[နာမည်ပြောင်]
တီတီ…
နိုတီသံက ယွင်ဖန်းအား သူ့မှတ်ဉာဏ်များထဲမှ ဆွဲထုတ်လိုက်၏။
မတည်မြဲလေသော:[??]
တိမ်ပျံပေါ်ကအမဲလိုက်ခွေး:[မြို့တော်ဆေးရုံမှာ]
မတည်မြဲလေသော:[ချီဟော့ ထိခိုက်မိလို့လား?]
တိမ်ပျံပေါ်ကအမဲလိုက်ခွေး:[သူမဟုတ်ဘူး၊ ရိချန်းလျန်]
မတည်မြဲလေသော:[အိုး၊ တော်သေးတာပေါ့]
[မတည်မြဲလေသောမှ မက်ဆေ့ခ်ျအား ပြန်ရုတ်သိမ်းလိုက်သည်။]
မတည်မြဲလေသော:[ငါပြောချင်တာက၊ ရိချန်းလျန် အဆင်ပြေရဲ့လား?]
တိမ်ပျံပေါ်က အမဲလိုက်ခွေး:[သူ အဆင်ပြေပါတယ်၊ မင်း ချီဟော့ကို လာခေါ်ပေးမယ်ဆိုရင်တော့ သူ ပိုအဆင်ပြေသွားနိုင်တယ်]
မတည်မြဲလေသော:[ငါက မေးကြည့်ရုံပဲ]
တိမ်ပျံပေါ်က အမဲလိုက်ခွေး:[သဘောပဲ]
ယွင်ဖန်းက စားစရာ သုံးထုတ်ဝယ်ကာ အပေါ်ထပ်ဆီ သယ်သွားလိုက်သည်။
ထို့နောက်တွင်မူ သူတွေ့လိုက်ရတာက ချီဟော့တစ်ယောက် ရိချန်းလျန်၏ ဆေးရုံကုတင်တစ်ဝက်လောက်ကို သိမ်းပိုက်ထားပြီဖြစ်ကာ ခေါင်းချင်းပူးကပ်၍ ဖုန်းကိုအတူကြည့်နေကြတာကိုပင်။
ယွင်ဖန်းက ဖုန်းနှင့် ဓာတ်ပုံရိုက်ကာ ချန်ကျစ်ချီးထံ ပို့ပေးလိုက်သည်။
မတည်မြဲလေသော:[???]
တိမ်ပျံပေါ်က အမဲလိုက်ခွေး:[ဆေးရုံအခန်းနံပါတ် ၅၀၄]
မတည်မြဲလေသော:[ငါ လာခဲ့မယ်]
ယွင်ဖန်းက ဝင်သွားလိုက်ကာ ရိချန်းလျန်၏ လည်ပင်းနောက်ကို ဖျစ်ညှစ်လိုက်၏။
"မင်းဘာတွေ ကြည့်နေတာလဲ?"
"တုတ်ချောင်းလူသားတိုက်ပွဲ"
ရိချန်းလျန်၏ မျက်လုံးတို့က ဖုန်းစခရင်ထက်တွင် ကပ်ညိနေဆဲပါပင်။
"ဒီ ဂိမ်းက အရမ်းစိတ်ဝင်စားစရာကောင်းတာ၊ အွန်လိုင်းပေါ်မှာ လူအများကြီးနဲ့လည်း ကစားလို့ရတယ်!"
ချီဟော့က စိတ်အားထက်သန်စွာဖြင့် စည်းရုံးရေးဆင်းလာ၏။
"ငါ့အိမ်မှာ ဒီဂိမ်းခွေရှိတယ်၊ မင်း လာကစားလို့ရတယ်!"
ရိချန်းလျန်က ခေါင်းညိတ်ပြသည် ။ယွင်ဖန်းက သူ့အား ဆွဲခေါ်လိုက်၏။
"စားတော့"
ရိချန်းလျန် သက်ပြင်းချလိုက်သည်။ ချီဟော့ကမူ ပိုမိုလေးလံသည့် သက်ပြင်းကို ချလာသည်မို့ ယွင်ဖန်း၏ မျက်ခွံများကို တွန့်သွားစေလေသည်။
ချီဟော့အား ဤနေရာသို့ ခေါ်လာမိသည်က လုံးဝကို မှားယွင်းမှုပါပင်။
"လျန်လျန်၊ ငါ မင်းနဲ့ လဲလို့ရမလား?"
ချီဟော့က ဝက်သားစင်းကောထမင်းကို ကိုင်ထားရင်းဖြင့်ရိချန်းလျန်၏ ငါးချဉ်ဟင်းအား လှမ်းသရေကျနေတာပင်။
"ငါ့ကို အဲ့လို ရွံစရာနာမည်ကြီးနဲ့ မခေါ်နဲ့"
ရိချန်းလျန်က မကျေနပ်ကြောင်းပြောက ငါးချဉ်ဟင်းအား သူ့ကို တွန်းပေးလိုက်သည်။
"အိုခေပါ လျန်လျန်လေး၊ ကျေးဇူးတင်ပါတယ် လျန်လျန်လေး"
ချီဟော့က ခေါင်းညိတ်လာပေမဲ့ အခေါ်အဝေါ်လုံးဝ မပြောင်းသည့်အပြင် ပိုလို့တောင်မှ ပြင်းထန်လာသေးလေ၏။
ရိချန်းလျန်:"......"
"ချစ်ရတဲ့ ညီလေးရေ၊ မင်းရဲ့ ကြက်တောင်ပံလေးကို မြည်းလို့ ရမလားဟင်။ အဲ့ဒီ အကြီးဆုံးတစ်ခုက ငါ့ကို စားပါ စားပါလို့ ဖိတ်ခေါ်နေသလိုပဲ”
ချီဟော့က အရှက်မဲ့စွာပြော၏။
ယွင်ဖန်း:"....."
အဆုံးမှာတော့ ချီဟော့မှာ သူ့၏ ကြိုးစားအားထုတ်မှုဖြင့် ဟင်းသုံးမျိုးစလုံး စားသောက်နိုင်သွားသည်။ သို့ငြား သူ့၏ ငါးချဉ်ဟင်းကိုတော့အကြင်နာမဲ့စွာပင် တခြားသူနှစ်ယောက်နှင့် ဝေမျှစားသောက်ဖို့ ငြင်းဆန်ခဲ့လေသည်။
ညစာစားပြီးခါနီးတွင် ဆေးရုံခန်းတံခါးခေါက်သံထွက်လာ၏။
ယွင်ဖန်းက နေ့လည်စာဘူးကို ချကာ တံခါးသွားဖွင့်လိုက်တော့ ညာလက်ထဲတွင် ပန်းစည်းနှင့် ဘယ်လက်တွင်တော့ ဈေးကြီးလှသည့် အဟာရဘူးကို ကိုင်ထားသည့် ချန်ကျစ်ချီးကို တွေ့လို့ရလေကာ ထိုသူက ယဉ်ကျေးစွာ နှုတ်ဆက်လာ၏။
"ဟဲလို၊ ငါ ဒီကို လူနာလာမေးတာ"
ယွင်ဖန်းက သူ့အား မထုတ်ဖော်လိုက်ပေ။
"ဝင်လာခဲ့လေ"
ဆေးရုံခန်းက ဆီနှင့်အသားနံ့များဖြင့် ပြည့်နေကာ ချီဟော့မှာ သူ့ငါးချဉ်ဟင်းပန်းကန်အား ကိုင်ထားလျှက် ဝင်လာသူအား အထိတ်တလန့် ကြည့်မိသွားသည်။
"မင်းက ဒီကို ဘာလာလုပ်ရတာတုန်း!"
"လာလည်တာ"
ချန်ကျစ်ချီး ရိချန်းလည်အား ပန်းများထိုးပေးလိုက်၏။
"မြန်မြန်ပြန်သက်သာလာပါစေလို့ ဆုတောင်းပေးပါတယ်"
ချန်ကျစ်ချီးနှင့် ဝါကျဆယ်ကြောင်းထက်ပို၍ စကားမပြောဖူးသလို ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ပန်းကိုလည်းလက်ခံရရှိခဲ့တာကြောင့် ရိချန်းလျန်မှာ ကြောင်တောင်တောင်လေး ဖြစ်သွားရလေတော့၏။
"ကျေးဇူးတင်ပါတယ်?"
မည်သို့ လက်ခံရမည်မှန်း သူမသိပါချေ။
ယွင်ဖန်းက မျက်နှာသာမပေးစွာရယ်လာတော့ ရိချန်းလျန်က သူ့ကိုစိုက်ကြည့်လာသည်။
"ငါ့ကိုပေး"
ယွင်ဖန်းက ပန်းကိုယူလိုက်ကာ ချန်ကျစ်ချီးကိုပြော၏။
"ကြိုက်တဲ့နေရာမှာထိုင်"
ယွင်ဖန်းက ပန်းထည့်ထားရန် သူနာပြုထံ ဖန်ပုလင်းတစ်ခုတောင်းလိုက်ပြီးနောက် မေးခွန်းစာရွက်အား ကောက်ကိုင်ကာ ရိချန်းလျန်ရှေ့တွင် ချပေးလိုက်သည်။
"နောက်ကျနေပြီပဲ။ ချီဟော့ မင်း စီနီယာချန်နဲ့အတူ ပြန်..”
“မင်း ဘာတွေ ပြောနေတာလဲ ညီလေးရ!"
ချီဟော့က သူ့ကို ပြတ်သားစွာပင် ကြားဖြတ်ပြောလာကာ ကျောပိုးအိတ်ထဲမှ တွန့်ကြေနေသည့် မေးခွန်းစာရွက် အနည်းငယ်ကို ဆွဲထုတ်လို့ အံကြိတ်လျှက် ပြုံးကာပြောလာ၏။
"ငါတို့ လာတဲ့လမ်းမှာ သဘောတူလာတယ်မဟုတ်ဘူးလား၊ မင်း ဒီည ငါနဲ့ ရိချန်းလျန်ကို စာသင်ပေးမှာဆို"
"ငါတို့-"
ယွင်ဖန်း ပါးစပ် ဖွင့်လိုက်ချင်းမှာပဲ ချီဟော့က သူ့ခြေထောက်ပေါ်တက်နင်းလိုက်လေသည်။ နာကျင်မှုကြောင့် ရှုံ့မဲ့သွားရရင်း ယွင်ဖန်းခမျာ အံကြိတ်ကာဖြင့် ပြောလိုက်ရသည်။
"ငါတို့ သဘောတူခဲ့တာလား?"
" ဒါပေါ့!"
ချီဟော့က ခေါင်းလှည့်ကာ ရိချန်းလျန်ကိုကြည့်လိုက်ပြီး သူ့သရေစာများကို ထည့်ဖွက်ထားသည့် နေရာဆီ ညွှန်ပြလာကာ ခြိမ်းခြောက်လေ၏။
"ဟုတ်တယ်မလား ရှောင်ရိ?"
ရိချန်းလျန်က လေးနက်စွာ ခေါင်းညိတ်လေသည်။
"အမှန်ပဲ"
ယွင်ဖန်းက သစ္စာဖောက် ရိချန်းလျန်အား စိတ်ပျက်စွာကြည့်လိုက်ချိန် ရိချန်းလျန်ကတော့ မျက်နှာကြတ်ကို အတော်လေး စိတ်ဝင်စားနေပုံဖြင့် အပေါ်ကို လေးနက်စွာ မော့ကြည့်နေခဲ့လေသည်။
ချန်ကျစ်ချီးက ဆိုဖာပေါ် တည်ငြိမ်စွာထိုင်ချလိုက်ကာ ပြောလာ၏။
"ကောင်းသားပဲ၊ ငါလည်း ပြိုင်ပွဲအတန်းကနေ လက်ချာမှတ်စု ယူလာခဲ့တယ်။ ယွင်ဖန်း၊ မင်းလည်း အတူကြည့်သင့်တယ်"
ထိုသို့ဖြင့် မူလက ပျော်စရာကောင်းကာ လိုက်လျောညီထွေရှိနေခဲ့သည့် ဆေးရုံခန်းလေးမှာ စာကြည့်ခန်းအဖြစ် ပြောင်းလဲသွားရရှာလေတော့၏။
ရိချန်းလျန်က စားပွဲခုံအသေးလေးပေါ် ခေါင်းငုံ့လျှက် အိမ်စာလုပ်နေခဲ့ချိန် ချီဟော့ကတော့ ခုံမှာ မှီထိုင်ရင်း ဓာတုဗေဒမေးခွန်းစာရွက်ကို ကိုင်ထားလျက် မီးအလင်းရောင်ကတဆင့် အနှီ A B C D တွေထဲမှာ ဘယ်ဟာ၏ မှင်က အနက်ဆုံးလဲဆိုတာကို ကြည့်နေလေသည်။
ယွင်ဖန်းကမူ ဆေးရုံကုတင်ထက်မယ် ထိုင်ကာ သူ့အတွက် အတော်လေး ခက်ခဲလှသည့် ပြိုင်ပွဲမှတ်စုများကို ကြည့်နေခဲ့ပြီး ချန်ကျစ်ချီးကတော့ ပြိုင်ပွဲမေးခွန်းလွှာကို တည်ငြိမ်စွာလုပ်နေခဲ့လေသည်။
ဖြတ်သွားသည့် သူနာပြုတစ်ယောက်က ချောင်းကြည့်လာချိန်၌ မြင်ကွင်းကြောင့် ရှင်းပြမရနိုင်အောင် ထိတ်လန့်သွားတော့သည်။
ကြောက်စရာကောင်းလိုက်တဲ့ အထက်တန်းကျောင်းသားတွေ!
ဖုန်းက တုန်ခါလာသည်။ ယွင်ဖန်းက မက်ဆေ့ခ်ျကို ဖွင့်ကြည့်လိုက်၏။
ရိချန်းလျန်ကလည်း သူ့ဆီ ခေါင်းလှည့်ကြည့်လာကာ အတော်လေး သိချင်နေပုံပေါ်နေတာကြောင့် ယွင်ဖန်းက ဖုန်းအား သူ့တို့နှစ်ယောက်ကြား ချထားလိုက်ကာ ပြပေးလိုက်သည်။
မိုးသည်းညမှာ ပွင့်တဲ့ပန်း:[ငါလိုး၊ ငါလိုး ငါလိုး! ချန်ကျစ်ချီးက ဘာလို့ ခုထိ ထွက်မသွားသေးတာလဲ?]
တိမ်ပျံပေါ်က အမဲလိုက်ခွေး:[ငါ မသိဘူး]
မိုးသည်းညမှာ ပွင့်တဲ့ပန်း:[ညီလေး၊ မင်းရဲ့ ဉာဏ်ရည်ကိုသုံးပြီး သူ့ကို ရှင်းပစ်လိုက်စမ်းပါ!]
တိမ်ပျံပေါ်က အမဲလိုက်ခွေး:[.]
တိမ်ပျံပေါ်က အမဲလိုက်ခွေး:[ချီဟော့က မင်းဘာလို့ ထွက်မသွားသေးတာလဲလို့ မေးနေတယ်]
မတည်မြဲလေသော:[?]
တိမ်ပျံပေါ်ကအမဲလိုက်ခွေး:[သူ့ကို ခေါ်သွားတော့ သူဒီမှာ ရှိနေတာ ရိချန်းလျန်းရဲ့ စာလေ့လာမှုကို သက်ရောက်မှု ဖြစ်စေတယ်]
မတည်မြဲလေသော:[သူက ငါ့ကို နည်းနည်းမကြိုက်တဲ့ပုံပဲ၊ ငါ ဘာလုပ်သင့်လဲ?]
တိမ်ပျံပေါ်က အမဲလိုက်ခွေး:[?]
မတည်မြဲလေသော:[ငါ့ကို ကူညီပေး၊ ငါ သူ့ကို လိုက်ချင်တယ်]
တိမ်ပျံပေါ်က အမဲလိုက်ခွေး:[? အဲ့ဒါက ငါနဲ့ ဘာများဆိုင်သွားလို့လဲ?]
မတည်မြဲလေသော:[ အဲ့လိုဆို သူရိချန်းလျန်ရဲ့ စာလေ့လာတာကို သက်ရောက်မှု ဖြစ်အောင် လာလုပ်တော့မှာ မဟုတ်ဘူးလေ]
မတည်မြဲလေသော:[မင်းရဲ့ ပြိုင်ပွဲအတန်းခွင့်ကို တိုက်ရိုက် ခွင့်ပြုချက်ပေးလိုက်မယ်]
တိမ်ပျံပေါ်က အမဲလိုက်ခွေး[.]
ထိုသို့ဖြင့် တိမ်ပျံပေါ်က အမဲလိုက်ခွေးက အုပ်စုစကားပြောခန်းတစ်ခု စတင်လိုက်လေတော့သည်။
မိုးသည်းညမှာ ပွင့်တဲ့ပန်း:[??မတည်မြဲလေသောက ဘယ်သူကြီးလဲ?@တိမ်ပျံပေါ်ကအမဲလိုက်ခွေး]
တိမ်ပျံပေါ်ကအမဲလိုက်ခွေး:[ချန်ကျစ်ချီး]
မိုးသည်းညမှာ ပွင့်တဲ့ပန်း:[ငါလိုး!?]
မတည်မြဲလေသော:[ငါပါ]
မိုးသည်းညမှာပွင့်တဲ့ပန်း:[ငါလိုး!]
မတည်မြဲလေသော:[မင်းမှာ ငါ့ကို ကန့်ကွက်စရာတစ်ခုခုများ ရှိလို့လား?]
မိုးသည်းညမှာ ပွင့်တဲ့ပန်း:[ဘယ်လိုတောင် ပျက်စီးနေတဲ့ နာမည်ကြီးလဲ၊ အသံထွက်က ဆိုးဝါးလိုက်တာ]
မတည်မြဲလေသော:[သင်္ခါရတရား နဲ့ ကျပန်းလျှောက်လှမ်းခြင်း ဥပဒေသ]
မိုးသည်းညမှာ ပွင့်တဲ့ပန်း:[အဲ့ဒါက ဘာကြီးတုန်း?]
တိမ်ပျံပေါ်ကအမဲလိုက်ခွေး:[?]
မတည်မြဲလေသော:[နှစ်ဘက်မြင်လောကအရ တစ်ယောက်နဲ့တစ်ယောက် ထပ်ခါတလဲလဲ ဆုံမိနေတာတွေက သေချာပေါက်ဖြစ်လာမဲ့အရာတွေကို ပြောချင်တာ]
မိုးသည်းညမှာ ပွင့်တဲ့ပန်း:[...]
တိမ်ပျံပေါ်က အမဲလိုက်ခွေး:[.]
"အားလုံးက တစ်ခန်းတည်းမှာ အတူရှိနေတာပဲကို မင်းတို့တွေ ဘာလို့ ဖုန်းနဲ့စာရိုက်ပြီး ပြောနေကြရတာလဲ?"
ဖြစ်စဉ်တစ်ခုလုံးကို ကြည့်နေသည့် ရိချန်းလျန်က ဝိညာဥ်ကို လှုပ်နှိုးနိုင်သည့်မေးခွန်းကို မေးလာခဲ့လေသည်။
"....."
____
စာရေးသူမှာ ပြောစရာရှိသည်။
ချန်ကျစ်ချီး : (လေးလေးနက်နက်ရှင်းပြနေ)- မင်းနဲ့ငါရဲ့ တွေ့ဆုံမှုက တမင်တကာ မဟုတ်ဘဲ မတော်တဆ တွေ့တာ။ ဒါပေမဲ့ နှစ်ဘက်မြင်ကမ္ဘာမှာတော့ ငါတို့ရဲ့တွေ့ဆုံမှုက ကျိန်းသေပေါက် ဖြစ်လာရမဲ့အရာပဲ
ချီဟော့ (နာကျင်သောအကြည့်ဖြင့်) : ဘာကြီးလဲ။ ?
#မင်းက ငါနားမလည်နိုင်တဲ့ ရိုဆန်လှသူလေးပါပဲ#