no

Font
Theme

Chapter 52.1

“ကောဆိုတာမရှိပါဘူး။”

ရှန်းယုဟန်က နေ့လည်ခင်းမှာ ဆိုဖာပေါ်က ထလာပြီးနောက် ရှန်ထျန်းဖုန်းနေမကောင်းတာကို ရှန်ချီဟွမ်းက ပြောပြခဲ့ပြီး အနည်းငယ်လေးနက်ပုံရသည်။

သူက ခါးနောက်မှာ ကူရှင်ခံလိုက်ပြီး ဆိုဖာပေါ်မှာထိုင်ကာ ရှန်ချီဟွမ်းကိုမေးလိုက်သည်။ “ဒီ​ရောဂါက အရမ်းပြင်းထန်လား?”

ရှန်ချီဟွမ်းက သူ့မှာ ရှန်ထျန်းဖုန်းအတွက် ခင်တွယ်မှု အနည်းငယ်သာရှိတာကို အမြဲတမ်းသိခဲ့ပေမယ့် ဒီလူက ဒီကမ္ဘာကြီးကနေ ပျောက်ကွယ်သွားတော့မှာကို တွေးမိသောအခါ သူ့ခံစားချက်က မတူတော့ပေ။ သူက တည်ငြိမ်နေပေမယ့် အနည်းငယ်ခံစားရပြီး သူအမြဲမုန်းခဲ့သည့်သူ့အဖေက အများဆုံးဆယ်နှစ်သာ အသက်ရှင်နိုင်တော့သည်။

သူက ရှန်းယုဟန်ကို အေးအေးဆေးဆေးရှင်းပြခဲ့သည်။ “ဆရာဝန်က ကင်ဆာအစောပိုင်းအဆင့် လက္ခဏာလို့ ပြောခဲ့တယ် ဒါပေမယ့် ထပ်ပြီးစစ်ဆေးဖို့လိုသေးတယ်။ ကုသတာအောင်မြင်ရင် နောက်ထပ်ဆယ်နှစ်လောက်ထိ အသက်ရှင်နိုင်ပြီး နောက်ဆုံးအဆင့်ဆိုရင် ကုလို့မရတော့ဘူး။ နောက်ကျမှရှာတွေ့ရင် တစ်လနှစ်လပဲ အသက်ရှင်ရတော့မှာ။”

ရှန်းယုဟန်က ရုတ်တရက် နားလည်သွားသည်။ “ဒီလိုဆိုရင် ကျွန်တော်တို့က အဖေနေကောင်းဖို့ပဲ ဆုတောင်းနေရမှာပေါ့။ ဒါပေမယ့် အဲ့ဒီမဒမ်တွေနဲ့ ခင်ဗျားရဲ့ညီအစ်ကိုတွေက ငြိမ်ငြိမ်နေဖို့မဖြစ်နိုင်ဘူး။” သူက ခေတ်သစ်ရောဂါများကို နည်းနည်းသာသိပြီး သူတို့ခေတ်က အအေးမိရုံနဲ့ လူကိုသေစေနိုင်ပေမယ့် အခုချိန်မှာ သူက အအေးမိရင် ဆေးသောက်ရုံနဲ့ မြန်မြန်ပြန်ကောင်းနိုင်သည်။

သူက ရှန်းယုဟန်၏နဖူးမှဆံပင်ကို သပ်တင်ပေးခဲ့သည်။ “ကိုယ်မင်းကို ဆံပင်ညှပ်ဖို့ ခေါ်သွားပေးချင်ပေမယ့် ဒီနေ့ သွားလို့မရတော့ဘူး။”

ရှန်းယုဟန်က ထိုင်ရခက်နေသဖြင့် ခေါင်းအုံးထဲမှာ ခေါင်းကိုမြှုပ်ကာ မှောက်လျက်လဲလျောင်းလိုက်သည်။ သူက ရှန်ချီဟွမ်းကိုကြည့်ဖို့ မျက်နှာတစ်ဝက်သာဖော်ထားပြီး သူတို့နှစ်ယောက်ကြားမှာ ရုပ်ပိုင်းဆိုင်ရာဆက်သွယ်မှုရှိခဲ့တာကို မယုံနိုင်ဖြစ်နေသည်။ ရှန်းယုဟန်က ရှန်ချီဟွမ်းကိုယုံပြီး သက်တောင့်သက်သာခံစားခဲ့ရသလို သူ့နှလုံးသားကလည်း တည်ငြိမ်လာပြီး ထိုသည်မှာ အာမခံချက်တစ်ခုဖြစ်နိုင်သည်။

ချီတိုင်းပြည်မှာဖြစ်စေ ချူတိုင်းပြည်မှာဖြစ်စေ သူ့ခင်ပွန်းက သူ့ကိုမထိတာကြာရင် သူအရမ်းဝမ်းနည်းမိမှာဖြစ်ပေမယ့် ကံကောင်းစွာပင် သူ့ခင်ပွန်းက သူ့ကိုလက်ခံဖို့ဆန္ဒရှိသည်။ ထို့အပြင် သူက သူတို့နှစ်ယောက်အနာဂတ်အတွက် ခေတ်သစ်ဗဟုသုတများကို အစွမ်းကုန်ကြိုးစားသင်ယူမှာဖြစ်၏။ သူတို့နှစ်ယောက်ပိုရင်းနှီးလေ သူ့ချို့ယွင်းချက်များကို ဖော်ပြဖို့ လွယ်ကူလေဖြစ်သည်။

ရှန်းယုဟန်က တစ်နေ့မှာ ရှန်ချီဟွမ်း သူ့အကြောင်းသိသွားရင် လန့်သွားမှာကိုမလိုချင်ပေ။ သူက ထိုအရာကို လျို့ဝှက်ချက်တစ်ခုအဖြစ် အတတ်နိုင်ဆုံးလျို့ဝှက်ထားမည်။ တကယ်တော့ သူက ရှန်ချီဟွမ်းကို မသိခဲ့ပေ။ ခေတ်သစ်လူသားများ၏ ပြောပုံအရဆို သူတို့အိမ်​ထောင်ရေးက အိမ်ကစီစဥ်ပေးသော အိမ်ထောင်ရေးဖြစ်သည်။

သူနဲ့ သူ့ခင်ပွန်း၏ ရုပ်ပိုင်းဆိုင်ရာရင်းနှီးမှုအပြီးမှာ သူက ဆုံးရှုံးရမှာကို စိတ်ပူနေကာ ပိုပြီးစိတ်မသက်မသာဖြစ်လာခဲ့သည်။

“မင်းဘာလို့စကားမပြောတော့တာလဲ၊ အိပ်နေပြီလား? ဒါမှမဟုတ် မင်းခန္ဓာကိုယ်က အဆင်မပြေလို့လား?” ရှန်ချီဟွမ်းက မနေ့ညက တကယ်ကို အထိန်းအကွပ်မဲ့ပြီး ရှန်းယုဟန်၏ကိုယ်ပေါ်မှာ အမှတ်အသားအချို့ ချန်ထားခဲ့မိသည်။ သူက ရှန်းယုဟန်၏နဖူးကို ထိလိုက်သည်။ “အဖျားလည်းမရှိပါဘူး။”

“ကျွန်တော်အဆင်ပြေပါတယ်။” ရှန်းယုဟန်က သူ့ခေါင်းကို ရှန်ချီဟွမ်း၏လက်ဖဝါးမှာ ဖိထားလိုက်သည်။ “ယောကျာ်း၊ ခင်ဗျား အဖေ့ကိုသွားတွေ့မှာလား?”

ရှန်ချီဟွမ်းက သူ့နဖူးကိုထိကာ အဖျားမရှိမှန်းသိသွားပြီး ရှန်းယုဟန်က အပျင်းကြီးနေပုံရသည်။ “လောလောဆယ်တော့ မလိုသေးဘူး။ ဒုတိယအကြိမ်စစ်ဆေးဖို့လိုသေးတယ်။ ဒါပေမယ့် နောက်တစ်ပတ်မှာ အိမ်ပြန်ပြီး ညစာသွားစားမယ်။ အဲ့ဒီအချိန်ကျရင် ရလဒ်ကိုအတိအကျသိနိုင်ပြီ။ အဖေ့ကျန်းမာရေးနဲ့ပတ်သတ်ပြီး အစ်ကိုကြီးက ဘယ်သူ့ကိုမှမပြောထားဘူး။ အဖေ အဲ့ဒီမိန်းမတွေကို ကိုယ်တိုင်မပြောမချင်းပေါ့။”

“သူတို့က ခင်ဗျားကိုတိုက်ခိုက်မှာလား?” ရှန်းထျန်းဖုန်း၏ရောဂါက ကုသလို့မရရင် အိမ်တော်များစွာ၏ မဒမ်များက သူမသေခင်မှာ သေချာပေါက်ဖိအားပေးကြမှာပင်။ အစတည်းက သူတို့က သူတို့ပိုင်သော ရှယ်ရာများကိုရဖို့ ရှန်ထျန်းဖုန်းကို အားကိုးနေကြတာဖြစ်ပြီး အခုတော့ ရှန်ဂရုက သူတို့၏ပစ်မှတ်ဖြစ်လာခဲ့လေပြီ။ “ခင်ဗျားက ပင်မအိမ်တော်ကဆိုတော့ ခင်ဗျားနဲ့ရင်ဆိုင်ဖို့ သူတို့ပူးပေါင်းသွားမှာကို စိုးရိမ်တယ်။”

ရှန်ချီဟွမ်းက ရှန်းယုဟန် သူ့အတွက် စိတ်ပူနေတာကို ခံစားမိသည်။ “စိတ်ပူစရာမလိုပါဘူး။ ကိုယ်က တရားဝင်ကလေးပါ။ သူတို့သားတွေက မိသားစုသစ်ပင်ထဲပါရင်တောင် တရားမဝင်ဘူး။ အခုတော့ အဲ့ဒါက ဥပဒေစိုးမိုးထားတဲ့ လူ့အဖွဲ့အစည်းပဲ။ ကိုယ့်မှာတောင်းဆိုချက်တစ်ခုပဲရှိတယ်။ မင်းကိုယ်မင်း သေချာကာကွယ်ပါ။ မင်းကိုပြောစရာရှိသေးတယ်။ ကိုယ်မနက်ဖြန် အလုပ်ခရီးထွက်ရမှာ။ နှစ်ကုန်မှာ အလုပ်ရှုပ်တော့ နေရာတော်တော်များများကို ခရီးထွက်ရမယ်။ အစက မင်းကိုပါ ခေါ်သွားဖို့ စီစဥ်ထားပေမယ့် မင်းက အခုအပြင်ထွက်လို့မရသေးဘူး။”

ရှန်းယုဟန်က ဝမ်းနည်းသောလေသံဖြင့် ပြောလိုက်သည်။ “အပြင်ထွက်ဖို့ အခွင့်အရေးကို ဆုံးရှုံးသွားတာလား?”

“ဟုတ်တယ်။” ရှန်ချီဟွမ်းက သူ့ခါးအနောက်ကို ဖိထားလိုက်သည်။ “အလျော်ပြန်ပေးမယ်လေ၊ နှိပ်ပေးပါ့မယ်။”

“အဲ့ဒါလည်းကောင်းပါတယ်။” ရှန်းယုဟန်က ညည်းတွားပြီး လဲလျောင်းလိုက်သည်။ “ယောကျာ်း၊ ညင်ညင်သာသာနှိပ်ပေးပါနော်။”

မနေ့ကညနေမတိုင်ခင်မှာ သူက ရှန်းယုဟန် ဒီလိုစကားပြောတာကို ခံနိုင်ရည်ရှိပေမယ့် ရှန်ချီဟွမ်းက အသားစားဖူးပြီဖြစ်၍ အောင့်မခံနိုင်တော့ပဲ တစ်ခုခုလုပ်ချင်လာသည်။ နှစ်စက္ကန့်လောက်ရုန်းကန်ပြီးနောက် သူက ရှန်းယုဟန်အတွက် စိတ်မကောင်းဖြစ်ကာ နှစ်ရက်လောက် သည်းခံဖို့ဆုံးဖြတ်လိုက်သည်။

သူမလုပ်ချင်လို့လား? သူလုပ်ချင်တာပေါ့။

သူတိုနှစ်ယောက်ကြားမှာ ရင်းနှီးသောဆက်ဆံရေးရှိခဲ့ပေမယ့် ပေါင်းသင်းဆက်ဆံရေးပုံစံက အများကြီးမပြောင်းလဲသွားပေ။ ရှန်းယုဟန်က ရှန်ချီဟွမ်းရှေ့မှာ ချိုမြိန်သောစကားများကို နေ့တိုင်းမပြောချင်ပေ။ သူက အခုချိန်မှာ ခပ်ခွာခွာဆက်ဆံရေးကို ပိုနှစ်သက်လာသည်။ ဘာပဲဖြစ်ဖြစ် သူတို့က လင်မယားဖြစ်ပြီး အိပ်ဖော်လည်းဖြစ်တာကြောင့် သူ ရှန်ချီဟွမ်းကို နားလည်သလို ရှန်ချီဟွမ်းကလည်း သူ့ကိုနားလည်ပေးလိမ့်မည်။

ရှန်ချီဟွမ်း၏ ဒီတစ်ကြိမ်အလုပ်ခရီးကတော့ သူလိုက်မသွားချင်ပေ။ သူသက်သာသွားရင် အနာဂတ်အကြောင်းနှင့် စာဘယ်လိုလေ့လာမလဲဆိုတာကို စဥ်းစားရဦးမည်။

အရေးကြီးဆုံးအရာက သမိုင်းစာအုပ်ဖတ်ဖို့ပင်။

ရှန်းယုဟန်က နူးညံ့သောလေသံဖြင့်ပြောလိုက်၏။ “​ယောကျာ်း၊ ခင်ဗျားခရီးမသွားခင် ကျွန်တော် အချိန်ဖြုန်းနိုင်ဖို့ သမိုင်းစာအုပ်အချို့ဝယ်ပေးနိုင်မလား?”

ရှန်ချီဟွမ်းကပြောလိုက်သည်။ “ကောင်းပြီ၊ မင်းကို သမိုင်းစာအုပ်ဝယ်ပေးဖို့ တစ်ယောက်ယောက်ကို ခိုင်းလိုက်မယ်။ တစ်စုံတစ်ယောက်က အချိန်ဖြုန်းဖို့ သမိုင်းစာအုပ်ဖတ်တယ်ဆိုတာ ဒါပထမဆုံးကြားဖူးတာပဲ။ မပျင်းဘူးလား?”

“ကျွန်တော်က ခန္ဓာကိုယ်နဲ့ စိတ်ကိုအစာကျွေးနေတာ။” မူလရှန်းယုဟန်၏ စိတ်နေသဘောထားနှင့်ဆိုလျှင် ဤသည်မှာ သူအသုံးပြုနိုင်သည့် အကောင်းဆုံးရှင်းလင်းချက်ဖြစ်ပြီး ရှန်ချီဟွမ်းက ထိုအရာနဲ့ပတ်သတ်ပြီး သံသယဝင်နိုင်မှာမဟုတ်ပေ။

ညနေမှာ ရှန်ချီဟွမ်းက ရှန်းယုဟန်လိုချင်သော သမိုင်းစာအုပ်အထူများကို ယူလာခိုင်းပြီး သူကလည်း ရှန်းယုဟန်၏ပန်းချီကို သူ့ဖန်များနှင့် မျှဝေရန် ဝေ့ပေါ်မှာတင်ခဲ့သည်။ ဖန်များက အောက်မှာကြိတ်ကြိတ်တိုးနေပြီး သူဘယ်လောက်အရည်အချင်းရှိလဲ ပြောနေကြသည်။ ရှန်းယုဟန်၏ လက်ရာအသစ်က Hot Search ထပ်ဝင်သွားပြီး (လေဟာပြင်စျေး) က ပထမပန်းချီကားနှစ်ချပ်နှင့်ကွာခြားကာ ဒီတစ်ခုက လက်တွေ့ပိုဆန်ကာ ဇာတ်ကောင်တစ်ခုချင်းစီ၏ ဖော်ပြချက်က အလွန်အသက်ဝင်သည်။

နောက်နေ့မှာ ရှန်ချီဟွမ်းက အလုပ်ခရီးထွက်သွားခဲ့သည်။

ရှန်းယုဟန်က အိမ်မှာတစ်ယောက်တည်းနေခဲ့ပြီး လက်ဖက်ရည်ပါတီကျင်းပမယ်လို့ အရင်ကပြောခဲ့ပေမယ့် ခေတ္တရွှေ့ဆိုင်းထားခဲ့ရပြီး အခုတော့ ပိုလို့တောင် မဖြစ်နိုင်တော့ပြီ။ သူ့ခင်ပွန်းက အပြင်ထွက်သွားပြီး ဒီတစ်ကြိမ်မှာ ဘယ်အချိန်ပြန်လာမလဲ မပြောခဲ့ပေ။ သူက အလျင်စလိုထွက်သွားခဲ့တာဖြစ်ပြီး သေချာတာကတော့ ဤသည်မှာ သူ့အတွက် ကမ္ဘာ့သမိုင်းနဲ့ ခေတ်သစ်သမိုင်းကို လေ့လာဖို့ အချိန်လုံလောက်ခဲ့သည်။

ရှန်ချီဟွမ်းက ရံဖန်ရံခါ ခရီးသွားရမယ်ဆိုသည့်အချက်ကို ရှန်းယုဟန်က ခုအချိန်မှာ နားလည်သွားခဲ့လေပြီ။

နေ့ခင်းဘက်မှာ ရှန်ချီဟွမ်းက အပြင်မှာ အစည်းအဝေးများနှင့် အလုပ်ရှုပ်နေပြီး ရှန်းယုဟန်က အိမ်မှာ သမိုင်းဗဟုသုတများကို အရူးအမူးလေ့လာနေသည်။ သူတို့နှစ်ယောက်က နေ့လည်မှာ ဝီချက်မက်ဆေ့ပို့ကြပြီး ရှန်ချီဟွမ်းအားသည့် ညခင်းမှာ ဗီဒီယိုကောလ်ပြောကြသည်။

လက်ရှိနိုင်ငံသည် ရှေးဦးလူ့အဖွဲ့အစည်း၊ ကျွန်လူအဖွဲ့အစည်း၊ ပဒေသရာဇ်လူ့အဖွဲ့အစည်း၊ အရင်းအနှီးလူ့အဖွဲ့အစည်းနှင့် ဆိုရှယ်လစ်လူ့အဖွဲ့အစည်းအပါအဝင် ခေတ်များစွာကို ကျော်ဖြတ်ခဲ့ရပြီး သူအခုနေ​ထိုင်သော လူ့အဖွဲ့အစည်းက ဆိုရှယ်လစ်လူ့အဖွဲ့အစည်းဖြစ်၏။

ထူးဆန်းတာက ချီတိုင်းပြည်နှင့် ချူတိုင်းပြည်က သမိုင်းမှာပါမလာခဲ့ပေ။ စာအုပ်မှာပါလာသော ချီတိုင်းပြည်နှင့် ချူတိုင်းပြည်က သူရင်းနှီးသော နိုင်ငံတွေမဟုတ်ပေ။ ဒါဆို သူကဘယ်ကလာခဲ့တာလဲ?

သမိုင်းစာအုပ်ထဲမှာ ကောအကြောင်းဘာလို့မပြောထားတာလဲ? သမိုင်းစာအုပ်ရဲ့အစပိုင်းက ဒဏ္ဍာရီလာပုံပြင်ထဲမှာတောင် ကောဖြစ်တည်မှု ​ပါမလာဘူး။

ခေတ်သစ်လူ့အဖွဲ့အစည်းက အမျိုးသားနှင့် အမျိုးသမီးဟူ၍ နှစ်မျိုးသာခွဲခြားထားပြီး ကောများမပါဝင်ပေ။ ဘာကြောင့်လဲ?

သမိုင်းသင်ရိုးမှာ အမှားအယွင်းတွေရှိနေတာလား? ချူတိုင်းပြည်နဲ့ချီတိုင်းပြည်က မငြိမ်မသက်ဖြစ်တဲ့ ကာလတစ်ခုမှာ ပျက်သုဥ်းသွားခဲ့ပြီး ထပ်ပေါ်မလာတော့တာလား?

ရှန်းယုဟန်က ထိုကိစ္စကို တွေးနေစဥ် သူ့ခန္ဓာကိုယ်က ပြန်ကောင်းနေပြီဖြစ်တာကြောင့် သူက ခုန်ပေါက်ကာ ကန်ကျောက်နေခဲ့သည်။

သူက ကျန်းချန်မြို့၏ အကြီးဆုံးစာအုပ်ဆိုင်ကိုလည်း သွားခဲ့သည်။ စာအုပ်ဆိုင်က အမျိုးအစားအလိုက် ခွဲထားပြီး အစုံရှိပေမယ့် သူက ချီတိုင်းပြည်နှင့် ချူတိုင်းပြည် ဘယ်ရောက်သွားလဲသိရဖို့ စိတ်အားထက်သန်နေသည်။ သူက စာအုပ်ဆိုင်မှာ ချီတိုင်းပြည်၊ ချူတိုင်းပြည်နှင့် ပတ်သတ်သော စာအုပ်အားလုံးကိုရှာခဲ့ပေမယ့် သူလိုချင်သောစာအုပ်များမဟုတ်ခဲ့ပေ။ သူက ထိုစာအုပ်များမှာ ပေါ်လာသော ဇာတ်ကောင်တစ်ခုမှကို မမှတ်မိပေ။

ရှန်းယုဟန်က ခဏလောက်စဥ်းစားပြီး သူက တစ်ယောက်ယောက်ကို မေးချင်နေသည်။ သူက ဝမ်းယန် ဗိသုကာပညာ လေ့လာထားတာကို မှတ်မိသွားပြီး သူက အများကြီးသိနိုင်တာ​ကြောင့် သူ့ကိုမေးသင့်သည်။ အနည်းဆုံးတော့ သူတို့က စကားစမြည်ပြောကာ အချိန်ကောင်းကိုဖြတ်သန်းဖူးပြီး ဝမ်းယန်က ဗဟုသုတနှံ့စပ်သူဖြစ်ကာ တက္ကသိုလ်တစ်ခုမှာ ကျောင်းဆရာဝင်လုပ်နေတယ်လို့ သူ့ခင်ပွန်းကပြောခဲ့ဖူးသည်။

ရှန်းယုဟန် သိသလောက်ဆိုရင် တက္ကသိုလ်ဆိုတာ ယနေ့ခေတ်မှာ ကမ္ဘာပေါ်က သင်ယူမှုအမြင့်ဆုံး သင်ကြားရေးအဖွဲ့အစည်းဖြစ်ကာ အတန်းများလည်းရှိပြီး ဝမ်းယန်က အရမ်းတော်လောက်သည်။ သူက ဆရာဖြစ်တာကြောင့် တော်တော်များများကို သိလောက်သည်။

ထို့ကြောင့် ရှန်းယုဟန်က ဝမ်းယန်၏ဝီချက်အကောင့်ကို ရှာကာ သူ့မှာစကားပြောဖို့အချိန်ရှိလား မေးလိုက်သည်။

ဝမ်းယန်က အတန်းချိန်မရှိလို့ သူ့မှာအချိန်ရှိတယ်လို့ ချက်ချင်းဖြေလာသည်။

သူတို့နှစ်ယောက်က ခဏလောက်စကားပြောကာ ဝမ်းယန်က သူ့ကို အပြင်ထွက်ပြီး လည်ချင်လား မေးခဲ့သည်။ တကယ်တော့ သူက ရှန်းယုဟန်ကို အတော်သဘောကျသည်။

ရှန်းယုဟန်က သူ့ကိုအကူအညီတောင်းရမှာဖြစ်၍ နေ့လည်မှာ လက်ဖက်ရည်သောက်ဖို့ ချိန်းဆိုခဲ့ပြီး သူက သူကိုယ်တိုင်လုပ်ထားသော ကွတ်ကီးများကို ယူဆောင်သွားခဲ့သည်။ ယင်းမှာ အန်တီဝမ် မနေ့ကသူ့ကိုသင်ပေးခဲ့တာဖြစ်၏။

သင်ယူနေစဥ် အားလပ်ချိန်မှာ သူက သူ၏အချက်အပြုတ်စွမ်းရည်ကို တိုးတက်အောင်လုပ်ပြီး နေ့တိုင်း အသစ်တစ်ခုကိုလေ့လာသည်။ ကျွမ်းကျင်မှုအများကြီးရှိတာက ဝန်ထုပ်ဝန်ပိုးမဖြစ်စေပဲ အန်တီဝမ်ကလည်း သူ့ကို အတတ်မြန်လို့ ချီးကျူးခဲ့ပြီး သူက ဆိုင်ခွဲစားသောက်ဆိုင်ဖွင့်ဖို့ အသင့်ဖြစ်လုနီးပါးပင်။

&&&&&&&&&&&&&&&

Chapter 52.2

“ကောဆိုတာမရှိပါဘူး။”

ဝမ်းယန်နှင့်ချိန်းဆိုမှုက နေ့လည်နှစ်နာရီဖြစ်ပြီး ဦးလေးလီက သူ့ကို သတ်မှတ်နေရာသို့ ​ပို့ပေးခဲ့သည်။

ယင်းမှာ ကြောင်ကဖေးဖြစ်ပြီး ဆိုင်တံခါးမှာ ဧရာမကြောင်ပုံကြီးရှိပြီး ယင်းက ရှန်းယုဟန်ကို ထိတ်လန့်စေပေမယ့် ဒုတိယအကြိမ်ကြည့်ပြီး​နောက်မှာ ကြည့်ကောင်းတယ်လို့ တွေးမိခဲ့၏။

ဝမ်းယန်ကလည်း ကြောင်ချစ်တာကို သိခဲ့ရသည်။

ဤသည်မှာ တစ်စုံတစ်ယောက်နှင့် အပြင်ထွက်တာ ပထမဆုံးအကြိမ်ဖြစ်ပြီး သူက ဝမ်းယန်နဲ့ အပြင်ထွက်သောအခါ သက်တောင့်သက်သာ ပိုရှိခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူက သခင်ကြီးကျန်း၏ချွေးမဖြစ်ပြီး ရှန်းယုဟန်က သူ့ကို ‘ဇနီး'အမျိုးအစားအဖြစ် တစ်ဖက်သက် သတ်မှတ်ထားတာကြောင့် သူက သူနဲ့သူငယ်ချင်းလုပ်လို့ရသည်။

(ဝမ်းယန်က Gong Type မို့ ရှန်းယုဟန်က သူနဲ့သူငယ်ချင်းလုပ်လို့ရအောင် ဇနီးအမျိုးအစားလို့ အတင်းသတ်မှတ်ပေးထားတာကို ပြောတာပါ။)

ဒါပေါ့၊ သူက ရှန်ချီဟွမ်းကို သူအပြင်သွားသည့်အကြောင်း မက်ဆေ့ပို့ထားပြီး သူ့ခင်ပွန်းက ဒီနေ့ အရမ်းအလုပ်ရှုပ်နေပြီး သူ့ကိုစာတောင်မပြန်ပေမယ့် သူက အရမ်းစိတ်ပူမနေပေ။ သူ့ခင်ပွန်းက အပြင်မှာပြေးလွှားနေရပြီး သူ့ခံစားချက်ကိုပါ ဂရုစိုက်ပေးနေရရင် ပင်ပန်းသွားပေမည်။

ရှန်းယုဟန်က ဒုတိယထပ်မှာ ဝမ်းယန်ကိုရှာတွေ့ခဲ့သည်။

ဒီနေ့ဝမ်းယန်က သူတွေ့ဖူးခဲ့သည့် ဝမ်းယန်နှင့်တူပေမယ့် သူက ဒီနေ့မှာ မျက်မှန်ဝတ်ထားတာကြောင့် ရှန်းယုဟန်က မမှတ်မိသလို ဖြစ်သွားခဲ့၏။

ရှန်းယုဟန် ထိုင်ပြီးနောက် သူက သူ့ကိုမေးလိုက်သည်။ “အကိုဝမ်းယန်၊ အဲ့ဒါကြီးဘာလို့ထပ်ထားတာလဲ?” သူက သူ့မျက်မှန်ကို ထိုးပြလိုက်သည်။

ဝမ်းယန်က မျက်မှန်ကို ညင်ညင်သာသာ ပင့်တင်လိုက်သည်။ “အမြင်အာရုံသိပ်မကောင်းလို့ မနက်ပိုင်းအတန်းတက်ရင် တပ်ထားရတယ်၊ ကျောင်းသားတွေရဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်နိုင်အောင်လေ၊ ပုံမှန်အချိန်ဆို တပ်တာရှားတယ်၊ လိုအပ်ရင်တော့ မျက်ကပ်မှန်တပ်တယ်။”

ရှန်းယုဟန်က သူမျက်မှန်ပင့်တင်လိုက်သော ပုံစံက အနည်းငယ်ကွာခြားနေတယ်လို့ ခံစားမိပြီး သူက အမြဲတမ်း ပွင့်ပွင့်လင်းလင်းပဲ ပြောလေ့ရှိသည်။ “ခင်ဗျားဒီတစ်ခါ တပ်ထားတဲ့ပုံစံက အရင်တစ်ခေါက်နဲ့ ​ကွာနေတယ်။”

“အို? ဘာလို့ကွာတာလဲ?” ဝမ်းယန်က မျက်မှန်သိပ်ဝတ်လေ့မရှိတာကြောင့် ထိုအ​ကြောင်းနဲ့ပတ်သတ်ပြီး လူတွေ သူ့ကို ထင်မြင်ချက်ပေးတာကို ကြားရခဲသည်။ သို့သော် သူမျက်မှန်တပ်တာကို ကျန်းလောလင်းက သဘောကျတာ​ကြောင့် ထိုစကားက သိပ်တော့လေးနက်မနေပေ။

ရှန်းယုဟန်က စဥ်းစားပြီးမှပြောလိုက်သည်။ “မျက်နှာနည်းနည်းပိုတည်သွားလားလို့” သူ မပြုံးပြတဲ့အခါမှာ သူ့မျက်လုံးများက ပိုစူးရှနေသည်။

ရှန်းယုဟန်၏သတိပေးချက်ကို ကြားလိုက်ရတော့ ဝမ်းယန်က နောက်ဆုံးမှာ ကျန်းလောလင်း၏ မလျော်ကန်သောအချက်ကို သတိထားမိလိုက်ပြီး သူက ပြုံးပြကာ မျက်မှန်ကိုချွတ်လိုက်သည်။ “အခု ကြည့်လိုကောင်းသွားပြီလား?”

“အကုန်ကြည့်ကောင်းပါတယ်။ ခင်ဗျားအဆင်ပြေသလိုဝတ်ပါ။” ရှန်းယုဟန်က သိလိုစိတ်ပြင်းပြနေသည်။ “ကျွန်တော်က အရမ်းထူးခြားတယ်လို့ ထင်ရုံပါ။ မျက်မှန်က လူတစ်ယောက်ရဲ့ စိတ်နေသဘောထားကို ပြောင်းလဲပေးနိုင်တာပဲ”

“ဟုတ်တယ်၊ ဒါပေမယ့် အမြင်အာရုံအားမနည်းတဲ့ လူတွေကိုတော့ ဒီလိုအသုံးအဆောင်တွေ တပ်ဖို့အားမပေးချင်ဘူး။ အဲ့ဒါက မျက်လုံးအတွက်မကောင်းသလို အဝေးမှုန်ဖြစ်သွားစေနိုင်တယ်။” ဝမ်းယန်က ရှန်းယုဟန်ကို မီနူးကမ်းပေးရင်းပြောလိုက်သည်။ “မင်းဘယ်လိုလက်ဖက်ရည်သောက်ချင်လဲ? သစ်သီးလက်ဖက်ရည်ဆိုရင်ရော”

“ဘာမဆိုအဆင်ပြေပါတယ်။” ထိုမှသာ ရှန်းယုဟန်က စက္ကူအိတ်ထဲက ကွတ်ကီးကိုထုတ်လိုက်သည်။ “အကိုဝမ်းယန်၊ ဒါကျွန်တော်လုပ်ထားတဲ့ ကွတ်ကီးတွေပါ၊ ဒီမနက်မှလုပ်ထားတာ စားကြည့်ပါ။”

ဝမ်းယန်က ရှန်းယုဟန်၏ ကိုယ်ကျင့်သိက္ခာကို ထ​ပ်မံအံ့သြသွားသည်။ သူကလည်း အသက်နှစ်ဆယ်ပဲရှိသေးပြီး သူရော ရှန်းယုဟန်ရော တခြားတစ်ယောက်ကိုသာ လက်မထပ်ထားရင် သူက ရှန်းယုဟန် သူ့ကို လိုက်နေတယ်လို့ အထင်လွဲသွားမှာဖြစ်၏။

သူက ရှန်းယုဟန် ဒီနေ့ပြောင်းလဲနေတာကို တွေ့လိုက်ပေမယ့် ပြောင်းလဲမှုက ဘာလဲဆိုတာကို မပြောနိုင်ပေ။ “မင်းကတကယ်ကိုတော်တာပဲ၊ ဒါက လက်ဖက်ရည်နဲ့လိုက်ဖက်တယ်။ ကိတ်ရောစားချင်လား? မင်းစားချင်ရင် မှာပေးမယ်။”

“ဟုတ်ကဲ့” သူစားချင်သည်။ အရသာရှိရင် ကိုယ်တိုင်လုပ်တတ်အောင် သင်ယူလိုက်မည်။ ကျွမ်းကျင်မှုအများကြီးရှိတာက ဝန်ထုပ်ဝန်ပိုးမဟုတ်ဘူးလို့ အင်တာနက်​မှာပြောထားသည်။

တကယ်တော့ သူပြန်ရောက်လာတုန်းက ရှန်ချီဟွမ်းနှင့် ရှန်ချီဟွမ်းကြားရှိ ကောလာဟလအများကြီးကို ကြားခဲ့ရပြီး ထိုကောလာဟလများက အင်တာနက်မှာလည်း ရှိပေမယ့် သူက မယုံနိုင်ခဲ့ပေ။ သူသာ ရှန်းယုဟန်နှင့် ရင်းနှီးဖို့ဖြစ်မလာခဲ့ရင် ရှန်းယုဟန်က ရိုးသားသည့်လူတစ်ယောက်ဆိုတာကို သူသိခဲ့မှာမဟုတ်ပေ။ ရှန်ချီဟွမ်းက အရမ်းကာကွယ်ပေးနေတာလည်း အံ့သြစရာတော့ပေ။

သူတို့နှစ်ယောက် ​အော်ဒါမှာပြီး​တော့ ဝမ်းယန်က ရှန်းယုဟန် သူ့ကိုမေးစရာရှိတယ်လို့ ပြောခဲ့တာကိုမှတ်မိသွားသည်။

“မင်းငါ့ကိုဘာမေးချင်တာလဲ?”

“အာ၊ အဲ့ဒါကဒီလိုပါ” ဝမ်းယန်က တည့်တိုးဆန်တဲ့လူဆိုတာကို ရှန်းယုဟန်က သိတာကြောင့် သူက စကားကို သွယ်ဝိုက်မနေတော့ပေ။ “သမိုင်းမှာ ကောရှိလားသိချင်လို့ပါ?”

ဝမ်းယန်က သူဘာ​မေးချင်လဲမသိပေ။ “ဘာကောလဲ? အဲ့ဒါက Natsume Soseki ရဲ့စာအုပ် (Botchan) လား? ရှေးခတ်မှာ တချို့အမျိုးသားတွေကို ကောလို့ခေါ်တာကြားဖူးတယ်။ ဘာလို့မေးတာလဲ?”

ကံကောင်းစွာပင် ရှန်းယုဟန်က ခေတ်သစ်ဝေါဟာရအများကြီးကို လေ့လာထားပြီး သူ့မေးခွန်းကို သေချာရှင်းပြနိုင်သည်။ “ကျွန်တော်မေးချင်တာက လိင်အမျိုးအစားတစ်ခုပါ။ အမျိုးသားနဲ့ အမျိုးသမီးကြားက အမျိုးအစားကို ကောလို့ခေါ်တယ်။ ကျွန်တော်သမိုင်းစာအုပ်ဖတ်ခဲ့ပေမယ့် အဲ့အကြောင်းကို မပြောထားကြဘူး။”

ထိုမှသာ ဝမ်းယန်က တုံ့ပြန်ခဲ့သည်။ အရင်က သူ ကျန်းလောလင်းကို ကြိုက်နေတာလား စမ်းသပ်ဖို့အတွက် သန်းမေ့(Danmei) ဝတ္တုအများကြီးကိုဖတ်ခဲ့ပြီး ရှန်းယုဟန်က ထိုမေးခွန်းကို အလေးအနက်မေးလာသောအခါ သူက အထူးလေးနက်သောမေးခွန်းကို မေးနေတယ်လို့ထင်ခဲ့ပြီး သူ ဒါကိုလေ့လာထားမယ်လို့ မမျှော်လင့်ခဲ့ပေ။

သူက သူနောက်နေတယ်လို့သာ ယူဆခဲ့သည်။ “မင်းမေးနေတာက ဝတ္တုဖတ်တဲ့အချိန်မှာပဲ ငါဖတ်ဖူးခဲ့တာ။ မင်းလတ်တလော ဝတ္တုစွဲလမ်းနေတာလား?”

“ဒီလိုလိင်အမျိုးအစားက ဝတ္ထုထဲမှာပဲ ပေါ်လာတာလား? သမိုင်းမှာ အဲ့လိုအရာမျိုးမရှိဘူးလား?” သူက သူ့ကိုယ်သူ စာအုပ်အများကြီးမဖတ်ဖူးတာ ဒါမှမဟုတ် ဤအရာက ပိတ်ပင််တားမြစ်ထားသည့် သမိုင်းအပိုင်းအစတစ်ခုဖြစ်ပြီး လူသိရှင်ကြားမဖော်ပြခဲ့​ကြတာလို့ ထင်ခဲ့တာဖြစ်၏။

“ငါတကယ်ကိုမကြားဖူးဘူး။ မင်းဒီလိုမျိုးစာပေကို လျှော့ဖတ်သင့်တယ်။ အရမ်းမစွဲလမ်းစေနဲ့၊” ဝမ်းယန်က သူဝတ္တုစွဲလမ်းနေတာလို့ထင်နေပြီး ရှန်းယုဟန်က တီဗီကြည့်ပြီး အဓိကဇာတ်ကောင်များကို တုပတတ်သည့် လူတွေလိုဖြစ်သွားမှာကို စိုးရိမ်နေတာဖြစ်၏။ ဒါ​ကြောင့် သူက ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်အကြောင်းကို တုံ့ဆိုင်းစွာ မေးမြန်းလိုက်သည်။ “ယုဟန်၊ မင်းလတ်တလော ရှန်ချီဟွမ်းနဲ့ ရန်ဖြစ်ထားလို့ ဒီမေးခွန်းကိုမေးတာလား?”

ရှန်ယုဟန်က ​ခေါင်းခါလိုက်သည်။ “ကျွန်တော်တို့ရန်မဖြစ်ပါဘူး။ သူက အလုပ်ခရီးရောက်နေတာ။”

ဝမ်းယန်က ရင်ထဲကပြောလိုက်သည်။ ဟုတ်ပါပြီ၊ အားလပ်ချိန်က ပြဿနာဖြစ်သွားစေတာဖြစ်မယ်။

ရှန်းယုဟန်က ကျောင်းမသွားသလို အလုပ်လည်းမလုပ်ပဲ အိမ်မှာနေတိုင်းပျင်းနေတာကြောင့် ဒီလိုအစွန်းမရောက်ရင် ထူးဆန်းနေပေမည်။ ဒါကြောင့် သူက ကောကိုစလေ့လာခဲ့တာဖြစ်မည်။ ဤစိတ်ကူးယဥ်ဇာတ်ကောင်အမျိုးအစားမှာ ဒွိလိင်ဖြစ်သည်။

ဒါဆိုရင် သူက ကုသိုလ်ကောင်းမှုလုပ်ပြီး ဗုဒ္ဓကို အနောက်အရပ်ပို့ကာ ရှန်ချီဟွမ်းကို ကူညီသင့်သည်။

ဝမ်းယန်က ရှန်းယုဟန်အတွက် သစ်သီးလက်ဖက်ရည်တစ်ခွက် ထည့်ပေးလိုက်သည်။ “ဒီတော့ မင်းက ဒီရက်ပိုင်းအလုပ်ရှုပ်မနေဘူးပေါ့၊ ဟုတ်လား?”

ရှန်းယုဟန်က ခဏလောက်စဥ်းစားလိုက်သည်။ “အရမ်းအလုပ်မရှုပ်ပါဘူး။”

ဝမ်းယန်ကမေးလိုက်သည်။ “ငါတို့ကျောင်းကိုလာလည်ပါလား? အနာဂတ်မှာ ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေချင်လား?”

သူက ငယ်ငယ်တည်းက ကျောင်းကိုမမြင်ဖူးတာကြောင့် မြင်ချင်နေပြီး သူ့ခင်ပွန်းကလည်း အိမ်မှာမရှိသဖြင့် သွားချင်သည်။

သို့သော် သူက ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဖို့တော့ မတွေးခဲ့ပေ။ သူက နိုင်ငံခြားဘာသာစကားနှင့် သင်္ချာစာမေးပွဲဖြေရမှာဖြစ်၍ ဤအခက်အခဲနှစ်ရပ်ကို မကျော်ဖြတ်နိုင်ပေ။

ရှန်းယုဟန်က ခက်ခက်ခဲခဲ ​ပြောလိုက်ရသည်။ “ကျွန်တော် ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဖို့ မတွေးရသေးဘူး။”

ဝမ်းယန်က ကျိုးကြောင်းဆီလျော်သူဖြစ်သည်။ “ကိစ္စမရှိဘူး၊ ငါက ဒီတိုင်းမေးလိုက်တာ၊ မင်းရဲ့ပန်းချီက အရမ်းကောင်းတယ်၊ ပန်းချီကိုအာရုံစိုက်တာက ပိုကောင်းပါတယ်။ ကောလိပ်ဆိုတာ တော်ပြီးသားပညာက်ို ပိုတော်အောင်လုပ်တာပါပဲ။ ဒါက ဆရာတစ်ယောက်အနေနဲ့ ငါ့ရဲ့ပြဿနာပဲ၊ ငါအရင်က ဒီလိုပြဿနာမရှိခဲ့ဘူး။”

သူလိုချင်သောအဖြေကိုမရတာကြောင့် ရှန်းယုဟန်က ရှုပ်ယှက်ခက်မနေတော့ပဲ သူတို့ကမ္ဘာမှာ ရှေးခတ်ကတည်းက ကောဆိုတာမရှိတာမျိုးဖြစ်နိုင်သည်။

သူနဲ့ဝမ်းယန်က စကားပြောကောင်းနေကြပြီး သူတို့စကား​ပြောတာနဲ့ သူတို့ခင်ပွန်းဖြစ်သူ၏ ချို့ယွင်းချက်များ ပါလာကြသည်။

ဝမ်းယန်က ကြိမ်း​မောင်းလိုက်သည်။ “ကျန်းလောလင်းမှာ ပြဿနာအများကြီးရှိတယ်။ သူဘယ်လိုဝတ်စားလဲဆိုတာကို မကြည့်နဲ့၊ သူက အိမ်မှာဆိုရင် အမြဲတမ်းညစ်ပတ်နေတာ၊ သူ့မှာထူးဆန်းတဲ့ အကျင့်တွေလည်းရှိသေးတယ်။ ငါ့ကိုအမြဲဒေါသထွက်အောင် လုပ်နေတော့တာပဲ။”

ရှန်းယုဟန်က သူ့ခင်ပွန်းက အဆင်​ပြေတယ်လို့တွေးလိုက်သည်။ “ကျွန်တော့်ခင်ပွန်းမှာလည်း ထူးဆန်းတဲ့အကျင့်တွေရှိတယ်၊ သူက ကျွန်တော့်ကိုဝေဖန်ရတာ​ကြိုက်တယ်။ သူက အပြောတစ်မျိုး၊ အလုပ်တစ်မျိုးဆိုပေမယ့် ဝန်ခံမှာမဟုတ်ဘူး။”

ဝမ်းယန်: “ကျန်းလောလင်းလည်း တူတူပါပဲ။ သူတိုမှာဘာလို့အကျင့်ဆိုးတွေရှိတာလဲ၊ သူတို့ပြောင်းလဲနိုင်ပါ့မလားတောင် မသိဘူး။”

ရှန်းယုဟန်: “မပြောင်းလဲနိုင်လောက်ဘူး။ အကိုနဲ့ အကိုလောလင်းက အတူရှိခဲ့တာကြာပြီလေ။”

“မင်းပြောတာမှန်တယ်။” ဝမ်းယန်က ရုတ်တရက် ရှန်းယုဟန်ကို တိုးတိုးလေးမေးလိုက်သည်။ “မင်းတို့ရော အဲ့ဒီနေရာမှာ သဟဇာတဖြစ်လား?”

ဤမေးခွန်းက ရှန်းယုဟန်၏မျက်နှာကို နီမြန်းလာစေပြီး သူတို့နှစ်ယောက်က တိုးတိုးလေး​ပြောဖို့ အနားကပ်လိုက်သည်မှာ ချစ်သူတွေနဲ့တူနေ၏။

“ကျွန်တော်၊ ကျွန်တော်မသိဘူး။ ဒီလိုပါပဲ။ အဆင်ပြေပါတယ်။” ရှန်းယုဟန်က ဒီလိုစကားတွေကို ဘယ်လိုပြောနိုင်မှာလဲ၊ သူက ထိုအကြောင်းတွေးလိုက်သောအခါ ရှက်သွေးဖြာနေပြီး တခြားသူတွေကိုပြောပြဖို့က ရှက်ဖို့ကောင်းလွန်းသည်။

သူ့ကိုထိုပုံစံဖြင့်မြင်ရသော ဝမ်းယန်က သူ့ကိုယ်သူအရမ်း​ပွင့်လင်းတယ်လို့ ခံစားလိုက်ရသည်။

သူတို့နှစ်ယောက်က နေ့လည်ခင်းမှာ စကားစမြည်ပြောပြီး ထိုအတောအတွင်းမှာ ​ကြောင်ပေါက်များနဲ့လည်း ဆက်သွယ်ခဲ့ကြပြီး ပြန်ခါနီးမှာ နောက်နှစ်ရက်နေရင် ရှန်းယုဟန်ကို သူတို့ကျောင်းသို့ အလည်ခေါ်သွားမယ်ဆိုသည့် ကတိကိုပေးခဲ့သည်။

သူတို့နှစ်ယောက်တွေ့ဆုံမှုက ရိုက်ကူးခံခဲ့ရ၏။

ဒီနေ့မှာ ရှန်းယုဟန်က အရမ်းပျော်နေပြီး သူက ဝမ်းယန်နဲ့ စကားပြောပြီး အချိန်ကောင်းကို ဖြတ်သန်းခဲ့ကြောင်း ရှန်ချီဟွမ်းကို မက်ဆေ့ပိုချင်ခဲ့ပေမယ့် ထူးဆန်းတာက သူမနက်က ရှန်ချီဟွမ်းကို ပို့ပေးခဲ့သော မက်ဆေ့က ညနေအထိပြန်စာတောင်မရခဲ့ပေ။ ရှန်ချီဟွမ်းက အတန်းဖော်ဟောင်းနဲ့ ထပ်ဆုံသွားလို့ သွားသောက်နေတာဖြစ်နေမလား?

ဒါပေမယ့် သူက ပုံမှန်ဆို သူ့ကိုပြောပြလေ့ရှိပါတယ်။ ဟုတ်တယ်မလား?

ရှန်းယုဟန်က အိပ်ရာမဝင်ခင် ဂွတ်နိုက်မက်ဆေ့နောက်တစ်ခုကို ပို့လိုက်သည်။

​နောက်နေ့မနက်နိုးလာတော့ ရှန်းယုဟန်က မနက်ခြောက်နာရီမှာ ရှန်ချီဟွမ်း သူ့ကိုဖြေထားသော မက်ဆေ့တစ်စောင်ကို ရရှိခဲ့သည်။

သူက ​နောက်ရက်အနည်းငယ်အတွင်း ပြန်လာနိုင်မှာမဟုတ်ကြောင်းနှင့် ဗီဒီယိုကောလ်လည်း ခေါ်နိုင်မှာမဟုတ်၍ အချိန်ရှိရင် ရှန်းယုဟန်ကို ဖုန်းခေါ်ပါ့မယ်လို့ ပြောထားသည်။

ဗီဒီယိုကောလ်မခေါ်နိုင်ဘူးလား?

ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းက သူတို့ခွဲခွာရတိုင်း နေ့တိုင်းဗီဒီယိုကောလ်ပြောကြပြီး ဒီတစ်ကြိမ်မှာ သူတို့က ဗီဒီယိုကောလ်ပြောတာကို ရပ်လိုက်ကြပြီး ရှန်းယုဟန်က အနည်းငယ်စိတ်ထိခိုက်နေပေမယ့် ဘာမှမှားနေတယ်လို့ မခံစားမိပေ။ သူက ဒီအတိုင်း အလုပ်ရှုပ်နေတာဖြစ်ပေမည်။

နောက်တစ်ရက်ကုန်သွားခဲ့သည်။ ရှန်းယုဟန်က ရှန်ချီဟွမ်း သူ့ကိုခေါ်ဖို့ အချိန်မရှိတာကို တွေ့ခဲ့ရပြီး တစ်နေ့ကိုမက်ဆေ့တစ်စောင်သာရှိသည့်အပြင် သူမက်ဆေ့ပို့ထားသည့်အချိန်က သူအိပ်ပျော်နေစဥ်ဖြစ်သည်။

ရှန်းယုဟန်က အနည်းငယ်ရှုပ်ထွေးလာသည်။ သူ့ခင်ပွန်းက သူ့ကိုဒီလိုတစ်ခါမှ မဆက်ဆံဖူးပေ။

ဘာတွေဖြစ်နေတာလဲ?

.

ရှန်းယုဟန်က ထိုအကြောင်းကို ပိုတွေးလေ တစ်ခုခုမှားနေတာကို ခံစားမိလေဖြစ်ပြီး သူ့ခင်ပွန်းအိမ်ကထွက်သွားတာ ခုနှစ်ရက်ကြာခဲ့လေပြီ။

သူမနက်စာစားပြီးတော့ ပြန်ခေါ်ခဲ့ပေမယ့် သူ့ခင်ပွန်းဖုန်းကို ဘယ်သူမှမဖြေပေ။ သူက အကြိမ်ပေါင်းများစွာခေါ်ခဲ့ပေမယ့် ဘယ်သူမှမဖြေခဲ့ပေ။

ထိုအချိန်မှာ သူက ဝီချက်မက်ဆေ့တစ်စောင်ရရှိခဲ့သည်။ ယင်းက ရုပ်ရှင်ရိုက်ကွင်းကိုရောက်နေသော သူ့ယောက်ဖရှန်ချီရှင်းဆီကဖြစ်၏။

ရှန်ချီရှင်း: မရီး၊ ခင်ဗျား Hot Seach မဖတ်ရသေးတာဖြစ်မယ်။ ဒီနေ့ Hot Search မှာ ဘာမှစိတ်ဝင်စားစရာမရှိ​ပါဘူး။

Hot Search?

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment