no

Font
Theme

Chapter 55.1

“အဖိုးတန်ဇနီးလေး”

“အွန်း..ယောကျာ်း… ကျွန်တော့်ကိုခေါ်လိုက်​သေးလား?” ရှန်းယုဟန်က သူနားကြားမှားတာထင်ပြီး အံ့သြနေပုံရကာ သူ့ခင်ပွန်းက သူ့ကိုဇနီးလို့ တစ်ခါမှမခေါ်ဖူးသဖြင့် ထင်ယောင်ထင်မှားဖြစ်နေသလိုပင်။

ရှန်းချီဟွမ်း၏မျက်နှာက တောင့်တင်းသွားပြီး သူက မျက်လုံးမှိတ်ကာ ပြန်ဖွင့်လိုက်ပြီး ​တည်​ငြိမ်ချင်ယောင်ဆောင်လိုက်သည်။ “ဘာလဲ၊ ငါမင်းကိုမခေါ်ပါဘူး။”

ရှန်းယုဟန်က သူ့လက်ထဲကပန်းအိုးကိုချကာ ကုလားထိုင်တစ်လုံးဆွဲထုတ်လိုက်ပြီး သူ့ဘေးမှာထိုင်ကာ သူ့ကိုမျှော်လင့်တကြီးကြည့်နေသည်။ “ခင်ဗျားခေါ်လိုက်တယ်။”

“မဟုတ်ဘူး။ မင်းနားကြားမှားတာ။” ရှန်ချီဟွမ်းက အလျော့မပေးပဲ ငြင်းဆိုလိုက်သည်။

“ခင်ဗျားကျွန်တော့်ကို ဇနီးလေးလို့ခေါ်လိုက်တယ်။” ရှန်းယုဟန်က ရှေ့တိုးကာ သူ့ကိုကြည့်နေပြီး သူ၏အဖြူအနက်မျက်လုံးများက ကြည်လင်ပြီး ဖောက်ထွင်းမြင်ရကာ သူတို့ထဲမှာ ရှန်ချီဟွမ်း၏ အရိ​ပ်သာရှိသည်။

ရှန်ချီဟွမ်းက ဒဏ်ရာမရသောညာလက်ဖြင့် သူ့ပါးကို ညင်သာစွာပွတ်သပ်လိုက်ပြီး အကြောင်းအရာကို ရုတ်တရက်ပြောင်းလိုက်သည်။ “ငါ့ကို ကုတင်ပေါ်ကူတင်ပေးပါ”

“ဒါဆို ခင်ဗျားသစ်သီးစားချင်လား? ခင်ဗျားအိပ်ပျော်နေတုန်းက တစ်ယောက်ယောက်ကို လာပို့ခိုင်းထားတယ်။” ရှန်းယုဟန်က သူ့ခင်ပွန်း၏ အ​ကြောတင်းသောပါးစပ်ကို ကျင့်သားရနေပြီး အရှက်မခွဲချင်တာကြောင့် သူက သူ့ကို ဝန်ခံဖို့ မတိုက်တွန်းတော့ပေ။ ဘာပဲဖြစ်ဖြစ် သူတို့က သူတို့နှလုံးသားကိုသိကြသည်။ သူက ချစ်စရာကောင်းသော သူ့ခင်ပွန်းကိုသဘောကျပြီး အပြင်ဘက်က သန်မာသော အသွင်အပြင်နှင့်နှိုင်းယှဥ်ပါက သူက သူ့ခင်ပွန်းကို ပိုတောင်သဘောကျပြီး သူ့ခင်ပွန်းက သူ့ရှေ့မှာသာ ဒီလိုပြုမူတတ်တာဖြစ်သည်။

ရှန်ချီဟွမ်းက သူဘာစားချင်လဲပြောဖို့ ပါးစပ်ဖွင့်လိုက်ချိန် ရှန်းယုဟန်က သူ့နဖူးသူပုတ်နေတာကို ​ကြားလိုက်ရသည်။ “ဒီငါ့ဦးနှောက်ကတော့….. ခင်ဗျားအသီးစားလို့မရသေးဘူး။ အရည်ပဲစားလို့ရမယ်။”

“ငါမနက်ဖြန်စားလို့ရလောက်ပြီ။ မင်းပဲအရင်စားပါ။ ဘာဝယ်ထားတာလဲ?” လူနာဆောင်က သူနိုးလာကတည်းက ပြောင်းလဲနေခဲ့သည်။

“နေ့စဥ်သုံးပစ္စည်းတွေဝယ်ထားတယ်။ လူနာဆောင်မှာဘာမှမရှိဘူး။ ခင်​ဗျားက သန့်သန့်ရှင်းရှင်းနေရတာကြိုက်တော့ သဘက်နဲ့ သွားတိုက်တံအသစ်တွေကို ဝယ်ထားတယ်။ ကျွန်တော် အိမ်စီးဖိနပ်အပါးနဲ့ အဝတ်အစားတချို့ကိုလည်း ဝယ်ထားသေးတယ်။” သူက ခရီးဆောင်အိတ်ကိုထုတ်ပိုးနေစဥ်မှာ ငိုနေခဲ့ပြီး သူ့အဝတ်အစားနှင့် သူ့ခင်ပွန်း၏အဝတ်အစားကိုလည်း အာရုံမစိုက်ခဲ့ပဲ တစ်ဝက်စီသာထည့်ခဲ့သည်။ “ကျွန်တော် ခင်ဗျားအတွက် အဝတ်အစားအားလုံးကို ချိတ်ပေးထားတယ်။”

ရှန်ချီဟွမ်းက သူ့ဇနီးလေး ကိုယ်ကျင့်သိက္ခာကောင်းတာကိုသိပေမယ့် အဘက်ဘက်က အရမ်းစဥ်းစားပေးမယ်လို့ မမျှော်လင့်ထားပေ။ သူ့နှလုံးသားလေးက တုန်လှုပ်သွားပေမယ့် သူထိခိုက်ဒဏ်ရာရခဲ့စဥ် ရှန်ချီရှင်းကို ချက်ချင်းအကြောင်းကြားခဲ့တာကို နောင်တမရပေ။ ရှန်းယုဟန်က ဒီကိုလာပြီး သွေးတွေဖုံးနေသော သူ့မျက်နှာကိုသာမြင်ခဲ့ရင် ငိုလွန်းလို့မေ့မျောသွားမှာ သေချာတာကြောင့် ဘာမှမပြောတာပဲကောင်းပြီး အနာဂတ်မှာ သူက သူ့ကိုယ်သူကာကွယ်ဖို့ အကောင်းဆုံးကြိုးစားမည်။

ရှန်ချီဟွမ်းက ရှန်းယုဟန်၏ အနည်းငယ်အေးစက်သောလက်ကို ခါယမ်းကာ စောင်ထဲထည့်လိုက်သည်။ “ရေမထိနဲ့၊ မင်းလက်ကအေးနေတယ်။”

ရှန်းယုဟန်က အသစ်ဝယ်ထားသောပစ္စည်းများကို ဆေးကြောကာ သူ့လက်က အေးစက်နေသည်။ “အရမ်းမအေးပါဘူး။ ကျွန်တော်ရေနွေးသုံးထားတာ။”

ရှန်ချီဟွမ်းက တခြားဘာမှမပြောပေ။ အခုချိန်မှာ သူ့အတွက် ဘာမှလုပ်လို့မလွယ်ကူတာကြောင့် သူက သူ့ဇနီးလေးအတွက်သာ ပိုကြိုးစားရမည်။

သူက အကြံပြုချက်တစ်ခုကိုသာ ပေးလိုက်သည်။ “ငါတို့ အကူတစ်ယောက်ငှားကြမလား?”

ရှန်းယုဟန်က သူ့နားမှာ အစေခံတွေအများကြီးရှိဖူးပေမယ့် ခေတ်သစ်ကိုရောက်လာသောအခါ လူငယ်တွေအားလုံးက အမှီအခိုကင်းပြီး သူတို့အတွက် အမှုထမ်းဖိို့ ဘယ်သူ့ကိုမှမလိုအပ်တာကို တွေ့ခဲ့ရသည်။ သူတို့မိသားစုမှာ သန့်ရှင်းရေးနှင့် ချက်ပြုတ်ဖို့အန်တီသာရှိတာကြောင့် သူတို့သီးသန်ကိစ္စများကို ကိုယ်တိုင်လုပ်ကြရပြီး လွန်ခဲ့သည့်လအနည်းငယ်မှာ သူက ကျင့်သားရနေခဲ့ပြီဖြစ်သည်။

ရှန်းယုဟန်က ရှန်ချီဟွမ်း အကူငှားချင်တာကိုကြားသောအခါ သူ့ခင်ပွန်းက သူပြာယာခတ်နေတာကို မ​ကြိုက်ဘူးလားလို့ တွေးနေမိသည်။ “ယောကျာ်း၊ ကျွန်တော် ခင်ဗျားကိုဂရုစိုက်နိုင်ပါတယ်။ ပြာယာခတ်နေလို့ စိတ်တိုင်းမကျမဖြစ်ပါနဲ့။”

“မင်းကို ပြာယာခတ်တယ်လို့ ဘယ်သူကတွေးလို့လဲ?” ရှန်ချီဟွမ်းက ရယ်မောလိုက်သည်။ “ကြမ်းတမ်းတဲ့အလုပ်တွေကို လုပ်စရာမလိုဘူး။ ငါတို့မိသားစုက အကူငှားဖို့ ပိုက်ဆံချို့တဲ့မနေဘူး။”

“ဒါဆို လောလောဆယ်တော့ မငှားပါနဲ့ဦး၊ ခင်ဗျားနှစ်ရက်အတွင်းမှာ ဆေးရုံဆင်းရတော့မှာ။ ကျွန်တော်ဘာမှမသိတာမျိုးမှမဟုတ်တာ။” ရှန်းယုဟန်က ထပ်ပြောလိုက်သည်။ “ကျွန်တော်မသိတဲ့လူတွေ ခင်ဗျားဆီပြေးလာမှာကို မလိုချင်ဘူး။”

ရှန်ချီဟွမ်းက ခဏလောက်စဥ်းစားလိုက်သည်။ “ငါသိပါတယ်။ ရှာလကာရည်ဆန်ပြုတ်လေးရဲ့။”

“မဟုတ်ပါဘူး။” သူက သူ့ခင်ပွန်း သူ့ကို အသုံးမဝင်ဘူးလို့ မမြင်စေချင်တာဖြစ်ပြီး သူက သူလုပ်နိုင်တာကို လုပ်ချင်သေးသည်။

ရှန်းယုဟန်က ရှန်ချီဟွမ်းနှင့် ဆေးရုံမှာ နေ့လည်ခင်းတစ်ခုလုံးနေခဲ့ပြီး ညဆိုရင်တော့ လူနာကိုစောင့်ကြည့်ဖို့ လူနာစောင့်တစ်ယောက်သာနေရမည်။ ရှန်ချီရှင်းက ညနေမှာရောက်လာပြီး ရှန်းယုဟန်က နေချင်သေးပေမယ့် ရှန်ချီဟွမ်းက သူ့ကိုမနေခိုင်းပေ။ ရှန်းယုဟန်က ရွေးချယ်စရာမရှိတော့ပဲ ထွက်မသွားခင် သူ့ခင်ပွန်းကို ရေကူချိုးပေးမယ်လို့ပြောတော့ ရှန်ချီဟွမ်းက မငြင်းခဲ့ပေ။

ရှန်ချီဟွမ်းနိုးလာတော့ သူက သူ့ဇနီး သူ့အတွက်အလုပ်ရှုပ်နေတာကို တွေ့လိုက်ရပေမယ့် သူ့ကြည့်ရတာ ပျော်နေတာကြောင့် သူက ရေ​ကူချိုးခိုင်းလိုက်သည်။ သူက သူ့ဇနီး သူ့ကို တစ်ညလုံးစောင့်ပေးတာကို လိုချင်ပေမယ့် ရှန်ချီဟွမ်း၏စိတ်က လက်ရှိမှာ သူ့ဇနီးနဲ့သာပြည့်နေတာကြောင့် သူက ဘယ်လိုလုပ် သူ့ဇနီးကို အ​ဖော်ပြုခွင့်ပေးရမှာလဲ။

သူက ဆန်းကြယ်သော စိတ်ကူးယဥ်အတွေးထဲမှာ ပျော်မွေ့နေစဥ် ရှန်းယုဟန်က သူ့ကို ရေချိုးခန်းထဲပို့ပေးလိုက်သည်။

ဒီနေ့မတိုင်ခင်မှာ ရှန်းယုဟန်က ရှန်ချီဟွမ်း၏သန်မာပြီး ရှည်လျားသောခန္ဓာကိုယ်ကို အသိအမှတ်ပြုနေပေမယ့် အခုတော့ ကွာခြားသွားလေပြီ။ သူ့ခင်ပွန်းက သူ့ကိုရှက်သွေးဖြာစေပြီး သူက ဒီတစ်ကြိမ်မှာ ရှက်သွေးဖြာနေသော်လည်း သူ့ခင်ပွန်းကဘာမှမလုပ်နိုင်ပဲ သူနောက်ကျောကိုပွတ်ပေးတာ စောင့်နေသည်။

ရှန်ချီဟွမ်းကို အဝတ်အစားချွတ်ပေးသော လုပ်ငန်းစဥ်က ချောချောမွေ့မွေ့ ပြီးသွားသည်။ ဆေးရုံအဝတ်အစားများက အရမ်းကြီးပြီး ရှန်ချီဟွမ်း၏ ဒဏ်ရာရထားသောလက်ကို မထိသရွေ့ အဆင်ပြေသည်။

ရှန်ချီဟွမ်းက ရှန်းယုဟန် သူ့ကျောပြင်ကို ချောမွတ်သွယ်လျသော လက်များဖြင့် ပွတ်သပ်ပေးမှာကို စောင့်မျှော်နေပေမယ့် ရှန်းယုဟန်က ဂျီးတွန်းလက်အိတ်ကိုကိုင်ထားသည်။

“ယောကျာ်း၊ ကျွန်တော် ခင်ဗျားကို ရေကူချိုးပေးဖို့ ဝယ်လာတာ။” ရှန်းယုဟန်က ချီးကျူးမှာကို စောင့်နေသလိုပင်။

ရှန်ချီဟွမ်းက စိတ်ထဲမှာတွေးနေသည်။ ငါလိုတာမင်း…အဲ့ဒါမဟုတ်ဘူး!

ဒါပေမယ့် သူဝယ်ပြီးပြီဆိုတော့လည်း သူ့ကိုရေချိုးပေးမယ့် သူ့ဇနီးရဲ့ဆန္ဒကို ဖျက်စီးနိုင်ပါ့မလား? ဒါပေါ့ သူမလုပ်နိုင်ဘူး…

ရှန်းယုဟန်က သူ့ခင်ပွန်းကို ရေချိုးပေး​တာနဲ့ ပတ်သတ်ပြီး အလေးအနက်ထားနေသည်။ သူ့ခင်ပွန်းက သူ့ရှေ့မှာ ကိုယ်လုံးတီးရပ်နေပြီး သူက အာရုံလွင့်မနေချင်လို့ ဆပ်ပြာအမြှုပ်ထလာတာနဲ့ ဘာကိုမှမမြင်နိုင်တော့ချေ။

သို့သော် ရှန်းယုဟန်က ရှန်ချီဟွမ်းကို ရေချိုးပေးဖို့ အာရုံစိုက်နေပြီး အသားစားဖူးသော ရှန်ချီဟွမ်းက သူ့ဇနီးကိုအရမ်းလွမ်းနေသည်။ သူတို့က တစ်ပတ်ခွဲခဲ့ရပြီး တစ်ယောက်ကိုတစ်ယောက် မနမ်းခဲ့ရသလို ဖက်လည်းမဖက်ခဲ့ရပေ။ အခုရေချိုးနေတာက​တောင် ဆပ်ပြာမြှုပ်နှင့်ကွယ်နေပြီး အချိန်ကောင်းကို ဖြုန်းတီးနေတာနဲ့တူသည်။

“ယောကျာ်း၊ ဘယ်နေရာယားနေတာလဲ၊ ကျွန်တော် ထပ်ပွတ်ပေးမယ်။ မဟုတ်ရင်တော့ ဆေးလိုက်တော့မယ်။” ရှန်းယုဟန်က ရှန်ချီဟွမ်း၏ ရင်ဘတ်နှင့်လည်ပင်းအပါအဝင် အရေပြားနေရာအနှံ့ကို ပွတ်သပ်ပြီးသွားသည်။

ရှန်ချီဟွမ်းက သူ့ဗိုက်အောက်ကို လမ်းညိုးထိုးပြသည်။ “ဗိုက်က နည်းနည်းယားနေတုန်းပဲ။”

ရှန်းယုဟန်က ခေါင်းငုံ့ပြီး ရှန်ချီဟွမ်း၏ တောင့်တင်းသောဝမ်းဗိုက်ကိုတွေ့လိုက်ရပြီး ပူနွေးသောမျက်နှာဖြင့် တိုးတိုးလေးပြောလိုက်သည်။ “ကျွန်တော် ပွတ်ပေးပြီးပြီလေ”

“ဂျီးတွန်းလက်အိတ်က အဆင်မပြေဘူး။ လက်နဲ့ပွတ်ပေးပါ။” ရှန်ချီဟွမ်း၏အသံက အနည်းငယ် တောင့်တင်းနေသည်။

ရှန်းယုဟန်က သူ့အသံထဲက တစ်ခုခုကိုကြားလိုက်ရပြီး သူ့ခန္ဓာကိုယ်ပေါ်က ထိုအစိတ်အပိုင်းကိုတွေ့သောအခါ သူ့တစ်ကိုယ်လုံးက ပူထူလာသည်။

သူက မတုံးပေ။ သူက ရှန်ချီဟွမ်းတွေးနေတာကို နားလည်သည်။ သူက ရေပန်းဖွင့်ပြီးပြောလိုက်သည်။ “ယောကျာ်း၊ ခင်ဗျားဒဏ်ရာရထားတယ်။” သူက သူ့ကိုလည်း သတိပေးလိုက်သည်။ “မရှုပ်ပါနဲ့”

ရှန်ချီဟွမ်းက သူ့ဇနီးကိုမြင်နေရပေမယ့် မစားနိုင်တာကို နှမြောတာကြောင့် သူက ရေရွတ်ရုံသာ တတ်နိုင်သည်။ “ကောင်းပါပြီ၊ ကိုယ်က ဆင်းရဲတဲ့လူနာတစ်​ယောက်မို့ ရှန်းယုဟန်က စာနာစိတ်မရှိပဲ​ သူ့ခင်ပွန်းကိုတောင် ကူညီမပေးဘူး။”

ရှန်းယုဟန်က သူ့ကိုလျစ်လျူရှုလိုက်ပြီး သူ့ဘယ်လက်ကို ဂရုတစိုက်ရှောင်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ပေါ်က ဆပ်ပြာမြှုပ်ကို ဆေးကာ ရေကူသုတ်ပေးလိုက်သည်။ သူ့ခေါင်းမှာ ဒဏ်ရာရထားဆဲဖြစ်ပြီး ချုပ်ရိုးမဖြည်ရသေးတာကြောင့် ရှန်းယုဟန်က သူ့ဆံပင်ကို မလျှော်ရဲပေ။ သုံးရက်နေမှ ခေါင်းလျှော်လိို့ရမယ်လို့ ဒေါက်တာကပြောထားသဖြင့် ခေါင်းကို ခေါင်းစွပ်စွပ်ပေးထားရသည်။

ခန္ဓာကိုယ်ကိုသုတ်ပေးပြီးတော့ ရှန်းယုဟန်က ဆေးရုံဝတ်စုံပြန်ဝတ်ပေးလိုက်သည်။

ရေချိုးခန်းမှထွက်လာပြီး​တော့ ရှန်ချီဟွမ်းက ခေါင်းအုံးပေါ်မှာ ဆက်လှဲနေကာ သူ့ခေါင်းက အနည်းငယ်မူးဝေနေပြီး ထိခိုက်မိခြင်း၏ အကျိုးဆက်က အတော်လေးပြင်းထန်သည်။

သူက ခေါင်းကိုစောင်းကာပြောလိုက်သည်။ “ရှန်းယုဟန်…ခေါင်းမူးတယ်။”

ရှန်းယုဟန်​က စိုးရိမ်သွားပြီး သူ့နားသွားကာမေးလိုက်သည်။ “ကျွန်တော်တို့ဘာလုပ်သင့်လဲ? ယောကျာ်း.. ဆရာဝန်ကို ခေါ်ပေးရမလား?”

သူက ဒဏ်ရာအ​ကြောင်း သိပ်မသိတာကြောင့် ပြင်းထန်နိုင်သည်ဟု တွေးလိုက်သည်။

ရှန်ချီဟွမ်းက ရှန်းယုဟန်၏ စိတ်ပူနေသောအကြည့်နှင့် ရှုံ့မဲ့နေသော မျက်နှာလေးကို ကြည့်ကာ “မလိုပါဘူး။” သူက နှုတ်ခမ်းကို ထိုးပြလိုက်သည်။ “နမ်းပါ”

ရှန်းယုဟန်က နှုတ်ခမ်းကိုဖိကာ သူကိုမယုံပဲ သံသယဖြင့်မေးလိုက်သည်။ “နမ်းရုံပဲလား?”

“အွန်း၊ နာတာသက်သာအောင်လို့ မြန်မြန်လေး…” ရှန်ချီဟွမ်း၏အသံက အလျင်လိုနေသည်။ “ကိုယ်မင်းကိုမတွေ့ရတာတစ်ပတ်ရှိပြီ။ ညနေကပဲ မင်းကိုယ့်ကိုလွမ်းတယ်လို့မပြောခဲ့ဘူးလား?”

ရှန်းယုဟန်က သူ့ခင်ပွန်းကိုလွမ်းခဲ့ပေမယ့် သူထင်နေသလိုမဟုတ်ပေ။ ဒါပေမယ့်လည်း သူက မငြင်းနိုင်ပေ။ “ယောကျာ်း…ခင်ဗျားဒဏ်ရာရထားတယ်။”

ရှန်ချီဟွမ်းက သူ့ကိုအနီးကပ်ကြည့်နေသည်။ “အနမ်းတစ်ပွင့်လေးပါပဲ..ရှန်းယုဟန်… မင်းကိုယ့်ကိုလွမ်းလား မလွမ်းဘူးလား? ကိုယ့်ကိုလိမ်ခဲ့တာလား?”

ရှန်းယုဟန်​က သူ့လက်ကို ဆေးရုံကုတင်ပေါ်တင်ကာ ရှန်ချီဟွမ်းအနားကိုကပ်သွားပြီး တိုးတိုးလေးပြောလိုက်သည်။ “လွမ်းတာမှန်ပေမယ့် ကျွန်တော့်ကိုပိုလွမ်းနေတာက ကျွန်တော့်ယောကျာ်းဆိုတာ သိသာပါတယ်”

“ကိုယ်မလွမ်းပါဘူး။ မင်းကိုယ့်ကိုလွမ်းနေလို့သာ နမ်းခွင့်ပြုနေတာ။” ပြောပြီးသည်နှင့် ရှန်ချီဟွမ်းက ရှန်းယုဟန်၏ခေါင်းအနောက်ကို ညာလက်ဖြင့် ဖိထားကာ သူတို့နှစ်ယောက်က နီးကပ်သွားခဲ့ပြီး ရက်များစွာ တစ်​ယောက်ကိုတစ်ယောက် တောင့်တခဲ့ကြသောနာကျင်မှုကို ဖြေလျော့နေကြသည်။

အနမ်းတစ်ပွင့်? ရှန်ချီဟွမ်းက ရှန်းယုဟန်ကို လွှတ်မပေးပဲ ထပ်ခါထပ်ခါနမ်းနေပြီး အနမ်းမှဆုတ်ခွာဖို့ ခဲယဥ်းနေသည်။

ရှန်းယုဟန်က တခြားအရာကိုစဥ်းစားဖို့ အချိန်မရှိတော့ပဲ ထိုကိစ္စမှာ သူက ရှန်ချီဟွမ်းထက် နှေးကွေးကာ သူနည်းနည်းတုံ့ပြန်မိတာနဲ့ သူ့ခင်ပွန်းက တစ်မြို့လုံးကို အလောတကြီးတိုက်ခိုက်သည်မှာ မပင်ပန်းသလိုပင်။

တံခါးပွင့်မသွားခင်အထိဖြစ်သည်။

“တတိယအစ်ကို၊ တတိယမရီး.. အစ်ကိုကြီးနဲ့အစ်မလတ်ရောက်လာတယ်!”

သူတို့နှစ်ယောက်က ကြမ်းကြမ်းတမ်းတမ်း နမ်းနေကြစဥ် ရှန်ချီရှင်း၏အသံကြောင့် အသိပြန်ဝင်လာသည်။ ရှန်းယုဟန်က ရှန်ချီဟွမ်းကို ရုတ်တရက်တွန်းထုတ်လိုက်ပြီး နံရံဖက်ကိုမျက်နှာမူလိုက်သည်။ သူက ရှက်လွန်းလို့ သေချင်နေသည်!

ရှန်ချီဟွမ်းက သူ့လက်ကိုကိုင်ကာ ချော့လိုက်သည်။ “သူတို့မတွေ့ပါဘူး။ မစိုးရိမ်ပါနဲ့”

ရှန်းယုဟန်၏စိုစွတ်နေသောမျက်လုံးများက သူ့ကိုစိုက်ကြည့်နေကာ အစ်ကိုကြီးနဲ့ အစ်မလတ်ကမမြင်ပေမယ့် ရှန်ချီရှင်းက မြင်ခဲ့သည်။

ရှန်ချီဟွမ်းနဲ့ယှဥ်ရင် သူက အတော်လေးထိရှလွယ်သည်။

ထိုအချိန်တွင် ရှန်ချီဟွမ်းက ရှန်ချီရှင်းကို အရင်စိုက်ကြည့်လိုက်သည်။ “ရှန်ချီရှင်း… မင်းတံခါးဘယ်လိုခေါက်ရမလဲမသိဘူးလား?”

&&&&&&&&&&&&&&&

Chapter 55.2

“အဖိုးတန်ဇနီးလေး”

ရှန်ချီရှင်းက သူ့တတိယအစ်ကို မဆင်မခြင်လုပ်နေမယ်လို့ ဘယ်လိုသိခဲ့မှာလဲ၊ ဒဏ်ရာရထားတာတောင် သူ့မရီးကို ဖိထားနိုင်သေးတယ်!

ရှန်ချီဟွမ်းက သူ့ကိုလျစ်လျူရှုကာ သူ့နောက်မှာ ရပ်နေသော ရှန်ချီယွမ်နှင့် ရှန်ချီပင်းကိုမေးလိုက်သည်။ “အစ်ကိုကြီး၊ အစ်မလတ်၊ ဘာလို့ အပင်ပန်းခံပြီး လာခဲ့တာလဲ၊ ကျွန်တော့်ဒဏ်ရာက အသေးအမွှားလေးပါ။”

ရှန်းယုဟန်က သူ့စိတ်ခံစားချက်ကို စုစည်းလိုက်ပြီး ပါးကိုပုတ်ကာ နောက်လှည့်ပြီး ခေါ်လိုက်သည်။ “အစ်ကိုကြီး၊အစ်မလတ်..”

အစ်ကိုကြီးနှင့် အစ်မလတ်က ရှန်းယုဟန်၏ ရှက်သွေးဖြာနေသောမျက်နှာကိုတွေ့သွားပြီး ရှန်ချီဟွမ်း၏ဒဏ်ရာက အပြင်ကသတင်းလို မပြင်းထန်ပဲ အသေးအမွှားဆိုတာကို နှစ်ယောက်လုံးက သိသွားခဲ့သည်။

ရှန်ချီရှင်းက ရှန်ချီဟွမ်းအတွက် ဆန်ပြုတ်ကိုယူလာပေးပြီး ရှန်းယုဟန်က သူ့ကိုခွံ့ကျွေးကာ သူတို့သုံးယောက်က ဘေးမှာစကားပြောနေကြသည်။

အစ်ကိုကြီးနှင့် အစ်မလတ်တို့က ဒီကိုလာဖို့မလွယ်ခဲ့ပေ။ သူတို့က ပုံမှန်ဆိုရင် အလုပ်ရှုပ်နေကြပြီး မောင်နှမလေးယောက်က အတူရှိပြီး မကြာခဏဆုံနိုင်ဖို့က ရှားပေမယ့် သူတို့က နောက်ဆုံးမှာ အတူရှိနေပြီဖြစ်၍ စကားစမြည်ပြောဖို့ တုံ့ဆိုင်းမနေကြပေ။

သူတို့က ရှန်ချီဟွမ်း၏ ဒဏ်ရာအ​ကြောင်းမ​ပြောခဲ့ပေ။ ထိုသည်မှာ အသေးအမွှားကိစ္စသာဖြစ်၏။

ရှန်းယုဟန်၏အရှက်ရမှုက တဖြည်းဖြည်းပျောက်ကွယ်သွားပြီး သူက အစ်ကိုကြီးမှာ သားနှစ်ယောက်ရှိပြီး တစ်ယောက်က ကျောင်းတက်နေကာ နောက်တစ်ယောက်က မူကြိုပဲရှိသေးပြီး အစ်မလတ်၏မိသားစုမှာ ချစ်စရာကောင်းသော အမြွှာမိန်းကလေးနှစ်ယောက်ရှိကြောင်း သိခဲ့ရသည်။

သူတို့ကလေး​များအကြောင်း စိတ်ဝင်စားစရာဇာတ်လမ်းများကို နားထောင်ကာ သူက ဒီလိုမိသားစုဘဝကို မတောင့်တပဲမနေနိုင်ပေ။

အစ်မလတ်က ရှန်းယုဟန်ကို ရုတ်တရက်မေးလိုက်သည်။ “ယုဟန်၊ မင်းကလေးချစ်လား?”

ရှန်းယုဟန်က ခေါင်းညိတ်ပြသည်။ “ချစ်ပါတယ်။” သူက ယခုချိန်မှာ တစ်ရာရာခိုင်နှုန်း အမျိုးသားဖြစ်ပြီး ကလေးမမွေးနိုင်တာကိုတွေးမိတော့ သူ့နှလုံးသားက ချဥ်စူးကာ အလွန်ပူဆွေးနေသည်။

အစ်မလတ်က ပြုံးလိုက်သည်။ “မင်းတို့နှစ်ယောက်က လက်ထပ်ထားတာ လအနည်းငယ်ကြာပြီ။ ဒီအရူးလေးရှန်ချီဟွမ်းက ငါ့အိမ်မှာ ညစာစားဖို့တောင် မင်းကိုခေါ်မလာဘူး”

ရှန်ချီဟွမ်းက သူတို့ဆက်ဆံရေး အရင်က မတည်ငြိမ်ကြောင်း မပြောရဲပေမယ့် အခုတော့ ပိုကောင်းလာပြီဖြစ်သည်။ “ဘာများလဲလို့၊ ကျွန်တော်တို့အိမ်ပြန်ရောက်ရင် ရှောင်ဟန်ကို အစ်မလတ်ရဲ့အိမ်မှာ နေ့တိုင်းထမင်းစားဖို့ ခေါ်လာပါ့မယ်။ ပြီးတော့ ကုန်းနဲ့ပင်လယ်က ထူးခြားဆန်းပြားတဲ့အရသာတွေကို မြည်းဦးမှာ။” သူက ရှန်းယုဟန်ကို တိုးတိုးလေးရှင်းပြလိုက်သည်။ “ငါ့ယောက်ဖက အစားအသောက်ကုမ္ပဏီတစ်ခုထောင်ထားပြီး ပင်လယ်စာတွေကို လေကြောင်းနဲ့သယ်တာလေ။”

“မိုက်လိုက်တာ။” ရှန်းယုဟန်က ပြောရင်း ဗိုက်ဆာတယ်လို့ ခံစားလိုက်ရသည်။

ရှန်းယုဟန်က ဒီည သူ့ကိုစောင့်ရှောက်ဖို့ လူနာဆောင်မှာမနေရင် ညနေ၈နာရီမတိုင်ခင်ထွက်ခွာရမည်။ ဒါက လူနာမိသားစု အလည်လာဖို့ ဆေးရုံ၏စည်းမျဥ်းဖြစ်သည်။

ရှန်ချီဟွမ်းက တကယ်တော့ သူ့ဇနီးကိုဖက်အိပ်ချင်ပေမယ့် ရှန်းယုဟန် အရမ်းပင်ပန်းနေတာကိုသိသည်။ သူက ဆေးသောက်ဖို့ကူညီရသည်၊ ရေချိုးဖို့ကူညီရသည်၊ သန့်စင်ခန်းသွားဖို့ကူညီရသည်၊ ဒီလိုနဲ့ သူအရမ်းပင်ပန်းနေပြီး အနားယူဖို့လိုအပ်သည်။

ရှန်းယုဟန်က ပြောလိုက်သည်။ “ယောကျာ်း၊ ကျွန်တော် ဟိုတယ်အရင်ပြန်ပြီး မနက်ပြန်လာခဲ့မယ်။”

“အင်း၊ မင်းကိုယ်မင်းဂရုစိုက်ပါ။”

အချိန်ကျပြီဖြစ်၍ အစ်ကိုကြီးနဲ့အစ်မလတ်က အရင်ထွက်သွားပြီး သူတို့က လူကြီးတစ်ယောက်ဆီ သွားလည်ဖို့ရှိသေးသ​ဖြင့် ရှန်းယုဟန်နှင့် ဝင်ပေါက်မှာလမ်းခွဲလိုက်ကြသည်။

ရှန်ချီယွမ်နှင့် ရှန်ချီပင်းက ကားပေါ်ရောက်တော့ စကားခဏ​ပြောခဲ့ကြသည်။

ရှန်ချီယွမ်က ပြောလိုက်သည်။ “ချီဟွမ်းနှင့် ယုဟန်က တော်တော်အဆင်ပြေကြပုံပဲ။”

ရှန်ချီပင်းက သက်ပြင်းချလိုက်သည်။ “အမှန်ပဲ။ သူ့မျက်လုံးထဲက စိုးရိမ်တဲ့အကြည့်ကို တွေ့လိုက်လား။ သူ တခြားတစ်ယောက်ကို အဲ့လောက်ဂရုစိုက်တာ တစ်ခါမှမမြင်ဖူးဘူး။”

ရှန်ချီယွမ်: “အဘိုးကြီးက ကောင်းတာတစ်ခုတော့လုပ်ခဲ့သားပဲ၊ သူတို့နှစ်ယောက်ကို ပေးစားခဲ့တာလေ။”

ရှန်ချီပင်း: “အဘိုးကြီးရဲ့ရောဂါကို အတည်ပြုပြီးပြီလား?”

ရှန်ချီဟွမ်း “အတည်ပြုပြီးပြီ၊ အလယ်အလတ်အဆင့်ပဲ။”

ရှန်းယုဟန် ဟိုတယ်ကိုရောက်တာနဲ့ ရှန်ချီဟွမ်းက ခေါ်လိုက်သည်။

ရှန်ချီဟွမ်း: “မင်းဟိုတယ်ကိုရောက်ပြီလား?”

ရှန်းယုဟန်: “ယောကျာ်း၊ ကျွန်တော်ရောက်ပြီ၊ ကျွန်တော်ကအခုကောင်တာမှာ အခန်းထဲရောက်ရင်ခေါ်လိုက်မယ်။”

ရှန်ချီဟွမ်း: “အင်း”

ရှန်ချီဟွမ်းက နေ့တိုင်း သူ့ဇနီး သူ့ကိုဂရုစိုက်ပေးတာကို ခံချင်ပေမယ့် သူ့ဇနီးမှာက နှလုံးသားအပြည့်ရှိပြီး အားသိပ်မရှိတာကြောင့် သူက တစ်ခုပြီးတစ်ခုရေးချကာ သူပြန်ကောင်းတာနဲ့ ရှန်းယုဟန်မြည်းစမ်းကြည့်နိုင်ဖို့ စောင့်ဆိုင်းရမည်။

အသားစစားခါစအမျိုးသားတစ်ယောက်အတွက် မြင်သာမြင်ပြီး မစားရတာ ရက်စက်သောနှိပ်စက်နည်း တစ်မျိုးပင်။

ရှန်းယုဟန်ထွက်သွားတော့ ရှန်ချီဟွမ်းက လူနာဆောင်တံခါးကိုသာကြည့်နေပြီး သူ့ဇနီးကိုထွက်မသွားစေချင်ပေ။

သူအပြင်သွားတိုင်း ရှန်းယုဟန် ဘာလို့ဝမ်းနည်းတာလဲဆိုတာ သူအခုနားလည်လာခဲ့သည်။ သူက လက်ရှိမှာ ထိုအတိုင်းတွေးနေခဲ့ပြီး ရှန်းယုဟန်နဲ့ လုံးဝမခွဲချင်ပေ။

ရှန်ချီရှင်းကတော့ ဒီတစ်ကြိမ်မှာ သူ့အစ်ကိုဖော်ပြနေသော ခံစားချက်ကို တကယ်နားလည်နိုင်သည်။ “တတိယအစ်ကို၊ မနက်ဖြန် မရီးကိုတွေ့ရမှာပါ။ ခင်ဗျားကြည့်ရတာ အထီးကျန်ပြီး နာကျည်းနေတဲ့ အဆောင်ကအမျိုးသမီးတစ်ယောက်နဲ့တူတယ်။”

ရှန်ချီဟွမ်းက ရှန်ချီရှင်းကို စိုက်ကြည့်သည်။ “မင်းစကားဘယ်လိုပြောရမလဲမသိရင် မပြောနဲ့။”

ဘော်ဒီဂတ်က ရှန်းယုဟန်ကို ဟိုတယ်ပို့​ပေးပြီး ထွက်သွားခဲ့သည်။ သူက ကောင်တာကို အိုင်ဒီကတ်ပေးပြီး check in ဝင်လိုက်သည်။

Check In လုပ်နေတုန်းမှာ သူက ကောင်တာကိုမေးလိုက်သည်။

“ကျွန်တော် ချက်ပြုတ်လို့ရတဲ့ အခန်းပေးလို့ရမလား?”

“ကျွန်မတို့ဟိုတယ်မှာ ချက်ပြုတ်လို့ရတဲ့ အခန်းတစ်ခန်းရှိပါတယ်။ အဆင့်မြှင့်ချင်ရင်တော့ လက်ရှိမှာတစ်ခန်းရှိပါမယ်။”

“ဒါဆို အခန်းပုံစံအဆင့်မြှင့်ဖို့ ကူညီပေးပါ။”

သူက စျေးနှုန်းကော်လံရှိ ကိန်းဂဏန်းများက အရမ်းမကြီးဘူးလို့ တွေးမိခဲ့ပြီး ဝီချက်နှင့် Alipay ရှိ သူ့မုန့်ဖိုးက ထိုပမာဏကိုပေးနိုင်လောက်သည်။

အသီးအရွက် ဒါမှမဟုတ် တစ်ခုခုလိုအပ်လို့ ဝန်ဆောင်မှုစင်တာကို ဖုန်းခေါ်ရင် သူတို့လာပို့ပေးပါမယ်လို့ ကောင်တာကပြောခဲ့သည်။

ရှန်းယုဟန်က ခေါင်းညိတ်လိုက်သည်။ သူက သူ၏ရုတ်တရက်ပေါ်လာသော အတွေးက တကယ်ဖြစ်လာမယ်လို့ မမျှော်လင့်ထားပဲ သူ့ခင်ပွန်းက မနက်ဖြန် အပြင်စာစားစရာမလိုတော့ပေ။ သူက အသားဆန်ပြုတ်ချက်ပြီး ယူသွားပေးလို့ရသည်။ အပြင်က ဆန်ပြုတ်က နည်းလွန်းပြီး သူ့ခင်ပွန်းစားလို့မလောက်နိုင်ပေ။

အခုသိပ်မနောက်သေးတာကြောင့် ရှန်းယုဟန်က အခန်းထဲရောက်တာနဲ့ သူ့ခင်ပွန်းသင်ပေးသည့်အတိုင်း ဟိုတယ်ကနေ အစားအစာအချို့ကို မှာစားလိုက်ပြီး သူရေချိုးပြီး​နောက် သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ဂွတ်နိုက်အသံမက်ဆေ့ပို့ကာ အနားယူလိုက်ကြသည်။

ရှန်းယုဟန်က ကုတင်ပေါ်မှာလှဲနေပြီး ဖုန်းဖွင့်ကာ မနက်ဖြန်အတွက် ဘယ်လိုဆန်ပြုတ်ပြုတ်ရင်ကောင်းမလဲ လေ့လာလိုက်ပြီး သူကကြည့်ရင်းနဲ့ ပင်ပန်းလာကာ အိပ်ပျော်လုနီးပါးပင်။

သူက ဒီခေတ်သစ်ကမ္ဘာကို ​ရောက်လာတာကြာပြီဖြစ်ပေမယ့် တစ်ရက်တည်းနဲ့ ဒီလောက်မပင်ပန်းဖူးပေ။

တစ်ရက်တည်းမှာ သူက စိုးရိမ်ပူပန်မှု၊ ထိတ်လန့်မှုနှင့် အံ့အားသင့်မှုစသဖြင့် ခံစားချက်အတက်အကျများကို ကြုံတွေ့ခဲ့ရသည်။

ဒါပေါ့ ယင်းက အလွန်ပြည့်စုံသောနေ့လည်းဖြစ်၏။

ရှန်းယုဟန်က တကယ်အိပ်ချင်နေတာကြောင့် သူကဖုန်းကိုချကာ သူ့ခင်ပွန်းသင်ပေးသည့်အတိုင်း ဟိုတယ်အခန်းတံခါးကို ပက်စဝေါ့နှင့် လော့ချလိုက်ပြီး စောင်ကိုဖက်ကာ အိပ်ပျော်သွားသည်။ ဤသည်မှာ ဟိုတယ်တွင်ပထမဆုံးနေဖူးတာဖြစ်ပြီး အံ့သြဖို့ကောင်းတာကတော့ သူကလုံးဝ​ကြောက်မနေပဲ ယင်းမှာ သူ့ခင်ပွန်း၏ထိခိုက်ဒဏ်ရာကို တွေးမိလို့ဖြစ်မည်။

နောက်နေ့မနက်တွင် ရှန်ချီဟွမ်းက ရှန်းယုဟန် ဟိုတယ်မှာချက်ပေးခဲ့သော ဆန်ပြုတ်ကို သောက်ခဲ့ရသည်။ ၎င်းမှာ မွှေးကြိုင်ကာ အရသာရှိသလို အိမ်အရသာနှင့်တူ၏။

သူ့အူနှင့်အစာအိမ်ကို ထိန်းညှိပေးကာ သူက ရှန်းယုဟန် ညနေပိုင်းမှာ လှီးပေးသည့် အသီးများကိုစားလိုက်သည်။

ရှန်ချီရှင်းက ရက်အနည်းငယ်အနားယူပြီး အခုတော့ သူက အဖွဲ့ထဲကို ပြန်ပြေးရမှာကြောင့် ဆေးရုံမှာ ရှန်ချီဟွမ်းကိုစောင့်ရှောက်ဖို့ ရှန်းယုဟန်နဲ့သာ လွှတ်ထားလိုက်သည်။

မွန်းလွဲပိုင်းမှာ ရှန်ချီယွမ်နှင့် ရှန်ချီပင်းက ထပ်လာခဲ့ပြီး သူတို့က သူတို့လူကြီးများဆီကိုလည်း လည်ပတ်ပြီး ကျန်းချန်ကိုပြန်သွားရမည်။

သူတို့ကိုပြန်ပို့ပြီးနောက် ရှန်းယုဟန်က သူတို့လာတာ သူ့ဒဏ်ရာကြောင့်လားလို့ ရှန်ချီဟွမ်းကိုမေးခဲ့သည်။

ရှန်ချီဟွမ်းက သူ့ကိုဖုံးကွယ်ထားဖို့ မရည်ရွယ်ထားပေ။ “ဟုတ်တယ်၊ ဒီမှာတစ်ခုခုပြောပေးနိုင်တဲ့ လူကြီးတစ်ယောက်ရှိတယ်။ ဒီကိစ္စကို အသေးစိတ်စစ်ဆေးနိုင်ဖို့ မျှော်လင့်တယ်။ ဒါကိုဒီတိုင်းလွှတ်မပေးနိုင်ဘူး။ ငါ့ကိုတစ်ယောက်ယောက်က တိုက်ခဲ့တာသေချာပေမယ့် နောက်ကွယ်မှာဘယ်သူရှိမှန်း မသိသေးဘူး။”

ရှန်းယုဟန်က ရှန်ချီဟွမ်းထက် ပိုပြီးစိုးရိမ်နေတယ်။ “ရလဒ်ဘယ်တော့ထွက်မှာလဲ?”

ရှန်ချီဟွမ်း: “မကြာခင်ပေါ့၊ ပြစ်မှုကျူးလွန်သူရဲ့ ငွေလွှဲမှတ်တမ်းနဲ့ မိသားစုကို စစ်ဆေးထားတယ်။ ရုတ်တရက် ငွေအများကြီး လက်ခံထားတဲ့သူက ပေါ်လာမှာပဲ။ ကြိုးကိုထပ်ဆွဲလိုက်ရင် ငွေပေးတဲ့သူကို ရှာလို့ရပြီ။”

ရှန်းယုဟန်က ရေရှည်ပြဿနာများကို အမြဲတွေးသည်။ “ဒါဆို တစ်ဖက်လူက သူတို့မလုပ်ဘူးလို့ ငြင်းရင် ဘယ်လိုလုပ်မလဲ?”

ရှန်ချီဟွမ်းက တည်ငြိမ်နေသည်။ “တခြားနည်းလမ်းတွေ ရှိတယ်။” သူ့ဇနီး သူ့အတွက် စိတ်ပူနေတာကိုတွေ့တော့ သူ့နှလုံးသားက နွေးထွေးသွားသည်။

တကယ်တော့ နောက်တစ်ခုရှိသေးသည်။ ရှန်ချီဟွမ်းက ဤမတော်တဆမှုကို သူ့အစ်ကိုအစားခံခဲ့ရတယ်ဆိုတာ ရှန်းယုဟန်ကို မပြောပြခဲ့ပေ။ ဒါ​​ကြောင့် သူ့အစ်ကိုက ခရီးဝေးကနေ ဒီကိုရောက်လာခဲ့တာပင်။

ရှန်မိသားစုရှိ အငြင်းပွားမှုများက ပိုပြင်းထန်လာသည်။ ရှန်ချီယွမ်က တခြားအိမ်တော်သုံးအိမ်၏ အကျိုးစီးပွားကို ထိခိုက်စေမည့် ဌာနနှစ်ခုကိုဖြတ်တောက်ခဲ့တာ​ကြောင့် ဘာမဆိုလုပ်နိုင်သော လူရမ်းကားများက သူတို့အာရုံကို ရှန်ချီဟွမ်းအပေါ် ပစ်မှတ်ထားခဲ့တာဖြစ်သည်။

ရှန်ဂရုရှိ ရှန်ချီယွမ်၏ရာထူးက အတော်လေးတည်မြဲပြီး ဤသည်မှာ ရှန်ချီဟွမ်းက နောက်ကွယ်က ထောက်ပံ့ပေးထားလို့ဖြစ်ကာ သူတို့က ရှန်ချီဟွမ်းကို အရင်ဖယ်ရှားချင်ပြီး ရှန်ဂရုရှိ ရှန်ချီယွမ်၏အာဏာကို ဖျက်စီးချင်နေသည်။ ယင်းမှာ မိုက်မဲသောမျှော်လင့်ချက်သာဖြစ်၏။

ထိုညမှာ ရှန်းယုဟန်​က သူ့ကိုစောင့်ပေးဖို့ လူနာဆောင်မှာနေခဲ့၏။

အတွင်းလူနာဌာနရှိ အလင်းရောင်က တဖြည်းဖြည်း မှိန်ဖျော့သွားပြီး ရှန်ချီဟွမ်းက သူ့အိပ်ရာကို ပုတ်လိုက်သည်။ “ရှန်းယုဟန်၊ ဒီကိုလာ”

ရှန်းယုဟန်က သူ့ကိုကြည့်လိုက်သည်။ “ယောကျာ်း၊ ခင်ဗျားဒဏ်ရာရထားတယ်လေ၊ ကျွန်တော်ဒီမှာပဲအိပ်ပါ့မယ်။” သူက ရှန်ချီဟွမ်းဘေးရှိ ခေါက်ကုတင်ကို ညွှန်ပြလိုက်သည်။

ရှန်ချီဟွမ်းက သူ့ကို သွေးဆောင်ခဲ့သည်။ “ခေါက်ကုတင်က အိပ်ရတာ သက်တောင့်သက်သာမရှိဘူး။”

ရှန်းယုဟန်က ငြင်းလိုက်သည်။ “ကုတင်က လူနှစ်ယောက်အိပ်ဖို့ သေးလွန်းတယ်။”

ရှန်ချီဟွမ်းက သူ၏ကြီးမားသောလှုပ်ရှားမှုကို စွန့်လွှတ်ကာ အားနည်းချက်ကို တမင်တကာပြလိုက်သည်။ “ဒါပေမယ့် ကိုယ်မင်းကို ဖက်ထားချင်လို့”

ရှန်းယုဟန်က လူတိုင်းကို ခက်ထန်နိုင်ပေမယ့် သူက သူ့ခင်ပွန်းကိုတော့ ထိုသို့မလုပ်နိုင်ပေ။ “ဟုတ်ပါပြီ၊ ဒါဆို ခဏလောက် ဖက်ထားလို့ရပါတယ်။”

“အွန်း” ရှန်ချီဟွမ်းက ကတိပေးလိုက်သည်။

ရှန်းယုဟန်က ရှန်ချီဟွမ်း၏ဒဏ်ရာမရသော လက်မောင်းပေါ်မှာ သူ့ခေါင်းအုံးကို ဂရုတစိုက်ထားလိုက်ပြီး သူတို့နှစ်ယောက်က ဆေးရုံကုတင်လေးမှာ ပြွတ်သိပ်အိပ်နေသည်မှာ အနည်းငယ်ထူးဆန်းလှသည်။

“ယောကျာ်း၊ ခင်ဗျား…..” ရှန်းယုဟန်နှင့် သူ့ခင်ပွန်း၏ တင်းမာပြီးဖိခံထားရသည့် အစိတ်အပိုင်းက တောင့်တင်းပြီး ပူနွေးနေသည်။

“ကိုယ်မင်းကိုလွမ်းနေတာလို့ပြောသားပဲ” ရှန်ချီဟွမ်းက သူ့လည်ပင်းကို ရှူရှိုက်ကာ သူ့ကိုယ်က ပိုပြီးထကြွနေကာ သူက ရှန်းယုဟန်၏လည်ပင်းကို ကိုက်လိုက်သည်။

ရှန်းယုဟန်က သူ့ခင်ပွန်း၏အဝတ်အစားက သူ့​​ခြေထောက်ကိုဖိထားတာကို ခံစားမိပြီး သူ့မျက်နှာက ပူနွေးနေကာ သူက သူ့မော့မော့သင်ပေးခဲ့​သောအရာကို သတိရသွားသည်။

သူက သူ့ခင်ပွန်း လွမ်းနေတယ်ဆိုတာ ဒီလိုတွေးနေမှန်း မမျှော်လင့်ထားသဖြင့် ရှက်သွားသည်။

ဘာပဲဖြစ်ဖြစ် မီးက ပိတ်ထားတာကြောင့် အဆင်ပြေ​လောက်သည်။

ရှန်းယုဟန်၏မျက်နှာက ပုဇွန်ပြုတ်အလားနီရဲနေပြီး သူက ရှန်ချီဟွမ်းကို မျက်နှာချင်းဆိုင်ရန် သတ္တိကိုစုဆောင်းလိုက်ပြီး သူ့လက်ကိုအောက်လျှောကာ ရှန်ချီဟွမ်း၏ခါးပတ်ကိုကိုင်လိုက်သည်။

ရှန်ချီဟွမ်းက အနည်းငယ်အံ့သြသွားပြီး သူ့ကို အသံနက်ကြီးဖြင့်မေးလိုက်၏။ “ရှန်းယုဟန်၊ ဘာလုပ်နေတာလဲ?”

ရှန်ယုဟန်၏မျက်နှာတစ်ဝက်က အရိပ်ထဲမှာ ဖုံးကွယ်နေတာကြောင့် သူက သေချာမမြင်ရပဲ ခေါင်းငုံ့ကာ တိုးတိုးလေးပြောလိုက်သည်။ “ယောကျာ်း၊ ကျွန်တော်…ကျွန်တော်လုပ်နိုင်ပါတယ်။”

ပထမဆုံးအကြိမ်အဖြစ် သူ့ခေါင်းကို မဆင်မခြင်အသုံးမပြုနိုင်သော ရှန်ချီဟွမ်း​က ညစ်ညမ်းစကားများကို ဖွင့်ထုတ်လိုက်ချင်သည်။

သူတို့နှစ်ယောက်က အရင်းနှီးဆုံးအရာကို လုပ်နေတာ သိသာနေသည်။ ဒီတော့ ပရော်ပရည်လုပ်တတ်လွန်းတဲ့ မြေခွေးလေးက ဘာတွေဆက်လုပ်နိုင်သေးလဲ?

သူက သူ့ဇနီးလေး၏ ကြင်နာမှုမှာ ​နစ်မြှုပ်လုနီးပါးဖြစ်သွားခဲ့သည်!

အချိန်အတော်ကြာပြီး​နောက် ရှန်ချီဟွမ်းက တိုးတိုးလေးခေါ်လိုက်သည်။ “ရှန်းယုဟန်” သူ့ရဲ့ အဖိုးတန်ဇနီးလေး….

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment