no

Font
Theme

Chapter 27.1

“ဒါမဟုတ်ဘူး.. နောက်စာကြောင်း”

ရှန်ချီဟွမ်းက နောက်အပတ်မှ ပြန်လာမယ်ထင်ခဲ့ပေမယ့် မျှော်လင့်ထားတာထက် စောစောပြန်လာခဲ့သည်။ ရှန်းယုဟန်က သူ့ကိုတွေ့တော့ သူက တုန်လှုပ်မသွားပဲ ပျော်ရွှင်မှုကြောင့် အံ့အားသင့်နေပြီး မနေနိုင်တော့ပဲ သူ၏စိတ်ခံစားချက်ကိုပြကာ မျက်လုံးထဲမှာ ပျော်ရွှင်မှုကို ဖုံးကွယ်မထားခဲ့ပေ။

“ငါဘာလို့ပြန်လာလို့မရမှာလဲ?” ရှန်ချီဟွမ်းနှင့်ရှန်းယုဟန်က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ သူ့မျက်လုံးများက ရှန်းယုဟန်၏ မျက်နှာပေါ်မှာသာရှိနေပြီး မတွေ့တာရက်အနည်းငယ်ကြာပြီမို့ သူ့ပါးပေါ်က အသားနည်းနည်းပျောက်သွားခဲ့သည်။ သူက ရှန်းယုဟန်၏မျက်နှာကို မကျေမနပ် ဆွဲညှစ်လိုက်သည်။ “စားထားတာက ဘယ်ရောက်သွားတာလဲ?”

“ကျွန်တော့်အစာအိမ်ထဲလေ” ရှန်းယုဟန်က သူ့စကားနောက်ကိုလိုက်ကာ မျက်တောင်များက တဖျပ်ဖျပ်ခပ်နေပြီး သူ့မျက်နှာကို ဆွဲညှစ်ထားသော ရှန်ချီဟွမ်း၏လက်ကိုဖမ်းလိုက်သည်။ သူက သူ့ခင်ပွန်းနှင့် အပြင်မှာ နီးကပ်နေတာကြောင့် နည်းနည်းရှက်သွားပြီး ညင်ညင်သာသာပြောလိုက်သည်။ “နာတယ်”

“ငါအားတောင်မသုံးထားဘူး။” ရှန်ချီဟွမ်းက စကားဆုံးသည်နှင့် ရှန်းယုဟန်၏ ဖြူဖွေးနေသောမျက်နှာမှာ လက်ချောင်းရာကိုတွေ့သွားပြီး ထိုသည်မှာ သူညှစ်လိုက်သော အနီရောင်အမှတ်အသားဖြစ်သည်။ “တကယ်နာသွားတာလား?”

“နည်းနည်းပါ” ရှန်းယုဟန်က ရှန်ချီဟွမ်းကို မျက်လုံးလှန်ကြည့်ကာ “အရမ်းမနာပါဘူး။”

ရှန်ချီဟွမ်းက သူ့အရေပြားအရမ်းပါးကာ နီသွားမယ်လို့ မမျှော်လင့်ထားပေ။ ကိုင်လို့ကောင်းသော်လည်း အားမသုံးထားသဖြင့် မှုန်တေတေပြောလိုက်သည်။ “မင်းကအရမ်းနူးညံ့တာပဲ”

ရှန်းယုဟန်က ခေါင်းမော့ကာ ရှန်ချီဟွမ်းကို ထပ်ကြည့်လိုက်သည်။ “မဟုတ်ပါဘူး၊ အရေပြားပါးလို့ပါ”

“အွန်း၊ အရေပြားပါးပေမယ့် နူးညံ့တယ်” ရှန်ချီဟွမ်းက သူ့ကိုမြင်လိုက်ရပြီးနောက် စိတ်ကြည်နေပြီး သူ့နှုတ်ခမ်းမှ အပြုံးသေးသေးလေးတစ်ခုပေါ်လာကာ ရှန်းယုဟန်ကို လှည့်မေးလိုက်သည်။ “ရှန်ချီယွင်ကို မြင်လိုက်သလားလို့”

“ဟုတ်တယ်.. သူဘာလို့ဒီကိုရောက်နေလဲ ကျွန်တော်မသိဘူး။ ပြီးတော့ သူက ကျွန်တော်နဲ့အတူ နေလည်စာစားချင်တယ်လို့လည်း ပြောခဲ့တယ်။” ရှန်းယုဟန်က ရှန်ချီဟွမ်းကို ဖြစ်ပျက်ခဲ့သမျှ ပြောပြလိုက်သည်။

ရှန်ချီဟွမ်းက သူ့မျက်လုံးများကိုကြည့်ကာ လိမ်တာမဟုတ်ဘူးဆိုတာကိုသိပြီး သူက သူ့ခါးကိုလက်နှင့်ဖက်ကာ ကားဆီကို ညင်ညင်သာသာ ခေါ်သွားခဲ့သည်။ သူက တီးတိုးပြောလိုက်သည်။ “အပြင်မှာအေးနေပြီ၊ အထဲအရင်ဝင်နေ.. ငါသူ့ကိုစကားနည်းနည်းပြောလိုက်ဦးမယ်”

သူကားပေါ်တက်ခါနီးမှာ ခေါင်းနဲ့တိုက်မိမှာစိုး၍ လက်နဲ့ကာပေးထားပြီး သူက နဂိုတည်းက နူးညံ့လို့ ခေါင်းထိသွားရင် ငိုသွားနိုင်သည်။

ရှန်ချီဟွမ်းအနားမှာရှိရင် ရှန်းယုဟန်၏စိုးရိမ်မှုက ငြိမ်သက်သွားသည်။ ရှန်ချီဟွမ်းက ကားတံခါးကိုပိတ်ပေးပြီး ဒရိုက်ဘာက မိသားစုဒရိုက်ဘာမဟုတ်ကြောင်း သတိထားမိသွားပေမယ့် လက်ထောက်ချွီက သူ့ကိုနှုတ်ဆက်လာသည်။

ရှန်းယုဟန်က ခရီးနဲ့ပတ်သတ်ပြီး စူးစမ်းချင်နေပြီး လက်ထောက်ချွီက သူတို့လူဖြစ်၍ သူက မအံ့သြခဲ့ပေ။

“လက်ထောက်ချွီ၊ ဒီတစ်ကြိမ်ယူအက်စ်မှာ အခက်တွေ့ခဲ့လား?”

“အဆင်ပြေပါတယ်၊ သူဌေးက ဒီတစ်ကြိမ်အဓိကတွန်းအားဆိုတော့ ပိုတောင်ခက်ခဲတယ်။” လက်ထောက်ချွီက အလုပ်သဘောအရပြုံးပြကာ “သူက လွန်ခဲ့တဲ့ရက်တွေမှာ တစ်ဖက်လူနဲ့ ညှိနှိုင်းမှုအများကြီးလုပ်ခဲ့ပြီး ညဆိုရင်နောက်ကျတဲ့ထိ ဟိုတယ်အစည်းအဝေးခန်းမှာ အစည်းအဝေးကျင်းပရတယ်။”

ရှန်းယုဟန်က ရှန်ချီဟွမ်း နောက်ကျသည်အထိ အလုပ်လုပ်တာကို မမြင်ဖူးပဲ အိမ်ကိုစောစောပြန်လာဖို့ နောက်ကျတဲ့အထိ အလုပ်လုပ်မယ်လို့ မမျှော်လင့်ထားပေ။ ပြန်ရောက်တော့ သူ့မျက်နှာက မျက်တွင်းချောင်နေတာ အံ့သြစရာမရှိပေ။ သူက အနည်းငယ်စိတ်ပူသွားခဲ့သည်။

ရှန်းယုဟန်က သတင်းကွန်ရက်ပေါ်က အမေရိကန်လူမျိုးများ၏ ကြမ်းတမ်းသောဘဝကို တွေ့ခဲ့ရသည်။

သူက ထိတ်လန့်မှုကြောင့် ရင်ဘတ်ကိုဖိကာ မေးလိုက်သည်။ “ယူအက်စ်မှာ မကြာခဏပစ်ခတ်မှုတွေရှိနေတယ်လို့ ကျွန်တော်သတင်းမှာဖတ်ခဲ့ရတယ်၊ ညသန်းခေါင် လမ်းပေါ်မှာ သေနတ်ကိုင်ထားကြတဲ့လူတွေလည်း ရှိတယ်တဲ့။ အရမ်းအန္တရာယ်မများဘူးလား?”

လက်ထောက်ချွီက​ပြောလိုက်သည်။ “ကျွန်တော်တို့က ညဘက်မှာအပြင်မထွက်ဘူး၊ မငြိမ်သက်တဲ့နယ်မြေကို မသွားသရွေ့အဆင်ပြေပါတယ်။ ကျွန်တော်တို့က လုံလုံခြုံခြုံပြန်ရောက်ခဲ့တာပဲလေ။”

ရှန်းယုဟန်က ကိုယ်အလေးချိန်ကျသွားသော ရှန်ချီဟွမ်း၏ ခန့်ညားသောမျက်နှာကို တွေ့ခဲ့ရသည်။ “ဒါဆို အဲ့မှာဘာစားခဲ့ကြလဲ?”

လက်ထောက်ချွီက ချဲ့ကားမှုမရှိပဲ ပြောဖို့ကြိုးစားခဲ့ပေမယ့် ခေါင်းစဥ်ကို ရှန်ချီဟွမ်းဆီကိုပဲ ဦးတည်လိုက်သည်။ “အသားကင်နဲ့ပေါင်မုန့်..ပြီးတော့ အခွင့်အခါသင့်ရင် တရုတ်အစားအစာ၊ ဒါပေမယ့် တရုတ်အစားအစာက ပုံမှန်ပါပဲ၊ သူဌေးကလည်းသိပ်မကြိုက်ဘူး။”

အမှန်ကန်ဆုံးစကားက စိတ်ဆင်းရဲစရာအကောင်းဆုံးဖြစ်သည်။ ရှန်းယုဟန်က သူတို့လမ်းခရီးမှာ အစားအသောက် အခက်အခဲမရှိဘူးထင်ခဲ့ပေမယ့် အစားအသောက်မကောင်းလို့ အဆင်မပြေခဲ့ပုံရပြီး သူက သူ့ခင်ပွန်းကို အစားထိုးပေးရန် အန်တီဝမ်ကို ဘဲသားပေါင်းချက်ပေးဖို့ ပြောလိုက်ဦးမည်။

လက်ထောက်ချွီက သူဌေး၏ဇနီးကြားသွားလျှင် သူ့ကိုလစာတိုးပေးဖို့ သူဌေးကို သေချာပေါက်တောင်းဆိုလိမ့်မည်ဟု တွေးထားသည်။ ပြီးတော့ ဒီနေ့ခတ်မှာ သူ့လိုပါးနပ်တဲ့ လက်ထောက်လည်းသိပ်မရှိပေ။

ဒီမှာတော့ သူတို့က ယူအက်စ်ရဲ့ တစ်နေ့သုံးနပ်ကို ဆွေးနွေးခဲ့ကြပြီး ဟိုမှာတော့ ရှန်ချီဟွမ်းက ရှန်ချီယွင်ကို တည့်တိုးရင်ဆိုင်နေသည်။

ရှန်ချီယွင်က သူရောက်လာတော့ ရှန်းယုဟန်က နည်းလမ်းပြောင်းကာ သူ့ကိုငြင်းလိမ့်မည်ဟု တွေးထားပေမယ့် ရှန်ချီဟွမ်းက အခုလိုပေါ်လာမယ်လို့တော့ မတွေးထားပေ။ သို့သော် ရှန်ချီဟွမ်းကို တစ်ယောက်တည်းရင်ဆိုင်ရမှာက သူ့ကိုလုံးဝမကြောက်လန့်စေပေ။

သို့သော် ရှန်ချီဟွမ်းက သူ့ဒေါသကို ရှန်ချီယွင်အပေါ် တိုက်ရိုက်မပုံချသလို လက်နဲ့ခြေထောက်ကိုလည်း မသုံးခဲ့ပေ။ သူက ဒီလိုလူမဟုတ်ပေမယ့် ရှန်ချီယွင်ကို အမူအရာမဲ့စွာပြောလိုက်သည်။ “မင်းအားတဲ့တစ်ရက်မှာ ငါနဲ့ မင်းမရီးက မင်းကိုနေ့လည်စာ ဝယ်ကျွေးပါမယ်။”

ရှန်ချီယွင်က သူ့လက်ထဲက ပန်းကိုကိုင်ထားကာ ရှန်ချီဟွမ်းက ရည်ရွယ်ချက်ဆိုးနဲ့ လာခဲ့တာကို သူသိသည်။ သို့သော် သူက ဒီလိုရိုးရှင်းသောစကားကို လွယ်လွယ်ပြောလာမယ်လို့ မမျှော်လင့်ထားပေ။

မရီး ရှန်းယုဟန်?

သူကလက်မခံပေ။ “ကျေးဇူးပါ..အစ်ကိုဟွမ်း၊ ကျွန်တော့် အခုတစ်လော အားလပ်ချိန်မရှိပါဘူး။”

ရှန်ချီဟွမ်း၏ မျက်လုံးများက ရေခဲဓားနှင့်တူနေပြီး ရှန်ချီယွင်၏ မျက်နှာကို နည်းနည်းချင်းထိုးစိုက်နေသည်။ “မင်းရဲ့မရီးက မင်းသူ့ကို နေ့လည်စာဖိတ်ကျွေးဖို့ အချိန်ရတယ်လို့ ပြောခဲ့တယ်။”

ရှန်ချီယွင်က အံ့သြသွားသည်၊ ရှန်းယုဟန်က ဘာကိုဆိုလိုတာလဲ.. သူပြောသမျှကို ရှန်ချီဟွမ်းကိုပြောခဲ့တာလား?

ပန်းစည်းကိုင်ထားသော သူ့လက်က တင်းကျပ်သွားပေမယ့် သူက သာမန်အတိုင်းပြုံးကာ “ကျွန်တော်က ကျွန်တော်လိုက်နေတဲ့မိန်းကလေးကို လာကြိုတာ၊ ပြီးမှသူ့ကိုနေ့လည်စာအတူစားချင်လား​မေးခဲ့တာ။”

ရှန်ချီဟွမ်းက ရှန်ချီယွင်၏ပခုံးပေါ် ရုတ်တရက်လက်တင်လိုက်သည်။ “ကောင်းပြီ၊ ဒီလိုဆိုရင် မင်းကောင်မလေးနဲ့ပဲ ကောင်းကောင်းစားပြီး ငါနဲ့ မင်းမရီးရဲ့နေ့လည်စာကို စိတ်ပူမနေပါနဲ့။” သူက ရှန်ချီယွင်၏ပခုံးကိုဖိကာ တိုးတိုးလေးသတိပေးလိုက်သည်။ “ရှန်ချီယွင်၊ ရှန်းယုဟန်က အခုငါ့အပိုင်ပဲ၊ မင်းငါ့လမ်းရှေ့ကဖယ်ပြီး ငါတို့အနားမှာ တဝဲလည်လည်လုပ်နေတာကို ရပ်လိုက်ပါ။”

ရှန်ချီယွင်က ရှန်ချီဟွမ်း၏လက်ကို ဖယ်လိုက်ချင်ပေမယ့် ရှန်ချီဟွမ်း၏လက်က သူ့ပခုံးပေါ်မှာ သံပန်းဂဟေဆော်နေတာနဲ့ တူနေပြီး သူက သူ၏လူကြီးလူကောင်းပုံရိပ်ကိုထိန်းရန် မနာသလိုဟန်ဆောင်ကာ အံကြိတ်ပြီးပြောလိုက်သည်။ “လွှတ်စမ်း! မင်းက ရှန်းယုဟန်ကို ဂရုစိုက်ပေမယ့် သူကမင်းကိုဂရုစိုက်လို့လား? သူက ငါ့ကို နှလုံးသားတစ်ခုလုံးပုံပေးပြီး ချစ်ခဲ့တာ။”

ရှန်ချီဟွမ်းက သူ့ပခုံးပေါ်ကလက်ကို ဖြေလျော့ပေးလိုက်ပြီး ကုတ်အင်္ကျီကိုခါပေးလိုက်သည်။ သူက စိတ်မဆိုးပဲ ပြောလိုက်သည်။ “တစ်ခါတစ်လေတော့ မျက်စိကန်းဖူးတဲ့သူတွေ ရှိကြတာပဲ။”

ကလေးဘဝကနေ အရွယ်ရောက်သည်အထိ နှစ်သစ်ကူးနှင့် တခြားပွဲတော်များမှာ ရှန်ထျန်းဖုန်းက ရှန်အိမ်တော်မှာ ညစာအတူစားဖို့ အိမ်တော်များစွာကို ဖိတ်ခေါ်လေ့ရှိပြီး မဒမ်တွေက ထိုနေရာမှာ ရှိနေလို့မရပဲ ကလေးတွေကတော့ ရှိနေရမည်။

ရှန်ချီဟွမ်း၏ မွေးမိခင်က လောကီရေးရာများကို ဂရုမစိုက်တော့သည်မှာ ကြာခဲ့ပြီဖြစ်တာကြောင့် ကလေးလေးယောက်က ရှန်ထျန်းဖုန်း၏ ထိန်းချုပ်မှုအောက်ကို ရောက်သွားခဲ့သည်။ သို့သော် နုပျိုစဥ်ကနေ အိုသည်အထိ ရိုမန်တစ်ဆန်သော ရှန်ထျန်းဖုန်းက သူတို့ကို လုံးဝဂရုမစိုက်ချေ။

ပျက်စီးနေသောကလေးတစ်ယောက်လို ပြုမူသည့် အမေတစ်ယောက်ရှိနေသော ကလေးများက အမေမရှိသော ကလေးများထက် ပိုပြီးယုံကြည်မှုရှိကြသည်။

ကျန်အိမ်တော်သုံးခုမှ သားသမီးများက ပင်မအိမ်တော်က ရှန်ချီဟွမ်းနှင့် တခြားသူများကို သဘာဝအတိုင်း ရန်မူလေ့ရှိကြပြီး ရှန်ချီယွင်ငယ်စဥ်က သူနဲ့အသက်တူသော ရှန်ချီဟွမ်းကို အနိုင်ကျင့်ဖို့ အခွင့်အရေးကို အသုံးပြုလေ့ရှိသည်။ သူက ပါးစပ်ကသာ အစ်ကိုလို့ခေါ်ပေမယ့် ရင်ထဲကနေ အစ်ကိုလို့ မသတ်မှတ်ခဲ့ချေ။ သူအမှားလုပ်တိုင်း ရှန်ချီဟွမ်းအပေါ်ကို အပြစ်ပုံချလေ့ရှိပြီး ရှန်ထျန်းဖုန်းက ချွဲတတ်သော ကလေးများကို သည်းသည်းလှုပ်တာကြောင့် အတွင်းမှာ ဖြစ်ပျက်နေသော လျှို့ဝှက်ဆန်းကြယ်မှုကို စိတ်မဝင်စားပဲ ထိပ်တိုက်တွေ့တိုင်း ရှန်ချီဟွမ်းက နောက်ဆုတ်ပေးရလေ့ရှိသည်။ အချိန်ကြာလာသည်နှင့်အမျှ ရှန်ချီဟွမ်းက ရှန်အိမ်တော်ကိုရောက်တိုင်း တိတ်ဆိတ်စွာနေလေ့ရှိပြီး ရှန်ထျန်းဖုန်းက သူ့ကိုမှားတယ်လို့ ဆုံးဖြတ်သည်ဖြစ်စေ မှန်တယ်လို့ဆုံးဖြတ်သည်ဖြစ်စေ သူဘယ်တော့မှမငြင်းခဲ့ပေ။

ဒီလူတွေက သူ့အတွက် သူစိမ်းတွေဖြစ်တာကြောင့် သူ့အနာဂတ်နဲ့ သူ့ဘဝကိုထိခိုက်အောင် မလုပ်နိုင်ပေ။ သူတို့နဲ့ပြိုင်ငြင်းခုံရင် သူ၏အရည်အသွေးပဲ နိမ့်ကျသွားမည်ဆိုတာ သံသယဖြစ်ဖွယ်မရှိပေ။

ဒီတစ်ကြိမ်မှာတော့ ရှန်ချီဟွမ်းက သည်းမခံနိုင်တော့ပဲ ရှန်ချီယွင်က ဒေါသထွက်ကာ အာစေးမိနေသည်ကိုကြည့်ကာ သူ့စိတ်က ပျော်ရွှင်လာသည်။

သူက ရှန်ချီယွင်ကို ငြင်းဆန်ဖို့ အခွင့်အရေးမပေးချင်ပေ။ ပြောပြီးသည်နှင့် သူက ရှန်းယုဟန်ကိုတွေ့ဖို့ ကားဆီပြန်သွားခဲ့သည်။

ရှန်ချီယွင်က သူ့နောက်လိုက်လာပေမယ့် သူခေါ်လာသော မိန်းကလေးက သူ့ကိုတားခဲ့သည်။

သူက ဒေါသထွက်ကာ တိတ်ဆိတ်နေခဲ့သည်။ ရှန်ချီဟွမ်းက သူ့ကို ဒေါသအရမ်းထွက်အောင် လုပ်သွားတာပဲ!

သူ့ကို ထွက်သွားဖို့ပြောခဲ့တယ်.. ရှန်းယုဟန်အတွက်လေ.. တန်လို့လား?

&&&&&&&&&&&&&&

Chapter 27.2

“ဒါမဟုတ်ဘူး..နောက်ကစာကြောင်း”

ကားဆီပြန်လာပြီးနောက် ရှန်ချီဟွမ်းက ရှန်းယုဟန်ကို နေ့လည်စာဘာစားချင်လဲ​မေးခဲ့သည်။

ရှန်ချီဟွမ်း၏မျက်နှာက အနည်းငယ်ဖြူဖျော့နေကာ ရှန်းယုဟန်က သူ့အတွက် စိတ်မကောင်းဖြစ်ကာ အိမ်စောစောပြန်မှ သူ့ခင်ပွန်းက စောစောအနားယူနိုင်မှာဖြစ်၍ သူကပြောလိုက်သည်။ “အိမ်မှာပဲစားကြမလား?”

ရှန်ချီဟွမ်းက မငြင်းပေ၊ ဆယ်နာရီကြာအောင် လေယာဥ်စီးခဲ့သဖြင့် သူက တကယ်ကိုပင်ပန်းနေခဲ့သည်။ “ကောင်းပြီ၊ အိမ်ပြန်ပြီး အနားယူရအောင်”

ထိုအချိန်တွင် ရှန်းယုဟန်က ရှန်ချီဟွမ်းကို ပြောချင်သည့် စကားများစွာရှိနေပေမယ့် ကားထဲမှာ တခြားသူတွေရှိသဖြင့် သူအဆင်ပြေရဲ့လားဆိုတာကိုပဲ မေးလိုက်သည်။

သူ့ဦးနှောက်ကို အလုပ်ပေးပြီးနောက် ရှန်းယုဟန်က အကြံတစ်ခုရသွားပြီး သူက လက်ချောင်းကိုညှစ်ကာ ရှန်ချီဟွမ်းကို ​မေးလိုက်သည်။ “အမေရိကန်စတိခ်က အရသာရှိလား?”

“မဆိုးပါဘူး” ရှန်ချီဟွမ်းက သူ၏ရှုပ်ယှက်ခတ်နေသော အသွင်အပြင်ကိုကြည့်ကာ သူ၏ပင်ပန်းနွမ်းနယ်မှုက အများကြီးသက်သာသွားခဲ့သည်။ “မင်းက စတိခ်စားချင်လို့လား?” မဟုတ်ရင် ဘာလို့အဲ့လောက်အာရုံစိုက်နေမှာလဲ?

သူက မူလရှန်းယုဟန် စတိခ်စားဖူးလားမသိပေမယ့် သူကတော့ တစ်ခါမှမစားဖူးပေ။

ရှန်းယုဟန်က အချက်အလက်အများကြီးကို မကြာသေးခင်က ရခဲ့ပြီး သူက စတိခ်အကြောင်းသိပေမယ့် တစ်ခါမှမစားဖူးသဖြင့် အမှန်အတိုင်းပြောလိုက်သည်။ “အမေရိကန်စတိခ် မစားဖူးဘူး”

ဤမှတ်ချက်က ယူအက်စ်မသွားဖူးလို့ အမေရီကန်စတိခ်မစားဖူးတာလို့ ဆိုလိုနိုင်ပြီး တစ်ချိန်တည်းမှာ သူက ဘာအသားကင်မှ မစားဖူးတာကို ရှင်းပြနေခြင်းဖြစ်သည်။

သူတို့ချီတိုင်းပြည်မှာ နွားက အလွန်အဖိုးတန်သော တိရစ္ဆာန်ဖြစ်ပြီး အလုပ်လုပ်ဖို့အိုနေသော နွားကိုသာစားကြပြီး အိုမင်းသော အမဲသားကတောင် အတော်စျေးကြီးပြီး ချမ်းသာသောမိသားစုများကသာ စားနိုင်သည်။ သူက အရင်က အမဲသားစားဖူးပြီး ဒီကမ္ဘာကို ရောက်လာတော့လည်း အကြိမ်များစွာစားဖူးပေမယ့် ခေတ်သစ်လူသားတွေ​ပြောကြသော အမဲသားစတိခ်ကိုတော့ မစားဖူးပေ။

ရှန်ချီဟွမ်းက သူတောင်းဆိုသမျှကိုပေးဖို့ ဆန္ဒရှိသည်။ “မနက်ဖြန်နေ့လည်စာအတွက် စတိခ်စားဖို့ခေါ်သွားပေးမယ်။”

လတ်ဆတ်သော အစားအစာကို မြည်းစမ်းခြင်းက ရှန်းယုဟန်ကို စိတ်လှုပ်ရှားစေပြီး အပြင်ထွက်ကာ ကမ္ဘာသစ်ကိုကြည့်ရှုခြင်းက ရှန်းယုဟန်အတွက် ကောင်းသောအရာဖြစ်ပြီး ရှန်ချီဟွမ်းကိုဖြေသော သူ့လေသံက မြင့်တက်သွားသည်။

သူက မျက်လုံးမှေးကာ ပြုံးလိုက်သည်။ “အိုကေ”

ရှန်းယုဟန်၏တောက်ပသော မျက်နှာကိုကြည့်ရင်း ရှန်ချီဟွမ်းက သူ့အပြုံးကို ကျေနပ်နေကာ စိတ်ကြည်လင်ပြီး မနက်ဖြန်ခရီးစဥ်အတွက် အစီစဥ်ဆွဲလိုက်သည်။

အိမ်ပြန်ရောက်တော့ အန်တီဝမ်က နေ့လည်စာပြင်ဆင်ထားပြီးလေပြီ။ ရှန်ချီဟွမ်းနှင့် ရှန်ချီယွင်တို့ စကားပြောနေစဥ် ရှန်းယုဟန်က အန်တီဝမ်ကို ဖုန်းခေါ်ကာ နေ့လည်စာပြင်ထားဖို့ မှာခဲ့ပြီး အိမ်ရောက်တာနဲ့ အစားအစာရနံ့ကိုတောင် ရနေခဲ့သည်။

သူတို့ကို ပြန်ပို့​ပေးသည့် လက်ထောက်ချွီ၏ ကြိုးစားမှုကို ထည့်စဥ်းစားပြီး ရှန်ချီဟွမ်းက မပြန်ခင် ထမင်းစားသွားဖို့ပြောခဲ့သည်။ စိတ်ခံစားချက်ကို အကဲဖြတ်တတ်သော လက်ထောက်ချွီက ယဥ်ကျေးစွာ ငြင်းဆိုခဲ့ပြီး သူဌေးနဲ့ သူဌေး၏ဇနီးကို အချိန်ပေးရန် ပြီးပြည့်စုံသောဆင်ခြေကို ရှာခဲ့သည်။

ထွက်လာပြီးနောက် သူက သူဌေး၏ဇနီးက နေ့လည်မှာ အကသင်တန်းရှိတာကို သတိရသွားပေမယ့် အခုတော့ ဆရာမကို ထပ်ပြီးခွင့်တိုင်ရမယ့်ပုံပေါ်သည်။

နေ့လည်စာက ရိုးရှင်းသော အိမ်ချက်ဟင်းလျာဖြစ်ပြီး ရှန်းယုဟန်က အအေးမိထားသဖြင့် အန်တီဝမ်က ဆားနဲ့ဆီများသော ဟင်းလျာများကိုမချက်ခဲ့ပဲ ရှန်ချီဟွမ်းက အန်တီဝမ်၏စီစဥ်မှုကို ကျေနပ်နေသည်။

အန်တီဝမ်က လူငယ်စုံတွဲ၏ ပြန်စုံစည်းမှုကို မနှောင့်ယှက်တော့ပဲ ရှောင်ပေးခဲ့သည်။ နေ့လည်စာစားပြီးနောက် ရှန်းယုဟန်က ပန်းကန်ဆေးကာ သူ့ခင်ပွန်းကျန်းမာရေးအတွက် အသီးလှီးပေးလိုက်သည်။

ရှန်ချီဟွမ်းက တကယ်ကိုပင်ပန်းနေပြီး ထမင်းစားပြီးနောက် ဆိုဖာပေါ်မှီကာ မလှုပ်ရှားချင်တော့ပဲ အနည်းငယ်ငိုက်မျဥ်းနေကာ မေးစေ့ကို လက်နဲ့ထောက်ထားကာ မျက်လုံးမှိတ်ထားသည်။

ရှန်းယုဟန်က ကော်ဖီစားပွဲပေါ်မှာ သစ်သီးပန်ကန်ပြားကို တင်လိုက်ပြီး ဆိုဖာပေါ်မှာ ညင်ညင်သာသာ ထိုင်လိုက်သည်။

သို့သော် ရှန်ချီဟွမ်းက အဝေးကနေ သူ့ကိုယ်ပေါ်ကရနံ့ကို ရှုရှိုက်ပြီး မျက်လုံးဖွင့်လိုက်သည်။ လက်စားချေဖို့ အချိန်တန်ပြီ။

ရှန်ချီဟွမ်းက သူ့ဘေးက နေရာကိုပုတ်ပြကာ “ဒီကိုလာ၊ စကားပြောမယ်။”

စကားပြောမယ်ဆိုသော စကားလုံးက ရှန်းယုဟန်အတွက် မကောင်းသောမှတ်ဉာဏ်ကို သတိရစေပြီး ရှန်ချီဟွမ်း အလုပ်ခရီးမထွက်ခင် သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ဝင်မစွက်ဖက်ဖို့ ပြောခဲ့တာကို ပြန်စဥ်းစားကြည့်လိုက်တော့ သူက စိတ်ဆိုးကာ ဒေါသထွက်သွားပြန်သည်။

“ဘာအကြောင်းပြောမှာလဲ?” ရှန်းယုဟန်က ရှန်ချီဟွမ်းနှင့် နှစ်ပေအကွာမှာရှိပြီး သူ့မျက်လုံးများက သတိထားနေကာ ရှန်ချီဟွမ်းကို ဘေးစောင်းကြည့်လိုက်သည်။

ရှန်ချီဟွမ်းက သူ့အမှားကိုလည်း ပြန်တွေးမိကာ ရှန်းယုဟန်၏ ရုတ်တရက်စိုးရိမ်နေသော အမူအရာကြောင့် ရွှင်မြူးသွားပြီး သူက နူးနူးညံ့ညံ့ရယ်မောလိုက်သည်။ “အဲ့လိုမဟုတ်ဘူး” သူက ရှန်းယုဟန်ဘေးကိုတိုးကာ တစ်ဖက်လူက သူ့ဆီမလာရင် သူက တစ်ဖက်လူဆီသွားမည်။ “အရင်နှစ်ရက်က ငါ့ဗီဒီယိုကောလ်ကို ဘာလို့မကိုင်တာလဲ၊ ပြန်စာကလည်း နှေးလွန်းပြီး တစ်ရက်မှာ တစ်ကြောင်းနှစ်ကြောင်းပဲပြန်တယ်။”

ရှမ်းယုဟန်က မမျှော်လင့်ထားသော မတော်တဆမှုမရှိပဲ ရှန်ချီဟွမ်းနှင့် ရှားရှားပါးပါး နီးကပ်နေကာ ရှန်ချီဟွမ်းကိုယ်ပေါ်က ထင်းရှုးရနံ့က သူ့ကိုဖုံးလွှမ်းနေသဖြင့် သူ့စိတ်က ချာချာလည်နေသည်။

ဗီဒီယိုခေါ်ဆိုမှုကို မကိုင်တာနဲ့ စာမပြန်တာကို ပြောရရင် ရှန်းယုဟန်က ရှန်ချီဟွမ်းကို သနားစရာကောင်းသော မျက်လုံးများနှင့်ကြည့်လိုက်သည်။

သူက သူ့လက်ကို သားရေဆိုဖာပေါ်မှာတင်ကာ သတိလက်လွတ်ကုတ်ဖဲ့နေသည်။ “ဒီကိစ္စကို ခင်ဗျားကိုမေးရမှာ”

“ဘာမေးမှာလဲ?” ရှန်ချီဟွမ်းက သူစိတ်ဆိုးအောင် ဘာများထပ်လုပ်မိခဲ့တာလဲ။

ရှန်ချီဟွမ်း၏ပေါင်က ရှန်းယုဟန်၏ပေါင်ကို မတော်တဆထိမိသွားပြီး ရှန်းယုဟန်က လန့်သွားသည်။ ခင်ပွန်းက ရုတ်တရက် သူ့အနားကပ်လာတော့ ရှန်းယုဟန်၏မျက်နှာက နီမြန်းသွားပြီး သူ့ခင်ပွန်းက အနီးကပ်စောင့်ကြည့်နေလို့ စကားပြောတာမဖြောင့်တော့ပေ။

ရှန်းယုဟန်က ရှက်ကိုးရှက်ကန်း ခေါင်းငုံ့လိုက်ပြီး သူ့နားရွက်ဖျားက နီရဲနေကာ စကားထစ်နေသည်။ “ခင်ဗျားအပြင်မှာ…”

“ငါက ဘာလဲ?” ရှန်းယုဟန်၏အသံက တိုးနေပြီး ရှန်ချီဟွမ်းက ရှင်းရှင်းလင်းလင်းမကြားရသဖြင့် သူက ရှန်းယုဟန်အနားကို ပိုတိုးကာ ထိမိလုနီးပါး သူ့နားထဲတွင် တီးတိုးပြောလိုက်သည်။ “ကျယ်ကျယ်ပြော၊ မင်းအခုလေးတင် ထမင်းစားပြီးတာ”

ရှန်းယုဟန်က အောက်နှုတ်ခမ်းကိုကိုက်ကာ ရှန်ချီဟွမ်းက အနှောင့်အယှက်ကင်းသော ဘဝကို​နေချင်လို့ အပြင်မှာ တစ်ယောက်ယောက်ရှိနေလောက်သည်ဟု တွေးနေသည်။ သူက သူနဲ့နီးကပ်နေသော ရှန်ချီဟွမ်းကို ဒေါသတကြီးတွန်းလိုက်ပေမယ့် တွန်းလို့မရတာကြောင့် နှုတ်ခမ်းဆူလိုက်သည်။

ရှန်ချီဟွမ်းက သူဘာလုပ်နေလဲမသိပေမယ့် ဖွဖွလေးအတွန်းခံလိုက်ရတာကြောင့် ကလိထိုးနေသလိုဖြစ်နေသည်။ “အရင်တစ်ခေါက်က ဖြစ်ခဲ့တာအတွက် တောင်းပန်ပါတယ်၊ ဒါပေမယ့် အခုက ဘာကိုပြောနေတာလဲ?”

“အဲ့ဒါက.. အဲ့ဒါက.. ခင်ဗျားက အပြင်မှာ တခြားတစ်ယောက်ရှိ​နေတယ်တဲ့” ရှန်းယုဟန်၏နှာခေါင်းက အနည်းငယ်ချဥ်စူးနေပြီး သူ့မျက်လုံးများက အနည်းငယ်နီရဲနေပေမယ့် သူကမငိုခဲ့ပေ။ သူက ခေါင်းငုံ့ကာ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ “ချီတိုင်းပြည်လူတွေလို ဇနီးတစ်ယောက်နဲ့ မယားငယ်တစ်ယောက် ဘယ်တစ်ဖက်ညာတစ်ဖက် ဖက်ထားချင်တာလား.. ကျွန်တော်က..”

သူက ထိုအကြောင်းကိုတွေးခဲ့ပြီးပြီ၊ သူ့ခင်ပွန်းက မယားငယ်ထားချင်ရင် သူက လက်ခံပေးရုံသာရှိပြီး အနာဂတ်မှာ သူ့ကိုယ်သူထောက်ပံ့ဖို့ ပိုက်ဆံရှာကာ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးတော့မည်။

ရှန်ချီဟွမ်းက မျက်မှောင်ကြုတ်ကာ သူ့ကိုဖြတ်ပြောလိုက်သည်။ “ငါဘယ်တုန်းက အပြင်မှာ တခြားတစ်ယောက်ရှိခဲ့လို့လဲ? မင်းဘယ်သူ့စကားကို နားထောင်နေတာလဲ?”

ရှန်းယုဟန်က သူ့ခေါင်းကိုမော့ကာ ရှန်ချီဟွမ်း၏မျက်လုံးများတွင် သူ့ပုံရိပ်ကိုတွေ့လိုက်ရသည်။ “တကယ်လို့…”

“တကယ်လို့ဆိုတာမရှိဘူး၊ ငါ့မှာတခြားတစ်ယောက်မရှိဘူး၊ မင်းစိတ်က နေ့တိုင်းကြုံသလိုတွေးနေတော့တာပဲ။” ရှန်ချီဟွမ်းက သူ့လက်ကိုမြှောက်ကာ သူ့ဆံပင်ကိုဖွလိုက်သည်။ “အဲ့ဒါကြောင့် မင်းငါနဲ့ဗီဒီယိုကောလ် မပြောချင်တာလား?”

ရှန်းယုဟန်က စိတ်ထဲကနေပြောလိုက်သည်။ အဲ့ဒီနှစ်ခုကြောင့်ပဲ မဟုတ်ပဲ သူက ဒီနှစ်ရက်မှာ ရှုပ်ယှက်ခတ်နေကာ အားလုံးကိုစိတ်ပျက်နေပြီး သူ့ခံစားချက်များက ရှန်ချီဟွမ်းကို ထိခိုက်သွားမှာကို စိုးရိမ်ခဲ့လို့ သူက ဖုန်းမကိုင်ခဲ့တာဖြစ်သည်။ သေချာတာကတော့ သူက သင်ယူလေ့လာရင်း ပင်ပန်းသွားလို့ စကားပြောစရာလူမရှိပဲ စိတ်ဓာတ်ကျသွားတာဖြစ်မည်။

သို့သော် သူ့ခင်ပွန်းက မေးနေလို့ ခေါင်းညိတ်ပြလိုက်သည်။ “အွန်း”

ရှန်ချီဟွမ်းက ထိုသည်မှာ သူ့ကိုထိခိုက်လွယ်စေသော အရင်က ကိစ္စ​ကြောင့်ဖြစ်မည်ဟုတွေးကာ မေးခွန်းထပ်မမေးတော့ပဲ သက်ပြင်းချကာ ပြောလိုက်သည်။ “နောက်တစ်ခါ ဒါမျိုးတွေကြားခဲ့ရင် ငါ့ကိုတိုက််ရိုက်မေးပါ။”

“အို” ရှန်းယုဟန်က စိတ်မပြေသေးပဲ ထပ်မေးလိုက်သည်။ “တကယ်မရှိဘူးလား?”

ရှန်ချီဟွမ်း၏မျက်လုံးများက စတင်ပြောင်းလဲလာပြီး သူက လေးလေးနက်နက် ပြောလိုက်သည်။ “ရှန်းယုဟန်၊ ငါမင်းကိုမလိမ်ပါဘူး၊ ငါလုပ်သမျှ မင်းကိုပြောပြမှာပါ၊ ငါမလုပ်ခဲ့ဘူးဆိုရင် မလုပ်ခဲ့ဘူးပဲ၊ အာမခံပေးနိုင်တယ်။”

ရှန်းယုဟန်က ခေါင်းငုံ့ကာ သူ၏အဖြူရောင်ချည်သားဖိနပ်ထိပ်ကို ကြည့်လိုက်တော့ ယုန်ပုံသဏ္ဍန် ချစ်စရာကောင်းသော မျက်လုံးနှစ်လုံးရှိနေပြီး ရှန်ချီဟွမ်းက အလုပ်ခရီးထွက်နေစဥ် သူ့အတွက်ဝယ်ပေးခဲ့တာဖြစ်သည်။ သူက သူ့ခင်ပွန်းကို ယုံ​ကြည်ရမည်ဟုတွေးလိုက်သည်။

“သိပါတယ်၊ ကျွန်တော်ခင်ဗျားကိုယုံပါတယ်။”

ရှန်ချီဟွမ်းက ရှန်းယုဟန် သူ့ကိုယုံဖို့ မမျှော်လင့်ထားခဲ့ပေ။ ဖြည်းဖြည်းချင်း အချိန်ကသက်သေပြသွားလိမ့်မည်၊ ပြီးတော့ အရင်က သူ့လုပ်ရပ်ကလည်း လူတွေ သူ့ကိုယုံကြည်နိုင်ဖို့ မလွယ်ကူခဲ့ပေ။ “အပေါ်ထပ်ကိုလိုက်ခဲ့၊ ငါမင်းအတွက် ယူအက်စ်ကနေ လက်ဆောင်ဝယ်လာခဲ့တယ်။”

ရှန်းယုဟန်က နာခံစွာ ရှန်ချီဟွမ်းနောက်ကနေ အပေါ်ထပ်ကိုလိုက်သွားသည်။ ရှန်ချီဟွမ်းက လှပစွာထုပ်ပိုးထားသော ဘူးလေးကိုယူလိုက်သည်။ “ဘာလက်ဆောင်လဲ” ရှန်းယုဟန်၏မျက်လုံးများက ထပ်မံတောက်ပလာသည်။

ရှန်ချီဟွမ်းက ဘူးကိုဖွင့်လိုက်သည်။ အထဲမှာ လည်ဆွဲ၊လက်ကောက်၊နားကပ်.. စသဖြင့်ရိုးရှင်းပြီး ရည်မွန်သော လက်ဝတ်ရတနာ တစ်ဆက်ပါဝင်ပြီး ထိုရတနာတစ်ဆက်နဲ့ ကွဲပြားသော လက်စွပ်တစ်ကွင်းလည်း ရှိနေသည်။

ထိုလက်စွပ်မှာ ရှန်းယုဟန်ဝတ်ဆင်ဖူးသော ကျောက်မျက်ရတနာများထက် ကြီးမားသော ရှားပါးကျောက်မျက်ရတနာဖြစ်ပြီး မီးရောင်အောင်မှာ လက်ရာမြောက်ကာ တောက်ပနေသည်။ ထိုသည်မှာ ပိုစျေးကြီးသော ကျောက်မျက်ရတနာဟုသာ သူတွေးခဲ့ပြီး ရှန်းယုဟန်ကို ငိုအောင်လုပ်ခဲ့မိပြီး နှစ်ရက်အကြာ နိုင်ငံခြားမသွားခင် ညနေခင်းတစ်ခုမှာ ကျောက်မျက်ရတနာဆိုင်တစ်ခုက ရှန်ချီဟွမ်းမှာပေးခဲ့သည့် အဝါရောင် စိန်လက်စွပ်လို့မထင်ခဲ့ပေ။

ရှန်ချီဟွမ်းက လက်စွပ်ကိုထုတ်ကာ “ဘယ်လက်ကို ထုတ်လိုက်”

သူတို့နှစ်ယောက်လုံးက လက်ထပ်ပွဲနေ့က လက်ထပ်လက်စွပ်ကို ဝတ်ထားပေမယ့် နောက်နေ့မှာချွတ်ထားကာ နှစ်ယောက်လုံးက ဝတ်မထားခဲ့ကြပေ။

ရှန်းယုဟန်က နာခံစွာ ဘယ်လက်ကိုပေးလိုက်ပြီး ရှန်ချီဟွမ်းက ရှန်းယုဟန်ကို လက်စွပ်စွပ်ပေးလိုက်ပေမယ့် ဒီတစ်ကြိမ်မှာတော့ သူ့ဆန္ဒအလျောက် လိုလိုလားလား လုပ်ပေးခဲ့တာဖြစ်သည်။

သူ့လက်ချောင်းများက ရှည်လျားသွယ်လျကာ အလွန်လှသည်။ အရင်က နည်းနည်းလေးနူးညံ့ပေမယ့် အခုတော့ ထိလိုက်တာနဲ့ ချောမွေ့နေသည်။

လက်စွပ်ကို ရှန်းယုဟန်၏ ဆိုဒ်အလိုက် သေချာပြင်ဆင်ခဲ့တာဖြစ်ပြီး ရှန်းယုဟန်၏ ဘယ်ဘက်လက်သူကြွယ်နှင့် အံဝင်ခွင်ကျဖြစ်ကာ မချောင်လွန်း မကျပ်လွန်းပဲ ကွက်တိဖြစ်နေသည်။

ရှန်းယုဟန်က မြင်မြင်ချင်း သဘောကျခဲ့သည်။

“ဒါကို တစ်ချိန်လုံးဝတ်ထားရမလား?” ရှန်းယုဟန်သည် ယင်းကို အလင်းရောင်အောက်မှာ ဘယ်ညာနှိုင်းယှဥ်ကာ သူ့အလှကို ဘယ်လိုစကားနဲ့ ဖော်ပြရမလဲမသိတော့ပေ။

“မင်းဝတ်ချင်တဲ့အချိန်အထိဝတ်လို့ရတယ်။” ရှန်ချီဟွမ်းက စျေးနှုန်းကိုဂရုမစိုက်ပဲ သူ့ရည်ရွယ်ချက်က ရှန်းယုဟန်၏ မျက်လုံးထဲက ပျော်ရွှင်မှုကို မြင်ချင်တာဖြစ်သည်။

ရှန်းယုဟန်က သူ့ခင်ပွန်း သူ့ကိုကြည့်နေတာကို သတိထားမိသွားပြီး ရှက်ကိုးရှက်ကန်း လက်ကိုရုတ်ကာ တီးတိုးပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်၊ ယောကျာ်း”

“ဘာပြောလိုက်တာလဲ?” ရှန်ချီဟွမ်းက တမင်တကာမေးလိုက်သည်။

ရှန်းယုဟန်က ခဏလောက်စဥ်းစားကာ ထပ်ပြောလိုက်သည်။ “ကျေးဇူးပါ”

ရှန်ချီဟွမ်းက သူ့မျက်လုံးထဲကိုကြည့်ကာ ညွှန်ပေးလိုက်သည်။ “ဒါမဟုတ်ဘူး.. သူ့နောက်ကစကား”

“ယော်..” ရှန်းယုဟန်က ရှန်ချီဟွမ်း သူ့ကိုပြုံးပြီးကြည့်နေတာကို တွေးလိုက်ရပြီး သူ့ပါးပြင်က နီမြန်းသွားသည်။ သူ့ခင်ပွန်းက ပြုံးလိုက်ရင် ဆွဲဆောင်မှုရှိလွန်း၍ သူကမျက်နှာလွှဲကာ ပါးစပ်ပိတ်လိုက်သည်။

သူ့ခင်ပွန်းက အရမ်းဆိုးတာပဲ။

ရှန်ချီဟွမ်းက သူ့ကိုတွန်းအားမပေးပဲ ကုတင်ပေါ်မှာထိုင်ကာ ပြောလိုက်သည်။ “ငါနည်းနည်းပင်ပန်းနေလို့ ခဏလောက် အတူအိပ်ပေးပါလား”

“ကောင်းပြီ” ကုမ္ပဏီတွင် ရှန်ချီဟွမ်းက သူအိပ်လျှင် အဖော်ပြုပေးလေ့ရှိသည်။

ခဏအကြာတွင် ရှန်ချီဟွမ်းက အိပ်ပျော်သွားသည်။ သူက တကယ်ကိုပင်ပန်းနေပြီး ယူအက်စ်မှာ ဟိုဟိုသည်သည် ပြေးနေခဲ့ရပြီး အနားမယူခဲ့ရပေ။ ရှန်းယုဟန်က သူ့ဗီဒီယိုကောလ်ကို မဖြေတာကြောင့် တစ်ချိန်လုံးစိတ်ပူခဲ့ရပြီး အိမ်ကိုအမြန်ပြန်ခဲ့သည်။

ရှန်းယုဟန်က သူ့ဘေးမှာလှဲကာ သူ့ကိုအကြာကြီးကြည့်နေပြီး သူက အိပ်မောကျကာ မျက်ခုံးတွ​န့်​တာပြေလျော့သွားပြီး ဗီဒီယိုထဲက ခင်ပွန်းနဲ့ယှဥ်လျှင် အပြင်မှာ ပိုကြည့်ကောင်းသည်။

သူက သူ့ခင်ပွန်းက အိပ်ပျော်သွားပြီဟုတွေးကာ လက်ကိုကိုင်ထားလိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။ “ယောကျာ်း.. အလုပ်ကြိုးစားခဲ့ပါတယ်။”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment