Chapter 2
ရှန်းဝေ သည် အစတော့ ဒီစနစ် က ယွမ်၁သန်း ကမ်းလှမ်းလာသောအခါ ရက်ရောတယ် လို့ ထင်ခဲ့သည်။
အခု ဒီစနစ် ရဲ့လိုအပ်ချက်တွေ ကြည့်လိုက်ရာ ဘာကြောင့် ယွမ် ၁သန်းပေးရသလဲကို နားလည်သွားသည်။ ယွမ် ၁ သန်းရှိရင်တောင် လူတွေရဲ့လိုအပ်ချက်တွေ မကျေနပ်စေမှာ စိုးရတယ်။
ရှန်းဝေ စိတ်ပူပန်နေစဥ် ဆုများဖြစ်သည့် အမဲသား၊ ဥများနှင့် ရိူင်းမားကတ်စ်စပျစ်သီး ၂ ပေါင်ကို ဘေးတွင် သတိပြုမိလိုက်သည်။
သူမ စိတ်ထင်တာလားတော့ မသိ ဒီပါဝင်ပစ္စည်းတွေက မြင်ဖူးသမျှထက် ပို၍ လတ်ဆတ်ပုံပေါ်၏။
သူမ စပျစ်သီးကို ကောက်ကိုင်လိုက်ပြီး ရေဆေးကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ‘ဝိုး’ ပန်းရနံ့က ချိုမြိန်တဲ့ သစ်သီးရနံ့နဲ့ တွဲလျက်ကပ်ပါလာ၏။
ထူထဲပြီး မွှေးကြိုင်သော သစ်သီးက သူမ၏ ပါးစပ်ထဲတွင် အရည်ရွှမ်းသော ချိုမြိန်မှုများဖြင့် ပြည့်နေကာ ရေငတ်ခြင်းကို ပြေစေသည်။ စပျစ်သီးတစ်လုံးနဲ့ မဝပဲ ထပ်စားချင်လာတယ်။
ရှန်းဝေ စပျစ်သီးများစွာကို ယခင်က စားဖူးသော်လည်း ချိုမြိန်သော အရသာကို တစ်ခါမျှ မမြည်းစမ်းဖူးပေ။ အဲဒါတွေကို စားပြီးသွားတဲ့အခါ ထူးထူးခြားခြား ခွန်အားတွေကို ခံစားလိုက်ရတယ်။
စားနေစဥ်အတွင်း ပြင်းထန်သော ပျော်ရွှင်မှု ခံစားချက် က လွှမ်းမိုးသွားပြန်သည်။
အခု သူမ နားလည်သွားပြီ။ -စနစ် မှ ဆုများ သည် အကောင်းတကာ့အကောင်းဆုံးဖြစ်ပြီး သင်ကြားရေးဝန်ထမ်းများအတွက် လိုအပ်ချက်များလည်း မြင့်မားနေသည်မှာ အံ့သြစရာမရှိ။
စပျစ်သီး၂ပေါင်ကို အပြီးသတ်ပြီးနောက် ရှန်းဝေ အခြားပါဝင်ပစ္စည်းများကို ရေခဲသေတ္တာထဲတွင်ထည့်ကာ မူကြိုကို တရားဝင်လွှဲပြောင်း ရယူခဲ့သည်။
ယခု ရှန်းဝေ သည် အမိန့်အပြည့်ဖြင့် အမိန့်ပေးရန်အတွက် အသင့်ဖြစ်နေပြီဖြစ်သည်။
“သင်ကြားရေးဝန်ထမ်းအတွက် အကြံပြုချက်တချို့ ပေးနိုင်လား?” ဟု ရှန်းဝေ က စနစ် နဲ့ တိုင်ပင်တယ်။
မကြာသေးမီက ကောလိပ်ဘွဲ့ရတစ်ဦး ဖြစ်သည့် သူမ သည် ဤသင်ကြားရေးဝန်ထမ်းနှင့်ပတ်သက်၍ သိသည့် လူတစ်ဦးတစ်ယောက်မျှ မသိချေ။
စနစ်သည် ချက်ချင်းစတင်လုပ်ဆောင်ပြီး မကြာမီ အမျိုးအစားတစ်ခုစီအတွက် ကိုယ်စားလှယ်လောင်းများကို ချပြလာခဲ့သည်။
ရှန်းဝေ သူတို့ကို ကြည့်ပြီး ပြောစရာစကားမဲ့သွား၏။– စားဖိုမှူးလောင်းအဖြစ် ကျော်ကြားသော ကျန်းပိုင်အဆင့်မြင့်စားသောက်ဆိုင်ရဲ့စားဖိုမှူးကို အကြံပြုထားချေသည်။
ဇိမ်ခံဟိုတယ်ကြီးမှ ထိပ်တန်းစားဖိုမှူးတစ်ဦး က အခုမှတည်ထောင်ထားတဲ့ သူတို့ရဲ့သေးငယ်တဲ့မူကြိုမှာ ဘယ်လိုလုပ် အခြေချနေထိုင်မှာလဲ? ဟု ရှန်းဝေ တွေးမိသည်။
[Host၊ စိတ်မပျက်နဲ့၊ အရာရာတိုင်းဟာ ကြိုးစားအားထုတ်ရင် ဖြစ်နိုင်တယ်]
ရှန်းဝေ သည် စနစ် ရဲ့ ရက်ရောရောရောပေးသည့် ဆုနှင့်ငွေ ကို သူတို့အား ဆွဲဆောင်ရန် အသုံးပြုနိုင်ကြောင်း နားလည်သွားသည်။
“သူတို့ရဲ့ တစ်လဝင်ငွေ ဘယ်လောက်ရှိလဲ ကြည့်ရအောင်”
အဲဒီနောက် စနစ် က သူတို့ရဲ့ လက်ရှိလစာတွေကို ပြပေးသည်။
လစဥ်လစာက အရမ်းမမြင့်ဘူး။ အခုခေတ်မှာ ပိုက်ဆံရှာရတာ မလွယ်ဘူးထင်ပါရဲ့။
ရှန်းဝေ ချက်ချင်းပင် ယုံကြည်မှုပြန်ရလာသည်။
"စနစ်၊ သူတို့ကို လစာ၂ဆပေးမယ်လို့ ဖိတ်စာချက်ချင်း ပို့လိုက်ပါ”
[သိပါပြီ၊ host] ဟု စနစ်မှ ချက်ချင်း တုံ့ပြန်၏။
သို့သော် အခုအချိန်မှာတော့ သူမလက်ထဲမှာ ပိုအရေးကြီးတဲ့ အလုပ်တစ်ခုရှိနေတယ်။
စနစ် inbox (စာတိုက်ပုံး) တွင် သူမ၏အနာဂတ်အရင်းအမြစ်များထဲမှတစ်ခုဖြစ်သည့် အနာဂတ်ကွန်ပျူတာပါရမီရှင်၊ ဟဲလင်းဖုန်းဟာ သူမနှင့် ၅ ကီလိုမီတာထက်မနည်းတွင် ရှိနေသည်ဟု သတိပေးချက်တစ်ခုပေးပို့ခဲ့သည်။
အိမ်တွင်းအကြမ်းဖက်မှုမှ စောစီးစွာ ကယ်တင်ခြင်းသည် ဆင်းရဲဒုက္ခများမှ အမြန်ဆုံးလွတ်မြောက်ရန် ဟဲလင်းဖုန်း အား အကူအညီဖြစ်စေပေလိမ့်မည်။
ဟဲလင်းဖုန်း၏အချက်အလက်များ ရှန်းဝေ ထံသို့ ရောက်ရှိနေပြီဖြစ်၏။ — အလွန်သနားဖို့ကောင်းလှ၏။ မိခင် က ကလေးလေး ၁ နှစ်ပြည့်ရုံရှိသေး အိမ်တွင်းအကြမ်းဖက်မှုကို ခံနိုင်ရည်မရှိပဲ ထွက်ပြေးသွားခဲ့၏။
မိခင်၏ထွက်ပြေးမှုအတွက် အရက်သမားဖခင်က ကလေးအပေါ် အပြစ်တင်ပြီး နှုတ်ဖြင့်ဖြစ်စေ၊ လက်ဖြင့်ဖြစ်စေ အနိုင်ကျင့်ခဲ့၏။ ယခု ကလေးလေး ၅ နှစ်ရှိနေပြီ။
ဟဲလင်းဖုန်းက သိပ်အပြစ်ကင်းစင်ပြီး ချစ်ဖို့ကောင်းသည့်ကလေးလေး ဟု အချက်အလက်တွင် ဖော်ပြထား၏။ ကလေး က အလွန်ချောမောသော လူတစ်ယောက် ဖြစ်လာမည်မှာ သေချာသည်။
စနစ်၏လမ်းညွှန်ချက်အတိုင်း ရှန်းဝေ သည် ဟဲလင်းဖုန်း၏တည်ရှိရာနေရာ သို့ အလျင်အမြန်သွားခဲ့သည်။
ဤသည်မှာ ဆင်းရဲသားရပ်ကွက်တစ်ခုဖြစ်သည်။
အနည်းဆုံးတော့ ရှန်းဝေ သည် ဤမျှ ပျက်စီးနေသော အိမ်များကို ဤတစ်သက်တွင် တစ်ခါမျှ မမြင်ဖူးခဲ့။
ရှေးခေတ် အဆောက်အအုံများတွင် ပြင်ပလှေကားများပါရှိပြီး နံရံများသည် အင်္ဂတေများ အချိန်မရွေး ပြိုလဲသွားနိုင်သကဲ့သို့ ဟောင်းနွမ်းလှ၏။
ဤအိမ်များသည် အနည်းဆုံး သက်တမ်း၄၀၊ ၅၀ မျှ ရှိနေပြီ ဖြစ်သည်။
သုံးထပ် အဆောက်အအုံများတွင် အိမ်သာများ မပါရှိဘဲ အပြင်ဘက်တွင် အများသူငှာ သန့်စင်ခန်းသာ ရှိသည်။
အိပ်ယာခင်းများနှင့် အတွင်းခံများ က အပြင်စင်္ကြံ၏ လက်ရန်းများတွင် တွဲလောင်းကျလို့နေ၏။
ရှန်းဝေ နီးကပ်လာတိုင်း ဟဲလင်းဖုန်းရှိရာ မီတာ၅၀အကွာအောက်သို့ ရောက်နေပြီဖြစ်ကြောင်း စနစ် မှ တပီပီအသံ မြည်နေသဖြင့် မျက်မှောင်ကြုံ့သွား၏။
ရှန်းဝေ အနီးကပ်ကြည့်လိုက်ရာ မြေပြင်ပေါ်မှာ ထိုင်နေတဲ့ ကလေးတစ်ယောက်ကို တွေ့လိုက်ရတယ်။
ကလေးလေး က စုတ်ပြတ်နေသော အဝတ်များကို ၀တ်ဆင်ထားပြီး သူ့အဝတ်အစားများ မည်မျှကြာအောင် မလျော်ရသေးကြောင်း သိသာနေလျက် ရွံ့နွံ့ထဲက ကလေးနှင့်တူချေသည်။ “သားနာမည် ဘယ်လိုခေါ်လဲ?”
ကလေးလေး၏မျက်လုံးကြီးက သူ့မျက်နှာတစ်ဝက်လောက်ကို ဖုံးလွှမ်းလုနီးနီးရှိ၏။ “ဟဲလင်းဖုန်း” ဟု မဝံ့မရဲ ဖြေလာခဲ့သည်။
သူ့အသံသည် ခြင်တစ်ကောင် ‘တဝီဝီ’ ကဲ့သို့ မှုန်ကုပ်ကုပ်ပင်။
အင်္ကျီ နှင့် ဘောင်းဘီတိုလေးသာ ၀တ်ထားသဖြင့် ခန္ဓာကိုယ်မှာ ပွန်းပဲ့ဒဏ်ရာများ ကို မြင်နေရသည်။
ရှန်းဝေ သည် ကလေး၏ဝေဒနာ(နာကျင်မှု) ကို ကြိုသိထားသော်လည်း ဤအရွယ်တွင် ဒဏ်ရာများစွာကို မြင်တွေ့သောအခါ ဒေါသထွက်သွားသည်။
ကလေးရဲ့ဗိုက်က ဆာလောင်စွာ အော်ဟစ်လို့နေ၏။
ရှန်းဝေ လန့်သွားသည်။ “မစားရသေးဘူးလား?”
ကလေး က ဆူညံနေသော ဗိုက်ကို ဖိနှိပ်၍ ခေါင်းညိတ်ပြသည်။
သို့သော် ကလေး က မနေ့ညကတည်းက ၃နပ်ဆက်တိုက် မစားရသေးကြောင်း စနစ် မှ သူမ အား ပြောပြထားခဲ့သည်။
ဖခင် က အနားမှာ မရှိသလို အိမ်နီးနားချင်းအားလုံးက မိမိတို့၏သားသမီးတွေကိုတောင် ပြုစုပျိုးထောင်နိုင်ခြင်း မရှိတာကြောင့် တခြားကလေးဆို ထုတ်ပြောဖို့တောင် မလို။
ရံဖန်ရံခါတွင်သာ စိတ်ကောင်းနှလုံးကောင်းရှိသော သက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦး က ဟဲလင်းဖုန်း မစားရသေးသည်ကို သတိပြုမိပြီး ထမင်းကျွေးရန် ခေါ်တက်သည်။
“ယာဂုတချို့ စားဖို့ ခေါ်သွားပေးမယ်လေ”
ကလေးများ၏ အစာအိမ် က နူးညံ့ပြီး အစာမစားတာ ကြာလျှင် အဆီများသော အစားအသောက်များကို ချက်ချင်း စားလို့ မဖြစ်ချေ။
သို့သော် သူမကို အံ့အားသင့်စေသည်မှာ ဟဲလင်းဖုန်း၏တုံ့ဆိုင်းမှု ဖြစ်သည်။ “ကျေးဇူးတင်ပါတယ် ကျဲ၊ ရပါတယ်”
ထို့နောက် ကလေးက ထွက်ပြေးဖို့ ကြိုးစားသည်။
ရှန်းဝေ ကလေးအနောက်မှ လိုက်ဖမ်းသည်။ “ဘာဖြစ်လို့လဲ? ကျဲ က လူဆိုးမဟုတ်ပါဘူး” သူမ ကလေးကို သကြားလုံးတစ်လုံး ပေးလိုက်၏။
ဒါဟာ ဟဲလင်းဖုန်း၏ပထမဆုံးအကြိမ် နို့သကြားလုံးစားဖူးခြင်းပင် ဖြစ်ခဲ့သည်။
ဒီကမ္ဘာကြီးမှာ ဒီလောက်ချိုမြိန်တဲ့ အရာတစ်ခုကို ဘယ်တုန်းကမှ စိတ်ကူးမယဥ်ဖူးသူ ဖြစ်လို့ မင်သက်သွားခဲ့၏။ သူ သကြားလုံးကို မစားချင်ခဲ့ဘူး။ လျှာသေးသေးလေးနဲ့ပဲ ယက်လိုက်ရုံတင်။
တခြားသူတွေဆီက ပစ္စည်းယူတာ မကောင်းမှန်း သိပေမယ့် ချိုမြိန်တဲ့ သွေးဆောင်မှုကို သည်းမခံနိုင်ပဲ လျှာနဲ့ သကြားလုံးကို ယက်လိုက်၏။
သကြားလုံးတစ်လုံး က သူ့ကို ဒီလို ပျော်ရွှင်မှုတွေ ယူဆောင်လာခဲ့တယ်။
ရှန်းဝေ၏မျက်လုံးများ နည်းနည်းရဲတက်လို့နေသည်။ “ဒီမှာ ခဏစောင့်၊ ကျဲ တစ်ခုခုစားဖို့ သွားဝယ်လိုက်မယ်”
သူမ မနီးမဝေးတွင် ပေါက်စီဆိုင်ကို သူမ တွေ့လိုက်ရသည်၊ ဤဆိုင် က ဤလမ်းဟောင်းရပ်ကွက်ရှိ ဒေသခံများ မကြာခဏ စားသုံးလေ့ရှိသော ဆိုင်ဖြစ်လောက်သည်။
ထိုသကြားလုံးကြောင့် သူ၏သတိလျော့ကျသွား၏။ “ကျေးဇူးတင်ပါတယ်၊ ကျဲ အတူသွားရအောင်”
သူ သည် ငယ်စဥ်ကတည်းက လူတွေ၏အမူအရာကို ဖတ်တက်ခဲ့၏။ ရှန်းဝေ ကို မသိသော်လည်း သူမ၏ကြင်နာတက်မှုကို ခံစားနိုင်ပါ၏။
၂ယောက်သား ပေါက်စီဆိုင် သို့ အတူသွားခဲ့ကြပြီး ရှန်းဝေ က ကလေးအား ဂျုံယာဂုပန်းကန်သေးသေးတစ်လုံးနဲ့ ပေါက်စီ ဝယ်ပေးခဲ့သည်။
ရှန်းဝေ ညင်ညင်သာသာ ပြောလိုက်၏။ “ဖြေးဖြေးစား၊ အားလုံးက မင်းအတွက်ပဲ”
သို့သော် အရသာရှိတဲ့ အစာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဝံပုလွေလေး ဘယ်လိုလုပ် ခုခံနိုင်မှာလဲ?
“အခုကစလို့ ကျဲ မင်းအတွက် အရသာရှိတဲ့အစားအစာတွေ ယူလာခဲ့ပေးမယ် အိုကေ?”
ဟဲလင်းဖုန်း မှ ပြန်ဖြေသည်။ “ဒါပေမဲ့ သား ဘယ်လိုပြန်ဆပ်ရမလဲ မသိဘူး”
၅ နှစ်သားလေးတစ်ယောက် ဒီလိုစကားမျိုးပြောတာ အံ့သြစရာပါပဲ။
ရှန်းဝေ ၏ နှလုံးသားထဲ တုန်လှုပ်သွား၏။ “ကျဲကို ပြန်ပေးဖို့ မလိုဘူး”
“မရဘူး၊ သား ကျဲ အပေါ် အကြွေးတင်သွားပြီ၊ သား ကြီးလာရင် ကျဲကို ပြန်ပေးမယ်” ဟု ကလေး က လေးလေးနက်နက်ပြောလေ၏။
ရှန်းဝေ သူ့ရဲ့ ရိုးသားမှုကို မဖြုန်းတီးချင်ဘူး၊ ထို့ကြောင့် လောလောဆယ် သူမ သဘောတူလိုက်သည်။
သူတို့ စကားစမြည်ပြောနေစဥ် မှိုင်းတိုက်သော လေပြင်းများ တိုက်ခတ်လာသည်။
သူတို့ ထွက်လာတဲ့ လမ်းကြောင်းကို လှမ်းကြည့်လိုက်ရာ မုတ်ဆိတ်ပွစိနှင့်လူတစ်ယောက် လောဘကြီးစွာ စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။
စက္ကန့်ပိုင်းမျှ မျက်လုံးချင်းဆုံလိုက်တဲ့အခါ ရှန်းဝေ ဟာ ဟဲလင်းဖုန်းရဲ့ ခန္ဓာကိုယ် အနည်းငယ် တုန်လှုပ်သွားသလို ခံစားလိုက်ရတယ်။
ရှန်းဝေ၏ နှလုံးသား တုန်ယင်သွား၏။ — ဤလူ က ဟဲလင်းဖုန်း၏ရိုင်းစိုင်းသော ဖခင် ဖြစ်ရမည်။
ယခု အနှီဖခင်က သူမတို့အား ကြည့်နေ၏။