no

Font
Theme

Chapter 59.1

“ယောကျာ်းကအကောင်းဆုံးပဲ”

ရှန်ချီဟွမ်းက ရန်လိုနေတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဒါရိုက်တာကျင်းက သူ့​တောင်းဆိုချက်အများစုကို လက်ခံခဲ့ပြီး ရှန်းယုဟန်၏လက်အတွက် အာမခံငွေပါပေးခဲ့သည်။ ယခုခေတ်မှာ စန္ဒယားပညာရှင် တော်တော်များများက သူတို့လက်အတွက် အာမခံဝယ်နေကြပြီမလို့ ရှန်ချီဟွမ်းမှာ ဒီလိုအခြေအနေရှိနေတာက အံ့အားသင့်စရာမရှိပေ။ စတူဒီယိုနွေးအောင်လုပ်တာနဲ့ ဒီလိုအရာများက စိတ်ကြိုက်ရွေးချယ်မှုသာဖြစ်သည်။

အတိုချုပ်ဆိုရရင် ဥက္ကဋ္ဌရှန် တင်ပြသောလိုအပ်ချက်များက ကွဲပြားပြီး ဒါရိုက်တာကျင်းက ထိုအရာများကိုဖြည့်စည်းပေးဖို့ အကောင်းဆုံးကြိုးစားရုံသာတတ်နိုင်သည်။ ရိုက်ကူးရေးအတွက် လိုအပ်ချက်ကို ဖြည့်စည်းပေးနိုင်သော လူတစ်​ယောက်နဲ့ဆုံနိုင်ဖို့က မလွယ်ကူပေ။ အဓိက လိုအပ်ချက်နှစ်ချက်မှာ တစ်ချက်က ပန်းချီကားမှာ အရှိန်အဝါရှိပြီး နောက်တစ်ချက်က လက်တွေကြည့်ကောင်းဖို့ဖြစ်၏။

ခေတ်မီပန်းချီဆရာများ၏လက်ရာများက မကောင်းတာမဟုတ်သလို သူက မတတ်နိုင်လို့လည်းမဟုတ်ပဲ ဆရာအများစုက အသက်ကြီးပြီး သူ့လိုအပ်ချက်နဲ့ မကိုက်ညီလို့ဖြစ်သည်။ သူက ရှန်းယုဟန်နှင့် သိကျွမ်းချင်ခဲ့သည်မှာ ရှန်းယုဟန်၏လက်ပုံကို ဝေ့ပေါ်မှာတွေ့ပြီး တစ်ချက်ကြည့်ရုံနဲ့ ချစ်မိသွားလို့ဖြစ်သည်။ ရှန်းယုဟန်က ဤပန်းချီကားအတွက် အစားထိုးလုပ်ပေးရမှာဖြစ်သည်။ မဟုတ်ရင် သူက ရှန်ချီဟွမ်း၏ ကျိုးကြောင်းမသင့်လျော်သော တောင်းဆိုမှုများကို သူလိုက်လျောခဲ့မှာမဟုတ်ချေ။

.

စာပေနဲ့အနုပညာသမားမှာ ဘယ်သူကများ တမူမထူးလို့လဲ… သူတို့က ပါရမီထူးသောဘဝမှာ နေကြသဖြင့် နားလည်ပေးလို့ရသည်။

ဒါရိုက်တာကျင်း၏ ရုပ်ရှင်ရိုက်ကူးရေးတည်နေရာက နည်းနည်းဝေးတာကြောင့် ရှန်းယုဟန်က တတိယမြောက်နေ့မှာ ရှန်ချီဟွမ်းနှင့် ခရီးထွက်ဖို့သဘောတူခဲ့သည်။

ရှန်ချီဟွမ်းက လက်ပြန်ကောင်းပြီးနှစ်ရက်ကြာတော့ ကုမ္ပဏီကို စစ်ဆေးဖို့သွားခဲ့ပြီး ဤသည်မှာ ဝန်ထမ်းများနှင့် ရှယ်ယာရှင်များကို အာမခံချက်ပေးခဲ့သည်။ သူက ပိတ်ရက်မှာ အလုပ်သွားစရာမလိုသောအခါ ရှန်းယုဟန်ကို ဒါရိုက်တာကျင်း၏ ကျင်းဖုန်းရုပ်မြင်သံကြားစတူဒီယို ရိုက်ကူးရေးနေရာကို တစ်ရက်ကြိုခေါ်သွားခဲ့သည်။

ကျင်းဖုန်းရုပ်မြင်သံကြားစတူဒီယိုက အနည်းငယ်ဝေးလံပြီး တည်နေရာက ဆောင်းရာသီတွင် လူသူကင်းမဲ့ကာ တိုးရစ်အများစုက ဤနေရာကို မလာကြပေ။

သူတို့က အနီးနားရှိ အဆင့်မြင်ဇိမ်ခံဟိုတယ်မှာနေဖို့ ရွေးချယ်ခဲ့ကြပေမယ့် ရှန်ချီဟွမ်းက ဤဟိုတယ်က ဘယ်နေရာမှမကောင်းဘူးလို့ ခံစားမိခဲ့သည်။ အပူပေးစက်က မနွေးသလို ရေးကလည်းမနွေးပဲ အခန်းက မှောင်မဲနေကာ အသံမလုံပေ။

ရှန်းယုဟန်က သိပ်ဂရုမစိုက်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမြင်သမျှက ဝတ္ထုဆန်တယ်လို့ခံစားမိပြီး ဤသည်မှာ ခေတ်မီမြို့ပြမဟုတ်သောနေရာကို ပထဆုံးရောက်ဖူးတာဖြစ်၍ အရသာကကွဲပြားနေ၏။

သူတို့ရောက်တော့ ညနေစောင်းနေပြီး အခန်းထဲမှာ သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီးနောက် ရှန်းယုဟန်က ဤနေရာရှိ ရှုခင်းမကြည့်ရတာကို နှမြောတသဖြစ်နေသည်။ သို့သော် ရှန်ချီဟွမ်းက ဤနေရာမှာ ရုပ်ရှင်နှင့်ဇာတ်လမ်းတွဲအတွက် ရိုက်ကူးရေးစခန်းဖြစ်ပြီး ကြည့်စရာဘာမှမရှိဘူးလို့ ပြောခဲ့သည်။ ကြည့်ကောင်းသည်မှာ ရုပ်ရှင်နှင့်ရုပ်မြင်သံကြားစတူဒီယိုနှင့် ဘေးပတ်ပတ်လည်ရှိ ဆွဲဆောင်မှုရှိသော ဖွံ့ဖြိုးပြီးမြို့လေးများဖြစ်သည်။

သူတို့က ဒီနေ့မှာစောစောရောက်လာပြီး အနီးအနားရှိ ယာတောအိမ်က ဖွင့်လှစ်ထားကာ ဒေသထွက်ကြက်၊ ဘဲနှင့်ငါးဆိုင်းဘုတ်များရှိနေပြီး ရှန်ချီဟွမ်းက တစ်ချက်ကြည့်ပြီးတော့ ပတ်ဝန်းကျင်နှင့် သန့်ရှင်းမှုက ပုံမှန်ဆိုတာကိုတွေ့လိုက်ရသည်။ ကြမ်းပြင်က ညစ်ပတ်နေပြီး ကြည့်ပြီးစားချင်စိတ်တောင်ပျောက်သည်။ ဒါကြောင့် လည်ပတ်ကြည့်ရှုပြီး သူက ရှန်းယုဟန်ကို ဟိုတယ်ပြန်ခေါ်သွားပြီး ခေါက်ဆွဲတစ်ပန်းကန်စားလိုက်ကြသည်။

ရှန်းယုဟန်က သူ့ကိုကြည့်ကာ ရယ်ချင်နေသည်။ “တကယ်တော့ ကျွန်တော်တို့ဘယ်မှာစားစား တူတူပဲထင်တယ်။”

.

ရှန်ချီဟွမ်းက သူ၏အပြစ်ရှာတတ်သောအကျင့်ကို ဝန်မခံပဲ ရှန်းယုဟန်ကို အပြစ်တင်သလို ဟန်ဆောင်လိုက်၏။ “ဘယ်နေရာတူလဲ၊ မင်းမကောင်းတာစားမိရင် ဗိုက်နာလိမ့်မယ်။ ငါမင်းကို ဂရုစိုက်နိုင်တော့မှာလည်းမဟုတ်ဘူး။ မကောင်းတာတွေစားမယ့်အစား ကိုယ့်ကိုယ်ကိုယ် မခက်ခဲစေဖို့ ကယ်တင်လိုက်တာကောင်းမယ်။”

ရှန်းယုဟန်က သိပ်မနူးသောခေါက်ဆွဲကို ညှပ်ကိုင်လိုက်ပြီး မှုတ်လိုက်သည်။ ထို့နောက် သူ့ခင်ပွန်းကို စိတ်အေးအေးထားဖို့ ပြောလိုက်သည်။ “ဟုတ်ပါပြီ၊ ဒါဆို ယောကျာ်း…. မြန်မြန်စားတော့၊ ကျွန်တော် မနက်ဖြန်အတွက် ပန်းချီအရောင်ခြယ်ရဦးမှာမို့ စောစောအနားယူရအောင်။”

ထိုနေ့က ဒါရိုက်တာကျင်း၏ တောင်းဆိုချက်ကို လက်ခံပြီးနောက် တစ်ဖက်လူက သူ့ကို စရံအရင်ပေးဖို့ မစောင့်နိုင်တော့ပေ။ ရှန်းယုဟန်က အိမ်ပြန်ရောက်တာနဲ့ သူ့ရုပ်ရှင်နဲ့သက်ဆိုင်သော ပန်းချီကားတစ်ချပ်ကို ရေးဆွဲပေးခဲ့သည်။

ဒါရိုက်တာကျင်းက ရှေးဟောင်းနန်းတော်တိုက််ပွဲများအကြောင်း ရိုက်ကူးနေပြီး ဤပန်းချီမှာ အမျိုးသမီးဇာတ်လိုက်က အမျိုးသားဇာတ်လိုက် သတိရလာအောင်လုပ်ဖို့ သုံးထားတာဖြစ်သည်။ သူတို့အတူကစားခဲ့သော လူငါးယောက်တွင် တစ်ယောက်က ငယ်စဥ်ကလို ကြင်နာတတ်ပြီး ဖြူစင်သောကလေးမဟုတ်တော့ကြောင်းနှင့် ရုပ်ရှင်၏ အဓိကဗိလိန်ဖြစ်ကြောင်း သူမက အမျိုးသားဇာတ်လိုက်ကို ပြောပြချင်ခဲ့သည်။

ရှန်းယုဟန်က ဒါရိုက်တာကျင်း၏ဖော်ပြချက်ကို နား​ထောင်ပြီး သူ့စိတ်ထဲမှာ စိတ်ကူးတစ်ခုရသွားကာ သူ့စိတ်ကူးကို နောက်တစ်ရက်မှာ ဆွဲခဲ့သည်။ ဗီဒီယိုနှင့်ဓာတ်ပုံများကိုကြည့်ပြီးနောက် ဒါရိုက်တာကျင်းက နေရာမှာတင် ထိုဓာတ်ပုံကို Save လိုက်ပြီး ပန်းချီကားကိုလိုချင်ခဲ့သည်။

ပန်းချီကားတစ်ချပ်တည်းနဲ့ အင်တာနက်ပေါ်မှာ တဟုန်ထိုးကျော်ကြားလာခဲ့တဲ့ ပန်းချီဆရာဖြစ်ထိုက်ပါပေတယ်။ ဤပန်းချီကားက သူ့စိတ်ထဲမှာရှိတဲ့အတိုင်း အတိအကျဖြစ်ပြီး သူက နာမည်ကိုပါစဥ်းစားပြီးပြီဖြစ်သည်။ {မီးပုံပွဲတော်၏ပျော်ရွှင်မှု}

ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းက ဟိုတယ်မှာတစ်ညအနားယူပြီး ရှန်ချီဟွမ်းက နောက်ရက်ဆို အလုပ်ရှုပ်တော့မှာကို သိပေမယ့် အနှောင့်အယှက်မဖြစ်ပဲ သူတို့နှစ်ယောက်က မနက်အစော ရိုက်ကွင်းကိုထွက်လာခဲ့ကြသည်။

ထိုအချိန်မှာ ရိုက်ကွင်းဝန်ထမ်းက ပန်းချီကားအတွက် ရှုခင်းပြင်ဆင်နေပြီး ဒါရိုက်တာကျင်းက လျှပ်စစ်အပူပေးစက် နည်းနည်းလောက်ထပ်ရနိုင်မလား တောင်းဆိုခဲ့သည်။

ရိုက်ကူးရေးနေရာမှာ လေအေးပေးစက်နှင့် အပူပေးစက်မရှိတာ​ကြောင့် သူတို့က လျှပ်စစ်အပူပေးစက်ကိုသုံးပြီးသာ အပူချိန်ကိုမြှင့်တင်နိုင်သည်။

နာမည်အရင်း ကျင်းယင်ဖြစ်သော ဒါရိုက်တာကျင်းက အမျိုးသမီးဇာတ်လိုက်၏ပန်းချီရှုခင်းကိုရိုက်ဖို့ ယနေ့နေ့တစ်ဝက်အချိန်ယူထားပြီး အားလုံးကိုအသင့်ပြင်ထားကာ ရှန်းယုဟန်ပေါ်လာဖို့စောင့်နေသည်။

ဒါရိုက်တာကျင်းက လူစားထိုးရိုက်ကူးရန် ဘစ်ရှော့တစ်ယောက်ကို ငှားထားမှန်း လူတိုင်းသိကြပေမယ့် ဤအစားထိုးက ဘယ်သူမှန်းမသိကြပေ။ ဘယ်သူလဲဆိုတာကို မသိလေ လူတိုင်း၏သိလိုစိတ် မြှင့်တက်လာလေဖြစ်ပြီး မနက်ခင်းမှာ အနားယူမည့် အမျိုးသမီးဇာတ်လိုက်ကတောင် လာကြည့်ခဲ့သည်။ သူက ဘယ်ကမ္ဘာကများလဲ? ဤအစားထိုးကိုဆက်ဆံပုံက အမျိုးသားနှင့် အမျိုးသမီးဇာတ်လိုက်ကို ဆက်ဆံပုံထက်ပိုကောင်းနေပြီး အမျိုးသားနှင့် အမျိုးသမီးဇာတ်လိုက်က ဆောင်းရာသီမှာ နှင်းတောထဲပြေးလွှားပြီး စိုရွှဲနေခဲ့ပေမယ့် ယခုချိန်မှာ ရိုက်ကွင်းက ပုံမှန်ထက်ပိုနွေးနေသည်။ ဒါရိုက်တာကျင်းကို သွေးမအေးတော့အောင် ဘယ်သူလုပ်ခဲ့တာလဲ?

ဤအခန်းအတွက် သူတို့သုံးမယ့်အခန်းက ဘောပင်၊မှင်၊ စာရွက်နှင့် မှင်ကျောက်တို့ဖြင့် သေချာအလှဆင်ထားသော စာဖတ်ခန်းဖြစ်သည်။

ဒါရိုက်တာ၏လက်​ထောက်က ပြေးဝင်လာပြီး ဖုန်းတစ်လုံးကိုကိုင်ကာ အော်နေသည်။ “ဒါရိုက်တာကြီး...သူတို့ရောက်နေကြပြီ၊ လူတွေရောက်နေကြပြီ!”

ဒါရိုက်တာကျင်းက သူ့ပါးကိုပွတ်လိုက်ပြီး သူတို့ကိုနှုတ်ဆက်ဖို့ ချက်ချင်းအပြင်ထွက်သွားခဲ့သည်။

အားနေသူအားလုံးက အပြင်ထွက်ကြည့်ကြသည်။ ဘယ်လို သူတော်ကောင်းလာနေတာမလို့ ဒါရိုက်တာကျင်းက အဲ့လောက်အာရုံစိုက်နေတာလဲ…

နီးလာပြီ..နီးလာပြီ

ဒါရိုက်တာကျင်းက နွေးထွေးသောဧည့်ကြိုအမျိုးသမီးလို တံခါးဝမှာရပ်နေသည်။

“ဥက္ကဋ္ဌရှန်၊ မစ္စတာရှန်း…လမ်းခရီးအဆင်ပြေရဲ့လား…”

ရှန်ချီဟွမ်းက ခေါင်းညိတ်လိုက်သည်။ “မဆိုးပါဘူး။” သူက ပတ်ပတ်လည်ကို သတိရှိရှိ​ကြည့်လိုက်တော့ ဒီနေရာမှာ ဝန်ထမ်းတင်မကပဲ သရုပ်ဆောင်များနှင့် သူတို့လက်ထောက်များပါရှိနေသည်။

သူက ဤရှုပ်ထွေးသောပတ်ဝန်းကျင်ကို သိပ်မကြိုက်ပေမယ့် သူ့ဇနီးက ကျင်းယင်ကို သဘောတူထားတာကြောင့် သူ့အသက်ကို လူကြီးလူကောင်းလေးအား အဖော်ပြုပေးရန် စွန့်စားခဲ့သည်။

သူက ဒီတစ်ကြိမ်မှာ သေချာဂရုစိုက်ပြီး ဘောဒီဂတ်လေးယောက်ကို ခေါ်ခဲ့သည်။

သူတို့နှစ်ယောက်ရောက်လာတာနဲ့ သူတို့က အားလုံး၏အာရုံကိုဆွဲဆောင်ခဲ့ပြီး သူတို့အားလုံးက ရှန်ချီဟွမ်း၏ အလွန်ရင်းနှီးသောမျက်နှာကို ကြည့်နေသည်။

ဘုရားသခင်..အဲ့ဒါရှန်ချီဟွမ်းပဲ!

ဒါရိုက်တာကျန်းက ရှန်ချီဟွမ်းကို တကယ်ကြီးဒီနေရာဖိတ်ခဲ့တာပဲ!

သူက အမျိုးသမီးဇာတ်လိုက်ရဲ့အစားထိုးလား?

မဖြစ်နိုင်ဘူး..ရှန်ချီဟွမ်းက အရပ်ရှည်ပြီး ထွားကျိုင်းတယ်။ သူ့မှာဘယ်လိုလုပ် လက်သွယ်သွယ်လေးတစ်စုံရှိနိုင်မှာလဲ.. အဲ့ဒါက ဒါရိုက်တာကျင်းရဲ့အလှစံနှုန်းနဲ့ မကိုက်ညီဘူးလေ..

ထို့နောက် လူတိုင်း၏မျက်လုံးများက ရှန်ချီဟွမ်း တစ်ချိန်လုံး ကာကွယ်ပေးထားသော လူအပေါ်ကျရောက်သွားသည်။ သူ​က သိုးမွေးပုဝါကိုခြုံထားပြီး ခေါင်းတစ်ဝက်ကို ဦးထုပ်နှင့်ပုဝါထဲမှာ မြှုပ်ထားသည်။ အခန်းထဲဝင်သွားပြီးနောက် သူက လက်အိတ်ကို ညင်ညင်သာသာ ချွတ်လိုက်ပြီး ကုတ်အင်္ကျီအိတ်ကပ်ထဲကို ခေါက်ထည့်လိုက်သည်။ သူ့လက်ဖြူဖြူတစ်စုံက ကုတ်ခေါင်းစွပ်ကို ညင်ညင်သာသာ ဆွဲဖယ်လိုက်ပြီး အမျိုးသားလား အမျိုးသမီးလား ခွဲ​ခြားလို့မရသော ခန့်ညားသည့်ရုပ်သွင်က အားလုံးရှေ့မှာပေါ်လာခဲ့သည်။

ကြည့်နေတဲ့လူတွေက ရူးသွားကြသည်။ ဒါက ဒါရိုက်တာကျင်းဖိတ်ခဲ့တဲ့သူလား! သေချာပေါက်ပဲ!

သူက ရှန်ချီဟွမ်းနဲ့လာတာဆိုတော့ သူက ရှန်ချီဟွမ်း ဝေ့ပေါ်မှာပြောခဲ့တဲ့ သူငယ်ချင်းလေးလား?

ထိုနေရာမှာရှိနေသော အမျိုးသားနှင့် အမျိုးသမီးဇာတ်လိုက်က သူ့ကိုတွေ့သောအခါ ရှက်သွားကြသည်။ သူတို့လည်း ဒါရိုက်တာကျင်းဆီက အထူးတလည်ဆက်ဆံခံရဖို့ ထိုက်တန်ပါတယ်!

အတိတ်မှာ ကြည့်ကောင်းသောလူငယ်လေးတစ်ယောက် အဖွဲ့ထဲရောက်လာတာနဲ့ စပွန်ဆာက သူ့ကိုပါဝင်စေချင်တာလို့ လူတိုင်းကထင်ကြမှာပေမယ့် ယခုချိန်မှာတော့ မြင့်မြတ်သောအလှတရားနှင့် ပြည့်နေသော ဤအလှလေးကိုကြည့်ပြီး ဘယ်သူမှ ထိုသို့မတွေးကြတော့ပေ။ ဤသည်မှာ သူ့ကို ပုတ်ခက်ဖို့နှင့် သူ့အပေါ်ကို မသတီစရာတံဆိပ်တပ်ဆင်ဖို့ မသင့်တော်သလိုပင်။

သူက ပြိုင်ဘက်ကင်းသောအလှတရားနှင့် သာလွန်သောစိတ်နေသဘောထားရှိသည့် အလှလေးဖြစ်၏။

ရှန်းယုဟန်က လူတိုင်း၏မျက်လုံးထဲမှာ အထင်ကြီးလေးစားခံနေတာကို မသိပဲ ဒါရိုက်တာကျင်းကို ခေါင်းညိတ်ပြလိုက်သည်။ “ဒါရိုက်တာကျင်း၊ ကျွန်တော်တို့နောက်မကျဘူးမလား”

ရှန်ချီဟွမ်းစကား​ပြောစဥ် စွမ်းအားကြီးပြီး ပဲ့တင်ထပ်နေကာ ရှန်းယုဟန်၏အသံကတော့ နွေဦးလေပြေနဲ့တူပြီး သူ့အသံက မမြင့်မနိမ့်ပဲ နှလုံးသားကို လန်းဆန်းနေကာ အသံကြားရုံနဲ့သူ့မိသားစုပညာရေးက ကောင်းတယ်လို့ဆိုနိုင်၏။

ဒါရိုက်တာကျင်းက ဝမ်းသာအားရပြုံးနေပြီး ​ပြောလိုက်သည်။ “နောက်မကျပါဘူး။ ငါတို့ ရိုက်ကွင်းအတွက် ​ပြင်ဆင်နေတာ၊ အထဲဝင်ကြပါ။” သူက သူတို့နှစ်ယောက်ကို ပြင်ဆင်ထားသော စာဖတ်ခန်းထဲခေါ်သွားခဲ့သည်။

ရှန်းယုဟန်​က သူ့ညာလက်ကို ညင်ညင်သာသာ မလိုက်ပြီး ဘော်ဒီဂတ်က သူ့ကို ပန်းချီဆေးဘူးကမ်းပေးလိုက်ပြီး ရှန်းယုဟန်က ပန်းချီဆေးဘူးကိုယူကာ ကျင်းယင်ကိုပေးလိုက်၏။ “ဒါရိုက်တာကျင်း၊ ဒါက ခင်ဗျားလိုချင်တဲ့ပန်းချီကားပါ။ အရင်ကြည့်လိုက်ပါဦး၊ ပြန်ပြင်ဖို့မလိုရင် ကျွန်တော် ခဏနေ ထပ်ဆွဲလိုက်ပါမယ်။”

ဒါရိုက်တာကျင်းက တရားရုံးဒရာမာကို ရိုက်ကူးရတာသဘောကျပြီး ထိုသည်မှာ သူက သမိုင်းအငွေ့အသက်နှင့် ရိုးရာယဥ်ကျေးမှုကို နှစ်သက်လို့ဖြစ်သည်။ သူက လက်ရေးလှနဲ့ပန်းချီကိုလည်း အသိအမှတ်ပြုပြီး ရှန်းယုဟန် ပေးခဲ့သော ပန်းချီကားကိုဖွင့်ဖို့ မစောင့်နိုင်တော့ချေ။ စားပွဲပေါ်မှာ ဖြန့်ပြီးသောအခါ သူက ထပ်ခါထပ်ခါအံ့အားသင့်နေခဲ့သည်။

“ကောင်းလိုက်တာ! မစ္စတာရှန်း.. မင်းငါ့ကို ကြီးကြီးမားမား ကူညီပေးလိုက်တာပဲ၊ အဲ့နေ့ကဗီဒီယိုမှာ မြင်ခဲ့ရတာနဲ့ လုံးဝကွာမနေဘူး။ ငါထင်ထားတာထက်ကို လက်ရာမြောက်တယ်။ ပြန်ပြင်ဖို့လုံးဝမလိုအပ်ဘူး။”

ဒါရိုက်တာ ချီးကျူးတာကိုကြားတော့ သူ့နားက လူအားလုံးက သိချင်နေသည်။ ဒီအလှလေးဘာဆွဲထားတာလဲ?

“ဟုတ်ကဲ့ပါ။” ရှန်းယုဟန်က သူ့အနားက ထူးဆန်းသော စက်ပစ္စည်းများကိုကြည့်လိုက်သည်။ စက်တစ်လုံးစီ၏ဘေးမှာရပ်နေသော လူအများကြီးရှိပြီး အားလုံးနီးပါးက သူတို့ကိုကြည့်နေကြသည်။ သူတို့က အခု အာရုံစူးစိုက်မှု၏ဗဟိုချက်ဖြစ်နေတာကိုသိဖို့ လှည့်ကြည့်စရာပင်မလိုပေ။

ရုပ်ရှင်ရိုက်ကွင်း၏အပူချိန်ကို ခံစားပြီးနောက် ရှန်ချီဟွမ်းကပြောလိုက်သည်။ “ဒါရိုက်တာကျင်း…ဘယ်အချိန်စမလဲ?”

သူက ကျင်းယင်ကို အချိန်နေ့တစ်ဝက်သာ ပေးဖို့ သဘောတူထားတာဖြစ်၏။

ကျင်းယင်​ကလည်း စိတ်ပိုင်းဖြတ်ပြီး ရှန်းယုဟန်၏ပန်းချီဆွဲနေပုံကို တိုက်ရိုက်ရိုက်ကူးဖို့​ မေးလိုက်သည်။ ပန်းချီကားတစ်ချပ်လုံးကို ရေးဆွဲဖို့မလိုအပ်သော်လည်း အမျိုးသမီးဇာတ်လိုက်က သူမလက်နှစ်ဖက်နဲ့ ကိုယ်တိုင်ဆွဲထားတာဖြစ်ကြောင်း ပြသဖို့လို့အပ်သည်။

ဒါရိုက်တာကျင်းကပြောလိုက်သည်။ “မစ္စတာရှန်းက ဝတ်စုံအရင်လဲဖို့လိုအပ်ပါတယ်။ လက်လှုပ်ရှားလိုက်ရုံပါပဲ။”

ရှန်ချီဟွမ်းကပြောလိုက်သည်။ “ငါတို့လက်တွေကိုရိုက်ကူးနေတော့ လက်ပြရင်ပဲအဆင်ပြေပါတယ်။ အဝတ်အစားလဲဖို့မလိုပါဘူး။” ဒီဝတ်စုံကိုဘယ်သူဝတ်ထားလဲဆိုတာ ဘယ်သူကသိမှာလဲ၊ သူတို့က ညစ်ပတ်နေတာမျိုး ဘက်တီးရီးယား ဒါမှမဟုတ် တစ်ခုခုကပ်နေတာမျိုးဆို ဘယ်လိုလုပ်မလဲ…

ဒါရိုက်တာကျင်းက ခဏလောက်စဥ်းစားလိုက်သည်။ “အနီးကပ်ရိုက်ချက်ဆိုတော့ အဝတ်အစားလဲဖို့ မလိုတော့ပါဘူး။”

ဒီကိစ္စနဲ့ပတ်သတ်လို့ ရှန်းယုဟန်က သိပ်နားမလည်ပေ။ သူ​က သူ့အတွက်အကောင်းဆုံးတွေးပေးသော သူ့ခင်ပွန်းကိုနား​ထောင်တာပဲ ကောင်းမယ်လို့ ခံစားရပြီး ဒါရိုက်တာကျင်းကိုပြောလိုက်၏။ “ဒါရိုက်တာကျင်းကို ဒုက္ခများစေမိပါပြီ။”

ဒါရိုက်တာကျင်းက ထိုစကားကိုမယူရဲပေ။ “မင်းကိုဒုက္ခပေးမိတာငါပါ။ ဒီအခန်းကိုရိုက်ဖို့ ငါ့အတွက် အဝေးကနေလာခဲ့ရတာ။”

ရှန်ချီဟွမ်း၏ဖုန်းက လက်ရှိအခန်းတွင်းအပူချိန်ကို အာရုံခံနိုင်ပြီး အခန်းထဲမှာ လူအများကြီးရှိကာ အနားတစ်ဝိုက်မှာ လျှပ်စစ်အပူပေးစက်များစွာရှိသည်။ အပူချိန်က ဆယ့်ငါးဒီဂရီလောက်မှာရှိပြီး အပြင်ထက်ပိုနွေး၏။

ရှန်းယုဟန်က ဒါရိုက်တာကျင်း ပုံဖော်ထားသော ရိုက်ကူးရေးနေရာ၌ရပ်ကာ စုတ်တံကိုရွေးချယ်ပြီး ပြင်ဆင်လိုက်သည်။

အခုထိမစသေးတာကြောင့် သူက ရှန်ချီဟွမ်းကို တိုးတိုးလေးမေးလိုက်၏။ “ယောကျာ်း၊ ကျွန်တော် ကုတ်ချွတ်လို့ရလား?” ကုတ်ဝတ်ဖို့အဆင်မပြေဘူး။”

ရှန်ချီဟွမ်းက သူ့ကိုစက္ကူအိတ် လှမ်းပေးလာသော ဘော်ဒီဂတ်ကိုကြည့်ကာ နို့နှစ်ရောင် သိုးမွေးကာဒီဂန်တစ်ထည်ကို ထုတ်လိုက်သည်။ “ကုတ်ချွတ်ပြီး ဒါလဲလိုက်၊ အခန်းအပူအချိန်က အဆင်ပြေတယ်။ ဒါကြောင့် ဒီတစ်ထည်နဲ့ဆိုရင် မင်းအအေးမမိတော့ဘူး။”

.

“အင်း” မရင်းနှီးသောပတ်ဝန်းကျင်၌ ရှန်းယုဟန်က ရှန်ချီဟွမ်း၏စီစဥ်မှုကိုသာ လိုက်ပါဆောင်ရွက်ပြီး အကျိုးအကြောင်းဆီလျော်နေသရွေ့ သူက ဘာမှငြင်းဆိုမှာမဟုတ်ပေ။

သူ့ဘေးက ဝန်ထမ်းများ​က နဖူးကချွေးကိုသုတ်လိုက်သည်။ ဒီအပူချိန်က အဆင်ပြေတယ်တဲ့လား? သူတို့က အပြုတ်ခံရလုနီးပါးပဲ။

&&&&&&&&&&&&&

Chapter 59.2

“ယောကျာ်းကအကောင်းဆုံးပဲ။”

ရှန်ချီဟွမ်းက ရှန်းယုဟန်ကို ဘေးမှကြည့်ကာ ကုတ်ကူချွတ်ပေးလိုက်ပြီး ဆွယ်တာလဲပေးလိုက်သည်။

အစကနေအဆုံး ရှန်းယုဟန်က စိတ်အနှောင့်အယှက်ဖြစ်မနေပေ။ သူက ​တခြားသူများရှေ့မှာ ကုတ်အင်္ကျီလဲတာက မသင့်တော်ဘူးလို့ အမြဲတွေးခဲ့ပေမယ့် ခေတ်သစ်မှာ လူတိုင်းကကျင့်သားရနေပြီး သူက ထိုအကျင့်ကို ဖြည်းဖြည်းချင်း လက်ခံကျင့်သုံးခဲ့သည်။

ရှန်းယုဟန်ကိုဂရုစိုက်ပေးပြီးတော့ ရှန်ချီဟွမ်းက ဘေးကိုပြန်ဆုတ်လိုက်သည်။ တစ်ယောက်ယောက်က သူ့အတွက် ထိုင်ခုံပြင်ပေးထားတာကြောင့် သူက ဓားရှည်တစ်လက်ကိုကိုင်ကာ မြင်းစီးနေသလိုမျိုး ထိုင်ချလိုက်ပြီး သူ့အရှိန်အဝါက ထိုနေရာတွင်ရှိနေကာ တစ်ချက်ကြည့်ရုံနဲ့ သူက သာမန်လူမဟုတ်မှန်းသိနိုင်သည်။

ရှန်းယုဟန်က ခေတ်သစ်လူအုပ်ကြီး၏ ကြိမ်ဖန်များစွာကြည့်ရှုခြင်းကို ကြုံတွေ့ခဲ့ရပြီး လူအများကြီး၏ ဝန်းရံမှုအောက်မှာ အတန်ကြာအောင် မတ်တပ်ရပ်နေပြီးသောအခါ သူက ထိုအခြေအနေကိုလည်း ညှိယူခဲ့သည်။ သူက သူနဲ့မျက်နှာချင်းဆိုင်မှာ ထိုင်နေသော သူ့ခင်ပွန်းကိုတွေ့နိုင်တာကြောင့် သူ့ရင်ထဲက တင်းမာမှုက ပြေလျော့သွားသည်။

ဒါရိုက်တာကျင်းက ရှန်းယုဟန်ကို ရိုက်ကူးဖို့ အချိန်တော်တော်ယူရမယ်လို့ ပြောခဲ့ပေမယ့် အားလုံးက အနီးကပ်ရိုက်ချက်များဖြစ်တာ​ကြောင့် အနီးနဲ့အဝေးရိုက်ချက်ကို စီစဥ်ဖို့မလိုအပ်ခဲ့ပေ။

ဒါရိုက်တာကျင်းကပြောလိုက်သည်။ “မင်းပန်းချီဆွဲနေရုံပါပဲ။” သူက ရှန်းယုဟန်၏လက်များကို ကျေနပ်နေသည်။ သူက လက်မိတ်ကပ်လိမ်းဖို့တောင် မလိုအပ်ပဲ အဆင်ပြေနေ၏။

ရှန်းယုဟန်က စုတ်တံထည့်ခွက်မှ စုတ်တံတစ်ချောင်းကို စတင်ရွေးချယ်လိုက်သည်။ “ကောင်းပါပြီ။” သူက သူ့ကိုယ်ပိုင်ပစ္စည်းကိုမသုံးခဲ့ပေ။ တကယ်တော့ ထိုသည်မှာ စာရွက်ပေါ်မှာရေးဆွဲရတာဖြစ်ပြီး သူက သူ့ပန်းချီကို တုပရေးဆွဲဖို့ပဲလိုအပ်သည်။

ဒါရိုက်တာကျင်း၏လိုအပ်ချက်က အတော်လေးမြင့်ပေမယ့် ကံကောင်းတာက ရှန်းယုဟန်က အရမ်းအာရုံစိုက်ပြီး သူက ဒါရိုက်တာကျင်း၏ လိုအပ်ချက်အားလုံးကို ပြီး​မြောက်စေခဲ့သည်။

ဤရိုက်ချက်တစ်ခုလုံးက အလယ်မှာနားချိန်ရှိပြီး စုစုပေါင်းနှစ်နှာရီကြာခဲ့သည်။

ဤအတောအတွင်းမှာ ရှန်ချီဟွမ်းက သူ့ဇနီးကို ပုံနှင့်ဗီဒီယိုအမျိုးမျိုးရိုက်ထားပြီး သူပျင်းရိနေချိန်မှာ သူက Moments မှာတင်ခဲ့ပြီး Likes အများကြီးရသောအခါ ကျေနပ်သွားခဲ့သည်။

ဒါရိုက်တာကျင်း၏တောင်းဆိုချက်အရ ရှန်းယုဟန်က သူ့ပန်းချီကိုတုပရာတွင် ရေးဆွဲချက်အနည်းငယ်ကိုသာ လုပ်ခဲ့ရပြီး လုံလုံလောက်လောက် ရိုက်ပြီးသောအခါ ဒါရိုက်တာကျင်းနှင့် သူ၏​ပူးပေါင်းဆောင်ရွက်မှုက ပြီးသွားခဲ့သည်။

ရှန်းယုဟန်က ပန်းချီစုတ်တံကို အောက်ချပြီး စားပွဲဝိုင်းကနေပတ်ကာ ညဘက်လက်ကောက်ဝတ်ကိုလှည့်ရင်း ရှန်ချီဟွမ်းဆီ လျှောက်သွားခဲ့သည်။

ရှန်ချီဟွမ်းက ရှန်းယုဟန် သူ့လက်သူပွတ်နေတာကို တွေ့လိုက်ရပြီး စိတ်ပူပူနဲ့မေးလိုက်၏။ “လက်နာနေလား?”

ရှန်းယုဟန်က ခေါင်းခါလိုက်၏။ “မနာဘူး။ နည်းနည်းတော့နာတယ်။”

ရှန်ချီဟွမ်းက ဘာမှမမြင်သလို ဟန်ဆောင်နေသော ဒါရိုက်တာကျင်းကို တစ်ချက်ကြည့်လိုက်ပြီး ရှန်းယုဟန်၏လက်ကိုယူကာ အသာအယာဖိပေးလိုက်၏။

ခဏလောက်ဖိပေးပြီးတော့ ရှန်းယုဟန်က ကုတ်ပြန်ဝတ်ပြီး သူ့အလုပ်ကပြီးသွားတော့ ထွက်ခွာသွားလို့ရလေပြီ။

ဒါရိုက်တာကျင်းက သူတို့ကို ကားဆီလိုက်ပို့ပြီး အနာဂတ်မှာ ထပ်ပြီး အလုပ်တွဲလုပ်ကြမယ်လို့ ပြောခဲ့ပြီး ရှန်းယုဟန်က ပြုံးကာ သူ့ကိုနှုတ်ဆက်ရန် လက်ဝေ့ယမ်းပြလိုက်သည်။

သူတို့ရိုက်ကူးရေးဇာတ်ဝင်ခန်းပြီးသောအခါ ရှန်ချီဟွမ်းက ရှန်းယုဟန်အား ရုပ်ရှင်နှင့် ရုပ်မြင်သံကြားစတူဒီယိုတစ်ဝိုက် လမ်းလျှောက်ချင်လားလို့မေးခဲ့ပြီး ရှန်းယုဟန်က လျှောက်ချင်တယ်လို့ပြောခဲ့သည်။

တကယ်တော့ ရုပ်ရှင်နှင့်ရုပ်မြင်သံကြားစတူဒီယိုက နိုင်ငံခြားသားများကို ဆွဲဆောင်ဖို့ဖြစ်ပြီး သူတို့အားလုံးက တုပထားသော ရှေးဟောင်းအဆောက်အဦးများဖြစ်၏။

ရှန်းယုဟန်က အဝေးကကြည့်လိုက်သောအခါ ချီတိုင်းပြည်နန်းတော်နှင့်တူတာကို တွေ့လိုက်ရသည်။

ရှန်ချီဟွမ်းက ယခုလေးတင် ထိုင်ပြီးပျင်းရိငြီးငွေ့လာတာကြောင့် သူက ကျင်းဖုန်းရုပ်ရှင်နှင့် ရုပ်မြင်သံကြားစတူဒီယိုကိုကြည့်ကာ သူ့ဗဟုသုတအသစ်များကို မျှဝေလိုက်သည်။ “ဒီနေရာက သမိုင်းဇာတ်လမ်းတွဲရိုက်ကူးဖို့အတွက် ရည်ရွယ်ပြီး ရုံအဖွဲ့အစည်းတစ်ခုက ရံပုံငွေထောက်ပံ့ထားတာ။ ပြီးတော့ ကုမ္ပဏီတစ်ခုက ဒီနေကိုချဲ့ပြီး အခုလို ရုပ်ရှင်နှင့် ရုပ်မြင်သံကြားမြို့တော်ဖြစ်လာတာပဲ။ ငါတို့အထဲသွားကြည့်ရအောင်။”

ရှန်းယုဟန်က ရုတ်တရက်နားလည်သွားသည်။ “ဒီနေရာက အသစ်ဖြစ်နေတာမဆန်းတော့ဘူး။” သို့သော် ရုပ်ရှင်နှင့် ရုပ်မြင်သံကြားစတူဒီယိုအကြောင်း ကြားသောအခါ ရှေးခတ်ဧကရာဇ်များနေခဲ့သော နေရာမဟုတ်ဘူးဆိုတာကို သူသိလိုက်၏။ နှစ်တစ်ရာကျော်သက်တမ်းရှိသော ရှေးခေတ်အဆောက်အဦးများကို နိုင်ငံတော်က ကာကွယ်ပေးထားသည်ဟု ကြားဖူးသည်။

ရှေးခတ်လူသားများ၏ သင်္ချိုင်းဂူများကို ခေတ်သစ်လူသားများက တူးဆွခဲ့ပြီး ပြတိုက်မှာ အလှပြထားတယ်ဆိုတာလည်း သူသိသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က အုတ်ဂူတူးသော တိုက်ရိုက်ထုတ်လွှင့်မှုကို တီဗီမှာမြင်ခဲ့ရသည်။ ခေတ်သစ်လူသားများက ဘိုးဘေးများ၏ အုတ်ဂူကိုတူးရာတွင် မိုးကြိုးပစ်ခံရမည်ကို တကယ်ကို မကြောက်ကြတာလားဟု သူတွေးမိသည်။

သူက ရုတ်တရက်​သေသွားခဲ့တာမဟုတ်ပဲ ကံတရားအရ သဘာဝအတိုင်း သေခဲ့ရတာဆိုရင် တစ်နေ့မှာ ခေတ်သစ်လူသားများ၏ တူးဆွခြင်းကို ခံရမှာလား သိချင်နေသည်။ ထို့အပြင် အရိုးများကို ပြတိုက်မှာထည့်ထားပြီး လူပေါင်းထောင်ချီကို ပြသခံရမှာလား? ထိုအတွေးကြောင့် ရှန်းယုဟန်က ​ကြက်သီးထလာပြီး တုန်လှုပ်ခြောက်ခြားသွား၏။ အရမ်းကြောက်စရာကောင်းတာပဲ!

ရှန်ချီဟွမ်းက ရှန်းယုဟန်၏လက်ကိုကိုင်ထားပြီး လမ်းညွှန်မြေပုံကို စစ်ဆေးနေစဥ် သူက ရှန်းယုဟန်၏လက်တုန်ယင်လာတာကို ခံစားမိလိုက်ပြီး သူက ချမ်းလို့တုန်နေတာလို့ ထင်ခဲ့သည်။ “ချမ်းလို့လား? ချမ်းရင် ကားထဲပြန်ကြမယ်။”

ရှန်းယုဟန်က ခေါင်းခါကာ ပြောလိုက်သည်။ “မချမ်းပါဘူး။”

ရှန်ချီဟွမ်းက သူ့ကိုမယုံပေ။ “မင်းငါ့ကိုလိမ်နေတာတော့ မဟုတ်ပါဘူးနော်?”

ရှန်းယုဟန်က သူ့ကို ရိုးရိုးသားသား ကြည့်လိုက်သည်။ “မဟုတ်ပါဘူး။”

ရှန်ချီဟွမ်းက သူ့နဖူးကိိုထိလိုက်သည်။ “ဒါဆိုသွားရအောင် မင်းအအေးမိရင် ငါဂရုမစိုက်ဘူးနော်။”

“အွန်း..ယောကျာ်း..ကျွန်တော့်ကို စိတ်မပူပါနဲ့။ ကိုယ့်​ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် လွှတ်ထားပေးပါ။” ရှန်းယုဟန်က သူ့ကိုတုံ့ပြန်ဖို သင်ယူထားသည်။

ရှန်ချီဟွမ်းက ရုတ်တရက် မလှုပ်နိုင်တော့ပေ။ ရှန်းယုဟန်က အရင်က ဒီလိုမပြောဖူးချေ။ “ရှန်းယုဟန်၊ မင်းအရိုက်ခံရသင့်တယ်။”

ရှန်းယုဟန်က သူ့လက်ကိုကိုင်ကာ ပြုံးလိုက်၏။ “ဟီးဟီး…ကျွန်တော့်ယောကျာ်းက ကျွန်တော့်ကို လျစ်လျူမရှုပါဘူး။”

ရှန်ချီဟွမ်းက သူ့ကိုတစ်ချက်ကြည့်ပြှး တင်းမာသောမျက်နှာဖြင့် တမင်တကာပြောလိုက်သည်။ “ငါမင်းကိုဂရုစိုက်လား ကြည့်ချင်လား?”

ထို့နောက် သူ့ဇနီးက ခြေတစ်လှမ်းရှေ့တိုးလာပြီး ဘယ်ညာကြည့်ကာ ပြုံးစိစိလုပ်ပြပြီး ရှန်ချီဟွမ်းကိုကျောပေးကာ လှည့်ထွက်သွားသည်။

ရုတ်တရက်ကဗျာတစ်ပုဒ်က ရှန်ချီဟွမ်း၏စိတ်ထဲမှာ ပေါ်လာသည်။ ‘အကြည့်တစ်ချက်၊ အပြုံးတစ်ပွင့်၊ ညို့ဓာတ်တစ်ရာ။”

ဤကဗျာက သူ့ဇနီးလေးအတွက်ဆိုရင် ချဲ့ကားထားတာလုံးဝမဟုတ်ပေ။

သူက နောက်ကအမြန်လိုက်ရုံမှတပါး ရွေးချယ်စရာမရှိတော့ချေ။

ဖုန်းပိုင် ရုပ်ရှင်နှင့် ရုပ်မြင်သံကြားစတူဒီယိုက ရှေးဟောင်းအဆောက်အဦးဖြစ်ပြီး သူ့မှာ ရှေးဟောင်းဝတ်စုံငှားရမ်းခြင်း၊ ဓာတ်ပုံရိုက်ခြင်းနှင့် ရုပ်ရှင်အပြင်အဆင် စားသောက်ဆိုင်ကဲ့သို့သော ကုန်သွယ်ရေးဆင့်ပွားဆိုင်များရှိပြီး နှစ်တရာကျော်အမွေအနှစ် အဆာပြေမုန့်လည်းရှိ၏။

လမ်းပတ်လျှောက်နေစဥ် ရှန်ချီဟွမ်းက သူ့ဇနီးလေး နှစ်တစ်ရာကျော်အမွေအနှစ်ကြောင့် လှည့်စားခံရလိုက်ရမှန်း သိလိုက်သည်။

ဤနေရာရှိလမ်းများက ရှေးဟောင်းစျေး၏မြင်ကွင်းကို ပြန်လည်ပုံဖော်ထားသော်လည်း သူတို့မှာ အားပြင်းသော ခေတ်သစ်အငွေ့အသက်ရှိနေသည်။ ရှန်းယုဟန်က အမှန်တကယ်နစ်မြုပ်သွားတာမဟုတ်ပဲ သူက ဗိသုကာပညာကို ပုံမှန်အတိုင်း စိတ်ဝင်စားတာကြောင့် ဆိုင်တန်းပေါ်က မုန့်များကို ငေးကြည့်နေတာဖြစ်၏။

ရှန်းယုဟန်၏ မျက်လုံးများက သမိုင်းဇာတ်လမ်းတွဲများမှာ ပေါ်လာလေ့ရှိသော တန်ဟုလု**အပေါ်ကို ကျရောက်နေသည်။

(**သစ်သီးသကြားလုံး)

သူက ရှန်ချီဟွမ်းကို လှည့်ပြောလိုက်၏။ “ယောကျာ်း၊ ကျွန်တော် တန်ဟုလုစားချင်တယ်။”

ရှန်ချီဟွမ်းက သက်ပြင်းချကာ ပြောလိုက်သည်။ “မင်းကြည့်ဖူးတဲ့ သမိုင်းဇာတ်လမ်းတွဲတွေကို မှတ်မိလား၊ အမျိုးသမီးဇာတ်လိုက်တွေက အပြင်ထွက်တိုင်း တန်ဟုလုဝယ်ကြတာလေ။”

သူ့စကားကိုကြားတော့ ရှန်းယုဟန်က အမှန်ပဲလို့တွေးလိုက်သည်။ “ဒါပေမယ့် ကျွန်တော်က အမျိုးသမီးဇာတ်လိုက်မဟုတ်ဘူး။ တန်ဟုလုစားလို့ရတယ်။”

သူက သူ့ဘဝမှာ တစ်ခါသာစားဖူးပြီး သူ့တတိယအစ်ကိုက အပြင်က ယူလာပေးတာဖြစ်ပေမယ့် သူက ကိုယ်တိုင်ထွက်မဝယ်ဖူးပေ။ ယင်းက အပြင်မှာသကြားအုပ်ထားပြီး အတွင်းမှာ နှင်းသီးကပ်ထားတာကြောင့် ချိုချဥ်လေးဖြစ်သည်။

“ကောင်းပြီ၊ ငါမင်းကိုဝယ်ကျွေးမယ်။” ရှန်ချီဟွမ်းက ငွေပေးချေဖို့ QR စကင်န်ဖတ်လိုက်သည်။ “ဘယ်အရသာစားချင်လဲ၊ ပန်းသီးလား နှင်းသီးလား?”

ဆိုင်ရှင်က စပျစ်သီး၊ ချယ်ရီနှင့် ခရမ်းချဥ်သီးလည်း ရှိတယ်လို့ပြောလာသည်။ ဆောင်းရာသီမှာ ခရီးသွားနည်းပါးတာကြောင့် ဤနေရာမှာ တန်ဟုလုနည်းနည်းသာရှိပြီး သူတို့မဝယ်ရင် ကုန်သွားမှာဖြစ်သည်။

ရှန်းယုဟန်က လှည့်ပတ်ကြည့်ပြီး တန်ဟုလုရှိသောဆိုင်က ဒီတစ်ဆိုင်ပဲရှိသည်။ သူက အသစ်အဆန်း စားကြည့်ချင်တာကြောင့် နှင်းသီးနှင့်စပျစ်အရသာကို မှာလိုက်သည်။

လက်တစ်ဖက်မှာ တစ်ချောင်းစီကိုင်ကာ တစ်ကိုက်စားပြီးနောက် နှင်းသီးအရသာက ပိုကောင်းတယ်လို့ ခံစားမိသည်။

“ယောကျာ်း၊ ဒီစပျစ်အရသာစားကြည့်။” ရှန်းယုဟန်က ရှန်ချီဟွမ်းပါးစပ်ထဲကို တစ်လုံးထည့်ပေးလိုက်သည်။

“မင်းမစားချင်တိုင်း ငါ့ပါးစပ်ထဲကို ထိုးထည့်နေတော့တာပဲ။” ရှန်ချီဟွမ်းက သူ့ကို တစ်ချက်စိုက်ကြည့်လိုက်သည်။ “ငါမစားဘူး။”

“စားပါ၊ အရသာရှိတယ်။” ရှန်းယုဟန်က ကြည်လင်သောမျက်လုံးများဖြင့် ရှန်ချီဟွမ်းကိုကြည့်ကာ စပျစ်အရသာကို ထပ်ထည့်ပေးလိုက်သည်။ “တစ်ခုပဲစား”

ရှန်ချီဟွမ်းက သူ့လက်ထဲက စပျစ်တစ်လုံးကို ကိုက်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူလှည့်စားခံလိုက်ရတာပဲ

အရသာက သာမန်သာဖြစ်သည်။

ရှန်းယုဟန်အတွက် ရှန်ချီဟွမ်းကို ထိုအမူအရာဖြင့် မြင်ရခဲတာကြောင့် သူက အော်ရယ်မိသွားသည်။

ရှန်ချီဟွမ်းက သူ့မျက်နှာကိုထိဖို့ လက်လှမ်းလိုက်ပေမယ့် ရှန်းယုဟန်က တမင်တကာ နောက်တစ်လှမ်းဆုတ်ပြီး ဗွက်အိုင်တစ်ခုကို မတော်တဆ တက်နင်းမိသွားသည်။

ရှန်းယုဟန်က သူ၏အဖြူရောင်ဖိနပ်နှင့် ဘောင်းဘီကိုငုံ့ကြည့်လိုက်သည်။ “အိစ်.. ညစ်ပတ်လိုက်တာ။”

ရှန်ချီဟွမ်းက သူ့ကိုမနောက်တော့ပဲ မေးလိုက်၏။ “မင်းဖိနပ်တွေ ပေသွားပြီလား? အထဲရေဝင်သွားလား”

ရှန်းယုဟန် ခေါင်းခါသည်။ “ဟင့်အင်း”

ရှေးဟောင်းလမ်းထဲမှာ လူအနည်းငယ်သာရှိသော်ငြား သူတိုက်မိမှာ စိုးတာ​ကြောင့် ရှန်ချီဟွမ်းက သူ့ကိုဘေးသို့ဆွဲလိုက်သည်။ သူက အိတ်ကပ်ထဲမှ တစ်ရှူးကိုထုတ်ကာ ထိုင်ချလိုက်ပြီး သူ့ဖိနပ်နဲ့ ဘောင်းဘီက ဗွက်တွေကို သုတ်ပေးလိုက်၏။

ရှန်းယုဟန်​က ခေါင်းငုံ့ကာ သူ့ခင်ပွန်း၏ဆံပင်ထိပ်ကို ကြည့်ပြီး သူ့နှလုံးသားကနွေးထွေးသွားသည်။ “ယောကျာ်း၊ ကျွန်တော် ကိုယ့်ဘာကိုယ်သုတ်ပါ့မယ်။”

ရှန်ချီဟွမ်းက ခေါင်းမော့ကာ သူ့ကိုတစ်ချက်ကြည့်လိုက်သည်။ “မင်းရဲ့တန်ဟုလုပဲစားပါ။” သူ ဒီနူးညံ့သောကောင်လေး၏ ဖိနပ်ကို မသုတ်ပေးပါက ခဏကြာရင် မသက်မသာဖြစ်နေပေမည်။

သူပြီးသွားတော့ ရှန်ချီဟွမ်းက ထရပ်ကာ တစ်ရှူးကိုပစ်လိုက်သည်။

ရှန်းယုဟန်က ခေါင်းငုံ့လိုက်တော့ သူ့ဆံပင်ရှည်က မျက်နှာပေါ်မှာကပ်နေသည်။ သူက လက်နှစ်ဖက်မှာ တန်ဟုလုကို ကိုင်ထားသဖြင့် ဖယ်ဖို့ အဆင်မပြေဖြစ်နေကာ သူက သူ့ခင်ပွန်းကိုခေါ်လိုက်သည်။ “ယောကျာ်း၊ ဆံပင်လေးသပ်တင်ပေးပါလား၊ ကျွန်တော့်မျက်နှာမှာ ကပ်နေတာ ယားနေလို့။”

ရှန်ချီဟွမ်းက သူ့ဆံပင်ကို နားနောက်သို့ ကျွမ်းကျွမ်းကျင်ကျင် သပ်တင်ပေးလိုက်သည်။ “အမိန့်ထပ်ပေးကြည့်”

ရှန်းယုဟန်က ပြုံးကာ မျက်လုံးကိုမှေးကျင်းပြီး ပြောလိုက်သည်။ “ခင်ဗျားက ကျွန်တော့်ယောကျာ်း၊ ပြီးတော့ ယောကျာ်းက အကောင်းဆုံးပဲ။”

ရှန်ချီဟွမ်းက ချွေးသိပ်ခံလိုက်ရပြီး သူ့နှလုံးသားက အနည်းငယ်လှုပ်ရှားသွားသည်။ သူက တံတွေးမျိုချလိုက်၏။ “......” သူက သူ့ကို လမ်းပေါ်မှာပဲ နမ်းပစ်လိုက်ချင်သည်။

သိပ်မကြာခင်မှာ ရှန်ချီဟွမ်းနှင့်ပတ်သတ်သော Hot Search က ဝေ့ပေါ်မှာပေါ်လာခဲ့၏။

#ရှန်ချီဟွမ်းက ဖုန်းရုပ်ရှင်နဲ့ရုပ်မြင်သံကြားမြို့တော်မှာ သူ့ကောင်မလေးရဲ့ဖိနပ်ကိုသန့်ရှင်းပေးဖို့ ထိုင်ချလိုက်တယ်#

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment