Chapter 26.1
“ယောကျာ်းပြန်လာပြီ”
ရှန်းယုဟန်က ရှန်းယွီဆော့ဖ်ဝဲကို ဘယ်လိုအသုံးပြုရမလဲမသိခင် အပူချိန်က ကျနေခဲ့ပြီး ဆောင်းဦးနှောင်းပိုင်းမှ ဆောင်းဦးကိုကူးပြောင်းနေပြီး လမ်းနှစ်ဖက်လုံးမှာ သဖန်းရွက်များ မကျန်တော့ပေ။
ရှန်ချီဟွမ်းက ယူအက်စ်မှာရှိနေပြီး နေ့ဘက်မှာအလုပ်ရှုပ်ကာ နေ့စဥ်အလုပ်ပြီးမှ ရှန်းယုဟန်နှင့် စကားပြောနိုင်သည်။ ထိုအချိန်သည် ရှန်းယုဟန် မနက်စာစားဖို့ နိုးလာချိန်ဖြစ်ပြီး သူတို့နှစ်ယောက်က ကိုးနာရီမှာ ပုံမှန်ဗီဒီယိုကောလ်ပြောကြသည်။
ဗီဒီယိုထဲမှာ ရှန်းယုဟန်က ရှန်ချီဟွမ်းကို နေ့တိုင်းတွေ့နိုင်ပြီး လုံးဝမငြီးငွေ့ပေ။
ဆန့်ကျင်ဘက်အနေနဲ့ ရှန်ချီဟွမ်းက ရှန်းယုဟန်၏မျက်နှာကို တစ်ခါမှမတွေ့ခဲ့ရပဲ သူလုံးဝအဖက်မလုပ်ခဲ့သော အိမ်ထဲက အရာဝတ္တုများကိုသာ ကြည့်နေရသည်။ ထိုပစ္စည်းများကို နှစ်ရက်ကြည့်ပြီးနောက် ဖုန်တက်နေတာကိုတောင် မြင်နိုင်လေသည်။
ရှန်းယုဟန်က သူ့ကိုခွင့်မလွှတ်သေးလို့ ချော့ရတာတကယ်ခက်သည်။
သို့သော် ရှန်ချီဟွမ်းက ဘယ်လောက်အလုပ်ရှုပ်နေပါစေ၊ သူက ရှန်းယုဟန်အတွက် အဝတ်အစားဝယ်ပေးဖို့မမေ့ပေ။ သူက အိမ်ပြန်ပြီး အဝတ်အစားဝယ်ဖို့ အဖော်ပြုပေးစရာမလိုပဲ ရှန်းယုဟန်အတွက် ဆောင်းတွင်းအဝတ်အစားများကို ချုပ်ပေးရန် လူတွေကို တိုက်ရိုက်ခိုင်းနိုင်သည်။ အရင်တစ်ခေါက်ဝယ်ခဲ့သော ဝတ်စုံအနည်းငယ်က မလုံလောက်သေးပဲ ခေါင်းစခြေဆုံးဝယ်ပေးရမည်။
–
ရှန်းယုဟန်က ဒီနှစ်ရက်အတွင်း အအေးမိလို့ အိမ်မှာသာနေပြီး ဘယ်မှမသွားပဲ သူအပြင်ထွက်ရင် ရှန်ချီဟွမ်းစိတ်ပူနေမှာကို စိုးရိမ်သည်။
ပြီးတော့ ရှန်းယုဟန်က ဒီရက်တွေမှာ ခေတ်သစ်ဗဟုသုတများကို လေ့လာရတာပျော်နေကာ ရှန်ချီဟွမ်းစီစဥ်ပေးနေတာကို စိတ်မဆိုးပေ။
ရှန်ချီဟွမ်းက ယူအက်စ်ရောက်ပြီး ဒုတိယရက်မှာ သူက ရှန်းယုဟန်အတွက် အိမ်ကို ဒီဇိုင်နာခေါ်ပေးခဲ့သည်။ ထိုလူက အရင်တစ်ခေါက်က တွေ့ခဲ့သောအန်ဒီဖြစ်ပြီး ဒီတစ်ကြိမ်မှာ သူက ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားပေမယ့် အတွင်းအပြင် စတိုင်က ရှန်းယုဟန်၏စိတ်နေသဘောထားနဲ့ ကိုက်ညီပြီး အတုအယောင်နှင့်မတူသလို ရိုးရှင်းသောဝတ်စုံလည်းမဟုတ်ပဲ ပေါ့ပေါ့ပါးပါးနှင့် ဖက်ရှင်ကျသည်။
အန်ဒီက ထိုအဝတ်အစားများက သူဒီဇိုင်းဆွဲထားသော နောက်ဆုံးပေါ်ဝတ်စုံလို့ ပြောခဲ့ပြီး ဖိနပ်နှင့်ခြေအိတ်လည်းပါဝင်သည်။ တရုတ်ပြည်မှာ အိမ်ထိလာပြီး ဒီဇိုင်းထုတ်ပေးဖို့ တတ်နိုင်သူက သိပ်မရှိပေမယ့် ရှန်ချီဟွမ်းကတော့ တတ်နိုင်သူထဲမှာ ပါဝင်သည်။
“မင်းခင်ပွန်းက မင်းအပေါ်အရမ်းကောင်းတာပဲ။” အန်ဒီက တိပ်ကိုတိုင်းတာရင်း အားကျသလိုပြောလိုက်သည်။
ရှန်းယုဟန်က ပြုံးလိုက်ပြီး သူက မကြာသေးခင်က အိမ်မှာကိုယ့်ကိုယ်ကိုယ်ဂရုစိုက်နေတာကြောင့် သူ့အသားအရေက ဖြူဝင်းလာကာ လူတွေက သူ့ခင်ပွန်းကို ချီးကျူးနေစဥ် သူ့မျက်လုံးထဲမှာ ရှက်ကိုးရှက်ကန်းဖြစ်နေသော အရိပ်အယောင်ပေါ်နေသည်။
“မစ္စတာအန်ဒီက လက်ထပ်ပြီးပြီလား?” သူက သူ့အချစ်ရေးကို တခြားသူများနှင့် မဆွေးနွေးချင်တာကြောင့် ခေါင်းစဥ်တိုက်ရိုက်ပြောင်းလိုက်သည်။
အန်ဒီက ဘောင်းဘီဒီဇိုင်းသစ်တစ်ထည်ယူလာပြီး သူ့ခါးမှာတင်ကာ ခေါင်းခါပြီးပြောလိုက်သည်။ “လူတိုင်းက မင်းလိုကံမကောင်းဘူး၊ ငါ့အချစ်ရေးက လမ်းကြမ်းလွန်းလို့ လက်ထပ်ဖို့မလွယ်ပါဘူး။”
ရှန်းယုဟန်က သူ့ပါးစပ်ကို အံ့သြတကြီးဖွင့်လိုက်ပြီး သူ့မှာ တစ်ဖက်လူ၏အနာကိုထိုးဆွဖို့ ရည်ရွယ်ချက်မရှိသဖြင့် ထပ်မေးလို့ကောင်းပါ့မလား မသိပေမယ့် အန်ဒီကိုယ်တိုင်က သူ့ခံစားချက်အတွေ့အကြုံကို ပုံမှန်အတိုင်း ဖွင့်ဟလာခဲ့သည်။
“ငါက ဒီနှစ်လက်ထပ်ဖို့လုပ်ထားပေမယ့် ငါ့သတို့သားလောင်းကို ကန်ထုတ်ခဲ့ရတယ်။”
ရှန်းယုဟန်က သူ့ကိုသံသယဖြင့်မေးသည်။ “ဘာလို့ကန်ထုတ်ခဲ့တာလဲ?” ဒါက ဖြောင့်မတ်သည့်အရှိန်အဝါဖြစ်ပြီး အရမ်းကြမ်းလို့ ရှန်းယုဟန််မှာ ထိုအရောင်အဝါမရှိပေ။
လူတစ်ယောက်ကို ကန်ထုတ်တယ်ဆိုတာ လမ်းခွဲခဲ့တယ်လို့ ပြောတာလား?
အန်ဒီက ဒေါသတကြီးပြောလိုက်သည်။ “အစက ငါတို့လက်ထပ်ဖို့ပြောတဲ့အခါမှာ လက်ထပ်မှတ်ပုံတင်ယူပြီး ပျော်ရွှင်စရာဘဝကို ဖန်တီးဖို့ တိုင်ပင်ခဲ့ကြပေမယ့် ဘယ်သူသိမှာလဲ.. အမျိုးသားက လက်ထပ်ခွင့်တောင်းပြီး ဘုရားသခင်ကတော့ ဝင်စွက်ဖက်ခဲ့တယ်။ သူက သူ့သူငယ်ချင်းတွေနဲ့ လူပျိုနောက်ဆုံးကြပါတီလုပ်ခဲ့ပြီး တခြားတစ်ယောက်ရဲ့အိပ်ရာပေါ်မှာ နိုးလာခဲ့တယ်လေ.. မင်းပဲပြောကြည့်ပါ.. ဒါက ဒေါသထွက်စရာမကောင်းဘူးလား! ငါက သေချာဆုံးဖြတ်ပြီးမှ သူ့ရဲ့အသက်သွေးကြောကို ကန်ပစ်လိုက်တယ်လေ! ငါ့နောက်မှာ တခြားတစ်ယောက်နဲ့ သွားအိပ်ရဲသေးတယ်၊ ငါဆိုတဲ့ ဒီအဘွားကြီးက သူ့ကိုသေအောင်မကန်နိုင်ရင် သူအရမ်းကံကောင်းသွားမှာပေါ့!”
သွားအိပ်တယ်? အဲ့ဒါက ဟိုလိုလုပ်တာကိုပြောတာမလား?
ရှန်းယုဟန်က အန်ဒီ၏ရက်စက်မှုကို ချီးကျူးခဲ့ပြီး သူတို့ချီတိုင်းပြည်မှာ သတို့သားလောင်းက အရင်က ဘယ်သူနဲ့နေခဲ့လဲမသိရပေ။ သူတို့က အပြင်မှာအငယ်အနှောင်းထားရင်တောင် မထိန်းချုပ်နိုင်ကြပဲ မယားကြီးကလည်း ဖမ်းမမိနိုင်ပေ။
သူက စိတ်ရင်းဖြင့်ချီးကျူးလိုက်သည်။ “ခင်ဗျားက တကယ်မိုက်တာပဲ”
အန်ဒီက နှာမှုတ်ကာပြောလိုက်သည်။ “မင်းကိုပြောပြရဦးမယ်.. မစ္စတာရှန်း.. ယောကျာ်းဆိုတာ တစ်ခါတစ်လေခွေးမဆန်ပြီး သူတို့အများစုက သူတို့အောက်ပိုင်းကို မထိန်းချုပ်နိုင်ကြဘူး!”
ဒီလိုပြောရတာကျိုးကြောင်းဆီလျော်ပြီး ချီတိုင်းပြည်ရှိ အမျိုးသားများမှာ ဇနီးသုံးယောက်နှင့် ကိုယ်လုပ်တော်လေးယောက်ရှိတာ အံ့သြစရာမရှိပေ၊ သူတို့က အပြစ်မှာ မယားငယ်တောင် ထားကြပြီး အချိန်ပြည့် ပြည့်တန်ဆာအိမ်ကိုသွားကာ သောက်စားမူးယစ်နေကြသည်။
သူက တစ်ဖက်လူကို သည်းမခံနိုင်ရင် ကန်ထုတ်ပစ်လိုက်သည့် အန်ဒီလိုလူမျိုးရှိမယ်လို့ မမျှော်လင့်ထားပေ။
ရှန်းယုဟန်က အချစ်ရေးနဲ့ပတ်သတ်ပြီး ဘယ်သူနဲ့မှ မဆွေးနွေးဖူးတာကြောင့် သူက ခေတ်သစ်လူသားများ၏ အိမ်ထောင်ရေးအပေါ်အမြင်ကို အတော်လေး သိချင်စိတ်ပြင်းပြနေသည်။
သူ့မျက်လုံးများက သိချင်စိတ်တစ်ခုကိုဖော်ပြနေသည်။ “ဒါဆို အဲ့လိုဖြစ်ပြီးတော့ ခင်ဗျားမိသားစုက လက်ထပ်ဖို့တိုက်တွန်းသေးလား?”
“ဘယ်ဟုတ်မလဲ.. ငါဒီဆန်ကုန်မြေလေးကို ကန်မထုတ်ရင် နှစ်သစ်ကူးကျင်းပဖို့ သူ့ကိုစောင့်နေရဦးမှာလား? သူ့ကိုလက်ထပ်ပြီးရင်တောင် ငါက ကွာရှင်းဦးမှာပဲ၊ ဒါကြောင့် မစ္စတာရှန်းက မင်းအပေါ်ကောင်းလွန်းတယ်လို့ပြောတာ၊ အပြင်ကမ္ဘာမှာ မင်းတို့နှစ်ယောက်နဲ့ပတ်သတ်ပြီး အခြေအမြစ်မရှိတဲ့ ကောလာဟလတွေထွက်နေပေမယ့် မင်းလုံးဝမယုံလိုက်ပါနဲ့”
အပြင်ကမ္ဘာက အခြေအမြစ်မရှိသော ကောလာဟလနှင့်ပတ်သတ်ပြီး ရှန်းယုဟန်က တကယ်ဘာမှမသိပဲ သူက အိမ်နဲ့ သင်တန်းကိုပဲ သွားဖြစ်တာကြောင့် သူနဲ့ရှန်ချီဟွမ်း၏ ကောလာဟလကို သိဖို့နည်းလမ်းမရှိပေ။
“အပြင်မှာ လူတွေက ကျွန်တော်တို့အကြောင်းဘာပြောကြလို့လဲ?” ရှန်းယုဟန်က ခေတ်သစ်လူသားတို့ ဖြန့်နေသော ကောလာဟလကို သိချင်နေသည်။
အန်ဒီက သံသယများနှင့်ပြည့်နေသော သူ၏လှပသောမျက်လုံးများကိုကြည့်ကာ အပြုံးဖြင့်ပြောလိုက်သည်။ “သူတို့ကမနာလိုဖြစ်နေကြတာပါ၊ အားကျမနာလိုတာပေါ့၊ မင်းမသိတာပဲကောင်းတယ်။”
သူ့စကားများက ရှန်းယုဟန်၏သိချင်စိတ်ကို နှိုးဆွပေးနေသည်။ “ကိစ္စမရှိဘူး၊ ကျွန်တော်ဂရုမစိုက်ဘူး၊ အချိန်ကုန်သွားအောင် နားထောင်ချင်ရုံပါပဲ။” ရှန်းယုဟန်က ညင်ညင်သာသာပြောလိုက်ပြီး တချိန်တည်းမှာ အန်ဒီ၏ ကိုယ်တိုင်းယူမှုကို ပူးပေါင်းဆောင်ရွက်ပေးနေသည်။
အန်ဒီက ဇာတ်လမ်းရှည်တစ်ပုဒ်ကို ပြောပြလိုက်သည်။ “မင်းကြားချင်ရင် ငါပြောပြမယ်၊ ရေရှိလား?”
“ဆောရီး၊ လက်ဖက်ရည်တိုက်ဖို့မေ့သွားတယ်၊ ခင်ဗျားဘာသောက်ချင်လဲ?” သူအိမ်မှာ အများဆုံးသောက်တာက လက်ဖက်ရည်ဖြစ်ပြီး မကြာသေးခင်က ရှန်ချီဟွမ်းက မနက်တိုင်း သူ့အတွက် အန်တီကိုနို့ဖျော်ခိုင်းပြီး သူက နို့သောက်ရတာမကြိုက်ပေမယ့် ရှန်ချီဟွမ်းက ဗီဒီယိုကောလ်ကနေ အတင်းသောက်ခိုင်းလို့ သောက်ပြရသည်။
“မင်းစိတ်မရှိရင် လိမ္မော်ရည်သောက်ချင်ပါတယ်။” အန်ဒီက လုံးဝထိန်းချုပ်ထားခြင်းမရှိပဲ သူက အမြဲတမ်းအကဲဖြတ်တော်သူဖြစ်ခဲ့သည်။ ဒီမစ္စတာရှန်းက နူးညံ့သိမ်မွေ့ပြီး ရှန်ချီဟွမ်းလို သူဌေးကို သေအောင်စားပစ်နိုင်သည်။
ရှန်းယုဟန်က အန်တီဝမ်ကို အအေးဖျော်ခိုင်းပြီး အန်ဒီကိုပြောလိုက်သည်။ “ခင်ဗျား ကျွန်တော့်အိမ်မှာ ညစာစားသွားပါလား၊ ကျွန်တော့်ခင်ပွန်းက အလုပ်ကိစ္စနဲ့ ခရီးရောက်နေတယ်။” အန်ဒီ၏ အပြောနှင့်လုပ်ရပ်က သူ့ညီငယ်လေးနှင့်တူပြီး သူကလည်း အမျိုးသားများကို ကြိုက်တာကြောင့် သန်မာပြီး မရင်းနှီးသော အမျိုးသားတစ်ယောက်ကို ရင်ဆိုင်ရာမှာ အခက်အခဲကို မခံစားရတော့ပေ။
“ကောင်းပါပြီ” အန်ဒီက သူ့ခါးကိုဆက်တိုင်းနေသည်။ “မင်းခါးက တကယ်ကိုသေးလို့ မစ္စတာရှန်က အရမ်းသဘောကျမှာပဲ။”
ရှန်းယုဟန်က အန်ဒီ၏တည့်တိုးဆန်သော စကားကြောင့် စွန့်အနေသည်။
ပွင့်ပွင့်လင်းလင်းပြောရရင် သူနဲ့ ရှန်ချီဟွမ်း၏ အိမ်ထောင်ရေးက နောက်ဆုံးအဆင့်ကို မကျော်ရသေးသဖြင့် သူက ရှက်သွေးဖြာကာ ဘယ်လိုတုံ့ပြန်ရမလဲမသိပေ။
အန်ဒီက သူ၏တုံ့ပြန်မှုကြောင့် မယဥ်မကျေးဖြစ်သွားသည်။ “ဟေး၊ မင်းက လွယ်လွယ်နဲ့ ရှက်သွေးဖြာတတ်တာပဲ။”
သူက ခေါင်းစဥ်ပြောင်းချင်၍ အန်ဒီကို မေးလိုက်သည်။ “ဒီဆောင်းရာသီကုတ်က ဘယ်တော့ရောက်မှာလဲ?”
“နောက်အပတ်ပို့ပေးလို့ရတယ်၊ လေဖောင်းဂျာကင်က ဒီဆောင်းမှာ သေချာပေါက်ကျော်ကြားတော့မှာ မင်းက ပိန်လို့ အဲ့ဒါက ဘယ်လောက်ပဲဖောင်းနေပါစေ မင်းကိုဝစေမှာမဟုတ်ပဲ ကြည့်ကောင်းနေမှာ။”
အန်ဒီက ရှန်းယုဟန်ကို လိုက်ဖက်သည့် အဝတ်အစားရွေးချယ်တတ်အောင် သင်ပေးနေသည်။ ရှန်းယုဟန်က တစ်ချိန်တည်းမှာ နားထောင်သင်ယူနေသည်။ ကောင်းကောင်းသင်ယူပြီးရင် အဝတ်အစားတွဲစပ်နိုင်ပြီး ဗီရိုကိုဖွင့်တိုင်း ကန်းမနေနိုင်တော့ပေ။ တစ်ခါတစ်လေ ရှန်ချီဟွမ်းက သူ့အဝတ်အစားများကို ကြည့်သောအခါ သူ့မျက်လုံးများတွင် ပြောရခက်နေသော စကားလုံးများရှိနေသည်။ ယင်းမှာ သူ၏ဝတ်စားဆင်ယင်မှု ညံ့ဖျင်းတာကြောင့် မကျေမနပ်ဖြစ်နေတာပင်။
သို့သော် သူကလည်း မကျေနပ်ခဲ့ပေ။ အတိတ်မှာ သူက မြို့တော်၏ ကောများကြား ဝတ်စားဆင်ယင်မှု စတိုင်အကျဆုံးကောဖြစ်ပြီး အခုတော့ အစကနေ ပြန်လေ့လာဖို့လိုသည်။
ရှန်းယုဟန်က အန်ဒီကို နေ့လည်စာစားဖို့ ဖိတ်ခေါ်ခဲ့ပြီး သူက စကားအများကြီးပြောခဲ့သည်။ သူက ပဲစေ့လောင်းတာကအစ အကုန်ပြောပြပြီး ရှန်းယုဟန်က နားထောင်ရတာကြိုက်သည်။ အကြောင်းမှာ သူက ဟာသဉာဏ်ရွှင်လို့မဟုတ်ပဲ သူတို့နယ်ပယ်က အတင်းအဖျင်းကို ပြောပြနေလို့ဖြစ်သည်။ ဇာတ်လမ်းတိုင်းကို ကွက်ကွက်ကွင်းကွင်း ပြောပြကာ ရှန်းယုဟန်က အကျိုးအများကြီးရှိခဲ့သည်။
အမျိုးသားအချင်းချင်းလက်ထပ်သည့်အခါ ကုန်းနဲ့ရှို့လို့ ခွဲခြားလေ့ရှိပြီး ရှို့ကို ဇီးရိုးလေးလို့လည်း ခေါ်ကြသည်။ ရှန်းယုဟန်၏ ပြောင်းလဲမှုအရ ရှို့က ကောဖြစ်ပြီး ကုန်းက ယောကျာ်းဖြစ်သည်။ ထိုအတိုင်းတွေးရင်တော့ ဒီကမ္ဘာမှာ သူတို့နဲ့တူတာရှိနေပြီး သူက အမျိုးသားတစ်ယောက်နှင့် သူငယ်ချင်းလုပ်လို့မရတာမဟုတ်ပဲ သူက ရှို့အမျိုးသားများကို ရှာဖို့ပဲလိုတာဖြစ်သည်။ ရှန်ချီဟွမ်းကလွဲရင် တခြားအမျိုးသားများကို ရှောင်နေစရာမလိုပေ။
အန်ဒီက ရှို့ဖြစ်ပြီး ရှန်းယုဟန်က သူက အတော်ရယ်စရာကောင်းသူဟု တွေးလိုက်သည်။ နေ့လည်စာစားပြီးနောက် သူတို့နှစ်ယောက်က ဝီချက်အပ်လိုက်ကြသည်။
အန်ဒီက တက်ကြွသောလူငယ်တစ်ယောက်ဖြစ်ပြီး ပထမဆုံးအကြိမ်က သူစိမ်းအဖြစ်တွေ့ဆုံမှုထက် သူတို့နှစ်ယောက်က ပိုရင်းနှီးလာခဲ့သည်။
အန်ဒီက သူမပြန်ခင် ရှန်းယုဟန်ကို အပြင်က အခြေအမြစ်မရှိတဲ့ ကောလာဟလအကြောင်းပြောခဲ့သည်။ “မင်းရဲ့မစ္စတာရှန်းက အပြင်က လူတစ်ယောက်နဲ့တွဲနေတယ်လို့ပြောနေကြတယ်၊ မင်းပိုသတိထားသင့်တယ်၊ တစ်ယောက်ယောက်ကပြောလာရင် မယုံလိုက်နဲ့။”
“အပြင်မှာ တွဲနေတယ်” ရှန်းယုဟန်က အံ့အားသင့်သွားသည်။
အန်ဒီက သူ့အမူအရာပြောင်းလဲသွားတာကို သတိထားမိပြီး ခဏလောက်စဥ်းစားပြီးမှပြောလိုက်သည်။ “လွန်ခဲ့တဲ့နှစ်ရက်က သူငယ်ချင်းတစ်ယောက်ရဲ့ ကော့တေးပါတီကို ငါတက်ခဲ့လို့ မတော်တဆကြားခဲ့တာ။ မစ္စတာရှန်းက မင်းအပေါ်ကောင်းလို့ သူ့အခြေအနေကိုလည်း မင်းအာရုံစိုက်သင့်တယ်။ ကောလာဟလဖြန့်နေတဲ့ လူတစ်ချို့ရှိပေမယ့် အခြေအမြစ်လုံးဝမရှိဘူးလို့တော့ မဆိုလိုဘူး။ မစ္စတာရှန်းက လူလွတ်ဖြစ်နေတာကြာတော့ သူ့အိပ်ရာပေါ်တက်ချင်နေတဲ့သူတွေက အများကြီးပဲ။ သူတို့အောင်မြင်လား မအောင်မြင်လားတော့မသိပေမယ့် ငါ့နားက ဇီးရိုးလေးတွေကတောင် ကြိုးစားချင်နေကြတယ်။”
ရှန်းယုဟန်၏မျက်နှာက အခုမှဖြူဖျော့သွားကာ အပြင်မှာ အငယ်အနှောင်းထားတယ်ဆိုတာကို ကြားလိုက်ပြီး သူ့ဘေးမှာ ကြိုးစားချင်သည့် ဇီရိုးလေးများလည်း ရှိသည်ဟုလည်း ကြားလိုက်ရသည်။
သူက မျက်မှောင်ကြုတ်လိုက်သည်။ “ဘာကိုကြိုးစားတာလဲ?”
“အဲ့ဒါကိုကြိုးစားဖို့လေ” အန်ဒီက ရှန်းယုဟန် မျက်နှာမကောင်းတာကိုတွေ့တော့ ထပ်ပြောလိုက်သည်။ “ငါက တစ်ဆင့်နားကနေကြားခဲ့တာ၊ ဒါက ကောလာဟလတစ်ခုပဲ သေချာပေါက်တော့ မမှန်နိုင်ဘူး။ မင်းလည်း ကောလာဟလကိုသိတာပဲ၊.. ပေါက်ကရတွေပြောတတ်ကြတယ်၊ အာရုံမစိုက်နဲ့။”
ရှန်းယုဟန်က ခါးသီးစွာ ပြုံးလိုက်သည်။ “ကျွန်တော်နားလည်ပြီ သတိပေးလို့ကျေးဇူးပါ။”
အန်ဒီက အမြန်ရှင်းပြလိုက်သည်။ “ငါမင်းနဲ့မင်းခင်ပွန်းကြားမှာ ပြဿနာဖြစ်အောင်လုပ်တာမဟုတ်ပါဘူး။ အများကြီးမတွေးပါနဲ့ ၊ မစ္စတာရှန်းက လူကောင်းတစ်ယောက်ပါ၊ ခေတ်ရေစီးကြောင်းနောက်ကိုလိုက်ပြီး အကျင့်ပျက်မှာမဟုတ်ဘူး။”
သူမရှင်းပြတာက ပိုကောင်းဦးမည်။ သူရှင်းပြလေ ရှန်းယုဟန်၏မျက်နှာက ပိုဖြူဖျော့လာ၍ အန်ဒီက ရှက်ပြုံးလေးဖြင့် ပြန်သွားခဲ့ရသည်။
&&&&&&&&&&&
Chapter 26.2
“ယောကျာ်းပြန်လာပြီ”
အန်ဒီကို အပြင်လိုက်ပို့ပြီးနောက် သူက စိတ်ဓာတ်ကျကာ အိမ်ထဲဝင်လာသည်၊ သူက ဆိုဖာပေါ်မှာ စိတ်ပျက်လက်ပျက်ထိုင်ကာ ဘာလုပ်ရမလဲမသိပေ။
အန်တီဝမ်က သူ့ကို ချီဝိုင်ကိုဖြည့်ထားသည့် လတ်ဆတ်သော လက်ဖက်ရည်တစ်ခွက်ကို ယူလာပေးသည်။
“မင်းကချီဓာတ်ချို့တဲ့နေလို့ ဘယ်ရီလက်ဖက်ရည် နေ့တိုင်းဖျော်ပေးဖို့ မစ္စတာရှန်ကမှာထားတယ်။”
ရှန်းယုဟန်က စိတ်မပါသလို ပြောလိုက်သည်။ “ကျေးဇူးပါ”
အန်တီဝမ်က ဘေးမှာရပ်နေပြီး ပုံမှန်လိုထွက်မသွားပဲ သူမပါးစပ်ကို ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။ “မစ္စတာရှန်း.. မင်းနဲ့ အဲ့ဒီလူလေးနဲ့ပြောတာကို ကျွန်မကြားခဲ့တယ်။”
“ဟုတ်?” ရှန်းယုဟန်က ခေါင်းမော့လိုက်သည်။ အန်တီဝမ်က မီးဖိုချောင်ကိစ္စကလွဲရင် သူ့နဲ့ တခြားအကြောင်းပြောတာရှားသည်။
အန်တီဝမ်က အသက်ငါးဆယ်အရွယ်ဖြစ်ပြီး သေချာထိန်းသိမ်းထားတာကြောင့် အမျိုးသမီးများစွာထက် စိတ်ထားပိုကောင်းပြီး စကားသိပ်မပြောပေ။ တကယ်တော့ ရှန်းယုဟန်သည် သူမက စကားများပြီး တခြားသူများနှင့် ပေါင်းသင်းဆက်ဆံတတ်သူဆိုတာကို သိသည်။ သူမက ပုံမှန်ဆိုရင် အလုပ်ကိုတော့ ငြိမ်ငြိမ်လေးလုပ်တတ်သူဖြစ်၏။
ဒီနေ့တော့ သူမထိုင်မကြည့်နိုင်တော့၍ သူမပါးစပ်ကိုဖွင့်လိုက်သည်။
အန်တီဝမ်က ပြောလာသည်။ “ကျွန်မ မစ္စတာရှန်းအတွက် ချက်ပြုတ်ပေးနေတာကြာပါပြီ၊ ကျွန်မက သခင်လေးထက် အသက်ကြီးပေမယ့် အသက်အရွယ်ကို အခွင့်ကောင်းမယူချင်ပါဘူး။ ဒါပေမယ့် မစ္စတာရှန်းအတွက် တရားမျှတအောင် စကားနည်းနည်းတော့ပြောပေးချင်တယ်။ အဲ့ဒီလူငယ်လေးပြောတာကို နားမထောင်ပါနဲ့၊ သူတို့ရဲ့နယ်ပယ်က ပရမ်းပတာနိုင်ပါတယ်။ ကျွန်မက ဒီနေရာမှာ အချိန်အကြာကြီးအလုပ်လုပ်ခဲ့ပေမယ့် မစ္စတာရှန်း လူခေါ်လာတာကိုတော့ တစ်ခါမှမတွေ့ဖူးပါဘူး။”
ခက်ခက်ခဲခဲမြှင့်တင်ထားရသော ရှန်းယုဟန်၏စိတ်ဓာတ်က ထိုးထောင်လာပြီး မစိုးရိမ်သလိုဟန်ဆောင်ကာ ပြောလိုက်သည်။ “သိပါတယ်၊အန်တီ စိတ်မပူပါနဲ့၊ ကျွန်တော်က ခိုင်မာမှုမရှိတာတွေကို မယုံပါဘူး။”
အန်တီဝမ်က သူ့အမူအရာက ပြန်တည်ငြိမ်လာတာကိုတွေ့တော့ ပြုံးလိုက်သည်။ “ဒါကအကောင်းဆုံးဘယ်ရီပဲ၊ မင်းကျန်းမာရေးအတွက်ကောင်းတယ်။ သောက်ပြီးရင် နောက်တစ်ခွက်ဖျော်ပေးပါမယ်။”
“ဟုတ်ကဲ့၊ အန်တီ” သူကလည်း အန်တီကိုယုံချင်ပေမယ့် သူ့ခင်ပွန်းကို လိုချင်တပ်မက်နေသော လူအများကြီးရှိတာက သိသာနေတာကြောင့် သူက အနည်းငယ်ဝမ်းနည်းနေသည်။ အရင်ကဆို ထိပ်တန်းကျောင်းသားလည်းရှိခဲ့ပြီး အခုတော့ ရှို့မျိုးစုံရော ဇီးရိုးလေးတွေရော စုံလင်နေသည်၊ ဇနီးကောင်းတစ်ယောက်အနေနဲ့ သူ့ရာထူးက အန္တရာယ်ရှိနေသည်။
ခေတ်သစ်အမျိုးသားတစ်ယောက်ရဲ့ ဇနီးဖြစ်ရတာ ခက်ခဲလိုက်တာ။
–
အန်ဒီက ရှန်းယုဟန်နှင့် ရှန်ချီဟွမ်း၏ အိမ်မှထွက်လာပြီးနောက် စတူဒီယို ပြန်ရောက်ရောက်ချင်း စတူဒီယို၏ ဆန့်ကျင်ဘက်ကော်ဖီဆိုင်မှာ တွေ့ဆုံရန်တောင်းဆိုထားသော ဖုန်းခေါ်ဆိုမှုတစ်ခုကိုရရှိခဲ့သည်။
အန်ဒီက ထိုင်လိုက်ပြီးနောက် တစ်ဖက်လူက စိတ်မရှည်စွာမေးလာသည်။ “ငါပြောခိုင်းသမျှကို ပြောခဲ့ရဲ့လား?”
အန်ဒီက သူ့ကိုစိတ်မရှည်တော့ပဲ “ဒီအကြောင်းကို ရှန်းယုဟန်ကို ဘာလို့ပြောခိုင်းတာလဲ ငါနားမလည်ဘူး။ ဒီတစ်ကြိမ်ပဲ.. ငါမင်းအပေါ်တင်ထားတဲ့အကြွေးကို ဆပ်ပြီးပြီလို့မှတ်လိုက်တော့၊ ရှန်ချီဟွမ်းက ငါရဲ့ဖောက်သည်ဟောင်းပဲ၊ ဒီကိစ္စကိုသူသိသွားရင် ငါ့ကုမ္ပဏီက အရေးကြီးဖောက်သည်တစ်ဦးကို ဆုံးရှုံးရလိမ့်မယ်။”
ဆန့်ကျင်ဘက်မှာထိုင်နေသော လူက ရှန်ချီယွင်ဖြစ်သည်။
ရှန်ချီယွင်က လွန်ခဲ့သည့်နှစ်ရက်မှာ သူ့အပေါ် အေးစက်စွာဆက်ဆံသည့် ရှန်းယုဟန်အကြောင်းကို တွေးနေခဲ့ပြီး အခုတော့ သူက မျက်ကွင်းတောင်ညိုနေခဲ့သည်။ “သူကလွဲရင် ငါမင်းကို တခြားဖောက်သည်တွေနဲ့ မိတ်ဆက်ပေးပါမယ်။”
အန်ဒီက မှုန်ကုပ်ကုပ်မျက်နှာဖြင့် ပြောလိုက်သည်။ “ရှန်းယုဟန်က မင်းနဲ့ အခုဘာမှမပတ်သတ်တော့တာကို ဒီလိုလုပ်လို့ဘာရမှာလဲ? ရှန်းယုဟန်က ရိုးရှင်းတဲ့လူလို့ ငါထင်တယ်၊ သူနဲ့ရှန်ချီဟွမ်းကြားက ဆက်ဆံရေးကို ဒီလိုဖျက်စီးပစ်တာက မင်းအတွက်မကောင်းဘူး။ ဘာပဲဖြစ်ဖြစ် ရှန်ချီဟွမ်းက မင်းအစ်ကိုဖြစ်ပြီး ရှန်းယုဟန်က မင်းမရီးပဲ။”
ရှန်ချီယွင်က ခါးသီးသောကော်ဖီကို တစ်ငုံသောက်ပြီး လန်းဆန်းသွားကာ မျက်နှာကြုတ်ပြီး ပြောလိုက်သည်။ “ရှန်းယုဟန်က ရိုးရှင်းတဲ့လူ? မင်းမှားနေပြီး ယောကျာ်းတွေအပေါ် မင်းအမြင်က တကယ်ကိုမကောင်းတာပဲ။”
အန်ဒီက သူ့ကိုစိတ်ဆိုးသွားကာ ဒေါသတကြီးထရပ်လိုက်သည်။ “လူတွေကိုထုတ်ဖော်လို့ရပေမယ့် အားနည်းချက်ကိုတော့ မထုတ်ဖော်မိစေနဲ့၊ ပြီးတော့ ဒီကိစ္စထဲ ငါ့ကိုဆွဲမထည့်နဲ့၊ မင်းတို့ညီအစ်ကိုတွေကြား ငါဝင်ပါမှာမဟုတ်ဘူး။”
“စိတ်မပူပါနဲ့ ရှန်းယုဟန်က မင်းကိုသံသယမဝင်ပါဘူး။ သူက အဲ့လောက်ဉာဏ်မကောင်းဘူး။” ရှန်ချီယွင်က အခိုင်အမာပြောလိုက်ပြီး သူ၏တင်းမာနေသောမျက်နှာက ယုံကြည်မှုအပြည့်ရှိနေသည်။
ရှန်းယုဟန်က သူ့ကိုဆွဲဆောင်ဖို့ ရှန်ချီဟွမ်းကို အသုံးချမှတော့ သူက သူနဲ့ရှန်ချီဟွမ်းကြားက ငြိမ်းချမ်းရေးကို ဖျက်စီးပစ်မယ်၊ ရှန်ချီဟွမ်း သူ့ကိုကာကွယ်ပေးနိုင်သေးလား ကြည့်ကြတာပေါ့။
ဒီလိုလုပ်ပြီး ရှန်းယုဟန်နှင့် ရှန်ချီဟွမ်း အနာဂတ်မှာ အတူတူရှိသွားမှာကို အဆုံးသတ်ပစ်မည်။
ရှန်းယုဟန်က သူ့ကိုကြိုက်နေပြီး ရှန်ချီဟွမ်းကို ဆွဲဆောင်နေတာမို့ ရှန်ချီဟွမ်း၏ မျက်နှာအစစ်ကို သူမြင်အောင်ပြပေးရတာပေါ့။
–
ယူအက်စ်အဝေးတစ်နေရာမှာရောက်နေသော ရှန်ချီဟွမ်းက သူ့ကုတ်ကို ဝတ်ထားပြီး အပူချိန်က သူတို့မြို့ထက် ကျဆင်းတာမြန်နေသည်။
ဒီနှစ်ရက်က ကုန်တာမြန်လွန်းပြီး ဒီနေ့ညှိနှိုင်းမှုက ချောမွေ့နေပြီး သူက ရှန်းယုဟန်နှင့် ပိတ်ရက်ကိုဖြတ်သန်းဖို့ စောစောအိပ်ပြန်နိုင်ပြီ။
ခြောက်နာရီတွင် လမ်းမပေါ်မှာ ဖြတ်သွားဖြတ်လာသိပ်မရှိပဲ ယူအက်စ်က လူတွေက အခြေခံအားဖြင့် အချိန်ပိုမဆင်းကြပဲ အချိန်ပိုဆင်းသူရှိရင်လည်း လုံခြုံရေးအစောင့်က တိုင်ကြားနိုင်သည်။
လက်ထောက်ချွီက ဇိမ်ခံဘရန်းဆိုင်ကို သွားဖို့အချိန်ကျပြီလို့ ရှန်ချီဟွမ်းကို ပြောခဲ့သည်။ ရှန်ချီဟွမ်းက ခေါင်းညိတ်လိုက်ပြီး အခုချိန် နာခံစွာအိပ်ရာဝင်နေလောက်သည့် ရှန်းယုဟန်ကိုတွေးကာ သူ၏တင်းမာသောမေးရိုးက ပျော့ပျောင်းသွားသည်။ “အခုသွားရအောင်”
နာရီဝက်ကြာတော့ သူတို့က လူရှုပ်သောဝန်းကျင်က ဇိမ်ခံဘရန်းလက်ဝတ်ရတနာဆိုင်တစ်ခုကို ရောက်လာသည်။
ဝတ်စုံပြည့်ဝတ်ထားသော မန်နေဂျာက ရှန်ချီဟွမ်းကို ကြိုဆိုခဲ့ပြီး သူ့ကိုဗီအိုင်ပီအခန်းသို့ ခေါ်သွားခဲ့သည်။ ထို့နောက် နောက်ဆုံးပေါ်လက်ဝတ်ရတနာ ကတ်တလောက်ကို ရှန်ချီဟွမ်းရွေးလို့ရအောင် ကိုယ်တိုင်ယူလာပေးခဲ့သည်။
တစ်နာရီကြာတော့ မန်နေဂျာက ဖောက်သည်ကြီး ထွက်သွားတာကို ဦးညွတ်နှုတ်ဆက်လိုက်သည်။
ရှန်ချီဟွမ်းက အထုပ်ကြီးတစ်ခုကိုဆွဲကာ လက်ထောက်ချွီနှင့်အတူ ပြန်လာခဲ့သည်။
ဟိုတယ်အပြန်လမ်းမှာ လက်ထောက်ချွီက သူ့ရင်ထဲကနေ တွေးနေခဲ့သည်။ သူဌေးက ဇိမ်ခံဘရန်းဝယ်ဖို့ ဒီလောက်ငွေအများကြီးသုံးတာ ဘယ်သူ့အတွက်မို့လဲ?
အားလုံးက မိန်းကလေးအကြိုက် အသုံးအဆောင်များဖြစ်သည်။
သူက သူဌေးရဲ့ ထိတွေ့လို့မရတဲ့ ကိုယ်ရေးကိုယ်တာကိစ္စကို ထိခဲ့မိတာလား?
မဖြစ်နိုင်ဘူး၊ သူဌေး၏ဇနီးအတွက်ပဲဖြစ်မည်။ တင်္နလာနေ့က သူဌေး၏ဇနီး ကုမ္ပဏီကိုလာတော့ ကာတီယာနောက်ဆုံးပေါ်လက်ကောက်ကြိုးနဲ့ နားကပ်ဝတ်ထားတာကိုတွေ့ခဲ့ရသည်။ ယင်းကို ကဖေးထဲမှာရိုက်ထားသောပုံမှတစ်ဆင့် ကုမ္ပဏီက မိန်းကလေးတစ်ယောက်က ရှာတွေ့ခဲ့တာဖြစ်သည်။
သူအခုဝယ်လိုက်သောရတနာများထဲတွင် လက်စွပ်စျေးက ဂဏန်းခုနှစ်လုံးထက်မနည်းပဲ ရက်ရောလွန်းသည်။
သူဌေးရဲ့ဇနီးဖြစ်ရတာ တကယ်ကောင်းလို့ သူတောင်အားကျသွားသည်။
သူတို့ဟိုတယ်ကိုပြန်ရောက်စဥ် ရှန်ချီဟွမ်းက လက်ထောက်ချွီကိုမေးလိုက်သည်။ “သဘက်ခါကျန်းချန်ကို ဘယ်အချိန်ရောက်မှာလဲ?”
လက်ထောက်ချွီကပြောလိုက်သည်။ “မနက်ဆယ်နာရီပါ။ ဆယ့်တစ်နာရီဝန်းကျင်လောက် အိမ်အရောက်ပို့ပေးပါမယ်။”
ရှန်ချီဟွမ်းက ခေါင်းညိတ်လိုက်သည်။ “အိမ်အရင်မပြန်နဲ့.. ရှန်းယုဟန်ရဲ့ စန္ဒယားသင်တန်းကို တိုက်ရိုက်ပို့ပေး။”
ဒီနှစ်ရက်မှာ ဘာတွေဖြစ်ခဲ့လဲမသိပေမယ့် ရှန်းယုဟန်က သူ့ဗီဒီယိုကောလ်များကိုမဖြေခဲ့ပဲ စာလည်းမပြန်ပေ။
–
အိမ်မှာ ရက်အနည်းငယ်ကြာအောင်နေပြီး ရှန်းယုဟန်က နေပြန်ကောင်းသွားကာ စနေနေ့မှာ သင်တန်းတက်နိုင်ခဲ့သည်။
သူက မနက်ခင်းမှာ ပုံမှန်အတိုင်းလာကြိုဖို့ ချိန်းဆိုခဲ့ပြီး ဒရိုက်ဘာက သူ့ကိုစန္ဒယားသင်တန်းကို ပို့ပေးခဲ့သည်။ သူက အိမ်မှာ စီရီနဲ့ ဂီတအမှတ်ကိုလေ့လာခဲ့ပြီး ဒီကိုရောက်တော့ ဆရာက သူ့ကို အကြိမ်များစွာ စိတ်ရှည်ရှည်သင်ပေးခဲ့လို့ သူက စန္ဒယား စတင်တီးခတ်ခဲ့သည်။
သူက ဂီတကို သဘာဝကျကျခံစားခဲ့ပြီး ကီးပေါ်ကို လက်ချောင်းနှင့်ဖိလိုက်စဥ် သဘာဝဆန်ဆန် နားလည်သွားကာ ဆရာက သူ၏ ဂီတစွမ်းရည်ကို ချီးကျူးနေသည်။
တစ်မနက်လုံးလေ့ကျင့်ပြီးနောက် ရှန်းယုဟန်၏ လက်ချောင်းများက အနည်းငယ်နာကျင်လာပြီး လက်ချောင်းပင်ပန်းတာသက်သာစေဖို့ အိမ်ပြန်ရောက်ရင် ရေနွေးနွေးလေးနဲ့ စိမ်ထားနိုင်ကြောင်း ဆရာကပြောခဲ့သည်။
သူက လွန်ခဲ့သည့်တစ်ပတ်က ပျက်ကွက်ခဲ့သော နေ့လည်ခင်း အကသင်တန်းကို ဒီအပတ်တော့ သွားတက်ရမည်။
သူအတန်းထဲကထွက်လာတော့ ရှန်းယုဟန်သည် အရင်အပတ်က စန္ဒယားသင်တန်းရှေ့ အနားယူထိုင်ခုံမှာ ဖြစ်ပျက်ခဲ့သည့်မြင်ကွင်းမျိုးကို ပြန်မြင်ခဲ့ရသည်။ အနားယူထိုင်ခုံမှာ စွဲမက်ဖွယ်ကောင်းသော အမျိုးသားတစ်ယောက်က ပန်းစည်းကိုကိုင်ကာ ထိုင်နေပြီး စန္ဒယားသင်တန်း လာတက်ခဲ့သော ကျောင်းသားများ၏အာရုံကို ဆွဲဆောင်ခဲ့သည်။
ရှန်းယုဟန်က ထိုနေရာကို ပေါ့ပေါ့ပါးပါးကြည့်လိုက်ပြီး တစ်ဖက်လူက ဘယ်သူမှန်းမသိပဲ သူက သူစိမ်းယောကျာ်းများကို စိတ်မဝင်စားပေ။
သို့သော် သူ စန္ဒယားသင်တန်းက ထွက်လာတော့ ပန်းစည်းကိုင်ထားသော အမျိုးသားက ရှန်းယုဟန်ဆီ တည့်တည့်လျှောက်လာပြီး နောက်အခိုက်အတန့်မှာ တစ်ဖက်လူက သူ့ရှေ့မှာရပ်လိုက်သည်။
ရှန်ချီယွင်က ရှန်းယုဟန်အကြိုက်ဆုံးဖြစ်သော နူးညံ့သောအပြုံးဖြင့် ညင်ညင်သာသာ ပြောလိုက်သည်။ “ယုဟန်”
တစ်ချိန်တည်းမှာ အနားယူထိုင်ခုံကနေ တီးတိုးရွေရွတ်သံများထွက်လာသည်။ လူချောလေးတစ်ယောက်က ဒီလူကိုစောင့်နေပုံရပြီး အရင်အပတ်ကလည်း သူ့ကိုစောင့်နေခဲ့သော လူချောလေးတစ်ယောက်ရှိခဲ့သည်။ စျေးကွက်ကတော့ ကောင်းပြီ။
လမ်းပိတ်ခံလိုက်ရသော ရှန်းယုဟန်က သူ့နှုတ်ခမ်းကိုဖိကာ နောက်နှစ်လမ်းဆုတ်လိုက်ပြီး ရှန်ချီယွင်နဲ့ ခွာလိုက်သည်။
ရှန်းယုဟန်၏ လှုပ်ရှားမှုက ညစ်ပစ်တာတစ်ခုခုမြင်သွားသလို ဖြစ်နေ၍ ရှန်ချီယွင်က စိတ်မသက်မသာဖြစ်သွားသည်။
ရှန်ချီယွင်က တိုးတိုးလေးပြောလိုက်သည်။ “နေ့လည်စာအတူစားရအောင်”
ရှန်းယုဟန်က သူနဲ့ခပ်ခွာခွာဆုတ်ကာ ပြောလိုက်သည်။ “ယောက်ဖ၊ ဒါမသင့်တော်ပါဘူး။”
တစ်ချိန်တည်းမှာ ရှန်းယုဟန်က ရှန်ချီယွင်ကိုကျော်ကြည့်လိုက်တော့ တံခါးအပြင်ဘက်မဝေးသော တစ်နေရာမှာ အရပ်ရှည်သော ခရီးသွားတစ်ယောက်၏ပုံစံကို တွေ့လိုက်ရသည်။
သူ့မျက်လုံးများက ရုတ်တရက်တောက်ပလာတော့ ရှန်ချီယွင်က သူစိတ်ပြောင်းသွားပြီဟု ထင်လိုက်ပေမယ့် ရှန်းယုဟန်က သူ့ကိုကျော်ကာ ထွက်ပြေးသွားသည်။
ရှန်းယုဟန်က သတိမထားမိပဲ မြေပြင်ပေါ်က ကျောက်တုံးကို နင်းမိကာ ချော်လဲသွားသည်။ ကံကောင်းစွာပင် လက်တံခြေတံရှည်သော အမျိုးသားက သူ့ကိုလွယ်လွယ်ဖမ်းလိုက်နိုင်သည်။
အမျိုးသား၏မျက်နှာက အစပိုင်းမှာ မကောင်းလှသော်လည်း သူက ရှန်းယုဟန် ချောင်းဆိုးနေတာကို တွေ့လိုက်သောအခါ တင်းမာနေသော သူ့မျက်နှာက ပြန်ပျော့သွားပြီး အသံနက်ကြီးဖြင့် ပြောလိုက်သည်။ “ဘာလို့ပြေးနေတာလဲ? မင်းက နမော်နမဲ့နိုင်တာပဲ”
ရှန်ချီဟွမ်း၏ အဖက်ခံထားရသော ရှန်းယုဟန်က သူ့ရင်ဘတ်က ကုတ်အင်္ကျီအစွန်အဖျားကို ဆွဲထားပြီး သူ၏အထိန်းအကွပ်မဲ့မှုကို ဂရုမစိုက်ပဲ သူ့မျက်လုံးများက တောက်ပနေကာ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပေ။ “ခင်ဗျား… ပြန်လာပြီလား?”
အလုပ်ကိစ္စအတွက် နိုင်ငံခြားရောက်နေသော သူ့ယောကျာ်း ပြန်လာပြီ!