no

Font
Theme

Chapter 6

ကားဒါရိုက်ဘာ၊ ကျောင်းတာ့မင်း သည် လည်း ရှန်းဝေ ထံမှ အလုပ်ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့သည်။

သူ၏ လက်ရှိအလုပ်မှာ အဓိကအားဖြင့် ခေါင်းဆောင်များအတွက် မောင်းနှင်ခြင်းဖြစ်ပြီး ယာယီရာထူးသာဖြစ်၏။

ကျောင်းတာ့မင်၏မောင်းနှင်မှုစွမ်းရည်သည် သူ၏အလုပ်တစ်ခုလုံးတွင် ကျော်ကြား၏။

ကားမူးတဲ့ခေါင်းဆောင်တွေအတွက်တော့ ကျောင်းတာ့မင်နဲ့အတူစီးရတာက မအီမသာဖြစ်ရတယ်။

ကျောင်းတာ့မင် က ကားမှန်မှန်မောင်းတက်သူဖြစ်၏။

အထူးသဖြင့် လမ်းပြောင်းပြန် ပါကင်သို့ ရောက်သောအခါ ချောမွေ့လွန်းသဖြင့် လူများ အံ့သြသွားကြသည်။

ကမ်းလှမ်းမှုကို ပထမဆုံးလက်ခံရရှိချိန်တွင် ၎င်း က လိမ်လည်မှုတစ်ခုဖြစ်သည်ဟု သူ ထင်ခဲ့သည်။ ယနေ့ခေတ်တွင် လစာများကြီးမြင့်သည်ဟု မကြာခဏ လိမ်လည်လှည့်ဖြားမှုများ အများအပြားရှိခဲ့သည်။

သူ လုံးဝ အလေးအနက်မထားခဲ့ဘူး။

ကြီးကြီးမားမား အဖြစ်အပျက်တစ်ခုကြောင့် ဇနီးသည် က သူ့ကို ဖုန်းဆက်လာပြီး အိမ်ပြန်လာခိုင်းခဲ့တယ်!

အလုပ်တွင် ကားမောင်းပေးဖို့ မလိုအပ်သေးသောကြောင့် ကျောင်းတာ့မင် က ခေါင်းဆောင်ကို ရိုးရှင်းစွာ အသိပေးခဲ့သည်။

ဇနီးသည် ပြောပြခဲ့သည့် ‘ကြီးမားသည့် အဖြစ်အပျက်’ က ဘာလဲဆိုတာ မသိတာကြောင့် သူ အလွန်ပူပန်ခဲ့ရ၏။

သူအိမ်ပြန်ရောက်သည်နှင့် အံသြသွားသည်—အကျွမ်းတဝင်ရှိသော စင်္ကြံ မှာ ဆေးသုတ်ထားတာများ ရှိဆဲ။

သို့သော် လတ်ဆတ်သော အနီရောင်ဆေးသည် သွေးနှင့်တူလေ၏၊ ထိတ်လန့်ဖွယ်ရာမြင်ကွင်းပင်။

ကျောင်းတာ့မင်၏နှလုံးသား တင်းမာသွား၏။ အလုပ်မှာ ဘယ်သူ့ကိုမှ မစော်ကားခဲ့ဘူး။ သူသည် ကားသမားသာဖြစ်ပြီး မြေကမ္ဘာပြိုကျအောင် ဘာတစ်ခုမှ မလုပ်ခဲ့ဘူး။ ဆိုတော့ကား ဘာတွေများလဲ?

သူ့သော့ကို ထုတ်လိုက်ရင်း လက်တွေတုန်နေ၏။ အထဲကို ဝင်လိုက်တာနဲ့ သူ့မိန်းမ မျက်လုံးတွေ နီရဲနေပြီး ငိုနေတာကို တွေ့လိုက်ရတယ်။

"ဘာဖြစ်တာလဲ?" ကျောင်းတာ့မင် မေးလိုက်သည်။

သူ့မိန်းမက ဘာမှပြန်မပြောပေမယ့် သူမရင်ဘတ်က တဒိန်းဒိန်းတက်လိုက်ကျလိုက်ရှိ၏။

ကျောင်းတာ့မင် သည် ရင်ဘတ်တွင် တင်းကျပ်မှုကို ခံစားလိုက်ရသည်။ "ငါတို့ ရဲခေါ်ရမလား"

"မဟုတ်ဘူး၊ ရဲခေါ်လို့မရဘူး!" သူ့မိန်းမ က တုန်လှုပ်စွာပြောသည်။

နောက်ဆုံးတွင် သူမ လက်ညိုးထိုးပြလိုက်ရာ ကျောင်းတာ့မင် သည် ကျောင်းတက်ရမည့် သူတို့၏သား က ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက် ရှိနေသည်ကို သိလိုက်ရသည်။

သူတို့သည် တစ်အိမ်ထောင်လျှင် ကလေးတစ်ယောက် ဆိုသည့် မူဝါဒကို တင်းတင်းကျပ်ကျပ် လိုက်နာခဲ့သည်။

ဤသားသည် ရတနာကဲ့သို့ မြတ်နိုးအပ်သော သူတို့၏ တစ်ဦးတည်းသောသား ဖြစ်လေ၏။

လင်မယား၂ယောက်မှာ ပိုက်ဆံအများကြီးမရှိပေမယ့် သားအပေါ် အမြဲအလိုလိုက်ခဲ့၏။

ကလေး က ပြည်နယ်ရှိ ဒုတိယအဆင့်တက္ကသိုလ်တွင် တက်ရောက်နေပြီး ရမှတ် ၅၀၀ကျော်ရကာ အလားအလာ ကောင်း၏။ ဘွဲ့ရပြီးနောက် အလုပ်ရှာတာက ပြဿနာမဖြစ်သင့်ဘူး။

ယခုမူ သား က ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသည်ကို မြင်လိုက်ရတော့ ကျောင်းတာ့မင်၏ စိတ်ထဲတွင် လွတ်သွားသည်။ "ဘာဖြစ်တာလဲ?"

သား က ဘယ်လောက်ကြာကြာ ငိုခဲ့သလဲတော့မသိ မျက်လုံးတွေ နီရဲပြီး နှုတ်ခမ်းတွေ တုန်နေ၏။

ဇနီးသည်က သားအပေါ် ဒေါသထွက်နေသော်လည်း သား၏ပုံစံကို ကြည့်ရင်း သူမ သည်းမခံနိုင်တော့။ “အွန်လိုင်းချေးငွေကနေ ပိုက်ဆံချေးထားတယ်လေ”

အွန်လိုင်းချေးငွေ?

“ဘယ်လောက်တောင် အကြွေးတင်နေလို့လဲ?” ကျောင်းတာ့မင် အော်လုနီးပါး စကားပြောလိုက်၏။

“ယွမ် ၈၀၀,၀၀၀”

ကျောင်းတာ့မင် မေ့လဲမတက်ပင်ဖြစ်သွား၏။

ချက်ချင်းဆိုသလိုပဲ မိန်းမနဲ့သား က ကူကိုင်ပေးထား၏။ “တာ့မင်း၊ ကျွန်မတို့ကို မခြောက်ပါနဲ့၊ ရှင် က ကျွန်မတို့မိသားစုရဲ့ထောက်တိုင်ပါ၊ ရှင် တောင့်မခံနိုင်ရင် ကျွန်မတို့အားလုံး ပြီးသွားလိမ့်မယ်”

ကျောင်းတာ့မင်း ပြန်လည်ကောင်းမွန်ရန် အချိန်အတော်ကြာခဲ့သည်။

‘ယွမ် ၈၀၀,၀၀၀’ — စိတ်ပျက်အားငယ်မှုတစ်ခု သူ့ရင်ထဲ တိုးဝင်လာ၏။

သူတို့ဘဝတစ်ခုလုံး စုဆောင်းငွေမှာ ယွမ်ငွေ ၁၀၀,၀၀၀ သာရှိသည်။

ဒီအိမ်ဟောင်းကို ရောင်းမယ်ဆိုရင်တောင် ယွမ် ၃၀၀,၀၀၀ ပဲ ရရှိမှာ ဖြစ်တယ်။

သူ့လစာ တစ်လ ယွမ် ၂၀၀၀ ကျော်သာရပြီး သူ့မိန်းမ က အလုပ်မလုပ်တော့ ကျန်တဲ့ ယွမ် ၄၀၀,၀၀၀ ကို ဘယ်ကရမလဲ?

မစားမသောက်ရရင်တောင် များများစားစား မတတ်နိုင်ဘူး။

ကျောင်းတာ့မင်း က ဒေါသတကြီး ပြေးသွားပြီးနောက် ခါးပတ်ကို ချွတ်ကာ သားဖြစ်သူအား မညှာမတာ ရိုက်နှက်တော့သည်။

သားဖြစ်သူ၏ ငိုကြွေးသံများနှင့် ဇနီးဖြစ်သူ၏ အော်သံများက အပြန်ပြန်အလှန်လှန် ပဲ့တင်ထပ်နေခဲ့သည်။

သို့သော် ကျောင်းတာ့မင်း ကတော့ ဒေါသထွက်နေသည့် နွားသိုးတစ်ကောင်လိုပင်။ သူတို့ နှစ်ယောက်လုံး မလွတ်မြောက်နိုင်ခဲ့ကြဘူး။

ဆက်ရိုက်ဖို့ ပင်ပန်းနေမှ နောက်ဆုံး ရပ်သွား၏။ ကျောင်းတာ့မင်း က ကြမ်းပြင်ပေါ်ထိုင်ချကာ ယွမ် ၈၀၀,၀၀၀ အကြွေးကို စိတ်ထဲစွဲနေခဲ့၏။

သူတို့၏ ဆွေမျိုးများ အားလုံးသည် အလားတူ ငွေကြေးအခြေအနေမျိုးတွင် ရှိနေကြသည်။ ယနေ့ခေတ်တွင် ငွေရှာရန် မလွယ်ကူသဖြင့် လူတိုင်း သည် မိမိတို့၏ ခက်ခက်ခဲခဲ စုဆောင်းငွေကို မိမိတို့မျက်စိအောက်တွင် ထိန်းသိမ်းကြလေ၏။

အကယ်၍ တစ်စုံတစ်ယောက် က ၎င်းတို့ထံမှ သေးငယ်သော အစိတ်အပိုင်းကိုပင် လုယူရန် ကြိုးစားခဲ့မည်ဆိုလျှင် အသက်ကို သတ်လိုက်သလိုပင် ဖြစ်လိမ့်မည်။

ပိုက်ဆံချေးတာက မေးခွန်းထုတ်စရာ ဖြစ်၏။

သူတို့သားအကြွေး ဘယ်လောက်ရှိလဲ ကို အတိအကျ စစ်ဆေးမေးမြန်းပြီးမှ သိရတာ ဖြစ်၏။

တက္ကသိုလ်တက်ကတည်းက သူတို့ သားလေးဟာ သူ့ကိုယ်သူ လွှတ်ထားခဲ့တယ်။ ချမ်းသာသူအနည်းငယ်နှင့် သူ၏အခန်းဖော်များကြားတွင် သိသိသာသာ ကြွယ်ဝချမ်းသာမှု ကွာဟမှုကို ထည့်ပေါင်းခဲ့၏။

ဤချမ်းသာသော အတန်းဖော်များနှင့် အသွင်အပြင်ကို အမီလိုက်နိုင်ရန် အခြားသူများကို လိုက်ကျွေးခြင်း နှင့် ဇိမ်ခံအမှတ်တံဆိပ်များ(brand)အနောက်လိုက်ခြင်း၏ အကျင့်ဆိုးက တဖြည်းဖြည်း တိုးတက်လာခဲ့၏။

ဒါပေမယ့် သူ့မိဘတွေက သူ့ကို နေထိုင်စရိတ်အတွက် တစ်လကို ယွမ် ၁,၅၀၀ သာ ပေးတာကြောင့် ဒီလောက် ကြီးကြီးမားမား ဘယ်လိုလုပ် တက်နိုင်မှာလဲ?

တက္ကသိုလ်မှာ ရည်းစားထားသည့်အပြင် ကျောင်းဝင်းကတ်နဲ့ ချေးငွေထုတ်ရတာ က တော်တော်အဆင်ပြေခဲ့တယ်။

တဖြေးဖြေးနဲ့ သူ ယွမ် ၁သိန်းကျော် သုံးစွဲခဲ့တယ်။

နောက်ပိုင်းတွင် သူသည် ငွေကြေးသုံးစွဲမှုကို စွဲလမ်းလာပြီး စည်းကမ်းမဲ့ အွန်လိုင်းငွေချေးသူများထံမှ ပို၍ပင် ချေးယူလာခဲ့သည်။

သူ့အဆိုအရတော့ သူ ယွမ် ၃၀၀,၀၀၀ ကျော်သာ ချေးခဲ့တာ ဖြစ်၏။

သို့သော် ပြန်မဆပ်နိုင်တဲ့အခါ အတိုးက ယွမ် ၈၀၀,၀၀၀ ကျော်အထိ တိုးလာခဲ့တော့သည်။

အိမ်ပြန်ရောက်တဲ့ အချိန်မှာတော့ အစပိုင်းမှာ ကြောက်လန့်နေခဲ့ပေမယ့် ဖခင်ရဲ့ ရိုက်နှက်ခံရပြီးနောက်မှာတော့ ချက်ချင်းဆိုသလို ပြေလည်သွားတယ်လို့ ခံစားခဲ့ရတယ်။

ကျောင်းတာ့မင်တို့ဇနီးမောင်နှံ က ရိုးသားပြီး ကျိုးနွံတဲ့ဘဝနဲ့ နေထိုင်ခဲ့ကြသူတွေ ဖြစ်၏။ ဒီလောက်များတဲ့ ပိုက်ဆံတွေက ဘယ်ကရမှာလဲ?

ဇနီးသည်က ကျောင်းတာ့မင်းကို အကြံပြု၏။ “တလကို ယွမ် ၂သောင်းနဲ့ကမ်းလှမ်းထားတဲ့ မူကြိုကျောင်း မှာ အလုပ်လျှောက်ကြည့်ပါလား?”

ယခင်က လစဥ် ယွမ် ၂၀,၀၀၀ လစာကမ်းလှမ်းထးသောအလုပ် သည် လိမ်လည်မှုတစ်ခုဟု သူတို့ ထင်ခဲ့ကြဖူးသည်။

ယခုမူ အကြွေးပြန်ဆပ်ရန် ဖိအားသည် သူတို့၏လည်ချောင်းကို ဓားနှင့်ထိုးသလို ခံစားရသည်။

အွန်လိုင်းငွေချေးသူများထံမှ ပြင်းထန်သော ကြွေးမြီစုဆောင်းမှု အားထုတ်မှုများကို ပြောစရာပင်မလိုပါ။

ပြောရရင် သား က သူတို့၏သားလေး ဖြစ်၏။ ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန် ရိုက်နှက်နေပါစေ၊ နောက်ပိုင်းမှာ သူတို့ သနားကြတုန်းပါပဲ။

ကျောင်းတာ့မင် ကိုယ့်ကိုကိုယ် ထိန်း၍ ဇနီးသည် ကို ပြောလိုက်သည်။ “လုပ်ကြတာပေါ့၊ ရှေ့နေကို အရင်ရှာပြီး ဘယ်အကြွေးတွေက တရားဝင်လဲဆိုတာ ကြည့်ရအောင်။ ဥပဒေကြောင်းအရ ပြန်ဆပ်ဖို့ ညှိနှိုင်းရမယ်၊ တရားမဝင်ချေးငွေဆိုရင် တရားစွဲခံရမဲ့အရေး ငါတို့ မေ့ထားလို့ ရတယ်”

“ဒီရက်စက်တဲ့သားကို သေချာစောင့်ကြည့်နေ၊ လိုအပ်ရင် သူ့ကို ကျောင်းကနေ ခွင့်ယူခိုင်း၊ ဒီထက်ပိုနက်တဲ့ တွင်းကြီးထဲကို သူ့ကိုယ်သူ တူးခွင့်မပြုနိုင်ဘူး”

အိမ်ထောင်ဦးစီး၊ ကျောင်းတာ့မင်က ဆုံးဖြတ်ချက်ချခဲ့ပြီးနောက် ဇနီးသည် က ချက်ခြင်းပင် စိတ်ချလက်ချ ခံစားခဲ့ရသည်။

ကျောင်းတာ့မင် ကိုယ်တိုင်လည်း မူကြိုကျောင်းကို အရင်စစ်ဆေးရန် ဆုံးဖြတ်လိုက်၏။ လစဥ်လစာ ယွမ် ၂၀,၀၀၀ သာ အမှန်တကယ် ရှိခဲ့ပါက၊ အခြားသော အစီအစဥ်များ မပြုလုပ်မီ ငွေအမြန်ရှာရန် လအနည်းငယ်ကြာအောင် သူ ထိုနေရာတွင် အလုပ်လုပ်ရလိမ့်မည်။

ထို့နောက် သူ သည် 'ကြယ်ကောင်းကင်မူကြိုကျောင်း' တွင် အလုပ်လျှောက်ရန် သွားခဲ့၏။

သူ့ကို လက်ခံတဲ့ လူလတ်ပိုင်းအရွယ်က အင်တာဗျူးတောင် မလုပ်ခဲ့ပဲ အလုပ်သဘောတူစာချုပ်၍ ရိုးရှင်းစွာ လက်မှတ်ထိုးခိုင်းခဲ့၏။

ဒီလောက် ပေါ့ပါးတယ်လား?”

ကျောင်းတာ့မင်း၏မျက်လုံးများတွင် 'ကြယ်ကောင်းကင်မူကြိုကျောင်း' သည် လှည့်စားမှုတစ်ခုဟု တိုးတက်လာခဲ့၏။

သို့သော် ယွမ်၂၀,၀၀၀ ရဲ့ လှည့်ဖြားမှုက သူ့ကို ချိတ်ဆွဲထားတာကြောင့် သံသယတွေရှိနေပေမဲ့ မျိုချထားခဲ့ရ၏။

လိမ်လည်မှုမဟုတ်ရင် ဘယ်လိုလုပ်မလဲ? သူ သည် အလုပ်မှ နှုတ်ထွက်ခဲ့၏။

ရလဒ်အနေနှင့် နာရီဝက်နီးပါးကြာသော နှလုံးသားချင်းစကားပြောဆိုရန် သူ၏ခေါင်းဆောင်ဟောင်းက သူ့ကို ဆွဲထားခဲ့၏။

ကျောင်းတာ့မင်း ရာထူးမှ နုတ်ထွက်ရန် စိတ်ပိုင်းဖြတ်ထားသည်ကို တွေ့လိုက်ရသဖြင့် ခေါင်းဆောင် က လွှတ်ပေးရန် တွန့်ဆုတ်နေရုံမှတပါး ရွေးချယ်စရာမရှိပေ။

ပြောရရင် ဤအလုပ်၌ ဘယ်လောက်ပဲ အရည်အချင်းရှိရှိ သီးသန့်ဝင်ငွေ ရှာလို့မရနိုင်ဘူး။

သူ ရာထူးမှ နှုတ်ထွက်စဥ် စားဖိုမှူးလျို က ပါဝင်ပစ္စည်းများ ဝယ်ယူရာမှ ပြန်လာခဲ့သည့် ရှန်းဝေ အား ဤအဖြစ်အပျက်ကို ပြောပြခဲ့သည်။

အလုပ်ခန့်တဲ့ လုပ်ငန်းစဥ်က နည်းနည်း ပေါ့ပေါ့ပါးပါး ဖြစ်တယ်လို့လည်း သူလည်း ခံစားရတယ်။ "ကျွန်တော်တို့ နောက်ထပ်သုံးသပ်ချက်လုပ်ဖို့ မလိုတာသေချာလား?"

"မလိုပါဘူး" ရှန်းဝေ ပဟေဠိဆန်စွာ ပြောသည်။

သူတို့အားလုံး သည် နောက်ခံနှင့် စရိုက်လက္ခဏာများကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးပြီးသော စနစ် မှ အကြံပြုထားသော လူများပင် ဖြစ်လို့ဖြစ်ချေသည်။

စနစ်၏ စိစစ်မှုကို အောင်မြင်ပြီးသူတိုင်းတွင် အနည်းဆုံး အာမခံချက်ရှိသော စရိုက် နှင့် အရည်အချင်း အရည်အချင်းရှိကြသည်။

ကျောင်းကားဒါရိုင်ဘာ ပြဿနာ ပြေလည်သွားပြီ။

ရှန်းဝေ စိတ်ထဲမှ အီလက်ထရွန်နစ်အသံကို ကြားနေရ၏။- [ကားသမားကို ခေါ်ယူနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်၊ ဆု- အမဲသား ပေါင်၂၀၊ ကြက်ဥ ၁၀၀၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီး ၂ ပေါင်၊ ချယ်ရီပျိုးပင် ၃ပင်၊ ယွမ်၁ သန်း၊ အမှတ် ၁၀,၀၀၀]

ရှန်းဝေ သည် ရက်ရောသော ဆုလာဘ်ကို ရရှိခဲ့သည်။

သူမ ချက်ချင်းပဲ စားဖိုမှူးလျို ကို "မစ်စတာ စိုက်ပျိုးတက်လား?”

စားဖိုမှူးလျို က ဒီအကြောင်းကို ကောင်းကောင်းသိသည်။ "သိတယ်!"

ငယ်စဥ်အချိန် ကျေးလက်ကို အပို့ခံရတုန်းက စိုက်ပျိုးဖူးပါ၏။

အရင်က သူ့မိန်းမကိုတောင် ပြောဖူးတယ်- ‘ငါတို့မှာ ပိုက်ဆံရှိရင် ကျေးလက်မှာ မြေကွက်ရှာပြီး လယ်လုပ်စားရရင် ကောင်းမည်’ ဟု။

ဒီမှာ အလုပ်လုပ်နေရင်း ဒီအိပ်မက်ကို စောစောစီးစီး အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ သူ နည်းနည်းလေးမှ မျှော်လင့်မထားခဲ့ဘူး။ သူတို့နှစ်ဦး သည် ထောင့်တစ်နေရာတွင် လူမနေသော မြေကွက်တစ်ခုကို တွေ့ရှိခဲ့သည်။

ဧရိယာက တော်တော်ကျယ်တယ်။

ယခင်က ပန်းပင်များ စိုက်ပျိုးရန် အသုံးပြုခဲ့သော်လည်း ယခုအခါ လစ်လပ်သွားခဲ့သည်။ အဲဒီမှာ ပန်းတွေ စိုက်ရတာ အလဟသဖြစ်လို့ သူတို့အစား ဟင်းသီးဟင်းရွက်စိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။

စားဖိုမှူးလျို သည် မြေကိုထွန်ယက်၍ မြေကိုညှိပြီး နောက်ဆုံးတွင် မြေကွက်ကြီးကို ပြင်ဆင်သည်။ မျိုးစေ့ကြဲပြီးနောက် ရှန်းဝေ သည် ချယ်ရီပျိုးပင် ၃ ပင် အပြင် စနစ် မှ ဆုပေးထားသော ခရမ်းချဥ်သီးမျိုးစေ့များကိုလည်း စိုက်ပျိုးခဲ့သည်။

ဟင်းသီးဟင်းရွက်ဥယျာဥ်တွင် စားဖိုမှူးလျို က အခြားသူများထက် ပိုဂရုစိုက်သည်။

သူ သည် အပင်များကို တစ်နေ့ သုံးကြိမ်နီးပါး ရေလောင်းချင်ခဲ့၏။

ယခု သူ သည် ဤမူကြိုကျောင်းတွင် အလုပ်လုပ်ခြင်း၏ အကျိုးကျေးဇူးများကို ခံစားနေရသည်။— အားလပ်ချိန် လုံလုံလောက်လောက်ရခြင်း နှင့် သက်တောင့်သက်သာနေခြင်းဖြင့် ငွေဝင်နေခြင်းပင်။ သူတို့တွေကို ပြောပြရင် ဘယ်သူ ယုံကြည်မှာလဲ?

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment