no

Font
Theme

အဲလ်ပ်တောင်တန်းနှင့် မြေပြိုမှု (၂)


"တခြားဘာဖြစ်နိုင်ဦးမှာလဲ။ သူက မင်းကိုတကယ်လုပ်ပစ်ချင်နေတယ်များထင်နေတာလား။ မင်းက တကယ်ချစ်ဖို့ကောင်းတယ်ဆိုပေမဲ့ မင်းက သူများထက်ပိုထူးခြားနေတာမျိုးမှမဟုတ်တာ။ ပြီးတော့ မင်းရဲ့စရိုက်ဆိုရင် ပိုတောင်ဆိုးသေး။ မင်းနဲ့သူငယ်ချင်းဖြစ်ရတာကိုက ကံဆိုးနေပြီ။ တကယ်လို့များ တစ်ယောက်ယောက်ကသာ မင်းနဲ့ အိပ်ရာပေါ်လူးလိမ့်ချင်တယ်ဆိုရင် သူတို့နှလုံးသားတွေ သေချာပေါက်ပြိုလဲသွားလိမ့်မယ်"


"ဟေး..မင်းက ငါ့သူငယ်ချင်းရောဟုတ်သေးရဲ့လား'


"ဒါပေါ့။ မင်းသူငယ်ချင်းမို့လို့ အမှန်အတိုင်းပြောနေတာလေ။ ဒါပေမဲ့ နေဦး.. သူ့ရဲ့သဘောထားကိုအခြေခံပြီးပြောရမယ်ဆိုရင် သူ မင်းကိုလိုက်နေတယ်လို့ခံစားရတယ်ရော်"


ဟန်တာခမျာ အန္တရာယ်အငွေ့အသက်ကို ခံစားနေရချိန်မှာ ဘလူးက ဟန်တာ၏ကံဆိုးမှုကို ပျော်မွေ့နေပေသည်။


"အဲ့ဒါက.. ဒါဆိုရင် ငါ သူနဲ့ခပ်ဝေးဝေးနေသင့်တယ်"


ဟန်တာကား ခေါင်းတကုတ်ကုတ်...


ဖော်မြူလာဝမ်းထဲမှာ သူ့သူငယ်ချင်းရယ်ဟု မရှိပေ။ ထို့ကြောင့် တစ်စုံတစ်ယောက်က သူ့ထံသို့ တက်တက်ကြွကြွချဉ်းကပ်လာသောအခါ ဟန်တာလည်း တကယ်ဝန်လေးသလို ခံစားရသည်။


"အဲ့ဒီလူကဘယ်သူလဲ"


ဘလူးက မေးခွန်းထုတ်လာလေသည်။


"ဗန်ဝင်စတန်..."


ဟန်တာ အတွေးလွန်နေသောကြောင့် ထိုနာမည်ကား ပါးစပ်မှချော်ထွက်သွားချေသည်။


"ဘာ..ဗန်ဝင်စတန် ဟုတ်လား။ မင်းပြောတာ 'ဆီးနှင်းဓားရှည်'ဆိုတဲ့ ဗန်ဝင်စတန်လား"


"ဟုတ်တယ်။ နောက်တစ်ခေါက်ကျရင် ငါ သူနဲ့ဝေးဝေးနေသင့်တယ်"


"မင်းရူးနေလား။ ဗန်ဝင်စတန်သာဆိုရင် အကြောင်းပြချက်သုံးခုနဲ့ လုံလောက်မှာမဟုတ်ဘူး"


"ဘာလို့လဲ"


"မင်းလား ထိပ်တန်းပြိုင်ကားမောင်းသမားဖြစ်မှာ။ ဖြစ်နိုင်ခြေတစ်စက်မှမရှိဘူး။ ဗန်ဝင်စတန်ဘက်ကကြည့်ရင် သူ့ရဲ့အထက်စီးဆန်တဲ့ပြုမူပြောဆိုပုံမျိုးနဲ့ဆိုရင် သူ့ကိုကြည့်နေရတာကတောင် အဲလ်ပ်တောင်တန်းကိုမော့ကြည့်နေရသလိုပဲ။ သူသာ မင်းကိုလိုက်တာဆိုရင်တော့ အဲလ်ပ်တောင်တန်းကြီး မြေပြိုမှုဖြစ်တာနဲ့မခြားဘူးပဲ"


"ဒါက ဘယ်လိုနှိုင်းယှဉ်မှုမျိုးကြီးလဲ။ သူက အဲလ်ပ်တောင်တန်း။ ငါကတော့ မြေပြိုမှုပေါ့"


"မဟုတ်လို့လား။ သူ့လိုလူစားမျိုးက ဘဝရဲ့အထွတ်အထိပ်ကို လျှောက်လှမ်းနေတာလေ။ သူက မင်းလိုအရှုံးသမားနဲ့ ဘာလို့သူငယ်ချင်းဖြစ်ချင်မှာတဲ့လဲ"


"သူက တအားအထီးကျန်နေလို့ သူ့အနားမှာ တစ်ယောက်ယောက်ကို အဖော်ပြုပေးစေချင်လို့လေ"


"ဟုတ်ပါပြီ။ ထားလိုက်ပါတော့။ ဒါဆိုရင် ဗန်ဝင်စတန်က မင်းကိုစကားပြောဖို့ ရုတ်တရက်ကြီးချဉ်းကပ်ခဲ့တာပေါ့။ နောက်တစ်ခေါက်ကျရင် ငါလည်း သူနဲ့ဓာတ်ပုံတစ်ပုံလောက်ရိုက်ချင်တယ်"


"နေပါဦး... ဒါဆို သူက ငါနဲ့သူငယ်ချင်းဖြစ်ချင်တယ်ဆိုတာကမှန်ပြီး ဟိုဒင်းလုပ်ချင်တယ်ဆိုတာက မမှန်ဘူးဆိုတာသေချာလား"

 

"အင်းလေ။ မဟုတ်ရင်ရော... မင်းက သူ့ကို ဟိုဒင်းလာလုပ်စေချင်တာလား"


ထိုအခါမှ ဟန်တာ အားရပါးရပြုံးလိုက်မိတော့သည်။


"ဒါပဲ။ အိပ်ချိန်ရောက်ပြီ"


"မင်းက အိပ်တော့မလို့လား။ ဝင်စတန်က မင်းကိုဘာပြောခဲ့သေးလဲဆိုတာ ငါ့ကိုမပြောရသေးဘူးလေ"


ဘေးအခန်းရှိစုံတွဲက ကိစ္စလုပ်နေတုန်း အသံဘယ်လောက်ကျယ်ကျယ် ဟန်တာ၏မျက်နှာကတော့ဖြင့် လှပသောအပြုံးလေးတစ်ပွင့်ကိုသာ ချိတ်ဆွဲထားပေသည်။


အကြိတ်အနယ်ရှိလှသော ပြိုင်ပွဲအချိန်စာရင်းမှာ ချက်ချင်းထွက်ပေါ်လာသည်။


ဟန်တာလည်း သူ့အသင်းနှင့်အတူ မွန်ထရီရယ်သို့ လိုက်လာခဲ့ရသည်။


လေယာဉ်ချိန်အစမှ အဆုံးအထိ မက်ဂရက်ဒီဟာ ကြက်ဥပုပ်တစ်လုံး စားထားရသလို ပြုမူနေချေသည်။


ဟန်တာကတော့ မေ့စေ့တပွတ်ပွတ်ဖြင့် သူ့ကို အသင်းထဲကမထုတ်ပယ်ပါလျှင် မက်ဂရက်ဒီတော့ ကျေနပ်လိမ့်မည်မဟုတ်ဟု တစ်ကိုယ်တည်းတွေးနေမိသည်။


လေယာဉ်ဆိုက်ချိန်မှာ ညပိုင်းလေ့ကျင့်ရေးအချိန် ဖြစ်နေလေသည်။


ဟန်တာတစ်ယောက် ပြေးလမ်းထက်တွင် မောင်းနှင်နေသောကားများကိုကြည့်နေသော်လည်း သူ့စိတ်အစဉ်ကတော့ သူနှင့်ဝင်စတန်တို့ ဖယ်ရာရီကားပြိုင်ကွင်း၌ အတူရှိနေခဲ့သည့်ညအကြောင်းကို တွေးနေမိသည်။


ဘာကိုမှဂရုမစိုက်ပါဘဲ အရှိန်ပြင်းပြင်းမောင်းနှင်ရသည့် ခံစားချက်မှာ အချိန်မရွေးလမ်းချော်သွားနိုင်သောကားကို ထိန်းချုပ်နေရသည့်ကြားက စိတ်လှုပ်ရှားပျော်ရွှင်မှုကိုပါ အတူဒွန်တွဲ၍ခံစားရစေသည်။


ယခု မက်ဂရက်ဒီနှင့် လုခ်တို့က အသင်း၏ အဓိကပြိုင်ကားမောင်းသမားများဖြစ်ကြသည်။ တစ်ဖက်တွင်မူ သူသည် တော်တော်အသုံးမဝင်လှပေ။


ဟန်တာ လူသူမရှိသည့်ထောင့်တစ်နေရာကို လမ်းလျှောက်သွားပြီး စီးကရက်တစ်လိပ်ကိုထုတ်ယူလိုက်သည်။


ပွဲစဉ်မစခင်တိုင်းမှာ သူ့အနေနှင့် စိတ်ဓာတ်မြှင့်တင်ရေးလုပ်ရန် လိုအပ်ပေသည်။ သို့သော် ကော်ဖီကလည်း သူ့ကိုစိတ်တက်ကြွအောင်မလုပ်ပေးနိုင်သဖြင့် စီးကရက်ကသာ သူ၏ပထမဦးစားပေးရွေးချယ်မှုဖြစ်ရလေသည်။


သို့သော်ငြား ဆေးလိပ်သောက်ခြင်းမှာ နှလုံးနှင့်အဆုတ်အတွက် မကောင်းပေ။ ထို့ကြောင့် ဟန်တာအနေနှင့် တစ်လိပ်တည်းသာသောက်ဖို့ သတ်မှတ်ထားသည်။


သူ့ဦးနှောက်ထဲသို့ စိမ့်ဝင်နေသော နီကိုတင်းဓာတ်ကိုခံစားရင်း မျက်ဝန်းမှေးကျဉ်းထားမိသည်။


အင်ဂျင်သံများမှာ အုံလိုက်ကျင်းလိုက်ထွက်ပေါ်လာသော်ငြား ထိုအရာမှာ သူနှင့် မသက်ဆိုင်တော့ပေ။


"ကိုယ်လည်း တစ်ရှိုက်လောက်ဖွာပါရစေ"


သူ့နံဘေးတွင် အေးတိအေးစက်အသံတစ်သံ ထွက်ပေါ်လာလေသည်။ လိပ်တက်လာသော မီးခိုးငွေ့များနှင့် တူယှဉ်တွဲလိုက်သော် မီးနှင့်ရေတို့ ပေါင်းစပ်ထားသည့်နှယ်။




စာရေးသူမှာ ပြောစရာရှိပါတယ် :


ကြက်ဥကြော်နေရင်း...


ရက်အနည်းငယ်ကြာသော်


ဟန်တာ : ဘလူး.. သူက ငါနဲ့သူငယ်ချင်းဖြစ်ချင်တာမဟုတ်ဘူး။ သူက ငါ့ကိုအော်ရီယိုလေးလို သဘောထားနေတာကွ။ သူကတော့ နွားနို့ပေါ့


ဘလူး : အဲ့ဒါ ဘာအဓိပ္ပာယ်လဲ


ဟန်တာ : သူက ငါ့ကိုဟိုဒင်းလုပ်ချင်နေတာ


ဘလူး : ငါ.. အရင်ကပြောထားတဲ့စကားကို ပြန်ပြောင်းချင်တယ်။ ဒီညီအစ်ကိုရဲ့ပိုးပန်းနည်းက လှည့်ကွက်တွေအပြည့်နဲ့ ထူးခြားလိုက်တဲ့တီထွင်ဖန်တီးမှုပဲဟေ့


*****


Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment