no

Font
Theme

ဘယ်လောက်ကြာပြီလဲ (၂)


သူ(မ)ဘေးမှာရှိနေသော သူ(မ)၏မိသားစုကြောင့် အယ်လီနာ နွေးထွေးသွားခဲ့၏။ သူ(မ)သည် မိုင်ယာဘယ်လာ့ကို ရရှိထားသောကြောင့် မည်မျှထိ ကျေးဇူးတင်မိကြောင်း သူ(မ)မပြောပြတတ်ပေ။ အယ်လီနာ သူ(မ)၏ညီမလေးကို ညှစ်လိုက်ပြီးနောက် မေးလိုက်သည်။


"ဒါဆို မမကို ဘာလို့စောင့်နေတာလဲ။"


"ဒီတစ်ခေါက် ညီမလေးတို့ လက်ဝတ်လက်စားတချို့ ဝယ်လို့ရမလားလို့ သိချင်လို့ပါ။ အခု ဝယ်လိုက်မယ်ဆိုရင် မမ ကပွဲကိုသွားတဲ့အချိန် ဝတ်လို့ရတယ်... မမမှာရှိတဲ့ဟာတွေက ဟောင်းနေပြီ။"


"လက်ဝတ်လက်စား?"


ထိုအခါမှ အယ်လီနာသည် မိုင်ယာဘယ်လာ့ဘေးရှိ ပွင့်နေသော လက်ဝတ်ရတနာသေတ္တာကို တွေ့လိုက်ရ၏။ အတိတ်တုန်းက သူ(မ)သည် ထိုကဲ့သို့အရာမျိုးအား မနှစ်သက်ခဲ့ဘဲ မျိုးရိုးမြင့်အမျိုးသမီးတစ်ယောက်အနေဖြင့် လက်ဝတ်လက်စား အနည်းငယ်သာရှိခဲ့သည်။


ရတနာသေတ္တာသေးသေးလေးမှာ ဗလာကျင်းလုနီးပါးပင်။ ထိုအချိန်၌ သေတ္တာထဲမှ တစ်စုံတစ်ခုက အယ်လီနာ၏စိတ်ကို ဖမ်းစားသွားခဲ့သည်။ ၎င်းမှာ အပြာရောင်ကျောက်မျက်ပါသော လက်စွပ်တစ်ကွင်းဖြစ်၏။ အမျိုးသမီးအများစုက သန့်စင်သော ကျောက်မျက်များကို နှစ်သက်ကြပြီး ကြီးလေ ပိုကောင်းလေဖြစ်သည်။ သို့သော်လည်း ဤလက်စွပ်က ပြောင်ရှင်းနေပြီး ငွေရောင်ကြိုးပတ်ဖြင့် အပြာရောင်ကျောက်မျက်လေးသာပါရှိ၏။ ၎င်းက အလွန်ရိုးရှင်းပြီး စျေးလည်းမကြီးပေ။


အယ်လီနာ လက်စွပ်ကိုမြင်လိုက်ရသည်နှင့် သူ(မ)ကို ပူးကပ်ခံလိုက်သလို လှမ်းယူလိုက်၏။


'... ဒီမှာပဲ။'


သူ(မ)၏ ယခင်ဘဝတုန်းက ဤလက်စွပ်အား သူ(မ)ခန္ဓာကိုယ်ပေါ်ကနေ တစ်ခါမှ မချွတ်ခဲ့ဖူးပေ။ သူ(မ)၏မိသားစုဝင်တွေ သေဆုံးပြီးနောက် သူ(မ)သည်လည်း ဘလေဆယ်ရဲတိုက်ကနေ၊ ရုဖို့ဒ်အင်ပါယာကနေ အချိန်အတော်ကြာထွက်ပြေးခဲ့ရသည်။ သူ(မ)၏အထောက်အထားကိုလည်း ဖျောက်ဖျက်ခဲ့ရပြီး ငွေကြေးများလည်း လိုအပ်လာခဲ့၏။ ထိုအချိန်က သူ(မ)သည် သူ(မ)၏ဂါဝန်များနှင့် လက်ဝတ်လက်စားအနည်းငယ်ကို ရောင်းချခဲ့သည်။


ဤလက်စွပ်အား မရောင်းခဲ့သည်မှာ ဤလက်စွပ်သည် အလွန်တန်ဖိုးနည်းသောကြောင့်ပင်။ ထိုအချိန်က လက်ဝတ်ရတနာဆိုင်ပိုင်ရှင်နှင့် ပြောခဲ့သည်တို့ကို သူ(မ) မှတ်မိသေးသည်။


'ဒီလက်စွပ်ထဲက ကျောက်မျက်က ဘာလဲဆိုတာ ကျွန်တော်မသိဘူး။ ဒါက စျေးပေါတဲ့ နီလာတစ်မျိုးသာဆို ကျွန်တော် ဝယ်လိုက်မှာပါ။ ဒါပေမဲ့ ဒါမျိုးကို အရင်က တစ်ခါမှမမြင်ဖူးသလို ကြားလည်း မကြားဖူးဘူး။'


သူ(မ)က အပူတပြင်း ငွေလိုအပ်နေသောကြောင့် ၎င်းအား စျေးပေးသောနေရာများတွင် ရောင်းချရန်ကြိုးစားခဲ့သည်။ သို့သော် နောက်ဆုံးတွင် ထိုလက်စွပ်လေးက သူ(မ)၏မိသားစုနှင့် ကုန်ဆုံးခဲ့သောအချိန်တို့ကို ပြန်လည်အမှတ်ရစေနိုင်မည့် တစ်ခုတည်းသော ပစ္စည်းလေးပင်။ ထို့ကြောင့် စျေးအပေါဆုံးပစ္စည်းလေးကို သူ(မ) သိမ်းထားခဲ့သည်။


"ဒီလက်စွပ်ရှိနေတာ ဘယ်လောက်ကြာသွားပြီလဲ။"


"ဒီလက်စွပ်က အရမ်းဟောင်းနေပြီ။ ညီမလေးမြင်မိတာကိုက ဆယ်နှစ်လောက်ရှိနေပြီ။"


"တကယ်?"


ထိုလက်စွပ်က သူ(မ)အမေဆီကမဟုတ်ကြောင်း သူ(မ) သေချာသိပေသည်။ သို့သော် သူ(မ)၏ရတနာသေတ္တာထဲ မည်သို့ရောက်နေကြောင်း မသိပေ။


'စဥ်းစားစမ်း၊ ဒါကို ဘယ်အချိန်ကတည်းက သိမ်းထားခဲ့တာလဲ။'


သူ(မ) မည်သို့ရရှိခဲ့ကြောင်းကို မမှတ်မိတော့ပေ။ သူ(မ)၏ယခင်ဘဝ၌ သူ(မ)၏မိသားစုကို မှတ်မိနေရန်အတွက်သာ ၎င်းအား အသုံးပြုခဲ့ပြီး မည်သည့်နေရာကရောက်လာကြောင်းကိုတော့ သူ(မ) မတွေးခဲ့ချေ။


ထိုအခိုက် သူ(မ)၏စိတ်ထဲ အသံတစ်သံ ပေါ်ထွက်လာသည်။


- သိမ်းထားပေး။ ငါ သေချာပေါက် ပြန်လာယူမယ်။


ထိုအသံက လှပသော ကလေးငယ်တစ်ယောက်၏အသံဖြစ်ကြောင်း သူ(မ)သိပေ၏။ သူ၏လေသံက လေးနက်မှုတို့ ကိန်းဝပ်နေသည်။ 'အဲ့ဒါ ဘယ်သူလဲ။' သူ(မ) မည်မျှပင်ကြိုးစားနေပါစေ ဘာကိုမှ မမှတ်မိတော့ပေ။ သူ(မ) ငယ်ငယ်တုန်းက သူ(မ)ကို မည်သူကပေးခဲ့ကြောင်း စဥ်းစားနေမိသည်။


အပြာရောင်ကျောက်လေးကို တိတ်တဆိတ်စိုက်ကြည့်နေမိပြီး ရင်းနှီးမှုတို့နှင့်အတူ သူ(မ)လက်ချောင်းမှာ ဝတ်ဆင်လိုက်သည်။ အတိတ်တုန်းက ၎င်းမှာ ခြစ်ရာများဖြင့် အစင်းများထင်နေခဲ့သော်လည်း ယခု ချောမွေ့နေသောမျက်နှာပြင်က အယ်လီနာ၏နှလုံသားလို အပြစ်အနာဆာကင်းမဲ့နေ၏။ သူ(မ) ဤလက်စွပ်ကို လွမ်းနေခဲ့သည်။


ဤလက်စွပ်အား မည်သို့ရခဲ့ကြောင်း မသိသော်လည်း သူ(မ)၏ အထီးကျန်သူရဲကောင်းဘဝကို မှတ်မိနေစေဖို့ အသုံးပြုရမည်။


"မမ ဒီလက်စွပ်ကို ဝတ်မလို့လား။"


"အင်း၊ ဒါက တော်တော်ကြာနေပြီဆိုတော့။"


"ဒါပေမဲ့ ဒါက ရိုးရှင်းလွန်းတယ်မဟုတ်ဘူးလား။ မမ လက်စွပ်တွေကိုကြိုက်ရင် ပိုလှတဲ့ဟာကို ဝတ်လို့ရတယ်လေ။"


"အဆင်ပြေပါတယ်။ မမ ဒါကို အကြာကြီးသိမ်းထားခဲ့တာဆိုတော့ မမအတွက် တန်ဖိုးထားစရာဖြစ်လောက်တယ်။"


အတိတ်က မည်မျှခက်ခဲခဲ့ကြောင်း မှတ်မိနေခြင်းဖြင့် သူ(မ)၏အနာဂတ်မှာ စိတ်ဓာတ်တက်ကြွစေဖို့ သူ(မ)ကို ကူညီပေးလိမ့်မည်။ အယ်လီနာတစ်ယောက် သာမန်လက်စွပ်လေးဖြင့် စိတ်ကျေနပ်နေသည်ကို မိုင်ယာဘယ်လာ စိတ်ပူနေသည့်ပုံပင်။


"ဒါပေမဲ့ ဒါက ကိစ္စတစ်ခု၊ လက်ဝတ်လက်စားဝယ်တာက ကိစ္စတစ်ခုပဲ။ လက်ဝတ်ရတနာဆိုင်အသစ်မှာ အရည်အသွေးကောင်းတဲ့ကျောက်တွေ အများကြီးရှိတယ်တဲ့။"


"ဘယ်လိုလုပ်သိတာလဲ။"


"အစေခံတွေ ပြောပြတာ။"


"အင်း၊ သိပြီ။ မမ စဥ်းစားကြည့်လိုက်မယ်။


"တကယ်? တကယ်နော်?"


မိုင်ယာဘယ်လာက သူ(မ)ဘေးမှာရှိနေ၏။ အယ်လီနာသည် ယခင်ဘဝတုန်းက ခြိုးခြံချွေတာခဲ့ပြီး ငွေများစွာကို စုဆောင်းခဲ့သည်။ သို့သော် ကိုယ်အသက်ရှင်နေတုန်း ပိုက်ဆံများကို သုံးစွဲသင့်သည်ဟူ၍ သူ(မ) အရေးကြီးသော သင်ခန်းစာတစ်ခုကို သိလိုက်ရသည်။ သေဆုံးပြီးနောက် ငွေများကို ယူသွားလို့မရသဖြင့် ရှိနေတုန်း ပျော်ရွှင်ခံစားသင့်ပေ၏။


ပိုပြီးအရေးကြီးသည့်အရာမှာ အယ်လီနာက ကပွဲတွင် ကာလိုင်းနှင့် ပထမဆုံးတွေ့ဆုံမှုကို ဖန်တီးရမည်ဖြစ်ရာ သူ(မ)၏အသွင်အပြင်ကို အလေးအနက်ထားဖို့လို၏။ ကံကောင်းစွာဖြင့် ဂါဝန်များကို မှာယူထားပြီးဖြစ်ရာ လက်ဝတ်လက်စားဝယ်ယူခြင်းက ပြင်ဆင်မှုများအတွက် လုံလောက်ပေ၏။


"ဘယ်အချိန်လောက် သွားကြမလဲ။ မနက်ဖြန်သွားလို့ရမလား။"


မိုင်ယာဘယ်လာက စိတ်အားထက်သန်စွာ တိုက်တွန်းနေတာကြောင့် အယ်လီနာ၏မျက်နှာထက်မှာ အပြုံးရေးရေးလေး ပေါ်လာခဲ့သည်။


"အခု နောက်ကျနေပြီမို့ အိပ်ရာဝင်ဖို့ ပြင်ဆင်ကြရအောင်။"


"ဟုတ်၊ ဟုတ်။ ဒါဆို ညီမလေးတို့ သေချာပေါက် သွားကြမှာနော်? မနက်ဖြန်မှတွေ့မယ်နော် မမ!"


မိုင်ယာဘယ်လာက အယ်လီနာ့ကို အမြန်ပွေ့ဖက်ကာ နှုတ်ဆက်စကားပြောပြီး သူ(မ)၏အခန်းဆီ အမြန်ပြန်သွားတော့သည်။ အယ်လီနာက ပျော်ရွှင်စွာဖြင့် သူ(မ)ကို လိုက်ကြည့်နေပြီးနောက် အိပ်ရာဝင်ဖို့ပြင်ဆင်ရန် စားပွဲပေါ်ရှိခေါင်းလောင်းအား တီးလိုက်လေ၏။


ကလင်-ကလင်။


ထိုခေါင်းလောင်းက အပြင်မှာစောင့်နေသော ရံရွေတော်များကိုခေါ်ရန် မျိုးရိုးမြင့်မိသားစုများမှအသုံးပြုကြသော ခေါင်းလောင်းဖြစ်သည်။ အယ်လီနာက အရာအားလုံးကို သူ(မ)ဘာသာ လုပ်လေ့ရှိသော်လည်း အခြားသူများအတွက် ထူးဆန်းနေပုံပေါ်သောကြောင့် ရံရွေတော်များကိုအသုံးပြုဖို့ ကြိုးစားခဲ့သည်။ ၎င်းက သူ(မ) မင်းသမီးဖြစ်လာလျှင်လည်း မဖြစ်မနေ ကျင့်သုံးရမည့်အရာပင်။


သို့သော်လည်း ယနေ့ ရံရွေတော်ရောက်လာသည်က နောက်ကျနေ၏။


'... ဘာဖြစ်နေတာလဲ။'


နောက်ဆုံးတွင် တံခါးပွင့်လာပြီး မယ်ရီက အခန်းထဲကို အပြေးဝင်လာခဲ့၏။


'ခေါ်-ခေါ်ပါသလား၊ သခင်မလေး။"


မယ်ရီက ထိတ်လန့်နေပုံပေါ်ပြီး အယ်လီနာနှင့် မျက်လုံးချင်းမဆုံရဲချေ။ အယ်လီနာက တစ်ခုခုဖြစ်တာကို အာရုံခံမိသောကြောင့် မေးလိုက်၏။


"ဘာဖြစ်နေတာလဲ။"


"ဘာ-ဘာမှမဖြစ်ပါဘူး! ဘာမှမဖြစ်ပါဘူး!"


သူ(မ)၏ ပြင်းထန်သောအငြင်းစကားက အယ်လီနာ၏သံသယကို မြင့်တက်သွားစေသော်လည်း အယ်လီနာသည် နေ့ခင်းတုန်းက ကာလိုင်းနှင့် သဘောတူညီချက်ပြုလုပ်ခဲ့ရသောကြောင့် ပင်ပန်းနေလေပြီ။ ထုံးစံအတိုင်း အယ်လီနာ မယ်ရီကိုကျောပေးကာ ဂါဝန်ချွတ်စေလိုက်၏။ မယ်ရီက အမြန်ရောက်လာပြီး အယ်လီနာ့ခါးပေါ်က ခါးပတ်ကြိုးကိုဖြည်ရင်း ဂရုတစိုက် မေးလာခဲ့သည်။


"သခင်မလေး၊ ဒီ... ဒီနေ့ညရော အပြင်ထွက်ဖို့ စီစဥ်နေတာလားဟင်။"


"ဘာအဓိပ္ပာယ်လဲ။"


အယ်လီနာက စူးရှစွာ ခေါင်းလှည့်ကြည့်လိုက်ရာ မယ်ရီက အံ့သြတကြီး ခေါင်းယမ်းပြခဲ့သည်။


"တောင်းပန်ပါတယ်။ ကျွန်မ သခင်မလေး ညလယ်ထွက်ခွာဖို့ ဘယ်လိုပြင်ဆင်ပေးရမလဲ မသိလို့ပါ..."


အယ်လီနာ၏မျက်လုံးများက မှေးကျဥ်းသွား၏။


"နောက်ဆုံးတစ်ခေါက်မေးမယ်။ ဒီနေ့ ဘာတွေဖြစ်ခဲ့တာလဲ။"


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment