကို ဆက်ပြီး ထောက်ပံ့နေမယ်ဆိုရင် ငါ့သားနဲ့သမီးကကော သူ့ကို ပံ့ပိုးပေးရမှာလား? ဒီလိုမျိုး နှောင့်ယှက်တာထက် ငါတို့ကွာရှင်းလိုက်တာ ပိုကောင်းတယ်" ဟု ခယ်မ၏အသံတိုးတိုးကို ကြားရ၏။
လူတိုင်း က ဈေးပေါသောသရုပ်ဆောင်ရာမှာ ပါဝင်ခဲ့ကြတယ်။
သူတို့၏ အသံများသည် အခန်းထဲသို့ ကျယ်လောင်စွာ တိုးဝင်လာပြီး လီရီ အတိုင်းသားကြားနေရ၏။
ယခု၊ အသက်၄၀အရွယ် လီရီ သည် လှောင်ပြောင်ပြုံးလေးတပ်ဆင်ထား၏။ ဒါဆို အခု သူ မသန်မစွမ်းဖြစ်နေလို့ စိတ်ပျက်နေပြီပေါ့?
မသန်မစွမ်းမဖြစ်ခင်က သူ သည် စစ်သည်များကြားထဲ သူရဲကောင်းဖြစ်ခဲ့၏။ နောက်ပိုင်းမှာ မတော်တဆမှုကြောင့် မသန်မစွမ်းဖြစ်ရခြင်းဖြစ်၏။
သို့သော် မတော်တဆမှုကြောင့် သူ့အလုပ်ကနေ လျော်ကြေးယွမ် ၅၀၀,၀၀၀ ကျော်ရရှိခဲ့သည်။ နှစ်ပေါင်းများစွာ လုပ်သက်ပင်စင်နှင့် ပေါင်းလျှင် ယွမ် ၁သန်းရခဲ့၏။ ဒါက သူ့ဆေးဖိုးကို ကာမိစေဖို့ လုံလောက်၏။
သို့သော် အဲဒီတုန်းက သူ့မိဘတွေ သည် သူ့ညီလေး လက်ထပ်ရာတွင် ကူညီဖို့ ပိုက်ဆံသုံးရန် ဖိအားပေးခဲ့ကြသည်။
ထို့နောက် သူတို့ ဟာ အမျိုးမျိုးသော ငိုကြွေးသံများဖြင့် သူ့ပိုက်ဆံကို လှည့်စားလာခဲ့ကြတယ်။
အခု လီရီ မှာ ပိုက်ဆံမကျန်တော့၊ လစဥ်ပင်စင်ကြေး ယွမ်ရာဂဏာန်းသာ ကျန်တော့သည်။ နောက်တော့ မိသားစု က သူ စိတ်ဆိုးစေဖို့ နည်းလမ်းတွေ ရှာလာကြတယ်!
အရင်ကတော့ မသိမသာလုပ်တယ်။ အခုတော့ သူတို့က အဲဒါကို ပွင့်လင်းမြင်သာစွာ သယ်လာကြတယ်။
သူ့မိဘတွေက ဝင်မစွက်ဖက်ကြဘူး။
သူ့ညီရဲ့စကားလုံးတွေက ကောင်းပေမဲ့ သူ့ညီရဲ့သဘောဆန္ဒမပါရင် ဒီကိစ္စကို ဘယ်လိုလုပ် ပွင့်ပွင့်လင်းလင်း ပြောနိုင်မှာလဲ?
အမှန်မှာ၊ သူတို့အားလုံး သည် လီရီ အား မိသားစုမှ ထွက်ခွာရန် ဖိအားပေးနေခြင်း ဖြစ်၏။
‘လောကကြီးက ယုတ်မာတယ်၊ လူတွေရဲ့ စိတ်ဓာတ်တွေက ပျော့ညံ့တယ်’
သူတို့တွေ က သူ့မိဘနဲ့ညီ ဖြစ်သည်။
သူ သန်မာ၍ စွမ်းဆောင်နိုင်သောအခါ၌ ဂုဏ်ယူကြ၏။ အခုတော့ အရာအားလုံးပြောင်းလဲချေပြီ။
မိဘနှင့်ညီအစ်ကိုမောင်နှမများဟာ တန်းတူရည်တူ အခွင့်ကောင်းယူခဲ့ကြ၏။
ဤအိမ်မှာ နှစ်ပေါင်း ၄၀ ကျော် သူနေထိုင်ခဲ့သည့် အိမ်ဖြစ်ပြီး သူတို့အားလုံးက သူ့ကို နှင်ထုတ်ချင်နေကြတယ်။
မသန်မစွမ်းဖြစ်ပြီး အသက်အရွယ်ကြီးရင့်နေပေမယ့် သူ့မှာ မာနရှိနေတုန်းပဲ။
အဆင်မပြေသော သစ်သားခြေတုကို ခြေထောက်တွင် ပတ်ပြီးနောက် တံခါးကို တွန်းထုတ်လိုက်၏။
ခြံဝင်းသည် အငြင်းအခုံဖြစ်ခဲ့သော်လည်း လူတိုင်း က သူ့ကိုမြင်သောအခါ ငြိမ်သက်သွားကြသည်။
“ငါ ထွက်သွားတော့မယ်၊ အခုကစလို့ ခင်ဗျားတို့မှာ အစ်ကိုကြီးတစ်ယောက်၊ သားတစ်ယောက် ဘယ်တုန်းကမှ မရှိခဲ့ဘူး”
သူတို့၏ရန်ပွဲ က သူ့ အား နက်နက်ရှိုင်းရှိုင်း ထိခိုက်စေခဲ့သည်။
သူ့ဘဝဖြင့် သူရထားသည့် ယွမ်၁သန်းကျော်ဖြင့် သူ့မိဘတွေကို ကျေးဇူးကို ပြန်ဆပ်ဖို့ ရည်ရွယ်ထားခဲ့တာဖြစ်၏.
ထိုငွေ က ဤဘဝတွင် သူ၏ မိဘများနှင့် မောင်နှမများနှင့် ညီအကိုနှောင်ကြိုးကို ဖြတ်တောက်ပစ်ခဲ့သည်။ သို့တိုင် သူ အမိမြေနဲ့မိသားစုအတွက် သူ့အကြွေးကို ဆပ်ပေးပြီးပြီ!
သူ့ညီနဲ့မိဘတွေက အကြီးသားဖြစ်သည့် သူ့အား ရှေ့တန်း ကို အတင်းအကြပ်ထွက်ခိုင်းခဲ့ကြတာ ဖြစ်၏။
သို့သော် အခု သူ ရှိနေတော့ သူတို့ မသက်မသာခံစားရတယ်။ သူ့အဖေ က ပြောလာသည်။ “အဲဒါက ဘယ်လိုစကားမျိုးလဲ? ဒီလိုသာဆို နောက်ပိုင်းမှာ မင်းညီ လူအများအလယ်မှာ ဘယ်လိုလုပ် မျက်နှာထွက်ပြနိုင်တော့မှာလဲ?”
လီရီ က "ကျွန်တော့်ဆီက စကားနည်းနည်းကို သူက လက်မခံနိုင်ဘူးလား? ကောင်းပြီလေ၊ ကျွန်တော် ပြောခဲ့တာကို ပြန်ရုတ်သိမ်းတယ်!” ဟု ဆိုကာ ပြက်ရယ်ပြု၍ အထဲသို့ ပြန်ဝင်ဖို့ လှည့်ဝင်လိုက်၏။
"ဘာမှမဟုတ်ဘူး၊ အခုစလို့ ကျွန်တော်က ခင်ဗျားရဲ့သား မဟုတ်ဘူးဆိုတာ ပြောပြချင်ရုံပဲ”
သူ့ညီ သည် အမြဲတမ်း သာလွန်သည်ဟု ခံစားရသော်လည်း အခုအချိန်တွင် ထိတ်လန့်နေ၏။ သူ ချစ်ရတဲ့အစ်ကိုကြီး တကယ်ထွက်သွားတော့မယ်!
ထိုအချိန်တွင် သူ့ခယ်မ က ထပ်ပြောလာ၏။ “အိုး၊ တကယ်ပဲလား? နောက်မှ ထောက်ပံ့ပေးဖို့ ငါတို့ဆီ ပြန်မလာခဲ့နဲ့"
လီရီ သည် ယခု အမှန်တကယ်ပင် ဒေါသဖြစ်နေသည်။ "တော်လောက်ပြီ၊ ငါ ပြောတာ ငါ သိတယ်၊ အခုစလို့ ငါ့မိဘတွေက မင်းတာဝန်ဖြစ်သွားပြီ၊ ငါ့ကို ဘယ်တော့မှ ထပ်မရှာနဲ့"
“ငါတို့ က နင့်ကို ဘာလို့လာရှာရမှာလဲ? နင့်ဟာနင်တောင် မထောက်ပံ့နိုင်တာ၊ ကောင်းပြီလေ၊ နင် ထွက်သွားဖို့ ဆုံးဖြတ်ကတည်းက ငါတို့ကလည်း နင့်ကို ဆွဲထားမှာ မဟုတ်ဘူး၊ ပြောရရင် တိုင်းပြည်အတွက် နင့်ခြေထောက်တဖက် ဆုံးရူံးသွားတာဖြစ်လို့ နင့်အကူအညီမပါပဲ တိုင်းပြည်ကပဲ သေချာပေါက် ငါတို့ကို ထောက်ပံ့ပေးရမှာပေါ့!” ခယ်မကလည်း မဆုတ်မနစ် ပြန်ပြော၏။
သူမ ထပ်ဖြည့်ပြောပြန်၏။ “နင် ထွက်သွားဖို့ ဆုံးဖြတ်ပြီးကတည်းက ဒီအခန်းက ဝေအာ အတွက်ပဲ” ဝေအာ မှာ သူတို့သား၏နာမည်ပင်။
သူတို့ သည် ပျက်စီးနေသောအိမ်ကို ရတနာကဲ့သို့ သဘောထားကာ သိမ်းပိုက်ခံရမည် ကို ကြောက်နေကြသည်။
လီရီ၏နှလုံးသားသည် ပို၍ နစ်မြုပ်သွားသည်။ "စိတ်မပူပါနဲ့၊ မင်းရဲ့အိမ်ကို တစ်လက်မတောင် မယူဘူး။ အားလုံးပြီးသွားပြီဆိုတော့ ခွဲခွာခြင်းဆိုတဲ့ စာရွက်လေးရေးပြီးတာနဲ့ ငါချက်ချင်း ထွက်သွားမှာ"
ခယ်မ က တိုက်တွန်းလေသည်။ “သူ့အတွက် ရေးပေးလိုက်”
ဤအခွင့်အရေး လက်လွှတ်ခံရမှာ စိုး၏။ ထို့နောက် သူတို့ ခွဲထွက်ခြင်းစာချုပ် ကို ရေးသားပြီးနောက် လက်ဗွေနှိပ်ကာ သက်သေတောင် ခေါ်ခဲ့ကြတယ်!
ပြင်ပအိမ်နီးချင်းဟောင်းများ က သက်ပြင်းချလေသည်။ “ပိုက်ဆံကြောင့်ပဲ”
အချို့က လီရီဖခင်ကိုပင် အပြစ်တင်ကြသည်။ “မင်း တကယ်ငတုံးပဲ၊ အကြင်ကြင်နာနာနဲ့ လိုက်လျောညီထွေ ပြုမူနေတဲ့ မင်းရဲ့သားအကြီးဆုံးကို ရက်ရက်စက်စက်ဆက်ဆံတယ်၊ မင်းတို့မိသားစု မသိတက်ကြဘူး။ ကံကြမ္မာက အပြစ်ပေးမှာ မကြောက်ဘူးလား?”
ဤနေရာရှိ နေထိုင်သူတွေ က ပြတ်ပြတ်သားသားပြောဆိုကြသည်။
လီရီ၏ဖခင်သည် ဖျော့တော့သွားသည်။ "ဒါက မိသားစုကိစ္စ၊ မင်းတို့ စိတ်ပူနေဖို့ မလိုဘူး”
သူ့သားအကြီးဆုံး က အထင်ကြီးစရာကောင်းမှန်း သိခဲ့ပေမဲ့ အခုတော့ သားအကြီးဆုံးရဲ့ကံက နိမ့်နေပြီ မဟုတ်ဘူးလား?
အသက် ၄၀ ကျော်သာရှိသေးပြီး အလုပ်မလုပ်နိုင်၊ ဝင်ငွေမရှာနိုင်ဘဲ တနေ့ပြီးတနေ့ မိသားစု၏ထောက်ပံ့မှုကို မှီခိုအားထားနေရ၏။ ဘယ်သူက သည်းခံနိုင်မှာလဲ?
ထို့အပြင် နှစ်အနည်းငယ်အတွင်း ဤဧရိယာရှိ အိမ်များကို ပြန်လည်တည်ဆောက်ရန်အတွက် ယွမ် ၁.၈ သန်း ထောက်ပံ့ပေးနိုင်ဖွယ် ရှိသည်ဟု သတင်းရထားသည်။ လူတစ်ယောက်နည်းသွားသည်နှင့် သူတို့အားလုံး ပိုကြီးမားသောဝေစု ကို ရနိုင်သည်။
ထို့ကြောင့် ရွာသူကြီး ကို မျက်မြင်သက်သေထား၍ ခွဲထွက်ခွင့် အား တရားဝင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ လီရီ လှည့်ထွက်သွားခဲ့၏။
ရွာသူကြီးတောင်မှ မျက်မြင်သက်သေနေရာ၌ ကြည့်နေရတာ အဆင်မပြေဘူး။ “မင်း ဘယ်လဲ? မင်းမှာနေစရာမရှိရင် ငါ့အိမ်မှာ ရက်နည်းနည်းနေချည်”
“ကျွန်တော့်မိဘတွေ က ကျွန်တော့်ကို မထားချင်မှတော့ ဒီမှာ ကြာကြာမနေချင်ဘူး”
ဘယ်သူကမှ ဘာမှ ထပ်မပြောခဲ့။
ထိုအချိန်တွင် လီရီ ထံ ဖုန်းဝင်လာသည်။ သူ့ရဲ့ ဈေးသက်သာတဲ့ ခေါက်ဖုန်းအဟောင်း က WeChat ကိုတောင် ဖွင့်လို့မရဘူး။ အကြမ်းခံပြီး ဈေးသက်သာသော ဖုန်းတစ်လုံးဖြစ်၏။
အရေးအကြီးဆုံးကတော့ အသံကျယ်တဲ့ စပီကာပါရှိတယ်။ ရွာလူကြီးတောင် ဒီလိုဖုန်း ကိုမသုံးတော့ဘူး။
သို့သော် လီရီ သည် မကြာသေးမီနှစ်များအတွင်းက ခက်ခဲသောအခြေအနေများကြောင့် သူ့အသက်စွန့်စားပြီးမှ ရသည့် ငွေတစ်ရာခိုင်နှုန်းကိုပင် အသုံးမပြုခဲ့ပေ။
ရွာထဲက ကျိုးကြောင်းဆီလျော်တဲ့ လူတွေ ဟာ သူ့ကိုယ်စား ဒေါသထွက်လာကြတယ်။
လီရီ ဖုန်းဖြေဆိုလိုက်၏။
တခြားတဖက်မှ အသံ ထွက်ပေါ်လာ၏။ “ဟဲလို၊ 'ကြယ်ကောင်းကင်မူကြိုကျောင်း'ကပါ၊ ကျွန်မတို့အတွက် အလုပ်လုပ်ပေးနိုင်ပါသလား? ကျွန်မတို့ နေစရာနဲ့အစားအသောက် ထောက်ပံ့ပေးပါမယ်၊ တစ်လကို ယွမ် ၂၀,၀၀၀ပါ၊ ဘယ်လိုထင်ပါသလဲ?” စကားပြောသူမှာ ရှန်းဝေ ဖြစ်၏။
ကြွက်စုတ်မိန်းမ ပြသာနာရှာသည့်အချိန်က စ၍ ရှန်းဝေ သည် သင့်လျော်သူတစ်ဦးကို ရှာဖွေရန် စိတ်အားထက်သန်နေခဲ့သည်။ စနစ်မှ လီရီ ကို အကြံပြုခဲ့သည်။
သူ သည် ခြေထောက်တစ်ချောင်း ဆုံးရှုံးခဲ့သော်လည်း၊ စစ်သားဟောင်းတစ်ဦးအနေဖြင့် တိုက်ခိုက်ရေးစွမ်းရည်မှာ သာမန်လူ ၁၀ ဦးနှင့် မယှဥ်နိုင်ပေ။
သာမန်ပုံပေါက်သော်လည်း အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသူတစ်ဦးကို လိုအပ်၏။ ငွေရေးကြေးရေး ကိစ္စမရှိတာကြောင့် အမြင့်ဆုံးလစာကို သူမ ကမ်းလှမ်းခဲ့တယ်!
စနစ် သည် ယခင်က လီရီ ထံ တကြိမ်ဖုန်းခေါ်ဆိုခဲ့ပြီးဖြစ်သော်လည်း လက်ရှိအနေအထား မရောက်ခင်အထိ လီရီ သဘောမတူခဲ့ဘူး။
သို့သော် ရှန်းဝေ၏အရေးတကြီးတောင်းဆိုချက်နှင့် လက်ရှိမိသားစုအခြေအနေအရ လီရီ ချက်ချင်း တုန့်ပြန်ခဲ့သည်။ “ကောင်းပါပြီ၊ မကြာခင် ကျွန်တော် လာခဲ့မယ်”
ဖုန်းချပြီးနောက်တွင် အားလုံး က သူ့ကို ကွဲပြားစွာ ကြည့်ကြသည်။
ဒီမြို့ရွာလေးမှာ ဘဝက အတော်ခက်ခဲလှ၏။
သူတို့ရှေ့တွင် ပြန်လည်ဖွံ့ဖြိုးလာမည့်အလားအလာ ရှိသော်လည်း လက်တွေ့တွင် လူများဟာ အပြင်တွင် အလုပ်လုပ်ပေမဲ့ တလလျှင် ယွမ်၂၀၀၀ တောင် မရှာနိုင်ကြချေ။
မူကြိုကျောင်း၌ လီရီ က တလလျှင် ယွမ် ၂၀,၀၀၀ ဝင်ငွေရနိုင်သည်ဟု ကြားသောအခါ သူတို့၏မျက်လုံးများသည် မနာလိုစိတ်များ တောက်ပလာသည်။
ထို့နောက် လီရီ၏ ဆွေမျိုးများက ထူးဆန်းသော အမူအရာဖြင့် ကြည့်လာကြတော့သည်။
လီရီ၏ညီ က ပြင်းထန်စွာ တုံ့ပြန်ခဲ့သည်။ “အစ်ကို၊ ဘာတွေဖြစ်နေတာလဲ? မင်း ဒါကို တစ်ခါမှ မပြောဖူးပါဘူး”
“ငါ မင်းကို ပြောလိုက်မယ်၊ ငါ့ဆီက ဒီငွေနည်းနည်းလေးတောင် မင်း ယူပြီးသွားပြီ!”
ညီဖြစ်သူ၏မျက်နှာမှာ ဖြူတလှည့်နီတစ်လှည့် ပြောင်းလဲသွား၏။
သူ့ခယ်မက လှောင်ပြောင်၏။ “နင် ငွေ ၂၀,၀၀၀ ရှာနိုင်ရင် ကိုယ့်ခြေထောက်နဲ့ကိုယ် အလုပ်လုပ်နေတဲ့ ဒီလူတွေ များများစားစား ရှာဖို့ မလိုအပ်ဘူး၊ ဒါ့ကြောင့် နင် ကြွားလုံးထုတ်နိုင်တယ်”
“ငါ့တစ်လဝင်ငွေက ယွမ်၂၀,၀၀၀ ဟုတ်ဟုတ် မဟုတ်ဟုတ် မင်းနဲ့ဘာမှမဆိုင်ဘူး၊ အိမ်နဲ့ပတ်သက်လို့ အိမ်မက်ကြီးကိုသာ ဆက်မက်နေလိုက်စမ်းပါ!"
အခြားသူများ မသိသော်လည်း လီရီတွင် မယုံနိုင်လောက်အောင် အစွမ်းအစရှိသော စစ်သားသူငယ်ချင်းအချို့ရှိသည်။
ဤလုပ်ဖော်ကိုင်ဖက်များက ဤနေရာ၌ သူ့နေထိုင်တာကို သိကြပြီး အတွင်းပိုင်း အချက်အလက်များကို အတိအကျ ပြောပြခဲ့ကြသည်။ မြေအောက်ရထားလိုင်းကို လမ်းကြောင်းပြောင်းလိုက်သောကြောင့် ပြန်လည်ဖွံ့ဖြိုးတိုးတက်ရန် ဒီဧရိယာကို ဖြိုချတော့မှာ မဟုတ်ဘူး ဟူ၍။
အိမ်များဖြိုချပြီး ပြန်လည်တည်ဆောက်ခြင်းဖြင့် နေ့ချင်းညချင်း ချမ်းသာလာခြင်း၏ ဒဏ္ဍာရီပုံပြင် သည် အတိတ်မှာသာ တည်ရှိ၏။
ပြန်လည် ဖွံ့ဖြိုးတိုးတက်ရေး အိပ်မက်ကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားပြီး သူ့ကို နှင်ထုတ်လိုက်လျှင် အနှေးနဲ့အမြန် နောင်တရကြလိမ့်မည်။