မြေခွေး
"ချန်ကော ဘယ်သွားမလို့လဲ?"
တစ်ယောက်ယောက်က နားအူမတတ်ဆူညံသံကို ကျော်ကာအော်လာ၏။
"သန့်စင်ခန်း"
ချန်ကျစ်ချီးက သူ့လက်မောင်းကိုကိုင်ဖို့ ကြိုးစားလာသူ အမျိုးသမီးကို အေးစက်စက်တစ်ချက်ကြည့်ကာ ခါချလိုက်သည်။
အမျိုးသမီးက သူ့ကို တစ်ခစ်ခစ်ရယ်ပြလာကာ ပြောလာ၏။
"သခင်လေးချန်ရယ်.. မင်းက အရမ်းကြောက်စရာကောင်းတာပဲ"
"ချန်ကျစ်ချီးက သစ်သားတုံးကြီးလေ"
မူးနေသူတစ်ယောက်က လျှောက်လာကာ သူမအားဆွဲဖက်လိုက်ကာ ပြောလာသည်။
"လာ၊ မင်းရဲ့အစ်ကိုနဲ့ လာသောက်လှည့်!"
"အိုက်ရား~"
သူမ၏ 'အိုက်ရား'သံက တောင်ပတ်လမ်းကဲ့သို့ ကွေ့ကောက်ကာ ချန်ကျစ်ချီး၏ ဦးရေပြားကို တင်းသွားစေ၏။ သူက အေးစက်သည့် မျက်နှာထားဖြင့် တံခါးကို တွန်းဖွင့်လိုက်ကာ စိတ်ပျက်ဖွယ် ဆူညံသံများကို နောက်မှာ ထားခဲ့လိုက်ပြီး သန့်စင်ခန်းဆီ ဦးတည်သွားလိုက်သည်။
“သောက်ကျိုးနည်း စိတ်တိုစရာပဲ! ကျုပ်က ဘာကိစ္စနဲ့ အဲ့ဟာတွေကို ညီလေးတွေညီမလေးတွေလို့ လိုက်သတ်မှတ်ပေးနေရမှာလဲ!”
အိမ်သာခန်းထဲမယ် တစ်ယောက်ယောက်က ဆဲဆိုအော်ဟစ်နေသည်။
"သောက်နှစ်တစ်နှစ်ထဲကို ခင်ဗျား ချစ်သူပြောင်းတာ ရှစ်ယောက်ရှိနေပြီ၊ အဲ့ဒီ သောက်ကလေးတွေက ခင်ဗျားရဲ့ မျိုးစေ့ဟုတ်ရဲ့လားဆိုတာကိုရော စစ်ဆေးပြီးသွားပြီလား!"
"ဟာ့! ကျုပ်က ခင်ဗျားကို စောက်စကားကို ဒီလိုပြောတော့ရော ဘာဖြစ်လဲ! ခင်ဗျား ကျုပ်ကို အသိအမှတ်ပြုပေးစရာ မလိုဘူး !ကျုပ်မှာ ကျောက်ဆိုတဲ့ မျိုးရိုးနာမည်မရှိတော့တာ ကြာပြီ! ခင်ဗျားသာ အမွေပေးစရာပုလ္လင်တစ်ခုတည်းနဲ့ ဟိုနေရာမျိုးပွား ဒီနေရာ မျိုးပွား လုပ်နေတာ! ခင်ဗျားရဲ့ ကျားမာန်ဟုန်တွေက သရဲလိုမျိုး နေရာတကာ လိုက်သားစပ်နေတာလား!”
“မိုးကြိုးပစ်လဲ ပစ်စမ်းပါစေ! ကျုပ်မပစ်ဘဲ ခင်ဗျားထိနေမယ် မျိုးမစစ်ကြီး!
အိမ်သာကန့်ထဲရှိ လူက ကာထားသည့် နံရံကို ခပ်ပြင်းပြင်းကန်လိုက်သည်မှာ ချန်ကျစ်ချီး၏ အခန်းကိုပင် ယိမ်းသွားစေသည်။
"ခင်ဗျားရဲ့ နံစော်နေတဲ့ ပိုက်ဆံတွေကို ကျုပ်စိတ်မဝင်စားဘူး! အိုး ဟုတ်သားပဲ၊ ကျုပ်အမေက နောက်လဆို လက်ထပ်တော့မှာ။ အဲ့လူက ဆင်းပဲရဲရဲ၊ ရုပ်ပဲဆိုးဆိုး၊ ခင်ဗျားထက်ပဲ စွမ်းဆောင်ရည်နည်းနည်း ကိစ္စမရှိဘူး။ သူ့ကို အဖေလို့ချည်း ခေါ်ဦးမှာ!
အဖေရင်းလိုမျိုးကို ဆက်ဆံပေးဦးမှာ! ခင်ဗျားကတော့ ခင်ဗျားရဲ့ မယားငယ်တွေ၊
မျိုးမစစ်လေးတွေနဲ့ပဲ နေနေလိုက်! ကလေးအရင်းဖြစ်ကြောင်း ဆေးလည်းလဲ စစ် အဲ့ဒါမှ ခင်ဗျားရဲ့ ကျောက်မိသားစုကြီးမှာ ဆက်ခံသူမရှိတာမျိုးနဲ့ အဆုံးမသတ်စေမှာလေ!”
ချန်ကျစ်ချီးက ဘေစင်တွင် လက်ဆေးနေတုန်းမှာပင် အိမ်သာကန့်၏တံခါးက ကန်ဖွင့် ခံလိုက်ရသံကိုကြားလိုက်ရပြီး ဆဲဆိုနေခဲ့သူက ထွက်လာချေလေသည်။
ထိုလူက အတော်လေး အရပ်ရှည်ကာ ခြေထောက်များက ဖြောင့်စင်းရှည်လျားပြီး ဘောင်းဘီရှည်ကို ဝတ်၍မာတင်ဘွတ်ဖိနပ်ကို စီးထားသည်။ အေးစိမ့်သော ရာသီဥတု ဖြစ်နေသော်လည်း ထိုသူက လက်တိုအင်္ကျီသာ ဝတ်ထားခဲ့ပြီး ခေါင်းက ခုမှ ထောင်မှ ထွက်လာသူကဲ့သို့ ရိတ်ထားကာ မျက်နှာကတော့ နီရဲကာ ခက်ထန်နေခဲ့သည်ပင်။
တစ်ယောက်ယောက်က သူ့အား ကြည့်နေသည်ကို အာရုံခံမိသွားချိန်၌ ထိုသူက ခေါင်းကိုမော့လို့ မှန်ကို တစ်ချက်ကြည့်ကာ ဆဲရေးလာသည်။
“မင်းဖေကို ကြည့်တာလား မေဘေး!”
ချန်ကျစ်ချီးက နောက်လှည့်ကာ မျက်နှာသေဖြင့် သူ့ကိုကြည့်လိုက်လေသည်။
"ချန်ကျစ်ချီး!?"
ချီဟော့သည် သူ အမူးလွန်ပြီး မြင်ချင်ရာမြင်နေသလားဟု တွေးမိသွားကာ မျက်တောင် ခပ်ကြမ်းကြမ်းခတ်ကြည့်လိုက်၏။ တကယ့်ကိုပင် အဖြူရောင်ရှပ်အင်္ကျီဖြင့် သူ့ရှေ့မှာ ရပ်နေသည့် ငတုံးကောင်က အမှန်ကို တိကျသေချာတတ်သည့် ကျောင်းသားကောင်စီမှ ဥက္ကဌဖြစ်ကြောင်း တွေ့လိုက်ရလေသည်။
"မင်းက ဒီမှာ ဘာလာလုပ်တာတုန်း?"
ချန်ကျစ်ချီးက လက်မှရေခါလိုက်ကာ တည်တည်ငြိမ်ငြိမ်ပင်ဖြေလိုက်သည်။
"နိုင်ငံခြားကို ပညာသွားသင်မဲ့ သူငယ်ချင်းကို လာတွေ့တာ"
"အိုး"
ချီဟော့က ခေါင်းညိတ်လိုက်ပြီး ထွက်သွားဖို့ လှည့်လိုက်သည်။
"ချီဟော့"
ချန်ကျစ်ချီးက သူ့ကို လှမ်းခေါ်လိုက်လျက်
"မင်းမှာ ငါ့ကို ပြောချင်တာ မရှိဘူးလား?"
သူ့နာမည်ကို ထိုသူခေါ်သည်ကို ကြားလိုက်ရသည့်အခိုက်တွင် ချီဟော့မှာ ကျောရိုးထဲမှ စိမ့်အေးသွားသလို ခံစားလိုက်ရ၏။ သူက ပြန်လှည့်လာကာ သူ့အား သတိဖြင့်ကြည့်လိုက်သည်။
"မင်းကို ငါက ဘာပြောရမှာလဲ?"
ချန်ကျစ်ချီးက သူနှင့်အရပ်မတိမ်းမယိမ်းဆိုပေမဲ့ သူ့၏ ကိုယ်နှုတ်အမူအယာကြောင့် အမြဲလိုပင် လူများအား လေးနက်ပြီး ရိုးဖြောင့်သော အမြင်မျိုးပေးတတ်၏။ ချီဟော့ကတော့ သူ့လက်သီးတစ်ချက်ဖြင့်ပင် ဒီကောင့်ကို မျက်ရည်ထွက်အောင်ထိုးနိုင်သည်ဟု တွေးမိလေသည်။
“မင်းနဲ့ငါက တစ်ယောက်နဲ့တစ်ယောက် လက်သုံးပြီး အာသာဖြေခဲ့ရုံပဲမလား။ စာသင်နှစ်တစ်ခုလုံး ရှောင်နေစရာလိုလို့လား?"
ချန်ကျစ်ချီးက ဟက်ခနဲရယ်ကာ ရှေ့ကို တစ်လှမ်းတိုးလာ၏။
"ငါ့လူးတဲ့မှ !"
ချီဟော့က အကျယ်ကြီးအော်ဆဲကာ သူမျက်နှာကို လက်ညှိုးထိုး၍ သတိပေးလိုက်၏။
"ငါ ဒီနေ့ စိတ်အခြေအနေကောင်းမနေဘူး။ ငါနဲ့ဝေးဝေးနေ!"
ချန်ကျစ်ချီးက သူ့လက်ကို ဆွဲလိုက်၍အပြင်လျှောက်ထွက်သွားရာ ချီဟော့မှာ ယိုင်တိယိုင်တိုင် ဖြစ်သွားရသည်။
"သောကျိုးနည်း! ဒီလိုအားတွေကို ဘယ်က ရထားတာတုန်း!"
“ဒီလောက်အားမှ မရှိရင် မင်းကို ဘယ်လိုချီနိုင်မှာတဲ့လဲ”
ချန်းကျစ်ချီးက သူ့ခန္ဓာကိုယ်အား အဓိပ္ပါယ်ပါပါ ကြည့်လာလေသည်။
ချီဟော့က စိတ်ထဲမှာ ကျိတ်ဆဲလိုက်၏။
ထို့နောက်မှာတော့ သူဟာ KTV ထဲမှနေ တစ်စုံတစ်ယောက်၏ ဆွဲထုတ်လာခြင်းကို ခံလိုက်ရလေသည်။
"ငါ့သူငယ်ချင်းတွေ အထဲမှာပဲရှိသေးတယ်...."
ချီဟော့က နောက်ကိုခေါင်းလှည့်ကြည့်လိုက်၏။
"သူတို့ကို ဖုန်းခေါ်ပြီး မင်းအရင်ပြောသွားပြီလို့ပြောလိုက်"
ချန်ကျစ်ချီးက ပြောသည်။
"မင်းရူးနေပြီ!"
ချီဟော့သည် ခုချိန်မှာ လုံးဝကြီးမူးနေတာ မဟုတ်သည့်အတွက် အထဲသို့ ပြန်သွားရန် ဟန်ပြင်လိုက်၏။ သို့ငြား ချန်ကျစ်ချီးက သူ့အား နံရံသို့ ဖိကပ်၍ နမ်းရှိုက်လာလေသည်။
ချီဟော့မှာ အရင်က တွဲဖူးသော မိန်းကလေး ၈ယောက် ၉ယောက်လောက်ရှိသည်။ သို့ပေသိ သူတို့နှင့် နမ်းရတာက လုံးဝ စိတ်လှုပ်ရှားစရာ မကောင်းပေ။ ချန်ကျစ်ကျီးက လူကြည့်တော့ သိမ်မွေ့ကာ ယဥ်ကျေးပုံပေါ်ပေမဲ့ လူကိုနမ်းရာမှာတော့ တကယ့်ကို လွှမ်းမိုးကာ ကြမ်းတမ်းသည့်အပြင် ကလေးပါဆန်သေးသည်။
ချီဟော့က ခပ်မြန်မြန်ပင် ဦးဆောင်သူနေရာကို ပြန်ယူကာ ထိုသူ့အား လမ်းကြား၏ ပိုနက်ရှိုင်းသောအပိုင်းဆီ တွန်းပို့လိုက်တော့သည်။
ချန်ကျစ်ချီးက သူ့ဒူးကို သူ၏ ကိုယ်အောက်ပိုင်းဖြင့် ဖိထားကာအပြုံးဖြင့်ပြောလာသည်။
"ဒါက မင်းမှာရှိထားတာအကုန်ပဲလား"
"ငါလူး မင်း လုပ်မှာလား မလုပ်ဘူးလား?"
ချီဟော့က သူ့ခါးကို ခပ်ပြင်းပြင်း ညစ်ကာ လက်က ဘောင်းဘီထဲ လျိုသွင်းဖို့ ဟန်ပြင်လိုက်သည်။
ရုတ်တရက်ပင် မှိန်ဖျော့ဖျော့အလင်းရောင်ထွန်းညှိထားသော လမ်းကြားထဲ၌ သာယာငြိမ့်ညောင်းသော ဖုန်းမြည်သံတစ်ခု ထွက်လာလေ၏။ချီဟော့က ချန်ကျစ်ချီး၏ နှုတ်ခမ်းကို ဒေါသတကြီးကိုက်လိုက်ကာ ဖုန်းကို ထုတ်ရင်း နံရံဆီပစ်ပေါက်မလို့လုပ်လိုက်ပေမဲ့ ချန်ကျစ်ချီးက တားလာသည်။
"မင်း မဖြေလိုက်ရင် သူတို့တွေ ဆက်တိုက် ခေါ်နေလိမ့်မယ်"
ချန်ကျစ်ချီးက ချီဟော့၏မေးစေ့ကို ပင့်လာကာ သူ့အား နံရံတွင် ဖိကပ်လိုက်ပြီး သူ့ခါးပတ်ကို ဖြုတ်လိုက်သည်။ သူ၏ ခပ်နက်နက်မျက်ဝန်းတို့က စနောက်လိုခြင်းဖြင့် တလက်လက်တောက်ပနေ၏ ။
"မနှောင့်နှေးစေနဲ့လေ”
ချီဟော့ စိတ်ထဲမှနေ ဆဲလိုက်ပြီး ဖုန်းကို ဖွင့်လိုက်သည်။
"ချီကော မင်း ဘယ်ကို သွားလိုက်တာလဲ! ပြီးရင် အင်တာနက်ကဖေးကိုသွားပြီး လှိုင်းလုံးတွေ ဖန်တီးကြမယ်လေ!"
ဖုန်းမှတဆင့်ထွက်လာသည့်အသံက ကျယ်လည်း မကျယ်သလို တိုးလည်း မတိုးပေ။ ချန်ကျစ်ချီး ကြားနိုင်ရုံလောက်သာ ကျယ်၏။
ချီကျစ်ချီးက ခေါင်းငုံ့ကာ
သူ့ညှပ်ရိုးကို နမ်းလိုက်သည်။ လက်က လှုပ်ရှားမှုတွေကတော့ လုံးဝမရပ်ချေ။
ချီဟော့က သူ့ဆံပင်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ တစ်ခြားလက်ဖြင့် ဖုန်းကိုင်ထားရင်း စိတ်မရှည်စွာ ဆဲလိုက်၏။
"မင်းတို့ကောင်တွေ အရင်သွားကစားကြတော့၊ ငါအရင်သွားနှင့်ပြီ!"
"မသွားပါနဲ့ ! ချီကော မင်းသွားရင် ငါတို့ ဆက်ကစားလို့ မရတော့ဘူးလေ!"
ချီဟော့က ညည်းတွားလိုက်ရင်း ဒေါသထွက်လာကာ ချန်ကျစ်ချီးဆံပင်ကို တင်းတင်းဆုပ်ကိုင်လိုက်၏။
“လစ်တော့! ငါမအားဘူး ! သေပြီ!”
ထိုနောက် သူက ဖုန်းစက်ပိတ်သည့်ခလုပ်ကို နှိပ်ကာ ဖုန်းကို အိတ်ထဲ ပစ်ထည့်လိုက်လေပြီး လက်လှမ်းကာ ချန်ကျစ်ချီး၏ မေးကို ဆွဲကိုင်လိုက်၍ အရိုင်းဆန်စွာ နမ်းလိုက်တော့သည်။
လမ်းမကြီးက မီးအလင်းရောင်များ၊ မီးပွိုင့်ရောင်စုံများဖြင့် ထိန်လင်းတောက်ပနေ၏။ နံရံကတဆင့် KTVက ထွက်လာသည့် တစ္ဆေအော်သံလို ဝံပုလွေအော်သံလို အသံမျိုးတွေကို ကြားနေရသည်။ သပ်ရပ်ကာ သန့်ရှင်းနေသော အင်္ကျီတို့ကမူ ရွဲ့စောင်းကုန်လျက် မရေမရာသော ပင့်သက်ရှိုက်သံ၊ခပ်တိုးတိုး ဆဲရေးသံတို့က တိတ်ဆိတ်ငြိမ်သက်သည့် အမှောင်ထုထဲ နစ်မြုပ်သွားလေသည်။
****
“တကယ်ကို သိပ်မကျွမ်းကျင်ဘူးပဲ"
ချန်ကျစ်ချီးက ခေါင်းငုံ့ကာ သူ့ရှပ်အင်္ကျီကို ပြန်ညှိတော့ ကြယ်သီးတစ်လုံးပျောက်နေသည်ကို သတိထားမိသွား၏။
ချီဟော့က တစ်ဝက်လောက် အမူးပြေနေပြီဖြစ်ပြီး စိတ်ပျက်တစ်ဝက် ရှက်ရွံခြင်းတစ်ဝက်ဖြစ်နေသည်။ သူက လက်လှမ်းကာ ထိုသူ့ဘောင်းဘီကို ဆွဲတင်ပေးလိုက်၏။
"သောက်ကျိုးနည်း"
“မီးထဲ လောင်စာ ထပ်မထည့်နဲ့တော့”
ချန်းကျစ်ချီးက သူ့ခါးလေးကို ပုတ်ကာ
"မဟုတ်ရင် ၊ ငါမင်းကို ဒီနေရာမှာပဲ လုပ်မိလိမ့်မယ်"
ချီဟော့က သူ့အား အံ့အားသင့်စွာ ကြည့်လိုက်သည်။
"ဘာကိစ္စ ငါက မင်းကိုလုပ်တဲ့လူ မဖြစ်ရတာလဲ”
ချန်ကျစ်ချီးက ပေါ့ပေါ့ပါးပါးပြုံးလိုက်ကာ
"ငါက အပေါ်မှာနေမဲ့လူမလို့လေ”
ချီဟော့သည် ဒါမျိုး သိပ်နားမလည်သော်ငြား ဘာတွေဖြစ်နေသလဲတော့ သဘောပေါက်သည်။ သူက သရော်တော်တော် ပြောလိုက်၏။
“မင်းသာ အောက်ထပ်ဆင်းရင် ငါမင်းကို ခံစားကောင်းအောင်လုပ်ပေးမယ်”
"အဲ့ဒါအတွက် မင်းမှာ အရည်အချင်း ရှိမရှိအပေါ်မှာ မူတည်သေးတယ်။"
ချန်ကျစ်ချီးက အထင်သေးသည့် အရိပ်အယောင်ဖြင့် သူ့ဘောင်းဘီကို ခါလိုက်ကာ
"ငါတို့ အနည်းဆုံးတော့ ဟိုတယ်တစ်ခုလောက် ရှာနိုင်လိမ့်မယ်လို့ ထင်ခဲ့တာ၊ မင်းက အရမ်းကြီး စိတ်မရှည်ဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့မိဘူး"
ဤမှတ်ချက်ကြောင့် ချီဟော့က နည်းနည်းလောက် ရှက်သလို ခံစားလိုက်ရ၏။ သူက အာစလျှာစ ထက်သူမဟုတ်ရာ အသံတိတ်သာ စိုက်ကြည့်နေရုံ တတ်နိုင်လေသည်။
သူ့၏ ငတုံးလိုပုံစံကို ချန်ကျစ်ချီးမြင်တော့ ရွှင်မြူးသွားကာ နှုတ်ခမ်းထောင့်လေးကို လှမ်းနမ်းလိုက်၏။
ချီဟော့က သူ့အား စိုက်ကြည့်၍သာနေကာ အကြည့်တစ်ချက်မှ မရွေ့ချေ။
ပုံမှန်ဆို သူ့ကို လေအေးပေးစက်တစ်ချို့ ယူလာစေချင်လောက်အောင် ကျောင်းဝတ်စုံကို မေးစေ့ရောက်သည်အထိ ဇစ်ဆွဲတင်ထားတတ်သော တင်းကြပ်တတ်သည့် ကျောင်းသားကောင်စီ ဥက္ကဌဟာ အခုတော့ မသပ်မရပ်ရှပ်အကျီက ရင်ဘတ်ပွင့်နေလျက် လည်တိုင်ထက်မူ ချီဟော့ချန်ထားသော အနမ်းရာများရှိနေပြီး နံရံကို ပျင်းရိပျင်းတွဲ့ မှီလျက် သူ့ကို ပြုံးပြီး ကြည့်နေခဲ့လေသည်။
မြင်ကွင်းက အလွန် စိတ်လှုပ်ရှားဖွယ်ကောင်းကာ သူ့၏ အရက်တိမ်ဖုံးနေသည့် ဦးနှောက်လေးက ဤ ကြောက်စရာကောင်းသည့် ဖြားယောင်းမှုကြီးကို မခုခံနိုင်တော့ပါချေ။
“ချီဟော့ …ဒါက ငါတို့ တွဲနေပြီလို့ပြောလို့ရလား”
ချန်ကျစ်ချီးက သူ့ကို မေးလာသည်။
ပထမတော့ ချီဟော့သည် အရက်မူးမူးနှင့် သူ့အဖေကို ဆဲဆိုနေခဲ့တာဖြစ်သည်။ချန်ကျစ်ချီးနှင့် ဝင်တိုးသည့်အချိန်မှာတောင် ဒေါသထွက်နေတုန်းပင်။တစ်ဖက်လူက အပြင်ဆွဲခေါ်သွားကာ ဟိုဟိုဒီဒီကိစ္စများ လုပ်ချိန်မှာတော့ သူ စိတ်လှုပ်ရှားလွန်ကာ မိန်းမောသွားပြီဖြစ်ပြီး ခုထိ သတိပြန်မဝင်သေးဘဲ ဖြေလိုက်လေသည်။
“ပြောလို့ရတယ်”
သူ့စိတ်ထဲကျန်နေသည့် တစ်ခုတည်းသောအရာက ချန်ကျစ်ချီးက သောက်ကျိုးနည်း ကြည့်ကောင်းသည် ဆိုတာပင်။
သူအသံတိတ်ရေရွတ်လိုက်သည်။
ငါတောင်းပန်ပါတယ်။ ညီလေး ယွင်ဖန်းရေ၊ ငါတော့ မင်းရဲ့ အစီအစဉ်ကောင်းကို ဖြုန်းတီးလိုက်မိပြီ ဟူ၍။
ချန်ကျစ်ချီးက အမှောင်ထဲကနေ ကောက်ကျစ်တတ်သည့် မြေခွေးတစ်ကောင်အလား မျက်လုံးအနည်းငယ် မှေးကျဉ်းလိုက်၏။ သူ့၏ မြေခွေးလက်ဖဝါးက ချီဟော့၏ ပုခုံးထက်တင်ထားကာ နားနားဆီ ကပ်၍ ပြုံးကာ ပြောလိုက်သည်။
"မင်္ဂလာပါ ရည်းစားလေး"
ပူနွေးသည့် အာငွေ့က သူ့နားကို ပွတ်တိုက်သွားသည်မို့ ချီဟော့က ခေါင်းကို စောင်းလိုက်မိသည်။ ချန်ကျစ်ချီးနှုတ်ခမ်းလွှာက သူ့နားသံသီးကို ပွတ်ကာသီကာ ထိသွားလေသည်။
ဘဝတွင် ပထမဆုံး ရည်စားကောင်လေးရသွားခဲ့သည့် ချီဟော့က တံတွေးမျိုချလိုက်သည်။
ဘယ်လိုတောင် ကြီးမားလိုက်တဲ့ အမွေးဖွာဖွာ မြေခွေးဖြူကြီးလဲ။
ချီဟော့က သူ့နှုတ်ခမ်းထောင့်ကို အမြန်ပြန်နမ်းလိုက်ပြီး လေးနက်သည့်အသံဖြင့် ပြောလိုက်၏။
"မင်္ဂလာပါ ရည်းစားလေး!"
ချန်ကျစ်ချီး ခဏမျှကြက်သေသေသွားလေသည်။ထို့နောက်မှာတော့ သူသည် လူတွေက ပျော်ရွှင်ချိန်ဆို ဘာလို့များ အကျယ်ကြီး ရယ်ကြလဲဆိုတာ သဘောပေါက်သွားရတော့သည်။သူက ချီယော့ပခုံးပေါ် လက်တင်ရင်း မနေနိုင်စွာ ရယ်လိုက်၏။
" အိုင်း ဒါက ဒီလို ဖြစ်ရမှာ မဟုတ်ဘူးလေ"
ချီဟော့၏ မျက်နှာက နီရဲသွားကာ ဒေါသတကြီးပြောလာ၏။
"မရယ်နဲ့!"
"မင်းက ဘယ်လိုလုပ်ပြီး ငါမွေးထားတဲ့ခွေးလေးလိုပဲ ရူးနှမ်းရတာလဲ?"
ချန်ကျစ်ချီး၏ မျက်နှာထက်မှ အပြုံးက မှေးမှိန်မသွားချေ။
ချီဟော့က ထိုသူ ပျော်ပျော်ရွှင်ရွှင် ရယ်မောသည်ကိို ပထမဆုံးအကြိမ် မြင်ဖူးတာကြောင့် ခွေးလို့ အခေါ်ခံရသည်ကိုပင် စိတ်မပျက်သွားပေ။ သူက လက်လှမ်းက ထိုသူ့ဆံပင်ကို ဖွလိုက်၏။
ချန်ကျစ်ချီးက ပဟေဋ္ဌိဖြစ်သွားဟန်ရသည်။
"မင်းကမှ ငါ့အန်တီမွေးထားတဲ့ မြေခွေးဖြူကြီးနဲ့တူတာ"
ချီဟော့က သူ့ခေါင်းထက် လက်ဟန်ပြုကာ
"နားရွက်နှစ်ဖက်နဲ့ အမြီးကြီးကြီး မပါရုံပဲ"
ချန်ကျစ်ချီး:"....."
ဒါက ဘယ်လို အဓိပ္ပါယ်မရှိတဲ့ ဥပမာကြီးလဲ။