no

Font
Theme

Chapter 67.1

“သူ့ပုံကိုဆွဲခြင်း”

အမူးသမားရှန်းယုဟန်ကို ရှန်ချီဟွမ်းက ဘေးကင်းကင်း အိမ်ပြန်ပို့ဆောင်ခဲ့ပြီး သူကားပေါ်ကဆင်းလာချိန်မှာ အရက်နံ့က မပျောက်သေးပဲ သူက မူးနေသောအခြအနေအတိုင်း ရှန်ချီဟွမ်းကို မှီလိုက်သည်။

ပုံမှန်ဆို အပြုအမူအလွန်ကောင်းသည့် လူတစ်ယောက်က မူးနေတဲ့အချိန်မှာ အလှည့်အ​​ပြောင်းအနေနဲ့ ဘာလို့ သီလမရှိရတော့တာလဲ။ ရှန်ချီဟွမ်းက သူ့ကို လက်မောင်းထဲမှာ မထိန်းထားနိုင်တော့သဖြင့် အိမ်ထဲပြန်သယ်သွားပြီး ဆိုဖာပေါ်မှာ ညင်ညင်သာသာတင်လိုက်သည်။

အသယ်ခံလာရသော ရှန်းယုဟန်က ကောင်းကင်နဲ့မြေကြီး ကျွမ်းပြန်နေသလိုခံစားနေရပြီး ခဏလောက် တိတ်ဆိတ်နေခဲ့သည်။

ထိုအချိန်တွင် သူက မတ်မတ်ထိုင်နေပြီး သူ့လက်များကို ဒူးပေါ်တင်ကာ ကျောကိုတည့်မတ်ထားသည်။ သူ့မျက်လုံးများက ရှန်ချီဟွမ်းကို စိုက်ကြည့်နေပြီး ယိမ်းထိုးနေသော သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင်လုပ်ဖို့ ကြိုးစားနေသည်။ သောက်ထားလို့ သူ့နှုတ်ခမ်းက ဆိုးဆေးတင်ထားသလိုဖြစ်ကာ သူ့မျက်နှာက ပန်းရောင်သန်းနေသည်။ သူက သူ့ဆံပင်ကိုထိလိုက်ပြီး တွဲလောင်းကျနေသော တစ်မျှင်ချင်းစီကို စုစည်းလိုက်၏။ သောက်ပြီး မူးနေတာကို သူသိခဲ့ရင် အရင်ကအရက်သောက်ခဲ့တာနဲ့ မတူတာကို သူတွေ့ရပေမည်။

ရှန်ချီဟွမ်းက သူ့ကိုမေးလိုက်၏။ “ရှန်းယုဟန်၊ မင်းရေချိုးမလား၊ အိပ်ရာတန်းဝင်တော့မလား?”

ရှန်းယုဟန်က သူ့ကိုကြည့်ကာ တင်းမာသောမျက်နှာဖြင့် ရှုတ်ချလိုက်၏။ “မော့ကျူး၊ မင်းကိုရက်အတော်ကြာမတွေ့ရတာနဲ့ ဘယ်လိုတောင် အရိုအသေမဲ့နေရတာလဲ၊ မင်းငါ့ကို ကုန်းဇီ*လို့ခေါ်၊ မင်းက ကုန်းဇီကို နာမည်တပ်ခေါ်ရဲတယ်ပေါ့၊ အမေသာကြားသွားရင် သခင်ကိုမလေးစားတဲ့အတွက် သူမက မင်းကိုအပြစ်ပေးမှာပဲ။ အနည်းဆုံးတော့ မင်းဆယ်ချက်အရိုက်ခံရလိမ့်မယ်!”

(*** ဒီမှာတော့ မြို့စားရဲ့သားကိုခေါ်တဲ့ ဂုဏ်ပုဒ်နာမည်ပါ။)

ရှန်ချီဟွမ်းက ရှေးခတ်ဇာတ်လမ်းတွဲမှ စာသားကိုရွတ်နေသော ရှန်းယုဟန်၏စကားကို အလေးအနက်နားထောင်နေပြီး စိတ်ဆိုးသော်လည်း ရယ်မောမိသည်။ ရယ်စရာကောင်းတာက ရှေးခတ်က အရှိန်အဝါကြီးသော လူချမ်းသာမိသားစုမှ မိန်းကလေးက အစေခံကိုဆုံးမနေတာနဲ့တူပြီး သူ့ကိုစိတ်ဆိုးစေတာက မော့ကျူးဆိုသည့်နာမည်ကို တတိယအကြိမ်ကြားလိုက်ရလို့ဖြစ်၏။ သူ အပြီးတိုင်မေ့ပြီးကာမှ ရုပ်တရက်ထပ်ကြားလိုက်ရပြီး အခုတော့ သူက သိချင်နေမိသည်။ ဒီလူကဘယ်သူလဲ?

ရှန်းယုဟန်၏မိသားစုက ရှန်မိသားစုလို သိပ်အဆင်မပြေပဲ သူတို့က လူလတ်တန်းစားမိသားစုသာဖြစ်ပြီး ဒရိုက်ဘာနှင့် ကလေးထိန်းရှိသည့် အဆင့်သို့မရောက်ပဲ အရာအားလုံးကို သူကိုယ်တိုင်သာလုပ်ရသည်။ နာနီမဖြစ်နိုင်သလို ကစားဖော်လည်းမဖြစ်နိုင်ဘူး။ ဒါဆို အိမ်မွေးတိရစ္ဆာန်တွေပဲရှိတော့တယ်။ သူတစ်ယောက်တည်းရှိတဲ့အချိန် အိမ်မှာ အိမ်မွေးတိရစ္ဆာန်နဲ့ကစားတာ ဖြစ်နိုင်ပါ့မလား?

သူတို့လက်ထပ်သောနေ့မှာ အိပ်ပျော်နေစဥ် ​မော့ကျူးကိုယောင်ခဲ့သည်။ ခွေးတွေကြောင်တွေက သူတို့သခင်အိပ်နေတဲ့အချိန် သခင်၏မျက်နှာကို လျက်လေ့ရှိသည်။ ထိုအကြောင်းကိုစဥ်းစားမိတော့ သူ့ထင်မြင်ချက်က သင့်လျော်တယ်လို့ ခံစားမိပြီး ရှန်ချီဟွမ်းက စိတ်သက်သာရာရသွားသည်။

ရှန်ချီဟွမ်းက သူ့ရှေ့မှာ ဆောင့်ကြောင့်ထိုင်ပြီး တမင်တကာမေးလိုက်သည်။ “ဒါဆို ငါမင်းကို ရှန်းယုဟန်လို့ပဲ ခေါ်ချင်ရင်ရော?”

ရှန်းယုဟန်က ယောင်ဝါးဝါးပြောလိုက်သည်။ “ဒါဆို ငါမင်းကို တံခါးစောင့်ရဲ့သားအတွက် ကိုယ်လုပ်တော်အဖြစ် ပေးလိုက်မယ်။ သူ့သားက ယာမန်မှာ ခရီးသွားအဖြစ် အလုပ်လုပ်တာ။ ကြိမ်ဒဏ်ပေးတဲ့နေရာမှာ အတော်ဆုံးပဲ။ သူ့သားက မူးလာရင် သူ့ချွေးမကိုရိုက်တယ်လို့ ကြားဖူးတယ်။ မင်းငါ့ကို ကုန်းဇီလို့သေချာမခေါ်ရင် ငါမင်းကိုလက်ထပ်ပေးလိုက်မှာ။”

ရှန်ချီဟွမ်းက အစေခံမိန်းကလေးကို ပေါ်တင်လက်ထပ်ပေးဖို့ စီစဥ်နေသော ရှန်းယုဟန်၏စကားကိုကြားတော့ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

သူက ရှန်းယုဟန်ကို တမင်တကာစလိုက်သည်။ “ဒါဆို ကုန်းဇီက လက်ထပ်ပြီးပြီလား?”

ရှန်းယုဟန်က သက်ပြင်းချကာ သူ့ကိုကြည့်လိုက်သည်။ “မင်းမရှက်ဘူးလား၊ မင်းက အနာကို ဘာလို့လာဆွတာလဲ၊ မသိရင် မင်းရဲ့ကုန်းဇီက အိမ်ထောင်ပြုဖို့ ကိုယ်တိုင်ဆုံးဖြတ်လို့ရသလိုပဲ….” သူက ထိုအ​ကြောင်းပြောတော့ ခဏရပ်ကာ သက်ပြင်းချလိုက်ပြန်သည်။ “အလိုလေး၊ ငါက ချူတိုင်းပြည်ဘုရင်နဲ့ ရက်အနည်းငယ်မှာ လက်ထပ်ရတော့မှာပဲ” ပြောပြီးသည်နှင့် ရှန်းယုဟန်၏ မျက်လုံးများက နီရဲလာသည်။

ရှန်ချီဟွမ်းက အနာဆိုသည့်အချက်ကိုစီစစ်နေသည်။ ချူတိုင်းပြည်ရဲ့ဘုရင်ကို လက်ထပ်ရမယ်လို့ ပြောတဲ့အချိန် ဘယ်အနာကိုထိသွားတာလဲ… သူက ချူတိုင်းပြည်ရဲ့ ဘုရင်တော့ မဖြစ်နိုင်ဘူးမလား? သူ့ကို အိမ်ထောင်ပြုဖို့ လျာထားတာလား? သူ့ကိုလက်ထပ်တာအကျိုးမရှိလို့လား?

ရှန်ချီဟွမ်းက မကြုံစဖူး စိတ်ရှည်နေသည်။ “ကုန်းဇီ၊ ချုတိုင်းပြည်ရဲ့ ဘုရင်က ဘယ်လိုပုံစံလဲ?”

ရှန်းယုဟန်က သူ့မျက်လုံး​ထောင့်မှ မျက်ရည်ကိုသုတ်ဖို့ လက်မြှောက်လိုက်၏။ “ချူတိုင်းပြည်ရဲ့ဘုရင်က အသက်ခုနှစ်ဆယ်အရွယ် ရုပ်ဆိုးတယ်လို့ ကြားဖူးတယ်။ သူက ရက်စက်ပြီးတော့ အလှလေးသုံး​​ထောင်ပြည့်နေတဲ့ အနောက်ဆောင်လည်းရှိတယ်။ ငါသူ့ကိုလက်ထပ်ရင် ငါလည်း သူတို့ထဲကတစ်ယောက်ဖြစ်လာမှာပဲ။ ပြီးတော့ အေးစက်တဲ့နန်းတော်မှာ အသက်ကြီးပြီး သေသွားတာလည်း ဖြစ်နိုင်တယ်။”

ရှန်ချီဟွမ်းက သက်ပြင်းချကာ အသက်ခုနှစ်ဆယ်အရွယ်က သူတော့မဖြစ်နိုင်ပေ။ ဒါပေမယ့် သူ့ဇနီးက ပြဇာတ်ထဲ ဘာလို့အဲ့လောက်နစ်ဝင်နေတာလဲ… မျက်ရည်က အတုလား အစစ်လား?

“ချူတိုင်းပြည်ရဲ့ဘုရင်နဲ့ ဘယ်တော့လက်ထပ်မှာလဲ?”

ရှန်းယုဟန်က ရုတ်တရက်ငိုတာရပ်ပြီး ရှန်ချီဟွမ်းကို စိုက်ကြည့်နေသည်။

အာဟုတ်တယ်၊ သူမြို့တော်ကထွက်လာတော့ ဓားမြတွေနဲ့တွေ့ခဲ့တယ်။ ပြီးတော့ သူလက်ထပ်လိုက်ရပေမယ့် အိမ်ပြန်လို့မရတော့ဘူး!

ရှန်းယုဟန်က ငါးစက္ကန့်လောက်ရပ်လိုက်ပြီး မျက်ရည်ဆက်တိုက်ကျဆင်းလျက် သည်းထန်စွာ ငိုကြွေးခဲ့သည်။ “ဟင့်၊ ဟင့်၊ ဟင့်… ကျွန်တော်အိမ်ပြန်ချင်တယ်!”

ထိုမှသာ ရှန်ချီဟွမ်းက သူအိမ်ကိုလွမ်းနေမှန်းသိသွားသဖြင့် သူ့ကိုမရှုပ်တော့ပဲ ဆိုဖာပေါ်မှာထိုင်ကာ လက်မောင်းထဲဆွဲသွင်းလိုက်သည်။

သူက အသာအယာချော့လိုက်၏။ “မင်းအိမ်က ဒီမှာလေ၊ ဒါကမင်းရဲ့အိမ်ပဲ၊ တခြားဘယ်နေရာကို ပြန်ချင်လို့လဲ?”

ရှန်းယုဟန်က ရှန်ချွီဟွမ်းကို ပြန်ဖက်ကာ ပြောလိုက်သည်။ “ဒါပေမယ့် ကျွန်တော်ပြန်လို့မရတော့ဘူး။ ကျွန်တော့်အဖေ၊အမေနဲ့ အစ်ကိုတွေကိုလည်း တွေ့လို့မရတော့ဘူး… ဟင့်..ဟင့်…ဟင်… ကျွန်တော့်ခင်ပွန်းကလည်း ကျွန်တော်တတိယအစ်ကိုကို လက်ဖက်ရည်သောက်ဖို့ ဖိတ်ခွင့်မပြုဘူး။”

ရှန်ချီဟွမ်းက သူ့နောက်ကျောကို အသာအယာပုတ်ပေးလိုက်သည်။ “ဘယ်အချိန်က ဖိတ်ခွင့်မပြုလို့လဲ….ဘယ်တတိယအစ်ကိုလဲ?”

ရှန်းယုဟန်၏စကားများက မူးလို့​ပြောနေတာဖြစ်သော်လည်း သူ့အတွေးကရှင်းပြီး သူက ဆွေမျိုးများကို ဖော်ပြသောအသုံးအနှုန်းက တိကျသည်။ “တတိယအစ်ကိုက တတိယအစ်ကိုပေါ့၊ ကျွန်တော့်တတိယအစ်ကို၊ ခင်ဗျားရဲ့တတိယယောက်ဖ၊ အရှင်ခင်ပွန်း…ခင်ဗျားကအရမ်းတုံးတာပဲ၊ ခင်ဗျားအရိုက်ခံသင့်တယ်!”

“ဟုတ်ပါပြီ ဟုတ်ပါပြီ၊ ကိုယ်ကတုံးပါတယ်။ ကိုယ့်ရဲ့ကုန်းဇီလေးက အရမ်းထက်မြက်တယ်၊ ဒါပေမယ့် အခုအိပ်ဖို့အချိန်ကျပြီ” ရှန်ချီဟွမ်းက ရင်ထဲမှာပြောလိုက်သည်။ အခုတော့ သူ့ယောကျာ်းကို မှတ်မိသွားပြီပေါ့၊ အခုလေးတင် သူ့ကိုခေါ်တိုင်း မော့ကျူးလို့သုံးပြီး မိသားစုရဲ့အိမ်မွေးတိရစ္ဆာန်လို ဆက်ဆံခဲ့တာလေ။

“ဟုတ်တယ်၊ အနားယူဖို့အချိန်ကျပြီ မဟုတ်ရင် ချီတိုင်းပြည်ရဲ့ နံပါတ်တစ်ကော ရာထူးကိုထိန်းထားနိုင်မှာ မဟုတ်တော့ဘူး။”

ရှန်ချီဟွမ်းက သူပြောနေတာကိုနားမလည်ပေ။ ဘာကောလဲ…ဘာချီတိုင်းပြည်လဲ… သူသမိုင်းဇာတ်လမ်းတွဲတွေ အများကြီးကြည့်နေတာလား တွေးနေမိသည်။ သူ့စိတ်က ရှုပ်ထွေးနေပေမယ့် သူ သေချာသရုပ်ဆောင်နေပုံက ချစ်ဖို့ကောင်းလွန်းသည်။

ရှန်းယုဟန်က ငိုပြီးပင်ပန်းသွားကာ ရှန်ချီဟွမ်း၏ ရင်ခွင်ထဲမှာ အိပ်ပျော်သွားပြီး နေ့တစ်ဝက်ဒုက္ခခံပြီးနောက် သူပင်ပန်းနေရုံမကပဲ ရှန်ချီဟွမ်းကလည်း ပင်ပန်းသွားခဲ့သည်။

ရှန်ချီဟွမ်းက ရှန်းယုဟန်ကို ဧည့်ခန်းထဲမှာ ပစ်မချခဲ့ပဲ သူ့ကိုမတ်မတ်ရပ်နိုင်အောင် ထိန်းပေးပြီး အလျားလိုက်ပွေ့ချီလိုက်တော့ အတော်လေးပေါ့နေသည်။ သူဒီအတောအတွင်း ဘာမှမစားခဲ့ဘူးလား?

သူက ပြန်စဥ်းစားကြည့်တော့ သူတို့နှစ်ယောက် လတ်တလော ညစာအတူမစားဖြစ်ကြပဲ ထိုသည်မှာ သူ၏ပေါ့ဆမှုသာဖြစ်သည်။

ရှန်းယုဟန်ခေါ်ခဲ့သော တတိယအစ်ကိုကတော့ သူမနက်ဖြန် ရှင်းရှင်းလင်းလင်း မေးရမည်။ ရှန်းယုဟန်က သူ့ကိုအကိုလို့ တစ်ခါမှမခေါ်ဖူးလို့ သူ့ရင်ထဲမှာချဥ်စူးနေသည်။

နောက်တစ်နေ့တွင်။

ရှန်းယုဟန်​က သူ၏သက်မဲ့ယန္တရားစနစ်**ကြောင့် နိုးလာပြီး သူက မနေ့ကအတွင်းခံကို ဝတ်ထားဆဲဖြစ်ကာ စောင်ထဲမှာ ပြင်းထန်သောအရက်နံ့ရှိနေပြီး အိပ်ရာပေါ်ပြန်လဲကျလုမတတ် အရမ်းနံသည်။

(Alarm မလိုပဲ အလိုအလျောက်နိုးလာတဲ့အကျင့်ကို ပြောတာပါ)

သူမနေ့ညက ဒီတိုင်းအိပ်ပျော်သွားခဲ့တယ်!

သူအိမ်ဘယ်လိုရောက်လာတာလဲ? သူ့ခင်ပွန်းက သူ့ကို လာကြိုခဲ့တာဆိုပေမယ့် အဲဒီနောက်ပိုင်း ဘာမှမမှတ်မိတော့ဘူး!

သူက အဆီပြန်နေသောခေါင်းကိုကုတ်လိုက်သည်။ ရှန်းယုဟန်က ရေအရင်သွားချိုးဖို့ ဆုံးဖြတ်လိုက်ပြီး သူက သန့်ရှင်းမှုကို သဘောကျသောကောဖြစ်သည်။ ဤသည်မှာ သူ့ခင်ပွန်းနဲ့အတူ ရှုပ်ပွနေအောင် အိပ်ခဲ့သည့် ပထမဆုံးအကြိမ််ဖြစ်ပြီး သူ့ခင်ပွန်းက စိတ်ဆိုးနေမလားမသိပေ။ ထိုအကြောင်းတွေးလိုက်တော့ သူရေချိူးနေသောအရှိန်ကို မြှင့်လိုက်သည်။

ရှန်းယုဟန်က သူ့ကိုယ်သူ သန့်ရှင်းရေးလုပ်ပြီး အောက်ထပ်ဆင်းလာတော့ အပေါ်ထပ်တက်ဖို့လုပ်နေသော ရှန်ချီဟွမ်းကို တွေ့လိုက်ရသည်။ ရှန်းယုဟန်က သူအလုပ်သွားပြီလို့တောင် ထင်နေတာဖြစ်၏။

သူက လှေကားလက်ရန်းကိုကိုင်ကာ သူ့ခင်ပွန်းကို ငုံ့ကြည့်လိုက်သည်။ “ယောကျာ်း၊ ဒီနေ့ဘာလို့စောစောနိုးနေတာလဲ?” ပုံမှန်ဆိုရင် သူ့ခင်ပွန်းက အိပ်ရာပေါ်မှာ အပျင်းထူတတ်သည်။

“အိပ်ရာပေါ်မှာ အမူသမားရှိနေလို့လေ၊ အဲ့ဒီအမူးသမားက ကန်ချခဲ့တာ။” ရှန်ချီဟွမ်းက သူ့ကိုအပြုံးတစ်ခုနှင့် ကြည့်လိုက်သည်။

ရှန်းယုဟန်က ရှန်ချီဟွမ်းဆီသွားကာ သူ့ရှေ့တစ်ထစ်မှာ ရပ်ပြီး သူ့ကိုတပြေးညီကြည့်လိုက်သည်။ “အမူးသမားမရှိပါဘူး။” သူအသတ်ခံရရင်တောင် အမူးသမားဆိုတာကို ဝန်မခံဘူး။

ရှန်ချီဟွမ်းက ရှန်းယုဟန်၏ခါးကို သူ့လက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး အောက်လှေကားတစ်ထစ်ကို အလွယ်တကူချပေးလိုက်သည်။ ရှန်းယုဟန်က သူ့ကြောင့်လန့်သွားလေသည်။

ကြမ်းပြင်ပေါ်ချခံလိုက်ရပြီး ရှန်းယုဟန်က တောင့်တင်းသော သူ့ရင်ဘတ်ကိုပုတ်လိုက်သည်။ “ခင်ဗျား ကျွန်တော့်ကို လန့်​သေအောင်လုပ်နေတာပဲ”

ရှန်ချီဟွမ်းက သူ့နောက်ကျောကို ဆွဲဖျစ်လိုက်သည်။ “မနက်စာမြန်မြန်သွားစား၊ မင်းဒီနေ့ဘာလုပ်ရမလဲမမှတ်မိဘူးလား?”

သူမနက်နိုးလာတော့ သူ့စိိတ်က ‘မူးပြီးနောက်ဘာဖြစ်သွားလဲ' ‘ယောကျာ်းဒေါသထွက်နေလား’ ‘အရမ်းရှက်ဖို့ကောင်းတာပဲ’ ‘အစွန်းအထင်းဖြစ်သွားပြီ’ စသဖြင့် မေးခွန်းများနှင့် ပြည့်နှက်နေပြီး ရှန်းယုဟန်က သူ့မှာအရေးကြီးလုပ်စရာရှိတာတောင် မမှတ်မိပေ။

သူက သူ့ခေါင်းသူရိုက်လိုက်သည်။ “ဟုတ်သား! ကျွန်တော်ပန်းချီပြပွဲသွားရမှာ!”

မနက်စာစားပြီးတော့ ရှန်ချီဟွမ်းက သူနဲ့အတူထွက်သွားသည်။

ရှန်းယုဟန်က သူကုမ္ပဏီသွားမှာ​ဖြစ်ပြီး ပန်းချီပြပွဲမသွားဘူးလို့ ထင်လိုက်သည်။ “ယောကျာ်း၊ ခင်ဗျားကျွန်တော်နဲ့မလိုက်ဘူးလား?”

ရှန်ချီဟွမ်းက ကားဂိုဒေါင်ကိုဖွင့်ပြီး ပြိုင်ကားတစ်စီးကို ရွေးချယ်လိုက်သည်။ “ဒီနေ့အဆင်ပြေတယ်။ သွား​ကြမယ်။”

“ခင်ဗျားဒီနေ့ ဒီကားကိုမောင်းမှာလား?” ရှန်းယုဟန်က ယခုဆိုရင် အိမ်က ကား၏စျေးနှုန်းကို ပြောနိုင်ပြီး ဒီနေ့ကားလိုမျိုး ကားအတိုလေးက စျေးကြီးပြီး သူစီးနေကျ ကားအနိမ့်က စျေးပိုပေါသည်။

“အွန်း၊ ကျန်းမြို့မှာ ဒီကားကိုပိုင်တာ ငါတစ်ယောက်တည်းပဲရှိတာ။” ရှန်ချီဟွမ်းက မသိမသာကြွားလိုက်သည်။

ရှန်ချီဟွမ်းက ပန်းချီပြပွဲကျင်းပနေသော အခမ်းအနားတစ်လျှောက် ကားကို​မောင်းဝင်လာပြီး ရှန်းယုဟန် ကားပေါ်ကဆင်းခါနီး ရှန်ချီဟွမ်းက သူ့ကိုပြန်ဆွဲထားသည်။

“ငါ့ကိုမစောင့်ပဲ တစ်ယောက်တည်းဆင်းမလို့လား?”

“ခင်ဗျားအလုပ်သွားစရာမလိုဘူးလား?”

“ငါဒီနေ့အလုပ်သွားရမယ်လို့ ဘယ်သူပြောလဲ၊ ငါက ပြပွဲကိုကြည့်ဖို့လာတာလေ၊ လာလို့မရဘူးလား?” ရှန်ချီဟွမ်းက သူ့ကိုအဖော်လိုက်ပေးမယ်လို့ ကတိပေးထားသဖြင့် ကတိအတိုင်းလုပ်ခဲ့သည်။

ရှန်းယုဟန်က စိတ်ပျက်နေသောအခြေအနေမှ တိတ်တဆိတ်ရုန်းထွက်နေဆဲဖြစ်ပေမယ့် ရှန်ချီဟွမ်းက သူ့ကို အဖော်ပြုပေးမယ်လို့ ပြောလာတော့ သူက ဝမ်းသာအားရ တက်ကြရွှင်မြူးသွားလေသည်။

&&&&&&&&&&&&&&&&&&

Chapter 67.2

“သူ့ပုံကိုဆွဲခြင်း”

ပန်းချီပြပွဲက မနက်ဆယ်နာရီတွင် စတင်သည်။

ပန်းချီပြပွဲက မစခင် တစ်ပတ်အလိုတည်းက သက်ဝင်လှုပ်ရှားနေခဲ့တာဖြစ်ပြီး နာမည်ကြီးပန်းချီဆရာဆယ့်ရှစ်ယောက်က ပါဝင်ကြသည်။ ထိုထဲတွင် ကျော်ကြားသော တရုတ်ရိုးရာပန်ချီဆရာများနှင့်အတူ ခင်းကျင်းပြသထားသော ပန်းချီကား၏ပိုင်ရှင် တက်သစ်စကြယ်ပွင့် ရှန်းယုဟန်လည်းပါသည်။

တရားဝင်ပြပွဲက ဆယ်နာရီမှာစဖွင့်ပြီး ပထမဆုံးရောက်လာသော သူငယ်ချင်းတစ်စုနှင့် ဆွေမျိုးများမှာ ပန်းချီဆရာများက ဖိတ်ခဲ့တာဖြစ်သည်။

နာမည်ကြီးပန်းချီဆရာအားလုံးက အသက်ကြီးရင့်ကြပြီး သူတို့သူငယ်ချင်းအများစုက သက်တူရွယ်တူဖြစ်၏။

ပြပွဲမစခင် နာရီဝက်အလိုမှာ လူအဝင်အထွက် စတင်မြှင့်တက်လာသည်။

တခြားသောပန်းချီဆရာများက သူတို့၏သူငယ်ချင်းနှင့် ဆွေမျိုးများကို ဖိတ်ထားပြီီး ရှန်းယုဟန်ကလည်း ဝီချက်က သူ့သူငယ်ချင်းများကို ဖိတ်ထားပေမယ့် ဘယ်သူတွေလာကြမလဲမသိပေ။

ရှန့်ယွီလင်းက ဤအနုပညာပြပွဲ၏တာဝန်ခံဖြစ်၍ သူကလည်း အခမ်းအနားမှာရှိသည်။ သူက မနက်ခင်းမှာ လူပိုများလာမယ်လို့ မျှော်လင့်ခဲ့ပြီးသားဖြစ်သော်လည်း လူပြည့်နေရုံမကပဲ အပြင်မှာ ပါကင်ထိုးထားသည့် ဇိမ်ခံကားတစ်စီးရှိမယ်လို့ မမျှော်လင့်ထားပေ။ ထိုသည်မှာ အကန့်အသတ်နှင့်ထုတ်ဝေသော ကားဖြစ်ပြီး ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းတို့ စီးလာသော ကားဆိုတာကိုသိခဲ့သည်။ ဒါပေမယ့် ကျန်တဲ့ကားတွေကရော?

ပြီးတော့ အခမ်းအနားမှာ ရင်းနှီးတဲ့သူတွေ ဘာလို့အဲ့လောက်များနေတာလဲ၊ သူမူးနေလို့များလား?

ရှန်းယုဟန်ကို ပထမဆုံးလာရှာသောလူက သခင်ကြီးကျန်းဖြစ်ပြီး သူက သူ့လက်ထဲက လက်မှတ်ကိုယမ်းပြကာ ပြုံးလိုက်သည်။ “ဒါက ရှောင်ရှန်းရဲ့ကိုယ်ပိုင်လက်ရာတွေကို ပြသတဲ့ ပထဆုံးအကြိမ်ပဲဆိုတော့ အန်ကယ်က မင်းကိုအားပေးမယ်။”

ရှန်းယုဟန်က အတန်ငယ်အံ့သြနေသည်။ “ကျေးဇူးပါ၊အန်ကယ်”

ထို့နောက် ရှန်းယုဟန်နှင့် အော်ပရာဟောက်စ်မှာတွေ့ခဲ့သော အန်ကယ်တို့လည်းလာခဲ့သည်။ သူတို့က သူတို့လတ်မှတ်သူတို့ဝယ်ကာ ဝင်လာကြပြီး ရှန်းယုဟန်ကိုတွေ့တော့ သူတို့မှာ ပြောစရာစကားများ ရှိနေခဲ့သည်။

နောက်တော့ ဝမ်းယိုဂရု၏ မန်ဘာတစ်ယောက်ဖြစ်သော အရပ်ရှည်ရှည် လူချောလေးတစ်ယောက်က လူငယ်တစ်ခုကို ဦးဆောင်ခေါ်လာခဲ့ပြီး သူတို့က ရှန်းယုဟန်ကိုအားပေးဖို့ တကူးတကလာခဲ့တာပင်။

အတွေ့အကြုံဗဟုသုတပြည့်ဝပြီး အလွှာပေါင်းစုံမှလူများနှင့်ရင်းနှီးသော ရှန့်ယွီလင်းက ထိုအခိုက်အတန့်မှာ ပြောစရာစကားမရှိဖြစ်နေသည်။ သူက မြင်ကွင်းများစွာကိုတွေ့ဖူးသော်လည်း အံ့အားသင့်နေဆဲဖြစ်၏။ သူကျင်းပနေတာ တရုတ်ပန်းချီပြပွဲပါ၊ အထက်တန်းလွှာအတွက် ဧည့်ခံပွဲမဟုတ်ဘူး………

သို့သော် ရှန်းယုဟန်ဘေးမှာရပ်နေသော ရှန်ချီဟွမ်းက သူတို့နှစ်ယောက်က ယခုချိန်မှာ မင်္ဂလာဆောင်နေတာဖြစ်ပြီး ဧည့်သည်များကို​ကြိုဆိုဖို့ ဧည့်ခံပွဲကျင်းပနေသည်ဟု ခံစားမိခဲ့သည်။

သူက ရှန်းယုဟန်ကို ဒီအတွေးပြောပြလိုက်၏။ “ငါတို့နောက်တစ်ကြိမ်လက်ထပ်နေရသလိုပဲ၊ ငါတို့ရဲ့ဧည့်သည်တွေကို ဧည့်ခံနေတယ်လို့ ခံစားမိလား?”

ထိုစကားကြားတော့ ရှန်းယုဟန်က သူတို့လက်ထပ်ပွဲကို ပြန်တွေးလိုက်သည်။ သူတို့နှစ်ယောက်​ကြည့်ရတာ ဧည့်သည်တွေကို နှုတ်ဆက်ဖို့ ရပ်နေတာနဲ့တူပြီး ယခုချိန်မှာ လူတိုင်းက သူတို့ကို နှုတ်ဆက်ဖို့လာတော့ ရှန်းယုဟန်၏မျက်နှာက အနည်းငယ်ပူနွေးသွားသည်။ “ဘယ်နေရာတူလို့လဲ?”

သူတစ်ခုခုပြောခါနီးမှာ လျှိုထန်၏မျက်နှာကပေါ်လာပြီး သူက သူနဲ့အတူ လူအများကြီးကိုလည်းခေါ်လာကာ သူတို့အားလုံးက သူတို့လက်မှတ် သူတို့ဝယ်ခဲ့ကြတာဖြစ်၏။

ဆယ်နာရီလေးဆယ့်ငါးတွင် ရှန့်ယွီလင်းက ရှန်းယုဟန်ကို နှုတ်ဆက်ဖို့ ပန်းချီစားပွဲကိုလာခဲ့သည်။

သူရောက်မလာခင် ပန်းချီစားပွဲနားမှာ လူတွေပြည့်နေသည်။

ရှေ့တန်းရပ်နေသောလူတွေက ရင်းနှီးသောမျက်နှာများဖြစ်ပြီး နောက်တန်းမှာထိုင်နေသော လူတွေက သူမသိသော လူငယ်တွေဖြစ်ပေမယ့် သူတို့အားလုံးက မျှော်လင့်ချက်ပြည့်နေပုံရသည်။

ထိုအချိန်တွင် ရှန်းယုဟန်က အလွန်စိတ်လှုပ်ရှားနေသည်။ အတိတ်မှာ အားလုံးက ဖြတ်သွားဖြတ်လာများဖြစ်ပြီး မရပ်ကြပေမယ့် ယခုချိန်မှာ လူတိုင်းက သူ့အတွက်လာတာဖြစ်၏။ သူ့ရင်ထဲမှာ စိတ်ကျေနပ်မှုကို ခံစားရပေမယ့် သူက စိတ်လည်းလှုပ်ရှားနေခဲ့သည်။

ရှန်ချီဟွမ်းက သူ့အတွက် လည်စည်းပုဝါဆွဲပေးလိုက်၏။ “စိတ်လှုပ်ရှားနေရင် လည်စည်းပုဝါကို နှာခေါင်းအောက်မှာဆွဲထား”

“အွန်း” မျက်နှာတစ်ဝက်ကိုဖုံးနေသော လည်စည်းပုဝါကြောင့် ရှန်းယုဟန်က စိတ်လှုပ်ရှားတာသက်သာသွားပြီး သူ့ခင်ပွန်း၏နည်းလမ်းက အတော်လေးထိရောက်သည်။.

ရှန်ချီဟွမ်းက သူ့ကိုတွန်းပိို့လိုက်သည်။ “သွားတော့၊ ငါဒီမှာရပ်ပြီး မင်းကိုစောင့်နေမယ်။”

ရှန်းယုဟန်က သူ့လက်နှစ်ဖက်ကိုပွတ်သပ်ကာ ပြောလိုက်သည်။ “ဒါဆိုသွားတော့မယ်။”

သူက သူ့ကိုယ်ပိုင်စင်မြင့်ပေါ်ကို လျှောက်သွားသောအခါ အောက်မှလက်ခုပ်သံများကို ကြားလိုက်ရသည်။

ရှန်းယုဟန်က သူတို့ကို ဦးညွတ်ပြီး ကျေးဇူးတင်ကြောင်းဖော်ပြလိုက်သည်။ သူက သက်ပြင်းရှူထုတ်ကာ မနီးမဝေးမှာရပ်နေသော ရှန်ချီဟွမ်းကိုကြည့်လိုက်ပြီး စုတ်တံကို ကောက်ကိုင်လိုက်သည်။

သူဒီကိုမလာခင်တည်းက သူဘာဆွဲချင်လဲသိခဲ့တာဖြစ်သည်။

သူက သူ့ရင်ထဲမှာ နစ်မြှပ်ထားသော လူတစ်ယောက်၏ပုံကိုဆွဲချင်သည်။

ဒီနေ့မှာ သူက လူတစ်ယောက်၏ ပန်းချီကိုဆွဲတော့မည်။

ရှန်းယုဟန်၏ ပန်းချီဆွဲနေသော လုပ်ငန်းစဥ်တစ်ခုလုံးကို ကြီးမားသောဖန်သားပြင်ပေါ်မှာ ပြသမှာဖြစ်ပြီး အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအနေနဲ့ ဂုဏ်သတင်းရှိသော ရှန့်ယွီလင်းက နေရာမှာတင် ရှန်းယုဟန်၏ပန်းချီကားကို အပြည့်အဝရှင်းပြခဲ့သည်။

ကြည့်ရှူသူများက လူတစ်ယောက်၏ပုံဖော်ရန် စုတ်တံအသုံးပြုနေသော ရှန်းယုဟန်ကို ကြည့်နေသည်။ ဆံပင်တို၊ ချွန်ထက်သောမေးရိုးနှင့် မျက်နှာ၊ ထို့နောက် မြင့်မားသောနှာတံ၊ ထက်မြက်သောမျက်လုံးတစ်စုံ၊ စေ့စေ့ပိတ်ထားသောပါးစပ်၊ လည်ပင်းနှင့်တောင့်တင်းသော ပခုံး……….

ထိုပုံကို ကြည့်ရှုသူများအား ဖြည်းဖြည်းချင်းပြခဲ့သည်။ သူက စဥ်းစားစရာမလိုသလို လူပုံကိုကိုးကားဖို့ ဓာတ်ပုံသုံးစရာလည်း မလိုပေ။ သူက တစ်ကြိမ်တည်းနဲ့ တစ်ချက်ချင်းစီကို ချောချောမွေ့မွေ့ဆွဲနေသည်။

အစပိုင်းမှာ လူပုံ၏အပေါ်ပိုင်းကို အကြမ်းထည်ဆွဲထားခဲ့သည်။ ထို့​နောက် ပခုံးအောက်ပိုင်း အစိတ်အပိုင်းများဖြစ်သည့် လက်မောင်းနှင့် အဝတ်အစားကို စတင်ရေးဆွဲခဲ့သည်။

ရှန်းယုဟန်က ထိုပုံ၏မျက််နှာကို ရေးဆွဲနေသည့် အခိုက်အတန့်မှာ လူတိုင်းက ဘေးမှာရပ်နေသော ရှန်ချီဟွမ်းကို တဖြည်းဖြည်း အာရုံစိုက်လာကြသည်။

ကွက်ကွင်းကွင်းကွင်းဖြစ်၏။ ယင်းမှာ ရှန်ချီဟွမ်းကိုဆွဲနေသော ပန်းချီဖြစ်၏!

ဘယ်လောက်ပွင့်လင်းပါစေ ထိုသည်မှာ သင့်လျော်သောကိစ္စသာဖြစ်ပြီး အဓိပ္ပါယ်အရမ်းရှိသည်။

ထိုအချိန်တွင် ရှန်ချီဟွမ်းက ဂုဏ်ပြုခံလိုက်ရပြီး တစ်ချိန်တည်းမှာ သူ့နှလုံးသားက စိတ်လှုပ်ရှားနေသည်။ သူက လှုပ်ရှားမှုမရှိပဲ လက်သီးကိုတင်းတင်းဆုပ်ထားသည်။ ရှန်းယုဟန်ဆွဲနေတာက ရှေးခတ်လူသားမဟုတ်သလို ခေတ်သစ်ရှုခင်းလည်းမဟုတ်ပဲ သူ့ကိုဆွဲနေခဲ့တာ….. သူ့ပုံ!

ဒါက မြေခွေးလေးရဲ့ နောက်ဆုံးထွက်ဗားရှင်းပဲ! ဘယ်နေရာမှာပဲဖြစ်ဖြစ် သူက သူ့နှလုံးသားကို လုံးဝလက်မလွှတ်ပဲ အောင်အောင်မြင်မြင် သိမ်းပိုက်နိုင်ခဲ့တယ်…

ရှန်ချီဟွမ်းက ပန်းချီကားကို အာရုံစိုက်နေသော ရှန်းယုဟန်ကိုကြည့်ကာ သူ့ဇနီး သူ့ပုံဆွဲနေစဥ် သူက ဂုဏ်ယူစွာ နောက်ကျောကိုမတ်လိုက်သည်။ ရှန်းယုဟန်က ကိုးကားဖို့အတွက် လူပုံကိုကြည့်စရာမလိုတာက သူ့ကို နှလုံးသားထဲမှာ ထည့်ထား​တာကို သက်သေပြနေပေမယ့် ရှန်းယုဟန်က သူကိုယ်တိုင်လည်း ရှန်ချီဟွမ်း၏ နှလုံးသားထဲမှာ ထွင်းထုခံထားရတာကို မသိခဲ့ပေ။ ပျိုးခဲ့ပြီးသား အမြစ်နှင့် အဖူးက လှပသောပန်းများကိုပွင့်စေသည်။

နောက်ဆုံးတစ်ချက်ဆွဲပြီးတာနဲ့ လက်ခုပ်သြဘာသံများ ထွက်ပေါ်လာသည်။

အနီးစပ်ဆုံး သခင်ကြီးကျန်းက ပြုံးပြီးပြောလိုက်သည်။ “ရှောင်ရှန်း..မင်းက ရှောင်ရှန်ကို ကွက်ကွက်ကွင်းကွင်း ပုံ​ဖော်ထားတာပဲ။ ငါ့အတွက်လည်း နောက်ကျရင် ဆွဲပေးဦး။ ဓာတ်ပုံရို​က်တာနဲ့ယှဥ်ရင် ဒီတစ်ခုက စိတ်ခံစားမှုပိုကောင်းတယ်။ ပြီးတော့ ချိတ်ဆွဲထားပြီး ကိုယ်ကိုယ်ကိုယ်ရူးသွပ်နေလို့ရတယ်။”

ရှန်းယုဟန်က သခင်ကြီးကျန်းပြောတာကိုကြားတော့ ခေါင်းတခြမ်းငုံ့ကာ ပြုံးပြလိုက်သည်။

သူ ရှန်ချီဟွမ်းကို ဆွဲထားတာ လူတိုင်းက ဘယ်လိုသိနေတာလဲ…

ထိုအချိန်မှာ ရှန်ချီဟွမ်းက ရှန့်ယွီလင်း​နှင့် ညှိနှိုင်းပြီးသွားခဲ့သည်။ ရှန်းယုဟန်၏ပန်းချီက သူ့အတွက်ပဲ ဖြစ်ရမည်။ ရှန့်ယွီလင်းက ဘာများပြောနိုင်ဦးမှာလဲ.. ခင်ဗျားအပိုင်ပဲ..ခင်ဗျားအပိုင်ပဲတဲ့… ချစ်ခြင်းမေတ္တာကိုပြသခြင်း၏ အမြင့်ဆုံးအဆင့်မှာ ဒီထက်ပိုတာဘာမှမရှိနိုင်တော့ချေ။

လုပ်ငန်းရှင်တစ်ယောက်၏စိတ်ဓာတ်နဲ့ ရှန့်ယွီလင်းက ရှန်းယုဟန်၏ပန်းချီဗီဒီယိုကို ဝေ့ပေါ်မှာတင်ဖို့ လူတွေကိုပြောလိုက်ပြီး ရှန်ချီဟွမ်းကိုလည်း ဝေ့ပေါ်မှာပြန်တင်ဖို့ သတိပေးလိုက်၏။ ရှန်ချီဟွမ်းက ရှန်းယုဟန်၏မျက်နှာကို မဖော်ဖို့ပြောခဲ့သဖြင့် သူက ပြန်ပြင်ပေးခဲ့ရသေးသည်။

ထိုအချိန်တွင် မတ်စ်တပ်ထားပြီး ဦး​ထုပ်ဆောင်ထားသော အမျိုးသားတစ်ဦးသည် ထောင့်တစ်ခုတွင်ရပ်နေသည်။ သူ့မျက်လုံးများက အရိပ်ထိုးပြထားသော မျက်နှာပြင်ပေါ်ရှိ ပန်းချီကားကို ကြည့်နေပြီး အောက်နှုတ်ခမ်းကို တင်းတင်းကိုက်ထားသည်။ သူ့နှုတ်ခမ်းသွေးထွက်မလာမချင်း သူ့စိတ်ထဲက ရူးလောက်စရာအတွေးများကို မရပ်တန့်ခဲ့ပေ။

တချိန်က သူက ရှန်းယုဟန်နဲ့ အနီးစပ်ဆုံးဖြစ်ခဲ့ဖူးတယ်..

တချိန်က ရှန်းယုဟန်က သူအလွယ်တကူရနိုင်တဲ့ လူတစ်ဦးဖြစ်ခဲ့ဖူးတယ်….

တချိန်က သူ့ပန်းချီထဲကလူဖြစ်လာဖို့နဲ့ ဒီနေ့ရဲ့ အာရုံစူးစိုက်မှုဗဟိုဖြစ်လာဖို့အတွက် သူ့မှာ မရေမတွက်နိုင်တဲ့ အခွင့်အရေးတွေရှိခဲ့ဖူးတယ်

ဒါပေမယ့် သူကအရာအားလုံးကိုဖျက်စီးခဲ့တာ၊ သူရှန်းယုဟန်ကိုလွမ်းတယ်၊ ရှန်းယုဟန်နဲ့ဆက်စပ်တာတွေကိုလွမ်းတယ်၊ အရာအားလုံးက ရှန်ချီဟွမ်းအတွက် ပိုစျေးပေါနေတယ်!

အကယ်၍ အကယ်၍များ ရှန်းယုဟန်က သူ့လူဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ!

ရှန်ချီယွင်က သူ့ကံမကောင်းမှုနှင့်နောင်တရမှုကို ပူဆွေးနေပြီး နောက်ဆုံးမှာ တိတ်တဆိတ် လှည့်ထွက်သွားခဲ့သည်။

ပြပွဲ၏ပထမရက်တွင် ရှန်းယုဟန်၏ပန်းချီကားသုံးချပ်လုံး ရောင်းထွက်ခဲ့ပြီး နှစ်ချပ်ကို သူ့အသိအန်ကယ်နှစ်ယောက်က ဝယ်ခဲ့ပြီး နောက်တစ်ချပ်ကတော့ ဘုံပိုင်ရေ**က ဝယ်ခဲ့သည်။ တစ်ဖက်လူက ရှန်းယုဟန်၏ဖန်လို့ အခိုင်အမာပြောပြီး သုံးချပ်မြောက်ပန်းချီကိုဝယ်ဖို့ ငွေအများကြီးသုံးခဲ့သည်။

(***** ဘုံပိုင်ရေဆိုတာ ဖန်တွေကိုခေါ်တဲ့အသုံးအနှုန်းပါ။ ဘုံပိုင်ရေကိုအဆင်ပြေအောင်သုံးရတဲ့ လူတွေရဲ့ပျော်ရွှင်မှုကို ရည်ညွှန်းတာပါ။ သူ့ကို Self Promoter လို့လည်းခေါ်ပါတယ်။ ငွေကြေးသုံးစရာမလိုပဲ ကိုယ့်ကိုလူသိများလာအောင် အောင်မြင်လာအောင်လုပ်ပေးတဲ့ ပရိသတ်တွေကို ဆိုလိုတာပါ။ အားလုံးကတော့ Fans တွေကိုရည်ညွှန်းပါတယ်။)

တခြားသော ပန်းချီဆရာ ဆယ့်ခုနှစ်ယောက်၏ လက်ရာများကလည်း အလွန်ရေးပန်းစားလာခဲ့ပြီး ယင်းမှာ မမျှော်လင့်ထားသောကောင်းချီးဖြစ်၏။

လူအနည်းငယ်သာ ပန်းချီပြပွဲကို လာရောက်ခဲ့သော်လည်း ပန်းချီဆွဲပြီး သူ့ခံစားချက်ကိုဖော်ပြခဲ့သည့် ရှန်းယုဟန်၏ သတင်းပျံ့သွားသောအခါ လူပိုရောက်လာကြသည်။ အနုပညာပါရမီမရှိသော ရှန်ချီရှင်းကလည်း သူ့ကို ဂုဏ်ပြုဖို့ တကူးတကမက်ဆေ့ပို့ခဲ့သည်။

ဤတစ်ကြိမ်တွင် အကျိုးခံစားခဲ့ရသည့် မစ္စတာရှန်ချီဟွမ်းက အိမ်ပြန်ရောက်တော့ ရှန်းယုဟန်ကို ချက်ချင်းပင် ကောင်းကောင်းပြုစုခဲ့တာကြောင့် ရှန်းယုဟန်က နောက်တစ်နေ့တွင် အိပ်ရာမထနိုင်ခဲ့ပေ။

ပြပွဲ၏ဒုတိယနေ့မှာ ရှန်းယုဟန်က ခါးကိုကိုင်ကာ ရှန်ချီဟွမ်းအား မကြင်နာတတ်တဲ့သူဟု မျက်လုံးများဖြင့် စွပ်စွဲခဲ့သည်။ သူ့ကို အဲ့လောက်ထူးဆန်းတဲ့ အနေအထားလုပ်ဖို့ ဘာလို့တောင်းဆိုခဲ့တာလဲ?

ဒီနေ့က စနေဖြစ်၍ ရှန်ချီဟွမ်းက အပြင်မထွက်ချင်တာကြောင့် သူက အလုပ်လုပ်ရန် စာဖတ်ခန်းထဲမှာ နေခဲ့ပြီး ရှန်းယုဟန်ကို သူ့ပေါင်ပေါ်တင်ကာ ခါးကိုနှိပ်ပေးနေသည်။

ရှန်ချီဟွမ်းက ခဏတာ တုံ့ဆိုင်းနေပေမယ့် ပြောလိုက်သေးသည်။ “ငါမင်းကိုပြောစရာရှိတယ်။”

ရှန်းယုဟန်က ဇိမ်ရှိရှိ အနှိပ်ခံနေပြီး နေရောင်လာရာကို မျက်လုံးမှေးထားပြီး ပေါ့ပေါ့တန်တန် တုံ့ပြန်လိုက်သည်။ “ဘာလဲ?”

“မင်း မစ်ချီကိုမှတ်မိသေးလား?” ရှန်ချီဟွမ်းက သူ့အားကို ပိုပြင်းလိုက်၏။

ရှန်းယုဟန်က နာနေသောနေရာကို ထိသွား၍ သူ့လက်​မောင်းကို ခါယမ်းလိုက်ပြီး ခဏလောက်စဥ်းစားနေသည်။ “မှတ်မိတယ်၊ သူမနဲ့ မစ်ဟွမ်က သူငယ်ချင်းတွေ”

ရှန်ချီဟွမ်းကပြောလိုက်သည်။ “သူမစေ့စပ်လိုက်ပြီ”

ရှန်းယုဟန်က ခေါင်းလှည့်ကာ မေးလိုက်သည်။ “ဘယ်သူနဲ့လဲ?”

ရှန်ချီဟွမ်းက ကွေ့ဝိုက်မနေချင်သဖြင့် တည့်ပြောလိုက်သည်။ “သူမက ရှန်ချီယွင်ကိုရွေးလိုက်တယ်။”

“ဘာလို့သူလဲ?” ရှန်းယုဟန်က နားမလည်နိုင်ဖြစ်နေသည်။

ရှန်ချီဟွမ်းက ရှန်းယုဟန်ကို တင်းတင်းဖက်ထားသည်။ “အွန်း၊ တတိယအိမ်တော်က အာဏာနည်းနည်းပဲရလို့ စိတ်ပူနေကြတာ။ ချီမိသားစုက သူတို့ကိုကူညီပေးနိုင်တယ်။ အဖေက ချီမိသားစုရဲ့အခန်းကဏ္ဍကို ထည့်စဥ်းစားပေးမှာ၊ အမြတ်က ဦးစားပေးပဲ”

ရှုပ်ထွေးပုံရပေမယ့် ကူညီလို့မရပေ။ ၎င်းမှာ အပြန်အလှန်အကျိုးရှိမယ့်ကိစ္စသာဖြစ်၏။

အနုပညာပြပွဲပြီးသွားတော့ ရှန်းယုဟန်နှင့် ရှန့်ယွီလင်းကြားက အဆက်အသွယ်နည်းပါးလာပြီး သူတို့ပန််းချီကိုရောင်းပေးဖို့ လူများစွာက သူ့ကို ရှာခဲ့ပေမယ့် ရှန်းယုဟန်၏ ပန်းချီကားများက ‘အရည်အတွက်ထက် အရည်အသွေးကိုဦးစားပေးလို့ ပစ္စည်းတွေက တန်ဖိုးရှိနေတာ’ဟူသော စကားကို အခြေခံထားသဖြင့် ရောင်းကုန်သွားသော ပန်းချီကားသုံးချပ်မှလွဲရင် တခြားဘာမှမရောင်းတော့ပေမယ့် သူက အမြတ်အနည်းငယ်ကိုတော့ ရခဲ့သည်။

ခေတ်သစ်ကသူ့ဘဝသည် လမ်းကြောင်းပေါ်ကို စတင်ရောက်ရှိနေပြီး သူ့ကို ကိုယ်ပိုင်အသက်မွေးဝမ်းကြောင်းရှိသည့် ခေတ်သစ်လူသားတစ်ယောက်လို့ ယူဆနိုင်ခဲ့​လေပြီ။

တစ်ပတ်ကြာတော့ ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းက ရှန်ချီယွင်နှင့် ချီမိသားစု သခင်မလေးတို့၏ စေ့စပ်ပွဲပါတီကို တက်ရောက်ခဲ့ကြသည်။

ရှန်ချီယွင်နှင့် ချီမိသားစု၏သခင်မလေးက အတူရပ်နေကြပြီး လိုက်ဖက်ညီသော စံပြစုံတွဲနှင့်တူနေသည်။

ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းတို့ရောက်လာတော့ ရှန်ချီယွင်၏အမူအရာက သိသိသာသာပြောင်းလဲသွားခဲ့သည်။

ရှန်ချီဟွမ်းနှင့် အတူဝင်လာသူမှာ ဒုတိယအိမ်တော်က ရှန်ချီပိုင်ဖြစ်ပြီး သူက ရှန်ထျန်းဖုန်းကြောင့် စောစောလွတ်လာပြီး ဒီကိုရောက်လာခဲ့တာပင်။

လူတိုင်းက ရှန်မိသားစု၏ဒရာမာကို မျက်လုံးထောင့်မှကြည့်ဖို့ ကြိုးစားနေစဥ် ရှန်ချီဟွမ်းက ရှန်းယုဟန်၏လက်ကိုကိုင်ကာ ထိုင်လိုက်သည်။

တိတ်ဆိတ်နေသောလေထုမှာ တစ်ယောက်ယောက်က စကားပြောလာသည်။ “အရင်တုန်းက အမျိုးသမီးတစ်ယောက်က ရှန်းယုဟန်ကို ရှန်ချီယွင်အတွက်နဲ့ ရေထဲတွန်းချဖူးတယ်မလား?”

မြင်ကွင်းက ခဏလောက်တော့ ရုတ်ချည်းတိတ်ဆိတ်သွားခဲ့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment