[လေ့ကျင့်ခန်းလုပ်ခြင်း]
"ငါက မင်းကို ချီးကျူးနေတာလေ"
ယွင်ဖန်းက အေးအေးဆေးဆေးပြုံးကာ ပြောလိုက်သည်။
"အမှန်တရားကိုလုပ်ဖို့ သတ္တိရှိတဲ့ သခင်ငယ်လေး"
ရိချန်းလျန်က သူ့ထိုင်ခုံကို ကန်လိုက်သည်။
"ဖယ်ပေး ငါဝင်မလို့"
ရိချန်းလျန်၏ ထိုင်ခုံက ပြတင်းပေါက်ဘေး အနောက်ဘက်မှာဖြစ်ကာ ယွင်ဖန်းက သူ့ဘေးတွင် ထိုင်နေပြီး နံရံကိုမှီကာ ခံစားချက်ကောင်းစွာဖြင့် သူ့ကိုပြုံးပြလာသည်။
"မင်း ဘောလုံး သွားမကစားဘူးလား?"
ယွင်ဖန်းက သူ့ကိုမေး၏။
ရိချန်းလျန်က သူ့အတန်းဖော်များနှင့် အားလပ်ချိန်တွင် ဘောလုံးကစားရတာကို နှစ်သက်သည်ပင်။ မတိုင်ခင်က ယွင်ဖန်းမှာ ထိုသို့သော ရှည်လျားသညိ့ အထက်တန်းကျောင်းသားဘဝကို မရခဲ့ဖူးတာကြောင့် ဤ ဝါသနာအကြောင်းကို မသိခဲ့လေရာ အတော်လေး စိတ်ဝင်စားမိလေသည်။
"နေအရမ်းပူတယ်"
ယွင်ဖန်းကဖယ်ပေးဖို့ ရည်ရွယ်ချက်မရှိသည်ကိုမြင်တော့ ရိချန်းလျန်က မျက်မှောင်ကြုတ်လိုက်ပြီး ခြေလှမ်းကျဲဖြင့် ကျော်ခွလိုက်သည်။
ကျောင်းဝတ်စုံ၌ အဝတ်လျှော်ဆပ်ပြာနံ့ ခပ်ဖျော့ဖျော့ရောနှောနေကာ ယွင်ဖန်း၏ နှာခေါင်းကိုပွတ်တိုက်သွားခဲ့၏။ သူက အနည်းငယ် မသက်မသာဖြစ်စွာ နှာခေါင်းကိုထိလိုက်လျက်
"မင်းသုံးတဲ့ အဝတ်လျှော်ဆပ်ပြာက ဘာတံဆိပ်လဲ?"
"တိအောင်း"
ရနချန်းလျန်က သူ့ကျောင်းဝတ်စုံကို အနံ့ခံကြည့်လိုက်ပြီး အနံ့က ဒီလောက်မပြင်းပါဘူးဟု တွေးလိုက်သည်။
"မင်းဘာလို့ ဆဲနေသေးတာလဲ?"
ယွင်ဖန်းက သူ့ကိုအပြုံလေးနှင့် စလိုက်၏။
"အမိမြေရဲ့ ပန်းပွင့်လေးတွေ ဒါကို မကြားသင့်ဘူးနော်"
"တိအောင်းတံဆိပ် အဝတ်လျှော် ဆပ်ပြာရည်!"
ရိချန်းလျန်က သူ့ကိုတစ်ချက်ကြည့်လိုက်သည်။ သူတွေးမိလေလေ ပိုစိတ်တိုလာလေဖြစ်ကာ
"မင်းရဲ့ ပန်းက အဝါရောင်လား?"
ထိုဝါကျက ယွင်ဖန်း၏နားထဲမှ ထူးဆန်းသည့် ရယ်ကြောကိုသွားထိမိလေကာ အတန်းစချိန်အထိကို ရယ်နေခဲ့လေ၏။
ရိချန်းလျန်မှာ ဤလူကို ပြတင်းပေါက်အပြင်ဘက်ဆီ လွှင့်ပစ်လိုက်ချင်ပေမဲ့ မတိုင်ခင်က သူ့အပေါ် ဂရုစိုက်ပေးခဲ့မှုများကို ပြန်သတိရသွားကာ ၎င်းက အနည်းငယ်ရှင်းပြမရနိုင်သော်လည်း သူက ကျေးဇူးတင်မိဆဲပါပင်။
ငါက ကြင်နာမှုကိုပြန်ပေးဆပ်ဖို့ သိတတ်တဲ့ လူကောင်းလေးမလို့နော်။
ရိချန်းလျန်က ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည်။
ဤ သင်္ချာအတန်းချိန်က ဆရာ၏ တခြားကိစ္စတစ်ခုကြောင့် ကိုယ်ပ်ိုင်စာကြည့်ချိန်အဖြစ်ယာယီပြောင်းသွားလေသည်။ ယွင်ဖန်းမှာမူ ကွက်လပ်ဖြည့်မေးခွန်းများကြားထဲ ညှပ်နေခဲ့လေ၏။
သူက လော့ဂရမ်သမ်ဖန်ရှင်၏ decreasing interval ကိုရှာရန် ငြီးငွေ့စွာကြီုးစားနေခဲ့သည်ပင်။ နှစ်ခါကနေ သုံးခါအထိ တွက်ကြည့်တာတောင်မှ အဖြေမရသေးပေ။ ရိချန်းလျန်လည်းပဲ ဤမေးခွန်းကိုဖြေရှင်းနေသည်ကိုမြင်တော့ သူက သူ့လက်ကိုတံတောင်နှင့် တွတ်လိုက်သည်။
"မေးခွန်းနံပါတ် ဆယ့်ငါးက ဘာရလဲ?"
ထိုအချိန်၌ ရိချန်းလျန်မှာ သက်တောင့်သက်သာပုံစံဖြင့် အကြမ်းစာရွက်ပေါ်၌ အဖြေတွက်နေခဲ့တာဖြစ်၏။ သူပြောလာသည်ကိုကြားတော့ သူက အသံပြတ်ဖြင့်ဖြေသည်။
"ရှစ်"
ယွင်ဖန်းက သူ့အဖြေကိုကြားတော့ နားမလည်စွာကြည့်လိုက်သည်။
"ဒီမေးခွန်းက intervalအကြောင်းမေးထားတာမဟုတ်ဘူးလား?"
ရိချန်းလျန် ကြက်သေသေသွားကာ ခေါင်းမာစွာပြောလာ၏။
"ငါ ပြီးအောင်တွက်လို့ မရဘူးလား?"
"ရတာပေါ့"
ယွင်ဖန်းက ရယ်ချင်သည်ကိုထိန်းက သူက negative intervalကိုရှာနေသည့်အကြောင်းကို ကြင်နာစွာဖြင့် မပြောပြလိုက်တော့ပေ။
ရိချန်းလျန်က သူ့ခေါင်းကိုငုံ့ကာ ကြိုးကြိုးစားစားစတွက်တော့သည်။ ယွင်ဖန်းကလည်း ထိုပုစ္ဆာကို နောက်တစ်ခေါက် ပြန်တွက်ကြည့်လိုက်ေတာ့ ပထမတစ်ခေါက်က အမှားသေးသေးလေးကို ရှာတွေ့သွားခဲ့ပြီး အဖြေမှန်ရသွားခဲ့လေ၏။
ပထမဆုံးမေးခွန်းကြီးကို သူအဖြေရသွားချိန်တွင် ထိုမေးခွန်းဖြင့် ရုန်းကန်နေရဆဲဖြစ်သော ရိချန်းလျန်ကို ကြည့်လိုက်ကာ မထိန်းနိုင်ဘဲ ဘောပင်ထိပ်ဖြင့် စားပွဲကိုခေါက်လိုက်သည်။
ရိချန်းလျန်က ခေါင်းလှည့်ကာ သူ့ကိုမပျော်ရွှင်စွာ စိုက်ကြည့်လာ၏။
"မင်းဘေးမှာ ထိုင်တဲ့သူက မင်းကို မေးခွန်းလေး ရှင်းပြပေးချင်လို့"
ယွင်ဖန်းက အသံတိုးတိုးဖြင့်ပြောလိုက်သည်။
အဆုံးတွင် မေးခွန်း၏ သွေးဆောင်မှုကို ရိချန်းလျန်မှာ မခုခံနိုင်တော့ဘဲ ကိုယ်ကိုကွေးကာ လက်ဆန့်လို့ အကြမ်းစာရွက်ကို ကမ်းပေးလိုက်သည်။
ရိချန်းလျန်က ယွင်ဖန်းကဲ့သို့ ထိပ်တန်းကျောင်းသားတစ်ယောက်က ပုစ္ဆာကိုသေချာပေါက် အဆင့်သုံးဆင့်တည်းဖြင့် ဖြေရှင်းလိမ့်မည်ဟု တွေးမိလိုက်တာဖြစ်ကာ သူ့အဆင့်လောက်ဖြင့် နားလည်ရန် မလွယ်လောက်ဟုထင်လေတာကြောင့် သူက ဖြည်းဖြည်းချင်းသာ တွေးကြည့်ရမည်ဟု ထင်လိုက်သည်။ ရလဒ်အနေဖြင့် ယွင်ဖန်းက အကြမ်းစာရွက်ထက် စာမျက်နှာတစ်ဝက်လောက် ရေးချလာကာ အခြေခံဖော်မြူလာကိုပါ ရေးပေးထားသေးပြီး ရိချန်းလျန်က တစ်ခါလောက် နားထောင်လိုက်ရုံဖြင့် အပြည့်အဝ နားလည်သွားခဲ့လေသည်။
“ဆိုတော့ အဆုံးသတ်က (-2πe, -1]ပဲ”
ယွင်ဖန်းက ဘောပင်ကိုချလိုက်ရင်းဖြင့်
"မင်း နားလည်ရဲ့လား?"
သူ့အဆင့်က အကန့်အသတ်ရှိတာကြောင့် သူကရှင်းရှင်းလင်းလင်း မရှင်းပြလိုက်နိုင်မှာကို ကြောက်မိလေသည်။
"ငါ့ဘာသာတွက်ထားတာနဲ့တောင်တူတယ်"
ရိချန်းလျန်က ခေါင်းညိတ်ကာ စိတ်ရင်းဖြင့် ချီးကျူးလိုက်သည်။
"အရမ်းတော်တယ်"
ယွင်ဖန်းက မျက်နှာမပြောင်းစွာ ခေါင်းညိတ်လိုက်သည်။
"မေးခွန်းတွေဆက်လုပ်တော့"
ထို့နောက်မှာတော့ သူ့နှုတ်ခမ်းထောင့်စွန်းက တိတ်တိတ်လေး ကွေးတက်သွားခဲ့လေသည်။
ယွင်ဖန်း၏ ခံစားချက်များ တစ်နေ့လုံးကောင်းနေခဲ့သည်မှာ အိမ်ပြန်ရောက်ပြီး သူစိမ်းတစ်ယောက်ကို တွေ့လိုက်ရသည်အထိပင်။
ဆိုဖာတွင်ထိုင်ကာ တီဗွီကြည့်နေသည့် ဆယ်ကျော်သက်လေးက အတော်လေးဖြူဖွေးလှသော အသားအရည်၊ မက်မွန်ပွင့်သဖွယ် လှပသော မျက်လုံးတစ်စုံတို့ရှိကာ မဆိုစလောက်ရှည်နေပြီဖြစ်သော ရှေ့ဆံပင်ဖြင့်ဖြစ်ကာ ခွေးခေါင်း ခေါင်းအုံးကို ဖက်ထားပြီး တီဗွီကြည့်နေခဲ့လျက် ရှိသည်။
စွင်းယွမ်က ယွင်ဖန်းဝင်လာသည်ကို တွေ့သည်နှင့် ထရပ်ကာ အပြုံးလေးနှင့် နှုတ်ဆက်လာ၏။
"ကော ပြန်ရောက်ပြီလား"
ယွင်ဖန်းခေါင်းညိတ်လိုက်သည်။
"ထိုင်နေလေ"
စွင်းယွမ်က ခေါင်းအုံးနှင့်အတူ ဆိုဖာမှာထိုင်လိုက်ကာ စကားပြောရန် ခေါင်းစဉ်ရှာလိုက်ပေမဲ့ သူ့မှာ ပြောစရာမရှိသည်ကိုသာ ရှာတွေ့သွားခဲ့ရသည်။
"ဒုတိယဒေါ်လေးက မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေတယ်"
ယွင်ဖန်းက အတော်လေးစိမ်းသက်နေပြီး ဤ ဝမ်းကွဲတစ်စုံကြားဆက်ဆံရေးကို ခဏလောက်ဖြင့် ပုံမဖော်နိုင်လေရာ ရိုးရှင်းစွာပင် အခန်းထဲဝင်သွားလိုက်ပြီး ကျောင်းလွယ်အိတ်ကို ချလိုက်သည်။
အိမ်စာများကို စားပွဲပေါ်တင်ပြီး မကြာလိုက်သေးခင်မှာ စွင်းယွမ်၏ အံ့အားသင့်သံက သူ့နောက်ဘက်မှပေါ်လာခဲ့လေသည်။
“ဝိုး… အမှတ်တစ်အထက်တန်းကျောင်းက အိမ်စာတွေအများကြီးပဲလား?"
ယွင်ဖန်း မျက်မှောင်ကြုတ်သွားရသည်။ သူက သူ့အခန်းထဲ တစ်ခြားသူများ တံခါးမခေါက်ဘဲ ဝင်သည်ကို မကြိုက်ပေ။ ထန်ရိနှင့် ယွင်ဟဲယွီ ဆိုလျှင်တောင်မှ ဤသည်ကို အထူးအလေးထားကာ တံခါးခေါက်တတ်ကြသည်ပင်။
"အဲ့လိုမျိုးပါပဲ"
ယွင်ဖန်းက အနည်းငယ်အေးစက်စက်လေသံဖြင့်ဆိုပေမဲ့ စွင်းယွမ်ကတော့ လုံးဝကိုအမှတ်သညာ မရှိပုံပင်။ သူ့ဘေးရှိ စာအုပ်စင်အဖုံးကိုဖွင့်ကြည့်ကာ စတင်လှန်လှောလေသည်။
"ကော မင်းဖတ်တဲ့ စာအုပ်တွေကအခုထိရောနေတုန်းပဲ။ စုန့်ချွင်က အဲ့ဒီတုန်းက မင်းရဲ့ စာအုပ်အိတ်သေးသေးလေးကို ကြည့်ပြီး ရယ်ခဲ့သေးတယ်နော်”
ယွင်ဖန်းက ဤကလေးကို သိပ်မကြိုက်ပေ။ သူက ခဲတံအိတ်ထဲမှ ဘောပင်တစ်ချောင်းထုတ်လိုက်၏။
"ထွက်သွားတော့။ ငါ အိမ်စာ လုပ်ရဦးမယ်။"
"ဟေး ကော။ စိတ်မဆိုးပါနဲ့"
စွင်းယွမ်က စာအုပ်စင်တံခါးကို ပိတ်လိုက်ကာ မှီထားလိုက်ပြီး ပြုံးကာဖြင့်
"မင်း အဲ့ဒီကောင် စုန့်ချွင်က စကားကို စည်းလွတ်ဘောင်လွတ် ပြောတတ်တာ သိတယ်မလား"
ယွင်ဖန်း၏ စိတ်ရှည်မှုများကုန်ဆုံးသွားကာ မျက်နှာက အေးစက်လာသည်။
"စကားကို တည့်တည့်ပြော"
စွင်းယွမ်က သူ့ကြောင့် နင်သွားကာ သူ့မျက်နှာထက်ရှိ အပြုံးက အနည်းငယ် အဓိပ္ပါယ်တချို့ပေါ်လာ၏။
"ကော.. အခုရော ယောက်ျားတွေကို ကြိုက်တုန်းပဲလား?"
စွင်းယွမ်က ဤအကြောင်းသိနေလိမ့်မည်ဟု ယွင်ဖန်း မထင်ခဲ့သည်မို့ သူ့'ဝမ်းကွဲ'ကို ပြန်ပြီး သေချာစစ်ဆေးကြည့်လိုက်သည်။
သို့ပေမဲ့ စွင်းယွမ်က သူ့တိတ်ဆိတ်မှုကို အပြစ်ရှိစိတ်ဟု ယူဆလိုက်ကာ မျက်လုံးကွေးအောင် ရယ်လိုက်လျက်
"စိတ်မပူပါနဲ့ ယောက်ျားလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်နဲ့ တွဲတာကို ငါက ရွံပေမဲ့လည်း မင်းက နှာဘူးဆိုတာကို ဒုတိယအန်တီကိုမပြောပါဘူး ငါ့ရဲ့ အတန်းဖော်တွေကိုတောင် မပြောဘူး”
ဤခြိမ်းခြောက်မှုက ယွင်ဖန်းအတွက် အတော်လေးအဆင့်နိမ့်ပေမဲ့ စွင်းယွမ်က အဘယ့်ကြောင့် ဤသို့လုပ်ရသည်ကို သိချင်မိတာကြောင့် မျက်မှောင်ကြုတ်ကာ သူ့စကားအတိုင်း လိုက်ပြောပေးလိုက်သည်။
"တကယ်လား?"
စွင်းယွမ်က သူ့လက်ကိုချိတ်လိုက်ကာ မျက်လုံးထဲ အောင်ပွဲခံမှုအပြည့်ဖြင့်
"သေချာတာပေါ့။ မင်းငါ့ကို အကူအညီလေး ပေးနေသရွှေ့ပေါ့"
"ဘာအကူအညီလဲ?'
ယွင်ဖန်း မေးလိုက်သည်။
လူငယ်ထိန်းသိမ်းရေးစခန်းက ထဃက်လာပြီး သုံးနှစ်အကြာ လုပ်လာခဲ့သည့် ပြန်ပေးဆွဲခြင်း၊ ဓားစာခံကိုသတ်ခြင်း၊ လူသတ်ခြင်း၊ မီးရှို့ခြင်း၊ အဆိပ်ခတ်ခြင်း နှင့် အလောင်းဖျောက်ခြင်း စသည့် ပစ်မှုများက သူ့ခေါင်းထဲ အလျင်အမြန် လျပ်တပြတ်ပေါ်လာခဲ့လေသည်။ ထို့နောက်မှာတော့ သူက စွင်းယွမ်ပြောသည်ကို ကြားလိုက်ရ၏။
"မင်းက သင်္ချာတော်တော့ စာရင်းအတုလည်း လုပ်တတ်မှာပဲ ဟုတ်တယ်မလား?"
ယွင်ဖန်း တကယ်ကို ကြက်သေသေသွားလျက်သား။
"စာရင်းအတု?"
"ငါ့ သူငယ်ချင်းရဲ့ ဆိုင်"
စွင်းယွမ်က ယွင်ဖန်းအား အပြည့်အဝ ကိုင်လိုက်နိုင်ပြီဟု ခံစားရကာ သူမျက်လုံးထဲ အောင်နိုင်မှုများဖြင့်
"ငါ့သူငယ်ချင်းက ကိစ္စအကြီးကြီးတွေ လုပ်နေတဲ့သူ။ မင်းကူညီမယ်ဆိုရင် သေချာပေါက် အကျိုးရှိမှာ"
ယွင်ဖန်းမှာ ဤသို့ ထူးခြားလှသော ခြိမ်းခြောက်မှုမျိုး မခံရသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်ကာ စွင်းယွမ်က မည်သူနှင့် ရောနှောနေသည်ကို သူကြည့်ချင်သေးတာကြောင့် ခေါင်းညိတ်လိုက်၏။
"မင်းကို ငါ စနေနေ့ကျ အဲ့ဒီကိုခေါ်သွားမယ်"
စွင်းယွမ်က မေးဆတ်ပြရင်း ပြောလာသည်။
"မင်းအိမ်စာကို ဆက်လုပ်လေ"
ယွင်ဖန်းက သူ့၏ တုံးအလှသည့် အသွင်ပြင်ကိုကြည့်ကာ ရုတ်တရက်ပင် ရိချန်းလျန်ကမှ အနည်းငယ် ချစ်စရာကောင်းသေးသည်ဟု သတ်မှတ်နိုင်သေးသလို ခံစားလိုက်ရလေသည်။
ထိုသူက သူရှင်းပြသည်များကို ဂရုတစိုက် နားထောင်ရုံသာမက သူ့ကိုပါ အလွန်တော်ကြောင်း ချီးကျူးခဲ့သေးသည်ပင်။
တစ်ဖက်၌ တစ်စုံတစ်ယောက်၏ ကော်လာကို အားအင်အပြည့်နှင့် ဆွဲကိုင်ကာ ရိုက်နှက်နေသည့် ရိချန်းလျန်မှာ ရုတ်တရက် နှာချေမိသွားရင်း တစ်ဖက်လူ၏မျက်နှာကို တံတွေးနှင့် ဖျန်းပက်လိုက်မိသွားတော့သည်။
မျက်နှာဖောယောင်ကာ ပွန်းပဲ့သည်အထိ အရိုက်ခံနေရသူမှာ ဒေါသတကြီး ဆဲရေးလာ၏။
"ခွေးမသား” ကိုယ်မေ**!"
ရိချန်းလျန် သူ့ဗိုက်ကို ကန်ထည့်လိုက်တော့ တဖက်လူကာ နာကျင်မှုကြောင့် ကွေးကောက်ကာ အော်ဟစ်နေလေသည်။
ရိချန်းလျန်က မြေပြင်ထက်သို့ တံတွေးထွေးလိုက်ပြီး သူ့ဆံပင်ကို ဆွဲကိုင်ကာ စူးရှစွာစိုက်ကြည့်၍ ပြောလိုက်သည်။
"နောက်တစ်ခါ မင်းကို ဖမ်းမိရင် သေအောင်သတ်ပစ်မယ်"
ထိုလူက ပါးစပ်ဖွင့်လိုက်ပြီး နောက်တစ်စက္ကန့်၌ အေးစက်စက်အလင်းတန်းတစ်ချက် လက်သွားခဲ့ကာ ရိချန်းလျန်၏ မျက်လုံးဆီ တည့်တည့်တိုးဝင်လာခဲ့တော့သည်။
ရိချန်းလျန်က လက်မြှောက်၍ကာလိုက်ရာ နာကျင်မှုတချို့က လက်မောင်းဆီ စူးတက်လာခဲ့ပေမဲ့ ဂရုစိုက်နေဖို့ အချိန်မရှိပေ။ သူက တစ်ဖက်လူ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ ကြမ်းကြမ်းတမ်းတမ်းညှစ်လိုက်တော့ တစ်ဖက်လူကိုင်ထားသည့် ဓားအသေးလေးက မြေပြင်ပေါ် ကျသွားတော့သည်။
သူ တစ်ဖက်လူ၏ခေါင်းကို ဆွဲကိုင်ပြီး မြေပြင်နှင့် ပြင်းပြင်းထန်ထန် ဆောင့်ချလိုက်ကာ တစ်ဖက်လူအား ခုခံနိုင်စွမ်း လုံးဝမဲ့သွားစေခဲ့သည်။ ထို့နောက် မြေပြင်မှ ဓားကို ကောက်ကိုင်လိုက်၏။
သူဓားကိုင်လိုက်သည်ကို မြေပြင်ထက်မှလူကမြင်တော့ အသံကသိသာစွာ ထိတ်လန့်တုန်လှုပ်လာလေသည်။
"ငါ့ကိုလွှတ်လိုက်တဲ့သူက ဝမ်းယိုဝေပါ!"