no

Font
Theme

သေချာအောင်လုပ်ရမယ် (၁)


"ဘယ်လို... ဘယ်လိုလုပ်ပြီး ဝင်လာခဲ့တာလဲ။"


ခွန်းက တံခါးပိတ်ကာ အယ်လီနာ့ဆီချဥ်းကပ်လာပြီး ပြန်ဖြေခဲ့၏။ သူက သူ(မ)၏ အံ့သြနေသောအမူအရာကို မြင်လိုက်ရပြီး လေသံတိုးတိုးဖြင့် ပြောလာခဲ့သည်။


"ထိုးဖောက်ဝင်ရောက်တာက ကျွန်တော့်ရဲ့ အထူးကျွမ်းကျင်မှုပါ။"


"ဘ-ဘာ? ရှင်ဆိုလိုတာက ဒီမှာ ပုန်းနေတာလား။"


"တိတိကျကျပြောရရင် ကျွန်တော်က အစားအသောက်သယ်ပို့ဆောင်တဲ့သူအဖြစ် အတုအယောင်အလုပ်တစ်ခု ရခဲ့တာပါ။ ပြောရရင်တော့၊ ဟုတ်ပါတယ်။"


အယ်လီနာ အရင်ကထက်ပိုပြီးအံ့သြနေသောအမူအရာဖြင့် ခွန်းကိုကြည့်လိုက်မိသည်။ ဘလေဆယ်အိမ်တော်က သူရဲကောင်းများကို လေ့ကျင့်ပေးသောမိသားစုအဖြစ် အင်ပါယာ၌ လူသိများ၏။ ၎င်းတို့မိသားစုရဲတိုက်၌ စောင့်ကြပ်နေသောသူရဲကောင်းများသည် အခြားသောမိသားစုများထက် ပို၍များပြားသည်။ ထိုသူ ရဲတိုက်ထဲကို အယောင်ဆောင်ပြီး ဝင်ရောက်လာလျှင်တောင် မြို့စားသမီးတစ်ယောက်၏ အခန်းထဲကိုရောက်ဖို့အတွက် လုံခြုံရေးများအားလုံးကို ဖြတ်ကျော်ဖို့လိုအပ်သည်။


သို့သော်လည်း ချိုးဖောက်ဝင်ရောက်မှုက တချို့နည်းလမ်းများဖြင့် ပြုလုပ်နိုင်ဆဲပင်။ ကာလိုင်းက ခွန်း၏အရည်အချင်းများသည် ထူးကဲသည်ဟု ပြောခဲ့ဖူး၏။ သို့သော် ခွန်းက အယ်လီနာ၏အသက်ကို ကြံရွယ်လျှင် မည်သို့ဖြစ်မည်နည်း။ အယ်လီနာက သူ(မ)ကိုယ်သူ(မ)ကာကွယ်ရန် ဓားတစ်လက်ရှိသော်လည်း မြို့စား၏သမီးဖြစ်နေသည်ကိုက အန္တရာယ်ကြားထဲ ရောက်ရှိနေပြီးသားပင်။ သူ(မ)၏ကျောရိုးတစ်လျှောက် အေးစက်သွားခဲ့၏။


"တစ်ခုလောက် မေးပါရစေ။ ဆာ(sir)ကာရှာ၊ ရှင် အရင်တုန်းက တစ်စုံတစ်ယောက်ကို အခုလိုနည်းနဲ့ချဥ်းကပ်ပြီး လုပ်ကြံသတ်ဖြတ်ခဲ့ဖူးလား။"


"အဲ့ဒါက..."


သူက သူ၏စကားလုံးများကို ဖြည်းဖြည်းချင်း တည်ဆောက်ခဲ့သည်။ သူ၏လေသံက အနိမ့်အမြင့်၊ အတက်အကျမရှိသော်လည်း သူပြောလိုက်သည့်အရာက အံ့သြထိတ်လန့်စရာပင်။


"... အဲ့ဒါက ကျွန်တော် ကျွမ်းကျင်တဲ့အရာပါ။"


ထူးခြားသော အရည်အချင်းတို့ရှိပုံရသည့် ခွန်းက လုပ်ကြံသတ်ဖြတ်ခြင်း၌ အရည်အချင်းအရှိဆုံးဖြစ်သည်...


အယ်လီနာ အခိုင်အတန့်တစ်ခုလောက် ခေါင်းကိုက်သွားသော်လည်း ၎င်းအား မျှော်လင့်ထားပြီးသားဖြစ်၏။ ၎င်းတို့ ပထမဆုံးတွေ့ဆုံခဲ့စဥ်က သူသည် သူရဲကောင်းတစ်ယောက်ထက် လုပ်ကြံသတ်ဖြတ်သူနှင့် ပိုတူသည်ဟူ၍ သူ(မ)တွေးခဲ့ဖူးသည်။ ကာလိုင်း၏အတွေးများကို သူ(မ) သိချင်နေမိသော်လည်း သူ(မ)၏မေးခွန်းကိုဖြေရန် သူက ဤနေရာမှာမရှိပေ။ ထိုအစား သူ(မ) ခွန်းကိုသာ ပြောလိုက်သည်။


"ရှင့်ကို တိုက်ရိုက်ပဲ မေးကြည့်ပါရစေ။ ရှင့်ရဲ့တာဝန်က ကျွန်မကို လုပ်ကြံဖို့ဆိုရင် ကျွန်မကို ဘလေဆယ်ရဲတိုက်ထဲမှာ သတ်လိုက်ပြီး ထွက်ပြေးလွတ်မြောက်နိုင်လား။ အောင်မြင်နိုင်ခြေ ဘယ်လောက်ရှိလဲ။"


"ရဲတိုက်ထဲကို လျှို့ဝှက်ဆက်သွယ်ဖို့ ခိုးဝင်လာတာနဲ့ လူတစ်ယောက်ရဲ့အသက်ကို ယူဖို့ရည်ရွယ်ချက်ကြားမှာ ကွာခြားချက်ရှိပါတယ်။ တစ်ခုစီကို သေသေချာချာတွက်ချက်ဖို့ လိုအပ်ပြီး ဘလေဆယ်ရဲတိုက်ထဲမှာဆိုရင် အောင်မြင်နိုင်ခြေ သိပ်မမြင့်ပါဘူး။ ပြီးတော့ လုပ်ကြံသတ်ဖြတ်ပြီးရင် ကျွန်တော် အသက်ရှင်လျက်လွတ်မြောက်ဖို့က မဖြစ်နိုင်လုနီးပါးပါပဲ။"


အယ်လီနာက သူ၏အဖြေကို ကြားလိုက်ရသောအခါ ပြုံးခဲ့သည်။


"ပြောရမယ်ဆိုရင် ရှင့်အသက်ကို စွန့်စားမယ်ဆိုရင်တော့ ကျွန်မကို သတ်နိုင်တယ်ပေါ့?"


ခွန်းက အယ်လီနာ၏ဓားရေးကို မသိသေးသော်လည်း လုပ်ကြံမှုအောင်မြင်နိုင်ခြေက ရှိနေဆဲပင်။


ပထမဆုံးအကြိမ်အဖြစ် ခွန်းက ပြန်မဖြေခဲ့ဘဲ အယ်လီနာသည် ၎င်းအား အတည်ပြုခြင်းအဖြစ် သတ်မှတ်လိုက်၏။ ရုဖို့ဒ်အင်ပါယာ၌ ခွန်းလိုမျိုး ပြန်ဖြေနိုင်သည့် လုပ်ကြံသတ်ဖြတ်သူများ မည်မျှရှိနေမည်နည်း။


ခွန်းကာရှာ။ ဤသည်မှာ သူ(မ)၏အရင်ဘဝ၌ တစ်ခါမှမကြားခဲ့ဖူးသောအမည်နာမပင်။ ကာလိုင်းမှာ ယခုလိုအရည်အချင်းရှိသည့် ဘက်တော်သားတစ်ယောက်ရှိနေသည့်အတွက် သူ(မ) အားကျမိသည်။


"နောက်ဆုံးတစ်ခု မေးပါရစေ။"


"စောစောတုန်းကကတည်းက မေးခွန်းတစ်ခုလို့ ပြောပြီးသွားပြီ။"


ခွန်း၏အမူအရာက ပြောင်းလဲမသွားသော်လည်း အယ်လီနာ၏ ထပ်တလဲလဲမေးခွန်းများကို ပြန်ဖြေရန် သက်သောင့်သက်သာမရှိသည့်အလား။ သူ၏လေ့လာချက်က မမှားသော်လည်း အယ်လီနာက ၎င်းအား လျစ်လျူရှုကာ သူ့ကို မေးခွန်းထပ်မေးနေဆဲပင်။


"ကျွန်မမေးတာတွေကို ဘာလို့ ဖြေပေးနေတာလဲ။"


သူ(မ)က ခွန်းနှင့် အကြိမ်များစွာ မတွေ့ဆုံဖူးသော်လည်း သူ၏စရိုက်လက္ခဏာကို တစ်ချက်ကြည့်ရုံဖြင့် ပြောနိုင်၏။ သူ သူ(မ)ကိုပြန်ဖြေပေးနေသည်က သူ၏စရိုက်မဟုတ်ပေ။ ခွန်းက အရင်အတိုင်း ခြောက်ကပ်ကပ်အမူအရာဖြင့် ဖြေလာခဲ့သည်။


"စစ်သူကြီးက လေဒီဘလေဆယ်ရဲ့စကားကို ခြွင်းချက်မရှိနာခံရမယ်လို့ ပြောထားပါတယ်။"


"အာ..."


ဤသည်မှာ သူ(မ)အတွက် သတင်းအချက်အလက်အသစ်ဖြစ်သည်။ ကာလိုင်းက ဤမျှအသေးစိတ်အချက်အလက်များကို အာရုံစိုက်လိမ့်မည်ဟု သူ(မ) မမျှော်လင့်ထားမိသော်လည်း သူက သူ(မ)တွေးထားတာထက် သူ(မ)အား ပိုပြီးအကူအညီပေးနေခဲ့သည်။ သူ(မ) သူ့ကို ကျေးဇူးတင်မိ၏။ သူ(မ)သည် သူ့ကို အပြည့်အဝမယုံကြည်သေးသော်လည်း သူ(မ)အတွက် သူ၏လုပ်ဆောင်မှုတို့ကို အသိအမှတ်ပြုပေသည်။


ခွန်းက ကာလိုင်းအား မင်းသားဟုခေါ်ရမည့်အစား စစ်သူကြီးဟုခေါ်နေသည်မှာ အနည်းငယ်ထူးဆန်းသော်လည်း အယ်လီနာ ထိုအတွေးကို ထပ်ပြီးမတွေးတော့ပေ။


"ဒါဆို ကျွန်မပြောသမျှကို ရှင်က နာခံရမှာပေါ့။"


ခွန်း၏မျက်နှာက တွန့်ချိုးသွားသော်လည်း အယ်လီနာက ဆက်ပြောခဲ့သည်။


"ကျွန်မ အကူအညီတစ်ခုလောက် တောင်းချင်တယ်။ တော်ဝင်မိသားစုနဲ့ပတ်သက်တဲ့ အချက်အလက်တွေနဲ့ မြို့တော်တစ်ဝိုက်က တော်ဝင်မျိုးနွယ်တွေရဲ့ အာဏာတည်ဆောက်ပုံကို ကျွန်မကိုရှာပေးပါ။"


".. နားလည်ပါပြီ။"


"ကျေးဇူးပြုပြီး တတ်နိုင်သလောက် မြန်မြန်လုပ်ပေးပါ။"


ခွန်းက အခိုက်အတန့်တစ်ခုလောက် ရပ်တန့်သွားပြီး ငြိမ်သက်သောလေသံဖြင့် ပြောလာခဲ့သည်၊။


"ကျွန်တော် နည်းနည်းနောက်ကျတဲ့အချိန်မှ လာလို့ရမလား။ ကျွန်တော်မှာ နေ့ခင်းဘက်လာဖို့အတွက် အချိန်သိပ်မရှိလို့ပါ။ အဲ့ဒါကြောင့် ဒီနေ့ နောက်ကျမှရောက်လာခဲ့တာပါ။"


ခွန်းက သူ(မ)ဆင့်ခေါ်လိုက်ပြီး နာရီအနည်းငယ်အတွင်း ရောက်လာခဲ့သော်လည်း သူ့ကိုယ်သူ နောက်ကျမှရောက်လာသည်ဟု တွေးနေပုံပင်။ ခွန်း၏ လျင်မြန်သောလုပ်ပုံကိုင်ပုံကို အယ်လီနာ သဘောကျသွား၏။


"ကိစ္စမရှိပါဘူး။ ကျွန်မဆီကို အချက်အလက်တွေသာ ရှာခဲ့ပေးပါ။"


"ဟုတ်ကဲ့ပါ၊ လေဒီဘလေဆယ်..."


ခွန်းက အရိုအသေပေးကာ သူဝင်လာတုန်းကလို ပေါ့ပါးသောခြေလှမ်းများနှင့် ထွက်ခွာသွားခဲ့လေသည်။ အယ်လီနာ တိတ်တဆိတ်ကြည့်နေပြီးနောက် ထိုဆန်းကြယ်သောလူငယ်လေး အလုပ်လုပ်ပုံအား ကျေနပ်နေခဲ့၏။ ရန်သူက ကောက်ကျစ်နိုင်သော်လည်း သူ(မ)မှာ မဟာမိတ်အဖြစ် ခွန်းရှိနေသည်။ ယခုလိုလူများကို ခေါ်ယူထားနိုင်သည့် ကာလိုင်း၏အရည်အချင်းအား အယ်လီနာ လေးစားသွား၏။ သူက သူ(မ)ထင်ထားတာထက် အရည်အချင်းရှိနေလောက်သည်။ သဘောတူညီချက်လက်ထပ်ပွဲအား ဖန်တီးလိုက်သည်က အကြံကောင်းတစ်ခုပင်။


အယ်လီနာ စားပွဲပေါ်ရှိ စာရွက်စာတမ်းများဆီ ပြန်လှည့်လိုက်၏။ ထို့နောက် စောစောကထက် ပို၍အာရုံစူးစိုက်စွာ ဖတ်ရှုနေခဲ့သည်။


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment