no

Font
Theme

သင်ခန်းစာ (၂)


ကနဦးတုန်းက မိုင်လာဘယ်လာသည် ဆူပုတ်နေသော်လည်း ပါတီစသည်နှင့် အယ်လီနာနှင့်အတူ ပျော်ရွှင်ခံစားနေခဲ့သည်။ သူ(မ)တို့ ရောက်မလာခင်အထိ ၎င်းတို့နှစ်ဦး ပန်းခြံ၏ထောင့်စွန်း၌ ထိုင်ရလိမ့်မည်ဟု မသိခဲ့ပေ။ သူ(မ)သည် အရင်က လူမှုရေးပွဲများ၌ ပေါ်လာလေ့မရှိသလို ပါတီတက်ရောက်ခြင်း၌လည်း အတွေ့အကြုံမရှိခဲ့သောကြောင့် အယ်လီနာက ပွဲကျင်းပသူကို ပါတီတက်ရောက်မည့်အရေအတွက် ပြောင်းလဲသွားကြောင်း သတိပေးခဲ့သလားကိုလည်း မသိခဲ့ချေ။


သို့သော်လည်း ပွဲကျင်းပသူနှင့် ဝေးရာမှာထိုင်ရသည်က မည်သည်ကိုဆိုလိုကြောင်း မသိရလောက်သည့်အထိ မတုံးအပေ။ သူ(မ)က ဟယ်လင်၏နှာခေါင်းအား ချေမွပစ်မည်ဟူသောရည်ရွယ်ချက်နှင့် တက်ရောက်လာခဲ့သော်လည်း နေရာထိုင်ခင်းကြောင့် သူ(မ) ဆူပုတ်နေခဲ့၏။


အယ်လီနာက အဘယ့်ကြောင့် ဤနေရာမှာထိုင်ရကြောင်း ရှင်းပြလိုက်တော့မှ မိုင်ယာဘယ်လာ နားလည်သွားခဲ့သည်။ သူ(မ)သည် အရင်က ယခုလိုလူအများကြီးနှင့် တစ်ခါမှမနေဖူးရာ အယ်လီနာနှင့်အတူထိုင်ပြီး စကားစမြည်ပြောနေရတာကို ပျော်ရွှင်လာခဲ့သည်။ အယ်လီနာက မိုင်ယာဘယ်လာပြုလုပ်ပေးထားသောဝတ်စုံဖြင့် အထူးကြည့်ကောင်းနေပြီး အခြားသော အမျိုးသမီးများနှင့် လူကြီးလူကောင်းများကလည်း ဝတ်စုံအပြည့် ဝတ်ဆင်ထားကြသည်ကို မြင်တွေ့ရသည်အား ပျော်ရွှင်နေတော့၏။


ကနဦးတုန်းက မိုင်ယာဘယ်လာသည် ဟယ်လင်အား မည်သို့လက်စားချေရမလဲကိုသာ အာရုံစိုက်နေခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ယနေ့တက်ရောက်လာကြသောလူများက အယ်လီနာနှင့် ဟယ်လင်တို့ကြား မည်သူကပိုပြီးလှပကြောင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ကြရမည်ဟု ယုံကြည်သောကြောင့် စိတ်အေးလက်အေးဖြစ်သွား၏။


မိုင်ယာဘယ်လာက စားပွဲပေါ်မှ ချောကလက်များပြည့်နှက်နေသော ကွတ်ကီးတစ်ခုကို တစ်ကိုက်ကိုက်လိုက်၏။


"ဝိုး၊ ဒါက အရသာရှိလိုက်တာ။"


"ဟုတ်လား။"


"အွန်း၊ ပြန်ရောက်ရင် ညီမလေးတို့ရဲ့စားဖိုမှူးကို ဒီလိုကွတ်ကီးတွေ လုပ်ခိုင်းရမယ်။"


မိုင်ယာဘယ်လာက ချစ်စရာကောင်းအောင် တီးတိုးပြောလာသောကြောင့် အယ်လီနာတစ်ယောက် မပြုံးဘဲ မနေနိုင်ခဲ့ချေ။ သူ(မ)သည် မိုင်ယာဘယ်လာအတွက် ကိတ်မုန့်ဆိုင်တစ်ခုလုံးကိုတောင် ဝယ်ပေးချင်၏။


"ဒါပေါ့၊ အခု ညီမလေးကြိုက်သလောက် စားလို့ရတယ်။"


"ဟုတ်!"


မိုင်ယာဘယ်လာ၏အပြုံးက အယ်လီနာ၏ရင်ဘတ်ထဲကို နွေးထွေးသွားစေ၏။ သူ(မ)သည် ယခုလိုပါတီမျိုးကို အမှန်တကယ် မနှစ်သက်ပေ။ သို့သော် မည်သည့်နေရာမှာပဲဖြစ်ဖြစ် သူ(မ)ညီမ၏အပြုံးရှိနေသရွေ့ သူ(မ)က ကောင်းကင်ဘုံမှာရှိနေသည်ဟုသာ ခံစားရလိမ့်မည်။


အယ်လီနာနှင့် မိုင်ယာဘယ်လာက လက်ဖက်ရည်ပါတီ၏ အဝေးဆုံးနေရာမှာထိုင်ကာ ကိုယ်ပိုင်ပျော်ရွှင်မှုတို့ကို ခံစားနေကြ၏။


ဒေါက်၊ ဒေါက်၊ ဒေါက်-


ဟယ်လင်၊ ဆာရာနှင့် ထိတ်လန့်နေသော မာဂရက်တို့သည် ၎င်းတို့ထံ ချဥ်းကပ်လာကြ၏။ ၎င်းတို့ထဲမှ ဆာရာက စကားစပြောလာခဲ့သည်။


"ဟယ်လို၊ လေဒီဘလေဆယ်။ ခါတိုင်းဆို ရှင်က ဒီလိုတွေ့ဆုံပွဲတွေကို မတက်ရောက်ပါဘူး။ ဒီနေ့ရော နေကောင်းရဲ့လား။ နောက်ဆုံးတော့ ရှင့်ကိုပြန်တွေ့ရတာ အရမ်းကောင်းတာပဲ။"


အယ်လီနာက နှောင့်ယှက်မှုများမရှိဘဲ မိုင်ယာဘယ်လာနှင့်သာ အချိန်ပိုဖြုန်းချင်သော်လည်း သူ(မ) အလိုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တစ်ဖက်လူကို လျစ်လျူရှုလိုက်လို့မဖြစ်ရာ အယ်လီနာက ယဥ်ကျေးစွာ တုံ့ပြန်လိုက်ရသည်။


"အင်း၊ မတွေ့ရတာကြာပြီ။"


တကယ်တော့ အယ်လီနာသည် ထိုအမျိုးသမီးအား မည်သူမည်ဝါဖြစ်ကြောင်း မမှတ်မိပေ။ အယ်လီနာက အတိတ်ကိုပြန်မလာခင် အခြားသောဘဝတစ်ခုမှာ နှစ်ပေါင်း ၂၀ ကျော် နေထိုင်ခဲ့၏။ သူ(မ)နှင့် ပတ်သက်စရာမရှိခဲ့သော ငယ်ရွယ်နုပျိုသည့် မျက်နှာလေးများက သူ(မ)၏မှတ်ဉာဏ်ထဲမှာ မကျန်ရှိတော့ချေ။


သို့သော်လည်း ဟယ်လင်၏မျက်နှာက ချက်ချင်း အမှတ်ရချင်စရာပင်။ လှပသောမျက်နှာတိုင်းက အမှတ်ရဖို့လွယ်ကူသော်လည်း သူ(မ)၏စိတ်ထဲ၌ အေးစက်နေသောအကြည့်သာ ရှိနေခဲ့သည်။


အယ်လီနာနှင့် မိုင်ရာဘယ်လာတို့ သတိမပြုမိခင် ဟယ်လင်က မာဂရက်အား အကြည့်ဖြင့်အချက်ပြလိုက်၏။


ရုတ်တရက် မာဂရက်က စားပွဲခင်းကိုဆွဲချလိုက်ရာ စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်များအား မှောက်ကျသွားစေခဲ့သည်။ ကံကောင်းစွာဖြင့် လက်ဖက်ရည်ပူများက အယ်လီနာနှင့် မိုင်ရာဘယ်လာတို့ဘက်သို့ ဖိတ်စင်မသွားသော်လည်း ၎င်းတို့က နေရာမှာရှိနေသောကြောင့် ရှက်ရွံ့သောအမူအရာအနည်းငယ်တော့ ပြသလာခဲ့သည်။


"ဘာလုပ်နေတာလဲ။"


မာဂရက်က ဖြူဖျော့နေသောမျက်နှာဖြင့် တောင်းပန်လာခဲ့သည်။


"အ-အိုး၊ မတော်တဆပါ..."


သူ(မ)က ထိတ်လန့်နေပြီး အယ်လီနာက ထိုကိစ္စကို မစိုးရိမ်သည့်အလား တည်ငြိမ်စွာ ပြောလာခဲ့သည်။


"အဆင်ပြေပါတယ်။ လက်ဖက်ရည်တွေက ကျွန်မတို့အပေါ် စင်မသွားဘူးလေ။ ရှင်ရော အဆင်ပြေရဲ့လား။"


"အဆင်...အဆင်ပြေပါတယ်။"


"ကောင်းပါပြီ။ ဒါဆို တစ်ယောက်မှ မထိခိုက်သွားဘူး။"


အယ်လီနာ၏ တည်ငြိမ်သောအပြုအမူကြောင့် မာဂရတ်က တစ်နည်းနည်းဖြင့် ပို၍ထိတ်လန့်လာခဲ့၏။ အယ်လီနာက မာဂရက် မတော်တဆဖြစ်သွားသည်ဟုသာ တွေးလိုက်ရာ ရိုးရိုးရှင်းရှင်းသာ ပြုမူခဲ့သော်လည်း မာဂရက်၏ စစ်မှန်သောနောင်တတရားက သူ(မ)ကို ထိုအခြေအနေအား ပြန်လည်သုံးသပ်စေခဲ့သည်။


ဤသည်မှာ လက်ဖက်ရည်ပါတီအစွန်ရှိ စားပွဲဝိုင်းဖြစ်၏။ အယ်လီနာနှင့် မိုင်ယာဘယ်လာတို့က ၎င်းတို့ဘာသာ ပျော်ရွှင်နေကြပြီး ထိုစားပွဲဝိုင်းမှ အခြားလူများသည် တစ်နေရာရာသို့ ပြောင်းရွှေ့သွားကြ၏။ လက်ရှိတွင် ထိုစားပွဲဝိုင်း၌ အယ်လီနာ၊ မိုင်ယာဘယ်လာနှင့် အခြားသော မိန်းမပျိုလေးသုံးဦးတို့ရှိပြီး မည်သူမှ ထိခိုက်မသွားပေ။


ရုတ်တရက်ဆိုသလို သူ(မ)၏ဦးခေါင်းထဲ တစ်စုံတစ်ခု တွေးမိသွားသော်လည်း ဟယ်လင်က အပြုံးမျက်နှာဖြင့် စကားစပြောလာခဲ့သည်။


"တို့တွေ လက်ဖက်ရည်ပြန်ဖြည့်လိုက်ရင်ရော?"


၎င်းမှာ လူတိုင်းအတွက် ယဥ်ကျေးသော အကြံပြုချက်ဖြစ်ပုံပေါ်၏။ ဆာရာက အနောက်ဖက်ကနေ လက်ဖက်ရည်အိုးကို အမြန်ယူလိုက်ပြီး အယ်လီနာနှင့် မိုင်ယာဘယ်လာတို့ရှေ့၌ အသစ်ချထားသော လက်ဖက်ရည်ခွက်ထဲ ပြန်ဖြည့်ပေးလိုက်သည်။ အယ်လီနာ ဘာမှမပြောနိုင်ခင် ဟယ်လင်က စပြောလာခဲ့သည်။


"မိန်းကလေးလောရင့်က အရမ်းစိတ်မကောင်းဖြစ်နေမှာဆိုတော့ တောင်းပန်တဲ့အနေနဲ့ တို့တွေ လက်ဖက်ရည်ခွက် တိုက်ကြတာပေါ့။"


ဟယ်လင်က အစေခံတစ်ယောက်ကိုခေါ်ကာ သူ(မ)၏စားပွဲပေါ်ရှိ သောက်လက်စလက်ဖက်ရည်ခွက်ကို ယူခိုင်းလိုက်ပြီး ကျက်သရေရှိသော အနေအထားဖြင့် လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်သည်။ မိုင်ယာဘယ်လာက ဟယ်လင့်ကိုကြည့်ကာ အခြားသောအမျိုးသမီးများကိုလည်း သံသယဖြစ်လာ၏။ သို့သော်လည်း ကမ်းလှမ်းချက်ကို တိုက်ရိုက်ငြင်းလို့မရပေ။


"မမက အဆင်ပြေပါတယ်လို့ ပြောခဲ့ပြီးသားပါ။ ဒါပေမဲ့ လေဒီရှယ်ဘီက တောင်းပန်ချင်နေတာဆိုရင်တော့... ကျွန်မတို့က လက်ခံလိုက်ရုံပဲလေ၊ ဟုတ်တယ်မလား မမ။"


မိုင်ယာဘယ်လာက ထိုသို့ပြောလိုက်ပြီး သူ(မ)၏လေသံထဲမှာ လှောင်ပြောင်ရိပ်တို့ တစ်စွန်းတစ်စပါနေရာ ဟယ်လင်၏မျက်နှာက တင်းမာသွားခဲ့သည်။ ၎င်းအား စိတ်ကျေနပ်စွာကြည့်ရင်း ဆာရာထည့်ပေးထားသော လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်၏။ အယ်လီနာကလည်း အမြန်သောက်လိုက်ချင်ပြီး တင်းမာမှုတို့ကို လျှော့ချချင်နေခဲ့သည်။ သို့သော် ထိုအချိန်မှာပင်...


အိပ်စက်နေသော မှတ်ဉာဏ်အပိုင်းအစက အယ်လီနာ၏စိတ်ကို လှုပ်နိုးလိုက်၏။ သူ(မ)သည် အရင်က ဤပါတီပွဲကို တက်ရောက်ခဲ့ဖူးသည်။ ထိုအချိန်က မိုင်ယာဘယ်လာသည် သူ(မ)နှင့်အတူမပါခဲ့သလို မိုင်ယာဘယ်လာက သူ(မ)အတွက် ဂါဝန်ပြုလုပ်မပေးခဲ့ရာ သူ(မ)က ဂါဝန်အဟောင်းကိုသာ ဝတ်ဆင်လာခဲ့ရသည်။


ဇာတ်လမ်းတစ်ပုဒ်လို ဟယ်လင်နှင့် သူ(မ) လက်ဖက်ရည်အတူသောက်နေသော အတိတ်ကမြင်ကွင်းများသည် ရုတ်ခြည်းထွက်ပေါ်လာ၏။ သူ(မ) တစ်ငုံငုံလိုက်သည်နှင့် ငံတူးနေသော အရသာက သူ(မ)ပါးစပ်ထဲ ပြည့်နှက်သွားခဲ့သော်လည်း သူ(မ) ထွေးမထုတ်နိုင်ခဲ့ပေ။ သူ(မ)သာ တစ်စုံတစ်ခု အမှားလုပ်လိုက်မိလျှင် မာရီဆာ့ကို စော်ကားသလိုဖြစ်သွားလိမ့်မည်။ အယ်လီနာ ငံတူးနေသောလက်ဖက်ရည်ကို မျိုချလိုက်သည်အား ဟယ်လင်က ပြုံးလျက် စိုက်ကြည့်နေခဲ့လေ၏။


ထိုအခိုက်အတန့်တွင် မိုင်ယာဘယ်လာက လက်ဖက်ရည်ခွက်အား သူ(မ)၏နှုတ်ခမ်းနား ကောက်ယူလိုက်သည်ကို တွေ့လိုက်ရသည်။


အယ်လီနာ တွန့်ဆုတ်မနေဘဲ သူ(မ)သောက်တော့မည့် လက်ဖက်ရည်ခွက်အား လွှင့်ပစ်လိုက်၏။ လက်ဖက်ရည်ခွက်က မြေပြင်ပေါ်ကျသွားပြီး ကွဲသွားလေသည်။


ခလွမ်း!


ကျယ်လောင်သောအသံက ပါတီကျင်းပနေသောလူအုပ်ကြီးအား ရပ်တန့်သွားစေ၏။ လူတိုင်း၏အကြည့်များသည် ၎င်းတို့၏စားပွဲပေါ်သို့ ကျရောက်လာခဲ့လေသည်။


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment