no

Font
Theme

Chapter 42.1

“ကျွန်တော်ညစ်ပတ်သွားပြီ”

ရှန်းယုဟန်နှင့် ရှန်ချီဟွမ်း ဆေးရုံမှထွက်လာသောအခါ နှင်းကျတာရပ်သွားပေမယ့် အိမ်ပြန်ရောက်တော့ နှင်းပွင့်များ ထပ်မံကျဆင်းလာသည်။ ရှန်းယုဟန် ညစာစားပြီးနောက် သူတို့နှစ်ယောက်က မျက်နှာကျက်ကြမ်းပြင်ဆက် ပြတင်းပေါ်ရှေ့က ကော်ဇောဖြူပေါ်မှာ နှင်းကျတာကို ကြည့်နေခဲ့သည်။

သူတို့ မနက်ခင်းအပြင်မထွက်ခင်မှာ ရှန်ချီဟွမ်းက အန်တီဝမ်ကို ကော်ဇောခင်းဖို့ တိတ်တဆိတ်မှာထားပြီး ထိုအပေါ်မှာ လေးထောင့်စားပွဲသေးတစ်ခုရှိကာ သူတို့နှစ်ယောက်က မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ ရှန်းယုဟန်က သူ့မေးစေ့ကိုကိုင်ကာ နှင်းကျတာကိုကြည့်နေစဥ် ရှန်ချီဟွမ်းက ကွန်ပျူတာသုံးကာ အီးမေးလ်စာပြန်နေသည်။

ယခင်နှစ်များ၏ ဆောင်းရာသီမှာ သူက ညဆိုအိပ်ရာပေါ်မှာသာ ကွေးနိုင်ခဲ့သည်။ အိမ်ထဲမှာ မီးလင်းဖိုသုံးလုံးထည့်ထားရင်တောင် သူက ခိုက်ခိုက်တုန်နေဆဲဖစ်ပြီး ပိုနွေးအောင် စောင်နှစ်လွှာခြုံထားခဲ့ရသည်။ ထို့အပြင် ညသန်းခေါင်မှာ နိုးလာပြီး နှင်းကျတာကို ပြေးကြည့်ဖို့လည်း မဖြစ်နိုင်ပေ၊ လေအေးက လူကိုအေးခဲသွားစေနိုင်ပြီး တီဗီဇာတ်လမ်းတွဲမှာ ပြသလို နှင်းပွင့်များကို လက်နှစ်ဖက်နဲ့ဖမ်းရန် ပြတင်းပေါက်မှာ ထိုင်နေဖို့ကလည်း မဖြစ်နိုင်ချေ။

ရှန်းယုဟန်က သူ့လက်ဖက်ရည်ခွက်ကိုချကာ ဖြူဖွေးသောလက်ဖဝါးကိုကြည့်လိုက်သည်။ ယခင်နှစ်များမှာ နှင်းကိုက်နာဖြစ်သော်လည်း ဒီဆောင်းကတော့ နွေးထွေးကာ နှင်းကိုက်နာဖြစ်ဖို့ အရိပ်အယောင်မရှိပေ။

ခေတ်သစ်က အရမ်းကောင်းတယ်လို့ သူခံစားမိပြီး အနည်းဆုံးတော့ ဆောင်းရာသီအအေးဒဏ်ကို ကြောက်စရာမလိုပေ။

သူက ခွက်ထဲက လက်ဖက်ခြောက်ကိုမှုတ်လိုက်ပြီး ဖြည်းဖြည်းချင်း သောက်လိုက်သည်။

ရှန်ချီဟွမ်းက အီးမေလ်ကိစ္စ ကိုင်တွယ်ပြီးသောအခါ သူ့ဝေ့ပေါ်အကောင့်ကိုဝင်ပြီး ရှန်းယုဟန်၏ ပန်းချီကားကို ကြော်ညာပေးဖို့ တွေးခဲ့ပေမယ့် မူရင်းပန်းချီ (ဆောင်းယဥ်စွန်းချိန်)က လူငယ်တွေကြား ရေပန်းစားနေပြီးသားဖြစ်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။ သူ့ဝေ့ပေါ်အကောင့်က စျေးကွက်စီးပွားရေးသမားများ၏ Follow လုပ်ခြင်းကို ခံရတာကြောင့် သူတင်လိုက်တာနဲ့ ချက်ချင်းပင် နေရာအနှံ့ပျံ့နှံ့သွားပြီး ကွန်းမန့်က Followers များက ဒီနေ့လည်း trending ဖြစ်နေကြောင်း ပြောလာခဲ့သည်။

သို့သော် ထိုအချိန်မှာ ရှန်းယုဟန်၏ပန်းချီကားက Hot Search ဝင်သွားခဲ့သည်။

#လူငယ်လေးရဲ့ပန်းချီကိုဆောင်းယဥ်စွန်းချိန်လို့နာမည်ပြန်ပေးခဲ့တယ်#

#ဆောင်းယဥ်စွန်းချိန်ပန်းချီဆရာရဲ့ လက်ရာအသစ်နွေဦးစတင်ချိန်#

#ဆောင်းယဥ်စွန်းချိန်ပန်းချီဆရာကရှန်ချီဟွမ်းရဲ့ချစ်သူလား?#

သူ့ဝေ့ပေါ်မှာ သက်ဆိုင်သော Hot Search သုံးခုရှိနေပြီး Top Search မဝယ်သော Blogger တစ်ယောက်အနေနဲ့ ဒါက သူနဲ့ရှန်းယုဟန်ကို အခမဲ့ကြောညာပေးဖို့ လုံလောက်ခဲ့သည်။

ရှန်ချီဟွမ်း​သည် ရှန်းယုဟန်၏ပန်းချီက ဒီလောက်လွှမ်းမိုးမှုရှိမယ်လို့ မမျှော်လင့်ထားခဲ့ပေ။ ဤတစ်ခုမှာ သူ၏ဒုတိယမြောက်ပန်းချီသာဖြစ်ပေမယ့် ဖန်တွေစုဆောင်းဖို့ လုံလောက်ခဲ့သည်။ ထို့အပြင် သူ့ပန်းချီကားက ကိုယ်ပိုင်ပုံစံတစ်ခု တည်ဆောက်ထားပြီး တစ်ချိန်တည်းမှာ ချစ်ဖို့ကောင်းသလို စွဲမက်ဖွယ်လည်းကောင်းသည်။

ရှန်ချီဟွမ်းက ရှန်းယုဟန်ကို သတင်းကောင်းပြောပြခဲ့ပြီး သူ့နောက်ခံကို သံသယဝင်နေသော လူများ၏ မကောင်းသောကွန်းမန့်များကိုတော့ မပြောပြခဲ့ပေ။ ထိုသည်မှာ အလေအလွင့်သား၊ ကောလိပ်ကျောင်းထွက်၊ စသဖြင့်ပြောဆိုနေကြ၍ သူက သူတို့ကို တိုက်ရိုက်ဘလော့လိုက်သည်။ ရှန်းယုဟန်က ဘာပဲလုပ်ခဲ့ပါစေ သူ့မှာ ကိုယ်ပိုင်အ​ကြောင်းပြချက်ရှိတယ်လို့ ရှန်ချီဟွမ်းက ယုံကြည်သည်။

“မင်းအတွက်ဝေ့ပေါ်မှာတင်ပေးခဲ့တဲ့ပန်းချီက ဒီနေ့ Hot Search ဝင်နေတယ်။”

ရှန်းယုဟန်က ရှုပ်ထွေးသွားသည်။ Hot Search ကဘာလဲ? သူက ဝေ့ပေါ်ကို သေချာမလေ့လာရသေးချေ။

သူက နားမလည်သဖြင့် အပြုံးလေးနဲ့တုံ့ပြန့်ကာ သူ့ခင်ပွန်းကိုမေးလိုက်သည်။ “အဲဲဒါဆိုးတာလား၊ ကောင်းတာလား?”

ရှန်ချီဟွမ်းသည် ရှန်းယုဟန်က သူ့ပန်းချီကားကို သံသယဝင်နေသော လူအချို့ရှိတာကို သိနေတယ်လို့ တွေးမိသွား၏။ “ဆိုးတာကိုလျစ်လျူရှုလိုက်၊ အင်တာနက်သုံးစွဲသူ တော်တော်များများက အရည်အချင်းမရှိဘူး။”

ရှန်းယုဟန်က ခေါင်းညိတ်ပြသည်။

ထိုအချိန်မှာ ရှန်ချီဟွမ်းက လျှိုထန်ဆီက အသံခေါ်ဆိုမှုရရှိခဲ့သည်။

ရှန်ချီဟွမ်းက ကွန်ပျူတာနဲ့ချိတ်ဆက်ပြီး ကိုင်လိုက်သည်။ “လောင်ရှန်၊ ကျန်းချန်မှာနှင်းကျနေပြီ၊ မင်းရေပူစမ်းသွားချင်လား?”

ရှန်ချီဟွမ်းက ရှန်းယုဟန်ကို အကောင်းဆုံးပေးဖို့ ကြိုးစားနေစဥ် လျှိုထန်က အကြံကောင်းတစ်ခုကို ယူလာခဲ့သည်။

“ကောင်းပြီ၊ ငါက အခုမှ အလုပ်ခရီးက ပြန်ရောက်တာဆိုတော့ အချိန်နဲ့နေရာကိုပြောပြ။”

“နှစ်ရက်ထဲပါ၊ ငါမနှစ်ကမှ ဒီရေပူစမ်းဗီလာကိုငှားပြီး မင်းအတွက် အကောင်းဆုံးရှုခင်းရှိတဲ့ ဟိုတယ်ခန်းကို ချန်ပေးထားတယ်။”

“ကောင်းပြီ” လျှိုထန်က ပထမဆုံးအကြိမ် အသုံးဝင်လာခဲ့ပြီဟု ရှန်ချီဟွမ်းက တွေးမိလိုက်သည်။ ရှန်ချီဟွမ်းက သူ့ဖခင်ဆီကို နေ့တိုင်းသွားလည်စရာမလိုပဲ သူ့ဖခင်က ဒဏ်ရာရနေသော သူ့ခြေထောက်ကို ပြန်လည်ကျန်းမာလာအောင် လုပ်ဖို့သာလိုသည်။ သူ ရှန်းယုဟန်ကို နှစ်ရက်လောက် အပြင်ခေါ်သွားလည်း ကိစ္စမရှိချေ။ ရေပူစမ်းဗီလာကို လျှိုထန်က စင်းလုံးငှားထားသဖြင့် သူတို့ကိုနှောင့်ယှက်ဖို့ သတင်းထောက်လည်း ရှိနိုင်မှာမဟုတ်ချေ။

သူဖုန်းချလိုက်တာနဲ့ လှည့်ကြည့်ကာ ရှန်းယုဟန်၏အမြင်ကို မေးလိုက်သည်။ “နှင်းကျတဲ့ရက်တွေက ရေပူစမ်းအတွက်သင့်တော်တယ်။ မင်းသွားချင်လား?”

ရှန်းယုဟန်က ​တွေးနေသည်။ ရေပူစမ်းက ရေပူစမ်းမှာ စိမ်တာမျိုးလား?

“သွားချင်တယ်” သူ့မှာငြင်းဖို့အကြောင်းပြချက်မရှိ၊ အတိတ်မှာ သူက ရေပူစမ်းမှာ ရေချိုးချင်ပေမယ့် ရေပူစမ်းရေသည် ကောတစ်ယောက်၏ ကိုယ်လုံးကိုယ်ပေါက်ကို ထိခိုက်ပြီး အိမ်ထောင်ကျပြီးရင် ကိုယ်ဝန်မဆောင်နိုင်တာမျိုး ဖြစ်နိုင်သည်။ အတိတ်မှာ သူ့အစ်ကိုနဲ့ အစ်မများက သူ့အဖေ​နောက်ကိုလိုက်ကာ ရေပူစမ်းမှာ ရေချိုးနိုင်ပေမယ့် သူကတော့ စံအိမ်မှာ လက်ဖက်ရည်ဖျော်ကာ ချင်တီးခတ်ခဲ့ရသည်။

ရေပူစမ်းကိုသွားတာက ခရီးထွက်တာပဲ။

ရှန်းယုဟန်က နှင်းကျနေစဥ် သူ့ခင်ပွန်း သူ့ကို အပြင်ခေါ်သွားမယ်လို့ မမျှော်လင့်ခဲ့ပေ။

နေ့လည်စာစားပြီး အိမ်တန်းပြန်သည့် ခရီးမဟုတ်တာကြောင့် သူတို့က ခရီးဆောင်အိတ်ပြင်ရမည်။ နှစ်ရက်နေမှာဖြစ်တာကြောင့် သူ့ကိုပိုပြီးစိတ်လှုပ်ရှားစေသည်။

ထိုသည်မှာ သူ့အတွက် ပထမဆုံးခရီးဖြစ်ပြီး ရှန်းယုဟန်က အနည်းငယ်စိတ်လှုပ်ရှားနေသည်။ ညရောက်တော့ သူက ရှန်ချီဟွမ်းကို ရေပူစမ်းကနွေးလား မနွေးဘူးလား ဆက်တိုက်မေးနေခဲ့သည်။

ရှန်ချီဟွမ်းက နွေးတယ်လို့ပြောခဲ့သည်။

ရှန်းယုဟန်က ထပ်မေးလိုက်သည်။ ရေပူစမ်းကဝေးလား? စောစောသွားလို့ရောလား?

ရှန်ချီဟွမ်းက ဘယ်လောက်ထိ အစောကြီးသွားချင်လဲဟု ပြန်မေးလာသည်။

ရှန်းယုဟန်က မနက်ဖြန်မနက်၈နာရီရလားလို့ မေးခဲ့သည်။

ရှန်ချီဟွမ်းက ထိုရက်မှာ သူအလုပ်သွားစရာမလိုဟု တွေးနေသည်။ ဒါပေမယ့် သူက ၈နာရီဘယ်လိုထနိုင်မှာလဲ? သူက ရှန်းယုဟန်ကို ရေပူစမ်းအကြောင်း မတွေးနိုင်တော့သည်အထိ နမ်းပစ်လိုက်သည်။ ဒါပေါ့ ရှန်းယုဟန်က သူ့ခင်ပွန်း ဒီနေ့ညမှာ သူတို့အိမ်ထောင်ရေး၏ နောက်ဆုံးစည်းကို မချိုးဖောက်တာကြောင့် စိတ်ပျက်နေသည်။

သူက သူ့မော့မော့ပြောတာကို ကြားဖူးသည်။ ယောကျာ်းတွေက သူတို့ကိုယ်သူတို့ မဖြေလျော့ရင် နေရခက်လိမ့်မယ်…..သူ့ခင်ပွန်းကရော နေရမခက်ဘူးလား?

နောက်နေ့မနက်မှာ သူတို့နှစ်ယောက်က အိတ်တွေကို ထုပ်ပိုးပြီး အပြင်ထွက်ခဲ့ကြသည်။

ရှန်းယုဟန်က ရေကူးဘောင်းဘီမရှိတာကြောင့် သူတို့နှစ်ယောက်က ရေကူးဘောင်းဘီဝယ်ဖို့ ကုန်တိုက်ကိုသွားခဲ့သည်။ ရှန်းယုဟန်က အကြာကြီးကြည့်နေပြီး မရွေးနိုင်ခဲ့ချေ။

သူက အတွင်းခံနှင့်တူသော အမျိုးသားရေကူးဘောင်းဘီများကိုကြည့်ကာ အံ့သြပြီး ရှုပ်ထွေးနေသည်။

ဘောင်းဘီပဲပါပြီး အင်္ကျီမပါဘူးလား?

ရှန်ချီဟွမ်းက သူရုန်းကန်နေတာကိုတွေ့တော့ သူ့မှာ ရွေးချယ်မှုစိတ်ရောဂါရှိနေတယ်လို့ တွေးလိုက်ပြီး သူကပဲ သူ့အတွက် ကိုယ်ကျပ်ဘောင်းဘီအစုံလိုက်ကိုယူကာ ငွေချေပြီးနောက် လူကိုဆွဲခေါ်သွားခဲ့သည်။

ရှန်းယုဟန်က ရေကူးဘောင်းဘီပါသည့် အိတ်သေးသေးလေးကိုကိုင်ကာ ရုန်းကန်နေပြီး သူက မျက်ရည်ကျလုမတတ်ပင်။ သူက ခေတ်သစ်လူသားတွေကို အတုယူပြီး တခြားယောကျာ်းတွေနဲ့ မျက်နှာချင်းဆိုင် ကိုယ်လုံးတီး ရေစိမ်ရမှာလား?

ဒါမှမဟုတ် သူ့ခင်ပွန်းနဲ့ မျက်နှာချင်းဆိုင်လား?

တခြားယောကျာ်းများနှင့် ကိုယ်လုံးတီးနေရမယ်ဆိုသည့် အတွေးကြောင့် သူ့မျက်နှာက ဖြူဖျော့လာပြီး ရေပူစမ်းအကြောင်း အတွေးများပျောက်ကွယ်သွားကာ မနေ့ညက စိတ်လှုပ်ရှားမှုက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

တခြားယောကျာ်းတွေနဲ့ ကိုယ်လုံးတီးနေခိုင်းတာနဲ့ သူ့ကိုသေခိုင်းတာက ဘာကွာလဲ?

အိမ်ပြန်ပြီး ချင်တီးခတ်ဖို့ နောက်ကျသွားပြီလား?

ထိုပူပန်မှုများနှင့်အတူ စိတ်ရှုပ်နေသော ရှန်းယုဟန်က ရှန်းချီဟွမ်းကိုတောင် ကားပေါ်မှာစကားမပြောခဲ့ပေ။

ကားက လမ်းမပေါ်မောင်းထွက်သွားတာနဲ့ ရှန်ချီဟွမ်းက စားပွဲအသေးလေးကို ဆွဲဖွင့်ကာ ကွန်ပျူတာပေါ်မှာ အလုပ်အကြောင်းဆွေးနွေးနေသည်။ လက်ရှိမှာ သူက ရှန်းယုဟန်၏ မူမမှန်မှုကို သတိမထားမိခဲ့ပေ။ အကြောင်းမှာ သူအလုပ်လုပ်နေစဥ် ရှန်းယုဟန်က တိတ်ဆိတ်နေလေ့ရှိပြီး သူ့ကိုသိပ်မနှောင့်ယှက်လို့ဖြစ်သည်။

ရေပူစမ်း၏အကွာအဝေးက တဖြည်းဖြည်းနီးလာသောအခါ ရှန်းယုဟန်၏ စိုးရိမ်မှုနဲ့ မသက်မသာမှုက ပိုပိုပြီးသိသာလာသည်။

သူဒါကိုစိတ်ပူနေတာ သူ့ခင်ပွန်းသိရင် သူက ခေတ်သစ်လူသားတွေနဲ့ ကွဲပြားနေတာကို ထုတ်ဖော်လိုက်သလို ဖြစ်နေမလား၊ သူသာ တခြားယောကျာ်းတွေနဲ့ ရေကူးကန်တစ်ခုထဲမှာ အတူရှိရရင် အဲ့ဒါကို ရှောင်ရှားဖို့ ဘယ်လိုဆင်ခြေပေးရမလဲ?

ရေပူစမ်းသည် နှစ်နာရီထက်ပိုဝေးသော ကျန်းချန်က တောင်တန်းတစ်ခုပေါ်တွင် တည်ရှိသည်။ ရှန်းယုဟန်က လမ်းတစ်လျှောက် အဆောက်အဦးအများအပြားကို တွေ့ရှိခဲ့ရပြီး ထိုသည်မှာ နောက်ထပ်ရှုခင်းတစ်ခုနှင့်တူကာ နေထိုင်သူများ၏ အဝတ်အစားများက သူတိုမြို့နဲ့ သိပ်မကွာခြားပေ။

ဒီကရွာသားတွေဟာ နှစ်စဥ်အစိုးရဆီက အမြတ်ဝေစုရပြီး ဆက်ဆံရေးက မဆိုးတာ​ကြောင့် သူတို့က မြို့ထဲကလူတွေထက် ပိုပျော်စရာကောင်းသည့်ဘဝကို နေထိုင်ရကြောင်း ရှန်းယုဟန်ကို ဦးလေးလီကပြောပြခဲ့သည်။

ဦးလေးလီက ဒေသ၏ထုံးထမ်းဓလေ့အချို့ကို ပြောပြခဲ့ပြီး ရှန်းယုဟန်က စိုးရိမ်မှုမရှိတော့ချေ။ သူက နွားနှင့်သိုးများကို မောင်းနှင်လာသောလူများကို တွေ့ခဲ့ရပြီး တောင်တန်းက မနေ့ညက နှင်းပွင့်များနဲ့ ဖုံးလွှမ်းထားပေမယ့် လမ်းက ကားအသွားအလာကြောင့် ချောမွေ့နေသည်။ ဦးလေးလီက အတွေ့အကြုံရှိသော ဒရိုက်ဘာတစ်ဦးဖြစ်တာကြောင့် လမ်းခရီးက ချောမွေ့နေသည်။

လှပသောရှုခင်းများက လူကိုလန်းဆန်းစေပြီး ရှန်းယုဟန်က ဆွတ်ဆွတ်ဖြူနေသော ဤနှင်းအရောင်ကို သဘောကျသည်။

ရှန်ချီဟွမ်း၏အလုပ်က ပြီးခါနီးနေပြီး ဦးလေးလီက သူတို့ကို ရေပူစမ်းသို့ လုံလုံခြုံခြုံပို့ပေးခဲ့သည်။

ရေပူစမ်းဗီလာက တောင်စောင်းအလယ်မှာတည်ရှိပြီး သူတို့က ဗီလာတစ်ခုကိုသွားကာ ဗီလာအနားက နှင်းများကို ရှင်းလင်းထားသော်လည်း နှင်းရှင်းထားသော ရှုခင်းကို မြင်နေရဆဲဖြစ်ပြီး သစ်ပင်များ၏ အကိုင်းအခက်များမှ ရေခဲတုံးလေးများ ကျဆင်းလာပုံက တကယ်ကိုလှပသည်။

သို့သော် ရှန်းယုဟန်က ချီတိုင်းပြည်မှာနေခဲ့တာကြောင့် အပြင်ရှုခင်းက ဒီနေရာနှင့်တူသဖြင့် သူက မအံ့သြပဲ ရင်ထဲမှာ မှတ်သားနေသည်။

ကားပေါ်ကဆင်းပြီးနောက် သူက ရေပူစမ်းဗီလာက ရှုပ်ထွေးသော အဆောက်အဦးကြီးကို တွေ့လိုက်ရသည်။ သူ့အသွင်အပြင်နဲ့ အပြင်အဆင်က အလွန်လှပပြီး ခေတ်သစ်လူသားတွေက ဘယ်နေရာမှာမဆို အိမ်ဆောက်နိုင်လေသည်။

ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်က ဒီက ပထမဆုံးဧည့်သည်များမဟုတ်ချေ။

သူတို့ဧည့်ခန်းထဲရောက်တော့ ဧည့်ခန်းထဲမှာ စကားပြောနေကြသော လူများရှိနေပြီဖြစ်သည်။

သူတို့က ရှန်ချီဟွမ်းဝင်လာတာကိုတွေ့​တော့ ထိုလူများ၏အသံက တိတ်ဆိတ်သွားခဲ့သည်။

သူတို့က ဒီတစ်ကြိမ်မှာ ရှန်ချီဟွမ်းကို တကယ်တွေ့လိုက်ရတာဖြစ်ပေမယ့် သူ့အနားမှာ အရင်က ဘယ်သူမှမရှိဖူးပေ။ သို့သော် ဒီတစ်​ကြိမ်မှာ သူက ခြုံထည်ပုဝါမှာ မျက်နှာတစ်ဝက်လောက် မြုပ်ထားသည့် လူငယ်လေးတစ်ယောက်ကို ခေါ်လာခဲ့ပြီး မျက်နှာတစ်ဝက်သာမြင်နိုင်သော်လည်း သူ့ရုပ်ရည်က မဆိုးဘူးဆိုတာကို သူတို့၏ ပါးနပ်သော မျက်လုံးများက ပြောနိုင်သည်။

တချို့လူတွေက ရှန်ချီဟွမ်းကိုမိတ်ဆက်ဖို့ လာခဲ့ပြီး ရှန်ချီဟွမ်းက ခေါင်းညိတ်ကာ ခပ်ပြတ်ပြတ်တုံ့ပြန်ခဲ့သည်။ သူက သူတို့နဲ့မရင်းနှီးသလို အဆက်အဆံလည်း သိပ်မရှိတာကြောင့် ရှန်းယုဟန်ကို သူတို့နဲ့မိတ်ဆက်ပေးဖို့ မစီစဥ်ထားပေ။ အကြောင်းမှာ သူကိုယ်တိုင်က သူတို့နာမည်ကို မမှတ်မိတာကြောင့်ဖြစ်သည်။

ကောင်တာမှာစာရင်းသွင်းပြီးနောက် ရှန်ချီဟွမ်းက ရှန်းယုဟန်ကို သီးသန့်အဆောက်အဦးရှိ တည်းခိုခန်းကို တိုက်ရိုက်ခေါ်သွားခဲ့သည်။

လမ်းတစ်လျှောက်သူတွေ့ခဲ့သော ဝန်ထမ်းများက အလုပ်ဝတ်စုံများကို ဝတ်ထားကြပြီး ရှန်းယုဟန်က သူတို့အဝတ်အစားကို သိချင်နေပြီး ရှေးခတ်အဝတ်အစားများကို အလုပ်ဝတ်စုံအဖြစ် သုံးထားခြင်းက တကယ်ကိုစိတ်ဝင်စားစရာကောင်းသည်။

သူတို့နေသော အခန်းကိုရောက်ဖို့ ကော်ရီဒါတစ်ခုကို ဖြတ်လျှောက်သွားဖို့လိုပေမယ့် ယင်းမှာ ပိတ်ထားသောအခန်းဖြစ်၍ လုံးဝမအေးပေ။

ထိုမှသာ ရှန်းယုဟန်က တိတ်တဆိတ် ခြုံပုဝါကိုချွတ်လိုက်ပြီး သူက ထိုလူတွေ သူ့ကိုကြည့်နေသောပုံစံကို မ​ကြိုက်ပေ၊ သူ့က မကောင်းသောရည်ရွယ်ချက်ရှိသူများကို အမြဲခံစားမိခဲ့ပြီး သူတို့မှာ သူနားမလည်နိုင်အောင် ထူးဆန်းသော အမူအရာတချို့လည်း ရှိနေခဲ့သည်။

&&&&&&&&&&&&&&

Chapter 42.2

“ကျွန်တော်ညစ်ပတ်သွားပြီ”

သို့သော် ခေတ်သစ်တည်းခိုခန်းမှာ ပထမဆုံးအကြိမ်နေရခြင်းက အလုံးစုံဆန်းသစ်သော အတွေ့အကြုံတစ်ခုဖြစ်ပြီး သူအရင်က တည်းခိုခန်းမှာနေဖူးသည်။ သူက အခန်းကောင်းမှာနေခဲ့သော်လည််း အစေခံများက အိပ်ရာခင်းနှင့် အိပ်ရာလဲပေးဖို့လိုသည်။ မဟုတ်ရင် အနံ့အသက်ဆိုးများ ရှိနေမည်ဖြစ်သည်။

ရှန်းယုဟန်က သူ့ခင်ပွန်းအလုပ်ခရီးထွက်စဥ်က ဟိုတယ်ကုတင်ကို ဗီဒီယိုထဲမှမြင်ဖူးပြီး သူတို့အားလုံးက ဖြူဖွေးနေသည်။ သူက ထိုအကြောင်းမေးချင်တာ ကြာပြီဖြစ်ပေမယ့် ထိုအချိန်က ဗီဒီယိုခေါ်တာက အဖိုးတန်တာကြောင့် သူက ဘာမှမပြောခဲ့ပေ။

ယခုအခါ သူက သဂြိုလ်ခန်းမနှင့်တူနေသော တည်းခိုခန်းကုတင်ကို ကိုယ်တိုင်ကိုယ်ကျ မြင်ဖူးခဲ့ပြီး သူက မနေနိုင်တော့ပဲ ထပ်တွေးမိသွားသည်။

ရှန်ချီဟွမ်းက ခရီးဆောင်အိတ်ကိုအောက်ချကာ လှည့်ကြည့်လိုက်တော့ ကုတင်ကိုငေးနေပြီး နားမလည်နိုင်သလို မျက်မှောင်ကြုတ်နေသော ရှန်းယုဟန်ကို တွေ့လိုက်ရသည်။

“မင်းကုတင်ကိုဘာလို့ကြည့်နေတာလဲ?”

ရှန်းယုဟန်က နှုတ်ခမ်းဖိကာ သူ့စိတ်ထဲရှိတာ ပြောချလိုက်သည်။ “ယောကျာ်း၊ ဒီကုတင်က သဂြိုလ်ခန်းမနဲ့မတူဘူးလား? ဟိုတယ်တွေက အိပ်ရာခင်းအဖြူရောင် ဘာလို့သုံးတာလဲ?”

ဟိုတယ်များမှာ မကြာခဏနေခဲ့သော ရှန်ချီဟွမ်းက ရှန်းယုဟန်ကိုကြည့်ပြီး​နောက် ကုတင်ကိုပြန်ကြည့်ပြီး ပါးစပ်ပွင့်ကာ ခဏလောက် ပြောစရာစကားမရှိဖြစ်သွားသည်။ “......”

သူက ရှန်းယုဟန်၏စိတ်က ကွဲပြားလွန်း၍ အဆုံးထိ အယူသီးမယ်လို့ မမျှော်လင့်ထားပဲ ထိုစကားကြားတော့ ဒီအဖြူရောင်ကုတင်က သက်တောင့်သက်သာမရှိဖြစ်လာသည်။

သူပိုကြည့်လေ သဂြိုလ်ခန်းမနဲ့တူတာလေ….

ရှန်ချီဟွမ်းက ရွေးချယ်စရာမရှိတော့ပဲ ရှန်းယုဟန်ကို ပြတင်းပေါက်နား ဆွဲခေါ်လိုက်သည်။ “ရှုခင်းကိုအရင်ကြည့်ပြီး စိတ်ထဲကအတွေးတွေကိုရှင်းလိုက်၊ ငါတို့ဒီမှာ နှစ်ညနေရမယ်။” သူတို့ကောင်းကောင်းအိပ်နိုင်ပါဦးမလား?

ဟိုတယ်က နက်ရှိုင်းပြီး ဝေးလံခေါင်းသီသော ​တောင်တန်းများနှင့် သစ်တောများအတွင်းမှာ တည်ရှိပြီး သဂြိုလ်ခန်းမလိုပြင်ဆင်ထားသည်။ သူဘယ်လိုတွေးတွေး သူ့တစ်ကိုယ်လုံးမှာ ကြက်သီးထလာစေသည်။

ရှန်းယုဟန်က ရွေးချယ်စရာမရှိတော့ပဲ ရှန်ချီဟွမ်း၏ ညွှန်ကြားချက်ကိုလိုက်နာကာ ထိုင်ခုံပေါ်မှာထိုင်ပြီး သူ့ကိုမော့ကြည့်လိုက်သည်။ “ဒီအဖြူရောင်အိပ်ရာခင်းတွေက ကံမကောင်းဘူးလို့ ခင်ဗျားတကယ်မထင်ဘူးလား?”

ရှန်ချီဟွမ်းက ထပ်ပြောလိုက်သည်။ “ရှန်းယုဟန်…အယူမသီးနဲ့။” မေးခွန်းက ရေပူစမ်းဗီလာကို ကြောက်စရာကောင်းတယ်လို့ ခံစားရစေသည်။

အာရုံထွေပြားနေသော ရှန်းယုဟန်က ငြင်းလိုက်သည်။ “ဒါပေမယ့် ဒါကအမှန်တရားလေ”

“ဘယ်လိုပဲဖြစ်ဖြစ် မင်းကိုပြောခွင့်မပြုဘူး။” ရှန်ချီဟွမ်းက သူ့ကြောင့်ရူးတော့မလိုပင်၊ သူကတော့ ဘာမှမထိခိုက်သောအပြုအမူနှင့် အဆက်မပြတ်ပြောဆိုနေသည်။

ရှန်းယုဟန်က သူ့ခင်ပွန်းရှေ့မှာ အမြဲတမ်း ပွင့်ပွင့်လင်းလင်း ပြောလေ့ရှိသည်။ “ယောကျာ်း၊ ခင်ဗျားလည်းကြောက်လို့လား?”

ရှန်ချီဟွမ်းက အလေးအနက်ပြောလိုက်သည်။ “ဘာကိုကြောက်ရမှာလဲ၊ ငါက မင်းကို အယူမသီးဖို့ပဲပြောနေတာ။”

“ဟုတ်ပါပြီ” ရှန်းယုဟန်က နာခံစွာခေါင်းညိတ်လိုက်သည်။ သူက မင်္ဂလာပွဲမှာ အဖြူဝတ်သည့် တီဗီဇာတ်လမ်းတွဲများကိုလည်း ကြည့်ဖူးတာ​ကြောင့် ခတ်သစ်က လူနေမှုဘဝကို ညှိယူရမည်။

ပထမဆုံးအကြိမ်အဖြစ် ရှန်ချီဟွမ်းက သူ့ကိုစကားမပြောဖို့ မျှော်လင့်နေပြီး သူက ပါးစပ်ဖွင့်လိုက်စဥ်မှာ အနည်းငယ်ကြောက်နေမိသည်။

ရှန်းယုဟန်က နာခံမှုရှိပြီး အခန်းပတ်ပတ်လည်ကို ကြည့်လိုက်တော့ အခန်းထဲမှာ ရေနွေးငွေ့ဆူပွက်နေသော ရေပူစမ်းကန်တစ်ခုရှိနေသည််။

အခန်းထဲက ရေပူစမ်းမှာ တိုက်ရိုက်စိမ်လိုက်ဖို့ ဖြစ်နိုင်ပါ့မလား?

သူက သူ့ပျော်ရွှင်မှုကို သိသိသာသာမပြရဲပဲ သူ့ခင်ပွန်း သံသယဝင်မှာကြောက်နေသည်။

ထို့အပြင် အခန်းထဲမှာ လက်ဖက်ခြောက်၊ သရေစာများနှင့် ရေခဲသေတ္တာအသေးတစ်လုံးရှိနေပြီး နောက်ဆုံးအကြိမ် ရဲစခန်းမှာ လက်ထောက်ချွီဝယ်လာပေးသော Coke ဘူးကို တွေ့လိုက်ရသည်။

သူက သံဘူးတစ်ဘူးကိုထုတ်ပြီး ရှန်ချီဟွမ်းဆီပြေးသွားသည်။ “ယော်ကျာ်း၊ ဖွင့်ပေးဦး”

အခန်းအပူချိန်က မြင့်ပြီး ဆောင်းရာသီမှာ အအေးသောက်တာက မကောင်းသော်လည်း ဒါက ရှန်းယုဟန်အတွက်သာဖြစ်သည်။

“မဖွင့်ပေးဘူး။” ရှန်ချီဟွမ်းက ဖြေလိုက်သည်။ သူက အမှန်ကိုပြောပြီး ဟန်ဆောင်မနေတော့ပဲ Cokeဘူးကို ရေခဲသေတ္တာထဲပြန်ထည့်လိုက်သည်။ “မင်းသောက်လို့မရဘူး။ အရမ်းအေးတယ်။”

ရှန်းယုဟန်က ခေတ်သစ်လူသားများ၏ အနှစ်သက်ဆုံးဖြစ်သော အရာတစ်ခုမှာ Coke ဖြစ်တာကို သတိရသွားပြီး ရှန်းယုဟန်က အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ဦးဖြစ်တာကြောင့် သောက်လို့ရပေမယ့် သူ့ခင်ပွန်းက မသောက်ခိုင်းတော့ လောလောဆယ်တော့ မသောက်တော့ပေ။ သူ့ခင်ပွန်းအလုပ်သွားမှ အပြင်မှာဝယ်သောက်လိုက်မည်။

“ငါ့နောက်ကွယ်မှာသောက်ဖို့ မကြိုးစားနဲ့၊ မင်းက လက်တွေခြေတွေ ဒီလောက်အေးစက်နေတာတောင် အအေးသောက်ချင်သေးတာလား” ရှန်ချီဟွမ်းက သူ့မျက်လုံးထဲမှာ အလင်းတန်းတစ်ခု ဖြတ်ပြေးသွားတာကို တွေ့လိုက်ရပြီး သူ့စိတ်ထဲမှာ တစ်ခုခုတွေးနေတာကို သူသိလိုက်သည်။ သူ့မျက်လုံးများက လောဘနှင့်ပြည့်နေသည်။

ရှန်းယုဟန်​က Cokeဘူး သိမ်းထားသော ရေခဲသေတ္တာကိုကြည့်ကာ နှ​မြောတသ​ပြောလိုက်သည်။ “အို၊ ဒါဆိုလည်း မသောက်တော့ပါဘူး။”

ရှန်ချီဟွမ်းက သူ့ကိုဘာမှမလုပ်နိုင်တော့သဖြင့် ဖုန်းက နာရီကိုကြည့်ကာ ပြောလိုက်သည်။ “သွားရအောင်၊ နေ့လည်စာအရင်သွားစားမယ်၊ ပြီးရင် ရေပူစိမ်းသွားစိမ်လို့ရပြီ။”

ရှန်းယုဟန်က သူ့ခင်ပွန်း၏အတွေးကို နားထောင်ကာ သူ့စကားကိုတုပပြောလိုက်သည်။ “​ယောကျာ်း၊ ကျွန်တော်အအေးကြောက်လို့ အခန်းထဲမှာပဲ စိတ်လိုက်မယ်။”

ရှန်ချီဟွမ်းက ခေါင်းညိတ်လိုက်ပြီး သူက သူစိမ်းတွေကြားမှာ ရှက်ရွံ့နေတယ်လို့တွေးပြီး မှားနေတယ်လို့ မခံစားခဲ့ရပေ။

ရှန်းယုဟန်က တိတ်တဆိတ်ဝမ်းသာနေသည်၊ ကံကောင်းလို့ သူ့ခင်ပွန်းအများကြီးမတွေးလို့ပေါ့။

သူတို့နှစ်ယောက်ထွက်သွားတာနဲ့ ရှန်ချီဟွမ်းက လျှိုထန်ဆီက ဖုန်းတစ်ကောလ် ရခဲ့ပြီး တစ်ဖက်လူက သူဗီလာမှာရောက်နေ၍ သူ့ကိုအပြင်ထွက်ပြီး နေ့လည်စာအတူစားဖို့ ပြောနေသည်။

မူလက နှစ်ယောက်ကမ္ဘာတည်ချင်ပေမယ့် သူက ဒီတစ်​ကြိမ်မှာမငြင်းနိုင်တော့ချေ။

“ငါတို့ကိုဖိတ်ခဲ့တဲ့သူငယ်ချင်းက ဒီရောက်နေတယ်၊ သူနဲ့နေ့လည်စာစားကြမလား?”

“အင်း၊ ယောကျာ်းမှာ သူငယ်ချင်းအများကြီးရှိတာပဲ”

“မဆိုးပါဘူး။” ရှန်ချီဟွမ်းကပြောလိုက်သည်။ “တကယ်ရင်းနှီးတဲ့ သူငယ်ချင်းတော့ သိပ်မရှိဘူး။”

“နားလည်ပေးလို့ရပါတယ်။ ကျွန်တော့်မှာလည်း အရင်က သူငယ်ချင်းအများကြီးမရှိဘူး။” ရှန်းယုဟန်က သူစကားပြောနိုင်သော သူငယ်ချင်းနှစ်ဦးသာရှိခဲ့ပြီး တခြားသူများကို သူ့ကိုရည်ရွယ်ချက်ရှိရှိ ချဥ်းကပ်ခဲ့ကြတာ​ဖြစ်သည်။ သူတို့က သူ့အစ်ကိုသုံးယောက်ကို လက်ထပ်ချင်လို့ ဒါမှမဟုတ် သူတို့အစ်ကိုတွေနဲ့ သူ့ကို အောင်သွယ်ပေးဖို့ စသဖြင့် ရည်ရွယ်ချက်က မသန့်ရှင်းတော့ သူက သူငယ်ချင်းအသစ်မရချင်ခဲ့သဖြင့် သူငယ်ချင်းနှစ်ယောက်တည်းရှိတာက လုံလောက်ခဲ့သည်။

အတိတ်က ရှန်းယုဟန်၏သူငယ်ချင်းများနဲ့ ပတ်သတ်ပြီး ရှန်ချီဟွမ်းက ဘာပြောရမှန်းမသိပေ။

“အနာဂတ်မှာ သူငယ်ချင်းအများကြီးဖွဲ့ပါ။” သူက သူ့ကို ဒီနည်းနဲ့သာ နှစ်သိမ့်နိုင်သည်။

“အွန်း..အွန်း” အဲ့လိုလုပ်ဖို့လိုသည်။ သူက ခေတ်သစ်မှာ စကားပြောစရာ သူငယ်ချင်းတစ်ယောက်မှ မရှိသေးပေ။

သူတို့နှစ်ယောက်က စားသောက်ဆိုင်ကို ရောက်တော့ ရှန်ချီဟွမ်းက ရုတ်တရက် ဗိုက်အောင့်လာပြီး သန့်စင်ခန်းကိုသွားချင်သဖြင့် သူက ရှန်းယုဟန်ကို ခဏစောင့်ဖို့ပြောခဲ့သည်။

ရှန်းယုဟန်က ဧည့်ခန်းရှိဆိုဖာပေါ်တွင်ထိုင်ကာ သူ့ကိုစောင့်နေသည်။

သူထိုင်လိုက်တာနဲ့ သူတို့ ဗီလာကိုဝင်လာတုန်းက တွေ့ခဲ့ရသည့် ဧည့်ခန်းဆိုဖာပေါ်က လူတွေကို တွေ့လိုက်ရသည်။

စုစုပေါင်းငါးဦးရှိပြီး အမျိုးသားသုံးယောက်နှင့် အမျိုးသမီးနှစ်ယောက်ဖြစ်သည်။

မိန်းကလေးထဲက တစ်ယောက်က သူမဘေးက လူငယ်ကိုပြောလိုက်သည်။ “အဲဒါက ဥက္ကဋ္ဌရှန်ခေါ်လာတဲ့ ကောင်လေးမလား? ဘာလို့တစ်ယောက်တည်းထိုင်နေတာလဲ? သနားစရာပဲ၊ ငါတို့နဲ့ကစားဖို့ ခေါ်လိုက်ရမလား?”

လူငယ်က ရယ်မောကာပြောလိုက်သည်။ “ဥက္ကဋ္ဌရှန် စိတ်ဆိုးသွားမှာ မကြောက်ဘူးလား”

မိန်းကလေးကပြောသည်။ “ဥက္ကဋ္ဌရှန်က ဘယ်သူ့အတွက်မှ ခံစားချက်မရှိဘူးလို့ပြောကြတယ်။ ဒီကောင်လေးကလည်း အချစ်စစ်မဖြစ်နိုင်ဘူး၊ သူက ကလပ်ဟောက်စ်ကလာတာ ဖြစ်နိုင်မလား၊ အဲ့ဒီမှာအရင်က ထိပ်တန်းကျောင်းသားရှိတယ်မလား? သူက သူနဲ့တူတယ်။”

လူငယ်: “အဲ့ကိုသွားမေးကြည့်မလား”

အများစုက သဘောတူပြသည်၊ မေးခွန်းတစ်ခုပဲမဟုတ်လား..

ရှန်းယုဟန်က သူ့ဖုန်းကိုထုတ်ကာ ခေတ်သစ်လူသားတွေ ရေပူစမ်းဘယ်လိုစိမ်လဲ သိချင်နေသည်။ သူက ဝဘ်ဆိုက် (website) ကိုမဖွင့်နိုင်မှာ မနီးမဝေးမှလူတွေ သူ့ဆီလျှောက်လာတာကို တွေ့လိုက်ရပြီး သူ့ဘေးကဆိုဖာမှာ လာထိုင်ကြသည်။

ရှန်းယုဟန်သည် တခြားသူများက အကြောင်းမရှိ သူ့ကိုချဥ်းကပ်လာတာကို မကြိုက်ပေမယ့် သူက ဘာမှမပြောနိုင်ပေ။

အမျိုးသားထဲက တစ်ယောက်က လက်သီးတစ်ဆုပ်စာသာဝေးသော သူ့ဘေးမှာထိုင်လိုက်သည်။

ရှန်းယုဟန်က ထိတ်လန့်ကာ မတ်တပ်ထရပ်လိုက်ပြီး သူက သူတို့ကို အာရုံမစိုက်ချင်ပေ။

သို့သော် ထိုလူတွေက ပါးစပ်ဖွင့်လာသည်။

အညိုရောင်ဆံပင်ကောက်ရှိသော ယောကျာ်းတစ်ယောက်က သူ့လေ​ဖောင်းဂျာကင်ထောင့်ကို ရုတ်တရက်ဆွဲကာ ပရော်ပရည်လုပ်လာသည်။ “ဟေး၊ ကောင်ချောလေး၊ အလျင်မလိုပါနဲ့၊ ဥက္ကဋ္ဌလျန်က ဘာကြိုက်လဲပြောပြပေး၊ သူက မင်းအပေါ်ကောင်းလား? သူတကယ်ကောင်းလား မကောင်းဘူးလား? ကလပ်ထဲမှာ မင်းလိုအလှလေးတွေ ရှိသေးရင် ငါနဲ့မိတ်ဆက်ပေးပါ။”

ရှန်းယုဟန်၏မျက်နှာက တင်းမာသွားသည်၊ ဒီဆန်ကုန်မြေလေးတွေက သူ့ကိုလာစနေတာပဲ အရှက်မရှိလိုက်တာ!

သူက လှည့်ပတ်ကြည့်လိုက်ပေမယ့် တခြားဘယ်သူ့ကိုမှမတွေ့တော့ အနည်းငယ်ကြောက်နေခဲ့ပြီး နေရခက်နေသည်။ သူ့အဝတ်အစားထောင့်ကို သူစိမ်းတစ်ယောက်က ဆွဲထားတယ်!

သို့သော် ထိုအချိန်မှာ သူက တည်ငြိမ်ချင်ယောင်ဆောင်လိုက်သည်။ “လွှတ်ပါ၊ ငါမင်းတို့ကိုမသိဘူး။”

ဆံပင်အညိုရောင်ရှိသော အမျိုးသားက အဝါရောင်သွားများကို ဖြဲပြကာ ပြောလိုက်သည်။ “ခဏထိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် သိအောင်လုပ်ကြမယ်၊ ငါတို့က မင်းနဲ့သူငယ်ချင်းဖြစ်ချင်ရုံပါ။”

ရှန်းယုဟန်က အော်ဂလီဆန်နေသည်။ “ငါမင်းတို့နဲ့ သူငယ်ချင်းမဖြစ်ချင်ဘူး”

ရှန်းယုဟန်၏ ဂျာကင်ကိုဆွဲထားသော အမျိုးသားက သူ့ကံကိုစွန့်စားကာ ရှန်းယုဟန်၏လက်ကိုကိုင်ဖို့ ကြိုးစားနေပြီး ကံကောင်းစွာပင် ရှန်းယုဟန်က အမြန်နောက်ဆုတ်ပြီး ရှောင်တိမ်းလိုက်သည်။

“သိက္ခာရှိရှိပြုမူပါ!” ရှန်းယုဟန်က ဒေါသထွက်သွားသည်။ ဒီလူတွေက နေ့ခင်းကြောင်တောင် ဘာလုပ်ချင်တာလဲ?

ဆံပင်အညိုရောင်အမျိုးသားက ထပ်ပြောလိုက်သည်။ “တကယ်ကို သူငယ်ချင်းဖြစ်ချင်ရုံပါ၊ မင်းဆေးလိပ်သောက်ပြီး နတ်သားတစ်ပါးလို ပျော်ချင်လား?”

ရှန်းယုဟန်၏ မျက်လုံးများက အနည်းငယ် နက်မှောင်သွားသည်။ “ကျေးဇူးပြုပြီး သွားကြပါတော့။”

အညိုရောင်ဆံပင်အမျိုးသားက လှောင်ပြောင်လိုက်သည်။ “သူက ကလပ်ဟောက်စ်ကမဟုတ်ဘူးလား၊ ယောကျာ်းတစ်ယောက်နဲ့အိပ်ပြီး မြင့်မြတ်သလိုလုပ်နေတယ်။ ကောင်ချောလေး၊ အကိုဖူကို မျက်နှာသာမပေးဘူးလား? အရမ်းရှက်စရာကောင်းတာပဲ၊ ငါနဲ့လိုက်ခဲ့ပါလား၊ မင်းတစ်ဘဝလုံးကောင်းစားဖို့ အာမခံပေးနိုင်ပါတယ်။”

ရှန်းယုဟန်၏ မျက်လုံးများက ထိုလူ၏အရှက်မဲ့သောစကားများကြောင့် နီရဲလာသည်။ ရွံစရာကောင်းလိုက်တာ!

ထိုအချိန်မှာ လူတစ်စုက သူ့ရှေ့ရောက်လာပြီး ရှန်းယုဟန်က သူတို့နဲ့အတူ သူ့ခင်ပွန်းပါလာတာကို တွေ့လိုက်ရသည်။ သူ့မျက်လုံးများက နီရဲနေပြီး သူက သူ့ဂျာကင်ကိုဆွဲထားသော အညိုရောင်ဆံပင်ရှိသည့် လူ၏လက်မှ အားနဲ့ရုန်းထွက်လိုက်ပြီး သူ့ခင်ပွန်းဆီပြေးသွားခဲ့သည်။ “ယောကျာ်း!”

ရှန်ချီဟွမ်းက ရှန်းယုဟန်အပေါ် အမှားလုပ်တာကို လုံးဝသည်းမခံနိုင်ပေ၊ သူရောက်လာတော့ ဒီလူတွေ ပါးစပ်ဖွင့်ပြီး သူ့ဇနီးကိုအရှက်ခွဲဖို့ ညစ်ညမ်းသော စကားလုံးများပြောနေတာကို ကြားလိုက်ရပြီး ရှန်းယုဟန်တင် ဒေါသထွက်နေတာမဟုတ်ပဲ သူကလည်း ဒေါသထွက်နေခဲ့သည်။ သူက ရှန်းယုဟန်ကို ဖမ်းပြီးနောက် သူ့နောက်ကျောကို ပုတ်ကာနှစ်သိမ့်ပေးလိုက်သည်။ ထို့နောက် အမြန်ရှေ့တိုးကာ အညိုရောင်ဆံပင်နဲ့လူ၏ ဗိုက်ကိုကန်ပစ်လိုက်သည်။

“ဘယ်လိုခွေးစကားပြောပြီီး..ငါ့ဇနီးကိုထိရဲတာလဲ!!”

အညိုရောင်ဆံပင်အမျိုးသားက မြေပြင်ပေါ် တွန်းချခံလိုက်ရပြီး တခြားလူများစွာက မမျှော်လင့်ထားသော ကန်ချက်ကြောင့် ထိတ်လန့်သွားကာ ဖြူဖျော့သွားပြီး အညိုရောင်ဆံပင်ရှိသောလူကို မကူညီရဲကြပေ။

ရှန်ချီဟွမ်းနှင့် ယခုလေးတင်တွေ့ခဲ့ပြီး အတူလိုက်လာသော လျှိုထန်နဲ့ တခြားသူငယ်ချင်းနှစ်​ယောက်က ရုတ်တရက် လန့်ဖျပ်သွားခဲ့သည်။

ရှန်ချီဟွမ်းက လူတစ်ယောက်အတွက် ဒီလောက်ဒေါသထွက်တာ သူတို့ဘယ်တုန်းကမြင်ဖူးလို့လဲ!

လူငယ်ထဲကတစ်ယောက်က အလွန်ကြောက်လန့်နေသည်။ “ဥက္ကဋ္ဌရှန်၊ ကျွန်တော်တို့ တမင်လုပ်တာမဟုတ်ပါဘူး…”

ရှန်ချီဟွမ်းကို လျှိုထန်က ဖိတ်ခဲ့တာဖြစ်ပြီး သူက သူ့သူငယ်ချင်းကောင်းလည်းဖြစ်သည်။ ဒါကြောင့် သဘာဝဆန်စွာ လျှိုထန်က သူငယ်ချင်းဘက်က ရပ်တည်ပေးပြီး အနည်းငယ်အရှက်ရနေခဲ့သည်။ ဒါတွေကဘာတွေလဲ…. “မင်းတို့ကိုဘယ်သူအထဲဝင်ခွင့်ပေးခဲ့တာလဲ၊ ဗီလာကနေချက်ချင်းထွက်သွား၊ ​ပြီး​တော့ မင်းတို့ကို ဒီမှာ ထပ်မမြင်ရစေနဲ့!”

“လျှို၊ ဥက္ကဋ္ဌလျှို!”

လျှိုထန်ကလည်း ခွေးမသားကို ထပ်ကန်လိုက်သည်။ “ထွက်သွား”

ထိုမှသာ ဒီလူတွေက ပျားအုံကို တုတ်နဲ့ထိုးမိမှန်းသိသွားခဲ့ပြီး ဒီနေရာကို ခေါ်ခံလာရသူများက ဧည့်သည်များကို ဧည့်ခံနေသောလူကို တကယ်တွေ့လိုက်ရပြီး ဒီထက်ဆိုးတာဘာမှမရှိတော့ပေ။

လူငါးယောက်က စိတ်ပျက်အားငယ်စွာ လူးလိမ့်ထွက်သွားကြပေမယ့် ရှန်းယုဟန်က မသက်မသာဖြစ်နေပြီး သူက ရှန်ချီဟွမ်း၏ ကုတ်အင်္ကျီကို ကိုင်ကာ သူ့လက်မောင်းထဲမှာ အသက်ရှူမဝအောင် ငိုနေသည်။ သူက အလွန်ဝမ်းနည်းစွာ ပြောလိုက်သည်။ “ယောကျာ်း၊ ကျွန်တော်…ကျွန်တော်ညစ်ပတ်သွားပြီ…..”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment