Chapter 51.1
“စစ်မှန်မှုကို အမှန်အတိုင်းမြင်ခဲ့ခြင်း”
“God Will Alawys Shine” ဆိုသည်မှာ ရယ်စရာကောင်းသော ဘလော့ဂ်ပို့စ်များကို အထူးပြုရေးသားသော ဝေ့ပေါ်ဘလော့ဂါတစ်ဦးဖြစ်သည်။
ယနေ့မှာ သူက အင်တာနက်သုံးစွဲသူများဆီက ပံ့ပိုးမှုတစ်ခုကို ရရှိခဲ့ပြီး အလွန်စိတ်ဝင်စားစရာကောင်းသော အရာတစ်ခုကို တွေ့ရှိခဲ့တာကြောင့် သူက အင်တာနက်သုံးစွဲသူတစ်ဦး၏ Content (အကြောင်းအရာပို့စ်)ကို ကော်ပီကူးပြီး ဝေ့ပေါ်မှာပြန်တင်ခဲ့သည်။ ထို Content ကတော့ အောက်ပါအတိုင်းဖြစ်သည်။ {ဟယ်လို၊ ဂိုးပါ… ငါမစောင့်နိုင်တော့လို့ စာမူတစ်ခုကို တင်ပြချင်တယ်!
ငါ့ကောင်မလေးနဲ့ ငိုရတဲ့ရုပ်ရှင်တစ်ကားကို သွားကြည့်တာ၊ ကိုယ့်တစ်ရှူးကိုယ်ယူလာလို့ ပြောတဲ့သူတွေကို ငါလုံးဝအားမပေးဘူး။ ကိစ္စကဒီလိုကွာ.. ငါ့ကောင်မလေးနဲ့ ငါက ရုပ်ရှင်ရုံကိုရွေးခဲ့တာက ပိုရှင်းတဲ့မြင်ကွင်းကိုရချင်လို့ပါ။ ငါတို့က ထောင့်စွန်းက စုံတွဲခုံကိုမရွေးပဲ အလယ်ကခုံကိုရွေးခဲ့တယ်။ အခုတော့ စုံတွဲခုံမရွေးခဲ့လို့ ငါနောင်တရနေပါပြီ၊ စဥ်းစားကြည့်လိုက်တော့ နောင်တရစရာအရမ်းကောင်းတယ်။
ထိုင်ခုံကို နောက်ကျမှရွေးမိလို့ အလယ်ရဲ့ဘယ်ဘက်ကိုရွေးခဲ့တာ၊ ငါ့အတန်းက ကြည့်ရှုသူတွေက သူတို့ခုံတွေမှာ ထိုင်နေပြီး သူတို့အားလုံးက စုံတွဲတွေပဲ၊ ငါ့ကောင်မလေးက ငါ့ဘယ်ဘက်မှာထိုင်နေတာ ၊ ညာဘက်မှာတော့ ခန်ညားပြီး စတိုင်ကျတဲ့ အမျိုးသားနှစ်ယောက်ရှိတယ်။ တစ်ယောက်က ပိုနုပြီး (A)၊ တစ်ယောက်က နည်းနည်းရင့်ကျက်တယ် (B)။ မင်းတို့သိလား ဒီလူနှစ်ယောက်ကကွာ ငါထိုင်လိုက်တာနဲ့ ငါ့ရဲ့နုနယ်တဲ့စိတ်ကို မညှာမတာနှိပ်စက်ခဲ့တယ်။
ရုပ်ရှင်မစခင်မှာ ဘရန်းကားတစ်စီးရဲ့ ကြော်ညာပေါ်လာတော့ Aက သေချာကြည့်ပြီး B က သူ့ကို ဘာတွေစိတ်ဝင်စားနေတာလဲဆိုပြီး တိုးတိုးလေးမေးတော့ အိမ်ကတစ်စီးနဲ့ကွာနေလို့ဆိုပြီး Aကပြန်ပြောခဲ့တယ်။ ကြောညာထဲကကားက ယွမ်နှစ်သိန်းသုံးသိန်းတန်ပြီး စျေးပေါတဲ့အတွက် သူတို့မိသားစုက အိမ်မှာအဲ့လိုကားမျိုးမစီးလို့ သူလိုချင်ရင်တောင် မဝယ်ပေးဘူးလို့ Bကပြောခဲ့တယ်။ အဲ့ဒီနောက်မှာ B က A ကို ကားမောင်းသင်ချင်လား၊ အိမ်မှာကားဒါဇင်လောက်ရှိလို့ ဘယ်အချိန်မဆိုမောင်းနိုင်တယ်လို့ ပြောခဲ့တယ်။ Aက အိမ်မှာဒရိုက်ဘာရှိနေတော့ ကားမောင်းမသင်ချင်ဘူးလို့ပြောခဲ့တယ်။ မင်းတို့ပဲပြောကြည့်ကြပါ…. ဒါလူစကားတွေလား?
ထပ်ဆောင်းပြောရရင် အဲ့ဒီလိင်တူစုံတွဲက အတော်လေးယဥ်ကျေးတယ်၊ သူတို့က အသံတိုးတိုးပြောပြီး ငါက သေချာနားထောင်ခဲ့လို့သာ သူတို့ကားနဲ့ တခြားအကြောင်းပြောတာကို ကြားခဲ့တာ။ ငါကြားတာနဲ့ ဒေါသထွက်လွန်းလို့ ကောင်းကင်ပေါ်ရောက်လုနီးပါးပဲ၊ ငါက အတင်းဖျင်းနားထောင်ရတာကြိုက်တဲ့ နားရွက်နဲ့မွေးဖွားလာခဲ့တာ ငါ့အပြစ်ပါ။ နေ့လည်မှာ လူသိပ်မရှိလို့ သူတို့ရဲ့အသံကိုကြားခဲ့ရတာလည်း ငါ့အပြစ်ပါ။
ဒါပေါ… ဒါနဲ့တင်မပြီးသေးဘူး။
ရုပ်ရှင်စပြပြီး Climax Scene ကိုရောက်လာတော့ မိုးရွာတဲ့ဇာတ်ဝင်ခန်းက အတော်လေးရင်ထဲထိပြီး ကျောင်းတုန်းက ခရက်ရှ်ကို သတိရသွားစေတယ်။ အဲ့ဒါက အဓိကအကြောင်းတော့မဟုတ်ဘူး။ တကယ့်အကြောင်းက ငါရဲ့ရူးလောက်စရာ အကြားအာရုံက အမျိုးသားနဲ့ အမျိုးသမီးဇာတ်လိုက် တံစက်မြိတ်အောက်မှာမခိုပဲ လမ်းပေါ်က မိုးရေထဲဘာလို့ရပ်နေတာလဲ၊ သူတို့က ယာဥ်ကိုပိတ်ဆို့ပြီး ဘာလို့ ယာဥ်စည်းကမ်းမလိုက်နာကြတာလဲလို့ A က B ကိုမေးတော့ B က ရုပ်ရှင်မို့လို့ပါဆိုပြီး ဖြေမယ်ထင်ခဲ့တာ။ သူကပိုတောင်ဆိုးနေသေးတယ်… မိုးရွာလို့ စိုစွတ်နေတာကို အမျိုးသားနဲ့ အမျိုးသမီးဇာတ်လိုက်ရဲ့ ဖိနပ်တွေ ရေစိုမနေတာကိုပါ သတိထားမိသွားတယ်လေ….
ငါက အဲ့စကားကြားတော့ ကျိုးကြောင်းဆီလျော်တယ်လို့တွေးမိပြီး ငါ့ရဲ့အာရုံစူးစိုက်မှုက လွဲချော်သွားလေရော…. စကားမစပ်.. ရင်ထဲထိသွားတဲ့ အငွေ့အသက်ကလည်း အကုန်ပျောက်ကွယ်သွားတယ်။
အဲ့ဒီနောက်မှာ ရုပ်ရှင်ရဲ့အသေးစိတ်ကို လေ့လာပြီးတော့ ငါပြင်ဆင်လာတဲ့ တစ်ရှူးကို Cokeဘူးထဲက ရေကိုသုတ်ဖို့သုံးခဲ့ရတယ်။ ငါ့ကောင်မလေးကတော့ သူတို့စကားကိုမကြားတော့ ရုပ်ရှင်ကြောင့် ဝမ်းနည်းနေပေမယ့် ငါကတော့ ငိုစရာဘာရှိလဲ တွေးမိပြီး ရုပ်ရှင်ထဲက ကျောက်ပုဇွန် ဘယ်လောက်တောင် အရသာရှိလိုက်မလဲဆိုတာကို စဥ်းစားခဲ့တယ်။ အမျိုးသားနဲ့အမျိုးသမီးဇာတ်လိုက်က ဘာလို့ မစားပဲ စကားပြောနေတာလဲ? ပြီးတော့ အမျိုးသမီးဇာတ်လိုက် အိပ်နေတဲ့အချိန်မှာ အမျိုးသမီးဇာတ်လိုက်ရဲ့မျက်နှာပေါ်က မိတ်ကပ်က အရမ်းသေသပ်နေတယ်။ အမျိုးသမီးဇာတ်လိုက်က အိပ်ရာမဝင်ခင် မိတ်ကပ်မဖျက်ဘူးလား?
တောင်းပန်ပါတယ်၊ ဒါပေမယ့် ငါရဲ့နားရွက်တွေက ထိရှလွယ်တော့ အမျိုးသမီးဇာတ်လိုက် မိတ်ကပ်မဖျက်တာနဲ့ အရသာရှိတဲ့ ကျောက်ပုဇွန်အကြောင်းကို ဘေးက လူတွေဆီက ကြားခဲ့ရတယ်။
တကယ်ပါ၊ ငါ ခိုးနားမထောင်ခဲ့သင့်ပေမယ့် သူတို့ပြောနေတာကို မအံ့သြပဲ မနေနိုင်ခဲ့ဘူး!
စကားမစပ် ငါ့ကောင်မလေးက ရုပ်ရှင်က ရင်ထဲထိလားလို့ မေးခဲ့သေးတယ်။ ငါ့ဖင်ကြီးကို ရင်ထဲထိ! ငါ့ရင်ထဲမှာရှိတာ ကြက်သွန်နီပါးပါးလေးနဲ့ အုပ်ထားတဲ့ နီနီရဲရဲ ကျောက်ပုဇွန်စပ်စပ်ကလေးပဲ!
ငါတို့ရုံကထွက်လာတော့လည်း Aနဲ့Bက ဇိမ်ခံကားတစ်စီးပေါ် တက်သွားတာမြင်လိုက်တယ်။ သူတို့မျက်နှာကို မမြင်ရပေမယ့် အဝတ်အစားကိုကြည့်ရုံနဲ့ သူတို့ကိုသိနိုင်််တယ်။ တကယ်ပါ၊ ငါဒီနေ့အရမ်းနာကျင်ရတယ်!}
– ဟားဟားဟား ရယ်ရတော့သေတော့မှာပဲ! ဒီတော့ မင်းက ရုပ်ရှင်ကမကောင်းလို့ တခြားတစ်ခုကို အာရုံစိုက်နေတာပေါ့?
– ငါ ဒီနေ့လည်မှာ ဒီဇာတ်ကားကို ငါ့ကောင်လေးနဲ့ သွားကြည့်မယ်၊ ကောင်းကောင်းကြည့်လို့ရပါဦးမလား?
– သေစမ်း၊ ယာဥ်စည်းကမ်းကို မလိုက်ကြနာဘူးပေါ့! @RomanceFilmDirector: ဇာတ်ညွန်းရေးရင် ပိုပြီးတင်းကျပ်ပေးပါ။ ဦးဦးရဲသားကြီးတွေကို ဒုက္ခမပေးပါနဲ့
– ငါကတော့ ABနဲ့ အမြင်တူတယ်။ ရုပ်ရှင်ထဲမှာ တကယ်မြင်နိုင်တာ ကျောက်ပုဇွန်ပဲ။ တစ်ခုတော့ရှိတာပေါ့… ငါ့အိမ်မှာ ကားဒါဇင်လောက်မရှိတော့ အသွားအပြန်လိုက်ပို့ပေးတဲ့ ဒရိုက်ဘာရှိဖို့ကတော့ ဝေးစွ။
– နိုင်ငံထဲမှာ ကားအများကြီးမရှိပါဘူး။ ဟုတ်တယ်မလား?
ဤဝေ့ပေါ်ပို့စ်က ထပ်ခါထပ်ခါပြန်တင်ခံရပြီး ရို့မန့်စ်ရုပ်ရှင်ရိုက်ကူးရေးအေဂျင်စီကလည်း သတိထားမိသွားပြီး Hot Search ဝယ်ပြီး ရုပ်ရှင်ကိုကြော်ညာဖို့အတွက် ဤခေါင်းစဥ်၏ ကျော်ကြားမှုကို အခွင့်ကောင်းယူခဲ့သည်။
ထိုအချိန်မှာ ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်က သီးသန့်စားသောက်ဆိုင်တစ်ခုမှာ ထိုင်နေပြီး စားပွဲပေါ်မှာ အရသာမတူသော ပူပူနွေးနွေး ကျောက်ပုဇွန်နှစ်ပွဲနှင့် ခေါက်ဆွဲနှစ်ပန်းကန်ရှိသည်။ ကျောက်ပုဇွန်ကိုစားပြီးတော့ သူတို့က ခေါက်ဆွဲကို အရည်ထဲထည့်ပြီး စားလိုက်ကြသည်။ ကျောက်ပုဇွန်အရည်နှင့်ရောထားသော ခေါက်ဆွဲက အတော်လေးအရသာရှိသည်။
ရှန်းယုဟန်၏ပါးစပ်က လေးလံပြီး ထူထဲသောရနံ့ကြောင့် သရေကျလာပေမယ့် သူက ထိန်းထိန်းသိမ်းသိမ်း ပြုမူတတ်သော ကောဖြစ်တာကြောင့် သူ့နေရာမှာတင် ကိုယ်ဟန်အနေထားကိုထိန်းထားပြီး ရှန်ချီဟွမ်းဘယ်လိုစားလဲ အရင်ကြည့်လိုက်သည်။ သူက တကယ်တော့ ဘယ်လိုစားရမလဲမသိပေ။
သို့သော် ရှန်ချီဟွမ်းက သူ့ကို နားလည်မှုလွဲသွားပြီး အဓိပ္ပါယ်ကို နက်နဲစေသည်။
“မင်းအတွက် ခွာပေးစေချင်တာလား?”
ရှန်းယုဟန်က သဘာဝဆန်ဆန် အလိုက်အထိုက်သွားခဲ့ပြီး ကျောက်ပုဇွန်ထဲမှာ တက်လာသော အငွေ့ကိုကြည့်ကာ ပြောလိုက်သည်။ “ပူနေတယ်။”
ရှန်ချီဟွမ်းက သူ့ကို တစ်ချက်စိုက်ကြည့်သည်။ “ပူမှကောင်းတာလေ၊ အေးသွားရင် မကောင်းတော့ဘူး။” ထိုစကားပြောပြီး သူက ဆိုင်ကပေးသည့် လက်အိတ်အကြည်ကိုဝတ်ကာ ပုဇွန်ခွာနေသည်။ သူက သပ်သပ်ရပ်ရပ်နှင့် အမြန်လှုပ်ရှားနေပြီး ရှန်းယုဟန်၏ ပန်းကန်လုံးထဲကို အရင်ထည့်ပေးလိုက်သည်။ “စားပြီး အရသာရှိရဲ့လား ကြည့်”
“ယောကျာ်းက အရမ်းကောင်းတာပဲ။” ရှန်းယုဟန်က သူ့ကိုအရင်ချီးကျူးပြီး ကျောက်ပုဇွန်ကိုစားလိုက်သည်။ ကျောက်ပုဇွန်ကို ပါးစပ်ထဲထည့်ပြီးတော့ သူ့အရသာခံဖုလေးက ခေတ်သစ်၏အထူးခြားဆုံး အရသာလို့ ထင်မိသော အစားအသောက်ကို မြည်းစမ်းခဲ့ပြီး သူက ချီးကျူးလိုက်သည်။ “အရမ်းအရသာရှိတာပဲ။”
သူက အရသာရှိတာ တစ်ခုခုကိုစားပြီးတာနဲ့ မျက်လုံးက မှေးကျဥ်းသွားပြီး အောက်နှုတ်ခမ်းကို အမှတ်တမဲ့ လျက်မိသွားသည်။
ရှန်ချီဟွမ်းက သူ အစာစားရတာ ကျေနပ်နေတာကိုတွေ့တော့ သူက ဒုတိယတစ်ကောင်ကိုခွာပြီး သူ့ပန်းကန်ထဲထည့်ပေးလိုက်၏။ ရှန်းယုဟန်၏လက်က သက်သာခါစမို့ လက်လောင်သွားရင် အဆင်မပြေဖြစ်မှာစိုး၍ သူက သူ့အတွက် နည်းနည်းလောက် ခွာပေးသင့်တယ်လို့ တွေးမိခဲ့သည်။
ရှန်းယုဟန်က ကျောက်ပုဇွန်ကို တစ်ကိုက်ကိုက်ပြီး ဝမ်းသာအားရစားလိုက်သည်။ သူ သင်ယူပြီးလို့ပြီးခါနီးမှသာ လက်အိတ်ဝတ်လိုက်ပြီး ကျောက်ပုဇွန်ကိုခွာလိုက်၏။ ပထမတစ်ကောင်ကို ခွာရာမှာနှေးခဲ့ပေမယ့် သူ့လက်က ကျွမ်းကျင်သွားပြီး နွှာပြီးသောအခါ သူ့ခင်ပွန်း၏ပန်းကန်ထဲထည့်ပေးလိုက်သည်။
“ယောကျာ်း၊ စား..” ရှန်းယုဟန်က သူ့လက်ရာကို အလွန်ကျေနပ်နေပြီး ထိုသည်မှာ သူခွာဖူးသော ပထမဆုံးကျောက်ပုဇွန်ဖြစ်သည်။
ရှန်ချီဟွမ်းက ကျေနပ်နေပြီး သူက တစ်ကိုက်တည်းစားလိုက်သည်။ “မင်းက ငါ့အတွက် အခွံနွှာပေးဖို့သိသေးသားပဲ။”
“ဒါဆိုလည်း ထပ်နွှာပေးမယ်။” ရှန်းယုဟန်က နောက်တစ်ကောင်ယူကာ ထပ်ခွာနေစဥ် ချောမွေ့နေသည်။ “ယောကျာ်း…ဒီမှာ။”
ရှန်ချီဟွမ်းက ဒုတိယတစ်ခုကို စားလိုက်ပေမယ့် သူက သူ့ဘာသူခွာနိုင်တာကြောင့် ရှန်းယုဟန်နွှာပေးသော ကျောက်ပုဇွန်ကို စားပြီးနောက်မှာ ရှန်းယုဟန်ကို သူ့ဘာသူစားဖို့သတိပေးလိုက်သည်။
အခွံခွာကျွေးတာက တကယ်ကိုချိုမြိန်လွန်ပြီး စိတ်ဝင်စားဖို့ကောင်းသည်။ သူ့ဇနီးလေး၏ဖြူဖွေးသွယ်လျသော လက်များက ပန်းချီဆွဲဖို့တင်မဟုတ်ပဲ လက်ဆေးပြီး သူ့အတွက် ကျောက်ပုဇွန်ခွာပေးဖို့ဖြစ်၏။
သူတို့နှစ်ယောက်က တစ်ကောင်ပြီးတစ်ကောင် စားလို့ပြီးသွားပေမယ့် ခေါက်ဆွဲထပ်စားနိုင်သေးတာက စိတ်ကျေနပ်စရာကောင်း၏။
သူတို့က ဘေလ်ရှင်းပြီးနောက် သီးသန့်စားသောက်ဆိုင်က ထွက်လာပြီး ရှန်ချီဟွမ်းက ရှန်းယုဟန်ကို လမ်းထွက်လျှောက်ဖို့ ခေါ်သွားချင်ပေမယ့် အပြင်မှာမှောင်ပြီး အေးနေတာကြောင့် ထိုအတွေးကိုစွန့်လွှတ်ကာ အိမ်ကိုတန်းပြန်ခဲ့ကြသည်။
အပြန်လမ်းမှာ နှင်းတွေက ငန်းငှက်မွှေးအလား ကျဆင်းလာကာ ရှန်းယုဟန်က ကားပြတင်းပေါက်ကနေ မှီကြည့်နေပြီး သက်ပြင်းချလိုက်၏။ “ယောကျာ်း…. နှင်းထပ်ကျနေပြီ။”
“အွန်း.. နှင်းကျချိန်မှာ မအေးဘူးလို့ပြောကြပေမယ့် နှင်းကျချိန်မှာ အေးတယ်လို့ငါထင်တယ်။” ရှန်ချီဟွမ်းကပြောလိုက်သည်။ လူတိုင်းက လေ၊ပန်း၊နှင်းနဲ့လကို နှစ်သက်ပေမယ့် လက်တွေ့ကျဖို့လိုသေးသည်။ အပြင်မှာအေးနေရင် ဘယ်သူမှအပြင်မထွက်ချင်ပေ။
“အမှန်ပဲ၊ အတိတ်မှာ လူတွေဘယ်လောက်တောင် သေခဲ့ကြတာမို့လဲ” ရှန်းယုဟန်က သူ့အဖေ နှင်းကိုမြင်တိုင်း မျက်မှောင်ကြုတ်တာကို သတိရသွားသည်။ သူတို့က မရှိတော့တာကြာပြီဆိုတာ သူသိပေမယ့် သူ့စိတ်ထဲမှာ သူတို့အသက်ရှင်နေတယ်လို့ မျှော်လင့်နေဆဲပင်။ သူက သူ့မိသားစုအကြောင်း အမြဲတွေးလေ့ရှိပေမယ့် သူ့မွေးရပ်မြေနဲ့ဝေးနေတာကြောင့် ဝမ်းနည်းနေသေးသည်။
ရှန်ချီဟွမ်းက လွမ်းဆွေးနေသော သူ့လေသံကိုနားထောင်ပြီး ငယ်ရွယ်မှုအားမာန်ကင်းမဲ့နေတာကြောင့် ကူကယ်ရာမဲ့ပြောလိုက်သည်။ “အတိတ်ကအတိတ်ပါပဲ။ ဘာမှလုပ်လို့မရဘူး။ သူတို့က အချိန်မှားပြီးမွေးဖွားလာတာပဲ။ ခေတ်တိုင်းရဲ့လူတွေမှာ သူတို့ရဲ့ကိုယ်ပိုင်ရှင်သန်နည်းရှိပြီး စစ်ပွဲအကြောင်းကိုစဥ်းစားမယ်ဆိုရင် အဲ့ဒီလူတွေက စစ်ပွဲမီးတောက်ထဲမှာ နေ့တိုင်းနေခဲ့ရတာ၊ ဘယ်တစ်ခုက ဝမ်းနည်းစရာပိုကောင်းလဲ။ အေးခဲသေတာလား၊ စစ်ပွဲကြောင့်သေတာလား?”
ရှန်းယုဟန်က ရှန်ချီဟွမ်း၏စကားများကြောင့် ရုတ်တရက်နိုးကြားလာပြီး သူက အရွှန်းဖောက်လိုက်သည်။ “အားလုံးဝမ်းနည်းစရာကောင်းတယ်။ ဒါကြောင့် ကျွန်တော်က လက်ရှိဘဝကို တန်ဖိုးထားမှာ။” သူက လက်ရှိဇာတ်ကောင်များကို အပြည့်အဝနားလည်နိုင်ပြီမို့ ခေတ်သမိုင်းကို ပိုနားလည်လာသည်။ “ယောကျာ်း၊ ကျွန်တော် သမိုင်းစာအုပ်ဝယ်ချင်တယ်။”
“ကောင်းပြီ……” ရှန်ချီဟွမ်းက အသံကိုဖိပြောကာ သူ့ဇနီး စာဖတ်တာကို သဘောကျတာက ကောင်းတဲ့အရာဖြစ်သည်။ “ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပျိုးထောင်ရမလဲသိသားပဲ။”
“အွန်း… ကျွန်တော်စာများများဖတ်ပြီး ခန္ဓာကိုယ်ကို အာဟာရဖြည့်သင့်တယ်။” ရှန်းယုဟန်က နောက်တစ်ကြိမ် အရွှန်းဖောက်လိုက်သည်။
&&&&&&&&&&&
Chapter 51.2
“စစ်မှန်မှုကို အမှန်အတိုင်းမြင်ခဲ့ခြင်း”
ည၈နာရီမှာ သူတို့နှစ်ယောက်က သူတို့၏နွေးထွေးမှုအိမ်ကလေးကို ပြန်ရောက်လာပြီး သူတို့က ကုတ်ထူထူဝတ်ထားစရာ မလိုတော့ပဲ လွတ်လွတ်လပ်လပ် သက်တောင့်သက်သာဖြစ်နေကြသည်။
ရှန်းယုဟန်က ရေချိုးပြီးနောက် သူ့ခြေထောက်နာနေတာကို သိလိုက်ပြီး ကုတင်ပေါ်မှာ ခြေထောက်ကိုပွတ်နေသည်။ ရှန်ချီဟွမ်းထွက်လာတော့ ခြေသလုံးကြွက်သားကို နှိပ်နေသော ရှန်းယုဟန်ကို တွေ့သွားသည်။ “ဘာဖြစ်လို့လဲ?”
ရှန်းယုဟန်က ကိုက်ခဲနေသော ခြေထောက်ကြွက်သားကို နှိပ်နေပြီး သူ့လေသံကို ဖိပြောလိုက်သည်။ “ကျွန်တော့် ခြေဖဝါးနာတယ်၊ ယောကျာ်း၊ ကူပွတ်ပေးပါဦး။”
ရှန်ချီဟွမ်းက ရံဖန်ရံခါချစ်ဖို့ကောင်းသော သူ့အပြုအမူကြောင့် ဆွဲဆောင်ခံလိုက်ရပြီး သူက ရှန်းယုဟန်၏အမိန့်ကိုလည်း ကျင့်သားရနေခဲ့သည်။ သူက သူ့ခြေထောက်ကို သူ့ဘက်ဆွဲပြီး ညင်ညင်သာသာ နှိပ်ပေးလိုက်သည်။ “ဘယ်လိုလုပ်ရမလဲ?”
ရှန်းယုဟန်၏ခြေချောင်းလေးက လုံးဝန်းပြီး ဖြူဖွေးကာ ချစ်စရာကောင်းသလို သူ့ခြေသည်းများကပင် ပန်းရောင်သန်းနေသည်။
“ယောကျာ်းနှိပ်ပေးတာ ကျွန်တော်နှိပ်တာထက် ပိုကောင်းတယ်။” ရှန်းယုဟန်က သူ့ရင်ထဲမှာရှိတာကို ပြောလိုက်ပြီး ဒီနေ့ပြိုင်ပွဲအကြောင်းပြောပြခဲ့သည်။ “ကျွန်တော်တစ်နေ့လုံးမတ်တပ်ရပ်နေရတာ၊ ကျွန်တော် လက်ရေးလှရေးပြီးတော့ ပန်းချီလည်း ဆွဲရသေးတယ်။ ကြားထဲမှာ နားချိန်မရှိဘူး။”
“ဒါဆိုနောက်တစ်ခါမလုပ်နဲ့တော့” ရှန်ချီဟွမ်းက ပြောလိုက်သည်။ သူက ရှန်းယုဟန် တခြားသူများနှင့် ကစားခဲ့တာကို သူ့စိတ်ထဲမှာ တွေးနေဆဲပင်။
ရှန်းယုဟန်က သူ့ခင်ပွန်းနှင့် အပြင်လူကြား ကွာခြားချက်ကို နားလည်သွားပြီး ဖျော့တော့တော့ ပြုံးလိုက်သည်။ “သွားရဦးမှာ”
နာကျင်နေသောခြေထောက်နဲ့ပတ်သတ်ပြီး လျှိုထန်က လေ့ကျင့်ခန်းပိုလုပ်ဖို့ ပြောခဲ့ပေမယ့် သူ့ခင်ပွန်းကတော့ သူ့ကိုမသွားဖို့ပြောခဲ့သည်။ သူ့ခင်ပွန်းက သူ့အတွက် စိတ်မကောင်းဖြစ်နေပြီး တခြားသူတွေ ဘယ်လောက်ကောင်းကောင်း သူ့ခင်ပွန်းလောက်တော့ ကောင်းမှာမဟုတ်။
ရှန်ချီဟွမ်းက ညည်းတွားလိုက်သည်။ “မင်းကစားနေတာမလား?” သူက ရှန်းယုဟန်၏ ခြေသလုံးကြွက်သားကိုနှိပ်ရာမှာ အားစိုက်ထည့်လိုက်သည်။
“မဟုတ်ပါဘူး။” ရှန်းယုဟန်က နာသွားလို့ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ “ခင်ဗျားဖိလိုက်တဲ့နေရာက အရမ်းနာတယ်။ ဖြေးဖြေးလုပ်။”
“နာမှာ အရမ်းကြောက်တာလား?” ရှန်ချီဟွမ်းက အားနည်းနည်းပဲ သုံးလိုက်ရသည်။ သူက သူ့ဘယ်ခြေထောက်ကို လွှတ်ပေးကာ ညာခြေထောက်ကို ဆွဲယူလိုက်သည်။
“မဟုတ်ဘူး။ ဒီတိုင်းနာနေတာ။” ရှန်းယုဟန်က သူနဲ့သူ့ခင်ပွန်းကြားရှိ အကွာအဝေး နားကပ်လာတာကို သိလိုက်သည်။ “ကျွန်တော်က နာကျင်မှုကို ကြောက်လို့မဟုတ်ပါဘူး။”
ရှန်ချီဟွမ်းက သူ့ကို ခဏလောက်နှိပ်ပေးနေပြီး ဖြူစင်သလိုဟန်ဆောင်နေသည်။ ထို့နောက် ရပ်လိုက်ပေမယ့် ရှန်းယုဟန်၏ညာခြေထောက်ကို လွှတ်မပေးခဲ့ပေ။ ရှန်းယုဟန်က သူ့ခြေထောက်ကို ပြန်ဆုတ်ပြီး စောင်အောက်မှာ ထည့်ထားချင်နေသည်။
“ယောကျာ်း?” သူက နားမလည်နိုင်သလိုဖြစ်ကာ “ခင်ဗျားမအိပ်သေးဘူးလား?”
“အိပ်မှာပေါ့” ရှန်ချီဟွမ်းက သူနှိပ်ပေးခဲ့သောခြေထောက်ကို စောင်ထဲထည့်ပေးပြီး တိုးတိုးလေးပြောလိုက်သည်။ “ပြီးသွားပြီ အိပ်တော့”
ရှန်းယုဟန်က သူ့ခြေထောက်ကို စောင်ထဲထည့်ပြီး စောင်ကို ရင်ဘတ်ပေါ်ဆွဲကာ အိပ်ဖို့ပြင်လိုက်သည်။
အိပ်ရာဝင်ချိန်ရောက်ပြီဖြစ်၍ ရှန်ချီဟွမ်းက အိပ်ရာထဲဝင်ဖို့ပြင်ပြီး သူကစောင်ထောင့်ကိုဆွဲကာ အိပ်ရာနွေးနွေးလေးထဲဝင်လိုက်သည်။
ရှန်းယုဟန်က ရှန်ချီဟွမ်း၏လက်မောင်းထဲကို အလေ့အကျင့်တစ်ခုလို ရွှေ့သွားပြီး ရှန်ချီဟွမ်းက သူ့ကိုဖက်ထားသည်။ သူ၏ကြည့်လင်သောမျက်လုံးများက ရှန်ချီဟွမ်းကို စိုက်ကြည့်ကာ သံသယဖြစ်သလိုမေးလိုက်သည်။ “ယောကျာ်း?” အရင်ကလိုဖြစ်မယ်ထင်ကာ သူ့မျက်နှာက ပူနွေးလာပြီး မျှော်လင့်ချက်များဖြင့် ပြည့်နေသည်။
“ကပ်တွယ်လွန်းတယ်၊ မင်းက နောက်ဆုံးဘဝမှာ သကြားဖြစ်ခဲ့တာလား?” ရှန်ချီဟွမ်းက မနေနိုင်ပဲ ပြောလိုက်သည်။
ရှန်းယုဟန်က သူ့ခန္ဓာကိုယ်ကို ရွှေ့လိုက်ပြီး သူ့ခေါင်းအုံးမှာ လဲလျောင်းလိုက်တော့ ရှန်ချီဟွမ်း၏အနမ်းက သူ့မျက်ခုံးပေါ်ရောက်လာသည်။
ရှန်ချီဟွမ်းက ရှန်းယုဟန်၏ ဘေးတစ်ဖက်တစ်ချက်စီမှာ လက်ထောက်ထားပြီး ခေါင်းငုံ့ကာ ရှန်းယုဟန်ကို တည့်ပြောလိုက်သည်။ “ရှန်းယုဟန်၊ မင်းက ငါ့ဝိညာဥ်ကို မြှူစွယ်တဲ့နေရာမှာ အရမ်းတော်တာပဲ။”
ရှန်းယုဟန်က မျက်တောင်ခတ်ကာ သူ့အကြည့်က ကြည်လင်နေပေမယ့် အနည်းငယ်ရှုပ်ထွေးနေသည်။ ဤသည်မှာ ရှန်ချီဟွမ်း ရင်းနှီးသောနေရာဖြစ်ပြီး ဘယ်လိုမှရှောင်လွှဲလို့မရပေ။ ရှန်းယုဟန်က သူ့ကိုမြှူစွယ်နေတယ်လို့ ခံစားမိပြီး သူ့အကြည့်၊ သူ့လှုပ်ရှားမှု၊ သူ့အရေပြားတစ်လက်မချင်းစီက သူ့အတွက်လက်နက်တစ်ခုဖြစ်၏။ ရှန်းယုဟန်က ထိုသို့လုပ်တိုင်း သူ့နှလုံးသားက အချိန်တိုင်း လှုပ်ရှားနေခဲ့သည်။
“ယောကျာ်း၊ ကျွန်တော်က ခင်ဗျားကို စိတ်ရင်းနဲ့သဘောကျတာပါ။ ပြီးတော့ ခင်ဗျားနဲ့ အရင်းနှီးဆုံးအရာကို လုပ်ချင်တယ်။” သူ့စကားက ပို၍နူးညံ့လာပြီး နောက်ဆုံးမှာ ရှန်ချီဟွမ်း၏အနမ်းဖြင့် ပိတ်ဆို့ခံလိုက်ရသည်။
ငါသိတယ်၊ ပရော်ပရည်လုပ်တတ်တဲ့ မြေခွေးလေးရဲ့။
သူအခုလုပ်ချင်တာနဲ့ အမြဲတမ်းလုပ်ချင်ခဲ့တာက ရှန်းယုဟန်နှင့် အရင်းနှီးဆုံးအရာကိုလုပ်ဖို့ဖြစ်သည်။
သူ့လက်ချောင်းများက ရှန်းယုဟန်၏ ညအိပ်ဝတ်အင်္ကျီပေါ်ကို ရွေ့လျားသွားကာ ဖြည်းဖြည်းချင်း ကျူးကျော်ဝင်ရောက်လိုက်သည်။ သူက မနက်ဖြန်မှာ အပြင်သွားဖို့ရှိတာကြောင့် ဒီည အိပ်ရာစောစောဝင်ချင်ခဲ့ပေမယ့် သူတိုက်ခိုက်ချင်သော မြို့ကိုလည်း ကျူးကျော်ဝင်ရောက်ချင်သည်။
အခန်းအပူချိန်က မြင့်တက်လာပြီး ရှန်ချီဟွမ်း၏ တောင့်တင်းသောနောက်ကျောမှာ ချွေးပျံနေသည်။
ရှန်းယုဟန်က နာကျင်မှာကိုကြောက်တယ်လို့ပြောခဲ့စဥ် ရှန်ချီဟွမ်းက ဖြစ်လာမယ့်အရာကို တကယ်စိုးရိမ်နေခဲ့သည်။
ရှန်ချီဟွမ်းက သူရှေ့ဆက်ရင် မသက်မသာဖြစ်နိုင်ကြောင်း ရှန်းယုဟန်၏ နားထဲမှာ တိုးတိုးလေးပြောခဲ့သည်။
ရှန်းယုဟန်၏သွယ်လျသော လက်ချောင်းများက သူ့ပခုံးပေါ်မှာ နားနေပြီး ရှန်ချီဟွမ်းက သူမသိမသာ ခေါင်းညိတ်လိုက်တာကို သိနေခဲ့သည်။
နှင်းကျနေသောညကောင်းကင်က လှပပြီး စိတ်ခံစားချက်နှင့် ဆန္ဒများကို ဖော်ပြဖို့အတွက် အသင့်လျော်ဆုံးအချိန်ဖြစ်၏။
ရှန်းယုဟန်က ယနေ့ညမှာ ခေတ်မီလူ့အဖွဲ့အစည်းထဲ အနည်းငယ်ပို၍ ဝင်ရောက်နိုင်ခဲ့သည်ဟု ခံစားမိပြီး စစ်မှန်မှုကို အမှန်အတိုင်းမြင်နိုင်ခဲ့သည်။
ဤသည်မှာ ရှေးခတ်နှင့် ခေတ်သစ်၏ပေါင်းစည်းမှုဖြစ်ပြီး ကမ္ဘာအသစ်မှာ သူ့အတွက် တံခါးအသစ်တစ်ခု ဖွင့်ပေးခဲ့သည်။ သူကမ္ဘာသစ်ကိုဖြတ်သန်းသွားသည်နှင့် ဘဝအသစ်ကိုစတင်ခဲ့သည်။
–
နောက်နေ့မှာ ရှန်းယုဟန်က အလွန်မသက်မသာဖြစ်ကာ နိုးလာခဲ့ပြီး မနေ့က သူ့ခြေသလုံးကြွက်သားတစ်ခုတည်း နာခဲ့ပေမယ့် အခုတော့ နာကျင်မှုက သူ့တစ်ကိုယ်လုံးမှာဖြစ်ပြီး သူ့မှာလှည့်ဖို့အားတောင်မရှိသဖြင့် ကုတင်ပေါ်မှာ ပက်လက်လဲလျောင်းနေပြီး မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်လိုက်ရသည်။
သူက ကောတစ်ယောက်သာဖြစ်ခဲ့ရင် ဒီအခက်အခဲများကို ခံစားခဲ့ရမှာမဟုတ်ပေမယ့် သူက အစပိုင်းမှာ ရုပ်ပိုင်းဆိုင်ရာ မသက်မသာဖြစ်ခဲ့တာကလွဲရင် အားလုံးက တူညီသောအရာသာဖြစ်၏။
သူက မနေ့ညက ငိုခဲ့ရလို့ ရောင်ရမ်းနေသော မျက်လုံးကိုဖွင့်ပြီး သူ့ခင်ပွန်း၏ လွတ်နေသောခေါင်းအုံးမှာ မျက်နှာကိုမြှုပ်ထားလိုက်သည်။
သူက သူဘယ်လောက်ထိ အိပ်ခဲ့လဲမသိပေမယ့် သူ့ဗိုက်က ဆာလောင်မှုကြောင့် မြည်နေသည်။
သူက သူ့မျက်နှာကို ခေါင်းအုံးထဲမှာမြှုပ်ပြီး ခဏလောက်မိန်းမောနေကာ မနေ့ညက မှတ်ဉာဏ်က သူ့စိတ်ထဲမှာ လှိုင်းလုံးတစ်ခုလို ပိုရှင်းလင်းလာပြီး သူ့မျက်နှာက နီရဲလာခဲ့သည်။
သူ့ခင်ပွန်းက လွန်လွန်းသည်။ သူက ပုံမှန်ဆိုရင် ဒီလိုမဟုတ်တာသိသာသည်။ ပုံမှန်ဆိုရင် ရှန်ချီဟွမ်းက သူ့ကို ညင်ညင်သာသာ နှစ်သိမ့်ပေမယ့် မနေ့ညက ရှန်ချီဟွမ်းက ထိုသို့လုံးဝမဟုတ်ပဲ ကွဲပြားသောလူတစ်ဦးလိုပင်။
ရှန်းယုဟန်၏ခန္ဓာကိုယ်က ဆန့်လိုက်တိုင်း နာကျင်နေပြီး လုံးဝလှုပ်လို့မရပေ။
.
ရှန်းယုဟန်က ထိုအရာကို သတိရလေ မျက်နှာပိုပူလာလေဖြစ်ပြီး မျက်နှာတင်မကပဲ စောင်ပတ်ထားသော သူ့ခန္ဓာကိုယ်ကပါ လှုပ်ရှားလိုက်ရင် နာလာသည်။
ထိုအချိန်မှာ သူ လက်ထပ်ဖို့ ချူနိုင်ငံကိုမသွားမီက အဖြစ်အပျက်တစ်ခုကို သတိရသွားသည်။ ချူတိုင်းပြည်၏ အုပ်ချုပ်သူက မစွမ်းဆောင်နိုင်ရင် ရှန်းယုဟန်ကို ငြိမ်းချမ်းရေးစာချုပ်၏ သတို့သမီးအဖြစ် မပေးနိုင်ဘူးလို့ သူ့ကိုသင်ပေးသော မော့မော့တို့က ပြောပြခဲ့သည်။
သူက အခု သရုပ်ဆောင်စရာမလိုတော့ပေ။ သူအခုနာကျင်နေတာက မနေ့ညက ဘယ်လောက်ထိ ကြေကွဲစရာကောင်းခဲ့လဲဆိုတာကို သက်သေပြနေတာဖြစ်သည်။
ရှန်းယုဟန်က ဗိုက်အရမ်းဆာတာကြောင့် သူက အိပ်ရာထကာ ဆေးကြောလိုက်သည်။ သူ့လှုပ်ရှားမှုများက နှေးကွေးပြီး သူလုပ်သမျှက မိနစ်များစွာ နှေးကွေးနေကာ ရေချိုးခန်းသွားတာကပင် မသက်မသာဖြစ်စေသည်။
အမျိုးသားနှစ်ယောက်ကြားက ဆက်ဆံရေးက ဒီလိုဖြစ်ပြီး သူက နောက်တစ်ကြိမ်ကို လုံးဝမျှော်လင့်မထားပေ။ အိမ်ထောင်ပြုသည့်အခါ မင်္ဂလာခန်းလည်း ရှိမနေသင့်ပေ။
သူက အချိန်ကိုကြည့်လိုက်တော့ နေ့လည်စာစားချိန်နီးနေပြီဖြစ်၍ ရေချိုးဖို့ အချိန်အများကြီးယူခဲ့ရသည်။
သူက ဗီရိုထဲက ကော်လာမြင့်အင်္ကျီတစ်ထည်ကို ရှာဝတ်လိုက်ပြီး သူ့လည်ပင်းကို အတက်နိုင်ဆုံးဖုံးကွယ်ထားသည်။ တခြားသူတွေ မြင်သွားရင် သူတို့အရှက်ရမှာမဟုတ်ပဲ သူအရှက်ရမှာဖြစ်သည်။ သူတို့က တစ်ချက်ကြည့်ရုံနဲ့ သူဘာလုပ်ထားလဲဆိုတာ သိသွားပေမည်။
ရှန်းယုဟန် ဘောင်းဘီဝတ်ပြီးတာနဲ့ အခန်းတံခါးက အပြင်ကနေ တွန်းဖွင့်ခံလိုက်ရပြီး ရှန်းယုဟန်က မော့ကြည့်လိုက်တော့ သူ့ခင်ပွန်း၏မျက်နှာကို တွေ့လိုက်ရသည်။ သူ့မျက်နှာပေါ်မှာ မနေ့ညက အမှတ်အသားတစ်ချို့ရှိနေပြီး သူက ထိုအဖြစ်ဆိုးကို ခံစားခဲ့ရသည့် တစ်ဦးတည်းသောသူ ဖြစ်ပုံမရပေ။
သို့သော် ယခုချိန်မှာ သူ့ခင်ပွန်းက ကုမ္ပဏီမှာ ရှိနေသင့်သည်။
“ယောကျာ်း၊ အလုပ်မသွားဘူးလား?”
ရှန်းယုဟန်က မှန်ရှေ့မှာ ကော်လံကိုအရင်ဆွဲလိုက်ပြီး အသုံးမဝင်တာကို တွေ့လိုက်ရသည်။ ယင်းက သူ့လည်ပင်းပေါ်က အမှတ်အသားများကို ဖုံးမကွယ်နိုင်ခဲ့ပေ။
ရှန်ချီဟွမ်းက ခေါင်းခါပြီး ပြောလိုက်သည်။ “ငါဒီနေ့အလုပ်မသွားဘူး။ အလုပ်မရှိရင် အပြင်မထွက်ဘူး။” သူအသုံးမဝင်တာကို လုပ်နေတာတွေ့တော့ ရှန်ချီဟွမ်းက သူ့ကိုဆွဲခေါ်လိုက်သည်။ “မဖုံးနဲ့တော့၊ မင်းဒီနေ့အပြင်သွားစရာမရှိဘူး။ အိမ်မှာလည်း ဘယ်သူမှမရှိဘူး။”
ရှန်းယုဟန်က သူ့ကိုကြည့်ကာ တိုးတိုးလေးပြောလိုက်သည်။ “အဲ့ဒါ ခင်ဗျားအပြစ်ပဲ။”
“မင်းကိုယ့်ကို ဘာလို့အပြစ်တင်နေတာလဲ၊ မင်းကသာ အပြစ်ရှိတဲ့လူပဲ။ မင်းက ကိုယ့်ကို နေ့တိုင်းမြှူစွယ်နေတာ မြေခွေးလေးရဲ့” ရှန်ချီဟွမ်းက ဒီနေ့ အလုပ်ခရီးထွက်ဖို့ လုပ်ထားပေမယ့် သူက အိမ်မှာပဲနေလိုက်သည်။ ရှန်းယုဟန်က ထမင်းစားပြီးနောက် သူထွက်သွားတာကို သိလိုက်ရရင် အငိုရပ်တော့မှာမဟုတ်။ သူက မနေ့ညကလည်း အတော်လေးငိုခဲ့သည်။
သူက ရှန်ချီဟွမ်း၏လက်ကို ခါယမ်းလိုက်သည်။ “ခင်ဗျားကို ဂရုမစိုက်တော့ဘူး။” ရှန်းယုဟန်က သူ့လှည့်ကွက်ကို သုံးခဲ့သည်။
ရှန်ချီဟွမ်းက ဒီနေ့မှာ စိတ်ကောင်းဝင်နေတာကြောင့် ရှန်းယုဟန်နဲ့ ငြင်းခုံမနေတော့ပေ။ “ဟုတ်ပါပြီ။ ကိုယ့်အပြစ်ပါ။”
ထမင်းစားခန်းမှာ စားသောက်နေစဥ် ရှန်းယုဟန် ထိုင်နေကျကုလားထိုင်ပေါ်မှာ ကူရှင်ရှိနေခဲ့သည်။
နေ့လည်မှာ ရှန်ချီဟွမ်းက သူပြောသလိုလုပ်ခဲ့ပြီး ဘယ်မှမသွားပဲ ရှန်းယုဟန်နှင့် အိမ်မှာ တရေးတမောအိပ်ခဲ့သည်။ သို့သော် သူက သူ့အခန်းမှာမအိပ်ပဲ ရှန်းယုဟန်၏ စာဖတ်ခန်းထဲက ကူရှင်အသေးလေးပေါ်မှာ အိပ်နေခဲ့သည်။ ထို့နောက် သူက ထိုအရာကိုလုပ်ရတာ အပျော်ဆုံးသူမှာ ရှန်းယုဟန်သာဖြစ်တယ်လို့ တွေးနေခဲ့သည်။
သူက နေ့လည်ခင်း ဤနေရာမှာ လဲလျောင်းနေစဥ် ရှန်းယုဟန်က သူ့နားကပ်လာကာ နူးနူးညံ့ညံ့ ပြောလာသည်။ “ယောကျာ်း၊ တစ်ရေးအိပ်ဖို့ ဖက်ထားပေး၊ ကျွန်တော် နည်းနည်းနာနေတုန်းပဲ”
“ကောင်းပြီ၊ ငါမင်းကို မဖက်ရင်လည်း မနေ့ညအတွက် အပြစ်တင်ခံဦးမယ်။” ရှန်ချီဟွမ်းက သူ့ကို လက်မောင်းထဲပွေ့ဖက်ကာ အနားယူခိုင်းလိုက်သည်။ ဤတွယ်ကပ်လွန်းသည့် သက်ရှိလေးက ပိုပိုပြီး တွယ်ကပ်လာခဲ့သည်။
ရှန်းယုဟန်က သူရင်ဘတ်ကို နဖူးနဲ့တိုက်လိုက်ပြီး သူ့မျက်နှာကို မြှုပ်နှံလိုက်သည်။ “အဲ့ဒါကိုမပြောနဲ့တော့။”
ရှန်ချီဟွမ်းက ညင်ညင်သာသာ ရယ်မောလိုက်ပြီး သူ့နောက်ကျောကိုပုတ်ပေးလိုက်သည်။ “အိပ်တော့၊ မင်းကိုမစတော့ဘူး။”
သူ့ဇနီးလေးက မွှေးကြိုင်နူးညံ့ပြီး ဖက်လို့ကောင်းသည်။ သူကအရမ်းမလေးတာကြောင့် အဖိခံထားရတာတောင် မသက်မသာမဖြစ်စေခဲ့ပေ။
သူတို့နှစ်ယောက်က ကုတင်အသေးလေးပေါ်မှာ အတူအိပ်ခဲ့ကြပြီး မွန်းလွဲပိုင်းမှာ ရှန်ချီဟွမ်း၏ ဖုန်းတုန်ခါသံက သူတို့ငြိမ်းချမ်းရေးကို နှောင့်ယှက်လာခဲ့သည်။
ရှန်းယုဟန်က မျက်မှောင်ကြုတ်ကာ မျက်လုံးကို မှေးကျဥ်းထားပြီး သူ့ကိုမေးလိုက်သည်။ “ဘယ်သူလဲ?”
ရှန်ချီဟွမ်းက သူ့ကို ညင်ညင်သာသာ လွှတ်ပေးလိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။ “မင်းနည်းနည်းထပ်အိပ်လိုက်ဦး၊ အဲ့ဒါက အစ်ကိုကြီးရဲ့ဖုန်း၊အပြင်ထွက်ပြောလိုက်မယ်။”
ရှန်းယုဟန်က လှိမ့်ပြီးစောင်ကိုဖက်ကာ ဆက်အိပ်လိုက်ပြီး ရှန်ချီဟွမ်းက အိပ်ရာပေါ်က ပုံရိပ်ကိုကြည့်ရင်း စာဖတ်ခန်းမှထွက်ကာ ဖုန်းပြောနေသည်။
ဖုန်းခေါ်ဆိုမှုက သူ့အစ်ကိုကြီးဆီကဖြစ်ပေမယ့် ဒီတစ်ကြိမ်မှာ တကယ်ကို စိတ်အနှောင့်ယှက်ဖြစ်စရာသတင်းဖြစ်ပြီး သူက ဒီရက်ပိုင်းမှာ တိတ်ဆိတ်သောနေ့ရက်များ မရှိတော့မှာကိုပင် စိတ်ပူမိသည်။
ရှန်ထျန်းဖုန်းက နေမကောင်းတာ နှစ်ရက်ရှိပြီဖြစ်၍ သူ့ခြေထောက်ဒဏ်ရာကို ဆေးရုံမှာ အတွင်းကျကျစစ်ဆေးပြီးနောက် ဆရာဝန်က သူ့မှာ ကင်ဆာဖြစ်နိုင်ချေရှိသည့် လက္ခဏာရှိနေတယ်လို့ ပြောခဲ့သည်။
ဤအရေးပေါ်သတင်းက ရှန်မိသားစု၏ နုနယ်သောဟန်ချက်ကို ချိုးဖျက်နိုင်သည်မှာ မလွဲမသေဖြစ်သည်။